Chapter 53.3
Viewers 21k

Chapter 53.3




ထန်ချွန်းမင်က ကောင်းကင်ကိုမော့ကြည့်ကာ တိတ်ဆိတ်နေသည်။ လယ်ကွင်းများရှိ ကောက်ပဲသီးနှံများမရိတ်သိမ်းမီတွင် မိုးရွာသဖြင့် ထိခိုက်​ပျက်စီးခဲ့ရသည်။ အချိန်မီအခြောက်မခံနိုင်ရင် သီးနှံတွေမှိုက်တက်တာ ဒါမှမဟုတ် အညှောက်ထွက်လာမှာမလား? ဤအခြေအနေကိုတွေးခြင်းဖြင့် ကျောက်မိသားစု မည်မျှအလုပ်ရှုပ်နေသည်ကို ခန့်မှန်းနိုင်သည်။

     

သူပြောရလျှင် ဤသည်မှာ အခကြေးငွေမပေးပဲ တခြားသူများ လယ်ကူရိတ်သိမ်းပေးလာမှာကို စောင့်မျှော်နေပြီး ​တခြားသူများကို တစ်နေကုန်အမြတ်ထုတ်နေခြင်းဖြစ်သည်။ ယင်းက အကျင့်တစ်ခုလိုပင်။ ကျောက်မိသားစုမှ တခြားသူများက တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သည်းခံနိုင်သော်လည်း အကြိမ်ပေါင်းများစွာ မည်သူကသည်းခံမည်နည်း။

 

ထန်ချွန်းမင်က သူတို့မိသားစု၏ အရေးကိစ္စကိုသိရှိရန် စိတ်မဝင်စားတော့သလို လီဖုန်းကလည်း ကလေးနှစ်​ယောက်အတွက် သူ့အစီအစဥ်ကိုပြောပြခဲ့သည်။

 

မူလက သူသည် ကလေးနှစ်ယောက်၏ မျိုးရိုးအမည်များကို မိသားစုသစ်ပင်ထဲမှာပါဖို့ စိတ်မဝင်စားခဲ့ပေ။ အကြောင်းမှာ သူက ဤလူ့အဖွဲ့အစည်းရှုထောင့်ကို သိပ်မသိသလို သူ့စိတ်က ခေတ်သစ်လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေဆဲမို့ဖြစ်သည်။

     

အနာဂတ်မှာ သူ့သားက ဘယ်နယ်ပယ်မှာ ထူးချွန်မလဲမသိပေမယ့် ဤနယ်ပယ်မှာ ဖွံ့ဖြိုးတိုးတက်ဖို့ ဆုံးဖြတ်ထားလျှင် သူက သူ့ပုံစံနဲ့သူရပ်တည်နိုင်မှာမဟုတ်ပေ။ သိူ့ဖြစ်၍ ကျောက်မိသားစု၏လုပ်ရပ်ကို သူစိတ်ဆိုးပြီး လီဖုန်း၏ဆုံးဖြတ်ချက်ကို လက်ခံခဲ့သည်။

  



လီဖုန်းက ကျောက်မိသားစု၏ တိတ်ဆိတ်နေမှုနောက်ကွယ်က ဖြစ်နိုင်ချေရှိသည့် ရည်ရွယ်ချက်ကို တိတ်တိတ်လေးပြောပြခဲ့သည်။ ယင်းမှာ သူတို့က ကလေးနှစ်ယောက်ကို မိသားစုသစ်ပင်ထဲဝင်မလာစေရန် တားဆီးဖို့ပြင်နေသည်ဟူ၍ပင်။ 

    

ထိုကဲ့သို့ယုတ်မာသော ရည်ရွယ်ချက်များကို သိပြီးနောက် တတိယဦးလေးအပေါ် သူ့အမြင်မှာ ထပ်ခါတလဲလဲ ကျဆင်းသွားခဲ့သည်။ ဤကိစ္စတွင် အမိန့်ပေးခဲ့သည့် တတိယဦးလေးမှလွဲ၍ တခြားမည်သူမျှအရေးမပါပေ။ ယခုလို သက်ကြီးပိုင်းမှာပင် သူဟာ ထိန်းချုပ်လိုစိတ်ပြင်းပြနေပြီး မွေးကင်းစကလေးငယ်ကို နှောင့်ယှက်မယ်လို့ သူမထင်ထားခဲ့ပေ။

