အခန်း
(၁၆) – အခုကစပြီး မင်းနေပြည်တော်သည် သူမတို့နှင့် ဘာမှမသက်ဆိုင်တော့ပေ။
အဲ့ဒါက
ဘာပဲဖြစ်ပါစေ၊ မော့မိသားစုဝင်များအား ကာကွယ်ပေးခဲ့သည့် ဟဲကျစ်ယန်၏ အပြုအမူနှင့်
ချောင်ရန်အား မညှာတာခဲ့သည်ကို ကြည့်ပြီး သူတစ်ခုတော့ ကောက်ချက်ချနိုင်ပေသည်။
ထိုအရာမှာ
ဟဲကျစ်ယန်သည် အခုထိတော့ မော့မိသားစုအပေါ် ထိခိုက်စေမည့် စိတ်ထားမျိုး လုံးဝ မရှိသည်မှာ
သေချာသည်ပင်။
သေနတ်သံကိုကြားပြီးနောက်
အရာရှိများသည် သစ်ပင်ကြီးဆီသို့ ပြေးလာကြပြီး မော့မိသားစု အမျိုးသမီးများကတော့
လောလောဆယ်တွင် အန္တရာယ်ရှိမနေပေ။ မော့ကျိုးယွီသည် ခုန်လိုက်ပြီး သူ၏ တည်နေရာမှ
ပျောက်ကွယ်သွားတော့သည်။
အပြင်ဘက်တွင်
ဘယ်လောက်ပင် ရှုပ်ထွေးနေစေကာမူ ဟဲကျစ်ယန်၏ နေရာလွတ်ထဲတွင်တော့ အံ့အားသင့်စရာ
တစ်ခုနှင့် ကြုံတွေ့နေရ၏။
သူမ ထုတ်ယူလိုက်သော
ဓားမြှောင်၊ ပစ္စတိုနှင့် ရိုင်ဖယ်သေနတ်များမှာ အပိုတစ်ခုစီ ပေါ်လာကြခြင်းပင်။
ဟဲကျစ်ယန်အတွက်တော့
ဤအရာများမှာ ပြည်နှင်ဒဏ်ပေးခံရသည့်လမ်းတွင် သူမအတွက် အသက်ကယ်ဆေးများဖြစ်လာမှာ
မလွဲမသွေ ဖြစ်သောကြောင့် များလေ ကောင်းလေပင်။
ဆယ်မိနစ်ခန့်
နေရာလွတ်ထဲတွင် စောင့်နေပြီးနောက် ဟဲကျစ်ယန် ထွက်လိုက်သောအခါ အရာရှိများ မရှိကြတော့ဘဲ
မော့မိသားစုဝင်များသည်လည်း အရင်နေရာတွင် မရှိကြတော့ကြောင်း တွေ့လိုက်ရသည်။
သူမသည်
သစ်ပင်ပေါ်မှ ချက်ချင်း ခုန်ဆင်းကာ မင်္ဂလာခန်းဆီသို့ ပြန်လာခဲ့လိုက်၏။
အရာရှိများ၏
စောင့်ကြပ်မှုအောက်တွင် မရီး လေးယောက်က မော့ကျိုးယွီအား တံခါးရွက်ပေါ်တင်ကာ
သယ်လာကြသည်ကို မြင်လိုက်ရသည်။
မရီး
လေးယောက်မှာ တံခါးရွက်ကို ခက်ခက်ခဲခဲ သယ်ကာ ထွက်လာကြသည်။
အရာရှိများက
သူမတို့အား လောဆော်နေကြ၏။
“မြန်မြန်လျှောက်ကြ၊ တုံ့နှေးတုံ့နှေးမလုပ်နဲ့”
မရီးများ
အသယ်ခံရသော မော့ကျိုးယွီမှာ စိတ်ထဲတွင် အတော်ပင် ရှက်ရွံ့မိနေပြီဖြစ်သည်။
သူ၏
အရည်အချင်းမပြည့်ဝမှုကြောင့် သူ့ကိုစောင့်ရှောက်ပေးနေသော မရီးများ
အခက်အခဲကြုံနေရခြင်းပင်။
မရီးများ
ခက်ခက်ခဲခဲ လျှောက်နေရသည်ကိုမြင်ပြီး ဟဲကျစ်ယန်သည် အရာရှိများ ခုနက
ရှာဖွေသိမ်းဆည်းလာသော သစ်သားလှည်းကို သတိရမိသွားသည်။
“နေပါဦး”
ဦးဆောင်နေသော
အရာရှိက နောက်လှည့်ကာ မကျေမနပ်မေးလိုက်၏။ “ဘာဖြစ်တာလဲ”
