Chapter 31
Viewers 2k

Chapter 31



ဝှီ ဝှီ ဝှီ ဝှီ!!



ယောလ်၏ ခေါင်းထဲတွင် ကျယ်လောင်သော အချက်ပေးသံများ မြည်နေလေပြီ။ အကြောင်းအရင်းမှာ မိုက်ကီရယ်၏ မျက်လုံးများ အရောင်ပြောင်းသွားသောကြောင့်ဖြစ်၏။



ယောလ်တစ်ယောက် မိုက်ကီရယ်၏ မျက်လုံးများ အဘယ့်ကြောင့် ပြောင်းလဲသွားမှန်းမသိပေ။ သို့သော် သူသိတာတစ်ခုက ဘာကြောင့်ပဲ ပြောင်းပြောင်း သူ့ကိုယ်သူ အရင်ဆုံး ကယ်တင်ရမည်။ အဘယ်‌ကြောင့်ဆိုသော် မိုက်ကီရယ်သည် ပိုင်ဆိုင်လိုစိတ်ပြင်းသည့် အရူးတစ်ယောက် ဖြစ်သောကြောင့်ပင်။



“အဲဒါဆို ကျွန်-ကျွန်တော်..”



ယောလ်သည် ဤနေရာကိုရော မိုက်ကီရယ်ကိုပါ ချက်ချင်းရှောင်ရမည်ဟု တွေးကာ ရေချိုးဝတ်ရုံကို ခပ်သွက်သွက်ဝတ်ပြီး မိုက်ကီရယ်ဆီမှ တတ်နိုင်သလောက် ဝေးဝေး‌သွားနေလိုက်သည်။ ထိုအချိန်အခိုက်အတန့်တွင် ယောလ်ဝတ်ထားသော ရေချိုးဝတ်ရုံသည် ဂရီဒဏ္ဍာရီများထဲမှ ဂါဝန်တစ်ထည်ကဲ့သို့ တလွင့်လွင့်နှင့် လွင့်မြောနေလျက်‌ပင်။ သို့သော် အခုအချိန်မှာတော့ အဲ့တာက အရေးမကြီးတော့ပေ။



“ယူရီ”



“ဗျာ”



အခုလို အခက်အခဲကြားမှာ‌ပင် သူတက္ကသိုလ်ကျောင်းသား ဖြစ်စဉ်တုန်းက သူ့ခန္ဓာကိုယ်ထဲတွင် ကျင့်သားရလာခဲ့သော တခြားသူအပေါ် ရိုကျိုးမိနေသည့် အကျင့်သည် ထွက်ပေါ်လာနေတုန်းပင်။



ယောလ်၏ ခြေလှမ်းများသည် အလိုလိုရပ်တန့်သွားခဲ့သည်။ သို့သော် သူအမှားကြီး မှားလေပြီ။ ယခုအချိန်သည် အချိန်ကောင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မိုက်ကီရယ်သည် ပိုင်ဆိုင်လိုစိတ်ကြီးမားသည့် အရူးဖြစ်သောကြောင့်ပင်။



ယောလ်တစ်ယောက် တံတွေးမြိုချပြီး ခြေဖျားလေးထောက်ကာ သူခိုးလမ်းလျှောက်သလို မိုက်ကီရယ်ဘေးမှ တိတ်တိတ်ကလေးထွက်သွားရန် ကြိုးစားလေသည်။



သူကြိုးစား‌ခဲ့သော်လည်း ခြေတစ်လှမ်းပင် မလှမ်းနိုင်ခဲ့ပေ။ မိုက်ကီရယ်က သူ့ခါးကို လှမ်းဖက်လိုက်လေသည်။



“ခင်..ခင်ဗျား ဒါ ဒါဘာလုပ်တာလဲဗျ”



