Chapter 49
“လူ့အဖွဲ့အစည်းမှ ပယ်ထားခံရခြင်း”
ရှန်းယုဟန်က သီးသန့်ခန်းထဲကထွက်လာပြီး ဝမ်းယိုက သူ့နောက်ကိုအမြန်လိုက်လာသည်။ သူက ရှန်းယုဟန် ကျန်းထုံကို တမင်တကာရန်စပြီး ထွက်လာတာလို့တွေးခဲ့သည်။
ဝမ်းယိုကချီးကျူးလိုက်သည်။ “မင်းကအရမ်းတော်တာပဲ။ ကျန်းထုံကိုရင်ဆိုင်ဖို့ အဲ့လိုနည်းတောင် စဥ်းစားနိုင်တယ်။”
ကျန်းထုံက သူ့ကိုယ်သူ သူများတွေထက် သာလွန်တယ်လို့ အမြဲတွေးနေခဲ့ပြီး သူ့ကိုတွေ့တိုင်း သူ့အပြုအမူက ကောင်းကင်ဘုံ၏သားတော်လို မောက်မာလွန်းသည်။ ရှန်းယုဟန်က သူ့ကိုလုံးဝမညှာတာခဲ့ပဲ ရှန်းယုဟန်ထွက်လာစဥ်မှာ သူအာစေးမိနေတာကိုတွေ့ခဲ့သည်။ သူက သူ့ရင်ထဲမှာ ဖော်ပြလို့မရသည့် ကျေနပ်မှုတစ်ခုကို ခံစားမိလိုက်သည်။ ရှန်းယုဟန်က တကယ်ကိုတော်လွန်းပြီး သူ့နည်းလမ်းက အဆင့်မြင့်သည်။
ရှန်းယုဟန်က ပြောလိုက်သည်။ “ငါသူနဲ့ဖက်ဖြစ်ချင်လို့မဟုတ်ပါဘူး။ ငါက သူ့အပြုအမူကို ကျင့်သားမရရုံပါ။ သူ့စကားတွေကလည်း သဲနဲ့ပက်သလိုပဲ လူတွေကို မသက်မသာဖြစ်စေတယ်။”
စကားလုံးအနည်းငယ်ပြောပြီးနောက် စားပွဲတစ်ခုတည်းမှာစားနေကြသော လူတစ်ဝက်က သူတို့နောက်ကို လိုက်လာကြပြီး ရှန်းယုဟန်ရှေ့မှာ စုဝေးနေသည်။
ရှန်းယုဟန်နှင့်စကားပြောခဲ့သည့် မိန်းကလေးက ပြောလာသည်။ “ဟယ်လို အားလုံးပဲ… ငါတို့တစ်ယောက်နဲ့တစ်ယောက် မိတ်မဆက်ရသေးဘူးနော်၊ ငါ့နာမည်က လျန်ချီပါ။ လူချောလေး၊ ငါက အဲ့တစ်ယောက်ကို သတိထားမိနေတာကြာပြီ။ နင်တို့ထွက်မလာခင်က သူက သူ့အဖေဘယ်သူလဲ၊ ဘယ်လောက်အာဏာရှိလဲ၊ သူ့အမေဘယ်သူလဲ၊ သူ့အဘိုးအဘွားဘယ်သူလဲ၊ တစ်မိသားစုလုံးကို ထိုင်ရွတ်နေတော့တာပဲ”
ဝမ်းယိုက ရှန်းယုဟန်ကိုပြောလိုက်သည်။ “သူကအဲ့လိုလူမျိုးပဲ။”
ရှန်းယုဟန်က ကျန်းထုံဘယ်လိုလဲဆိုတာကို စိတ်မဝင်စားပေ။ သူလျှိုထန်ကို ထိုကဲ့သို့ထူးဆန်းသောပုံစံဖြင့် စကားပြောနေကတည်းက သူနဲ့ ဝေးဝေးနေဖို့ သူစိတ်ထဲမှာ ဆုံးဖြတ်ခဲ့ပြီး တစ်ဖက်လူက သူ့ကို ပျင်းရိစရာကောင်းအောင် ရန်လာစမယ်လို့ မမျှော်လင့်ထားပေ။
သီးသန့်ခန်းကနေထွက်လာပြီး သူတို့က ဘယ်ကိုသွားရမလဲမသိပေ။ သူတို့အောက်ဆင်းပြီး ကော်ဖီသို့မဟုတ် နို့လက်ဖက်ရည်သောက်သင့်သည်ဟု တစ်ယောက်က အကြုံပြုလာသည်။
ဝမ်းယိုက ရှန်းယုဟန် နို့လက်ဖက်ရည်ကြိုက်တာကို မှတ်မိတာကြောင့် သူက နို့လက်ဖက်ရည်သောက်ဖို့ အကြံပြုလိုက်သည်။
ရှန်းယုဟန်ကလည်း သဘောတူလိုက်သည်။ “နို့လက်ဖက်ရည်သွားသောက်ရအောင်” ဒီတစ်ကြိမ်မှာ သူက အရသာအသစ်ကို မြည်းစမ်းချင်သည်။
နောက်ဆုံးမှာတော့ အဆင်မပြေတာတစ်ခုဖြစ်ခဲ့ပေမယ့် သူတို့က တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးတာကြောင့် စကားသိပ်မပြောပဲ လူငါးယောက်ခြောက်ယောက်က ဓာတ်လှေကားမှာ သူတို့ကိုယ်သူတို့မိတ်ဆက်ကာ စကားပြောရင်း နို့လက်ဖက်ရည်ဆိုင်ကို ရောက်လာခဲ့သည်။
