Ch 60
Viewers 24k

🍉 Chapter 60

 

 

 

ကျီဖေးသည် အတင်းအဖျင်းများအားနားထောင်ပြီးဖြစ်ပြီး သတင်းအသစ်တစ်စုံတစ်ရာမျှမရသေးသောကြောင့် ဒရာမာ၏နောက်ထပ် တိုးတက်မှုအသစ်များကိုသာ စောင့်မျှော်နေနိုင်သည်။ သူ ချင်မိသားစုအိမ်သို့ ညနေဘက်ပြန်ရောက်သောအခါ လူတိုင်းသည် သူတို့နှစ် ယောက်အတူတူ Show တွင်ပါဝင်မည့်အကြောင်း သိထားကြပြီးဖြစ်သည်။

 

"ဒီလိုတိုက်ရိုက်ထုတ်လွှင့်တဲ့ Reality show မျိုးမှာ ငါတို့ဖေးဖေး ကပထမဆုံးပါတာဆိုတော့ ကျိန်းသေပေါက်ကို ကြည့်ရမှာပေါ့"

 

မားမားချင် စိတ်လှုပ်ရှားစွာပြောလာသည်။

 

ချင်ရန်နှင့် ချင်ရုန်တို့သည်လည်း လက်ကိုင်ထားကြပြီး သူတို့လည်း အတူတူကြည့်မည်ဟု တက်တက်ကြွကြွ ဖော်ပြခဲ့ကြသည်။

 

"အရင် ကျွန်တော် ရှိုးမှာပါတုန်းကကျတော့ အားလုံးဒီလိုစိတ်လှုပ်ရှားနေကြတာကို မတွေ့ မိပါဘူး။" ဟု ချင်ကျောက် စိတ်အနှောက်အယှက်ဖြစ်စွာပြောလိုက်သည်။

 

မားမားချင် မျက်လုံးပြူးပြီး "နင်က ဖေးဖေးလောက်မှမလှတာ"

 

"စိတ်မပူနဲ့၊ တစ်ခုခုဖြစ်ရင် ချင်ကျောက်ကိုသာဖြေရှင်းခိုင်းလိုက်၊ မင်း မပျော်ဘူးဆိုရင် အချိန်မရွေးပြန်လာခဲ့"ဟု ပါးပါးချင်က အမိန့် ပေးလိုက်သည်။

 

ချင်ကျောက်ပြောခါနီးမှာ ပါးပါးချင်က "စန်းတိက မင်းအတွက် နစ်နာကြေးပေးပေးလိမ့်မယ်"ဟု ထပ် းပေါင်းပြောလိုက်သေးသည်။

 

ချင်ကျောက်: ကျနော် ပါးရဲ့သားအရင်းဟုတ်ရဲ့လား?

 

ကျီဖေးပြုံးပြီး တစ်ယောက်ချင်းစီကိုကြည့်ကာ အကုန် လုံးကို သဘောတူလိုက်သည်။

 

[ဘယ်လောက်ပဲ ခက်ခဲနေပါစေ ငါ အဆုံးထိသည်းခံမှာ]

 

အားလုံးစိတ်ထဲ အံ့အားသင့်သွားသည်။ ဒါ လက်ရှိကျီဖေးပြောရမည့် စကားမျိုးမဟုတ်ပေ။

 

[အဲ့ဒီမှာ ငါ ကြည့်ဖို့အတွက် ငါ့ကိုစောင့်နေတဲ့ ဒရာမာတွေမှအများကြီး၊ လျှို့ဝှက်လက်ထပ်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့လိမ်လည်လှည့်ဖျားမှု၊ အချစ်ပြိုင်ဘက် ယောက်ျားလေးနတ်ဘုရားနှစ်ပါး၊ သစ္စာရှိခင်ပွန်းသည် Vs အမြီးကိုးချောင်းမြေခွေးလိုမိန်းကလေး၊ မားမား Vs ရည်းစားဟောင်း၊ ငါ့ကို မထိခိုက်စေသ၍ အဲ့အတင်းအညဖျင်းတွေအကုန်လုံးကို ပျော်ပျော်ကြီးစားပစ်မယ်ကွ။ ဒီနှစ်လအတွင်း ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်မလဲဆိုတာ စိတ်ကူးကြည့်လို့ကိုမရဘူး။]

 

ချင်မိသားစု- !!!!!