ယောလ်တစ်ယောက် မိနစ်၃၀ လောက် အပြုတ်ခံထားရသော ခေါက်ဆွဲမျှင်လိုမျိုး ပျော့ခွေသွား၏။ သူ မိုက်ကီရယ်၏ လှုပ်ရှားမှုများအား မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။



သူ့ မျက်လုံးအရောင်များသည် အလွန်ပင် အန္တရာယ်များသည်ဟု ခံစားရသည်။



ယောလ်မှာ ဂနာမငြိမ်ဖြစ်ကာ သူ၏အောက်နှုတ်ခမ်းများအား ကိုက်လိုက်မိသည်။



“နှုတ်ခမ်းမကိုက်နေနဲ့”



“အာ..အင်း”



“အဲဒါက ငါ့ကို ပိုပြီး အာရုံစိုက်မိစေတယ်”



“ဗျ..ဗျာ”



မဟုတ်သေးပါဘူး။ ခင်ဗျား ဘာတွေ ပြောနေတာလဲ။



ယောလ်သည် နားမလည်နိုင်သော မျက်လုံးများဖြင့်ကြည့်ကာ အံ့ဩနေမိသည်။ မိုက်ကီရယ် သူ့ကို ပြောလိုက်သည့် “နှုတ်ခမ်းဆက်မကိုက်ရန်” နှင့် “ငါ့ကို ပိုပြီး အာရုံစိုက်မိစေတယ်” ဆိုသည့်စကားကို သူဘယ်လို ပြန်ပြောရမှန်းမသိပေ။



ဒါ့အပြင် ယောလ်အနေဖြင့် မိုက်ကီရယ် သူ့နှုတ်ခမ်းတွေအား စိုက်ကြည့်နေသည်ကို မကြိုက်ပေ။ သတိမထားမိလိုက်ချိန်မှာပင် ယောလ်၏ နှုတ်ခမ်းများသည် ပိုဖောင်းလာကာ တယွယွဖြစ်လာသည်။ 



“အာ… တမင် ကိုက်တာ မဟုတ်ပါဘူး”



ယောလ် သူ့ပါးစပ်ကို လက်ဖြင့် အမြန်ဖုံးလျက် မိုက်ကီရယ်၏ မျက်လုံးများကို ကြည့်နေမိသည်။ မိုက်ကီရယ်က တစ်ခုခုကို အလိုမကျသည့်ပုံဖြင့် သူ့အား မျက်မှောင်ကျုံ့ကြည့်နေသည်။



ယောလ်လည်း သူ့ခေါင်းထဲက အချက်ပေးသံကြောင့် ဂနာမငြိမ်ဖြစ်နေကာ သူ့နှလုံးသည် ပေါက်ထွက်မတတ် ခုန်နေပြီး ချက်ချင်းပင် ပစ်လဲတော့မလို ခံစားနေရသည်။



ကျားရှေ့မှောက်ရက်လဲသော ယုန်သူငယ်လေး လိုပင် ယောလ်ခမျာ သူ့ခြေလှမ်းလေးများကို ဖွဖွလေး လှမ်းနေရ၏။ သူ့စိတ်ထဲတွင် သူလုပ်လိုက်သည့် အရာတစ်ခုခုကြောင့် မိုက်ကီရယ် ပိုပြီး စိတ်မလွတ်သွားအောင်သာ ဆုတောင်းနေမိတော့သည်။ သို့သော် မိုက်ကီရယ့်ကျေးဇူးဖြင့် သူသည်သာမန်ထက်ပို၍ ညင်သာစွာ လမ်းလျှောက်တတ်လာသည်။



ခန္ဓာကိုယ်တစ်ဝက်လောက်က ကိုယ်လုံးတီးဖြစ်ကာ သူခိုးတစ်ယောက်ကဲ့သို့ ခိုးကြောင်ခိုးဝှက်‌ လမ်းလျှောက်နေသော ယောလ်၏ပုံစံသည် တော်တော် ရီချင်စရာပင်။ သို့သော် သူ့ခမျာ အခုအချိန် ကိုယ့်ကိုကိုယ် ဘယ်လိုပုံစံ ရှိလဲပင် မကြည့်အားပေ။ 



