Chapter 59.1
Viewers 21k

Chapter 59.1


“ခရိုင်မြို့”



မျက်စိတစ်မှိတ်အတွင်း ထန်ချွန်းမင်က ကလေးများ၏အရေးကိစ္စများကို အာရုံစိုက်ရန် အချိန်မရှိတော့ပေ။ ဝိုင်ပြုလုပ်ခြင်းက နောက်ဆုံးအဆင့် ပေါင်းခံခြင်းသို့​ရောက်လာခဲ့သည်။ အာစန်းလေးကလည်း ကျန်းရှို့ကိုလွှဲထားရပြီး ထန်ချွန်းမင်နှင့် သမားတော်ဟဲက ဝိုင်ချက်ခန်းသို့ ဝင်သွားခဲ့သည်။


အသုံးပြုသည့်နည်းလမ်းက ရိုးရာနည်းလမ်း​ဖြစ်တာကြောင့် ပေါင်းခံခြင်းလုပ်ငန်းစဥ်တွင် အဆက်မပြတ်ညွှန်ကြားမှုများ လိုအပ်သည်။ အပေါ်အိုးထဲ ရေအေးထည့်ကာ အေးနေအောင် ထားရမှာဖြစ်ပြီး ဝိုင်အခိုးအငွေ့များ ပျံတက်လာသည့်အခါ အစက်အပြောက်ပုံသဏ္ဍန်ပြောင်းသွားပြီး ဘေးဘက်ရှိ အနည်းငယ်တိမ်းစောင်းနေသည့် အပေါက်မှတစ်ဆင့် ဝိုင်ပုလင်းထဲကျဆင်းသွားမည်ဖြစ်၏။



သန့်စင်ပြီး ခမ်းနားသော ဝိုင်ရနံ့က အခန်းကိုလွှမ်းခြုံသွားခဲ့သည်။ ဤနည်းဖြင့် ထုတ်လုပ်ထားသောဝိုင်က အထူးသဖြင့် ရနံ့မွေးပြီး အရသာပြည့်ဝသည်။ အနံ့တစ်မျိုးတည်းကြောင့် သမားတော်ဟဲက တံထွေးမျိုချလိုက်ရသည်။


ပထမဆုံးအကြိမ်ပေါင်းခံခြင်းမှာ ဝိုင်ငါးပုလင်းကို ထုတ်လုပ်ခဲ့သည်။ ပေါင်းခံပြီးနောက် ဒုတိယတစ်ကြိမ်ပေါင်းခံရန် ကုန်ကြမ်းများကို ဆက်လက်စော်ဖောက်ခဲ့သည်။ ဒုတိယအကြိမ် ပေါင်းခံမှုမှရသော ဝိုင်သည် ပိုမိုပြင်းထန်သော အမွှေးရနံ့ကို ​ထုတ်လုပ်ပေးခဲ့သည်။


ရက်အတော်ကြာကြိုးစားခဲ့ပြီးနောက် သူတို့က ဝိုင်ဒါဇင်ကျော်ကို ရရှိခဲ့သည်။ တစ်ပုလင်းဆီက အရွယ်အစားသေးပြီး ခန့်မှန်းချေ ငါးကီလိုဂရမ်ပါဝင်၏။ အားလုံးပြီးသွားသောအခါ လီဖုန်းက ထန်ချွန်းမင်ကိုကြည့်ကာ ခေါင်းကိုက်လာသည်။ ထန်ချွန်းမင်က မီးဖွားကာလအပြီးမှာ အဆီပိုထွက်လာသော်လည်း အချိန်တိုအတွင်း အလွန်ပိန်သွားခဲ့သည်။ ကံအားလျော်စွာ သမားတော်ဟဲက သူ့သွေးခုန်းနှန်းကို ထိန်းနိုင်ခဲ့ပြီး သူ့ခန္ဓာကိုယ်မှာ ဘာပြဿနာမှမရှိဘူးလို့ အာမခံခဲ့သည်။ လီဖုန်းက သူ့ကို အနားယူဖို့ တိုက်တွန်းခဲ့ပြီး ကိုယ်အလေးချိန်တိုးလာစေရန် အစီအစဥ်တစ်ခု အကောင်အထည်ဖော်ခဲ့သည်။


