Chapter 46.2
Viewers 21k

Chapter 46.2




ထန်ချွန်းမင် အပြင်ထွက်လာသောအခါ လီဖုန်း၏အမူအရာ ပျော့ပျောင်းသွားသည်။ ယွိမုက သူကြည့်ရာလမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်သည်။ “ကျွန်တော် မင်ကောအာကိုမတွေ့ရတာ လအနည်းငယ်ကြာတော့ မင်ကောအာက ပိုတက်ကြွပြီး ချောလာတယ်။”

    

သို့သော် သူ ဤစကားမပြောသင်လိုက်သင့်ဘူးဆိုတာ သိသည်။ သူဌေးက တစ်ခါတစ်လေ အမြင်ကျဥ်းလွန်းသည်။ သူက ရှေ့တိုးကာ အော်လိုက်သည်။ “မင်ကောအာ… မဟုတ်ဘူး…ညီလေးမင်… ငါပြန်လာပြီ။ ငါက အစ်ကိုကြီးနဲ့ ညီ​လေးမင်ကို အစတည်းက မျှော်လင့်ချက်ကြီးကြီးမားမား ထားခဲ့ပေမယ့် အစ်ကိုကြီးက ညီလေးမင်ကို သိမ်းသွင်းဖို့ အချိန်ကြာမယ်လို့ မထင်ထားခဲ့ဘူး။ ငါ စစ်တန်းလျားမှာ အစ်ကိုမင်ရဲ့ ဟင်းချက်လက်ရာကို လွမ်းနေတာ။”

 

မျှော်လင့်နေသောမျက်လုံးများဖြင့် တ​ခြားစစ်သားများသည် သူတို့သူဌေး၏ကောနဲ့ ပတ်သက်ပြီး အများကြီးစိတ်ကူးယဥ်ထားသော်လည်း ယွိမုအော်သံက သူတို့အာရုံကို ဆွဲဆောင်ခဲ့သည်။ ထိုလူ၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်ရပြီးနောက် သူတို့အားလုံး အံ့သြတုန်လှုပ်သွားကာ သူတို့မျက်လုံးအစုံက ထိုကော၏ဖောင်းကားနေသော ဗိုက်မှာကပ်ငြိနေခဲ့သည်။

 

အစ်ကိုကြီးက စွမ်းဆောင်နိုင်လွန်းလို့ ကောလေးကို လက်မထပ်ခင်ထဲက ကိုယ်ဝန်ရအောင် လုပ်ခဲ့တာလား? ဒါက ကောလေးကို လက်ထပ်ဖို့ ဖိအားပေးတဲ့ သဘောလား?

 

တစ်ဖန် သူတို့သည် တခြားသူများထက် အမြဲသာလွန်နေသော သူတို့သူ​ဌေးကို ကြည်ညိုလေးစားမှုဖြင့် ကြည့်လိုက်သည်။

 

ထန်ချွန်းမင်က ထိုလူများ၏ ထူးဆန်းသောမျက်လုံးများကိုမကြည့်ပဲ ယွိမုကိုကြည့်ကာ ပြုံးပြလိုက်သည်။ “အစ်ကိုယွိမု…ခင်ဗျားက ခမ်းနားထည်ဝါလွန်း​နေတယ်။ ကျွန်တော့်ဧည့်သည်တွေကို ​​ခြောက်လှန့်မိမှာ မစိုးရိမ်ဘူးလား? ခင်ဗျား ကျွန်တော်ချက်တာကို စားချင်သေးရဲ့လား?”




“ညီလေးမင်….” ယွိမုက အော်လိုက်သည်။ “နောက်တစ်ခါမလုပ်ရဲ​တော့ပါဘူး။ သတင်းကြားတာနဲ့ စေ့စပ်ပွဲလွတ်သွားမှာစိုးလို့ အဝတ်အစားလဲပြီး အမြန်ထွက်လာတာ။ ညီလေးမင်.. ငါ့ကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ။ ငါတို့အများကြီး ကြိုးစားခဲ့ရတာမို့ ငါနဲ့ ငါဘော်ဒါတွေကို မျက်နှာသာပေးပါဦး။”

  

 