“ဟူး…ချီးပဲ၊ ငါနှလုံးရပ် သေပြီတောင်ထင်တာ”



ယောလ်တစ်ယောက် မိုက်ကီရယ်ဆီမှ လစ်ကာ ရေချိုးခန်းထဲမှ အောင်မြင်စွာ ထွက်လာနိုင်ခဲ့လေပြီ။



ထို့နောက် ရေချိုးခန်းထဲသို့ မသိမသာလှည့်ကြည့်လိုက်ဖို့ လုပ်ပြီးကာမှ သူ့ခေါင်းသူရမ်းကာ အသိတရားပြန်ဝင်လာသည်။ မိုက်ကီရယ်နှင့် အကြည့်ချင်း ထပ်ဆုံရမည့် အတွေးကို တွေးမိပြီး လှည့်ကြည့်ဖို့ မစဉ်းစားတော့ဘဲ ရေချိုးခန်းနှင့် ဝေးရာသို့ လစ်ထွက်လာတော့သည်။ 



“လီးပဲ”



မိုက်ကီရယ်သည် အနီးအနားတွင် ယောလ်မရှိတော့သည်ကို သိလိုက်ကာ တိုးတိုးလေး ဆဲမိလိုက်သည်။ ဒါ့အပြင် သူ့အတွင်းခံထဲက တစ်ခုခုဖောင်းထွက်နေသည်ကိုလည်း သိသိသာသာ ခံစားလိုက်မိ၏။



မိုက်ကီရယ် ဖြစ်နိုင်လျှင် သူ၏ အလိုရမ္မက် တဏှာစိတ်များကို အတတ်နိုင်ဆုံး ဖြေဖျောက်လိုက်ချင်မိသည်။ သို့သော် အသက်၂၀ လူပျိုဖော် ဝင်ခါစ အရွယ်မှာပင် တစ်ခါမျှ မခံစားဖူးသော ခံစားချက်ကြောင့် ယခုလို ယိမ်းယိုင်သွားရသည့်အတွက် သူခံရခက်နေသည်။



ဒါတွေအကုန်လုံးကို ဂရုမစိုက်ဘဲ ထားလို့ရသေးသည်။ သို့သော်ငြား အဓိကမှာ ဒီကိစ္စတွေ အကုန်လုံး၏ တရားခံသည် ယူရီဖြစ်နေသဖြင့် သူလက်မခံနိုင်ဖြစ်နေသည်။


ဘယ်လောက်ပင် ဖယ်ရိုမုန်းဖြင့် ရေချိုးထားသည် ဆိုသော်လည်း ယောလ်သည် ချည်အရုပ်ကလေး တစ်ရုပ်သာ ဖြစ်ပေသည်။ 



လူအသွင်ပြောင်းလဲသွားသည်မှာ မှန်ပေမဲ့ မိုက်ကီရယ် ယောလ်၏ လူအသွင်ကို မြင်ဖူးသည်မှာ နာရီပိုင်းထက် မပိုပေ။ ထိုကဲ့သို့‌သောသူအား ခဏလောက် အဝတ်ဗလာနှင့် တွေ့လိုက်ရရုံဖြင့် ဂျိုတပ်ထားသော နွားတစ်ကောင်လို ဖြစ်သွားသည့် ခံစားချက်အား သူလုံးဝ လက်မခံနိုင်ပေ။ သို့ပေမဲ့ အခုအချိန်ထိ ယောလ်၏ ဖြူဖွေး နုဖတ်နေသော အသားအရည်လေးကို ပြန်ပြန်တွေးမိနေဆဲပင်။



“ငါတော့ ရူးတော့မှာပဲ”