ဝိုင်ပြုလုပ်ခြင်းက ပင်ပန်းမှုအရှိဆုံးဖြစ်သော်လည်း ရလဒ်ကိုမြင်ရသည်မှာ ကျေနပ်စရာဖြစ်သည်။ ထန်ချွန်းမင်က အရံဟင်းများစွာချက်ခဲ့ပြီး ဝိုင်အသစ်ကို အတူတူမြည်းစမ်းရန် အသိမိသားစုတချို့ကို ဖိတ်ခေါ်ခဲ့သည်။ ထန်ချွန်းမင်က သူ့အရင်ဘဝမှာ အရက်သောက်တိုင်း ပါးပြင်တွေနီရဲလာလေ့ရှိသည်။ ထိုဝိုင်ချက်သည့်နေရက်များမှာ ဝိုင်ရနံ့ကြောင့် သူ့မျက်နှာက နီရဲနေခဲ့သည်။


“ဘယ်လိုလဲ? ကျွန်တော့်ဝိုင်က မဆိုးဘူးမလား?” ဤမေးခွန်းက သမားရိုးကျဖြစ်သော်လည်း ထန်ချွန်းမင်က ဂုဏ်ယူနေပြီး ချီးမွမ်းခံဖို့စောင့်နေ၏။ 


အားလင်းက လီဖုန်း၏​ပေါင်ပေါ်က​နေ ဝိုင်ခွက်ကို စူးစမ်းနေသည်။ သူ၏ဆိုးသွမ်းသောအားမူက ဝိုင်ထဲကို တူစိုက်ပြီး သူ့ကိုမြည်းစမ်းစေခဲ့သည်။ ချက်ချင်းဆိုသလိုပင် သူက ထငိုပြီး ရေရွတ်လာသည်။ “ဖေဖေက အရမ်းဆိုးတာပဲ!”


“ဒါက ဝိုင်ကောင်းပဲ” ​တာရှန်က သူ့အား ချီးကျူးရန် စကားလုံးရှာမရသောကြောင့် သူ့ခံစားချက်ကို အရိုးရှင်းဆုံးဖော်ပြခဲ့သည်။ ဝိုင်ခွက်ပေါ်မှာ ရစ်ဝဲနေသော သူ့မျက်လုံးများကို ကြည့်ရင်းဖြင့် သူဘယ်လောက်ထိ အသိအမှတ်ပြုသလဲ သိနိုင်၏။


ကျန်းရှို့နှင့် ရှန်းဖူလန်က ဝိုင်ကို တစ်ငုံချင်းသောက်နေသည််။ ချောမောသော အမျိုးသားများနှင့် ကောအာများပြည့်နှက်နေသော ဤကမ္ဘာတွင် ဝိုင်လုပ်ငန်းက ရှေးခတ်ကမ္ဘာထက် ထွန်းကားခဲ့သည်။ ကိုယ်တိုင်သောက်ဖို့ ဝိိုင်သီးသန့်ချက်ခြင်းကို အင်ပါယာတရားရုံးက မတားမြစ်ထားပေ။ သို့သော် ဝိုင်ထုတ်လုပ်ဖို့ စပါးလိုအပ်သည့်အတွက် သာမန်လူများက နှစ်သစ်ကူးနှင့် တခြားပွဲတော်များတွင် ဆိုင်မှာသာ ဝယ်သောက်လေ့ရှိသည်။


ယခင်ဧကရာဇ်လက်ထက်တွင် သာမန်ပြည်သူလူထု၏ဘဝက ယခုလောက် မသာယာခဲ့ပေ။ ထိုအချိန်တွင် အရာရှိများနှင့် လူချမ်းသာကုန်သည်များက ဝိုင်ကောင်းကောင်းကို လိုက်စားနိုင်ပြီး လူအများစုကတော့ ဗိုက်ပြည့်ရုံဖြင့် ကျေနပ်ခဲ့ကြရသည်။ ဧကရာဇ်အသစ် အာဏာရလာပြီး အခွန်စနစ်ကို ပြုပြင်ပြောင်းလဲခဲ့ပြီးနောက် သာမန်လူတွေက တဖြည်းဖြည်း ငွေစုလို့ရပြီး ထိုဝိုင်စားသောက်ဆိုင်ဆိုင်များက တ​ဖြည်းဖြည်းတိုးတက်လာခဲ့သည်။


