အခန်း(၄)
Viewers 110

အခန်း (၄) ဖောက်သည်ချခံရခြင်း။


ဒီလိုပတ်ဝန်းကျင်အသစ်မှာ သူမသေချာပေါက် ကောင်းကောင်းအိပ်ပျော်နိုင်မည်မဟုတ်လို့ ရှန်းကျီးချောင် တွေးတောလိုက်ခဲ့တယ်။ ဒီနေ့ကျတော့ သူမ သဘာဝအတိုင်း နိုးလာလိမ့်မယ်လို့ ဘယ်သူက သိမှာတဲ့လဲ။ သူမ မယုံနိုင်လောက်အောင် အိပ်မောကျသွားလိုက်တာပဲ။ ဒီည ကုန်လွန်ပြီး တဲ့နောက်မှာ သူမ နောက်ထပ် ဘာဆက်လုပ်ရမယ်ဆိုတာ မတွေးတောတတ်တော့ဘူးပဲ။


သူမ အရင်လုပ်ရမယ့်အရာက သူမဘေးက သူလျှိုတွေကို အရင်ဆုံး ရှင်းပစ်ဖို့ပင်။ စောင့်ကြည့်ခံရတဲ့အချိန်မှာ သူမကိုယ်သူမ ဆေးထိုးအပ်တွေပေါ်မှာ ထိုင်နေသလို ခံစားရတယ်။ ဒါက သူမကို အလွန်တရာကို စိတ်မသက်မသာခံစားရစေတယ်။ ဒါပေမဲ့လည်း အခုအချိန်မှာ သူမက ဘာမှ မသိသေးတာမို့ ကူရာမဲ့ဖြစ်နေခဲ့တယ်။ ဘယ်သူက ယုံရတယ် ဘယ်သူက မယုံရဘူးဆိုတာ သူမ မသိဘူးပဲ။ သူမ ဘယ်လို သိနိုင်မှာများလဲ...


သူမ ဆို့နင့်စွာနဲ့ မျက်ရည်တွေ ဝဲတက်လာတော့တယ်။ ဖုတ်ကောင်တစ်ကောင်လို လှဲနေပြီးတော့ အိပ်ရာကနေမထဘဲနဲ့ စတုဂံပုံ မှန်ကူကွက်ပုံသဏ္ဍာန်ကွေးထားတဲ့ ပြတင်းပေါက်ဘောင်ကို လှမ်းကြည့်လိုက်ခဲ့တယ်။


အပြင်ဘက်က နေရောင်ခြည်က တောက်ပနေခဲ့တယ်။ ပုစဉ်းရင်ကွဲတွေရဲ့ အော်မြည်သံက ရှန်းကျီးချောင်ကို စိတ်အနှောက်အယှက်ဖြစ်စေလိုက်တယ်။ "အစေခံတွေ ပုစဉ်းရင်ကွဲတွေကို မောင်းထုတ်လိုက်ကြစမ်း!"


အပြင်ဘက်မှာ စောင့်ဆိုင်းနေတဲ့ အစေခံတစ်ယောက်က ပြန်ဖြေလိုက်တယ်။ "တတိယသခင်မလေး တစ်ယောက်ယောက်ကို အခုပဲ သွားမောင်းထုတ်ခိုင်းလိုက်ပါ့မယ်"


သူတို့တတွေ အချိန်အတော်ကြာတဲ့အထိ ကြိုးစား လုပ်ဆောင်ခဲ့ကြပေမဲ့ အကျိုးမရှိပေ။ ဒီအစေခံတွေက သူမအမိန့်ကို တကယ် နားမထောင်ဘူးပဲ။ ရှန်းမိသားစုမှာ အပ်စပ်လျော်ကန်တဲ့ အမျိုးသမီးအုပ်ချုပ်သူ မရှိပေ။ သခင်မကြီးရှန်းကပဲ အိမ်ထောင်ဦးစီးဖြစ်ဆဲပင်။ သူမကလည်း သခင်မကြီး ကြိုက်နှစ်သက်သူ မဟုတ်တာကြောင့် အစေခံတွေကလည်း အခြေအနေအရသာ လိုက်လျောညီထွေ လုပ်‌ဆောင်ကြတယ်။ ပုံမှန်အားဖြင့် သူတို့တွေက သူမ အမိန့်ကို စိတ်ရောကိုယ်ပါ မလုပ်ဆောင်ကြတာဖြစ်တယ်။


