ငါ လုပ်ငန်းမိတ်ဖက်တစ်ယောက်နဲ့ စာချုပ်ချုပ်ဆိုဖို့ ရှိတဲ့အတွက် ချင်ကောက ဆေးရုံဆင်းတဲ့ လုပ်ငန်းစဉ်တွေကို သူ့ဘာသာသူ လုပ်ဆောင်ခဲ့တယ်။
အဲဒီညက ငါလုံးဝပင်ပန်းနွမ်းနယ်စွာ အိမ်ပြန်ရောက်တယ်။ ရေချိုးပြီးတာနဲ့ အိပ်ရာပေါ် လှဲကျချင်စိတ်ပဲ ရှိတော့တယ်။
ဒါပေမယ့် ချင်ကောက ငါ့ကို ပြန်ဆွဲထူလိုက်တယ်၊ သူ့မျက်နှာက အေးစက်ပြီး ရက်စက်နေတယ်။
"မင်းရဲ့ ကန္တာရငှက်တစ်ကောင်အနေနဲ့ မင်းလုပ်သင့်တာကို အခုလုပ်သင့်တယ်"
ငါသူ့လက်ကို ပျင်းပျင်းရိရိ ရိုက်ထုတ်လိုက်ပြီး ပြောလိုက်တယ်။
"ဘာလုပ်ရမှာလဲ"
ချင်ကောက မျက်နှာတည်တည်နဲ့ မတ်တပ်ရပ်လိုက်ပြီး လည်ပင်းကို ပင့်လိုက်ရင်း ပြောလာတယ်။
"မင်းရဲ့ ငွေကြေးထောက်ပံ့သူကို ဝန်ဆောင်မှုပေးရမယ်"
ငါ့ပါးစပ်ထောင့်လေး တုန်ယင်သွားတယ်။
ငါဒီနေ့မှ ဒေါ်လာငါးသန်းတန် စာချုပ်ချုပ်ခဲ့တာ၊ သူကိုယ်သူ ငါ့ငွေကြေးထောက်ပံ့သူလို့ ပြောရဲတာက ရဲတင်းလိုက်တာ။
ငါသူ့ကို စိုက်ကြည့်လိုက်တယ်။
"ယန်ယန်က နင့်အကြိုက်ဆုံးမဟုတ်ဘူးလား၊ ဒါတောင် နင်ငါနဲ့ ဆက်အိပ်နေတာလား၊ မရှက်ဘူးလား"
ချင်ကော ငါ့ရဲ့ ပြတ်သားတဲ့ စကားလုံးတွေကြောင့် မျက်နှာကနေ လည်ပင်းအထိ နီရဲသွားတယ်။
သူ့လက်နှစ်ဖက်ကို ခါးထောက်ရင်း တရားမျှတသလို ပြောလာတယ်။
"ကိုယ်မင်းနဲ့လုပ်နေတာက ချစ်လို့မဟုတ်ဘူး.. မုန်းလို့လုပ်တာ"
ငါသူ့ကို တကယ် ထိုးချင်မိတယ်။
နောက်ဆုံးမှာတော့ ချင်ကောက ငါ့ကို သူ့အောက်မှာ ဖိထားပြီး "မုန်း" ခဲ့ပါတယ်။
အဲဒီညက ငါက ငါးတစ်ကောင်လိုပဲ ကြော်ခံနေရသလို ခံစားရတယ်၊ နှစ်ဖက်လုံး ရွှေရောင်ပြောင်းသွားသည်အထိ လှန်လှောခံနေခဲ့ရတာ။
ချင်ကောက ငါ့မျက်နှာကို ပွတ်သပ်ရင်း ရွေ့လျားနေပြီး သူ့လေသံက နက်ရှိုင်းနေလေတယ်။
"မင်းနဲ့ယန်ယန်က တကယ်ကို လုံးဝမတူဘူး"
ငါမျက်လုံးလှန်လိုက်တယ်၊ ငါ့စိတ်ကို မထိန်းနိုင်လုနီးပါးဖြစ်သွားတယ်။
အရေးကြီးဆုံးအချိန်မှာ ဘာလို့ စိတ်ပျက်စရာဖြစ်အောင် လုပ်ရတာလဲ။
အရာရာအားလုံး နောက်ဆုံးတော့ ပြီးဆုံးသွားပြီး ငါလဲလျောင်းရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။
ချင်ကောက လုံးဝကျေနပ်ပြီး ငါ့ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။