“ရှင်တို့ပဲ ကျွန်မတို့ကို မြို့ပြင်ထုတ်ဖို့ လောနေကြတာ မဟုတ်ဘူးလား” ဟဲကျစ်ယန်က မနှေးမမြန် မေးလိုက်သည်။
“အဲ့ဒီတော့” အရာရှိမှာ ထိုမိန်းကလေးက
တစ်ခုခုလှည့်စားချင်နေသည်ဟု ထင်မိသွားသည်။ သူမက စစ်သူကြီးချောင်ကို ပြန်အော်နေသည့်
မြင်ကွင်းကို သူတို့အားလုံး မြင်ခဲ့ပြီးသားပင်။
ဟဲကျစ်ယန်သည်
မရီးလေးယောက် သယ်ဆောင်ထားသည် တံခါးရွက်အား လက်ညှိုးထိုးပြလိုက်၏။ “ကျွန်မယောက်ျားကလွဲရင် မော့မိသားစုမှာ ကျန်တာ မိန်းကလေးတွေချည်းပဲဆိုတာ
ရှင်တို့လဲမြင်တာပဲ။ သူ့ကို မြန်မြန် သယ်သွားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ”
“မင်းကဘာလိုချင်တာလဲ”
“ရှင်တို့ ခုနက ရှာဖွေကြတော့ အဖိုးမတန်တဲ့ သစ်သားလှည်းတစ်ခု
သိမ်းခဲ့ကြတယ်မလား။ အဲ့ဒါသုံးပြီး ကျွန်မယောက်ျားကို သယ်သွားရင်
ပိုပြီးမြန်မြန်သွားနိုင်မှာပေါ့”
အရာရှိက
မျက်လုံးကိုသာ လှိမ့်လိုက်သည်။
“ကောင်းပြီ အဲ့ဒီ သစ်သားလှည်းက မင်းဟာပဲ”
သစ်သားလှည်းကိုယူကာ
မော့ကျိုးယွီအား ထိုပေါ်နေရာချပြီးနောက် ဟဲကျစ်ယန် ကိုယ်တိုင် တွန်းလိုက်သည်။
မရီးများမှာ
ဟဲကျစ်ယန်အား လေးစားစွာ ကြည့်လိုက်ကြသည်။
သစ်သားလှည်း၏
ကျေးဇူးဖြင့် အချိန်ရော ခွန်အားပါ သက်သာသွားကြ၏။ မကြာခင်ပင် အရာရှိများနှင့်
သူမတို့သည် ကာကွယ်ရေးဝန်ကြီး အိမ်တော်၏ ရှေ့တံခါးဆီသို့ ရောက်ရှိလာကြသည်။
ယခုအချိန်တွင်
ကာကွယ်ရေးဝန်ကြီး အိမ်တော်၏ အရှေ့တံခါးတွင် လူများဝိုင်းအုံလျက်ပင်။
တစ်ချို့မှာ
ပွဲကြီးပွဲကောင်း ကြည့်ချင်သည့် ဖြတ်သွားဖြတ်လာများ ဖြစ်ကြသော်လဲ တစ်ချို့ကတော့
ဧကရာဇ်က မော့မိသားစုနေအိမ်အား ဝင်ရောက်စီးနင်းရန် အမိန့်ပေးသည်ကို ကြားပြီးနောက်
သူတို့၏ မိသားစုဝင်ကို တွေ့ရန် အပြေးအလွှားရောက်လာကြသော မရီးများ၏ အိမ်တော်များမှ
လူများ ဖြစ်ကြသည်။
ရလဒ်အနေဖြင့်
သူတို့သည် မော့မိသားစုအိမ်တော်ထဲမှ လူများထွက်မလာခင် သေနတ်သံအကျယ်ကြီးကို
ကြားလိုက်ရကာ ထိတ်လန့်သွားကြ၏။
ထို့အပြင်
ချောင်ရန်၏ ခေါင်းတွင် အပေါက်ကြီးဖြစ်သွားကာ သူ၏ခန္ဓာကိုယ်က မြင်းပေါ်မှ
ပြုတ်ကျလာသည်ကို သူတို့မျက်လုံးနှင့် ကိုယ်တိုင် တွေ့ခဲ့ကြရသည်။
မြို့တော်ဝန်ကိုလဲ
ဆင့်ခေါ်ထားကြပြီဖြစ်၏။
မြို့တော်ဝန်သည်