  

သူသာ တတိယဦးလေးလို တစ်စုံတစ်ယောက်၏ လုပ်ကြံခံရလျှင် ထန်ချွန်းမင်က ထိုလူကိုသတ်ပစ်ဖို့ပင် စိတ်ကူးရှိသည်။ လူတိုင်းမှာ သည်းခံနိုင်သည့် အတိုင်းအတာရှိပြီး ထန်ချွန်းမင်က ​ချွင်းချက်မဟုတ်ပေ။ သူက သူ့ကို လူယုတ်မာလေးလို့ အမြဲခေါ်နေပေမယ့် သူ့နှလုံးသားထဲမှာတော့ သူ့သားကို ကာကွယ်လိုစိတ်အပြည့်ရှိသည်။ 

    

သူ့သားက ယခုမှ ကမ္ဘာကြီးကို​ ဝင်ရောက်လာသော အပြစ်ကင်းစင်သည့် ကလေးတစ်ယောက်ဖြစ်သည်။ အားလင်းလိုပင် ထန်ချွန်းမင်သည် ကျောက်််မိသားစုနှင့် ကျောက်တာဟူအပေါ်ထားသည့် သူ့ခံစားချက်ကို အပြစ်ကင်းစင်သော ကလေးအား ဘယ်တော့မှထုတ်ဖော်ပြောပြမှာမဟုတ်ပေ။ လူကြီးတွေကသာ ကလေးတွေကို ဘယ်လိုကြီးပြင်းလာရမလဲ လမ်းညွှန်ပေးသင့်တာ​ဖြစ်သည်။ 

    

မှားယွင်းသောနည်းဖြင့် ကြီးပြင်း​လာ​​ပါက ၎င်းသည် သူ့ကိစ္စသာဖြစ်ပြီး လူကြီးတစ်ယောက်အနေဖြင့် သူက သူ့ကို ဆုံးမပိုင်ခွင့်ရှိသည်။ သို့သော် ယခုလိုကြံစည်နေခြင်းက ရွံစရာကောင်းလှသည်။ သူတို့က သူ့ကိုဦးချိုးဖို့ ကလေး၏အနာဂတ်ကို အသုံးချချင်သည်။ ထိုလူက စိတ်သဘောထားသေးသ်ိမ်သော အရူးအဘိုးကြီးသာဖြစ်သည်။

 

သူတို့၏ယုတ်မာသောရည်ရွယ်ချက်များကို သိလိုက်ရတော့ ထန်ချွန်းမင်က သူ့ကလေးနှစ်ယောက်ကို ကျောက်မိသားစုနဲ့ မပတ်သက်စေချင်တော့ပေ။ သူက လီဖုန်းကိုလက်ထပ်ရန် စောင့်ဆိုင်းနေပြီး လီမိသားစု၏ မိသားစုသစ်ပင်တွင် သူ့ကလေးနှစ်ယောက်ကို ချက်ချင်းထည့်ကာ ကျောက်််မိသားစု၏ အရူးအဘိုးကြီးမျက်နှာကို ဖြတ်ရိုက်ချင်သည်။ မင်းငါ့ကိုဆန့်ကျင်ဖို့ ကြံစည်လေလေ မင်းအကြံမအောင်မြင်လေပဲ…

 

ယင်းက သူ၏မူလအစီအစဥ်ဖြစ်သည့် ချမ်းသာအောင်လုပ်ခြင်းကို အရှိန်မြှင့်လာစေခဲ့သည်။ သူက လူတွေကို မနာလိုဖြစ်စေမည့် ချမ်းသာကြွယ်ဝသည့်​ဘဝမှာ နေထိုင်ချင်သည်။ သူက တ​ခြားမိသားစုတွေကိုလည်း ချမ်းသာစေချင်ပြီး ကျောက်မိသားစုကို စွန့်ပစ်ချင်သည်။ 

