Chapter 52.3
လီဖုန်းက အလွန်သန်မာပြီး လယ်လုပ်ရာတွင် လယ်သမားဟောင်းများလို ကျွမ်းကျင်သည်။ တခြားသူများ၏အကူအညီနှင့်အတူ သူက ထန်ချွန်းမင်နှင့် သူ့ကိုယ်ပိုင်မြေကို သန့်ရှင်းရေးလုပ်ခဲ့သည်။ ထို့နောက် သူက ရိတ်သိမ်းပြီးသော စပါးများကို အခြောက်လှန်းရန် ခြံဝင်းထဲမှာထားလိုက်သည်။
ရာသီဥတုကောင်းတာကိုတွေ့တော့ လီဖုန်းက မြင်းကိုအမြန်ဆွဲပြီး ကျန်းရှန့်ရွာကိုသွားခဲ့သညိ။ သူ့ယောက္ခထီးနှင့်ယောက််ဖက သူနဲ့မင်ကောအာ၏ လယ်မြေစုစုပေါင်းထက် ပိုများသောလယ်တွေရှိပြီး သူတို့နှစ်ယောက်ကို အားနည်းသော အလုပ်သမားအဖြစ် သတ်မှတ်လို့ရတာကြောင့် လယ်အလုပ်များက မြန်မြန်မပြီးနိုင်ခဲ့ချေ။
ထန်ချွန်းမင်က လီဖုန်း၏အကူအညီကို မကန့်ကွက်ပေ။ ကျေးလက်က ဒီလိုပဲမလား? ထို့အပြင် သူ့မိထွေးက ဤကာလမှာ သူ့ကိုကောင်းစွာပြုစုစောင့်ရှာက်ခဲ့သည်။ မီးဖွားကာလအပြီးမှာလည်း သူက ကလေးကို ပြုစုစောင့်ရှောက်ဖို့လာခဲ့သည်။
ဤမွေးကင်းစကလေးက အားလင်းကိုပြုစုစောင့်ရှောက်ရတာလောက် မလွယ်ကူပေ။ ထန်ချွန်းမင်က တခြားမည်သည့်အရာကိုမျှ လုပ်ရန်မလိုအပ်ပဲ အစာကျွေးခြင်း၊ ဆီးတည်ခြင်း၊ အညစ်အကြေးစွန့်ခြင်းတို့ကိုသာ လုပ်ပေးရန်လိုခဲ့သည်။ အမှန်တိုင်းပြောရလျှင် ဤမွေးကင်းစကလေးကို ပြုစုစောင့်ရှောက်ရာ၌ သူ့မှာအတွေ့အကြုံမရှိပေ။ သူ့အမြင်အရတော့ မူလပိုင်ရှင် ချန်ရစ်ခဲ့သော အတွေ့အကြုံက အများကြီးအသုံးမဝင်ပေ။ ထို့ကြောင့် သူက မိထွေးဖြစ်သူ၏ရောက်ရှိလာမှုကို အလွန်ကြိုဆိုခဲ့သည်။
အပေးယူလုပ်ပိုင်ခွင့်ရှိသည်။
သူတို့ လယ်ကွင်းထဲက သီးနှံများကို မရိတ်သိမ်းမီ လီဖုန်းရောက်လာပြီး နှစ်ရက်တိတိကူညီပေးခဲ့သည်။ ၎င်းက ဝမ်ယင်ကို စိတ်သက်သာရာရစေခဲ့သည်။ သူနဲ့သူ့သားက နောက်ထပ်အကူနှစ်ယောက်ကိုသာ ခေါ်လိုက်လျှင် စိုက်ပျိုးရာသီပြီးသောအခါ သူ့ခါးလည်း အလွန်ပင်ပန်းနေလိမ့်မည်။ ယခုတစ်ကြိမ်တွင် သူ့သားမက်ရောက်လာပြီး အများကြီးကူညီခဲ့သည်။ ယင်းက သူ့သားကိုလည်း စိတ်အေးစေခဲ့သည်။ ဝမ်ယင်က သူ့သားကိုအားနာနေခဲ့သည်။