“ကောင်းပြီ.. လှည့်ကွက်တွေကစားမနေပဲ အထဲဝင်ခဲ့။ ခြံလယ်ကွင်းက ရိုးရှင်းတယ်။ ခင်ဗျားမကျေနပ်ရင် ခင်ဗျားသူဌေးကိုသွား​ရှာလိုက်။” ထိုစကားပြောပြီးနောက် သူက ခြံထဲပြန်ဝင်သွားခဲ့သည်။ ရှန်းဖူလန်က အံ့အားသင့်သွားသလို ယွိမုက မင်ကောအာ၏တုံ့ပြန်မှုကို မြင်သောအခါ လက်မထောင်ပြချင်မိသည်။ 

   

သူဌေး သဘောကျတဲ့သူက သာမန်ဆန်ပါ့မလား? သူက သူတို့၏အရာရှိယူနီဖောင်းကို လုံးဝမကြောက်ပေ။

 

ထန်ချွန်းမင်ထွက်သွားသည်နှင့် ကလေးသုံးယောက်ထွက်ပေါ်လာသည်။ အငယ်ဆုံးလေးက လီဖုန်းကိိုအော်လိုက်လေသည်။ “ဦးလေးဖုန်း… ဦးလေးယွိရောက်​နေတယ်ဆိုလို့… ဦးလေးယွိက ဘယ်မှာလဲ?”

   



အရွယ်ရောက်ပြီးသော လီဖုန်းအပြင် ဖျင်ရှန်ရွာတွင် ကလေးသုံးယောက်က ဦးလေးယွိကို သဘောအကျဆုံးဖြစ်၏။ အားလင်းကလည်း သူနဲ့ကစားသည့် ဦးလေးကြီးကိုမှတ်မိပြီး တာမောင်းနှင့်အာမောင်းက သူ့အပေါ် ပိုလေးနက်သော ခံစားချက်ရှိ၏။

   



“အားလင်း..ဦးလေးယွိလာပြီ.. ဒီကိုလာဖက်ပါဦး… အားလင်း… မင်းဦးလေးကိုလွမ်းလား?”

  

ယွိမုက သူ့ကို ကောက်ချီလိုက်ပြီး အားလင်းက လန့်သွားကာ သူ့လည်ပင်းကိုဖက်လိုက်သည်။ ထို့နောက် သူက သူ့မျက်နှာကိုကြည့်လိုက်သည်။ သူကြည့်ပြီး​နောက် သူက မှတ်မိသွားပြီး အားရပါးရပြုံးကာ အော်လိုက်သည်။ “ဦးလေးယွိ… သား ဦးလေးကို လွမ်းတယ်။”

  

“မင်းတို့နှစ်ယောက်ကရော! ဘာလို့အကူညီမတောင်းတာလဲ?”

 

ယွိမုက ကလေးသုံးယော​က်ကိုစနေသည်။ လီဖုန်းက သူ့နားက လူတွေကို ရွံရှာစွာကြည့်လိုက်သည်။ “မင်းရဲ့ သောက်ရူးလိုပုံစံကို ဖယ်ထားလိုက်စမ်း… ရှက်ဖို့​ကောင်းတယ်။” သူက အားလင်းကို ယွိမုလက်ထဲမှယူကာ ကလေးသုံးယောက်နဲ့ ရင်းနှီးမှုကို ရပ်တန့်ခိုင်းပြီး အမိန့်ပေးလိုက်သည်။ “မဝင်ခင် သူတို့ကို သေချာရှင်းပြလိုက်။ မင်းရဲ့သောက်ရူးလိုပုံစံကို ထပ်ပြရင် တန်းလျားကိုပြန်သွားလိုက်။ ဦးလေး… အထဲသွားရအောင်။”

  

“အွန်း…ဟုတ်ကဲ့ပါ…ဟုတ်ကဲ့” ရွာလူကြီးက ဘာပြောရမလဲမသိတာကြောင့် လီဖုန်းနောက်ကိုလိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။

 

အပြင်ကလူတွေက ရှုပ်ထွေးနေပြီး အခြေအနေကို နားမလည်ပေ။ ယွိမုက သူတို့ကို မဖုံးကွယ်ထားပဲ မင်ကောအာ၏ ဝတ်ပြုဆုတောင်းကာလနှင့် မင်ကောအာက သူနဲ့ သူ့သူဌေးကို အချက်အပြုတ်စွမ်းရည်နဲ့ အနိုင်ယူခဲ့ကြောင်း ပြောပြခဲ့သည်။