ဒါမဟုတ် ငါ အစကတည်းက ရူးနေတာလား။



သူသာ သာမန် အသိစိတ်ရှိလျှင် ဒီလို ခေါင်းနှင့် ကိုယ် နှစ်ပိုင်းသာ ပါသည့် ချည်အရုပ်လေးကြောင့် အရူးတစ်ပိုင်းလို ဖြစ်နေမည် မဟုတ် ဟု တွေးမိနေသည်။



မိုက်ကီရယ် တစ်ယောက် ရေချိုးခန်းထဲတွင် မတ်တပ်ရပ် ကာ သူ့ကိုယ်သူ နားမလည်နိုင်ဖြစ်နေ‌တော့သည်။



***



“လပ်ကီးရေ လပ်ကီး! မင်းဘာလို့ ဒီလိုဖြစ်နေတာလဲကွ၊ ဖေဖေလေကွာ မမှတ်မိဘူးလား”



ယောလ်တစ်ယောက် မိုက်ကီရယ်၏ အခြေအနေကို မသိဘဲ လပ်ကီးနှင့် အလုပ်ရှုပ်နေလေသည်။



ယခင်တုန်းက သူ့ကိုတွေ့သည်နှင့် ပြေးပြေးလာသော လပ်ကီးလေးသည် အခုဆို အနားပင် မကပ်ဘဲ ကျောပေးနေလေသည်။ လပ်ကီးက သူ့အား ဂရုမစိုက်ဘဲ နေသော်လည်း ယောလ်ခမျာတော့ စိတ်မဆိုးရက်ပေ။ အစကတော့ သူ လူအသွင်ပြောင်းသွားသဖြင့် လပ်ကီးက ခဏတာ မမှတ်မိခြင်းသာဟု ထင်မိသည်။



သို့သော် ယခု လပ်ကီး၏ လစ်လျူရှုမှုကြောင့် ယောလ် အသဲကွဲနေလေသည် 



“မင်းအရင်တုန်းက ငါ့ကို တွေ့တိုင်း အတင်းပြေးလာတာလေကွာ”



လပ်ကီးလေးသည် ယခင်‌တုန်းက သူ့ကို တွေ့တိုင်း ကိုက်ဖြဲရန် ပြေးလာမှန်းလည်း ယောလ်သိသည်။ သို့သော် ယခု လပ်ကီးက သူ့ကို လုံးဝ လျစ်လျူရှုထားသဖြင့် သူ့ကိုယ်သူပင် သနားလာသည်။



“ဖေဖေလေ လပ်ကီးရဲ့ တခြားသူ မဟုတ်ပါဘူးကွ”



ယောလ်သည် လှောင်အိမ်ထဲသို့ လက်ထည့်ကာ ဆန့်လိုက်သည့် အချိန်တွင် လပ်ကီးသည် သူ့လက်အား အနံ့လာခံ‌နေလေသည်။



“ဟုတ်တယ် ဟုတ်တယ်၊ အနံ့ခံကြည့် ဖေဖေလေ မှတ်မိပြီမလား”



[ဘီ!]



သူ့အနံရလိုက်လျှင် လပ်ကီးလေး သူ့အား ပြန်မှတ်မိသွားမည်ဟု ယောလ်ထင်သော်လည်း လုံးဝ ဆန့်ကျင်ဘက်ပင်။ လပ်ကီးသည် အနံ့ခံကြည့်ပြီး စိတ်ပျက်လက်ပျက်ပုံစံဖြင့် တစ်ချက်အော်ဟစ်လိုက်ကာ သူ့အား ငုတ်တုတ်လေး ထိုင်ကြည့်နေတော့သည်။



“လပ်ကီး! ဖေဖေ အရမ်း ဝမ်းနည်းလာပြီနော်၊ မှတ်မိတယ်မလားလို့ ဟင်”



[ဘီ!]