သူတို့အများစုက ဆွေမျိုး ဒါမှမဟုတ် မိသားစုတစ်ခုတည်းက ကျောင်းသားတွေဖြစ်ကြသည်။ ဒီနေ့မှာ သူတို့က စိတ်ပျော်ဖို့လာခဲ့ကြတာဖြစ်ပြီး နည်းနည်းတော့ ပျော်ခဲ့ကြပေမယ့် ထမင်းစားနေရင်း အချိုးမပြေတဲ့လူကိုတွေ့ရလိမ့်မယ်လို့ ဘယ်သူကထင်ခဲ့မှာလဲ။
သူတို့အားလုံးက ကောင်းကင်ဘုံ၏ ဂုဏ်ယူဖွယ်သားတော်များဖြစ်ပြီး တစ်ယောက်ချင်းစီက မိသားစုစီးပွားရေးကိုဆက်ဆံရန် ပြင်ဆင်နေကြတာ သို့မဟုတ် ဂုဏ်သိက္ခာရှိသော တက္ကသိုလ်ကို တက်နေကြတာဖြစ်သည်။ လျန်ချီကလည်း မိသားစုပိုင်ဆိုင်မှုအမွေကို ဆက်ဆံဖို့ ရန်ထားခံရပြီး သူမကိုလာဖို့ အတင်းတောင်းဆိုခဲ့သည့် အဘိုးကြောင့်သာမဟုတ်ရင် သူမလာခဲ့မှာမဟုတ်ပေ။
သူတို့က ရှန်းယုဟန်အနောက်ကိုလိုက်လာတာ သေချာစဥ်းစားပြီးလို့ဖြစ်သည်။ သူတို့က ကျန်းထုံကို လက်မခံနိုင်ပဲ လူတွေကိုအထင်သေးသည့် သူ့အကျင့်စရိုက်က အလွန်စိတ်ပျက်ဖို့ကောင်းသည်။
သူတို့က လျှိုထန်ကိုသိကြပြီး ရှန်းယုဟန်က လျှိုထန်နဲ့အတူလာကာ လျှိုမိသားစု၏ ဒုတိယသားက သူ့အတွက် ကိုယ်တိုင်မှင်ကြိတ်ပေးခဲ့သည်။ ဒါက အလွန်ဂုဏ်ယူစရာကောင်းသည်။ သူတို့နှစ်ယောက်ကြားမှာ အစကနေ အဆုံးအထိ မပြတ်သားခြင်းမရှိပဲ သူတို့က ရင်းနှီးသောအကွာအဝေးကို ထိန်းသိမ်းထားကာ လူတိုင်းက သူတို့သူငယ်ချင်းဆက်ဆံရေး ဘယ်လောက်ဖြူစင်လဲသိပေမယ့် စျေးပေါသောပါးစပ်ရှိသူ ကျန်းထုံက လူတိုင်း၏နားကို ညစ်ညမ်းစေခဲ့သည်။
ကျန်းထုံက တကယ်ကိုဘာမှမဟုတ်ပေ။ သူ့မိသားစုက လူကြီးများက တချို့သော လူမှုအဆင့်အတန်းရှိပြီး လူအများစုက အထင်ကြီးလေးစားကာ သူ့ကိုလည်း အရည်အချင်းရှိတယ်လို့ သတ်မှတ်ထားကြပေမယ့် သူ့မှာ ကျားကျားမီးယပ်*စိတ်ထားရှိပြီး တစ်နေ့ကျရင် လူ့အဖွဲ့အစည်း၏ ရိုက်နှက်ခြင်းကို ခံရပေမည်။ ဒီနေ့ရိုက်ချက်ကတော့ မျက်နှာပေါ်တိုက်ရိုက်ကျပြီး သတိပေးချက်မရှိပဲ ဖြစ်ပေါ်လာခဲ့တာပင်။
(****ကိုယ်ပြောတာမဟုတ်မှန်းသိပါလျက် ဇွတ်တိုး၍ မလျှော့တမ်းပြောဆိုတတ်သူ)
သို့သော် ဤကဲ့သို့ ကိုယ်ရေးကိုယ်တာကိစ္စများကိုတော့ ရှန်းယုဟန်က မသိပါပဲ ဒီတစ်ကြိမ်မှာ သူက လူငယ်တချို့နဲ့တွေ့ခဲ့ရပြီး အတူစကားပြောလို့ရတာကြောင့် သူတို့က ဝမ်းသာအားရ ဝီချက်အက်ဒ်လိုက်ကြသည်။ လျန်ချီက အတော်လေးသွက်ပြီး သူမက ဂရုတစ်ခု တိုက်ရိုက်ထောင်လိုက်ကာ လူတိုင်းကိုထည့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူတို့က သက်တူရွယ်တူဖြစ်သည်လေ။
ရှန်းယုဟန်က သူ့ကိုယ်ပိုင်ဂရုတစ်ခုရခဲ့ပြီး ဒီနေ့မှာ သူက ချိုချဥ်အရသာရှိသည့် စတော်ဘယ်ရီချိစ်လက်ဖက်ရည်ကိုမှာကာ တစ်ငုံသောက်လိုက်စဥ် သူ့မျက်လုံးများက မှေးကျဥ်းသွားသည်။ နည်းနည်းအေးပေမယ့် အရမ်းအရသာရှိ၏။
ဝမ်းယိုကမေးလိုက်သည်။ “မင်းအရသာကြိုက်လား?”