“ကောင်းပြီ.. ကျန်တာ ငါကိုယ်တိုင်လုပ်လို့ရတယ်။ မင်ကောအာရဲ့ဘဝက မလွယ်ဘူး။ လူကြီးနဲ့ကလေးတွေရှိလို့ မင်းမြန်မြန်ပြန်မှရမယ်။ ပြီးတော့ အားရုံကိုလည်း မင်းတို့နဲဲ့နှစ်ရက်နေခိုင်းလိုက်။ ငါတို့ပြန်ရောက်တည်းက သူအဲ့ဒါပဲပြောနေတာ။” စပါးပြည့်နေသော ခြံကိုကြည့်ရင်း ဝမ်ယင်၏အမူအရာက တည်ငြိမ်သွားသည်။
ယခင်က လင်ပါသားပေးခဲ့သော ပိုက်ဆံကြောင့် သူ ယခုချိန်မှာ ပိုက်ဆံသိပ်မကျပ်ပေ။ အလုပ်ကူလုပ်ရန် လူအနည်းငယ် ငှားရမ်းလို့ရသည်။ ယခင်က ယခုလိုလုပ်ဖို့ တုံ့ဆိုင်းနေခဲ့တာမဟုတ်ပေမယ့် သူ့သားက ကျောင်းတက်ချင်တယ်ဆိုတာ သူသိသည်။ သူ သဘောမတူကြောင်းပြောခဲ့ပေမယ့် ငွေကို သီးသန့်သိမ်းဆည်းထားခဲ့သည်။
“ဖေဖေ…” ထန်ချွန်းရုံက သူ့အားမူကို အလုပ်တွေနဲ့ပစ်ထားခဲ့ရမှာ အားနာနေသည်။
“မင်းအစ်ကိုကိုသွားကြည့်။ အိမ်မှာ ငါ့ကိုကူညီပေးမယ့် လူတွေအများကြီးရှိတယ်။” ဝမ်ယင်က သူ့ကို တိုက်ရိုက်မောင်းထုတ်လိုက်သည်။
“ဖေဖေ…မင်ကောအာ ကျွန်တော်နဲ့ထည့်ပေးလိုက်တဲ့ ရေဘူးကိုသောက်ဖို့မမေ့ပါနဲ့။ အဲ့ဒါက ကျန်းမာရေးအတွက်ကောင်းတယ်။ သောက်ဖို့တွန့်တိုမနေပါနဲ့ အားရုံမှာလည်းရှိတယ်” လီဖုန်းက လှည်းကိုတွန်းရင်း သတိပေးလိုက်သည်။
“မင်းတို့က ပိုက်ဆံကို မဆင်မခြင်ဖြုန်းနေတာပဲ။ ငွေရှိရင် စုထားဖို့ မင်ကောအာကိုသွားပြောလိုက်။ နောက်ဆို ငွေသုံးစရာနေရာတွေရှိလာမှာ။ သူနားမထောင်ရင် နောက်တစ်ခါ ငါလာမှ စကားပြောလိုက်မယ်။”
ဝမ်ယင်က သူ့လင်ပါသားကို ဆူလိုက်ပေမယ့် စိတ်ထဲမှာတော့ ကျေနပ်နေသည်။ သူယူလာခဲ့တဲ့ဘူးက အများကြီးအားထုတ်ထားတာ သေချာသည်။ သူ့လင်ပါသားက သူ့ကိုသတိရလျှင် သူသည်လည်း ဤရင်းနှီးမှုကို အမှတ်ရနေလိမ့်မည်။
“ကောင်းပြီ … ကျွန်တော်ပြောလိုက်ပါမယ်။ အားရုံ.. လှည်းပေါ်တက်တော့။” လီဖုန်းက ပြုံးလိုက်ပြီး မင်ကောအာ ငွေမသုံးခဲ့သည့်အကြောင်းကို မပြောခဲ့ပေ။ ယခင်တစ်ခေါက် သူပြောပြီးကတည်းက မင်ကောအာက ဖုံးကွယ်ချင်စိတ်နည်းသွားပုံရသည်။ မင်ကောအာ ဘယ်ကရလာလဲ သူမသိပေမယ့် ၎င်းကို အပြင်ကဝယ်လို့မရတာတော့ သူသိသည်။