သူမရှင်းပြလိုက်တာ ပိုကောင်းဦးမည်။ သူရှင်းပြလိုက်မှ ထိုလူများ၏အမူအရာက ပိုထူးဆန်းလာသည်။ သူဌေးက ကောလေးကို ကိုယ်ဝန်ရအောင်လုပ်လိုက်တယ်။ ယင်းက ဤကြမ်းတမ်းသော စစ်သားများအတွက် လက်ခံနိုင်စရာဆိုပေမယ့် သူဌေးက သူတို့ထင်ထားတာထက် အစွန်းရောက်မယ်လို့ သူတို့မမျှော်လင့်ထားခဲ့ပေ။

   

သူက တ​ခြားတစ်ယောက်၏ကလေးကို ကိုယ်ဝန်လွယ်ထားရသည့် ကောလေးကို ချစ်မိသွားသည်။ ထို့အပြင် ထိုကလေးလည်း ကောလေး၏ကလေးဖြစ်ပြီး သူ​ဌေးက ပထွေးဖြစ်လာသည်!

 



သူတို့အမူအရာ မတည်ငြိမ်သေးတာကိုတွေ့လျှင် ယွိမုက သူတို့ကို ဆူလိုက်လေသည်။ “သူဌေးပြောတာကို ပေါ့ပေါ့တန်တန် သဘောမထားနဲ့။ ဒါက သူဌေးရဲ့ရွေးချယ်မှုပဲ။ သူက တခြားကောတွေထက် မနိမ့်ကျဘူး… တကယ်လို့ မင်းတို့… ဟင်း… သူဌေးက မင်းတို့ကို အရေစုတ်ပစ်လိမ့်မယ်။”



  

“အဲ့ဒါ မင်းအပြစ်ပဲ။ အရူးရဲ့… မင်းသိတာကြာပြီကို ငါတို့ကိုမပြောပြဘူး။ မင်းက ငါတို့ကို အရူးလုပ်ချင်တာမလား? မင်းအစောတည်းကပြောခဲ့ရင် ငါတို့ ငတုံးလိုလုပ်ပြီး သူဌေးမကျေမနပ်ဖြစ်အောင် လုပ်ပါ့မလား? သူ့ကောကလည်း ငါတို့ကို သဘောမကျတော့ဘူးထင်တယ်။” အသိစိတ်ဝင်လာသော စစ်သားတစ်ယောက်က ဝမ်းနည်းစွာ ငိုကြွေးလိုက်သည်။

 

“ဟုတ်တယ်…ယွိမု… ဒီကောင်အရိုက်ခံရသင့်တယ်။ ညီအစ်ကိုတို့.. လာကြ.. သူ့ကိုအရင်ရိုက်ပြီးမှာ အစ်ကိုကြီးကိုတောင်းပန်လိုက်မယ်။”

  

“ကောင်းတယ်!””

 

“အား!”

 



ယွိမုက ထွက်ပြေးဖို့အချိန်မရလိုက်ပဲ တခြားသူတွေဝိုင်းတာ ခံလိုက်ရသည်။ သူတို့က သူ့ကို ပြင်းပြင်းထန်ထန် မရိုက်ကြပေ။ တစ်ယောက်စီက အနည်းဆုံး လက်သီးနှစ်ချက်ထိုးကာ သူတို့က သူဌေး၏နေ့ထူးနေ့မြတ်လေးကို မဖျက်စီးချင်လို့ မျက်နှာကိုမရိုက်ခဲ့ပေ။ သူတို့က သူ့ခန္ဓာကိုယ်ပေါ်ကို နူးညံ့သောအသားစိုင်ကိုသာ ထိုးနှက်ခဲ့သည်။

 

ရိုက်နှက်ပြီးနောက် သူတို့က အဝတ်အစားများကို ဘာမှမဖြစ်သလို ပြန်ပြင်လိုက်ပြီး အလွန်လေးနက်သော ပုံစံဖြင့် ခေါင်းမော့ကာ ခြံထဲဝင်သွားခဲ့သည်။

