အခန်း
(၁၂) - ဒါတွေက အနှေးနဲ့အမြန် ဖြစ်လာမှာပဲ
ထိုသတင်းကိုကြားပြီးနောက်
မော့ကျိုးယွီသည် ဒဏ်ရာများကိုပင် မမှုတော့ဘဲ ချက်ချင်းထထိုင်လိုက်၏။ “ဘာတွေ ဖြစ်နေတာလဲ”
မော့ကျိုးယွီ
စိတ်ပူနေသည်ကို သိသောကြောင့် ဟဲကျစ်ယန်သည် ဖြစ်ခဲ့သမျှ အရာအားလုံးနှင့် သူမ၏
ခန့်မှန်းချက်များကို အသေးစိတ် ပြောပြလိုက်သည်။
“အဘွားလျှို့ကို အဆိပ်ခတ်ခိုင်းတဲ့လူက ဘယ်သူဖြစ်နိုင်လဲ ရှင် စဉ်းစားမိလား”
မော့ကျိုးယွီ
မျက်မှောင်ကြုံ့လိုက်ပြီး သူ့မျက်လုံးထဲတွင် လေးနက်သော အကြည့်များ ဖြတ်ပြေးနေသည်။
စကားထုတ်မပြောသော်လဲ
သူ့စိတ်ထဲတွင် သံသယရှိသူ ရှိနေသည်ကို မျက်နှာအမူအရာမှတစ်ဆင့် သိနိုင်ပေသည်။
ဟဲကျစ်ယန်သည်
စပ်စုတတ်သော လူ မဟုတ်ပေ။ ထို့အပြင် ယခုအချိန်တွင် မော့ကျိုးယွီကလဲ သူမအား အပြည့်အဝ
မယုံကြည်သေးမှန်း ခန့်မှန်းမိပေသည်။
ကိစ္စတွေက
ဒီလိုရှိနေသောကြောင့် သူမလဲ မလိုအပ်ဘဲ ထပ်မမေးတော့ဖို့ ဆုံးဖြတ်လိုက်၏။
အခြေအနေကို
သူနားလည်ထားသရွေ့တော့ ကြိုတင်ပြင်ဆင်ထားနိုင်မည်ဖြစ်သည်။
အခန်းထဲတွင်
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဟဲကျစ်ယန်သည် စားပွဲပေါ်မှ မနက်စာကို ညွှန်ပြကာ
ပြောလိုက်သည်။ “စားစရာတွေ အေးကုန်တော့မယ်။ ဧကရာဇ်ရဲ့ လူတွေ
မရောက်လာသေးခင် မြန်မြန်စားလိုက်ဦး”
ဧကရာဇ်၏
လူများဟု ကြားသောအခါ မော့ကျိုးယွီသည် အပြင်ဘက်သို့ ခေါင်းထောင်ကြည့်လိုက်၏။
“နေ့လည်တောင် ရောက်လုနီးပြီ”
ဟဲကျစ်ယန်လည်း
ဒါက ထူးဆန်းသည်ဟု ထင်မိသည်။ သမိုင်းမှတ်တမ်းသာ မမှားယွင်းပါက ဧကရာဇ်သည်
ကာကွယ်ရေးဝန်ကြီး အိမ်တော်ဆီးသို့ မနက်စောစောတွင် လူများလွှတ်ပြီး ရှာဖွေစေခဲ့တာ ဖြစ်သည်။
“နိုင်ငံ့ဘဏ္ဍာတိုက် အခိုးခံရတာကြောင့်များ ဒီကိစ္စ နောက်ကျသွားတာလား” သူမ စဉ်းစားမိသည်ကို ချက်ချင်း ပြောလိုက်၏။
မော့ကျိုးယွီက
မငြင်းပေ။
“နိုင်ငံ့ဘဏ္ဍာတိုက် ခိုးခံရပြီး မီးရှို့ခံရတာ ကိစ္စသေးသေးလေး မဟုတ်ဘူး။
ဧကရာဇ်မင်းမြတ် အခု အလုပ်အရမ်းရှုပ်နေမှာ ကိုယ့်ကို မြန်မြန်ဒုက္ခပေးဖို့