 

အဲ့ဒီမှာ... တကယ် ဒရာမာတွေအများကြီး ရှိနေတာလား?

 

ကြားရတာနဲ့တင်... အရမ်းစိတ်လှုပ်ရှားဖို့ကောင်းမှာပဲ

 

ဒီစိတ်ထဲကအတွေးတွေကို တိုက်ရိုက်ထုတ်လွှင့်မှုကနေ ဘာကြောင့် မပို့ပေးနိုင်ရတာလဲ။ ငါတို့လည်း အရမ်းသိချင်တယ်လေ။

 

ထို့ကြောင့် ချင်ရှန့်မှလွဲ၍အားလုံး ချင်ကျောက်အား လှည့်ကြည့်လိုက်ရာ သူ့အားတုန်လှုပ်သွားစေခဲ့သည်။

 

"စန်းကော ညီမ ပန်းချီဆွဲတာပြီးခါနီးပြီ၊ အဲ့ဒါ ညီမ အားရင် ကောရဲ့လက်ထောက်လုပ်လို့ရမလား" ချင်ရုန်အမြန်မေးလိုက်သည်။

 

ချင်ကျောက် ပါးစပ်လှုပ်ယမ်းကာ "အာ. အိုကေလေ၊ နင် အားသွားရင် လာခဲ့ချည်"

 

"ကောင်းလိုက်တာ!"

 

"ငါတို့ကော ရိုက်ကွင်းကိုလာလည်လို့ရလား ?" မားမားချင်နှင့် ပါးပါးချင်လည်း တက်တက်ကြွကြွတုန့်ပြန်လိုက်သည်။

 

ချင်ကျောက် ဖျော်ဖြေရေးနယ်ပယ်ထဲ လုပ်ကိုင်နေသမျှ ကာလပတ်လုံး ရိုက်ကွင်းထဲသို့ တစ်ခါမှအလည်မလာခဲ့ဖူးသည့် သူ့မိဘများအားစိုက်ကြည့်လိုက်သည်။

 

"ရတယ်၊ ဒါပေမယ့် နေ့တိုင်းတော့ မရဘူး"

 

ပါးပါးချင်နှင့်မားမားချင်သည် ဂုဏ်ပြုသည့်အနေဖြင့် လက်ဝါးချင်းရိုက်လိုက်ကြသည်။

 

မိသားစုထဲတွင် အလုပ်လုပ်နေသည့် လူနှစ်ယောက်အ နက်တစ်ယောက်ဖြစ်သည့် ချင်ရန်သည် ကလေးတစ်ယောက်ကိုပါ စောင့်ရှောက်ရသေးသည့်အတွက် တကယ်လမ်းပျောက်နေခဲ့သည်။ သူ ချင်ရှီကိုပွေ့ထားကာ ချင်ရုန်နှင့် သူ့မားအား သနားစဖွယ်ကြည့်နေခဲ့သည်။

 

အမျိုးသမီးနှစ်ယောက်သည် သူမအားအားပေးသည့်အကြည့်ဖြင့်ကြည့်ကာ ဒရာမာအားလုံးကိုဝေမျှမည်ဟု ကတိပေးခဲ့ကြသည်။

 

စကားတစ်ခွန်းမှမပြောပဲ မိသားစုထံမှလျစ်လျူရှုခံထားရသည့် ချင်ရှန့်အတွက်မူ စကားမပြောသည့် ငွေထုတ်စက်တစ်ခုအဖြစ်သာ သတ်မှတ်ခံထားရသည်။

 