  

အနားမှာဘယ်သူမှရှိမနေ၍ ယွိမု၏အော်သံကလွဲလျှင် အပြင်မှာဘာဖြစ်ခဲ့လဲ ဘယ်သူမှမသိခဲ့ပေ။ လက်သီးနဲ့အသားချင်းဖလှယ်မှုများသာရှိခဲ့သည်။

 

ယွိမုက သူ့ခန္ဓာကိုယ်ပေါ်ရှိ နာကျင်နေသော အစိတ်အပိုင်းကိုပွတ်ကာ မျက်နှာရှုံ့မဲ့နေ၏။ “ဒီရက်စက်တဲ့ကောင်တွေကတော့… ငါပြန်ရောက်မှ မင်းတို့ကိုစမ်းသပ်ပြီး သေအောင်လေ့ကျင့်ခိုင်းမယ်”

 

သူတို့၏ ယောက်ဖလောင်းအကြောင်း သိချင်စိတ်အပြင် ဝမ်ယင်နှင့်ထန်ချွန်းရုံကလည်း ဆူညံသံကြားပြီးနောက် လီဖုန်း၏သရုပ်မှန်ကိုမေးလာသည်။

   

ထန်ချွန်းရုံက သူ၏စိုးရိမ်မှုကို ပထမဆုံးဖော်ပြပေးခဲ့သူဖြစ်သည်။ အဆင့်တန်းမြင့်အရာရှိနဲ့လက်ထ​ပ်တာက ကောင်းတဲ့အရာမလား? အဆင့်အတန်းကွာဟချက်က ကြီးမားနေရင် လီဖုန်းက သူ့အစ်ကိုအပေါ်ကောင်းပါ့မလား? သူ့အစ်ကိုအနိုင်ကျင့်ခံရလျှင် သူသိမှာ​တောင်မဟုတ်ပေ။



  



ဝမ်ယင်၏ခံစားချက်က ပိုရှုပ်ထွေးသည်။ အဆင့်အတန်းရှိခြင်းက ကောင်းမွန်သောအရာဖြစ်ပြီး သူလည်း သူ့သားကို ကူညီနိုင်လောက်သည်။ သို့ပေမယ့် တစ်ခါတစ်လေ ၎င်းက ဆိုးရွားသောအရာဖြစ်တတ်သည်။ သူက အရာရှိဆိုရင် သူ့အလုပ်ကောင်းကိုစွန့်လွှတ်ပြီး ကျေးလက်မှာ လယ်ပြန်လုပ်ပါ့မလား? ကျေးလက်နေပြည်သူများအတွက် အရာရှိဆိုတာ သူတို့နဲ့အလှမ်းဝေးတာကြောင့် သူတို့က သန့်ရှင်းနေဖို့လိုသည်။

  

“အဆင်ပြေပါတယ်.. စိတ်မပူပါနဲ့။ သူက ေမြာက်ပိုင်းမှာ အရာရှိရာထူးရထားပြီး အောင်မြင်မှုတချို့လည်းရှိတယ်။ ဒါပေမယ့် ​နောက်တော့ သူ့အမြင်က အထက်အရာရှိတွေနဲ့ ကွဲလွဲပြီး သူ ဒဏ်ရာရသွားခဲ့တယ်။ ဒါကြောင့် သူနုတ်ထွက်ပြီး ပြန််လည်ကုသဖို့ ပြန်လာခဲ့တာ။”

    

“တခြားလူတွေအတွက်တော့ သူတို့က ယွိမုနဲ့အတူတူပဲ။ သူတို့က မြောက်ဘက်မှာ သေရေးရှင်ရေးကို ဖြတ်ကျော်ခဲ့ကြတဲ့ ညီအစ်ကိုတွေပဲ။”

   

“ဒီလူတွေက စစ်တပ်ထဲမှာရှိနေဆဲပဲ။ သူတို့က လီဖုန်းနဲ့သူတို့ကြားက ညီအစ်ကိုအသင်းအပင်း*ကို သတိရနေဆဲမို့ သူ့ကိုဂုဏ်ပြုဖို့လာခဲ့တာ။ ဖေဖေ…အားရုံ… သူတို့ကို အထူးတလည်ဆက်ဆံစရာမလိုပါဘူး။ မဟုတ်ရင် သူတို့ချုပ်တည်း​နေရလိမ့်မယ်။”



