Chapter : 12 ( ညီမ‌လေးက အရုပ်ကလေးကို သယ်ထားတယ် [9] )
Viewers 3k

Chapter : 12 ( ညီမ‌လေးက အရုပ်ကလေးကို သယ်ထားတယ် [9] )

ချန်ဇယ် : "ဘေးလူတွေကလည်း လူသတ်သမားတွေပဲ၊ နားလည်လား"


ရှန့်ချန့်ယန် အံ့အားသင့်သွားသည်။ လှည့်ကြည့်ကာ သူက မေးလိုက်၏။


"ဘာကိုပြောတာလဲ"


ချန်ဇယ် : "မင်း မနေ့ကတည်းက သူသေမယ်ဆိုတာ သိနေပြီးသားမလား"


အခြေအနေသည် ခဏတာမျှ တိတ်ဆိတ်သွားသည်။


ချန်ဇယ်က : "ငါ့ ရည်းစားနဲ့က ဆေးရုံမှာ တွေ့ခဲ့တာ.. သူက နောက်ဆုံးအဆင့် ဦးနှောက်ကင်ဆာ ဖြစ်နေပြီ.. သေရတော့မယ့်အချိန်ပဲ စောင့်နေရတာ... သူသာ သက်တမ်းကုန်ခါနီးပြီး အသက်ရှင်ဖို့ မျှော်လင့်လို့မရတော့တာ မဟုတ်ရင် ဒီလောက် ငယ်တဲ့အရွယ်မှာ ဘယ်သူကများ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ရွေးချယ်မှာလဲ.. မဆုံးနိုင်တဲ့ ဝေဒနာတွေနဲ့ ကုသမှုတွေက သူ့ကို အဲဒီမှာ ဆက်ရှိနေစေတာ.. ပြီးတော့.. သူက ဆေးရုံကုတင်ပေါ်မှာပဲ သေသွားလိမ့်မယ်"


ချန်ဇယ်က ရှန့်ချန့်ယန်ကို မော့ပြီး စိုက်ကြည့်လိုက်သည်။


"မင်း မနေ့ညကတည်းက သူသေမယ်ဆိုတာ သိခဲ့တယ်မလား မင်းက မင်းသူငယ်ချင်းကိုတောင် ကယ်ခဲ့သေးတာ"


ဟိုင်ရိ : "..."


ရှန့်ချန့်ယန်က သူမကို ခဏတာမျှ ငေးကြည့်နေခဲ့သည်။ သူစကားပြောတော့မှာ မဟုတ်ဘူးလို့ ထင်ကာ ဟိုင်ရိက သူ့နဲ့အတူ ထွက်သွားဖို့ ထရပ်လိုက်၏။


ရှန့်ချန့်ယန် : "ဒါက ဂိမ်းတစ်ခု မဟုတ်ဘူးလား"


ခေါင်းထောင်လိုက်သည့်အခါ ဟိုင်ရိ ခဏတာမျှ တုန်လှုပ်သွားသည်။ ရှန့်ချန့်ယန်၏ အသံသည် ရေခဲတမျှအေးစက်နေပြီး လူသားဆန်သည့် နွေးထွေးမှု လုံးဝကင်းမဲ့နေ၏။


ရှန့်ချန့်ယန် : "ကစားနိုင်ရင် ကစား၊ မကစားနိုင်ရင် သေ.. ဒီကမ္ဘာကြီးရဲ့ စည်းကမ်းတွေက ဒီလိုပဲလေ.. ဒါက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ" ချန်ဇယ် မယုံနိုင်စွာဖြင့် ပြောလာသည်။


"ဒါက ဘာစကားမျိုးလဲ"


"လူစကား"


ရှန့်ချန့်ယန်က ပြတ်သားနေ၏။


"ဘယ်အပိုင်းကို နားမလည်တာလဲ"