ထန်ချွန်းမင်က စိတ်အားထက်သန်နေသည်။ အရာအားလုံးကို တခြားသူတွေမြင်ဖူးတာမို့ သူ့မှာ ဖုံးကွယ်ဖို့ရည်ရွယ်ချက်မရှိတော့ပေ။ သို့ဖြစ်၍ သူက နေရာလွတ်ထဲမှာကျန်နေသော သစ်သီးဝလံများကို အသုံးပြုခဲ့သည်။ ၎င်းကို တိုက်ရိုက်အသုံးပြုလို့မရသလို ပေးပစ်လိုက်လို့လည်းမရတာကြောင့် သူက အချိန်အကြာကြီးစားလို့ရသည့် ကုန်ချောထုတ်ခဲ့သည်။ သူက အရည်ညှစ်ပြီး သူ့မိထွေးသဘောကျအောင် ယိုပြုလုပ်ခဲ့သည်။
“ဟုတ်ကဲ့ဖေဖေ.. ကျွန်တော်သွားတော့မယ်။ အလုပ်အရမ်းမလုပ်ပါနဲ့။ အိမ်အလုပ်တွေကို တခြားသူတွေလုပ်ခိုင်းလိုက်။” ထန်ချွန်းရုံကလည်း အိမ်ကအခြေအနေကို သိသည်။ သူ့အစ်ကိုက သူ့အားမူကို ဆိုင်ကပိုက်ဆံတွေအများကြီးပေးလိုက်သည်။ ထန်ချွန်းရုံက သူ့အစ်ကို၏ကြင်နာမှုကို အင်မတန်ကျေးဇူးတင်ပြီး အနာဂတ်တွင် သူ(ချွန်းရုံ)၏ကောင်းချီးများကို ခံစားရဖို့ရှိသေး၍ သူ့အားမူကို အလုပ်အလွန်အကျွံမလုပ်စေချင်ပေ။
ဝမ်ယင်က သူ့သားမက်နှင့်သားကို နှင်ထုတ်ပြီးနောက် သူ့ခြံဆီသို့ လှည့်ထွက်သွားသည်။ အိမ်နီးချင်းများက သူ့ကို ပြုံးပြုံးရွှင်ရွင်် နှုတ်ဆက်လာသည်။ “ဝမ်အာမော့… ခင်ဗျား အခုအဆင်ပြေနေတာပဲ။ သားမက်ကလည်း ဂရုစိုက်ပေးတယ်။ ဒီသားမက်က အရင်တစ်ယောက်ထက်ကောင်းတယ်။ သူက အားရုံအပေါ်ကောင်းပြီး ခင်ဗျားကိုလည်း သိတတ်တယ်။”
“ဒါက မင်းရဲ့အတွေးပါ။ မင်းရဲ့ကလေးလည်း မဆိုးပါဘူး။ သူက မင်းကိုကူညီဖို့ ပြန်လာတယ်။” ဝမ်ယင်က ပြုံးကာ တစ်ဖက်က ကလေးကိုချီးကျူးလိုက်သည်။
“ဒါပေါ့… ကလေးတွေက မိဘအပေါ်သိတတ်တယ်။ ဖျင်ရှန်ရွာမှာ မင်ကောအာရဲ့ဘဝ ပိုကောင်းစားလာတယ်လို့ကြားတယ်။” အိမ်နီးချင်းက ဝမ်ယင်နဲ့အမှီလိုက်ပြီး မေးခွန်းအများကြီးမေးလာသည််။
သူတို့က မင်ကောအာ ငွေမည်မျှသုံးစွဲနိုင်သည်နှင့် သားမက်က မင်ကောအာကို ငွေဘယ်လောက်ရှာပေးနိုင်လဲ စပ်စုနေသည်။ ထို့အပြင် ထိုလူချမ်းသာက မင်ကာအာကို အမှန်တကယ်ချစ်မိသွားခဲ့သည်။ ၎င်းကြောင့် လူလွတ်ကောများက အလွန်နောင်တရနေခဲ့သည်။ သူ့အသက်အရွယ်နဲ့ ဂုဏ်သတင်းကိုသာ ထည့်မတွက်ခဲ့ရင် အခုနေ ပိုက်ဆံတွေက သူတို့အပိုင်ဖြစ်နေမှာမလား?