ပျော်စရာများထဲပါဝင်ရန် လူအုပ်ထဲသို့ဘယ်တုန်းကမှမတိုးဝှေ့နိုင်ခဲ့သည့် အပြင်လူတစ်ယောက်ကဲ့သို့ပင်၊ ဘယ် လောက်တောင် သနားစရာကောင်းလိုက်သလဲ~

 

"စကားမစပ်၊ ကောင်းကောက ပြောတယ်၊ ဘယ် Brand ကမှ နင့်အတွက် အဝတ်အစားစပွန်စာပေးဖို့ ကမ်းလှမ်းထားတာမျိုးမရှိသေးဘူးတဲ့။ အဲ့ဒါကြောင့် နင့်ဘာသာ  နင်ကိုယ်ပိုင်ဝတ်စုံ ပြင်ဆင်ရမှာ”

 

ကျီဖေး ခဏလောက်စဉ်းစားလိုက်ပြီး "ငါ့ဗီရိုထဲမှာ အ ဝတ်အစားတွေ အများကြီးရှိတယ်၊ စတိုင်လစ်ကိုခေါ်လာပြီး သင့်တော်တာရွေးခိုင်းလိုက်လို့ရတယ်။"

 

"မဖြစ်ဘူး၊ ဒီလိုရှိုးအကြီးစားမျိုးအတွက်ဆို နင် နောက် ဆုံးပေါ် အဝတ်အစားအသစ်တွေလိုတယ်။ ချင်အဖွဲ့ အ စည်းနဲ့ တွဲဖက် Brand တွေကို အဝတ်အစားအသစ်တွေပို့ခိုင်းကြရအောင်" 

 

မားမားချင် ချက်ချင်းပြောလိုက်သည်။

 

"မနက်ဖြန်ကြရင် ငါ ရှောင်ရှီကိုအဝတ်အစားသွားဝယ်ပေးမလို့၊ ငါတို့ အတူဈေးဝယ်ထွက်လို့ရတယ်လေ"

 

ချင်ရန် အကြံပြုလိုက်သည်။

 

ကျီဖေးသည် ချင်ကျောက်အားချက်ချင်းကြည့်၍ ချိုသာစွာပြုံးလိုက်ကာ "ဒါဆို ငါ မနက်ဖြန် အတန်းမတက်တော့ဘူးနော်"

 

[ဝူးဟူးးးးးး၊ နောက်ဆုံးတော့ ငါ လိပ်ပြာသန့်သန့်နဲ့တစ်ရက်လောက် အတန်းပျက်နိုင်တော့မယ်!]

 

ချင်ကျောက်သည် သူ့အား ကူကယ်ရာမဲ့စွာကြည့်လိုက်သော်လည်း ဝန်လေးစွာသဘောတူလိုက်ရသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့သည့်အတွက် ဒီ ငါးဆားနယ်လေးကို နည်းနည်းလောက် ပျော်ရွှင်ခွင့်ပေးလိုက်သည်ဟု ယူဆလို့ရသည်။

 

ချင်ရုန် ချက်ချင်းဆိုသလို "ငါ ပန်းချီဆွဲရမယ်၊ အဲ့တာမှ ငါလိုက်လို့ရမှာ"

 

မားမားချင် သူ့သမီးလက်အားပုတ်၍ "နောက်တစ်ခါမှ အတူတူသွားကြတာပေါ့"

 

ထို့နောက် ခေါင်းငုံ့ကာလက်ဖက်ရည်သောက်နေသည့် ချင်ရှန့်အားလှည့်ကြည့်၍ "ချင်ရှန့်၊ မနက်ဖြန် ငါတို့နဲ့အတူဈေးဝယ်ထွက်ဖို့ နည်းနည်းလောက်အချိန်ပေးလို့ရလား ?"