အဆုံးသတ်မှာတော့ သူမကပဲ တင်းကြပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ သခင် ဖြစ်ခဲ့တယ်။ သူမ အစေခံတွေကို ခေါ်ပြီး ဆူပူကြိမ်းမောင်းလိုက်တော့တယ်။ သူတို့တွေ သူမကို အမှန်တကယ် အနိုင်ကျင့်လွယ်တယ်လို့ ထင်မြင်ခွင့် မပြုသင့်ဘူးပဲ။ အမြှောက်စာဇာတ်ကောင်တွေက အမြှောက်စာဇာတ်ကောင်တွေလို သရုပ်ဆောင်သင့်တယ် မဟုတ်ဘူးလား။


သူမ တစ်ခုခုထပ်ပြောတော့မည်လုပ်စဉ်မှာတော့ အစေခံတစ်ယောက် ဝင်လာခဲ့တယ်။ အစေခံက သူမကို ကြည့်တဲ့ပုံစံက မထီမဲ့မြင်ပုံစံနဲ့ပါလား။ စိတ်မပါလက်မပါ အသံနဲ့ သူမက ပြောလိုက်တယ်။ "တတိယသခင်မလေး သခင်မကြီးက သခင်မလေးကို တာ့အန်း ခြံဝင်းကို လာဖို့ ခေါ်ခိုင်းလိုက်ပါတယ်"


ရှန်းကျီးချောင် ခဏလောက် အံ့အားသင့်သွားတယ်။ သူမကို အပြစ်ပေးခဲ့ပြီးပြီမလား? အစေခံကို သခင်မကြီးက သူမကို ဘာလို့ ရှာနေလဲဆိုတာ မေးလိုက်ချင်ပေမဲ့ သူမက သူမရဲ့အဝတ်စားတွေကို ရမ်းခါပြီးတော့ လိုက်ကာတွေကို 'မ' ပြီး အပြင်ကို ထွက်သွားလိုက်ခဲ့တယ်။


အဖြေ ပြန်မရရှိခဲ့တာကြောင့် ရှန်းကျီးချောင် ဘာဆက်ဖြစ်တော့မလဲ ကြောက်ကြောက်လန့်လန့်နဲ့သာ ရှန်းသခင်မကြီးရဲ့ တာ့အန်းခြံဝင်းကို သွားလိုက်ခဲ့တော့တယ်။


အခန်းက တိတ်ဆိတ်နေခဲ့တယ်။ ရှန်းသခင်မကြီးက နောက်ကျောမှာ ပိုးထည်ခေါင်းအုံးကိုမှီထားပြီး အနွေးကုတင်ပေါ်မှာ ကျော့ရှင်းစွာ ထိုင်နေခဲ့တယ်။ သူမလက်ထဲမှာတော့ ငွေရောင် တူချောင်းများကိုင်ကာ နှင်းသစ်တော်သီးတွေကို စားနေခဲ့တယ်။ ရှန်းကျီးချောင် ဝင်လာတာကို မြင်လိုက်တော့ သူမမျက်လုံးထဲမှာ ရွံရှာမုန်းတီးမှုတွေကို ဖုံးကွယ်ထားဖို့ စိတ်မရှိခဲ့ပေ။ သူမက စားပွဲပေါ်မှ ငွေတူတွေကို ဆောင့်ကြီးအောင့်ကြီး ပစ်ချလိုက်ပြီး သူမ ဘယ်တုန်းကမှ မနှစ်သက်ခဲ့တဲ့ မြေးမလေးကို အေးစက်စွာ စိုက်ကြည့်လိုက်တယ်။


"အဖွား" ရှန်းကျီးချောင်ရဲ့အကြည့်က သခင်မကြီးရှန်းရဲ့ မျက်နှာ အမူအရာအပေါ် ကျရောက်သွားတယ်။ သူမ မျက်နှာက မှင်ရည်တွေလို မည်းမှောင်နေတာပဲ။ မူလခန္ဓာကိုယ်က မကောင်းတာ တစ်ခုခုများ လုပ်မိသွားတာကို တွေ့ရှိသွားတာများလားလို့ တွေးတောမိလိုက်ရင်း သူမနှလုံးသားက တုန်ရင်သွားတော့တယ်။