သို့သော် ယနေ့လို ဝိုင်မြည်စမ်းပြီး ပျော်စရာ​ကောင်းသည့်နေ့မရှိပေ။ ကျန်းရှို့နဲ့ ရှန်းဖူလန်ပင်လျှင် မျက်နှာနီရဲလာသည်အထိ သောက်ကြပြီး သူတို့က အားလင်းကို အနိုင်ကျင့်နေသည့် ထန်ချွန်းမင်၏အပြုမူကို ရယ်မောလာခဲ့သည်။


ဝိုင်အကြောင်းအသိဆုံးက သမားတော်ဟဲဖြစ်သည်။ သူက တော်ဝင်ဝိုင်ကိုလည်း မြည်းစမ်းဖူးသည်။ သူက စားပွဲကိုရိုက်ကာ ခေါင်းခါလိုက်ပြီး အာမေဋိတ်ပြုလာသည်။ “နောက်ဆုံးတော့ အကြာကြီးစောင်ခဲ့ရတဲ့ ဝိုင်ကိုမြည်းစမ်းခွင့်ရပြီ။ မင်ကောအာ… မင်း ဒီဝိုင်ကိုရောင်းရင် စျေးပေါပေါမရောင်းနဲ့နော်။ ဒါကို သေချာစဥ်းစားဖို့လိုတယ်။” ထန်ချွန်းမင်က ငွေရှာရင်း စားလိုက်သောက်လိုက် အလုပ်ရှုပ်နေသည်ကို သူကောင်းကောင်းသိသည်။ သူက ဝိုင်ကို မိသားစုသောက်ဖို့သာ သိမ်းဆည်ထားမည်မဟုတ်ပေ။ ထိုအတွေးမျိုးက သမားတော်ဟဲအတွက် ဖြုန်းတီးရာကျသည်။

“အစ်ကိုကြီး.. ခင်ဗျား ဝိုင်ဝေစု ကောင်းကောင်းရပြီနော်.. ဘယ်လိုလဲ? ဒါကိုဘယ်လိုယှဥ်လို့ရမလဲ?” စိတ်တက်ကြွနေသော ရွာလူကြီးက သမားတော်ဟဲကို ရွှတ်နောက်နောက်ခေါ်ဆိုခဲ့သည်။


အဘိုးကြီးဟဲက ဂုဏ်ယူနေသော ထန်ချွန်းမင်ကို လက်ညိုးထိုးကာ ပြောလိုက်သည်။ “သူ့ကိုပဲကြည့်တော့! ငါပြောစရာလိုသေးလား? ငါပြောရမယ်ဆိုရင်တော့ ဒီတစ်သုတ်ကို ငါတို့မိသားစုသောက်ဖို့ပဲ သိမ်းထားသင့်တယ်။”


မျက်နှာပေးမ​ပြောင်းသေးသော ထန်ချွန်းမင်က ပြန်ဖြေလိုက်သည်။ “အဘိုးကြီးဟဲ… ခင်ဗျားသောက်ဖို့ သိမ်းထားစေချင်တယ်လို့သာ ဝန်ခံလိုက်ပါ။ ကျွန်တော်က ငွေကိုအစွဲအလမ်းကြီးတဲ့သူ မဟုတ်ပါဘူး။”


“ဟားဟားဟား….” အခန်းက ရယ်မောသံဖြင့် လွှမ်းခြုံသွားသည်။ အဘိုးကြီးဟဲက ထန်ချွန်းမင်ကို လက်ညိုးထိုးကာ ရယ်မောလိုက်သည်။ “မင်းက ငွေမမက်ရင် ဘယ်သူကမက်မှာလဲ?”