တခြားဘာမှမပြောဘဲ သေမှုသေခင်းစစ်ဆေးရေးအရာရှိအား ဒဏ်ရာကိုသာ စစ်ဆေးကြည့်ရန်
အမိန့်ပေးခဲ့သည်။
ချောင်ရန်၏
သေဆုံးခြင်းကို ဖြစ်စေခဲ့သော အရာမှာ သူ့ခေါင်းနောက်မှ အပေါက်ကြီးဖြစ်သည်ဆိုတာ
ထင်ရှားပေသည်။
သို့သော်
စစ်ဆေးရေးအရာရှိမှာ ဘယ်လိုလျှို့ဝှက်လက်နက်က ဒီအပေါက်ကြီးကို ဖြစ်စေခဲ့လဲ
မဆုံးဖြတ်နိုင်ပေ။
ချောင်ရန်သည်
နိုင်ငံ့စစ်သူကြီး တစ်ဦးဖြစ်ပြီး သူ့တာဝန်များကို ထမ်းဆောင်နေခြင်း ဖြစ်သည်။
တာဝန်ထမ်းဆောင်နေစဉ် သေဆုံးခြင်းမှာ အသေးအဖွဲကိစ္စ မဟုတ်ပေ။
အဖြစ်အပျက်က
ကာကွယ်ရေးဝန်ကြီး၏ အိမ်တော်အပြင်ဘက်တွက် ဖြစ်ခဲ့သော်လည်း မော့ကျိုးယွီမှာ မနေ့ညက
ဧကရာဇ်မင်းမြတ်ထံမှ ကြိမ်ဒဏ် အချက် ၅၀ ပေးခံခဲ့ရပြီး မေ့မျောလျက် ပြန်သယ်လာရသည်မှာ
လျှို့ဝှက်ချက်တစ်ခု မဟုတ်သောကြောင့် ချောင်ရန်ကို သတ်သည့်လူမှာ မော့ကျိုးယွီ မဟုတ်တာ
ထင်ရှားပေသည်။
ထို့အပြင်
ယခုအချိန်တွင် လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်သူများမှာ ချောင်ရန်အား
တိုက်ခိုက်ရန် လုံးဝ သံသယဝင်ဖို့ မဖြစ်နိုင်သော မော့မိသားစု၏ အားနွဲ့သော မိန်းမသားများသာ
ဖြစ်ကြသည်။
ထိုအကြောင်းကို
တွေးကြည့်ပြီးနောက် အြို့တော်ဝန်သည် ဤကိစ္စအား သူ မစုံစမ်းနိုင်ဟု
ခံစားရသောကြောင့် ချောင်ရန်၏ အလောင်းအား တရားစီရင်ရုံးချုပ်ဆီသို့
သယ်ဆောင်သွားခိုင်လိုက်သည်။
မော့မိသားစုများ
ထွက်လာကြသောအခါ ချောင်ရန်၏ အလောင်းကို ယူဆောင်သွားကြပြီဖြစ်သည်။
အစပိုင်းက
ဤနေရာတွင် စပ်စုချင်ကြသော လူများမှာ တရားရုံးချုပ်ဆီသို့ပြေးကာ
စိတ်လှုပ်ရှားမှုလေးများကို စောင့်ဆိုင်းကြပြန်သည်။
ကျန်ရစ်ခဲ့သော
လူအများစုမှာ မရီးများ၏ မိသားစုဝင်များပင်။
ပထမဆုံး
ပြေးလာကြသူများမှာ မရီးဖုန့်ချွေ့လျန်၏ ဖုန့်မိသားစု ဖြစ်သည်။
ဖုန့်မိသားစု၏
အရာရှိအဆင့်နှင့် နေရာသည် သိပ်မမြင့်မားသောကြောင့် လွှတ်တော်ဝင်ရန်မလိုပေ။
သူတို့သည်
ချောင်ရန်က လူများကို ဦးဆောင်ကာ ကာကွယ်ရေးဝန်ကြီးအိမ်တော်ဆီ လာသောအခါမှ သတင်းကို
ကြားသိရခြင်းဖြစ်၏။
သတင်းကြားပြီးနောက်
ဖုန့်ချွေ့လျန်၏ မိခင်မှာ ငိုကြွေးကာ သူမ၏သားကို လိုက်ပို့ပေးရန်
တောင်းဆိုတော့သည်။
“ချွေ့လျန် သမီးလေး ဒီအမေက မကူညီနိုင်ခဲ့ဘူး ...”