နောက်နေ့ မနက်မှာ ငါမူးမူးနှောက်နှောက် နိုးလာတယ်။
ချင်ကောက အရင်ထပြီးပြီ၊ ခန့်ညားတဲ့ အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ထားပြီး ကြယ်သီးတပ်နေတယ်။
သူ့လက်ကို ခန့်ညားစွာ ဝှေ့ယမ်းပြီး အနက်ရောင်ကတ်တစ်ကတ်ကို ငါ့ခေါင်းရင်းမှာ ပစ်ချလိုက်တယ်။
"မနေ့ညက အကောင်းဆုံးပဲ၊ ဒါက မင်းရဲ့ဆုကြေး"
ငါ့နဖူးပေါ်က သွေးကြောတစ်စင်း တဆတ်ဆတ် ခုန်သွားတယ်။
သူမှတ်ဉာဏ်ပြန်ရလာတာနဲ့ ငါသူ့နဲ့ဒီအကြွေးကို သေချာရှင်းပစ်မယ်။
ကံကောင်းစွာနဲ့ပဲ အဲဒီအခွင့်အရေးက အကြာကြီး မစောင့်လိုက်ရဘူး။
ချင်ကောတံခါးဝကနေ ထွက်တော့ ဘယ်ခြေနဲ့ အရင်နင်းမိပြီး ခြေချော်လဲကျသွားတယ်။
ဒါကြောင့် ဆေးရုံကနေ ခုမှဆင်းလာတဲ့လူက ဆေးရုံကို ထပ်ရောက်သွားပြန်တယ်။
တာဝန်ကျဆရာဝန်က ငါတို့ကို အေးစက်စက်ကြည့်ပြီး ပြောတယ်။
"မနေချင်ရင် တခြားနည်းလမ်းတွေ ရှိပါသေးတယ်၊ ရည်ရွယ်ချက်ရှိရှိ ခေါင်းကိုတိုက်တာက သေဆုံးဖို့ အောင်မြင်နိုင်ခြေ နည်းပါတယ်"
ငါရှက်ရမ်းရမ်းပြီး နောက်တစ်ခါမဖြစ်အောင် ကမန်းကတန်း ကတိပေးလိုက်တယ်။
ဆေးရုံခုတင်ပေါ် ထပ်ထိုင်နေတဲ့ ချင်ကောကို ကြည့်ရင်း ငါခေါင်းကို ခါးသက်သက်အပြုံးနဲ့ ပွတ်သပ်လိုက်တယ်။
ဒီတစ်ခါတော့ သူဒီလိုမျိုးပြောလာမှာကို ငါတကယ်ကြောက်နေခဲ့တာ။
"ဇနီးလေး မင်းမီးနဲ့ကစားနေပြီ"
ကံကောင်းစွာပဲ ချင်ကောက ဒီတစ်ခါတော့ ပိုပြီး နာခံနေခဲ့တယ်။
ငါရယ်မောလိုက်မိတယ်။
"ဆုကြေးပေးခဲ့တာလား အခုတော့ ခံရပြီမဟုတ်လား"
ချင်ကော ခေါင်းကို ခပ်တောင့်တောင့် ငြိမ်ကာ ခေါင်းညိတ်လိုက်တယ်။
ငါမျက်လုံးတွေကို နည်းနည်းမှေးကျဉ်းလိုက်ပြီး
"ဘာလဲ၊ နင်မှတ်ဉာဏ်ပြန်ရပြီလား"
ချင်ကောရဲ့ အကြည့်တွေ တုံ့ဆိုင်းသွားပြီး လက်ချောင်းတွေကို လိမ်ကျစ်နေရင်း သူ့လေသံက နူးညံ့ပြီး တောင်းပန်နေတယ်။
"ဇနီးလေး ကိုယ့်ဦးနှောက်က အရင်ကလဲကျတာကြောင့် ရှုပ်ထွေးသွားခဲ့တာပါ... ကိုယ့်ကို အပြစ်မယူလို့ရမလားဟင်"
ပျော်ရွှင်စွာ ငါသူ့ကို စိုက်ကြည့်ရင်း တစ်လှမ်းရှေ့တိုးလိုက်ပြီး သူ့မေးစေ့ကို လက်ချောင်းတွေနဲ့ ပင့်မြှောက်လိုက်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်တယ်။
"ဒါဆို အကြွေးအရင်ရှင်းရအောင်၊ ငါက ဘာတဲ့လဲ ကန္တာရငှက်ကလေးလား၊ အင်း.."