 

သူက ဦးလေးကျောက်မိသားစု၏ဘဝကို ပိုကောင်းလာစေချင်ပြီး ကျောက်မိသားစုနှင့် အဆက်ဖြတ်နိုင်စေရန် တမင်တကာလုပ်ပေးကာ အဘိုးကြီးကျောက်ကို သေအောင်ဒေါသထွက်စေချင်သည်။

 

သို့ဖြစ်၍ ကျောက်မိသားစုကို လက်ရှိဘေးဖယ်ထားပြီး အစီအစဥ်တွေ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်မည်။

 

သူက လယ်ကွင်းများမှရိတ်သိမ်းထားသော ဂျုံစပါးများကို မပြောင်းရွှေ့ခဲ့ပဲ နေရာလွတ်ထဲတွင် ဂျုံစပါးနည်းနည်းစိုက်ခဲ့သည်။ ယခုနှစ်၏ ဒုတိယနှစ်ဝက်မှာ သူက ဝိုင်ချက်ဖို့ပြင်ဆင်ထားပြီး ဒုတိယကတော့ သိုးစားသောက်ဆိုင်ဖွင့်ဖို့ဖြစ်သည်။




  

ဤကမ္ဘာပေါ်ရှိ ဝိုင်လုပ်ငန်းက အရက်သန့်အဆင့်ထိ ဖွံ့ဖြိုးမတိုးတက်သေးသဖြင့် သူက ဤလွတ်ပေါက်ကို အခွင့်ကောင်းယူချင်သည်။ အရင်ဘဝတွင်ပင် မင်နှင့် ချင်မင်းဆက်လက်ထက်မှာ ပေါင်းခံအရက်သန့်ကသာ ကြွယ်ဝချမ်းသာလာခဲ့တာကို မှတ်မိသေးသည်။ ရှောက်သောင်ကျိနှင့် အာကောထို့က အရက်သန့်များဖြစ်သည်။

 

ဝိုင်ပြုလုပ်ရာတွင် နောက်ဆုံးပေါင်းခံခြင်းက အဓိကဖြစ်ပြီး ဝိုင်ထုတ်လုပ်ရေးလုပ်ငန်းစဥ်တွင် စပါးအချဥ်ဖောက်ခြင်းနှင့် ဆက်စပ်နေသည့် ကိုဂျီမှို အရည်အသွေးက နောက်ထပ်သော့ချက်တစ်ခုလည်းဖြစ်သည်။ ဖြစ်ချင်တော့ သူက ကိုဂျီလုပ်နည်းကို ကျွမ်းကျင်သည်။ 

 

သူ့စိတ်ထဲက ဝိုင်တဆေးချက်ပြုတ်နည်းကို တွေးကြည့်လိုက်သောအခါ ထန်ချွန်းမင်က ယခင်ဘဝကို တွေးမိသွားသည်။ ယင်းက သူ့အမေချန်ထားခဲ့တာဖြစ်သည်။ သူငယ်ငယ်က သူ့မိသားစု ဝိုင်လုပ်ခဲ့တာကို သတိရပေမယ့် သူ့မိခင်ဆုံးသွားတော့ သူ့မိသားစုက ၎င်းကို မတွေ့ရတော့သဖြင့် ရွာကသက်ကြီးရွယ်အိုတွေ စိတ်မကောင်းဖြစ်ခဲ့ကြသည်။

   

ထန်ချွန်းမင်က သူ့ကိုယ်ပိုင်ဂိုထောင်ထဲတွင် ဝိုင်လုပ်ကိရိယာကို မြင်ခဲ့သော်လည်း ထိုကျွမ်းကျင်မှုများကို သူ့မိခင်ပဲသိပြီး သူ့မိခင်ဆုံးသွားလို့ ထိုကျွမ်းကျင်မှုများလည်း ပျောက်ကွယ်သွားသည်ဟု သူထင်ခဲ့သည်။ သူ့ဖခင်က စာချုပ်ချုပ်ထားသော ဥယျာဥ်ခြံကို ဂရုစိုက်ရင်း အလုပ်ရှုပ်နေတာ​ကြောင့် ထန်ချွန်းမင်က ထိုအကြောင်းကို ဘယ်တုန်းကမှမတွေးဖူးပေ။



