Chapter 6
Viewers 1k

ငါ ဘာမှ မပြောဘဲနေတာကို မြင်တော့ ချင်ကောရဲ့ မျက်လုံးတွေ ပိုမှောင်သွားတယ်။


သူခေါင်းငုံ့ပြီး ကိုယ့်ကိုကိုယ်လှောင်ပြောင်သလို ရယ်မောလိုက်တယ်။


"တောင်းပန်ပါတယ်၊ ကိုယ်စည်းကျော်သွားတယ်"


သူစိတ်ပျက်လက်ပျက်နဲ့ ထွက်သွားဖို့ လှည့်လိုက်တယ်။


ငါသူ့ကို ချက်ချင်းဆွဲဖမ်းလိုက်တယ်။


ငါ့ရဲ့ အလိုလိုသိစိတ်က ချင်ကော တစ်ခုခုကို နားလည်မှုလွဲနေရမယ်လို့ ပြောနေတယ်။


ငါအနည်းငယ်တွန့်ဆုတ်ပြီးမှ မေးလိုက်တယ်။


"နင်က... အစားထိုးလား"


ချင်ကောရဲ့ မျက်လုံးတွေ ပိုနီရဲလာပြီး သူ့အသံက ကြီးမားတဲ့ နာကျင်မှုတစ်ခုခံစားခဲ့ရသလို လည်ချောင်းထဲကနေ ပိတ်ဆို့နေတယ်။


"မင်းလည်း ရှင်းရှင်းလင်းလင်းသိရဲ့သားနဲ့ အခုထိ ကိုယ့်ကို ဒီလိုအရှက်ခွဲနေတာ"


"ကိုယ်က မင်းနှလုံးသားထဲမှာ ကစားစရာတစ်ခုပဲလား"


ငါသူ့မျက်နှာကို ကြည့်လိုက်တယ်၊ ပြီးတော့ စစ်ယန်ရဲ့မျက်နှာကို စဉ်းစားလိုက်တယ်။


ဒါက... နည်းနည်းလေးမှတောင် မတူဘူးကို။


ခဏစဉ်းစားပြီးနောက် ကားအက်ဆီးဒန့်ကြောင့် မှတ်ဉာဏ်ချို့ယွင်းသွားတာရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်တယ်လို့ ငါတွေးမိတယ်။


ပျော်စရာကောင်းတယ်လို့ ခံစားမိပြီး ရယ်ချင်တာကို အောင့်အီးပြီး မေးလိုက်တယ်။


"နင်က အစားထိုးတစ်ယောက်ပဲလေ... ဘာလဲ၊ ထွက်သွားတော့မလို့လား"


ချင်ကောရဲ့ အမူအရာက နူးညံ့သွားရော။ သူငါ့ပေါင်ပေါ်ကို ပုံကျသွားပြီး သနားစရာကောင်းတဲ့ပုံစံနဲ့။


"ကိုယ်မသွားပါဘူး ကိုယ့်ကို မစွန့်ပစ်လိုက်ပါနဲ့နော်"


သူ့မျက်လုံးထောင့်တွေ နီရဲနေပြီး မျက်ရည်တွေနဲ့ လက်နေတုန်းပဲ။


ငါသူ့ကို ဒီလိုပုံစံနဲ့ ဘယ်လောက်တောင် မြတ်နိုးနေလဲဆိုတာ သူသိမှာမဟုတ်ဘူး။


တကယ်တော့ မျက်ရည်တွေဟာ အမျိုးသားတစ်ယောက်ရဲ့ အကောင်းဆုံးပစ္စည်းပဲ။


ငါမျက်နှာတင်းတင်းထားပြီး ပြောလိုက်တယ်။


"ဒါဆို တက္ကသိုလ်က ကျူးလစ်ပန်းတွေ၊ ချဉ်စပ်ငါးတွေ၊ ပြီးတော့ မဲနှိုက်ပြီး ရခဲ့တဲ့ limited-edition ပူးပေါင်းထုတ်လုပ်ထားတဲ့ ကင်မရာအကြောင်း ရိုးရိုးသားသား ဝန်ခံလိုက်"