"ငါက နင့်ရဲ့ ငွေကြေးထောက်ပံ့သူကို ဝန်ဆောင်မှုပေးရမယ်၊ ပြီးတော့ နင်နဲ့ မုန်းတီးမှုတွေ လုပ်ရမယ်လား၊ အင်း..."
"နင်ငါ့ကို ဆုကြေးတောင် ပေးချင်သေးတယ်လား၊ အင်း..."
ငါပြောလိုက်တဲ့ စကားတစ်ခွန်းချင်းစီတိုင်းမှာ ချင်ကောရဲ့ မျက်နှာက ပိုဖြူဖျော့လာတယ်။
ခုတင်ခင်းကို ဆုပ်ကိုင်ထားရင်း သူ့အသံက အားအင်ချို့တဲ့စွာ မေးလိုက်တယ်။
"ကိုယ်မှတ်ဉာဏ်ပျောက်ချင်ယောင် ဆောင်လို့ရသေးလား"
ငါအေးစက်စက် ရယ်လိုက်ပြီး
"နင်ဘယ်လိုထင်လဲ"
နောက်ဆုံးမှာတော့ ချင်ကောကို ငါ့အိပ်ရာထဲကို ခုနစ်ရက်တိတိ မဝင်ခိုင်းခဲ့ဘူး။
သူငါ့အတွက် ဇိမ်ခံပစ္စည်းတွေ အများကြီးဝယ်ပေးခဲ့တယ်၊ အိတ်ကြီးအိတ်ငယ်တွေနဲ့ သယ်လာပြီး ကင်မရာအသစ်စက်စက်တစ်လုံးတောင် ဝယ်ပေးခဲ့တယ်။
ငါကင်မရာကို ပွေ့ဖက်ပြီး လုံးဝပျော်ရွှင်နေခဲ့တယ်။
ချင်ကောက ငါ့ကို ဖက်ထားပြီး ငါ့ပါးကို နမ်းလာတယ်။
"ဇနီလေး အခုဆို ဒေါသပြေလောက်ပြီမလားဟင်"
ငါပြုံးရင်း ပြောလိုက်တယ်။
"နင်ကံကောင်းတယ်လို့ပဲ သဘောထားလိုက်တော့"
တကယ်တော့ သူ့မှတ်ဉာဏ်ပျောက်သွားတာ လုံးဝဆိုးတာတော့ မဟုတ်ပါဘူး။
ငယ်ငယ်က တိတ်တဆိတ်ချစ်ခဲ့ရတဲ့ မျိုးစေ့က ငါတို့အိမ်ထောင်သက် ငါးနှစ်မြောက်မှာ ပေါက်ရောက်လာခဲ့တယ်။
ဒီဖြစ်ရပ်သာမရှိရင် ချင်ကောရဲ့ ပါးစပ်က ဘဲတစ်ကောင်ထက်တောင် တောင့်တင်းနေဦးမှာ။ အသက်လေးဆယ်ငါးဆယ်ထိတောင် သူဝန်ခံမှာမဟုတ်ဘူးလေ။
~~~