ချန်ဇယ် စကားပြောနေစဉ်တွင် သူမ၏ မျက်လုံးထောင့်များ နီရဲလာသည်။ မျက်ရည်ပေါက်ကြီးများ တစ်စက်ပြီးတစ်စက် မြေပြင်ပေါ်သို့ ကျလာ၏။


"ငါ မင်းကို အပြစ်မတင်ချင်ပါဘူး.. ဟုတ်ပြီ..ကောင်းပြီ... ငါတို့က ကစားတတ်တဲ့နည်းကို မသိလို့ ငါ့ရည်းစားသေသွားတာ... ဒါပေမယ့် ငါတို့ မင်းကို ဘာမှ ပြစ်မှားခဲ့တာ မရှိဘူး.. ငါတို့ကို သတိလေး ပေးရင်တောင် မင်း သေသွားမှာမလို့လား... သူ သေတာကို မင်း မျက်စိစုံမှိတ်ကြည့်နေခဲ့တာလား...ငါတို့ တစ်ယောက်ချင်းစီတိုင်းက သာမန်လူတွေပါ....."


( TN - မျက်စိစုံမှိတ်ကြည့် = မမြင်ချင်ယောင်ဆောင် )


ဟိုင်ရိက ရုတ်တရက် ဖြတ်ပြောလိုက်၏။


"ကျွန်တော်တို့သာ သာမန်လူတွေဆိုရင် ဒီနေရာမှာ ရှိနေမှာ မဟုတ်ဘူး။"


ဟိုင်ရိ ထရပ်လိုက်သည်။


"ဒါက ရှင်သန်ရတဲ့ဂိမ်းတစ်ခုပဲ အမျိုးသမီး.. စေတနာ့ဝန်ထမ်းအလုပ် မဟုတ်ဘူး"


ရှန့်ချန့်ယန်၏ မူလအေးစက်နေသော မျက်နှာတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ရုတ်တရက် ပေါ်လာပြီး သူ၏စကားများကို ကြားသောအခါ ဟိုင်ရိကို တစ်ချက်ကြည့်လိုက်သည်။


ဟိုင်ရိ : "ဒီအချိန်မှာ ဒါတွေပြောနေလို့ ဘာမှထူးမှာ မဟုတ်ဘူး"


ရှန့်ချန့်ယန် ဘာမှ ထပ်မပြောတော့ပေ။ ဟိုင်ရိက သူ့ကို တွန်းပြီး နှစ်ဦးသား အိမ်ထဲသို့ ဆက်ဝင်သွားကြသည်။


သူတို့ တံခါးဖွင့်သံကို ကြားလိုက်ရသည်။ ချန်ဇယ်ကို မြင်သောအခါ ရွှယ်ချွမ်းက ပြောလိုက်၏။


"အာ... အခုထိ ငိုတုန်းပဲလား... ဒီလောက်သေးငယ်တဲ့ ကိစ္စလေးအတွက်နဲ့လေ... ဒီကမ္ဘာမှာ နေထိုင်သူတိုင်း နောက်ဆုံးမှာတော့ ပန်းတိုင်တစ်ခုတည်းကိုပဲ ပြန်ရောက်ကြမှာပါ... အနှေးနဲ့အမြန် ပြန်တွေ့ကြမှာပဲကို"


ဟိုင်ရိက တိုးတိုးလေးပြောသည်။


"သူ(မ)နဲ့ ဘာလို့ ခေါင်းချင်းသွားဆိုင်လိုက်ရတာလဲ၊ ဒီည သူ(မ)က မင်းကို သေဖို့ မဲပေးလိုက်ရင် ဘယ်သူ့အပြစ်ဖြစ်မလဲ" "ခင်ဗျားအပြစ်ပေါ့"


ရှန့်ချန့်ယန်က ထင်ရှားသောအမူအရာဖြင့် ပြန်ဖြေသည်။


"မဟုတ်သေးဘူး... ကျွန်တော့်ကိုပစ်မှတ်ထားတာက ခင်ဗျားကို ကျွန်တော် ကယ်ခဲ့လို့လေ... ဆိုတော့.. ဒါ ဘယ်သူ့အပြစ်ဖြစ်နိုင်မလဲ"