  

သူ့ဖခင်မဆုံးခင်မှာ ထိုပစ္စည်းတွေ သူ့ကိုအပ်သွားမှ ထန်ချွန်းမင်က သူ့ဖခင်ဘာတွေတွေးနေခဲ့လဲ မှန်းဆလို့ရခဲ့သည်။ သူ ထိုအရာတွေကိုမြင်လျှင် ဝမ်းနည်းမှာစိုး၍ မထိခဲ့တာဖြစ်သည်။ သူ့မိခင်ဆုံးတာ စောပေမယ့် သူ့ဖခင်ကတော့ တစ်ဘဝလုံးအမှတ်ရနေခဲ့သည်။

     

သူမဆုံးခင်မှာ သူက သူဘယ်တော့မှမတွေ့ရမည့် မြေးအကြောင်းတွေးနေသည့်အပြင် သူ့မိခင်နှင့် ဝိုင်လုပ်ခဲ့သည့်အကြောင်းပြောပြခဲ့သည်။ ဤသည်မှာ ထန်ချွန်းမင် အရင်တုန်းက ထောင့်တစ်နေရာမှာ ပစ်ချခဲ့သည့် သူ့မိခင်၏ အမှတ်တရများဖြစ်သည်။

 

ယင်းက သူ့မိခင်မိသားစုမှ အမွေတစ်ခုဖြစ်ပြီး မျိုးဆက်တစ်ခုမှတစ်ခုဆီ လက်ဆင့်ကမ်းရမယ်လို့ သူ့ဖခင်က ပြောခဲ့သည်။ သူ့အဘိုးအဘွားမှာ သမီးလေးတစ်ယောက်ပဲရှိတော့ သူမကို မြှုပ်နှံသဂြိုလ်ခဲ့သည်မှာ သူ့ဖခင်ဖြစ်သည်။.

     

သူတို့သည် ဤကိစ္စနှင့်ပတ်သက်၍ ဆွေမျိုးများနှင့် အကြီးအကျယ်ရန်ဖြစ်ခဲ့တာကြောင့် ထန်ချွန်းမင်ငယ်စဥ်က သူ့အဘိုးအဘွားနှင့် ဦးလေးအိမ်မှာ သိပ်မစားခဲ့ရပဲ ရွာထဲက မိသားစုများမှာသာ ထမင်းစားခဲ့ရသည်။ သို့သော် သူ့မိခင်က သူနဲ့လက်ထပ်ထားတာကြောင့် သူက သူ့လူတွေကို တာဝန်ယူသင့်တယ်လို့ သူ့ဖခင်ကပြောခဲ့သည်။ သူမလုပ်နိုင်ရင် ယောကျာ်းပီသပါဦးမလား?

 

အားနည်းချက်ကို ကာကွယ်ခြင်း၏စိတ်ဓာတ်သည် ထန်ချွန်းမင် သူ့ဖခင်ထံမှသင်ယူခဲ့သည့်အရာဖြစ်သည်။ တစ်ခါတစ်ရံမှာ ကိစ္စတွေက ချောနေပေမယ့်လည်း သူလိုချင်သည့်အရာတွေကို ဘယ်တော့မှလက်မလျှော့ခဲ့ပေ။

  

ညဘက်မှာတော့ လီဖုန်းကအိမ်ပြန်အိပ်ခဲ့ပြီး အဘိုးကြီးဟဲလည်း ဘေးခန်းကိုပြန်သွားခဲ့သည်။ ထန်ချွန်းမင်က အားလင်းနှင့် လူယုတ်မာလေးကို တစ်ယောက်တည်းဂရုစိုက်လိုက်ရသည်။ လူယုတ်မာလေးက ဒုက္ခအပေးဆုံးဖြစ်သည်။ သူက သူ့ကိုအစာကျွေးပြီး ညဘက်မှာ အပေါ့အလေးသွားတာကို ဂရုစိုက်ရသည်။ ပထမတော့ သူနေသားမကျပဲ ဒေါသထွက်ခဲ့ပေမယ့် သူ့မိထွေးရောက်လာတိုင်း သူက သူကောင်းကောင်းအိပ်နိုင်ဖို့ လူယုတ်မာလေးကို ခေါ်ထားလေ့ရှိသည်။