ထိုမျှလောက်သောငွေဖြင့် သူတို့က မြို့ထဲမှာ အိမ်အကြီးကြီးတစ်လုံးဝယ်ကာ တစ်မိသားစုလုံးနှင့်အတူ ရွှေ့ပြောင်းပြီး ကောင်းမွန်သောဘဝမှာ နေထိုင်လို့ရသည်။ ဘယ်သူကမှ မင်ကောအာလို ရေထဲသို့ ငွေပစ်ချမှာမဟုတ်ပေ။
ဝမ်ယင်က တခြားသူတွေရဲ့အတွေးများနှင့် အားကျနေသော မျက်လုံးများကို သေချာသိသည်။ ဤသည်မှာ သူ့လင်ပါသား၏ကောင်းချီးဖြစ်သည်။ ထို့အပြင် သူ့လင်ပါသားက အိမ်ကနေ လက်ချောင်းလှုပ်လိုက်ရုံဖြင့် မြို့ထဲမှာ ငွေအမြောက်အများရှာနိုင်သည်။
သူက ပုံကြီးချဲ့တာတော့ မဟုတ်ပေမယ့် နည်းနည်းတော့ရှုပ်ထွေးသွားသည်။ သူ့လင်ပါသားက ဒီအကြံအစည်တွေကို ဘယ်ကရခဲ့တာလဲ? သူအိမ်မှာရှိနေတုန်းက ဘာလို့မသိရတာလဲ?
ထိုအတွေးမျိုးက သူ့စိတ်ထဲကို ရံဖန်ရံခါ ရောက်လာ၍ ဘေးဖယ်ထားလိုက်ရသည်။ အရေးကြီးတာက ကောင်းသောဘဝမှာ နေထိုင်ရဖို့ဖြစ်ပြီး တခြားကိစ္စများကို စဥ်းစားစရာမလိုပေ။
သူတို့အိမ်ကိုရောက်တော့ လီဖုန်းနှင့် ထန်ချွန်းရုံက ခွေးဟောင်းသံများနှင့် ခြံထဲက ကလေးများ၏ရယ်သံများဖြင့် နှုတ်ဆက်ခံလိုက်ရသည်။
လီဖုန်းက လှည်းကိုရပ်ကာ ခြံထဲသို့အအမြန်ပြေးသွားပြီး ထန်ချွန်းရုံက နောက်ကလိုက်သွားသည်။ ခြံထဲရှိကလေးများက မြင်းသံကြား၍ ပြေးထွက်လာသည်။ အားလင်းက လီဖုန်းကိုပြောလိုက်သည်။ “ဦးလေးဖုန်း… သားညီလေးက ဖေဖေ့ပေါ်မှာ အီးပါချလိုက်လို့ အရိုက်ခံရပြီး အခုငိုနေတယ်။”
ခြံထဲတွင် မင်ကောအာ၏ ချော့မော့ငေါ့ငေါက်သံနှင့်တကွ ဟဲလောင်၏ကူကယ်ရာမဲ့ ရယ်မောသံနှင့် ဆူပူကြိမ်းမောင်းသံများကို ကြားနိုင်သည်။ လီဖုန်း၏နဖူးပေါ်မှာ ချွေးသီးများကျလာပြီး သူက အားလင်းကိုကောက်ချီကာ ပြောလိုက်သည်။ “သွားရအောင်.. မင်းဖေဖေကိုသွားကြည့်ပြီး အားစန်းလေးအငိုတိတ်အောင် သွားချော့ကြမယ်။”
ထန်ချွန်းရုံကလည်း သူ့အစ်ကို၏ “လူယုတ်မာလေး”ခေါ်သံကို ကြားလိုက်ရပြီး ကူကယ်ရာမဲ့သွား၏။
အိမ်ထဲဝင်ပြီးနောက် သမားတော်ဟဲက ထန်ချွန်းမင်၏လှုပ်ရှားမှုကို ပြင်ပေးနေသည်။ “ဖြည်းဖြည်းလုပ်ပါ။ သူ့ခေါင်းကို မင်းရဲ့လက်နဲ့ထောက်ထား။ ဒီအရွယ်ကလေးတွေက အရိုးနုနုလေးတွေ။ ဟုတ်ပြီ… ဆေးပြီးရင် မင်းကိုယ်မင်း သန့်ရှင်းရေးလုပ်ပြီး အဝတ်စားမြန်မြန်လုပ်လိုက်။ ရာသီဥတုက ပူနေသေးပေမယ့် မင်းအအေးမိသွားလိမ့်မယ်။” ထန်ချွန်းမင်၏လှုပ်ရှားမှုကို မြင်သောအခါ သမားတော်ဟဲက အတန်ငယ်ထိတ်လန့်သွားပြီး ထပ်ခါထပ်ခါ သတိပေးကာ ပြင်ပေးလိုက်ရသည်။