“ဝါး….ဝါး!” ယခုလေးတင် အိပ်ရာနိုးလာသော အားစန်းလေးက ပွဲဝင်နွှဲခဲ့သည်။ ထန်ချွန်းမင်က သိုးနို့နွှေးရန် အမြန်ထွက်သွားခဲ့သည်။ ဤပြဿနာအိုးလေးက မသောက်ရလျှင် ငြိမ်နေမှာမဟုတ်ပေ။ ထန်ချွန်းမင်၏ နီရဲနေသော မျက်နှာကို သတိထားမိသော လီဖုန်းက သူ့ကိုတားကာ အားလင်းကိုအပ်လိုက်ပြီး သူကိုယ်တိုင်လုပ်ပေးဖို့ ထွက်သွားခဲ့သည်။


ရှောင်ရွှင်းကျိက ကုန်ပစ္စည်းများလာယူသည့်အခါ သူက ခရိုင်မြို့ရှိ သတင်းကိုသယ်ဆောင်လာခဲ့သည်။ သိုးသားစားသောက်ဆိုင်က မွမ်းမံပြီးစီးသွားပြီဖြစ်၍ ထန်ချွန်းမင်က ဆိုင်ဖွင့်ဖို့ ရက်ရွေးချယ်နေ၏။ အပူချိန်က တစ်နေ့ထက်တစ်နေ့ပိုအေးလာ၍ အားလုံးက လေ​ဖောင်းအင်္ကျီဝတ်ဆင်ထားပြီး အပူပေးခန်းကုတင်နှင့် ကြမ်းခင်းကိုလည်း အပြည့်အဝသုံးနေသည်။ ထန်ချွန်းမင်က အချိန်မဆွဲဖို့ ဆုံးဖြတ်လိုက်သည်။ သတင်းကြားတော့ သူက နောက်တစ်ရက်မှာ အားလုံးနဲ့အတူ ခရိုင်မြို့ကိုသွားဖို့ ပြင်ခဲ့သည်။ သူက ​သိုးနှစ်ကောင်ကိုလည်း ခေါ်လာခဲ့သည်။ တကယ်တော့ အိမ်ရှိ မီးဖိုချောင်သုံး ကိရိယာတန်ဆာပလာများသည် ခရိုင်မြို့ရှိကိရိယာများကို မယှဥ်နိုင်သဖြင့် သူအလုပ်လုပ်ရတာ မလွတ်လပ်ပေ။


ထို့အပြင် ရာသီဥတုအေးလာသည်နှင့် ထန့်ယီအတွက် သိုးသားဟင်းချက်ပေးရန် ကတိပေးထားခဲ့သည်။ ၎င်းက ခရိုင်မြို့ကဆိုင်ကို သွားကြည့်ဖို့ အခွင့်အရေးလည်းဖြစ်သည်။ ပိုင်ရှင်ဖြစ်သည့် ထန်ချွန်းမင်က ၎င်းကိုဝယ်ပြီးကတည်းက သွားမကြည့်ခဲ့တာဖြစ်၏။


နောက်တစ်နေ့တွင် လီဖုန်းက လူအပြည့်ပါသော မြင်းလှည်းဆွဲကာ ခရိုင်မြို့သို့ တက်ကြွသောပုံစံဖြင့်သွားခဲ့သည်။


ထန်ချွန်းမင်၏တစ်မိသားစုလုံးက မြင်းလှည်းပေါ်တွင် လိုက်ပါလာသည်။ အားလင်းကိုဂရုစိုက်မည့်လူမရှိ၍ သူ့ကိုချန်ထားခဲ့လို့မရပေ။ ထို့အပြင် က​လေးကိုမြင်ဖူးသူတိုင်းက ပြောကြသည်မှာ ကလေးက ကျန်းမာနေသဖြင့် အပြင်ခေါ်ထုတ်သွားလို့ရတယ်ဟူ၍ပင်။ စားစရာသောက်စရာရှိသရွေ့ မည်သည့်နေရာမဆို ခေါ်သွားလို့ရပြီး အားလင်းကလည်း အပြင်ထွက်ရတာပျော်နေ၏။


