ငါ ရယ်လိုက်တာပေါ့။
"ဘာလို့ မင်းကို ပေးရမှာလဲ"
ရွှီကျစ်လန်က ငါ့ကို စူးစူးဝါးဝါးကြည့်လာတယ်။
"မင်း မပေးရင် ဒီကနေ ထွက်သွားဖို့ မတွေးနဲ့!"
ငါ သူ့ကို အရူးတစ်ယောက်ကို ကြည့်သလို ကြည့်လိုက်တယ်။
"မင်းက မင်းကိုယ်မင်း ဒီဂိမ်းရဲ့ ဆရာကြီးလို့ ထင်နေတာလား"
ငါ လှည့်ထွက်သွားလိုက်တယ်။ ရွှီကျစ်လန်ကို ဂရုမစိုက်တော့ဘူး။
နောက်နေ့မနက်စောစောမှာတော့....
ငါ အိပ်ရာက ထလိုက်တော့ လည်ပင်းနည်းနည်း နာနေပေမယ့် သိပ်မစဉ်းစားတော့ဘူး။
စာသင်ခန်းကို ရောက်တော့ အံ့သြစရာကောင်းတာက ရွှီကျစ်လန်နဲ့ ယန့်သုန်းပဲ ထိုင်နေကြပြီး တခြားလူတွေ ပျောက်နေကြတယ်။
ငါလည်း ရှန်မော့နဲ့ ဒီအကြောင်း ဆွေးနွေးတာပေါ့။
ရှန်မော့က Want Want Shelly Senbei Rice Cracker စားနေရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။
( TN : မုန့်နာမည်တော့ မြန်မာမှု မပြုတော့ဘူးနော် စားချင်ရင် ရှာကြည့်ပြီး ဝယ်စားကြပါရှင် )
"သူတို့အားလုံး ကျောင်းထွက်သွားကြပြီ"
"အာ! ဘာလို့လဲ"
"စာမေးပွဲ အမှတ်မကောင်းလို့လေ ဒါကြောင့် ကျောင်းထွက်ရတာပေါ့"
ငါ့မျက်လုံးတွေ ပြူးသွားတယ်။
ဘာ! ကျောင်းက ဒီလောက်တောင် တင်းကြပ်တာလား!
ငါ ခွေလဲကျသွားပြီး ပြောလိုက်တယ်။
"နောက်တစ်ခါ စာမေးပွဲ ရှိရင် ငါ ကောင်းကောင်းဖြေနိုင်ပါ့မလား မသိဘူး... မဖြေနိုင်ရင် ငါလည်း ကျောင်းထွက်ရလောက်တယ်..."
ရှန်မော့ရဲ့ မျက်လုံးထဲမှာ ပျော်ရွှင်မှု အရိပ်အယောင်လေးတစ်စွန်းတစ်စ အမြန်နှုန်းနဲ့ ဖြတ်ပြေးသွားတယ်။
ငါ သေချာ မမြင်လိုက်ရပါဘူးလေ။
"ဖြစ်လာမှာ မဟုတ်ပါဘူး"
တစ်ပတ်အကြာ။
အဲဒီနေ့မှာ ရှန်မော့က ကျောင်းမလာဘူး။
ကျောင်းဆင်းတော့ ငါ မုန့်ဝယ်ဖို့ စတိုးဆိုင်ကို သွားခဲ့တယ်။
မကြာသေးခင်ကမှ ရှန်မော့က ငါ့မုန့်တွေကို ငြင်းတာ ရပ်သွားခဲ့တာ။
သူက အထူးသဖြင့် Want Want Shelly Senbei Rice Cracker ကို ကြိုက်တယ်ဆိုတာ တွေ့ရတာနဲ့ ငါ သူ့ကို နေ့တိုင်း ယူလာပေးတယ်။
ဒီနေ့ သူကျောင်းမလာတာမလို့ သူ့တိုက်ခန်းကို ကိုယ်တိုင် သွားပို့ဖို့ ဆုံးဖြတ်လိုက်တယ်။
ငါ အဖြူရောင်တိုက်ခန်းအဆောက်အအုံကို ရောက်လာခဲ့တယ်။
ရုတ်တရက် ရေချိုးခန်းတံခါး ပွင့်သွားကော။
ငါ သေချာကြည့်လိုက်တော့ ရေချိုးဝတ်ရုံတစ်ခုတည်း ဝတ်ထားတဲ့ လူငယ်တစ်ယောက်ကို တွေ့လိုက်ရတယ်။
သူ့ဆံပင်တွေက ရေစိုနေတယ်။ ရေစက်တွေက သူ့နဖူးကနေ သူ့လည်ပင်းရိုးဆီကို လျှောဆင်းပြီး သူ့ဝတ်ရုံထဲ ဝင်သွားတယ်...
ချက်ချင်းဆိုသလို ငါတို့ရဲ့ အကြည့်တွေ လေထဲမှာ ဆုံမိသွားတယ်။
သူ့နှုတ်ခမ်းတွေက ပိုလို့တောင် ရဲနေတယ်။ သူ့မျက်လုံးတွေက နက်နဲတဲ့အဓိပ္ပာယ်ကို ဆောင်ထားတယ်။
"မင်း ဒီမှာ ဘာလုပ်နေတာလဲ"
သူ့ရဲ့ တစ်ဝက်တစ်ပျက် ပေါ်နေတဲ့ ရင်ဘတ်ကြွက်သားတွေကို စိုက်ကြည့်နေရင်း ငါ့နှလုံးခုန်နှုန်း မြန်လာတယ်။
"ငါ... ငါ မုန့်လာပို့တာ"
"အင်း"
ဆိုဖာပေါ်မှာ သူက ပေါ့ပေါ့ပါးပါးပဲ သူ့ရေချိုးဝတ်ရုံကို ခပ်ဟဟ ဖွင့်လိုက်ပြီး အဲဒီမှာ ထိုင်ရင်း ငါယူလာတဲ့မုန့်တွေကို စားနေတယ်။
သူ့ရင်ဘတ်ကို မကြည့်ရဲဘူး။
ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်မှာ ကြောက်လို့။
ငါ ခြောက်သွေ့ပြီး ရေငတ်နေသလို ခံစားရတာနဲ့ စားပွဲပေါ်က ကော်ဖီ ခွက်တစ်လုံးကို ဆွဲယူပြီး ကုန်အောင် သောက်ချလိုက်တယ်။
ရှန်မော့ရဲ့ မျက်နှာအမူအရာ ပြောင်းသွားတယ်။
သူက ငါ့ကို တားဖို့ လက်လှမ်းလိုက်တယ်၊ ဒါပေမယ့် နောက်ကျသွားပြီ။
---