   (**Brotherhood= ညီအစ်ကိုအသင်းအပင်း၊ ညီအစ်ကိုဘဝ ညီအစ်ကိုသံယောဇဥ်ကိုရည်ညွှန်းရာတွင် သုံးသည်။)

“ဒီတစ်ကြိမ်မှာ သူတို့က လီဖုန်းနဲ့ ပြန်လည်ဆုံစည်းချင်တာဖြစ်မယ်။” ထန်ချွန်းမင်က ပြောလိုက်သည်။ ယွိမုက သူ့အပေါင်းအသင်းများကို သူ့အကြောင်းမပြောပြထားတာ သူမြင်နိုင်သည်။ သို့ဖြစ်၍ လူတွေက သူ့ကိုမြင်မြင်ချင်း ထူးဆန်းနေတာဖြစ်မည်။ ဟင်း… သူတို့ကိုတော့ လီဖုန်းနဲ့ပဲ လွှတ်ပေးလိုက်မယ်

  

“ကောင်းပြီ… တစ်ခုခုဖြစ်ရင် ပြောပြပါ။ ဒါမှငါတို့စိတ်ပြင်ဆင်ထားလို့ရမှာ။” ဝမ်ယင်က ထိတ်လန့်တကြားပြောလိုက်သည်။ တကယ်တော့ သူ့လင်ပါသားက ထန်မိသားစုဝင်ဖြစ်တာကြောင့် ကောင်းသောအရာမှ အကျိိုးအမြတ်ရနိုင်သော်လည်း တစ်ခုခုမှားသွားလျှင် ရှုပ်ထွေးသွားပေမည်။

  

“စိတ်မပူပါနဲ့…ဘာမှမဖြစ်ဘူး… သူ ကျွန်တော့်ကိုကတိပေးထားတယ်။ ကျွန်တော်တို့လည်း သူ့အာဏာကိုသုံးလို့ရတယ်တဲ့။ အနည်းဆုံးတော့ အနာဂတ်မှာ ပြဿနာနည်းလာမှာပါ။” ထန်ချွန်းမင်က အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။ သူ့အမြင်အရ ယွိမု ယခုလို ခမ်းခမ်းနားနားရောက်လာသည်မှာ ဤအရာကြောင့်ဖြစ်မည်။ ဒီကိုရောက်ဖူးတဲ့လူက သူနဲ့လီဖုန်းရဲ့ ရွာထဲကအခြေအနေကို မသိနိုင်မှာတဲ့လား? ယခုမူ သူသည် လီဖုန်း၏နောက်ကွယ်မှာ အရာရှိများ၏ပံ့ပိုးမှုရှိကြောင်း အားလုံးကိုပြောပြချင်သည်။ သူ့အား အခွင့်ကောင်းယူချင်သူ သို့မဟုတ် အနိုင်ကျင့်လိုသူများက အရင်ဆုံးနှစ်ခေါက်စဥ်းစားသင့်သည်။ 

  

“အစ်ကိုလီဖုန်းရဲ့ဒဏ်ရာ အဆင်ပြေရဲ့လား?” ထန်ချွန်းရုံ၏စိုးရိမ်မှုက သူ့အားမူနဲ့ကွာခြားပြီး သူက ရှည်ရှည်ဝေးဝေးမတွေးခဲ့ပေ။

  



“အဆင်ပြေပါတယ်။ သူပြန်မလာခင် စစ်တပ်သမားတော်တစ်ယောက်က ကူညီပေးခဲ့လို့ ဒဏ်ရာရတဲ့လက် ပြန်ကောင်းသွားခဲ့တယ်။” လီဖုန်းက သူ့ဒဏ်ရာ လုံးလုံးပျောက်သွားပြီလို့ ပြောခဲ့၍ ထန်ချွန်းမင်က သူ့ကိုအပေါ်ယံယုံကြည်ခဲ့သည်။ 

    