တာရှန်၏မိသားစုမှာ ကျန်းရှို့တစ်ယောက်တည်းလိုက်လာသည်။ တာမောင်းနှင့် အာမောင်းက မျက်ရည်ဝဲကာ ကျန်ရစ်ခဲ့ပြီး ကျောင်းတက်ရခြင်း၏ အဆိုးဘက်ကို ပထမဆုံးအကြိမ် နားလည်လာခဲ့သည်။ မဟုတ်ပါက သူတို့လည်း ခရိုင်မြို့ကို လိုက်လို့ရမှာပင်။ ဝမ်မော့က လှည်းပေါ်သို့ ဝမ်းသာအားရတက်လိုက်ပြီး ကလေးတွေကို သူတို့ဘိုးဘိုးနဲ့အပ်ခဲ့သည်။ ရွာလူကြီး၏မိသားစုမှ ရှန်းဖူလန်လိုက်လာပြီး သူက သူ့သားနှစ်ယောက်အတွက် ​ဆောင်းရာသီအဝတ်အစားများ ယူဆောင်လာသည်။


အဘိုးကြီးဟဲက ဟူလန်ကျုံးကိုလည်းခေါ်လာသည်။ ဟူလန်ကျုံးကမငြင်းပဲ ယခုလို အပျော်ခရီးထွက်ရတာ ပျော်နေ၏။


သန်မာသောကျင်းဖုန်းက အများကြီးကူညီခဲ့ပြီး ခရီးလမ်းကို ချောမွေ့စေရန် အားစိုက်ထုတ်ပေးခဲ့သည်။ လှည်းပေါ်ကလူများသည် လမ်းတစ်လျှောက် စကားစမြည်ပြောကာ ရယ်မောနေကြပြီး ခရိုင်မြို့သို့မရောက်ခင် အချိန်မည်မျှကုန်သွားသည်ကို မသိခဲ့ပေ။


ဤသည်မှာ ထန်ချွန်းမင်၏ ဒုတိယအကြိမ်လည်ပတ်ခြင်းဖြစ်သည်။ သူက ကန့်လန့်ကာကိုမပြီး အပြင်ကို ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းက ကွေးညွတ်သွား၏။ ရှေ့မှာ လှည်းမောင်းနေသော လီဖုန်းက ထန်ချွန်းမင်၏အပြုံးကို သတိထားမိပြီး သူလည်းပဲ ပြုံးလိုက်မိသည်။ ထန်ချွန်းမင်က သူ့ကိုဝန်ခံပြီးနောက် သူက အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ပြောပြလေ့ရှိပြီး ဟင်းသီးဟင်းရွက်ရောင်းခဲ့သည့် ယခင်တစ်ခေါက်ခရီးကိုလည်း ပြောပြခဲ့သည်။


လီဖုန်းက ၎င်းကို အန္တရာယ်များသည်ဟု တိတ်တဆိတ် တွေးမိသော်လည်း ထိုအချိန်က ထန်ချွန်းမင်မှာ ရွေးချယ်စရာမရှိခဲ့မှန်း သူနားလည်သည်။ ထိုအချိန်က မင်ကောအာ ကြုံတွေ့ခဲ့ရသော အခက်အခဲများကို တွေးတောရင််း လီဖုန်းက စိတ်မကောင်းဖြစ်ကာ မင်ကောအာကို သက်တောင့်သက်သာရှိသော ဘဝမှာထားဖို့ ဆုံးဖြတ်လိုက်သည်။


ထန့်ယွီနှင့် အကြိမ်ပေါင်းများစွာ ပြောဆိုဆက်ဆံပြီးနောက် ထန့်ယွီက ဉာဏ်ကောင်းမှန်း လီဖုန်းသိသည်။ ထန့်ယွီမှာသံသယရှိနေလျှင်ပင် ရေဆုံးမြေဆုံးလိုက်နိုင်မှာမဟုတ်ပေ။ သူ့အတွက်တော့ မင်ကောအာ၏လုံခြုံရေးက အမြဲတမ်းဦးစားပေးဖြစ်သည်။