အချိန်ရှိဦးမှာမဟုတ်ဘူး”
သူပြောပြီးပြီးချင်းပင်
အစေခံတစ်ဦးထံမှာ မှူးမတ်ကြီး၏ ဇနီးနှင့် တွေ့ခွင့်တောင်းနေသော
လူတစ်ယောက်ရှိနေသည်ဟု သတင်းပို့လာသည်ကို ကြားလိုက်ရ၏။
ဟဲကျစ်ယန်နှင့်
မော့ကျိုးယွီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ သူမ မင်္ဂလာဆောင်ပြီး
ဒုတိယနေ့မှာ ဘယ်သူကများ သူမကို တွေ့ချင်နေပါလိမ့်။
ထို့အပြင်
မူလကိုယ်သည်လည်း အပြင်လူများနှင့် အဆက်အဆံ သိပ်မရှိသောကြောင့် ဘယ်သူက
သူမအားတွေ့ချင်လဲဆိုတာ ရုတ်တရတ် စဉ်းစားမရ ဖြစ်သွားရသည်။
မော့ကျိုးယွီသည်
သူမ ဧည့်သည်ကို တွေ့သည် မတွေ့သည်အား ဝင်မစွက်ဖက်ပေ။ ထိုအစား ခေါင်းငုံ့၍သာ
အစားဆက်စားနေသည်။
ထင်ထင်ရှားရှားကိုပဲ
သူက ဟဲကျစ်ယန်ကို ဆုံးဖြတ်စေခြင်းပင်။
ဟဲကျစ်ယန်
ထရပ်လိုက်သည်။ “ကျွန်မ အပြင်ထွက်ပြီး တစ်ချက်ကြည့်လိုက်မယ်”
ဧည့်သည်မှာ
ဝန်ကြီးအိမ်တော်၏ ရှေ့တံခါးမကြီးမှ လာခြင်း မဟုတ်ဘဲ အစေခံများ ဝင်ထွက်သော
အနောက်တံခါးအသေးမှ ဝင်လာခြင်း ဖြစ်သည်။
တစ်စုံတစ်ယောက်က
ဟဲကျစ်ယန်အား အိမ်တော်အနောက်ဖက်သို့ ခေါ်ဆောင်သွား၏။ ထိုဧည့်သည်သည် အိမ်တော်ထိန်း
အစေခံပုံစံ ဝတ်ဆင်ထားပြီး ကြည့်ရသည်မှာ ရင်းနှီးနေသော်လည်း ရုတ်တရတ် ဘယ်သူဆိုတာကို
သူမ မမှတ်မိနိုင်လိုက်ပေ။
အိမ်စေက
ဟဲကျစ်ယန်ကို မြင်သောအခါ အရိုအသေပြုလိုက်သည်။ “သခင်မလေးကို
သခင်ကြီးက ရှာခိုင်းလိုက်လို့ပါ”
ထိုလူ၏
မျက်နှာကိုကြည့်ပြီး ဟဲကျစ်ယန်သည် သေချာပြန်စဉ်းစားကြည့်လိုက်သောအခါ ထိုလူက သူမ
ဖခင်၏ နောက်လိုက်တွေထဲက တစ်ယောက်ဖြစ်ကြောင်း အမှတ်ရလိုက်သည်။
“ဘာကိစ္စရှိလို့လဲ”
“သခင်မလေး ကျွန်တော့်မှာ အရေးကြီးသတင်း ပါပါတယ်”
စကားပြောပြီးနောက် သူသည် ဟဲကျစ်ယန်အား ဤနေရာသို့ လိုက်ပို့သော အစေခံဘက်ကို
တစ်ချက်ကြည့်လိုက်၏။
ဟဲကျစ်ယန်က
ထိုလူအား ချက်ချင်း ထွက်သွားခိုင်းလိုက်သည်။
“ဘာကိစ္စလဲ” သူမ အခြေအနေကို
ခန့်မှန်းပြီးသားဖြစ်သော်လဲ ထိုလူပါးစပ်က ထွက်လာမည့်စကားကို အတည်ပြုချင်နေသေးသည်။