သခင်မကြီးရှန်းက သူမကိုယ်သူမ မှားယွင်းခံရသလို ဟန်ဆောင်နေတဲ့ ရှန်းကျီးချောင်ရဲ့ မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း ရိုက်ပစ်ချင်နေလေတယ်။ ရှန်းမိသားစုက သြဇာကြီးမားတဲ့ မိသားစုဖြစ်တယ်။ ဒီလို ပြဿနာရှာတတ်တဲ့ အိမ်သားတစ်ယောက် သူတို့ဆီ ရောက်လာအောင် ဘာတွေလုပ်ခဲ့မိလဲဆိုတာ ဘယ်သူသိမှာတဲ့လဲ။


"မနေ့က ဗုဒ္ဓတစ်ထောင်ဘုရားကျောင်းမှာ နင် ဘာလုပ်ခဲ့တာလဲ" သခင်မကြီးရှန်းက မေးလိုက်တယ်။ သူမ ပါးတွေက အနည်းငယ် တုန်ယင်နေပြီး သူမဒေါသတွေကို ထုတ်လွှင့်နေခဲ့တယ်။


သူမ သိတယ်! ရှန်းကျီးချောင် သူမ နှလုံးသားထဲမှာ ထိတ်လန့်ချောက်ချားသွားတော့တယ်။ မျှော်လင့်ထားသလိုပဲ ရှန်းဖေးယင်က သူမနဲ့ ကျီချန်းတို့ အခန်းတစ်ခန်းထဲမှာ အတူရှိနေမိတဲ့ သတင်းကို ဖြန့်လိုက်တာပဲ။ ဒါက ဘယ်လိုမျိုး ဇာတ်ကြောင်း တိုးတက်လာတယ်ဆိုတာပဲ။ မနေ့က အုတ်အော်သောင်းနင်း ပြဿနာဖြစ်ပြီးတဲ့နောက်မှာ ရှန်းဖေးယင်ရဲ့ အတွေးတွေကို သူမ ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ သူမ တွေးတောမိလိုက်တာပဲ။ 


"မနေ့က သမီး ဗုဒ္ဓတစ်ထောင် ဘုရားကျောင်းမှာ သွားဆုတောင်းတာပါ" ရှန်းကျီးချောင် ပခုံးတွန့်ကာ ပုံမှန်လို သရုပ်ဆောင်လိုက်ခဲ့တယ်။


တကယ်လို့ သူမ ရှန်းမိသားစုမှာ ကောင်းကောင်းမွန်မွန် နေထိုင်ချင်တယ်ဆိုရင် ရှန်းသခင်မကြီးကို စိတ်ကျေနပ်အောင် လုပ်ပေးဖို့ လိုလိမ့်မယ်။ ဒါပေမဲ့လည်း ရှန်းသခင်မကြီးက သူမကို ဂြိုလ်ဆိုးမတစ်ယောက်လို့ တွေးတောပြီးနေပြီပဲ။ သူမ ဘာပဲလုပ်လုပ် အဲဒါကို အသိမှတ်ပြုမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ဘာလို့ သူမကို စိတ်ကျေနပ်အောင် အင်အားဖြုန်းတီးနေရဦးမှာလဲ?


သခင်မကြီးရှန်း ဒေါသတွေ ပေါက်ကွဲထွက်သွားတော့တယ်။ "သွားဆုတောင်းတယ်? သခင်လေးချီရဲ့ အခန်းမှာ နင် သွားဆုတောင်း ပြီးသွားပြီမလား။ နင်က ရှန်းအိမ်တော်ရဲ့ တရားဝင် တတိယသခင်မလေးပါ။ ဒီလိုဟာမျိုး နင်မို့လို့ လုပ်ဝံ့တယ်... လူ့ကျင့်ဝတ်ကို ဖောက်ဖျက်ခဲ့တယ်ပေါ့။ နင်က ငါ့ကို မနှစ်မြို့လို့ တမင်ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းနေတာလား ဒါမှမဟုတ် နင့်အဖေကို မြို့တော်မှာ လူတကာ ရယ်မောစရာဖြစ်အောင်လုပ်ချင်နေတာလား"