ဟိုင်ရိ၏ နှလုံးသားသည် ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ခံစားလိုက်ရ၏။


"ကောင်းပြီ၊ ငါ့အပြစ်ပေါ့"


သူ စဉ်းစားကြည့်ပြီးနောက် ဆက်လက်မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။


"မင်း လုံးဝ ပြန်မသွားချင်ဘူးလား"


အလျင်အမြန် ထပ်ဖြည့်ပြော၏။


"ငါ မေးကြည့်တာပါ၊ တခြားရည်ရွယ်ချက် ဘာမှ မရှိပါဘူး"


ရှန့်ချန့်ယန်က တံခါးကို တွန်းဖွင့်ကာ အတွင်းဘက်သို့ ချောင်းကြည့်လိုက်သည်။ ၄င်းသည် ရွှယ်ချွမ်းရဲ့အခန်း ဖြစ်၏။ သူတို့နှစ်ယောက် အခန်းထဲဝင်သွားပြီး ရှန့်ချန့်ယန်က အခန်းထဲကို မျက်လုံးဝေ့ကြည့်လိုက်သည်။ သူ၏အဖြေသည် ပုန်ကန်တတ်သော ကလေးတစ်ဦးကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ဖြစ်၏။


"မသွားချင်ဘူး"


ဟိုင်ရိ : "ကောင်းပြီ။"


ရှန့်ချန့်ယန် : "ကောင်းပြီဆိုတာ ဘာကိုဆိုလိုတာလဲ"


ဟိုင်ရိမှာ သူခံစားနေရတဲ့ မိခင်မေတ္တာလိုမျိုး စိတ်ခံစားမှုတွေကို ဘယ်လိုရှင်းပြရမှန်း မသိတော့သလို၊ ဒီလူငယ်လေးက သူ့ကို ဘယ်နှစ်ယောက်များ ပြန်လာဖို့ စောင့်နေတယ်ဆိုတာ နားလည်ရဲ့လားဆိုတာကိုလည်း မသိခဲ့ပါ။


သူက ရှန့်ချန့်ယန်အပေါ် ဘယ်တုန်းကမှ ထပ်လောင်းမျှော်လင့်ချက်တွေ မထားခဲ့ပါဘူး။ သူ ရှန့်ချန့်ယန်ကို သဘောကျခဲ့ပြီး ကိုယ်ပိုင်မျှော်လင့်ချက်တွေ၊ ဆန္ဒတွေကို သူ့အပေါ် ဘယ်တော့မှ ပုံအပ်ခဲ့တာလည်းမဟုတ်ပေ။ သူ ရှန့်ချန့်ယန်ကို ရိုးသားစွာ၊ စိတ်ရင်းအပြည့်နဲ့ သဘောကျခဲ့ခြင်းသာဖြစ်၏။