သို့သော် သူက လီဖုန်းပြန်လည်သက်သာလာစေရန် နေရာလွတ်ကစမ်းရေနှင့်စားစရာကို အချိန်အကြာကြီးအသုံးပြုခဲ့သည်။ ယင်းက အချိန်ကြာလာသည်နှင့်အမျှ ထိရောက်မှုရှိမည်ဟု သူယုံကြည်ခဲ့ပြီး ယခင်က စစ်မြေပြင်တွင် လျှို့ဝှက်ဒဏ်ရာကျန်ခဲ့လျှင်ပင် ၎င်းတို့က တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။ 

  

“ကောင်းတာပေါ့.. ကောင်းတာပေါ့…” ဝမ်ယင်က ဤကိစ္စကိုစဥ်းစားပြီး စိတ်သက်သာရာရသွားခဲ့သည်။ သူ့သားမက် ကျန်းမာရေးမကောင်းရင် သူ့လင်ပါသားက…ဖတ်… ဘာ​ပေါက်ကရတွေးနေတာလဲ? အမင်္ဂလာပဲ….

 

တစ်ခါတစ်လေ ပုန်းလျှိုးကွယ်လျှိုးနေချင်လျှင်ပင် ၎င်းက ထင်ရှားပေါ်လွင်လာလေဖြစ်၏။ စစ်သားတစ်စု ရောက်လာသည်နှင့် ရွာသားများက ထိတ်လန့်သွားခဲ့သည်။ မြင်းလှည်းတစ်စီး ရွာဝင်ပေါက်ရောက်လာသောအခါ နောက်ဆက်တွဲငလျင်က မပြီးခဲ့ပေ။



အပြင်ထွက်ကြည့်တော့ ထန်မိသားစုအိမ်ကို သွားနေပြန်သည်။ လီဖုန်းနှင့် ထန်ချွန်းမင်း၏မိသားစုမှာ အနာဂတ်မှာ ရွာသားများနှင့် ကွာခြားနေမည်ဆိုတာ သေချာသွားခဲ့သည်။ သူတို့တွေ့ခဲ့ရသည့်လူကို ကြည့်လိုက်လျှင် အရာရှိ သို့မဟုတ် လူချမ်းသာဖြစ်နေ၏။ ဟွမ်စစ်ကုံးနှင့် ကျန်းလန်ဟွာက ယနေ့ဖြစ်ခဲ့တာကိုသိလျှင် သူတို့က သူတို့ရွေးချယ်မှုကို နောင်တရနေလိမ့်မည်။ 

  

“အဘိုးကြီးချီ…. ဒီနေ့ဆိုတာ သေချာရဲ့လား?” လှည်းပေါ်က လူငယ်လေးတစ်ဦးက မေးလိုက်သည်။

  



“သခင်လေး…စိတ်မပူပါနဲ￿။ ရှောင်ရွှင်းကျိက သေချာစုံစမ်းထားတယ်။ ဒီနေ့ပဲ။ သခင်လေး… ကြည့်… ထန်ဖူလန်ရဲ့ခြံပြင်မှာ မြင်းတွေရပ်ထားတယ်။” ဆိုင်ရှင်ချီက လှည်းမောင်းလာ​ကာ သူ့သခင်လေးအား ထန်မိသားစုဆီခေါ်လာခဲ့သည်။

 

ထန့်ယွီက ထန်ချွန်းမင်၏ မင်္ဂလာနေ့ရက်ကို ဆိုင်ရှင်ချီထံမှသိခဲ့ရသည်။ ဖြစ်ချင်တော့ သူလည်း ယနေ့မှာ ဖျင်အန်းမြို့အနီးတွင် ရောက်နေတာကြောင့် သူ့ကိုဂုဏ်ပြုရန် ကိုယ်တိုင်ရောက်လာခဲ့သည်။

    



အပေးအယူရှိမှ လုပ်ငန်းရေရှည်တည်တံ့နိုင်မည်ဖြစ်၏။ မထင်မရှား တောင်ပေါ်ရွာလေးကိုရောက်လာတာ သူ့အတွက် ဒုတိယအကြိမ်ဖြစ်သည်။ သူက ကန့်လန့်ကာကိုမတင်ကာ အပြင်ကို​ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း မြင်းတွေက ခမ်းနားထည်ဝါလွန်းသည်။ တင်းကျိုးခရိုင်က လူတွေရောက်နေတာလား?