 

ချင်ရှန့် အံ့အားသင့်သွားသည်။

 

ချင်ရန်လည်း သူ့မား၏အချက်ပြမှုကိုရရှိကာ "ငါတို့က ချင်အဖွဲ့အစည်းရဲ့လက်အောက်က ကုန်တိုက်ကိုပဲ သွားမှာ၊ အဲဒါ နင့် ရုံးဘေးတင်ပဲ။"

 

ချင်ရှန့် အများကြီးထူးထွေမစဉ်းစားဘဲ "ကောင်းပြီလေ။ ငါ ကုမ္ပဏီကကိစ္စတွေအရင်ရှင်းပြီးရင် နင့်တို့ကို လာရှာလိုက်မယ်။"

 

ကျီဖေး စိတ်ထဲအံ့သွသွားပြီး [ဘာလို့မိန်းမတွေ ဈေးဝယ်ထွက်တာကို ယောက်ျားတစ်ယောက်ကိုလိုက်ခိုင်းစေချင်တာလဲ ?]

 

ချင်ရှန့် ကျီဖေးအားတစ်ချက်ကြည့်လိုက်ပြီး "ကိုယ် မင်းအတွက် ငွေ ရှင်းပေးဖို့လာခဲ့မယ်။"

 

[ဟမ် ? ငြင်းလို့မရတဲ့ အကြောင်းပြချက်ပဲ!]

 

နောက်တစ်နေ့တွင် ကျီဖေး ဘာကိုမှဂရုမစိုက်ဘဲအိပ် ရေးဝ၀အိပ်နိုင်ခဲ့သည်။ ရိုးရှင်းသောမနက်စာ စားပြီးနောက် မားမားချင်၊ ချင်ရန်တို့နှင့် အတူ ရှောင်ရှီအား မြို့၏အဆင့်အမြင့်ဆုံး ကုန်တိုက်သို့ခေါ်ဆောင်သွားခဲ့သည်။

 

ကလေးအဝတ်အစားဆိုင်နှစ်ဆိုင်အား လိုက်ကြည့်ပြီးနောက် နေ့လည်စာစားချိန်ပင်နီးနေပြီဖြစ်သည်။

 

သူတို့ စားသောက်ဆိုင်တစ်ဆိုင်ရွေးပြီး ဝင်လိုက်သည် နှင့် အမျိုးသမီးတစ်ဦးဘေးမှဖြတ်သွားသည်။

 

ချင်ရန်က "ရွှမ်ကျား၊ နင် ဒီမှာ ဘာလုပ်နေတာလဲ ?"

 

ကျီဖေးကြည့်လိုက်ရာ ချင်ရန်နှင့် ရွယ်တူအမျိုးသမီးတစ်ယောက်အား တွေ့ လိုက်ရသည်။ သူမသည် အနီရောင်ချည်ထိုးဦးထုပ်အားဆောင်းထားပြီး အနည်းငယ် နေမကောင်းဖြစ်နေပုံရကာ ချင်ရန်နှင့်ရင်ဆိုင်ရသည်ကို ပငါ မဝံ့မရဲဖြစ်နေပုံရသည်။

 

"ချင်ရန်၊ တိုက်ဆိုင်လိုက်တာ။"

 

"တိုက်ဆိုင်တာ မဟုတ်ဘူး၊ နင် ဒီမှာ ရှိမနေသင့်ဘူး" ချင်ရန် မာမာတင်းတင်းပြောလိုက်သည်။

 

"အိုး၊ အရမ်းကြီး မတင်းကြပ်ပါနဲ့" ရွမ်ကျားက ပြုံးလိုက်ပြီး "ငါ နည်းနည်းလောက်ဝယ်ပြီးတာနဲ့ ပြန်မှာပါ ၊ ငါ့ကြောင့်နဲ့ နေ့လယ်စာစားဖို့နောက်မကျစေနဲ့ဦး နောက်မှ တွေ့ မယ်နော်။"

 

ထိုနောက် သူ အမြန်ပြေးသွားသည်။

 

"အရမ်းမပြေးနဲ့လေ" ချင်ယန် ကူကယ်ရာမဲ့စွာ လှမ်းအော်လိုက်ရသည်။

 

ချင်ရန်ထံ ကျယ်ပြန့်သောလူမှုအသိုင်းအဝိုင်းမရှိသော ကြောင့် သူ့ မိသားစုသည် သူ့အသိအကျွမ်းအများစုအား သိကြသည်။ မားမားချင် သိချင်စိတ်နှင့်မေးလိုက်သည်

 

"အဲဒါ ဘယ်သူလဲ ?"