ချင်ကောရဲ့ ခန္ဓာကိုယ် တောင့်တင်းသွားတယ်။


သူသတိထားပြီး ငါ့ကို ခေါင်းမော့ကြည့်လိုက်တယ်၊ သူ့လေသံက မတည်မငြိမ်ဖြစ်နေတယ်။


"ဇနီးလေး မင်း... အစကတည်းက သိနေတာလားဟင်"


ချင်ကောက ဒါကို အရမ်းကောင်းကောင်း ဖုံးကွယ်ထားနိုင်ခဲ့တာ။


စစ်ယန်သာ မပါရင် သူတက္ကသိုလ်တက်တုန်းက ငါ့ကို တစ်ဖက်သတ်ကြိုက်ခဲ့တာကို ငါဘယ်တော့မှ သိမှာမဟုတ်ဘူး၊ ငါအမှောင်ထဲမှာပဲ နေနေရဦးမှာပဲ။


အဲဒီလူယုတ်မာ စစ်ယန်ဝင်ရောက်စွက်ဖက်မှုမရှိရင် သူငါ့ကို တစ်သက်လုံး ဖုံးကွယ်ထားဖို့ စီစဉ်ထားတာ ဖြစ်နိုင်တယ်။


ငါ့မျက်နှာထားက တင်းမာနေဆဲပါပဲ။


"ဘာလို့ ငါ့ကိုမပြောတာလဲ"


ချင်ကောခေါင်းငုံ့ပြီး သူ့အောက်နှုတ်ခမ်းကို မကျေမနပ် ကိုက်လိုက်တယ်။


"ကိုယ်မင်းကို သဘောကျခဲ့တယ်ဆိုတာ သိရင် မင်းကိုယ့်ကို အထင်သေးမှာစိုးလို့"


"စာအုပ်တွေအကုန်လုံးက အလွယ်တကူရတဲ့အရာတွေကို လူတွေက တန်ဖိုးမထားဘူးလို့ ပြောတယ်"


ငါတစ်ခုခု မှားနေတာကို ပြတ်ပြတ်သားသား သတိထားမိလိုက်တယ်။


ဘယ်လိုစာအုပ်မျိုးက ဒီလိုစကားတွေ ပြောမှာလဲ။


ငါတည်တည်ငြိမ်ငြိမ်ပဲ မေးလိုက်ပါတယ်။


"နင်ဘယ်လိုစာအုပ်တွေ ဖတ်နေကြလဲ"


ချင်ကောရဲ့ မျက်နှာက သိသိသာသာ ထိတ်လန့်သွားတယ်။


သူငါ့ဆီကနေ ထရပ်ပြီး အဝတ်တွေကို ကမူးရှူးထိုးဝတ်ရင်း သူ့လေသံက တုန်ယင်နေတယ်။


"အမ်၊ ကိုယ် ခုမှသတိရတယ်... ကုမ္ပဏီမှာ... လက်မှတ်မထိုးရသေးတဲ့ စာရွက်စာတမ်းတွေရှိသေးတယ်၊ ကိုယ်အရင်ပြန်လိုက်ဦးမယ်နော်"


ပြီးတော့ ချင်ကော ချက်ချင်း ထွက်ပြေးသွားရော။


ပုံမှန်အတိုင်းပဲ၊ ငါသူ့ကို ဒီလောက်လွယ်လွယ် ထွက်ပြေးခွင့်ပေးမှာမဟုတ်ဘူး။


ချင်ကောရှေ့က ပြေးတယ်၊ ငါသူ့နောက်က လိုက်တယ်။


ဖြစ်ချင်တော့ အိမ်မှာ စိန်ပြေးလိုက်တမ်းကစားနည်းက သိပ်တော့ မကောင်းဘူး။


"ဒုန်း" ခနဲ အသံကျယ်ကျယ်နဲ့ ချင်ကောတံခါးကို ဝင်တိုက်မိပြီး အပေါ်မှာတင်ထားတဲ့ ပန်းအိုးက ပြုတ်ကျလာပြီး သူ့ခေါင်းပေါ်ကို တည့်တည့်ကျသွားတယ်။


~~~