Chapter 8
Viewers 2k

သူ့ရဲ့ ပေါ့ပေါ့ပါးပါး ကျောပြင်ကို ကြည့်ရင်း ငါ လှည့်ပြီး စာသင်ခန်းထဲ ဝင်သွားခဲ့တယ်။ 


စတာပါ မဟုတ်ဘူး၊ ဗို့အား ၁၀၀,၀၀၀ ရှိတဲ့ မီးမောင်းထိုးမီးက ငါ့မျက်နှာကို ထိမှန်သလိုပဲ။ 


ငါ အသာလေး ချောင်းဆိုးပြီး ကျိုးယန် ငါ့အတွက် ဝယ်လာတဲ့ မနက်စာနဲ့အတူ ဖြည်းဖြည်းချင်း ထိုင်လိုက်တယ်။ ပြီးတော့ တီးတိုးပြောသံတွေ ကြားရတယ်။ ငါ့နာမည်နဲ့ ကျိုးယန် နာမည်၊ 'ဂေး' ဆိုတဲ့စကားလုံးတွေ အကြိမ်ကြိမ်ပါနေတယ်။ 


ကျောင်းက အတင်းအဖျင်းတွေ အရမ်းမြန်မြန် ပျံ့နှံ့တာကို ငါ ခန့်မှန်းမိတယ်။ ပဲနို့သောက်ရင်း ဖုန်းထဲက ကျောင်းအတင်းအဖျင်းစာတွေကို ကြည့်နေတုန်း အတန်းဖော်အချို့က ငါ့ဆီလာပြီး မနေ့က ဘာလို့ ပျက်ကွက်တာလဲလို့ မေးတယ်။ 


သူတို့ ဘယ်သူလဲဆိုတာ ငါ တကယ်မမှတ်မိဘူး။ ဒါပေမယ့် ငါ နေမကောင်းဘူးလို့ ယဉ်ယဉ်ကျေးကျေး တိုတိုတုတ်တုတ် ပြန်ဖြေလိုက်တယ်။ 


ပြီးတော့ သူတို့မျက်လုံးထဲက အတင်းအဖျင်းတွေကို မမြင်ချင်ယောင်ဆောင်လိုက်တယ်။ 


ကံကောင်းလို့ မကြာခင်မှာပဲ ဆရာရောက်လာပြီး တီးတိုးပြောသံတွေ ငြိမ်သွားတယ်။


ဒါပေမယ့် စာသင်ချိန်တစ်လျှောက်လုံး လူတွေက ငါ့ကို ရံဖန်ရံခါ လှည့်ကြည့်နေကြတယ်။ ငါ ငြိမ်ငြိမ်လေးနေပြီး စာသင်ပြီးရင် ကျိုးယန်ကို ရှာချင်နေတယ်။ 


စာသင်ချိန်ပြီးလို့ ငါ ထဖို့ပြင်တုန်းမှာပဲ အရပ်ရှည်ပြီး ကြွက်သားကြီးတဲ့ ကောင်လေးတစ်ယောက်က ငါ့လမ်းကို ပိတ်ရပ်လိုက်တယ်။


"မုန်ထင်၊ မင်းက ဂေးဆိုရင် ဘာလို့ အဲ့တုန်းက ငါ့ကို လူရိုးလူအလို ဟန်ဆောင်ပြီး ငြင်းခဲ့တာလဲ"


သူ ပြောနေတုန်း ပစ္စည်းသိမ်းနေတဲ့သူတွေရဲ့ လှုပ်ရှားမှုတွေ နှေးကွေးသွားတယ်။ 


ဖုန်းကြည့်နေတဲ့သူတွေက ပိုမြန်မြန် ရိုက်နေကြတယ်။ ကြေးနန်းပို့နေသလို စိတ်လှုပ်ရှားနေကြတယ်။ 


လူတိုင်းရဲ့ အကြည့်အောက်မှာ ငါ ဒီကောင်လေးကို မိုက်မိုက်မှောင်မှောင် မော့ကြည့်လိုက်တယ်။ 


ရိုးရိုးမျက်နှာ၊ လည်ပင်းတိုတို။ ငါ မမှတ်မိဘူး၊ တကယ်ကို မမှတ်မိဘူး။ 


သူက အရေးပါတဲ့သူ မဟုတ်လောက်ဘူး။ ဘာလို့လဲဆိုတော့ ဒီလိုမျိုး ဉာဏ်မဲ့ပြီး မိုက်မဲတဲ့အတန်းဖော်တစ်ယောက်ကို မှတ်ဉာဏ်မေ့နေရင်တောင် ငါ အတိအကျမှတ်မိမှာပဲ။ 


ဒါနဲ့ ငါ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်တယ်။


"မင်း ဘယ်သူလဲ"


ကောင်လေးက မှင်တက်သွားပြီး သူ့မျက်နှာက ဒေါသနဲ့ ရှုံ့တွသွားတယ်။ 


"ရိုးးး လူရိုးလူအလို ဟန်ဆောင်ပြီး အခုတော့ သူစိမ်းလုပ်နေတာလား၊ မင်းက ကျိုးယန်ရဲ့ ပိုက်ဆံအတွက် ဒီလောက်တောင် အရှက်မရှိတာပဲ”


ငါက ပုံမှန်ဆို စိတ်ရှည်တယ်။ ဒါပေမယ့် အခုတော့ ဒီလူက ပြဿနာရှာနေတာပဲဆိုတာ ငါ နားလည်သွားပြီ။ 


ငါ့မျက်နှာ ချက်ချင်းအေးခဲသွားတယ်။ ငါ သူ့ကို ပြန်ပြောဖို့ ပြင်တုန်းမှာပဲ စာသင်ခန်းတံခါးကနေ ရင်းနှီးတဲ့ ပျင်းရိတဲ့အသံတစ်သံ ထွက်လာတယ်။ 


"ငါက သူ့ကို ထိဖို့အတွက်တောင် စောင့်‌နိုင်တာ မဟုတ်ဘူး၊ ပြီးတော့.. အဲဒါက မင်းနဲ့မဆိုင်ဘူး"


~~~