ထိုအသံ တစ်ချက်ပင် ပြန်ထွက်လာသည်။ လပ်ကီးပုံက လုံးဝ မှတ်မိပုံမပေါ်။ နောက်‌ဆုံးတွင် ယောလ်လည်း စိတ်ပျက်လက်ပျက်နှင့် ထိုင်ချလိုက်ကာ လပ်ကီးအား ဝမ်းနည်းသည့် မျက်လုံးများဖြင့်ပင် ကြည့်နေလိုက်တော့သည်။



“နေလိုက်တော့ ဒီကောင်စုတ်လေး၊ ချစ်စရာကောင်းတာကပဲ အရာရာထင်နေလား၊ တကယ်ပဲ ဟွန်း”



ယောလ်မှာ မ‌ကျေမနပ်ဖြင့် ပြောနေသော်လည်း သူ့မျက်လုံးများထဲတွင်တော့ လပ်ကီးအား ချစ်သည့် စိတ်များဖြင့် ပြည့်နှက်နေလေသည်။ သူ လူအသွ‌င်ပြောင်းသွားသည့်အတွက် ဂရုမစိုက်ဘဲ နေသော်လည်း လပ်ကီးလေး ချစ်စရာကောင်းသည့် အချက်ကတော့ ပြောင်းမသွား‌ပေ။



ယောလ်တစ်ယောက် မကျေနပ်မှု၊ ဝမ်းနည်းမှု စသည်တို့သည် ချစ်စရာကောင်းမှုနှင့် ယှဉ်လျှင် အလကားပဲ ဟုသာ တွေးနေမိကာ လက်ကီးအား တစ်ချက်ပြုံးပြလိုက်ပြီး။



“မင်းက တကယ်ချစ်ဖို့ကောင်းလို့ ငါအလျော့ပေးနေတာနော်၊ တကယ်ချစ်ဖို့ကောင်းတဲ့ ကောင်လေးပဲကွ”



ထိုသို့ပြောနေသော်လည်း သူ့နှလုံးသားကတော့ အရည်ပျော်နေလေပြီ။ ထို့နောက် လှောင်အိမ်ပေါ်ကို သူ့မေးလေး တင်ကာ လပ်ကီးအား ချစ်ခြင်းမေတ္တာ အပြည့်ဖြင့် ကြည့်နေရှာသည်။ 



မိုက်ကီရယ်လည်း သူ့ကိုယ်သူ စိတ်လျော့ပြီးနောက် ထွက်လာကာ ယောလ်အား တိတ်တိတ်လေး ပြုံးကြည့်နေလေတော့သည်။



ယောလ်သည် လပ်ကီးအား ချစ်ဖို့ ကောင်းသည်ဟု တစ်ဖွဖွ ပြောနေသော်လည်း တစ်ခြားသူများ၏ မျက်လုံးထဲတွင် သူက ပို၍ချစ်ဖို့ ကောင်းနေသည်ကို သူမသိပေ။



ဒီလို ပြောတိုင်း ငါကသူ့ကို ချစ်စရာကောင်းတယ်လို့ပြောတာ မဟုတ်ဘူးနော်။ ဒီတိုင်း.. ဒီတိုင်းပြောပြတာ။



ထိုကဲ့သို့ တွေးကာ ပြုံးပြုံးကြီး ဆက်ကြည့်နေလေသည်။ သို့သည့်တိုင် သူ့စိတ်ထဲတွင် ယောလ်အား လုံးဝချစ်ဖို့ မကောင်းဟု တွေးနေသေးသည်။



ထို့နောက် မိုက်ကီရယ်သည် ယောလ်နား တဖြည်းဖြည်းချင်းကပ်လာလေသည်။ ဘေးတွင် မိုက်ကီရယ် ရောက်လာသည်ကို သတိထားမိလိုက်သဖြင့် ယောလ်တစ်ယောက် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေလေသည်။



“ဟေ မိုက်-မိုက်ကီရယ်”



“ဘာလို့ ဒီလောက် အံ့ဩနေရတာလဲ”



“ဟင် ဘာပြောတာလဲ”