 

"သမီးတို့ဆေးရုံက လူနာတစ်ယောက်ပါ" ချင်ရန် စိတ် ဓာတ်ကျစွာပြောလိုက်သည်။

 

"သမီး ဆေးရုံကိုရောက်ကတည်းက သူ လာတက်တော့  တစ်ယောက်နဲ့တစ်ယောက်က သိနေတာကြာပြီ။ သူက… ထားလိုက်ပါ ထမင်းသွားစားရအောင်"

 

ယခု ချင်ရန်အုပ်ချုပ်နေသည့် ဆေးရုံသည် ပုဂ္ဂလိကဆေးရုံဖြစ်ပြီး တက်ရောက်လာသော လူနာများအားလုံးသည် ချမ်းသာသူများသို့မဟုတ် အထက်တန်းလွှာများဖြစ်သည်။ ချင်ရန်၏စိတ်ဓာတ်ကျမှုသည် လူနာမှ ကုသစရိတ်မတတ်နိုင်သောကြောင့် မဟုတ်ဘဲ လူနာ၏ရောဂါမှာ ကုသရန်ခက်ခဲနေသောကြောင့် ဖြစ်နိုင်သည်။

 

လူတိုင်းသည် အခြားသူတစ်ဦး၏ကျန်းမာရေးအခြေ အနေနှင့် ပတ်သက်၍ ဆွေးနွေးရန်ရည်ရွယ်ချက်မရှိသောကြောင့် ခေါင်းစဉ်ပြောင်းကာ စတင်အော်ဒါမှာ လိုက်သည်။

 

သူတို့ အော်ဒါမှာပြီးသည်နှင့် ချင်ရှန့်ရောက်လာသည်။

 

စားပြီးသည်နှင့် သူတို့လမ်းခွဲလိုက်ကြသည်။

 

မားမားချင်က ချင်ရန်၊ ရှောင်ရှီတို့နှင့်အတူ ကလေးအဝတ်အစားဆိုင်များအားလိုက်ရှာပြီး ချင်ရှန့်သည် ကျီဖေးအား အမျိုးသမီးဝတ် အဝတ်အစားဆိုင်များဆီ ခေါ်ယူသွားခဲ့သည်။

 

ချင်ရှန့်သည် ချင်မိသားစု၏ရည်ရွယ်ချက်အား ရုတ်တ ရက်နားလည်သွားပြီး သူ့အမူအရာသည် အနည်းငယ် သဘာဝမကျသလိုဖြစ်သွားသည်။

 

ကျီဖေးသည်လည်း ချင်မိသားစု၏ရည်ရွယ်ချက်အား သဘောပေါက်သွားကာ တခဏမျှအံ့ဩသွားရသည်။ သို့သော် သူ အတော်လေးကျေနပ်သွားသည် - ဝယ်သမျှ ငွေလိုက်ရှင်းပေးမယ့် ခန့်ညားတဲ့ယောက်ျားတစ်ယောက်ကိုပိုင်ဆိုင်ရတာ ဘယ်လောက်ကောင်းလိုက်လဲ ?