 

သူဒေါသထွက်ပေမယ့်လည်း သူ့မှာရွေးချယ်စရာမရှိပေ။ လူယုတ်မာလေးက သူ့သားဖြစ်နေ၍ သူဂရုမစိုက်ရင် ဘယ်သူက ဂရုစိုက်မှာလဲ? ကံအားလျော်စွာ ဖြေရှင်းချက်တစ်ခုရှိခဲ့သည်။ လီဖုန်းက ညဘက်တွင် နံရံကျော်တက်လေ့ရှိပြီး ဤလူယုတ်မာလေး ညဘက်ထငိုသော ပထမဆုံးအကြိမ်တွင် လီဖုန်း၏ရုတ်တရက်ပေါ်လာမှုက ထန်ချွန်းမင်ကို လန့်သွားစေခဲ့သည်။

    

သို့သော် နောက်ပိုင်းတွင် သူ သူ့ကိုတွေ့ရတာ ကျင့်သားရသွားခဲ့သည်။ ရံဖန်ရံခါလန့်ဖျပ်ပြီး နိုးလာသော သမားတော်ဟဲက လမင်းကြီးကို တိတ်တဆိတ်ကြည့်နေလေ့ရှိသည်။ ကံအားလျော်စွာ အဘိုးကြီးက လိုက်လျောညီထွေရှိခဲ့သည်။ ကောတစ်ယောက်က ကလေးနှစ်ယောက်ကို ထိန်းရတာ ခက်ခဲမှန်းသူသိသည်။

     

နောက်တော့ ထန်ချွန်းမင် တံခါးခေါက်ပြီး လာကြည့်ပေးဖို့ သူ့ကိုမခေါ်မချင်း ညဘက်ဆို သူရောက်မလာတော့ပေ။ အကြောင်းမှာ လူယုတ်မာလေးက မရပ်မနားငိုနေလျှင် ဖျားသွားမှာစိုးရိမ်လို့ဖြစ်သည်။

 

ထန်ချွန်းမင်က ဤလူယုတ်မာလေးကို ​နေရာလွတ်ထဲခေါ်ဆောင်သွားခဲ့သည်။ အားလင်းကအိပ်ပျော်နေပြီး ဤလူယုတ်မာလေးကြောင့် နိုးလာသည်ကလွဲ၍ ညဘက်မှာ နိုးလာလေ့မရှိပေ။ သူက ဤလူယုတ်မာလေးကို အပြင်မှာတစ်ယောက်တည်းထားခဲ့ရမှာ စိုးရိမ်၍ သူနဲ့အပါခေါ်လာတာဖြစ်သည်။ သူက သူ့ကိုစောင်သေးသေးလေးနှင့် ပတ်ပေးထားပြီး သစ်သားအိမ်ထဲမှာထည့်ထားသည်။ ဤနေရာရှိအပူချိန်က မှန်ကန်သောကြောင့် အေးနေမည်ကို စိုးရိမ်စရာမလိုပေ။

 

ထန်ချွန်းမင်က ကိုယ်ပိုင်သိုလှောင်ခန်းကို ဝင်သွားခဲ့သည်။ ဖခင်ဆုံးပါးသွားပြီး​နောက် သူသည် ဤနေရာကိုရခဲ့ပြီး အင်တာနက်မှတစ်ဆင့် ဝိုင်ပြုလုပ်ခြင်းအ​တွက် ကုန်ကြမ်းများကို စုဆောင်းခဲ့သည်။ အများစုမှာ တရုတ်ဆေးဖက်ဝင်ပစ္စည်းများဖြစ်သည်။