ယောလ်တစ်ယောက် မိုက်ကီရယ့် ပြောစကားများကို ခေါင်းခါကာ ငြင်းနေသည်။ ရေချိုးခန်းထဲကလိုမျိုး သတ္တဝါကြီးတစ်ကောင်ကဲ့သို့ မိုက်ကီရယ်ဆိုလျှင်တော့ သူ လန့်နေပေလိမ့်မယ်။ သို့သော် ယခု သူ့မျက်လုံးများကို ကြည့်လျှင် ပုံမှန်ပြန်ဖြစ်သွားမှန်းသိနိုင်သည်။



ဘာကြောင့် သူ့မျက်လုံးများ ဒီလို ခန့်မှန်းရခက်သည်ကို ယောလ်မသိပေ။ 



အင်း.. တွေးကြည့်ရရင် ဒီကောင်က ပိုင်ဆိုင်လိုစိတ်ပြင်းတဲ့ အရူးမလို့ပဲ နေလိမ့်မယ်။ ဟုတ်တယ် အဲဒါကြောင့်ပဲ‌နေဖြစ်မယ်။



“ဘယ်လိုနေသေးလဲ၊ ခေါင်းကိုက်တယ်ဆို အခုသက်သာပြီလား”



“အာ ဟုတ်၊ သက်သာပြီထင်တာပဲ”


ယောလ်ခေါင်းလေးစောင်းကာ မိုက်ကီရယ်၏ အမေးကို ဖြေလိုက်သည်။ ယခင်က ခေါင်းအရမ်းကိုက်သော်လည်း အခု သူ့ခန္ဓာကိုယ်တွင် နာကျင်မှု တစ်ခုမျှ မရှိတော့ပေ။



“ဟင်း တော်သေးတာပေါ့၊ ခေါင်းကိုက်တုန်းရော တခြား ဘာလက္ခဏာ‌တွေ ပြသေးလဲ”



“တခြား လက္ခဏာလား”



“အင်း ခေါင်းကိုက်ရင်ဖြစ်တာလေ”



“အာ.. အသံတစ်သံတော့ ကြားရတယ်”



“အသံတစ်သံ ဟုတ်လား”



ယောလ်အဖြေကိုကြားပြီး မိုက်ကီရယ် တစ်ယောက် မျက်မှောင်ကြုတ်သွားသည်။ ခေါင်းကိုက်နေစဥ် အသံကြားရသည်မှာ ထူးဆန်းသည်။



ထို့နောက် ယောလ်က 



“အာ ဟုတ်တယ်၊ ချန်ဟျွန်း အသံလေ၊ ဪ ချွန်ဟျွန်းဆိုတာ ကျွန်တော့် သူငယ်ချင်း”



“သူငယ်ချင်း”



“ဟုတ်တယ်၊ ကျွန်တော်နဲ့ အတူ အရုပ်ကောက်နေတာလေ သူတော့ စိတ်ပူနေတော့မှာပဲ၊ ကျွန်တော်ဘာလုပ်ရမလဲ”



သူငယ်ချင်းဟု ခေါ်သည့် တခြားကောင်လေးတစ်ယောက်၏ နာမည်ကို ကြားလိုက်ရလျှင် မိုက်ကီရယ်၏ မျက်နှာသည် တည်သွားတော့သည်။



“ချန်ဟျွန်းက အရမ်းစိတ်ပူတတ်တာ ကျွန်တော် ဘာလုပ်ရမလဲ ဟင်၊ ဘာတွေဖြစ်နေတာလဲ ကျွန်တော်တို့ ချန်ဟျွန်းရဲ့အသံကို ဘာလို့ ကြားနေရတာလဲမသိဘူး”



ယောလ်တစ်ယောက် ပြာယာခတ်နေချိန်မှာပင် မိုက်ကီရယ်က “ကျွန်တော်တို့ ချန်ဟျွန်း” ဟူသော စကားကြောင့် ဘူနေလေသည်။