 

ထို့ကြောင့် ကျီဖေး ချက်ချင်းပင် ချင်ရှန့်အားဈေးဝယ်ထွက်ရန်ဆွဲခေါ်သွားခဲ့သည်။

 

သို့သော် ပထမစတိုးဆိုင်၏ VIP အခန်းထဲသို့ ဝင်လိုက်သည်နှင့် မကြာခင်က ဆုံခဲ့သည့် ရွမ်ကျားအားတွေ့ လိုက်ရသည်။

 

ထိုအချိန်တွင် ရွမ်ကျား တစ်ယောက်ယောက်နှင့် ငြင်းခုံနေပုံရသည်။

 

ဆိုင်အကူတစ်ယောက်က သူ၏တစ်ဖက်တွင် ရပ်နေပြီး ကျန်တစ်ဖက် တွင်တော့ နေကာမျက်မှန်နဲ့ ရေပုံးလိုဦးထုပ်အားဆောင်းထားသည့် အမျိုးသမီးတစ်ဦးရှိနေသည်။

 

"ရွမ်ကျားကျဲ၊ ကျွန်မ ရှိုးပွဲအတွက် ဒါကိုလိုတယ်၊ ကျွန်မကို ယူခွင့်မပြုနိုင်ဘူးလား ?"

 

"ဝမ်ကျားနီ၊ ငါ့ပစ္စည်းက ငါ့အပိုင်ပဲ၊ ငါ သီးသန့်ဖယ်ခိုင်းထားတာ၊ ဘယ်သူမှ လာလုလို့မရဘူး!"

 

ကျီဖေးအံ့သြသွားသည်။ ဝမ်ကျားနီ၊ နေပါဦး.. အဲ့နာမည်မဟုတ်လား...

 

"ရွမ်ကျား၊ ဝမ်ကျားနီ ? ရှန်းဝမ်ယွဲ့ ရဲ့ ဇနီးနဲ့ အငယ်အ နှောင်းပဲ၊ ဘယ်လိုတောင် တိုက်ဆိုင်ရတာလဲ ?"

 

ချင်ရှန့် ရုတ်တရက်ပြောလာသည်။

 

[အမှန်ပဲ၊ အဲဒါက လျှို့ဝှက်လက်ထပ်ထားတဲ့ မင်းသား  ရှန်းဝမ်ယွဲ့နဲ့ တွဲနေတယ်လို့ ကောလာဟလထွက်နေတဲ့ မင်းသမီးဝမ်ကျားနီပဲ။ နေပါဦး ? ဇနီး ? ရွမ်ကျားလို့ပြော လိုက်တာလား?]

 

ကျီဖေး ချင်ရှန့်အားထိတ်လန့်စွာကြည့်ကာ "ရှင်... ရှင် သူတို့ကို ဘယ်လိုလုပ် သိနေတာလဲ?"

 

ချင်ရှန့် ကျီဖေးကိုငုံ့ကြည့်လိုက်ပြီး "မင်း ဒီရှိုးမှာ ပါမယ်ဆိုကတည်းက မင်းနဲ့ အလုပ်တွဲလုပ်မယ့် လူတွေကို ငါ ့အနေနဲ့ ကျိန်းသေပေါက်စစ်ဆေးဖို့လိုတယ်လေ။"

 

[နိုး နိုး နိုး၊ ဝမ်ကျားနီကိုသိတာ ပုံမှန်ပဲဆိုပေမဲ့ ရွမ်ကျားအကြောင်းကို ကောင်းဟောင်တောင် မသိဘူးလေ။]

 

ချင်ရှန့် စိတ်မသက်မသာဖြင့် အကြည့်လွှဲလိုက်ပြီး

 

"အာ... သူတို့ ငြင်းခုံနေကြတဲ့ပုံပဲ"

 

ကျီဖေး ရုတ်တရက်အာရုံပြောင်းသွားသည်။ ဘယ်လို ? ငြင်းခုန်နေတယ် ?

 

သူ ခိုးနားထောင်ရန် ချင်ရှန့်နားကပ်လာခဲ့သည်။

 

အတင်းအဖျင်း၊ ဧရာမအတင်းအဖျင်းကြီးပဲ၊ တိတ်တိတ် ပုန်းဇနီးနဲ့ ကောလဟာလထွက်နေတဲ့ ရည်းစားဟောင်းတို့ ထိပ်တိုက်တွေ့ ကြတာပဲ။