     

မျိုးစေ့များကိုရှာဖွေပြီးနောက် နေရာလွတ်ထဲမှာ စိုက်ပျိူးခဲ့သည်။ သူ ယခုမှ ဤနေရာကိုရောက်လာပေမယ့် နေရာလွတ်ထဲတွင် လက်ကျန်ဝိုင်တဆေးနှင့် ကိုဂျီမျိုးစေ့တချို့ရှိသည်။ သူ အပြင်မှာ စပျစ်ဝိုင်ကို နှစ်ကြိမ်တိတိကြိုးစားခဲ့သည်။ ပြီးလျှင် သူ့မိခင်၏ဝိုင်ကို မြည်းစမ်းခဲ့သော အဘိုးကြီးအားဖိတ်ခေါ်သည်။ နောက်ဆုံးအကဲဖြတ်မှုမှာ ဝိုင်က လုံလောက်အောင်မကျက်သေးသော်လည်း ထူးခြားသော လန်းဆန်းမှုခံစားချက်ကိုရသည်။ အမှန်မှာ နောက်ဆုံးအကဲဖြတ်မှုသည် နေရာလွတ်ကြောင့်ဆိုတာ သူသိသည်။

 

ထန်ချွန်းမင်က အတိတ်ကိုငြိတွယ်ရတာ သဘောကျသည့် လူမဟုတ်တာကြောင့် သူ ကိုဂျီမျိုးစေ့များကိုကြည့်လိုက်သောအခါ သက်ပြင်းချပြီး အစေ့များကို အပြင်မှာစိုက်ဖို့ ယူလာခဲ့သည်။ နေရာလွတ်ထဲမှာ ကျန်ရှိသောကိုဂျီက တစ်ကြိမ်သာ ချက်လို့ရတော့တာကြောင့် ထုတ်လုပ်မှုကို ဆက်လက်လုပ်ဆောင်ရန် သူ နောက်ထပ်ကုန်ကြမ်းတချို့ကို စိုက်ပျိုးဖို့လိုသည်။

 

နေရာလွတ်ထဲမှာ စိုက်ပျိုးရတာမလွယ်ပေ။ သူက မြေကွက်လပ်တစ်ခုကိုရှာဖွေပြီး မျိုးစေ့တချို့ကို ကြဲချကာ နေရာလွတ်ထဲမှ စမ်းရေနည်းနည်းလောင်းပေးဖို့လိုသည်။ သူ့လက်ထဲမှ အညစ်အကြေးများကို ခါထုတ်ပြီး လက်ရှိနေရာလွတ်ကို ကြည့်ပြီးနောက် ထန်ချွန်းမင်က ကျေကျေနပ်နပ်ပြုံးလိုက်သည်။ သူ၏နေရာလွတ်က ပြန်ကျယ်လာပြီး ယင်းမှာ သူ နေရာလွတ်ထဲတွင် မကြာခဏအလုပ်ရှုပ်နေလို့ဖြစ်သည်။.

 

ယခုအခါ ထိုနေရာတွင် ဟင်းသီးဟင်းရွက်နှင့် အစေ့အဆန်များ နည်းပါးလာသော်လည်း သီးပင်စားပင်၏ဧရိယာက ကျယ်ပြန့်လာသည်။ အစေ့မှစိုက်ပျိုးထားသော သီးပင်တန်းများကို နောင်မှာ အနောက်တောင်၌စိုက်ဖို့ ပြင်ဆင်ထားသည်။ မူလ သီးပင်ဟောင်းမှ အကိုင်းအခက်များကို ဖြတ်တောက်ကာ နောက်နှစ်ကိုင်းဆက်ကူးရန် သိုလှောင်ခန်းထဲတွင် သိမ်းဆည်းထားသည်။ မဟုတ်ပါက အရေအတွက်လုံလောက်တော့မှာမဟုတ်ပေ။ သို့ဖြစ်၍ သူက ကြိုတင်ပြင်ဆင်ဖို့လိုသည်။ 

 