ဖောင်းပွနေသည့် အဝတ်အစားအထူများနှင့် < hope betrayed > သီချင်းကို ဆိုနေကာ လှေကားထစ်ပေါ် ထိုင်နေသည့် ရှန့်ချန့်ယန်... အာ့ဟူ(erhu) တီးနေသည့် ရှန့်ချန့်ယန်.. စင်ပေါ်တွင်း မျက်ခုံးပင့်ပြီး ချွေးများထွက်နေသည့် ရှန့်ချန့်ယန်... ဟိုင်ရိက သူ၏ ချစ်ခြင်းမေတ္တာအားလုံးကို စကားလုံးတွေနဲ့ ဖော်ပြဖို့ နည်းလမ်းမရှိခဲ့ပေ။ သူ ရှန့်ချန့်ယန် ပျော်ရွှင်စေဖို့ မျှော်လင့်ခဲ့ပြီး သူလိုချင်တဲ့ဘဝကို နေထိုင်နိုင်ဖို့လည်း မျှော်လင့်ခဲ့ပါတယ်။ စိတ်ဆင်းရဲဒုက္ခတွေ ဖောင်းပွလာခဲ့ပေမယ့် ဟိုင်ရိက ငြိမ်သက်စွာပဲ ပြန်ဖိနှိပ်လိုက်ပြီး ပြောလိုက်သည်။ "မင်းဘာပဲလိုချင်လိုချင် အားလုံး အဆင်ပြေပါတယ်" ရှန့်ချန့်ယန်က ကြောင်စီစီကြည့်နေခဲ့၏။ ခဏတာ စဉ်းစားပြီးနောက် သူပြောချင်သည့် တစ်ခုခုရှိပုံရသော်လည်း ဘယ်တော့မှ ထုတ်မပြောခဲ့ပေ။ ထို့နောက် ကိုင်းညွတ်ပြီး သစ်သားအလှပြင်စားပွဲကို ပွတ်သပ်လိုက်သည်။ သူ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပြီးနောက် ဟိုင်ရိ အခန်းထဲဝင်လာသည့် ပထမဆုံးနေ့ကအတိုင်း အလှပြင်စားပွဲရှေ့တွင် ထိုင်လိုက်၏။ ဟိုင်ရိက ပြတင်းပေါက်ဖွင့်ပြီး ပြတင်းပေါက်အပြင်ဘက်က ကြီးမားတဲ့ ချယ်ရီပင်ကြီးကို ငေးကြည့်နေခဲ့သည်။ ရှန့်ချန့်ယန်က မှန်ကို ကြည့်လိုက်၏။ "ဒီမှန်က တစ်ခုခု‌ဖြစ်‌နေတာလား" "မနေ့က ငါပြောခဲ့တယ်လေ" ဟိုင်ရိက ပြန်လှည့်ကြည့်လိုက်ရာ ရှန့်ချန့်ယန် လက်ထောက်ပြီး မှန်ကို ဖိထားသည့်ပုံစံကို တွေ့လိုက်ရသည်။ "စောင်းနေပြီ... ငလူး၊ ဒါကဘာလဲ" ရှန့်ချန့်ယန်က မှန်ကို အတင်းတွန်းဖယ်လိုက်ပြီး နံရံထဲမှမှောင်မိုက်သည့် အပေါက်တစ်ခု ပေါ်လာသည်။ သူတို့နှစ်ဦးစလုံး ခဏတာမျှ မှင်တက်သွား၏။ ဟိုင်ရိက လျှောက်လာပြီး "ဒါဘာလဲ... ဒီမှန်က ပြတင်းပေါက်အပြင်ဘက်က သစ်ပင်ကို ကြည့်ဖို့လို့ ငါထင်ခဲ့တာ.." "ကျောက်တုံးတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တာလေ" ရှန့်ချန့်ယန်က မှောင်မိုက်သော အပေါက်ထဲက အနီရောင်အဝတ်စကို စစ်ဆေးရင်း ပြောလိုက်သည်။ "ခင်ဗျား သက်သေရှာတာ တော်တော် ပေါ့ဆတယ်။" ဟိုင်ရိက ချီးကျူးလိုက်သည်။ "ကံကောင်းလို့ မင်းရောက်လာတာ၊ မင်းက ပိုပြီး အထင်ကြီးစရာကောင်းတယ်" ရှန့်ချန့်ယန်၏ နှုတ်ခမ်းများက သိမ်မွေ့စွာ ပြုံးလိုက်သည်။ အနီရောင်အဝတ်စကို ထုတ်လိုက်သည့်အခါ အတွင်းထဲတွင် ထုပ်ပိုးထားသော သေးငယ်သည့် သစ်သားရုပ်လေးတစ်ရုပ်ကို တွေ့လိုက်ရ၏။ ထွင်းထားပုံက ပီပြင်ပြီး ပါးနှစ်ဖက်က နီရဲနေကာ လက်တွေ့ဆန်‌လွန်းသည်။ ပါးစပ် မဆွဲထားခြင်းမှလွဲ၍ အရမ်းချစ်စရာကောင်းလှသည်။ "မင်းအခန်းမှာလည်း..." ဟိုင်ရိရဲ့ အသံ တိမ်ဝင်သွားသည်။ ရှန့်ချန့်ယန် : "တစ်ရုပ်တော့ ရှိတယ်၊ ဒါပေမယ့် ဒါထက် နည်းနည်းကြီးတယ်" "ဒါက ဘာအတွက်လဲ" ဟိုင်ရိက မေးလိုက်သည်။ ရှန့်ချန့်ယန်က ဖုံးကွယ်မထားဘဲ တိုက်ရိုက်ဖြေလိုက်သည်။ "ကွယ်လွန်သူက ကျွန်တော့်အတွက် လုပ်ပေးထားတာ၊ ဒါပေမယ့် ဒီအရုပ်လေးရပြီးကတည်းက ကျွန်တော် အမြဲ အိပ်မက်ဆိုးတွေ မက်တယ်၊ သူတို့ကြားမှာ ဆက်စပ်မှုတစ်ခု ရှိနိုင်တယ်" ဟိုင်ရိ : "မင်းအမေက မင်းကို ထိခိုက်စေချင်တာလား" "မသေချာဘူး" ရှန့်ချန့်ယန်က ပြော၏။ "ယူသွားရအောင်" သူ အိတ်ကပ်ထဲ ထိုးထည့်လိုက်သည်။ ရှန့်ချန့်ယန်က ဒီဂိမ်းကစားရာမှာ ဟိုင်ရိထက် အများကြီး ပိုတော်သည်ဟု ပြောရမည်ပင်။ အိမ်ထဲရှိ အသေးအဖွဲ ကိစ္စများကို မြင်သည်နှင့်တင် သူ မည်သည့်အရာက အရေးကြီးပြီး မည်သည်က အရေးမကြီး‌ကြောင်း သိနိုင်ပေ၏။ ရှန့်ချန့်ယန်က