ကြွက်စုတ်ကို သဘက်နဲ့သုတ်ပေးပြီးနောက် ထန်ချွန်းမင်က လူယုတ်မာလေး၏တင်ပါးကို စိတ်ပျက်လက်ပျက် ရိုက်လိုက်လေသည်။ ယခုလေးတင် သန့်ရှင်းပေးထားသော ကြွက်စုတ်လေးကာ အော်ဟစ်ပြီး ထန်ချွန်းမင်၏အဝတ်အစားကို လှမ်းဆွဲတာကြောင့် ထန်ချွန်းမင်က ဒေါသထွက်သွားသည်။
သူ လှမ်းကြည့်လိုက်တော့ လူကြီးနှစ်ယောက်နှင့် ကလေးတစ်ယောက်ဝင်လာတာကို တွေ့လိုက်ရသည်။ သူက ကြွက်စုတ်ကို ကုတင်ပေါ်တင်ကာ ပြောလိုက်သည်။ “အားဖုန်း.. ခင်ဗျားပြန်ရောက်လာပြီပဲ။ ဒီကြွက်စုတ်က တော်တော်ဒုက္ခပေးတာ။ ခင်ဗျားတို့ထဲက တစ်ယောက်ယောက် သူ့ကို အဝတ်အစားဝတ်ပေးလိုက်။ ကျွန်တော်ရေချိုးရမယ်။” ထန်ချွန်းမင်က ခပ်ရွံ့ရွံ့ပြေးထွက်သွားသည်။ ကောင်ဆိုးလေးက သူ့တစ်ကိုယ်လုံးပေါ် အင်းအင်းပါချခဲ့တာဖြစ်သည်။
သမားတော်ဟဲက ခေါင်းခါယမ်းကာ အားစန်းလေးဝတ်ဖို့ သန့်ရှင်းသော အဝတ်အစားတစ်စုံထုတ်ပေးလိုက်သည်။ “အာ… ငါဒီလိုစိတ်မရှည်တဲ့ကောမျိုးကို မမြင်ဖူးပါဘူး။ တခြားမိသားစုတွေက ယောကျာ်းလေးတွေကို အရမ်းတန်ဖိုးထားတာ။ မင်ကောအာကတော့ တစ်မျိုးလေးပဲ။ ဒါပေါ့… ငါတို့အားလင်းကလည်း လိမ္မာပြီး ချစ်ဖို့ကောင်းတာကို။”
“အဘိုးဟယ်… အားလင်း ကူပေးမယ်။” အားလင်းက ကူညီဖို့ ဆင်းပြေးလာသည်။
“အေးပါ….ဟုတ်ပြီ…”
ထန်ချွန်းရုံက ဘာပြောရမလဲမသိ၍ သူ့နှာခေါင်းကိုထိလိုက်သည်။
လီဖုန်းက အားစန်းလေး၏ဗိုက်ကိုထိကာ ပြောလိုက်သည်။ “ကျွန်တော် နို့သွားနွှေးလိုက်ဦးမယ်။ သူက ဗိုက်ဆာနေလို့အော်နေတာ။”
ထန်ချွန်းမင်ပြန်ထွက်လာသောအခါ လီဖုန်း၏ရင်ခွင်ထဲမှာ လဲလျောင်းပြီး သိုးနို့ကို အားပါးတရသောက်နေသော လူယုတ်မာလေးကို သူတွေ့လိုက်ရသည်။ သူက သူ့အားမူပြန်ရောက်လာတာကို သိသွားပုံရသည်။ အားစန်းလေးက သူ့အားမူကိုရှာရန် ခေါင်းလှည့်လိုက်ပြီး သူဘာကြောင့် ငိုခဲ့တာလဲ မေ့သွားလေသည်။ သူက တေးမှတ်မထားတာကြောင့် အဘိုးကြီးဟဲက ကူကယ်ရာမဲ့သွားလေသည်။