အစေခံက
တိုးတိုးလေး ပြောလိုက်၏။ “သခင်မလေး၊ သခင်ကြီးက ကျွန်တော့်ကို ပြောခိုင်းလိုက်တာ။
ဧကရာဇ်က မကြာခင် ကာကွယ်ရေးဝန်ကြီးအိမ်တော်ဆီ လူတွေ လွှတ်တော့မယ်တဲ့။
ကျေးဇူးပြုပြီး အဆင်သင့်ပြင်ဆင်ထားပါ”
သေချာသွားပြီ။
“အဖေက ဧကရာဇ်ရဲ့ လူတွေ ဘယ်အချိန်ရောက်မယ်လို့ ပြောလိုက်သေးလား”
“အဲ့ဒါတော့ ကျွန်တော်လဲ မသိပါဘူး။ သခင်ကြီးက ပြောလိုက်ပါသေးတယ်
ဟဲမိသားစုရဲ့ သမီးတစ်ယောက်အနေနဲ့ သစ္စာစောင့်သိမှုကို ဖောက်ဖျက်လို့မရဘူး၊
ကာကွယ်ရေးဝန်ကြီးအိမ်တော်က ဘာပဲဖြစ်သွားဖြစ်သွား သခင်မလေး စွန့်ပစ်လိုက်လို့
မဖြစ်ပါဘူးတဲ့”
ဟဲကျစ်ယန်သည်
ထိုတိုက်တွန်းချက်ကို စိတ်ထဲ မထည့်ပေ။ သူမသည်လည်း မော့မိသားစုမှ ခွဲထွက်ဖို့
စိတ်ကူးရှိမနေပေ။
ထိုလူ့ထံမှ
အသုံးဝင်သော အချက်အလက်များ မရနိုင်တော့သဖြင့် ဟဲကျစ်ယန်သည် လက်ကိုဝေ့ယမ်းကာ
ထွက်သွားခိုင်းလိုက်သည်။
သတင်းကို
ဒီလိုတိုက်ရိုက်ကြားရတာက သမိုင်းစာအုပ်တွေထဲမှာ ဖတ်ရတာထက် ပိုပြီး လက်တွေ့ဆန်တာပဲ။
ဟဲကျစ်ယန်သည်
ခဏလေးတောင် တုံ့ဆိုင်းမနေရဲဘဲ ချက်ချင်းပင် မင်္ဂလာအခန်းဆီသို့ ပြန်လာခဲ့၏။
မော့ကျိုးယွီ၏
အမေးကို မစောင့်တော့ဘဲ အစေခံ၏ စကားများကို ပြန်ပြောပြလိုက်သည်။
မော့ကျိုးယွီ၏
မျက်နှာတွင် ပျော်ရွှင်မှု ဝမ်းနည်းမှု ဘာဆိုဘာမှ မတွေ့ရပေ။ အချိန်အတော်ကြာ
တိတ်ဆိတ်နေပြီးနောက် သူက အေးစက်စွာ ပြောလိုက်၏။ “ဖြစ်လာမဲ့အရာက
အနှေးနဲ့ အမြန် ဖြစ်လာမှာပဲ”
မော့ကျိုးယွီက
ဘာခံစားချက်မှ ထုတ်မပြသော်လည်း စိတ်ပျက်အားငယ်မှုကို သူ့အသံကတစ်ဆင့် သိနိုင်ပေသည်။
“ကောင်းတဲ့ဘက်ခြမ်းကိုပဲ ကြည့်ပါ။ အသက်ရှင်ဖို့ အလုပ်ကြိုးစားနေသရွေ့
ကြီးကျယ်ခမ်းနားတဲ့နေ့ကြီး တစ်ရက်တော့ ရောက်လာလိမ့်မယ်လို့ ယုံကြည်တယ်”
“ဟမ့်... အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ဖြစ်ပြီး ငါ့မိသားစုထဲက
အမျိုးသမီးတွေကိုတောင် ငါနဲ့အတူ ခံစားစေရပြီ။ ဘယ်ကြီးကျယ်ခမ်းနားတဲ့ နေ့ကြီးကို
သွားမျှော်လင့်ရမှာလဲ” မော့ကျိုးယွီက ရွဲ့ပြောလိုက်၏။