သခင်မကြီးဖုန့်သည်
သူမသမီး၏ လက်ကိုကိုင်ကာ ခါးသီးစွာ ငိုကြွေးလိုက်၏။
သူမ၏မိခင်ကို
မြင်သောအခါ ဖုန့်ချွေ့လျန်သည်လည်း မိခင်၏ ရင်ခွင်ထဲဝင်ကာ ငိုကြွေးတော့သည်။
ဤမြင်ကွင်းမှာ
ကြည့်နေသူအားလုံးကို မျက်ရည်ဝဲစေသည်။
သခင်မကြီးဖုန့်သည်
သူမ၏လက်မောင်းတွင်းမှ ပိုက်ဆံအိတ်ကိုထုတ်ကာ တုန်ရီနေသော လက်များဖြင့်
ဖုန့်ချွေ့လန်၏ လက်ထဲ တိတ်တိတ်လေး ထည့်ပေးလိုက်သည်။
“အမေ မြန်မြန်ထွက်လာရတော့ သေချာမပြင်ဆင်ခဲ့ရဘူး။ ဒီငွေတွေက အမေ့ရဲ့ ကိုယ်ပိုင်စုငွေတွေပဲ။
လမ်းမှာ မမြင်ရတဲ့ အခက်အခဲတွေအတွက် သေချာသိမ်းထား”
သူမ၏
ခန္ဓာကိုယ်တွင် သိမ်းဆည်းထားသော ငွေလက်မှတ်များ အသိမ်းခံလိုက်ရသောကြောင့်သာ
မဟုတ်ပါလျှင် ဖုန့်ချွေ့လျန်သည် သူမမိခင်၏ ငွေများကို မယူချင်ခဲ့ပေ။
သူမစိတ်ထဲတွင်
မော့မိသားစုမှ လူများသည် ဘာကိုမှ ယူဆောင်မလာနိုင်ခဲ့သဖြင့် သူမသာ ဒီငွေကို
လက်မခံပါက အနောက်မြောက်အရပ်သို့ သွားသည့်လမ်းတွင် သေချာပေါက်
အလွန်ခက်ခဲမှာဖြစ်သည်။
သူမသည်
မိခင်ပေးလာသော ပိုက်ဆံအိတ်အား ဆုပ်ကိုင်ကာ မျက်ရည်ကို သုတ်လိုက်၏။ “အမေ ကျွန်မအတွက် စိတ်မပူပါနဲ့။ ယောက္ခကြီးရယ်၊ မရီးတို့ရယ်၊ နဝမ
မတ်လေးရယ်ဆို ကျွန်မတို့တွေ အနောက်မြောက်အရပ်ဆီ လုံလုံခြုံခြုံ ရောက်သွားကြမှာပါ”
တစ်ချိန်တည်းမှာပင်
မရီးရှောင်ချင်းအာ၏ ရှောင်မိသားစုသည်လည်း ရှောင်ချင်းအာဆီ ပိုက်ဆံအိတ်တစ်ခု
ခိုးထည့်ပေးလိုက်ပြန်သည်။
သူတို့သည်
အထုပ်အပိုးများ ကူပြင်ပေးချင်သော်လဲ အရာရှိများက တားဆီးလိုက်ကြ၏။
အကြောင်းပြချက်မှာ
အပြစ်သားများက ထိုပစ္စည်းများ မသုံးသင့်ဟူ၍ပင်။
မိသားစုဝင်များ
လိုက်မပို့နိုင်သော ကျန် မရီးများမှာ ထိုနှစ်ယောက်ကို အားကျစွာ ကြည့်လိုက်ကြသည်။
ထိုအချိန်တွင်
ဟဲကျစ်ယန်သည်လည်း ဟဲမိသားစုမှ တစ်စုံတစ်ယောက်များ သူမကို လိုက်ပို့လေမလားဟု တွေးနေခဲ့သည်။
သို့သော်
ဟဲမိသားစုမှ တစ်ယောက်မှ ရောက်မလာခဲ့ပေ။
အချိန်လင့်တော့မည်ဖြစ်သောကြောင့်
အရာရှိများသည် လိုက်ပို့ပေးချင်သော ရှောင်မိသားစုနှင့် ဖုန့်မိသားစုကို