လီဖုန်းက ဆိုင်ရှေ့မှာရပ်ရန် မြင်းလှည်းကို ကျွမ်းကျွမ်းကျင်ကျင် လှုပ်ရှားလိုက်သည်။ အားစန််းလေးကို ချီထားသော ထန်ချွန်းမင်က ကန့်လန့်ကာကိုရုတ်ပြီး အရင်ဆင်းလိုက်သည်။ လီဖုန်းက သူ့ကိုအမြန်ဖမ်းလိုက်​တော့ အားစန်းလေးက လက်ဆန့်တန်းကာ သူ့အဖေဖုန်းကို ဝမ်းသာအားရပုတ်လိုက်သည်။ သူ့အဖေဖုန်းက ခရီးရှည်ကြီး​​ခေါ်သွားပေးလို့ အလွန်ပျော်သည်ဟု ဆိုလိုသည်။


“ဝိုး… ဒီဆိုင်က ခမ်းနားတာပဲ။ ငါအရင်လာတုန်းကနဲ့ မတူတော့ဘူး။ ငါတစ်ယောက်တည်းလာရင် မှတ်မိမှာတောင်မဟုတ်ဘူး!” ရှန်းဖူလန်က အာမေဋိတ်ပြုလိုက်သည်။


ထန်ချွန်းမင်က ဘာတွေဖြစ်နေလဲမသိပေ။ သူ ရှန်းဖူလန်နှင့် စကားပြောနေစဥ် ဆိုင်ထဲမှ လူတစ်ယောက်ထွက်လာသည်။ အထဲမှာ ဆိုင်စောင့်နေသူတစ်ယောက်ရှိပြီး ထွက်လာသူမှာ လူတိုင်းရင်းနှီးသည့် ဝမ်မော့၏ခင်ပွန်း ကျန်းချန်မင်ဖြစ်၏။


ကျန်းချန်မင်က သူတို့ကိုအပြုံးတစ်ခုဖြင့် နှုတ်ဆက်လာသည်။ “သခင်လေးထန့်ယွီက မင်းတို့လာမယ်လို့ပြောပြီး ငါ့ကိုဒီမှာ လာစောင့်ခိုင်းခဲ့တာ။ အခုကစပြီး ငါထင်ကျင့်မှာ စားပွဲထိုးမလုပ်တော့ဘူး။”


စကားပြောနေစဥ် သူက သူ့ဇနီးကိုကြည့်လိုက်ပြီး နောက်တစ်ကြိမ်တွေ့ခဲ့စဥ်ကနှင့် အတူတူပင်ဖြစ်တာကြောင့် သူ စိတ်သက်သာရာရသွားသည်။ ကျန်းချန်မင်အတွက် အိမ်နဲ့အဝေးကြီးမှာ အလုပ်လုပ်ပြီး အစိုးရိမ်ဆုံးအရာက သူ့မိသားစုဖြစ်သည်။ သို့သော် သူတို့ကို ကောင်းမွန်သောဘဝတစ်ခုပေးရန် ရလဒ်ကောင်းတွေရဖို့ လိုအပ်ခဲ့သည်။ ဟုတ်ပါ၏။ သူ့မှာ ရည်မှန်းချက်လည်းရှိသည်။ သူက လယ်လုပ်ပြီး စားစရာရှာဖို့ပဲသိသည့် လယ်သမားတစ်ယောက်မဖြစ်ချင်ပေ။ ယခု မင်ကောအာ ပေးအပ်ခဲ့သော အခွင့်အလမ်းတစ်ခု ရှိနေသဖြင့် သူက ၎င်းကိုဆုပ်ကိုင်ထားဖို့ ရည်ရွယ်ထားသည်။ 



ဆိုင်တံခါးပေါ်ရှိဆိုင်းဘုတ်မှာ “ထန်ကျိ”လို့ရေးထားသည်။ ရေခဲဆိုင်အတွက် ထိုဆိုင်းဘုတ်ကိုသုံးထားသဖြင့် မပြောင်းရသေးပေ။ ယခင်က ဆိုင်တစ်ဆိုင်ပိုင်ခြင်းသည် စိတ်ကူးယဥ်အတွေးတစ်ခုသာဖြစ်သည်။ သို့သော် လူစည်ကားသောမြို့ပေါ်ရှိ ဆိုင်ကျယ်ကြီးရှေ့မှာရပ်ရင်း ထန်ချွန်းမင်က သူ့ကိုယ်သူ ဒေသခံသူဌေးကြီးတစ်ဦးလို ခံစားလိုက်ရသည်။