မော့ကျိုးယွီမှာ
အခုအချိန်တွင် အလွန်စိတ်ဓာတ်ကျနေပြီး သူမ ဘယ်လောက်ပဲ အားပေးပါစေ အသုံးမဝင်ကြောင်း
ဟဲကျစ်ယန် သိပေသည်။ နောက်ပိုင်းမှသာ သူ့ကို ဖြည်းဖြည်းချင်း နားချရမှာ ဖြစ်သည်။
ထိုအချိန်တွင်
ဆဌမ မရီး၏ အော်သံက အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ “အား
... ရေပုံးတွေ စားဖိုဆောင်ထဲကပစ္စည်းတွေနဲ့ စတိုခန်းထဲက ပစ္စည်းတွေက ဘာလို့
နဝမမတ်လေးရဲ့ နားနေဆောင်ထဲ ရောက်နေရတာလဲ”
ဟဲကျစ်ယန်၏
အမှု ပေါ်သွားရသည်။ သူမ၏ ပေါ့ဆမှုကြောင့် နားနေခန်းထဲရှိ အပုံကြီးအား
တစ်ယောက်ယောက်က တွေ့ရှိသွားလေပြီ။
အခု အခြေအနေက
ဘယ်လောက်တောင်ဆိုးလဲ သူမ အသိဆုံးပင်။
သူမ သိမ်းဆည်းခဲ့သည့်
အရွယ်အစား ကြီးမားသော ပစ္စည်းများအားလုံးနီးပါးမှာ နားနေခန်းထဲတွင် ဖြစ်သည်။
စတိုခန်းထဲမှ
သိမ်းလာခဲ့သော ပန်းအိုးများနှင့် အဆင်တန်ဆာအချို့ပင် ပါဝင်နေသေးသည် ...
အခုတော့
မြစ်ဝါမြစ်ထဲ ခုန်ချလိုက်လျှင်ပင် သူမနာမည်ကို မရှင်းလင်းနိုင်မှာ ကြောက်သွားမိ၏။
မောကျိုးယွီ
မျက်ခုံးပင့်လိုက်ပြီး ဟဲကျစ်ယန်၏ တုန်လှုပ်နေသော အမူအရာကိုကြည့်ကာ ချက်ချင်းပဲ
သဲလွန်စရသွားသည်။
“သူတို့မေးလာရင် အကုန်လုံး ကိုယ့်ကိုသာ လွှဲချလိုက်”
ဟဲကျစ်ယန်
ခဏသာ စိတ်ပူပန်သွားရပြီး ချက်ချင်းပင် ပြန်တည်ငြိမ်သွားရသည်။
မော့ကျိုးယွီ၏
စကားကြောင့် သူမ ပိုလို့ပင် သတ္တိရှိသွားရသည်။
နားနေခန်း
တံခါးဆီသို့ သူမရောက်သွားသောအခါ သခင်မကြီးမော့ အပါအဝင် မရီးအားလုံးကို ထိုနေရာတွင်
တွေ့လိုက်ရသည်။
သူမတို့၏
အမူအရာများမှာ တစ်ထပ်တည်းပင်။ ပါးစပ်ဟလျက် မျက်လုံးများကလဲ ထိတ်လန့်နေကြ၏။
ဟဲကျစ်ယန်
လာသည်ကိုမြင်ပြီး တတိယ မရီးက သူမ၏ လက်ကို ချက်ချင်း ဆွဲလိုက်သည်။
“နဝမယောင်းမလေး ဒီပစ္စည်းတွေက စားဖိုဆောင်နဲ့ ဂိုထောင်ထဲကနေ ဘယ်လိုလုပ်
ဒီနေရာရောက်နေတာလဲဟင်”
ဟဲကျစ်ယန်လဲ
သူမတို့လိုပင် ထိတ်လန့်ဟန်ဆောင်လိုက်ပြီး မျက်လုံးပြူးကာ ခေါင်းသာယမ်းပြလိုက်သည်။