အင်အားသုံးတားဆီးလိုက်ကာ မော့မိသားသုဝင်များအား အလျင်အမြန် ထွက်ခွာရန်
တိုက်တွန်းလိုက်ကြသည်။
ကာကွယ်ရေးဝန်ကြီး
အိမ်တော်၏ တံခါးမကြီးကို နောက်ဆုံးတစ်ကြိမ် ပြန်ကြည့်ကာ သခင်မကြီးမော့က ပထမဆုံး
ခြေလှမ်းလှမ်းလိုက်၏။
ကြောက်ရွံ့နေသေးသော
မော့ဟန်ယွဲ့ကလည်း သူမ အမေနှင့် အနီးကပ်လိုက်သွားသည်။
နောက်တွင်တော့
မော့ကျိုးယွီကို သယ်ဆောင်ထားသော သစ်သားလှည်းကိုတွန်းရင်း ဟဲကျစ်ယန်နှင့် မရီး ၈
ယောက်တို့ လိုက်ပါလာကြသည်။
လမ်းတစ်လျှောက်တွင်
သာယာဝပြောသော ဈေးတန်းများရှိနေပြီး တစ်ခါတစ်ရံ ထွက်ပေါ်လာသော ဈေးသည်များ၏
အော်သံကိုလဲ ကြားကြရသည်။
ထိုအချိန်တွင်
မော့မိသားစုဝင်များမှာ သူမတို့သည် ယခုအချိန်မှစ၍ မြို့တော်နှင့်
လုံးလုံးမသက်ဆိုင်ကြတော့ကြောင်း နှလုံးသားထဲတွင် ရှင်းရှင်းလင်းလင်း သိလိုက်ကြ၏။
လူများစွာ၏
အကြည့်အောက်တွင် မော့မိသားစုဝင်များသည် အရာရှိများနှင့်အတူ မြို့တော်၏
ဂိတ်ပေါက်အပြင်ဘက်သို့ ရောက်ရှိလာကြသည်။
မိသားစုဝင်များကို
တွေ့လိုက်ရသော မရီးဖုန့်နှင့် မရီးရှောင်မှ လွဲလျှင် ဟဲကျစ်ယန်အပါအဝင် ကျန် ၇
ယောက်မှာ မိသားစုဝင်များက လာမနှုတ်ဆက်ခဲ့ကြပေ။
မျှော်လင့်ချက်လေး
ရှိနေကြသေးသော မရီးများမှာ မြို့တော်တံခါးမှ ထွက်လာကြသောအခါ
အလွန်ဝမ်းနည်းသွားကြရသည်။
ပုံမှန်အားဖြင့်
ဆက်ဆံရေးကောင်းသော မိသားစုဝင်များက ဤအချိန်တွင် မျက်နှာပင်
လာမပြရဲကြသည်ကိုကြည့်ပြီး လောကဓံ၏ အေးစက်မှုကို ကြည့်ကာ မနေနိုင်ဘဲ
ငိုကြွေးမိကြသည်။
ဟဲကျစ်ယန်ကတော့
စိတ်ထဲမထားပေ။ သူမကိုယ်သူမ အပြင်လူဟုသာ သတ်မှတ်ထားသောကြောင့် မူလကိုယ်၏
မိဘများထံမှ ဘယ်အရာကိုမှ မမျှော်လင့်ခဲ့ပေ။
လူတိုင်းမှာ
စိတ်လွတ်နေကြပြီး သွားရင်း သွားရင်းနှင့်ပင် မြို့တော် အပြင်ဘက်ဆင်ခြေဖုံးဆီသို့
ရောက်ရှိလာကြ၏။
မမျှော်လင့်စွာပင်
သူမတို့အား လိုက်ပို့ရန် တာဝန်ရှိသည့် အရာရှိများအပြင် ထိုနေရာတွင် စောင့်နေကြသော
တခြားသော ရာဇဝတ်သား အများအပြားကိုလဲ တွေ့လိုက်ကြရသည်။
ရာဇဝတ်သားများ၏
ရာထူးအရ ထိုလူများသည်လည်း မိသားစုလိုက် ပြည်နှင်ဒဏ် ပေးခံရတာဖြစ်ကြောင်း
ထင်ရှားပေသည်။