လယ်ကွင်းများတွင် ရိတ်သိမ်းဖို့လိုအပ်သည့်အရာများကို ရိတ်သိမ်းခဲ့ပြီး ပြန်စိုက်ဖို့လိုအပ်သည်ကို ပြန်စိုက်ခဲ့သည်။ ထန်ချွန်းမင်က လက်ဆေးပြီး လူယုတ်မာလေးကို ကောက်ကိုင်ကာ နေရာလွတ်မှထွက်ပြီး ပြန်အိပ်ဖို့ပြင်လိုက်သည်။ ယခု သူ့မှာအချိန်တွေ ပိုပိုနည်းလာလာခဲ့သည်။



      

နေရာလွတ်ထဲဝင်ဖို့ အချိန်ရှာရတာမလွယ်သလို ညဘက်မှာ တိတ်တိတ်လေးလုပ်ရတာကလည်း သူ့ပင်ကိုစရိုက်နဲ့ မကိုက်ညီပေ။ သူ လီဖုန်းကို စောစောစီးစီးပြောပြလို​က်သင့်သည်။ ဒါမှ နောက်ကျရင် နေရာလွတ်ထဲတွင် သူ့ကိုကူညီမယ့်လူတစ်ယောက်ရှိလာလိမ့်မည်။

 

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီး အပြင်လောကအကြောင်း ဘာမှမသိသေးသည့် လူယုတ်မာလေးကိုချီထားရင်း ထန်ချွန်းမင်က ပွင့်နေသော သူ့ပါးစ​ပ်ကို လက်ညိုးနဲ့ထိုးလိုက်သည်။ “မင်း အသည်းနှလုံးမရှိတာပဲ။ ငါဘာလုပ်လုပ် မင်းအတွက် ဘာလို့တွေးပေးရတာလဲ… မင်းလူယုတ်မာလေး…ကြီးလာရင် မင်းအဖေနှစ်ယောက်ကို ပြန်သိတတ်နော်.. ဟုတ်ပြီလား?” သူက သူ့ယခင်ဘဝအကြောင်း တွေးမိသည့်အတွက် သူ့ကိုယ်သူ တခြားဖခင်တစ်ယောက်၏ သရုပ်သကန်အဖြစ် မသိစိတ်အလျောက်ပေးခဲ့သည်။

 

သူက ပုံမှန်လိုပင် နေရာလွတ်မှထွက်သွားပြီး အခန်းထဲမှာ အလင်းရောင်မရှိပေ။ မှောင်မဲနေပြီး သစ်သားပြတင်းပေါက်မှ ထွက်လာသော လရောင်က အလွန်မှိန်ဖျော့နေသည်။ သူက လင်းထိန်နေသော နေရာလွတ်မှထွက်လာသောကြောင့် သူ့မျက်လုံးများကို ခဏတာမျှ ဖွင့်လို့မရခဲ့​ပေ။ သူက ခန်းကုတင်ပေါ်မှာထိုင်နေသော အနက်ရောင်ပုံရိပ်ကိုမြင်လိုက်ရသည်။ ထန်ချွန်းမင်က ​ကြောက်လန့်လွန်ပြီး အော်ဟစ်ကာ ကလေးကိုလွှင့်ပစ်မိမလို ဖြစ်သွားခဲ့သည်။

  

“မင်ကောအာ…ငါပါ… အားဖုန်း… မင်းဘယ်ရောက်နေတာလဲ!” စိုးထိပ်မှုပါနေသည့် ရင်းနှီးသောအသံမှာ ထန်ချွန်းမင်၏အော်သံကို ဆို့နင်သွားစေသည်။ သူက သူ့ရင်ဘတ်ကို လက်တစ်ဖက်ဖြင့်ပုတ်ကာ ကလေးကို လက်တစ်ဖက်ဖြင့် ကိုင်ထားသည်။ သူက ရင်ထဲမှာ ကံကောင်းတယ်လို့ ခံစားနေရ၍ သူ၏ရုတ်တရက်ပေါ်လာမှုက တခြားသူတွေကို ထိတ်လန့်သွားစေမယ်ဆိုတာ မသိလိုက်ပေ။