Chapter 8
Viewers 2k

ညနေပိုင်းမှာတော့... 


အဆောင်ကို ပြန်တော့မလို့လုပ်တုန်း ရှန်မော့ကို ယောက်ျားလေး သုံးယောက်က ဝိုင်းပိတ်ထားတာ တွေ့လိုက်ရတယ်။ 


သူတို့မျက်နှာတွေက ကြမ်းတမ်းပြီး ဘယ်သူမှ မရှုပ်ချင်တဲ့ အရှိန်အဝါမျိုး ထွက်နေတယ်။ 


ငါ ချက်ချင်းပဲ အမျိုးသားဇာတ်လိုက်ရဲ့ ဇာတ်လမ်းကို သတိရမိတယ်။ 


အမျိုးသားဇာတ်လိုက်က ကျောင်းမှာ အမြဲအနိုင်ကျင့်ခံနေရတယ်၊ သနားစရာကောင်းပြီး နူးညံ့သိမ်မွေ့သူတစ်ယောက်ပဲ။


ဒီသုံးယောက်က ရှန်မော့ကို နှိပ်စက်နေတဲ့ ကျောင်းအနိုင်ကျင့်သမားတွေ ဖြစ်ရမယ်။ 


ဟုတ်တာပေါ့၊ ငါ ဒီအတိုင်းတော့ ရပ်ကြည့်နေလို့ မရဘူးလေ။ ငါ့ရဲ့ ထွန်းတောက်မှုကို ပြသဖို့ အခွင့်အရေး ရောက်လာပြီ။


ငါ ချက်ချင်း ရှန်မော့ဘေးကို ပြေးသွားပြီး သူ့ကို ငါ့နောက်ဆွဲထားလိုက်တယ်။ 


ကောင်လေးသုံးယောက်ရဲ့ မျက်နှာတွေမှာ အံ့သြမှုတွေ ပေါ်လာတယ်။


ငါ ပြတ်ပြတ်သားသားနဲ့ ဒေါသတကြီး ပြောလိုက်တယ်။


"ရှန်မော့ကို အနိုင်ကျင့်တာ ရပ်လိုက်! မဟုတ်ရင် ငါ ရိုင်းရတော့မှာပဲ! ငါ သိုင်းပညာ သင်ထားတာကွ" 


ရှန်မော့ မျက်နှာပေါ်က ထူးဆန်းတဲ့အကြည့်ကို ငါ မမြင်မိလိုက်ဘူး။ 


သူ့မျက်လုံးတွေက နက်ရှိုင်းတဲ့ ချောက်နက်ကြီးလိုပဲ။ ငါ့ကို ငြိမ်သက်စွာ စောင့်ကြည့်နေတယ်။ ငါ့ကို ဝါးမြိုဖို့ အသင့်ရှိနေသလိုမျိုး။


သူ့နှုတ်ခမ်းထောင့်စွန်းတွေက ပြုံးလိုက်ပြီး ကောင်လေးသုံးယောက်ဆီ ခေါင်းညိတ်ပြလိုက်တယ်။


အဲတာနဲ့ ခပ်ပြတ်ပြတ် ဆံပင်ညှပ်ထားတဲ့ ကောင်လေးတစ်ယောက်က အေးစက်စက် ရယ်လိုက်တယ်။ 


"ငါတို့က အတင်းအနိုင်ကျင့်မယ်ဆိုရင်ရော ဘာဖြစ်လဲ" 


ငါက လုပ်ရပ်နဲ့ ပြန်ဖြေလိုက်တာပေါ့။


မိနစ်ပိုင်းအကြာမှာ သူတို့အားလုံး ရှုံးနိမ့်ပြီး မြေပြင်ပေါ် လဲကျနေကြပြီ။


ငါက ကျောင်းအနိုင်ကျင့်သမားတွေကို အမုန်းဆုံးပဲ။ 


ဒီသုံးယောက်ကို ရှင်းပြီးတော့ ငါ ရှန်‌မော့ လှည့်လိုက်ပြီး ငါ့ရဲ့ ဖြူစွတ်တဲ့သွားတွေကို မြင်သာအောင် ပြုံးပြလိုက်တယ်။


"မကြောက်ပါနဲ့၊ အခု ငါရှိနေပြီ၊ သူတို့ မင်းကို ထပ်ပြီး အနိုင်ကျင့်ခွင့်ပေးတော့မှာ မဟုတ်ဘူး"


သူ့ပခုံးကို စိတ်ချလက်ချ ပုတ်လိုက်တယ်။ 


"ငါ မင်းကို ကာကွယ်ပေးမယ်" 


ရှန်မော့ရဲ့ မျက်လုံးတွေထဲမှာ နက်နဲတဲ့ အလင်းရောင်တစ်ခု ဝဲခနဲ လှည့်သွားတယ်။ 


"မင်း... ငါ့ကို ကာကွယ်ပေးမယ်လား" 


ငါ ခေါင်းညိတ်လိုက်တယ်။


"ဟုတ်တယ်! ငါ ကာကွယ်ပေးမယ်"


ဒီအချိန်မှာ မြေပြင်ပေါ် လဲကျနေတဲ့ လူသုံးယောက်လုံးက ပြောစကား‌မဲ့သွားတဲ့ ပုံစံမျိုးနဲ့ ရှိနေကြပေမယ့် ဆက်ပြီး သေချင်ယောင်ဆောင်နေရတာကို ငါ မမြင်မိလိုက်ဘူး။


---