“မနေ့ညက ကျွန်မရဲ့ ခန်းဝင်ပစ္စည်းတွေကို သိမ်းဆည်းဖို့လာတုန်းက ဒီလိုတွေ
မရှိသေးပါဘူး။ ဒီပစ္စည်းတွေ ဘယ်ကပေါ်လာတာလဲ”
“ဒီသူခိုးက အရှက်မဲ့လွန်းတယ်။ ဂိုထောင်ထဲက ပစ္စည်းတွေခိုးတာ ထားပါတော့
အခုတော့ သံဒယ်အိုးကြီးပါ ယူထားသေးတယ် ...” ဆဌမ မရီးက
မကျေမနပ်ပြောလိုက်သည်။
“ဟုတ်ပါ့။ သူက ရသမျှအကုန်ယူသွားပြီးတော့ တန်ဖိုးမကြီးဘူးလို့
ထင်တဲ့ဟာတွေကို ဒီမှာ လာပုံသွားတာပဲ”
“ကျွန်မသိချင်တာက ဒီသူခိုးက အင်မော်တယ်များလား။ ဒီလောက် အများကြီးကို
အသံတောင်မထွက်ဘဲ သူ ဘယ်လိုရွှေ့လိုက်တာလဲ”
မရီးများက
သူခိုးလေးကို ကြိမ်းမောင်းနေကြသည်ကို နားထောင်ရင်း ဟဲကျစ်ယန်မှာ ရယ်ရမလား
ငိုရမလားပင် မသိတော့ပေ။
သို့သော်
ဒီလိုအချိန်တွင် သူမ၏ ခံစားချက်အမှန်ကို ထုတ်မပြရဲပါချေ။
သူမ
တစ်ခုခုပြောမလို့ ပြင်စဉ်ပင် မော့ကျိုးယွီက ချက်ခက်ခဲခဲဖြင့် ဖြေးဖြေးလေး
လမ်းလျှောက်လာ၏။
“ထပ်မစဥ်းစားနဲ့တော့။ ဒါ ကျွန်တော် လုပ်ထားတာ။ ဒီပစ္စည်းတွေ တခြားလူလက်ထဲ
ရောက်သွားမှာလဲ မလိုချင်ပေမဲ့ ကျွန်တော်တို့လဲ သယ်သွားလို့ မရတာနဲ့
ဒီနားနေခန်းထဲမှာပဲ အကုန်ပုံထားလိုက်တော့တာ”
သူ့ဖြေရှင်းချက်က
အနည်းငယ် ထူးဆန်းနေသော်လဲ ဘယ်သူကမှ သံသယမဝင်ကြပေ။
နဝမမတ်လေးရဲ့
အစွမ်းနဲ့သာဆို ဒီလောက်လေး လုပ်ဖို့က ခက်ခဲတဲ့အရာမှမဟုတ်တာ။
မရီးရှစ်ယောက်က
မော့ကျိုးယွီ၏ လုပ်နိုင်စွမ်းကို အကြီးအကျယ် ချီးကျူးကြတော့မည့် အချိန်ပင်
သခင်မကြီးမော့က ဝင်ပြောလိုက်သည်။
“တော်လောက်ပြီ။ မင်းနဲ့ နဝမချွေးမတို့ ခန်းဝင်ပစ္စည်းတွေ သိမ်းဆည်းဖို့
မမေ့ကြမှတော့ ဒီအရေးမပါတာတွေကို တွေးမနေနဲ့တော့”
မရီးများမှာ
သခင်မကြီးမော့၏ စကားကို နားထောင်ကြသည်။ သူမ စကားပြောသည်ကို မြင်သောအခါ
ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ကြ၏။
မော့ကျိုးယွီသည်
အားလုံးကို အခန်းထဲသို့ ခေါ်လိုက်ပြီး ဟဲအိမ်တော်မှ ရလာသောသတင်းကို
မျှဝေပေးလိုက်သည်။
မရီးများ၏
မျက်နှာမှ အပြုံးမှာ ချက်ချင်းပျောက်ကွယ်သွားပြီး အားလုံး အလေးအနက်ဖြစ်လာကြသည်။