ကလေးကိုပြုစုစောင့်ရှောက်ဖို့ လူတစ်ယောက်ရှိသည့်အတွက် ထန်ချွန်းမင်က စိတ်သက်သာရာရသွားခဲ့သည်။ ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ရတာ ဤမျှလောက်ဒုက္ခရောက်မှန်း သူမသိခဲ့ပေ။ သူက ထန်ချွန်းရုံဘက်လှည့်ကာ ပြောလိုက်သည်။ “အားရုံ… ရွာလူကြီးရဲ့သားနှစ်ယောက်လည်း အိမ်မှာရှိတယ်။ ကောင်လေးနှစ်ယောက်နဲ့ သင့်မြတ်အောင်ပေါင်းပြီး သူတို့ကို ခရိုင်ကျောင်းနဲ့ပတ်သက်တာမေးလိုက်။ မင်း ခရိုင်ကိုသွားမလား မဆုံးဖြတ်ခင် သူတို့ကိုမေးလို့ရတယ်။”
“ဟုတ်ကဲ့…အစ်ကို.. ကျွန်တော်နားလည်ပါတယ်။” ထန်ချွန်းရုံက ကမန်းကတန်းခေါင်းညိတ်လိုက်သည်။ သူက ရွာလူကြီး၏သားနှစ်ယောက်အား ခရိုင်ကျောင်းရှိ စာသင်ကြားပုံတို့ကို မေးချင်တာကြာလှပြီဖြစ်၏။ နောင်မှာ မေးခွန်းတွေပိုမေးနိုင်ဖို့ သူတို့နဲ့မိတ်ဖွဲ့ထားနိုင်လျှင် ပိုကောင်းသည်။ သူတို့က သူ့ထက်အသက်ကြီးပြီး အသိပညာပိုရှိသည်။
“စကားမစပ်… သမားတော်ဟဲလည်းရှိတယ်။ သမားတော်ဟဲက ဆရာဝန်ဖြစ်ပေမယ့် ဆရာတွေလိုပဲ ဗဟုသုတများတယ်။ ဟုတ်တယ်မလား သမားတော်ဟဲ?” ထန်ချွန်းမင်က သူ့ညီလေးကို သတိပေးလိုက်သည်။ ထန်ချွန်းမင်၏အမြတ်ထုတ်ခြင်းခံရသော သမားတော်ဟဲက ပြောစရာစကားမရှိပေမယ့် သူက ထန်ချွန်းမင်၏ရိုးသားသော သဘောထားကို မြင်သောအခါ သဘောတူခဲ့သည်။
&&
ထန်ချွန်းမင်က သူ့ညီလေးကို ရွာလူကြီးအိမ်သို့မခေါ်သွားမီ ရှန်းဖူလန်က သူတို့ကို အရင်ခေါ်လာခဲ့လေသည်။
“သူတို့က ဒီလာပြီး တူလေးနှစ်ယောက်ကိုကြည့်ချင်တာ။ ဒါကြောင့်ငါခေါ်လာတာ။ ပြီးတော့ အားရုံလည်း ဒီရောက်နေတာကိုသိတော့ သူတို့က နောင်မှာ စာအကြောင်းဆွေးနွေးလို့ရအောင် သူနဲ့သိချင်နေတာ။”
ရှန်းဖူလန်က ထိုသို့ဆိုခဲ့သည်။ သားနှစ်ယောက်က သူတို့တူလေးအတွက် လက်ဆောင်တွေယူလာပေးတာကြောင့် ထန်ချွန်းမင်က သူတို့ကို ကျေးဇူးတင်စကားပြောလိုက်သည်။
သားနှစ်ယောက်က ဆိုင်ကိုကြည့်ဖို့သွားခဲ့ပြီး သူတို့မိသားစုအမြတ်ဝေစုရခဲ့လို့ ပျော်နေခဲ့သည်။ သို့ဖြစ်၍ သူတို့ပြန်လာသောအခါ သူတို့တူလေးနှစ်ယောက်ဖြစ်သည့် အားလင်းနှင့် အားစန်းကစားရန် အရုပ်လေးတွေယူလာခဲ့သည်။.