ရှန်းယုဟန်ကပြောလိုက်သည်။ “ကောင်းတယ်။ ဒါကိုပထမဆုံးသောက်ဖူးတာ။”
ဝမ်းယိုက နို့လက်ဖက်ရည်သောက်ခဲ့သည့် သူ့အတွေ့အကြုံကိုမျှဝေခဲ့သည်။ “စပျစ်သီးချိစ်လက်ဖက်ရည်၊ သရက်သီးချိစ်လက်ဖက်ရည် အားလုံးအရသာရှိတယ်။ မင်းလည်း နောက်တစ်ခါ စမ်းကြည့်ပေါ့”
“ကောင်းပါပြီ။” ရှန်းယုဟန်က မှတ်စုအရင်ရေးထားဖို့ ဆုံးဖြတ်ခဲ့ပြီး သူက ယခုအချိန်မှာ ခေတ်သစ်လူငယ်သာဖြစ်သည်။ နို့လက်ဖက်ရည်ကို ဒုတိယအကြိမ်သောက်ပြီးနောက် သူက နောက်တစ်ခါဘာသောက်မလဲဆိုတာကို စဥ်းစားလိုက်သည်။
လျန်ချီနဲ့ တခြားသူတွေက ဝမ်းယိုနဲ့ ရှန်းယုဟန် တစ်ယောက်နဲ့တစ်ယောက်သိတာကို သိသွားပြီး ဝမ်းယိုက သူ့အပေါ်အရမ်းကောင်းတယ်လို့ တွေးနေကြသည်။
လျန်ချီအပြင် သူတို့ကြားမှာ အတော်လေးငြိမ်သက်နေသည့် မိန်းကလေးတစ်ဦးရှိပြီး ကျန်တာက ယောကျာ်းလေးတွေဖြစ်သည်။ အားလုံးက နှစ်ဆယ်ဝန်းကျင်ဖြစ်ပြီး အငယ်ဆုံးက ဆယ့်ရှယ်ဖြစ်ကာ အလွန်နုသည်။ ဤအသက်တူသော လူငယ်များက အလွန်စိတ်အားထက်သန်သည်။ စီးပွားရေးလောကမှာ အချိန်အတော်ကြာအောင် ကျင်လည်နေသည့်လူများက သတိရှိပြီး မရိုးသားသော လူများကို ယနေ့ခတ်မှာ သေချာပေါက် ရင်ဆိုင်ရမှာဖြစ်ပေမယ့် သူတို့လိုတော့ ဆန္ဒအလျောက် တည့်တိုးထွက်လာနိုင်မှာမဟုတ်ပေ။
ဒါပေါ့၊ ဤသည်မှာ ကိစ္စများအပေါ် သဘာဝကျသောအပြုအမူဖြစ်သည်။
နို့လက်ဖက်ရည်ဆိုင်မှာ လူအများကြီးမရှိသဖြင့် သူတို့ခုနှစ်ယောက်က ခုံရခဲ့ပြီး ယောကျာ်းလေးများက ဂိမ်းအကြောင်းပြောကြပြီး လျန်ချီနှင့် တိတ်ဆိတ်သောမိန်းကလေးကလည်း ဘယ်လိုဆော့ရလဲဆိုတာသိသည်။ သူတို့က ငါးယောက်ဖွဲ့ကာ ကစားချင်ကြောင်း အွန်လိုင်းမှာပြောနေကြသည်။
ဝမ်းယိုက ရှန်းယုဟန် ဂိမ်းခေါင်းစဥ်မှာ ဝင်မပြောတာကို တွေ့ခဲ့ရပြီး သူ့ကိုတိတ်တဆိတ်မေးလိုက်သည်။ “မင်းမကစားဘူးလား?”
ရှန်းယုဟန်က ခေါင်းခါကာ ပြောလိုက်သည်။ “မကစားတတ်ဘူး။ မင်းတို့ပဲ ကစားကြပါ”
ဝမ်းယိုက သူ့ကိုမေးလိုက်သည်။ “မင်းကစားဖို့ နောက်တစ်ဖွဲ့မှာ သွင်းပေးမယ်လေ၊ သူတို့က ငါးယောက်ဖွဲ့လို့ရတယ်”
ရှန်းယုဟန်က ပြုံးပြလိုက်သည်။ “မဟုတ်ဘူး၊ မင်းတို့ပဲကစားကြပါ။” သူက ဖုန်းသုံးတာနှေးတာကြောင့် ဂိမ်းကစားတာက သူ၏မသိနားမလည်မှုကို သေချာပေါက်ဖော်ထုတ်ပေးလိမ့်မည်။ “ငါမင်းတို့ဆော့တာပဲကြည့်မယ်။”
ဝမ်းယိုက ပြောလိုက်သည်။ “ဒါဆိုငါ့ဘေးမှာထိုင်၊ ငါသင်ပေးမယ်။”
လူတိုင်းက နီးကပ်စွာထိုင်နေကြတာကြောင့် ရှန်းယုဟန်က ဝမ်းယို၏ဖုန်းက ညာဘက်ထောင့်မှမြင်နိုင်သည်။
ဘေးက တိတ်ဆိတ်သောမိန်းကလေးက ရုတ်တရက်ထပြောလာသည်။ “ငါဆော့တာသိပ်မကောင်းဘူး။ နင်တို့ကိုဆွဲချမိလိမ့်မယ်။ နင်တို့ကစားတာပဲကြည့်တော့မယ်။”
လျန်ချီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ဒါဆို ငါတို့ငါးယောက်ဖွဲ့လို့ရပြီ”
သူမက ဂိမ်းဆော့ရတာကြိုက်သော မိန်းကလေးဖြစ်သည်မှာ သိသာသည်။
ရှန်းယုဟန်က တကယ်တော့ လူတွေကိုလေ့လာနေတာဖြစ်ပြီး ဒီနေ့တွေ့ရသော မိန်းကလေးများက သူတို့ခေတ်ကနဲ့ကွာသည်။ သူတို့က အမျိုးသားတွေလို အပြင်မှာအလုပ်လုပ်နိုင်ပြီး သူတို့နဲ့တန်းတူ ဂိမ်းကစားနိုင်သည်။ အမျိုးသားတွေက သူတို့လို ကလေးမမွေးနိုင်တာကလွဲရင် အရာအားလုံးက မျှတသည်။
သူက အနာဂတ်မှာ ဘာမဆိုလုပ်နိုင်တာကို တွေးမိသောအခါ ရှန်းယုဟန်က စိတ်ပိုကြည်လာသည်။