"တကယ်လို့ သမီးသာ ဘာမှမလုပ်ခဲ့ရင် အဖေရဲ့ နာမည်ဂုဏ်သတင်းကို ပိုကောင်းအောင် လုပ်ပေးနိုင်မှာမို့လား" ရှန်းကျီးချောင် မျက်မှောင်ကြုတ်ကာ ခွန်းတုံ့ပြန်လိုက်တယ်။ 'ယောက်ျားနှင့် မိန်းမ ကြားမှာ အကွားအဝေးထားသင့်တယ်ဆိုတာကို သူမ သိပါတယ် ဒါပေမဲ့ ပြဿနာက ဝတ္ထုထဲမှာ ကျား-မ လိင်နှစ်မျိုးနှင့် ပတ်သက်ပြီးတော့ တင်းကျပ်တဲ့ စည်းကမ်းတွေကိုမှ မရေးသားထားခဲ့တာပဲ။ ရှန်းဖေးယင်လည်း အမျိုးမျိုးသော ယောက်ျားတွေ တပုံတပင်နဲ့ အရှုပ်အထွေးတွေ ရှိနေတုန်းပဲမလား။ သူမ နှင့် ချီကျန်းက ရှက်စရာတစ်ခုခု လုပ်လိုက်တာမှ မဟုတ်ဘဲ။ တခြားသူတွေရဲ့အမြင်မှာ ဘယ်လိုလုပ်ပြီးတော့ သူမက တော်တော်လေးဆိုးရွားတဲ့ အရာတစ်ခုကို လုပ်ခဲ့တဲ့ ပုံပေါက်သွားရတာလဲ'


"နင်က ပြန်ပြောရဲတယ်ပေါ့လေ!" သခင်မကြီးရှန်းက စားပွဲကို တဘုံးဘုံး ထုရိုက်လိုက်ပြီး သူမဝတ်ထားတဲ့ ရွှေလက်ကောက်က အပိုင်းပိုင်းကျိုးပဲ့လုမတတ်ပင်။


ရှန်းကျီးချောင်က နှုတ်ခမ်းတွေကို စုဝိုင်းလိုက်ကာ ပြန်တုံ့ပြန်လိုက်တယ် "ဘာပဲဖြစ်ဖြစ် သမီးက အမှန်အတိုင်းပြောနေတာ။ အစ်မရှန်းတောင်မှ ယောက်ျားလေးတွေနဲ့ ခဏခဏ အပြင်ထွက်တတ်တာပဲ၊ အဲဒါဆိုရင်ရော လူ့ကျင့်ဝတ်ကို ဖောက်ဖျက်တယ်လို့ ယူဆတာပဲလား"


"တတိယသခင်မလေးရှန်းနဲ့ နင်နဲ့ ယှဉ်နိုင်လို့လား။ နင့်ကိုနင် ကြည့်စမ်းပါဦး!" သခင်မကြီးရှန်းက သူမမြေးမလေးရဲ့ မျက်နှာကို ကာကွယ်ဖို့ လုံးဝ မစဉ်းစားဘဲ လှောင်ပြောင်လိုက်ခဲ့တယ်။


သခင်မကြီးက သူမကို တကယ်မုန်းတီးနေတာပဲ... ... ရှန်းကျီးချောင်က မူလခန္ဓာကိုယ်ကို တကယ် သနားသွားမိတယ်။ သူမအမေက အစောကြီးဆုံးပါးသွားတော့ အဖွားက သူမကို မုန်းတယ်။ သူမရဲ့ အကြီးအကဲတွေက သူမကို ပြုစုပျိုးထောင်ဖို့ လုံးလုံး မကြိုးစားခဲ့ကြဘူး။ သူမကိုချစ်တဲ့ ဖခင်တစ်ယောက်ရှိပေမဲ့လည်း အိမ်တော်အတွင်းရေးကိစ္စတွေကို ယောက်ျားသားတစ်ယောက်က ဝင်စွက်ဖက်နိုင်တဲ့ နည်းလမ်းမရှိဘူး။ အဲဒီထက်ပိုတာက သူက အပြင်ကို ခဏခဏ ထွက်နေရတာမို့လို့ မူလခန္ဓာကိုယ်ကို မှားယွင်းတဲ့နည်းလမ်းနဲ့ ပျိုးထောင်လာတာ မထူးဆန်းတော့ဘူးပဲ။


ရှန်းကျီးချောင် သခင်မကြီးကို စိတ်ကျေနပ်စေဖို့ သူမမှာလည်း စိတ်အခြေနေကောင်းမနေပေ။ အဆုံးမှာတော့ အသုံးမှ မဝင်တာပဲ။ "သမီး ဘယ်သူ့ကိုမှ မသတ်ခဲ့သလို မီးလည်း ရှို့ထားခဲ့တာမှမဟုတ်တာ။ သမီး ဘာအမှား လုပ်ခဲ့မိလို့လဲ?"