“ဖေဖေ.. အစ်ကိုမင်.. ဒါက ကျွန်တော်အားစန်းအတွက် ရွေးခဲ့တဲ့ ပလုတ်တုတ်ပဲ။ ကြိုက်ရဲ့လား?” ဤသည်မှာ ရှန်းဖူလန်၏ ပိုသွက်သော ဒုတိယသားဖြစ်သည်။ သူက လက်ထဲမှာအရုပ်ကိုင်ပြီး ကလေးကိုစနေသည်။ ဒင်ဒေါင်ဆိုသောအသံက ကလေး၏ဦးခေါင်းကို လည်ပတ်သွားစေပြီး ကလေးက ၎င်းကိုဆွဲယူပြီးကစားရန် လက်ဆန့်ထုတ်လိုက်သည်။
“ဖေဖေ.. ကြည့်! အားစန်းလေးက ကျွန်တော့်လက်ကိုဆွဲလိုက်တယ်။” ရှန်းဖူလန်၏အငယ်ဆုံးသားက တအံ့တသြအာမေဋိတ်ပြုလိုက်ပြီး ရှန်းဖူလန်၏အရိုက်ခံလိုက်ရသည်။ သို့သော် အကြီးဆုံးသားက တည်ငြိမ်နေပြီး ထန်ချွန်းရုံကို နှုတ်ဆက်လိုက်သည်။ “ငါက လီချိန်ကျူပါ။ ဒါက ငါ့ညီလေး လီချိန်ကျုံး.. မင်းက ထန်ချွန်းရုံဖြစ်မယ်။ မင်အားမော့ရဲ့ ညီငယ်လေး… ငါမင်းကိုတွေ့ချင်နေတာကြာပြီ။”
“ငါရောပဲ.. ငါမင်းကို မေးစရာလေးတွေရှိလို့။” ထန်ချွန်းရုံက ရှက်မနေပဲ ပြုံးပြုံးရွှင်ရွှင်ဖြေလိုက်သည်။
“မင်းတို့က အရမ်းယဥ်ကျေးနေပြီ။ အပြင်ထွက်ကစားကြ.. ငါတို့နဲ့မနေနဲ့။” ရှန်းဖူလန်က သူတို့၏အလွန်တရာယဥ်ကျေးနေသော စကားများကို နားထောင်ရတာ နေရခက်လာပြီး အမြန်မောင်းထုတ်လိုက်လေသည်။ သူတို့က ခဏလောက် အပြင်ထွက်ကစားဖို့ပဲ လိုအပ်သည်။
“ဖေဖေ… ကျွန်တော်တို့ သွားကစားတော့မယ်။”လီချိန်ကျုံးက စိတ်အားထက်သန်နေသည်။ သူက သူ့လက်ထဲရှိ ပလုတ်တုတ်ကိုအမြန်ချပြီး ထန်ချွန်းရုံကိုဆွဲကာ ပြေးထွက်သွားလေသည်။ နောက်ဆုံးတော့ သူသည် သူ့ထက်ငယ်သော ကစားဖော်နဲ့တွေ့ခဲ့ပြီဖြစ်၍ အမြန်ဆုံးသူငယ်ချင်းလုပ်ခဲ့သည်။
လီချိန်ကျူက နောက်ကနေ ဖြည်းဖြည်းချင်းလိုက်လာသည်။ အခန်းထဲကလူအားလုံးကို နှုတ်ဆက်ပြီးမှ သူတို့နောက်လိုက်လာခဲ့သည်။ ထန်ချွန်းမင်က ယင်းကိုမြင်တော့ ဝမ်းသာသည်။ သူလည်း ယနေ့မှ ရှန်းဖူလန်၏ သားနှစ်ယောက်နာမည်ကို သိခဲ့ရခြင်းဖြစ်သည်။
ရှန်းဖူလန်က သူတို့ကို အားကျူနဲ့ အားကျူံးလို့ခေါ်တာ သူအမြဲကြားခဲ့ရသည်။ ယခု သူ ထိုနာမည်များကိုကြားတော့ ရွာလူကြီးက သားနှစ်ယောက်အပေါ် မျှော်လင့်ချက်မည်မျှမြင့်မားသည်ကို သူသိခဲ့ရသည်။ သူတို့တွေက မိသားစုအတွက် ဂုဏ်ယူစရာဖြစ်လာမယ်လို့ သူမျှော်လင့်သည်။