သူ့မျက်လုံးများက ဝမ်းယို၏ ဖုန်းမျက်နှာပြင်ကို ကျရောက်နေပြီး သူတို့အားလုံးက ဖုန်းကို ပုံစံမျိုးစံဖြင့်ကိုင်ထားကြသည်။ သူတို့က ဂိမ်းကစားဖို့ ဖုန်းကို အလျားလိုက်ကိုင်ထားပြီး ယင်းမှာ သူကာတွန်းချန်နယ်မှာတွေ့ခဲ့တာနဲ့ကွာသည်။ အမျိုးသားဇာတ်ကောင်များက ခန့်ညားကြော့ရှင်းပေမယ့် သူတို့က ပုံစံမျိုးစုံဝတ်ဆင်ထားကာ ထူးဆန်းသည့် ဝတ်စုံများကို ဘယ်လိုဝတ်ဆင်ထားလည်း နားမလည်နိုင်ပေ။ အမျိုးသမီးဇာတ်ကောင်များက ဆွဲဆောင်မှုရှိပြီး ညို့ဓာတ်ရှိကာ မလုံတလုံဝတ်ဆင်ထားကာ ရင်သားကို အသာပေးဖော်ထားပြီး ရင်သားနဲ့ပေါင်တံများက အမျိုးသားဂိမ်းကစားသူများကြားမှာ အလွန်ကျော်ကြားသည်။
အမျိုးသားဇာတ်ကောင်ကစားနေသော ဝမ်ယိုနှင့် လျန်ချီကလွဲရင် ကျန်သုံးယောက်က အမျိုးသမီးဇာတ်ကောင်ကို သုံးထားပြီး ဇာတ်ကောင်များမှာ သူတို့ကိုယ်ပိုင်အသံရှိသည်။ အတိုချုပ်အားဖြင့် ဤသည်မှာ ရှန်းယုဟန်အတွက် မျက်လုံးပွင့်စေသော အတွေ့အကြုံတစ်ခုဖြစ်ပြီး သေချာသည်မှာ လူငယ်များက ဂိမ်းကစားရတာကြိုက်ကြသည်။ လူစုံသွားရင် သူတို့က ကဗျာနှင့်ပန်းချီ မရေးဆွဲကြပဲ နို့လက်ဖက်ရည်သောက်ကာ ဂိမ်းကစားကြသည်။
လူတိုင်းက ဂိမ်းမျက်နှာပြင်ကိုဝင်လိုက်ကြပြီး ရှန်းယုဟန်က မျက်လုံးကောင်းသည်။ သူ့ခုံကနေ ဝမ်းယိုက ဖုန်းမျက်နှာပြင်ကို ကျွမ်းကျင်စွာရွှေ့နေတာကို မြင်လိုက်ရပြီး သူက တုတ်ချောင်းကိုလှုပ်ကာ လူအစစ်လိုပင် ပြေးသည်၊ လျှောက်သည်၊ ခုန်သည်၊ တိုက်ခိုက်သည်။ ရှန်းယုဟန်က စိတ်ဝင်တစားကြည့်နေပြီး ခေတ်သစ်ဂိမ်းတွေက ဘယ်လောက်ထိ လက်တွေ့ဆန်လဲ ထပ်ခါထပ်ခါ အံ့သြနေသည်။
ဝမ်းယိုက ရှန်းယုဟန် သင်တန်းတက်နေရသလို လေးနက်နေတယ်လို့ ခံစားမိသည်။ ပြီးတော့ သူက သတိလက်လွတ်မဖြစ်ရဲပဲ မတ်မတ်ထိုင်နေကာ တခြားလေးယောက်ကို စတင်အမိန့်ပေးလိုက်သည်။
“ငါအလယ်လမ်းကိုယူမယ်။”
တခြားသူများက သူတို့ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်ကာ မွန်းစတားများကို စတင်တိုက်ခိုက်နေသည်။
ရှန်းယုဟန်က ဤမွန်းစတားက နွေရာသီပြတင်းပေါက်စာရွက်ပေါ်မှာ တွေ့ရသည့် သွားနှင့်အစွယ်ငါးချောင်းပါသည့် သစ်ပင်အရိပ်လို တကယ်ရုပ်ဆိုးတယ်လို့တွေးမိသွားသည်။
ဝမ်းယိုက ကွာဟချက်ကို အခွင့်အကောင်းယူကာ ရှန်းယုဟန်ကိုမေးလိုက်သည်။ “ဒါကတကယ်တော့ လုပ်ရတာလွယ်ပါတယ်။”
ရှန်းယုဟန်က ကြက်သွန်ဖြူထောင်းနေသလို ခေါင်းညိတ်ပြသည်။ “အွန်း၊ အွန်း” ခဏလောက်ကြည့်ပြီးတော့ သူ့မျက်လုံးများက နာကျင်လာပြီး သူက နို့လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။ ပတ်ပတ်လည်ကိုကြည့်လိုက်တော့ တိတ်ဆိတ်သောမိန်းကလေးက ဝမ်းယိုကိုကြည့်နေပြီး သူတို့နှစ်ယောက်က အလွန်နီးကပ်နေကြသည်။
ဒီမိန်းကလေးက ဝမ်းယိုကိုကြိုက်နေတာလား?
ဝမ်းယိုက မိန်းကလေးများ သဘောကျနိုင်လောက်သည့် အနေအထားရှိပြီး သူက ခန့်ညားကာ တက်ကြွပြီး တခြားသူများကို နွေးနွေးထွေးထွေးဆက်ဆံသည်။ ထိုအရာက မဆိုးပေမယ့် သူက ခေတ်သစ်အချစ်ရေးကို လုံးဝနားမလည်တာကြောင့် ဘာမှမသိသလို ဟန်ဆောင်နေတာက ပိုကောင်းသည်။ သူက ဒီလူနှစ်ယောက်နှင့် မရင်းနှီးပဲ သူတို့က သာမန်အသိအကျွမ်းသာဖြစ်သည်။
–
ထိုအချိန်တွင် ဖုန်းပြောပြီး သီးသန့်ခန်းကိုပြန်လာသော လျှိုထန်က စားပွဲမှာ အများစုနေရာလွတ်နေပြီး လူဆယ်ယောက်သာကျန်တာကိုတွေ့လိုက်ရသည်။ သူတို့ထဲက တစ်ယောက်က ယခုလေးတင် သူ့ကိုဒေါသထွက်နေသော ကျန်းထုံဖြစ်ပြီး သူ့မျက်နှာက အရိုက်ခံထားရသလို နက်မှောင်နေပြီး မှုပ်ကုပ်ကုပ်ဖြစ်နေသည်။
“ကျန်းထုံ၊ ငါ့သူငယ်ချင်းတွေနဲ့ တခြားသူတွေဘယ်ရောက်သွားလဲ?”