“အထဲကိုတစ်ချက်ကြည့်ရအောင်။ မင်း ဒီကိုတစ်ခါမှ ရောက်ဖူးမှာမဟုတ်ဘူး။” လီဖုန်းက ထန်ချွန်းမင်၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။

“ဒါပေါ့…ကျွန်တော်သေချာကြည့်လိုက်မယ်”


ဆိုင်က နှစ်ထပ်ခွဲထားသည်။ မြေညီထပ်ကို ကြီးမားသောစားသောက်ခန်းအဖြစ် ပြန်လည်မွမ်းမံထားပြီး စားပွဲနှင့် ကုလားထိုင်များ ဖြည့်ပေးထားသည်။ ဒုတိယထပ်က မြို့တော်ရှိ ဂုဏ်သရေရှိသူများနှင့် ကုန်သည်များကို ဧည့်ခံရန် သီးသန့်ခန်းများ ဖွဲ့စည်းထားသည်။ ထန့်ယွီက အမြင်ကောင်းရှိသည်။ နိမ့်ကျသော ဆိုင်လေးတစ်ဆိုင်က ယခုဆိုလျှင် ရိုးရှင်းရည်မွန်သော နေရာတစ်ခုဖြစ်လာသည်။ ၎င်းက ထန်ချွန်းမင်၏မူလစိတ်ကူးနှင့် မကိုက်ညီသော်လည်း သူက ထန့်ယွီ၏အကြံပြုချက်ကို လက်ခံခဲ့ပြီး မြို့သားတွေ သဘောကျသည့် သမားရိုးကျဒီဇိုင်းကို ရွေးချယ်ခဲ့သည်။



ဆိုင်ကိုလှည့်ပတ်ကြည့်ရှူနေပြီး မကြာခင်မှာ ထန့်ယွီက သူ့လူတွေနဲ့အတူ ရောက်လာခဲ့သည်။ သိုးတွေကို အိမ်နောက်ဖေးမီးဖိုချောင်ကို ပို့ထား၏။ နှုတ်ဆက်​ပြီးနောက် ကျန်းချန်မင်က အလုပ်ကူလုပ်မပေးခင် ဝမ်မော့နှင့် စကားအနည်းငယ်ပြောခဲ့သည်။


ထန့်ယွီနှင့်အတူပါလာသောလူကို မြင်လိုက်ရတော့ ထန်ချွန်းမင်က စိတ်မသက်မသာဖြစ်သွားပြီး မလုံမလဲအကြည့်လွှဲလိုက်သည်။ ၎င်းက ယခင်တစ်ခေါက် သူဟင်းသီးဟင်းရွက်ရောင်းခဲ့သော ဆိုင်ရှင်ချန်ဖြစ်သည်။ ယခင်က သူသည် တစ်ကြိမ်စားစီးပွားရေးလို့သာ သတ်မှတ်ခဲ့၍ အလိမ်အညာများပြောဆိုခဲ့ပြီး ထိုလူကို နောက်တစ်ကြိမ်ထပ်တွေ့ရမယ်လို့ မထင်ထားခဲ့ပေ။


လီဖုန်းက ထန်ချွန်းမင်၏အတွေးကို သတိထားမိပြီး သူ့လက်ကိုညှစ်လိုက်သည်။ ထန်ချွန်းမင်က ပြန်တည်ငြိမ်သွားပြီး ဆိုင်ရှင်ချီကို ပထမဆုံးအကြိမ်တွေ့ဖူးသလို မျက်နှာတည်ဖြင့် ဟန်ဆောင်လိုက်သည်။ သူက ထန့်ယွီကိုနှုတ်ဆက်ပြီးနောက် ဆိုင်ရှင်ချန်ကိုပါ နှုတ်ဆက်လိုက်သည်။