အလှပြင်စားပွဲပေါ်က သစ်သားဘီးကို ကောက်ယူပြီး တစ်ချက်ကြည့်လိုက်သည်။ "ဒါ ဘယ်လိုပုံစံမျိုးလဲ။" ဟိုင်ရိက မပြောနိုင်ပေ။ သူ ထိုဘီးကို မနေ့က မြင်ခဲ့၏။ ဘီးက အနီရောင်ဖျော့ဖျော့ ဆေးချယ်ထားခြင်း ဖြစ်သော်လည်း သူသည် အရေးကြီးသည့်အရာဟု မထင်ခဲ့ပေ။ "ဘာမှားနေလို့လဲ" ရှန့်ချန့်ယန်က ၎င်းကို ဟိုင်ရိရဲ့မျက်လုံးအဆင့်အထိ မြှောက်ကိုင်လိုက်သည်။ ဘီးရဲ့အစွန်းများဆီသို့ နေရောင်ခြည်သည် နူးညံ့စွာ လင်းလက်စေ၏။ ရှန့်ချန့်ယန်က ပြောလိုက်သည်။ "ဒါက အရိုး" ဟိုင်ရိ : ! ရှန့်ချန့်ယန် ကူကယ်ရာမဲ့ ဖြစ်နေ၏။ "အရမ်း သိသာတယ်လေ" ဟိုင်ရိ၏ အတွေးများက ထိုလမ်းကြောင်းသို့ ဘယ်တုန်းကမှ မရောက်ခဲ့ပါပေ။ ရှန့်ချန့်ယန် : "အကြီးဆုံးသမီးရဲ့ အရိုးတွေနဲ့ လုပ်ထားတာ ဖြစ်နိုင်တယ်.. ပုံပြင်ကို မှတ်မိသေးလား.. ယွိရှန့်သေပြီးတော့ သူ(မ)ရဲ့ ဆံပင်တွေက ကြမ်းပြင်အထိ ရောက်အောင် ရှည်လာတယ်.. ကွယ်လွန်သူရဲ့ ဆံပင်တွေလည်း ဒီမနက် ပိုရှည်လာတယ်" ဟိုင်ရိ : "မင်းလည်း သတိထားမိတာပဲ" ရှန့်ချန့်ယန် : "ခင်ဗျားတောင် သတိထားမိရင် ဘယ်သူမှ သတိမထားမိဘူးလို့တော့ ကျွန်တော်မထင်ဘူး" ဟိုင်ရိ : ... ကောင်းပြီလေ... ရှန့်ချန့်ယန်၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေပြီး ၎င်းသည် အပြုံးနှင့်လည်း မတူပါ။ "ဒါဆို ဒီဘီးက တစ်ခုခုရှိတာသေချာတယ်" ဟိုင်ရိက ၎င်းကို ကောက်ယူလိုက်သည်။ အလွန်သာမန်ဆန်သည်ဟု ခံစားရ‌သောကြောင့် သူက ကိုယ့်ဆံပင်များဖြင့် စမ်းသပ်ဖို့ လှုပ်ရှားလိုက်၏။ ရှန့်ချန့်ယန်၏ မျက်ခုံးများ တွန့်ချိုးသွားပြီး သူက လက်မောင်းကို ဆွဲကာ တားလိုက်သည်။ "မလှုပ်နဲ့" သူ ဘီးကို ဆွဲယူလိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်လိုက်၏။