ကျန်းထုံက တွေးလိုက်သည်။ သူက သူ့ကိုတောင်လာမေးရဲသေးတယ်။ သူက မျက်နှာလွှဲကာပြောလိုက်သည်။ “မသိဘူး”
လျှိုထန်က ဘာတွေဖြစ်နေလဲခန့်မှန်းမိသွားပြီး ဒီကောင်လေးပါးစပ်က စျေးပေါတာကြောင့် သူဘာတွေပြောခဲ့လို့ လူတွေထွက်သွားကြတာလဲမသိပေ။
“မင်းကတကယ်တော်တာပဲ၊ ငါ့သူငယ်ချင်းတွေကိုတောင် ပထုတ်နိုင်တယ်။ ငါသူ့ကိုရှာမတွေ့ရင် ငါဘာလုပ်မလဲ မင်းစောင့်ကြည့်နေလိုက်။”
“အဲ့ဒါငါနဲ့မဆိုင်ဘူး။ သူတို့ဘာသာ သူတို့ထွက်သွားတာ!” ကျန်းထုံက ဒေါသထွက်နေပြီး သူ့နှလုံးသားက ရှန်းယုဟန်၏ စကားနှစ်ခွန်းကြောင့် ပိတ်ဆို့နေပြီး ပွဲကလည်း အခုထိမပြီးသေးပေ။ သူက စားပွဲကို လှန်ပစ်ချင်နေပေမယ့် မမျှော်လင့်ထားစွာ ၎င်းက စကျင်ကျောက်နှင့် သစ်သားစားပွဲဖြစ်တာကြောင့် သူက လုံးဝမလို့မရပဲ အရှက်ရစွာထိုင်နေရသည်။
“မင်းရဲ့သောက်ပါးစပ်နဲ့ ဘယ်လိုစကားမျိုးကို ပြောလိုက်တာလဲ၊ မင်းကိုယ်မင်း ပညာတတ်မိသားစုကလို့ထင်နေလား၊ မင်းက မင်းအမျိုးတွေ ဘယ်လိုချမ်းသာလာလဲဆိုတာကို မတွေးတော့ဘူးလား။ ငါသာမင်းနေရာမှာဆို အပြင်တောင်ထွက်ရဲမှာမဟုတ်ဘူး” လျှိုထန်က အရင်က သူနဲ့ ငြင်းခုံဖို့ ပျင်းရိနေပြီး ဒီတစ်ကြိမ်မှာ ရှန်းယုဟန် တစ်ခုခုဖြစ်ရင် လောင်ရှန်က သူ့ကိုအရေခွံနွှာမှာဖြစ်သည်။
လျှိုထန်က တခြားသူများကိုမေးလိုက်သည်။ လျှိုထန်၏ အရှိန်အဝါက ရှိနေပြီး သူတို့အားလုံးက သူ့ထက်ငယ်တာကြောင့် သူတို့က ရှန်းယုဟန် တခြားသူတွေနဲ့ အပြင်ထွက်သွားကြောင်း ပြောပြခဲ့သည်။ သူက စားသောက်ဆိုင်ဧည့်ခန်းမှာ ခဏရှာခဲ့ပေမယ့် ရှာမတွေ့တာကြောင့် ရှန်ချီဟွမ်းကိုဆက်ကာ ရှန်းယုဟန်၏ဖုန်းနံပါတ်ကိုမေးလိုက်ရသည်။
ရှန်ချီဟွမ်းက အစတည်းက ရှန်းယုဟန်ကို အပြင်မသွားစေချင်ခဲ့ပေ။ လျှိုထန်က ရှန်းယုဟန်၏ဖုန်းနံပါတ်ကိုမေးလာတော့ သူက တစ်ခုခုဖြစ်ပြီဆိုတာကိုသိလိုက်သည်။
“သူ့ကိုစောင့်ကြည့်ထားဖို့ မင်းကိုမပြောခဲ့ဘူးလား၊ သူဘာဖြစ်သွားတာလဲ?”
“ငါဖုန်းသွားပြောနေခဲ့တာ။ ငယ်ရွယ်တက်ကြွပြီး စကားပြောတာရိုင်းတဲ့ကောင်လေးတစ်ယောက်နဲ့ ငြင်းခုံမှုဖြစ်ခဲ့တာ။ ရှန်းယုဟန်က အခု သူသိတဲ့လူတစ်ယောက်နဲ့ ရှိနေမလားမသိဘူး။ မင်းငါ့ကို ဖုန်းနံပါတ်မြန်မြန်ပေး၊ ငါရှာလိုက်မယ်။”
“ပို့ပေးလိုက်မယ်။ သူ့ကိုမြန်မြန်ရှာပေး၊ ပြီးရင် ငါ့ကိုပြန်ပြော ၊ တကယ်ကိုစိုးရိမ်စရာပဲ။” ရှန်ချီဟွမ်းက ရှန်းယုဟန်အကြောင်းပြောနေတာလား လျှိုထန်ကိုပြောနေတာလား မသဲကွဲပေ။
လျှိုထန်က ပြုံးကာပြောလိုက်သည်။ “ငါသိပါတယ်။ ငါမင်းဇနီးကို အပျောက်မခံပါဘူး။” ရှန်းယုဟန်က ဤမျှလောက်အရေးကြီးသောလူဖြစ်၍ သူ့ကိုအပျောက်ခံလို့မဖြစ်ပေ။
သူက ဖုန်းနံပါတ်ရပြီးတာနဲ့ ရှန်းယုဟန်ကိုခေါ်လိုက်သည်။
သို့သော် ထိုအချိန်မှာ ရှန်းယုဟန်က ရှန်ချီဟွမ်းဆီက မက်ဆေ့ရခဲ့ပြီး စာပြန်ဖို့လုပ်နေပြီဖြစ်သည်။
လျှိုထန်: “ယုဟန်၊ မင်းဘယ်သွားတာလဲ?”