“ထန်ဖူလန်..ငါ ခရိုင်မြို့မှာမရှိခဲဲ့ရင် ထင်ကျင့်ဆိုင်က လောင်ချန်ကို ရှာလို့ရပါတယ်။ သူက ငါနဲ့အတူရှိနေတာ အတော်ကြာပြီ။ သူ့ကို လောင်ချီလိုပဲ ဆက်ဆံလို့ရပါတယ်။” ထန့်ယွီက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဒါ မင်းရဲ့ပထမဆုံးအကြိိမ်လည်ပတ်မှုဆိုတော့ ငါ မင်းကို ထင်ကျင့်စားသောက်ဆိုင်မှာ ဧည့်ခံပါ့မယ်။ ဒါပေမယ့် ဒီနေ့မှာ အားလုံးက မင်းရဲ့ သိုးသားဟင်းကို စောင့်မျှော်နေတာထင်တယ်။”


“ထန်ဖူလန်.. ငါ မင်းအကြောင်းကို သခင်လေးဆီက အများကြီးကြားဖူးပါတယ်။ ဒါက ငါတို့ရဲ့ပထမဆုံးအကြိမ် တွေ့ဆုံမှုပါ။ ထင်ကျင့်က ထန်ဖူလန်ရဲ့ ဂရုစိုက်ပေးမှုကြောင့် ကြီးပွားချမ်းသာနေပါပြီ။” ဆိုင်ရှင်ချန်ကဆိုသည်။ ဆိုင်ရှန်ချန်က သူတစ်ခါမှမမြင်ဖူးသော နာမည်ကြီးထန်ဖူလန်ကို ပြုံးပြလိုက်သည်။ သခင်လေးပြောသလိုပင် ထန်ဖူလန်က ကျေးလက်မှာမွေးဖွားလာသော ကလေးနှစ်​ယောက်အဖေ လယ်သမားနှင့်မတူပေ။


“ခင်ဗျားကြင်နာလွန်းနေပါပြီ။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ရအောင်ဗျာ” ထန်ချွန်းမင်က ယဥ်ယဥ်ကျေးကျေး​ဖြေသည်။


ဆိုင်ရှင်ချန်က ထန်ချွန်းမင်ကို သတိမပြုမိပေ။ ထင်ကျင့်၏လက်ရှိလုပ်ငန်းက ထန်ဖူလန်၏ စားနပ်ရိက္ခာတင်သွင်းမှုကြောင့် လည်ပတ်နေပြီး ထန်းဖူလန်ကို အနောက်က ပံ့ပိုးပေးနေသော လီဖုန်းနှင့် တခြားသူများကိုလည်း လျှော့တွက််လို့မရသဖြင့် ဆိုင်ရှန်ချန်က သူတို့ကို မစော်ကားရဲပေ။ ထို့အပြင် ကလေးနှင့်ကစားနေသော အဘိုးကြီးကလည်း သာမန်လူမဟုတ်ကြောင်း သခင်လေးကပြောပြခဲ့သည်။ ထိုသို့သော မိသားစုနှင့် ပူပေါင်းခြင်းသည် သခင်လေးနှင့် ထင်ကျင့်အတွက် အကျိုးအမြတ်သာရှိမည်ဖြစ်သည်။

ထန်ချွန်းမင်၏ ယခင်စိုးရိမ်နေမှုက မလိုအပ်သည့်အရာဖြစ်နေ၏။ ဉာဏ်ကောင်းသူတွေက ရွေးချယ်မှုဘယ်လိုပြုလုပ်ရမလဲသိသည်။ သူတို့က တစ်ခုခုကို သံသယဝင်နေလျှင်ပင် လက်ရှိထန်ချွန်းမင်နှင့် ရင်ဆိုင်ရသည့်အခါ သူတို့က ယင်းအကြောင်းကို မေ့သွားလိမ့်မည်ဖြစ်သည်။ နှစ်အစက မျက်နှာမည်းကောလေးက ဘယ်တုန်းကမှ မရှိခဲ့ဖူးသလိုပင်ဖြစ်၏။