"ဒီနေရာက ပစ္စည်းတွေက မင်္ဂလာမရှိဘူး"


ဟိုင်ရိ : "ဒီနေရာက တကယ့်ကမ္ဘာမှာ ရှိတာလား ဒါမှမဟုတ် ဂိမ်းအတွက် ပြင်ဆင်ထားတဲ့ စင်မြင့်လား" ရှန့်ချန့်ယန် : "ဒီအိမ်ကို ဒီကမ္ဘာရဲ့မြေပုံမှာ ရှာတွေ့နိုင်တယ်၊ ဘတ်စ်ကားမပါဘဲ ဘယ်သူမှ ရောက်မလာနိုင်တာပဲ ရှိတယ်၊ သူတို့က ကျွန်တော်တို့နဲ့အတူတူ ရှိနေတာဆိုတော့ ဒီကမ္ဘာမှာ သူတို့ကို တကယ်လို့ သတ်မှတ်လို့ရတယ်" "ဂိမ်းတွေ နောက်ထပ် ကစားပြီးတာနဲ့ ခင်‌ဗျားနားလည်သွားလိမ့်မယ်" ရှန့်ချန့်ယန် ထပ်မံ‌ မှတ်ချက်‌ ပေးလိုက်သည်။ "ဒီကမ္ဘာကြီးက စိတ်ပျက်စရာကောင်းတယ်" ဟိုင်ရိ ပါးစပ်ဟသွားပေမယ့် သူဘာမှ ပြောလို့မရခဲ့ပေ။ အဓိကပြဿနာက သူ ရှန့်ချန့်ယန်ကို နှစ်သိမ့်ပေးသင့်လား ဒါမှမဟုတ် သူ့ကို သဘောတူသင့်လားဆိုတာ မသိခြင်းပင်။ တခြားတစ်ယောက်သာဆိုရင် ဟိုင်ရိက ‌ဤသို့ ပြောကောင်း ပြောလိမ့်မည်။ "ဒီကမ္ဘာကြီးက စိတ်ပျက်စရာကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါဂရုမစိုက်ဘူး၊ ဘာလို့လဲဆိုတော့ အသက်ရှင်နေရတာတောင် စိတ်ပျက်စရာကောင်းနေပြီ" သို့ပေသိ ရှန့်ချန့်ယန်ဆိုလျှင်တော့ ဟိုင်ရိက သူ့ကို နှစ်သိမ့်ပေးပြီး ဒီကမ္ဘာကြီးကို ယခုကဲ့သို့ မကြည့်သင့်ကြောင်းသာ ပြောပြချင်ခဲ့၏။ သို့သော်လည်း သူ ဒီလိုပြောရန် လုံလောက်သည့် အကြောင်းပြချက် မရှိခဲ့ပေ။ ဟိုင်ရိ : "ငါတို့ ဆက်ရှာလို့ ကြမလား" ရှန့်ချန့်ယန် ထရပ်လိုက်သည်။ "ဒါက မနေ့က သဲလွန်စပဲ၊ ဒါကြောင့် ဒီနေ့ သဲလွန်စအသစ်တွေ သေချာပေါက် ရှိလိမ့်မယ်၊ ဆက်ရှာကြမယ်" အခန်းတစ်ခုလုံးကို တစ်ချက်ကြည့်လိုက်တာနှင့်ပင် မြင်နိုင်၏။ ၄င်းသည်၂၀ စတုရန်းမီတာ ကျယ်သော အခန်းငယ်လေး ဖြစ်ပြီး အရာအားလုံးကို ကောင်းကောင်းမြင်နိုင်သည်။ ဟိုင်ရိက ပြတင်းပေါက်တွေကို ဖွင့်လိုက်သောအခါ လေက သူ့မျက်နှာကို တိုက်ရိုက် ရိုက်ခတ်လာ၏။ သူ အခန်းထဲတွင် အမွှေးတိုင် တစ်ချောင်းမှ မတွေ့ခဲ့ပေ။ နားမလည်နိုင်သည့် ချယ်ရီပန်းရနံ့က အခန်းထဲရှိ တစ်ခုတည်းသော အနံ့ပင်ဖြစ်၏။ ဟိုင်ရိက အပြင်ဘက်က သစ်ပင်ကို ငေးကြည့်လိုက်သည်။ သူ ရုတ်တရက် မေးလိုက်၏။ "ဘာလို့ သစ်ပင်ကို မှန်ကနေတစ်ဆင့် ကြည့်ရတာလဲ။" သူ နောက်လှည့်ပြီး မှန်ကို ဆက်လေ့လာနေခဲ့သည်၊ အသေးစိတ်များကို သေသေချာချာ သတိထားကြည့်နေ၏။ သူ၏ရောင်ပြန်ဟပ်မှုသည် မှန်ထဲတွင် ဝေဝါးသောပုံရိပ် ဖြစ်နေခဲ့သည်။ အနည်းငယ် သံသယဝင်လျက် ဟိုင်ရိက လျှောက်သွားပြီး ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်၏။ သူ ရုတ်တရက် ထပ်လှည့်ပြန်သည်။ သစ်ပင်သည် မြင့်မြတ်သည့် အသွင်ဖြင့် လေထဲ၌ တည်ငြိမ်စွာ ယိမ်းနွဲ့နေ၏။ ရှန့်ချန့်ယန် : "ဘာဖြစ်လို့လဲ" ဟိုင်ရိက သူ့ကိုကြည့်လိုက်သည်။ "အကြီးဆုံးသမီးကို ချယ်ရီပင်အောက်မှာ မြှုပ်ထားတာလား" ရှန့်ချန့်ယန် : "ဟုတ်တယ်" "ဒါဆို ဒီမှန်က..." "သရဲကို ရောင်ပြန်ဟပ်ဖို့လား ဒါမှမဟုတ် သရဲကို ဖိနှိပ်ဖို့လား" ရှန့်ချန့်ယန် : "ခင်ဗျား ဘာကိုဆိုလိုတာလဲ" "ပုံပြင်ထဲမှာ စစ်ဗိုလ်ချုပ်က အရုပ်ကို ကြောင်မျက်နှာပဲ ပေးခဲ့တာ၊ ဒါပေမယ့် ပါးစပ်မပေးခဲ့ဘူး၊ ဘာလို့ဆို သေဆုံးသူရဲ့ အော်သံကို နားမထောင်ချင်လို့လေ" ဟိုင်ရိက ပြန်ပြောပြ၏။ "ဒီအရုပ်မှာလည်း ပါးစပ်မရှိဘူး... မှန်နောက်မှာ ထားလိုက်တော့ ချယ်ရီပင်ကို မျက်နှာမူနေမိတယ် ဒါက ရွှယ်ချွမ်းက သစ်ပင်အောက်က သေဆုံးသူ ဝိညာဉ်ကို ဖိနှိပ်ချင်တာ ဖြစ်ရမယ်" ဟိုင်ရိ ရုတ်တရက် ရပ်တန့်သွားသည်။ ရှန့်ချန့်ယန်က အလွန်အမင်း ဂရုတစိုက် နားထောင်နေခဲ့သည်။ "ဆက်ပြော" ဟိုင်ရိ : "ငါ့မှာ တခြားပြောစရာ ဘာမှ မရှိတော့ဘူး၊ ဘာသိနိုင်ဦးမှာလဲ၊ သဲလွန်စတွေကိုတောင် ကောင်းကောင်း မရှင်းလင်းနိုင်သေးဘူး" ရှန့်ချန့်ယန် : ... "သွားမယ်" ဟိုင်ရိ ပြောလာသည်။ "ငါ ကြောက်တယ်၊ အဲတော့ တခြားအခန်းကို သွားရှာကြည့်မယ်... မင်း ဆက်လုပ်လိုက်" ရှန့်ချန့်ယန်က သူ့ကို ပြောစရာစကားမဲ့နေသကဲ့သို့ စိုက်ကြည့်နေခဲ့သည်။ ဟိုင်ရိက နောက်ပြောင်သလိုမျိုး ပြောလိုက်၏။ "ငါ မင်းနဲ့ ကိုယ့်ကိုယ်ကိုယ် မချည်နှောင်တော့ဘူး၊ နောက်မှ တစ်ယောက်ယောက်က မြင်ပြီး ငါတို့ကို သံသယဝင်နေမှာစိုးလို့" သူတို့ ပိုနီးစပ်လေလေ၊ မဲပေးသည့်အခါ သူတို့၏ စကားများက ယုံကြည်မှု နည်းလေလေပင် ဖြစ်လိမ့်မည်.. အခုမှပဲ ဟိုင်ရိ ထိုအကြောင်းပြချက်ကို နားလည်သွားခဲ့၏။ ဂိမ်းတစ်ခုတွင် စိတ်ခံစားချက်များ ပြောင်းလဲဖို့ရာ အလွယ်ဆုံးပင်။ ရည်ရွယ်ချက်ရှိရှိ ရွေးချယ်မှုတစ်ခုလုပ်ဖို့အတွက် အလွန်ခက်ခဲ၏။ လူနှစ်ယောက်သည် ဂိမ်းထဲတွင် ချစ်သူများ၏ ဇာတ်‌ကောင်ကို ကစားခဲ့ပါက၊ ဂိမ်းအတွင်း၌ စိတ်ခံစားမှုများ ပေါ်ပေါက်လာပြီး သူတို့၏ ချစ်သူဘက်ကို မသိစိတ်ကနေ ဘက်လိုက်သွားဖို့ ဖြစ်နိုင်ချေများ၏။ ဤအရာသည်လည်း ချစ်သူများသည် လူသတ်သမား၏ ရဲဘော်ရဲဘက်တွေ ဖြစ်လာရသည့် အကြောင်းရင်းများထဲက တစ်ခုပင်ဖြစ်သည်။

🌟🌟🌟