ရှန်းယုဟန်: “ကျွန်တော်အောက်ထပ်မှာ နို့လက်ဖက်ရည်သောက်နေတာ၊ ပြီးရင်အပေါ်တက်လာခဲ့မယ်။” သူက မပြန်ခင် နို့လက်ဖက်ရည် သောက်ချင်ရုံသာဖြစ်သည်။
လျှိုထန်: “ငါမင်းကိုလာရှာမယ်။ နို့လက်ဖက်ရည်သောက်နေပါ။” လျှိုထန်က ရှန်းယုဟန်ကို လူချင်းတွေ့ချင်သေးသည်။
“အို၊ အိုခေ” ရှန်းယုဟန်က သူရှိနေတဲ့ဆိုင်ကိုပြောပြလိုက်ပြီး ခေါင်းငုံ့ကာ ရှန်ချီဟွမ်းကို စာပြန်နေသည်။
မူကမ်း: လျှောက်မသွားနဲ့။
.
ဇနီးလေး: မသွားပါဘူး
မူကမ်း: ကောင်းကောင်းနေ၊ အလုပ်ပြီးရင်လာကြိုမယ်။
ဇနီးလေး: အွန်း၊ အလုပ်ကိုမနှောင့်နှေးစေနဲ့။
မူကမ်း: ဒါဘယ်သူကြောင့်လဲ?
ဇနီးလေး: ယောကျာ်း၊ ခင်ဗျား ကျွန်တော့်ကိုဆုံးရှုံးရမှာကြောက်လို့လား? အဲ့လောက်စိတ်ပူနေတာ
မူကမ်း: စိတ်မပူပါဘူး။
ဇနီးလေး: ဟီး
မူကမ်း: ဒီညရေချိုးပေးလိုက်မှာနော်။
ဇနီးလေး: ဟီး
မူကမ်း: အရူးလေး
မိနစ်အနည်းငယ်အကြာမှာ လျှိုထန်ရောက်လာခဲ့သည်။
သူက ဂိမ်းကစားနေသော လူငယ်အများကြီးကို တွေ့လိုက်ရပြီး ရှန်းယုဟန်က ဘေးမှာထိုင်ကာ ဝမ်းယိုကစားတာကိုကြည့်နေသည်။ သူတို့က လေးလေးနက်နက် ကစားနေပြီး လျှိုထန်လာတာကို ဘယ်သူမှသတိမထားမိပေ။ ရှန်းယုဟန်က အရင်တွေ့သွားခဲ့သည်။
လျှိုထန်ကသူ့ကိုပြောလိုက်သည်။ “မင်းမကစားဘူးလား?”
ရှန်းယုဟန်က ခေါင်းခါသည်။ “မကစားတတ်ဘူး။” သူက ဝမ်းယိုကစားနေတာကိုသာ ကြည့်နေပေမယ့် ကြည့်သာကြည့်ပြီး ကစားတတ်မှာမဟုတ်တာကြောင့် မကစားတတ်ဘူးလို့သာ ပြောလိုက်သည်။
“လောင်ရှန်က ဒီဂိမ်းကစားတာတော်တယ်။ ငါ့ထက်နည်းနည်းပဲဆိုးတာ၊ နောက်မှကစားနည်းသင်ပေးမယ်။” လျှိုထန်က ပြောလိုက်သည်။
“အိုခေ” သူ့ခင်ပွန်းလည်း ကစားနိုင်တာကိုသိခဲ့ရသည်။ သူက အိမ်မှာ သူဖုန်းထဲမှာ ဂိမ်းကစားတာကို မတွေ့ဖူးပေ။ ပြောရရင် သူ့ခင်ပွန်းက မအိုသေးပဲ သုံးဆယ်အောက်ဖြစ်ပြီး ခတ်သစ်မှာ လူငယ်လို့သတ်မှတ်လို့ရသည်။ သူနေ့စဥ် ထိတွေ့ဆက်ဆံရသည့် လူ၊ပစ္စည်းနှင့်စတိုင်များက အတော်လေးရင့်ကျက်ပြီး လူတွေကို အားကိုးချင်စိတ်ဖြစ်စေသည်။ လူငယ်များက အနည်းငယ်နုနယ်ပြီးရှုပ်ထွေးပေမယ့် သူ့ခင်ပွန်းက သူဘာလိုချင်လဲဆိုတာကို ကောင်းကောင်းသိသည်။ ထိုအကြောင်းတွေးရင် စိတ်မကောင်းဖြစ်စရာကောင်းသည်။ သူက သူနဲ့သက်တူရွယ်တူတွေနဲ့တောင် လွတ်လွတ်လပ်လပ် မကစားနိုင်ပေ။
“အကိုလျှိုထန်လည်း ကစားတတ်လား?”
“ဒါပေါ့၊ ငါကအရမ်းတော်တာလေ၊ လောင်ရှန်ကိုအနိုင်ယူနိုင်တဲ့သူပဲ”
လျှိုထန်က ထိုကစားကိုဆက်တိုက်ပြောနေပြီး တကယ်တော့ သူစဆော့တာနဲ့ ရန်သူကို အပြင်းထန်ဆုံးတိုက်ခိုက်ပေမယ့် နောက်ဆုံးမှာရှုံးသွားဆဲပင်။
ဝမ်းယိုက သူ့ကိုအကြိမ်များစွာကြည့်ပြီး နောက်တစ်ပွဲနိုင်ချင်ဇောနဲ့ ပြောလိုက်သည်။ “အကို၊ ကျွန်တော့်ကိုကူညီပေးပါ။”
လျှိုထန်က သူ့နှာခေါင်းကိုထိလိုက်သည်။ “အို”
ရှန်းယုဟန်က လျှိုထန် ကြွားနေမှန်းသိသည်။ သူ့ကိုအနိုင်ယူသွားတာ ရှန်ချီဟွမ်းပဲဖြစ်မည်။
ဂိမ်းကစားတာက အချိန်အမြန်ကုန်စေပြီ ရှန်းယုဟန်က အသစ်တစ်ခုကိုသင်ယူလိုက်သည်။ ဒါက လက်ရှိမှာ အရေးတကြီးသင်ယူစရာမလိုပဲ နောက်တစ်ကြိမ်အတွက် ရွှေ့ထားလို့ရသည်။
နှစ်နာရီထိုးတော့ သူတို့အုပ်စုက သိသိသာသာပြောင်းလဲသွားသော မူလစည်းဝေးခန်းကို ပြန်သွားခဲ့ကြသည်။
မနက်ခင်းမှာ ပြိုင်ပွဲအတွက် အသုံးပြုခဲ့ကြသော်လည်း နေ့လည်မှာ ခုံများကိုဘေးချင်းကပ်တန်းစီပြီး ပန်းအိုးများက စင်မြင့်ပေါ်မှာတင်ထားကာ ဆုကိုတော့ ရှေ့တန်းမှာပေးမှာဖြစ်သည်။
တစ်ချက်ကြည့်ရုံနဲ့ အနည်းငယ်လေးနက်ပြီး အသေးစိတ်လုပ်ထားမှန်းသိသာသည်။
သခင်ကြီးလျှိုနှင့် တခြားသူများက သူတို့နေရာမှာထိုင်နေကြပြီး သူတို့က လူငယ်တွေကြားဖြစ်ပျက်ခဲ့သည့် အငြင်းပွားမှုကိုသိသည်။ ရှန်းယုဟန်၏စကားများက သူ့နားထဲရောက်သွားပြီး သူတို့က ရှန်းယုဟန်ကို အသိအမှတ်ပြုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
“အရမ်းတော်တယ်”
ရှန်းယုဟန်မှာ မနာလိုစိတ်မရှိတာကြောင့် သူ့ပန်းချီက ကောင်းလို့ ဆုရနိုင်တယ်လို့ပြောလာသောအခါ သူကပြန်ပြုံးပြလိုက်သည်။ သခင်ကြီးလျှိုကို နှုတ်ဆက်ပြီးတော့ သူက နာခံစွာ ခုံတစ်ခုံရှာပြီး ထိုင်လိုက်သည်။ လျှိုထန်က ကိစ္စရှိ၍အပြင်ထွက်သွားပြီး သူတို့နဲ့လိုက်မလာခဲ့ပေ။
ဆုပေးပွဲအသေးလေးကို အလေးအနက်ထားပြီး ကြည့်နေသူမှာ တစ်ခါမှမကြည့်ဖူးခဲ့သည့် ရှန်းယုဟန်ဖြစ်သည်။
လက်ရေးလှနှင့်ပန်းချီအသင်းက အမျိုးသမီးတစ်ဦးက ယာယီတင်ဆက်သူလုပ်ခဲ့ပြီး သူမက ဒီနေ့အတွက်အကဲဖြတ်ဒိုင်များကို မိတ်ဆက်ပေးကာ လက်ရေးလှပန်းချီအသင်းဥက္ကဋ္ဌကို စင်ပေါ်တက်လာဖို့ ဖိတ်ခေါ်ခဲ့သည်။ လူတိုင်းကလက်ခုပ်တီးကြပြီး မိနစ်အနည်းငယ် မိန့်ခွန်းပြောပြီးနောက် ဆုပေးပွဲစတင်ခဲ့သည်။
သခင်ကြီးလျှို၏အဖွဲ့မှစီစဥ်သော ဤဆွေးနွေးဖလှယ်ပွဲမှာ လက်ရေးလှနှင့် ပန်းချီကားအတွက် ဆု၆ဆုပါဝင်ပြီး ယနေ့အဖိတ်ခံရသော လူငယ်အယောက်နှစ်ဆယ်ထဲက တစ်ဝက်လောက်က ဆုရရှိမှာဖြစ်သည်။
တင်ဆက်သူက ဆုများကို စတင်ဖော်ပြလာပြီး အရင်ဆုံးပေးမှာ လက်ရေးလှဆုများဖြစ်သည်။
“ဆုတွေကို ယခုပေးအပ်တော့မှာဖြစ်ပြီး တတိယဆုကတော့…..”
လက်ရေးလှအတွက် တတိယဆုဆွတ်ခူးခဲ့သော လူသုံးဦးရှိပြီး ရှန်းယုဟန်က သူတို့ထဲမှာမပါပေ။
တချိန်တည်းမှာ ဆုပေးပွဲနောက်က တံခါးက တိတ်တဆိတ်ပွင့်လာပြီး suit ဝတ်ထားသော လူချောတစ်ဦးက နောက်ဆုံးတန်းမှာထိုင်လိုက်သည်။ နောက်ဆုံးတန်းကို မျက်နှာမူထားသည့် တင်ဆက်သူတစ်ယောက်တည်းကသာ ဤမြင်ကွင်းကိုမြင်နိုင်ပြီး သေချာဂရုစိုက်နားထောင်နေသော ရှန်းယုဟန်အပါအဝင် ဘယ်သူကမှ လူတစ်ယောက်ဝင်လာတာကို သတိမထားမိပေ။
လက်ရေးလှအတွက် ဒုတိယဆုရရှိခဲ့သူနှစ်ယောက်ရှိပြီး ကျန်းထုံနှင့် တိတ်ဆိတ်သောမိန်းကလေးဖြစ်သည်။
ကျန်းထုံက သူ ဒုတိယဆုရခဲ့တာကို မယုံနိုင်ပေ။ ဘယ်သူက ပထမဆုကိုယူသွားတာလဲ!
ထိုထဲမှာ ရှန်းယုဟန် နာမည်မပါလို့ စိတ်ပျက်သွားပေမယ့် စိတ်ဓာတ်မကျပေ။ ခေတ်သစ်မှာ ထူးချွန်သူအများကြီးရှိသည်။
“ပထမဆုရှင်က ရှန်းယုဟန် ဖြစ်ပါတယ်!”
ရှန်းယုဟန်က သူ့နာမည်ကြားတော့ အစပိုင်းမှာ မတုံ့ပြန်နိုင်ပဲ လျန်ချီက သူ့ကိုတွန်းလိုက်ရသည်။
လျန်ချီက ပြုံးကာပြောလိုက်သည်။ “ထပြီး ဆုသွားယူလေ၊ ပထမဆု”
သူတို့က ဒီဆုတွေကို ဂရုမစိုက်ပေမယ့် ဆုတွေက တကယ်ဆွဲဆောင်မှုရှိသည့် အဖိုးတန် ရှေးဟောင်းပစ္စည်းများဖြစ်သည်။
ရှန်းယုဟန်က တည်ငြိမ်စွာပြောလိုက်သည်။ “အို ငါရသွားတာလား”
လျန်ချီနှင့် ဝမ်းယိုက သူ့ပုံစံကို ရယ်မောနေသည်။
ရှန်းယုဟန်က အရှက်မရအောင် သူအင်္ကျီထောင့်ကို ညင်ညင်သာသာ ဆွဲချထားပြီး သူက လူအများကြီးနှင့် မကြာခဏ အတူရပ်ဖူးပေမယ့် ထိုအချိန်က ဤအငွေ့အသက်မရှိခဲ့ပေ။ သူက သူပိုင်သည့်အောင်မြင်မှုကြောင့် စိတ်လှုပ်ရှားနေပြီး သူက လက်ရေးလှကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပေမယ့် တစ်နေ့မှာဆုရမယ်လို့မထင်ထားခဲ့ပေ။ လက်ရေးလှဆုကိုရခဲ့တာ သူ့အစ်ကိုကြီးသာသိရင် သူ့အတွက်ဂုဏ်ယူကြမှာပင်။ သူက သူ့အစ်ကိုများ၏ ဇွဲလုံ့လအတွက် ကျေးဇူးတင်ချင်သည်။
ကျန်းထုံက သူ့ကို ဒေါသအကြည့်တစ်ချက်ပေးခဲ့ပေမယ့် ရှန်းယုဟန်က သတိမထားမိပေ။ သူ့အတွက် ကျန်းထုံက သူစိမ်းဖြစ်ပြီး သူ့ကိုမလွှမ်းမိုးနိုင်ပေ။
သူက စင်ပေါ်တက်သွားပြီး အသင်းဥက္ကဋ္ဌက သူ့ကိုဆုပေးခဲ့သည်။ ရှန်းယုဟန်က သူ့ကိုကျေးဇူးတင်လိုက်သည်။
ဆုလက်ခံစကားပြောစရာမလိုတာကြောင့် သူက စင်ပေါ်က ချက်ချင်းဆင်းလာခဲ့သည်။
ရှန်းယုဟန်က သူ့ခုံမှာပြန်ထိုင်ပြီး သစ်သားသေတ္တာဘူးထဲက ဆုကိုကိုင်ထားသည်။ ထို့နောက် သူက ရင်းနှီးသောလူတစ်ဦးကို နောက်ဆုံးတန်းမှာတွေ့လိုက်ရသည်!
သူက သူ့ခေါင်းကို သေချာလှည့်လိုက်ပေမယ့် ဘယ်သူ့ကိုမှမမြင်ရပေ။ သူက စိတ်လှုပ်ရှားနေလို့ သူ့မျက်လုံးဝေဝါးသွားတာလား?
မဖြစ်နိုင်ဘူး။ သူ့ခင်ပွန်းက နေ့လည်မှာလုပ်စရာရှိတယ်လို့ သူ့ကိုမနက်ကပြောခဲ့ပြီး ကြည့်ရတာ သူတွေဝေသွားပုံရသည်။
ရှန်းယုဟန်လှည့်လိုက်ပြီးနောက် ငြိမ်သက်စွာ ဝပ်နေသော ရှန်ချီဟွမ်းက ထိုင်ခုံပေါ်ပြန်မတက်တော့ပေ။
သူနဲ့အတူဝပ်နေရသော လျှိုထန်က တိုးတိုးလေးမေးလာသည်။ “မင်းဘာလို့သူ့ကိုပုန်းနေတာလဲ?
ရှန်ချီဟွမ်းက ပြောလိုက်သည်။ “ပုန်းလို့မရဘူးလား?”
လျှိုထန်: “မင်း ပိုပြီးရိုးသားစမ်းပါကွာ”
ရှန်ချီဟွမ်းက သူ့ကိုစိုက်ကြည့်လိုက်သည်။ “မင်းနားမလည်ပါဘူး။” သူက ရှန်းယုဟန် ဆုမရရင် ငိုမှာကိုစိုးရိမ်နေတာဖြစ်သည်။ ဒါကြောင့် အိမ်ရောက်ရင် ချော့မယ့်အစား ဒီကိုလာပြီး Surprise လုပ်မလို့ဖြစ်သည်။
လျိုထန်က ထရပ်ချင်ပေမယ့် ရှန်ချီဟွမ်းက သူ့ကိုဆွဲကာ ဝပ်ခိုင်းထားသည်။
လျှိုထန်က အော်ပစ်ချင်နေသည်။ “ငါထိုင်နေဖို့မလိုဘူး!” မင်းမိန်းမကို စပရိုက်တိုက်တာ ငါ့ကိုပါဆွဲထည့်ဖို့လိုလား?
ရှန်ချီဟွမ်းက သူ့ကိုဆွဲထားသည်။ “မင်းညီအစ်ကိုစိတ်ဓာတ်ရှိရင် ငါ့အတွက် ထိုင်ပေး”
ထို့နောက် တရုတ်ပန်းချီဆုချီးမြှင့်ပွဲ အခမ်းအနားရောက်လာခဲ့ပြီး တင်ဆက်သူက ရင်ဖိုအောင် လုပ်နေခဲ့သည်။
လျှိုထန်က ထိုင်ဖို့ရုန်းကန်နေဆဲဖြစ်ပေမယ့် ရှန်ချီဟွမ်းက ဆွဲချနေတာကြောင့် တိတ်တိတ်လေးလျှောက်လာသော ပုံရိပ်တစ်ခုကို သတိမထားမိခဲ့ပေ။
ထိုလူက ထိုင်ချလိုက်ပြီး သူတို့ကို တိုးတိုးလေးမေးလာသည်။ “ယောကျာ်း၊ ဘာလုပ်နေတာလဲ?”
ရှန်ချီဟွမ်းက ကမန်းကတန်း မျက်နှာလွှဲလိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် မြေပြင်က အက်ကွဲကြောင်းထဲကို ဝင်သွားချင်မိသည်။