"နင် မင်းသား(၉) နဲ့ နီးစပ်ချင်မှန်း လူတိုင်း သိတယ် ဒါပေမဲ့ သခင်လေးချီရဲ့ အခန်းကို မှားပြီးတော့ ဝင်သွားခဲ့တာပဲ။ နင့်မှာ နည်းနည်းလေးမှတောင် မိန်းကလေးတစ်ယောက်လို သင့်လျော်တဲ့အပြုအမူမျိုး မပြုမူဘဲနဲ့ အရူးတစ်ယောက်ရဲ့ ပုခုံးကိုတောင် တွဲထားလိုက်သေးတယ်။ နင့်အဖေက နင့်ကို ဘယ်လို ပြုစုပျိုးထောင်ရမလဲ မသိဘူးလို့ လူတွေက ပြောနေကြတာ နင်သိရဲ့လား" သခင်မကြီးရှန်းက သူမကို အော်ဟစ်ဆူငေါက်လိုက်ခဲ့တယ်။


"ဗုဒ္ဓတစ်ထောင်ကျောင်းတော်ထဲမှာ ဖြစ်ပျက်ခဲ့တာကို ကျောင်းထိုင်ဆရာတော်က မြင်ခဲ့ပြီးသားပဲ။ အဖွား သွားပြီးတော့ အတည်ပြုကြည့်လို့ရတယ်" ရှန်းကျီးချောင်က ပြန်ဖြေလိုက်တယ်။ သူမလည်း ဘယ်လို ရှင်းပြရမှန်း မသိတော့ဘူးပဲ။ အတင်းအဖျင်းတွေက တောမီးလို ပျံ့နှံ့သွားလိုက်တာပဲ။ ပြီးတော့လည်း မူလကိုယ်ခန္ဓာရဲ့ ဂုဏ်သတင်းက အစကတည်းက တစ်စက်လေးမှ ကောင်းခဲ့တာမှ မဟုတ်တာ။


သခင်မကြီးရှန်းက ရှန်းကျီးချောင်တစ်ယောက် သူမအမှားကို နောင်တမရရုံသာမက ယုံကြည်ချက်ရှိရှိ ပြန်ခံပြောမယ်လို့ မထင်ထားခဲ့ပေ။ ဒေါသထွက်လွန်းလို့ သူမ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်ယင်သွားတော့တယ်။ သူမက ရှန်းကျီးချောင်ကို လက်ညှိုးငေါက်ငေါက်ထိုးလိုက်ပြီး ကျိန်ဆဲလိုက်တယ် "နင် လိုချင်တာမှန်သမျှ ရဖို့အတွက် အပျက်မတစ်ယောက်လို နေချင်သလို့နေလို့ရတယ်၊ ဒါပေမယ့် မိသားစုထဲက တခြားညီအစ်မတွေကို ဆွဲမချမိစေနဲ့။ ငါတို့ ရှန်းအိမ်တော်ရဲ့ သမီးပျိုတွေက နင့်လိုပဲလို့ အခြားသူတွေက ထင်နေကြလိမ့်မယ်။ ငါတော့ နင့်ကို သင်ခန်းစာရအောင် သင်ကြားပေးအုံးမှ ဖြစ်မယ်!"


သခင်မကြီးရှန်းက ရှန်းကျီးချောင်က တခြားသူတွေကိုပါ ဆွဲချသွားမှာကို စိုးရိမ်နေခဲ့တာပဲ။ အဖွားကြီးက တရားမ၀င် သမီးနှစ်ယောက်ကို တရားဝင် သမီးထက် ပိုဂရုစိုက်တယ်ဆိုတာ ဘယ်သူက သိမှာတဲ့လဲ။


"သမီးကတော့ လုံးလုံး ရှက်တယ်လို့ မခံစားရဘူး" ရှန်းကျီးချောင်က ပြောလိုက်တယ်။ သို့သော်လည်း ဒါက ဒီလောက်နဲ့ ရိုးရှင်းနေမှာမဟုတ်တာကိုတော့ သူမ ယုံတယ်။ ရှန်းဖေးယင်မှာ အရန်အစီအစဉ်တစ်ခု ရှိနေလောက်တယ်။


သခင်မကြီးရှန်းက သူမကို မောင်းထုတ်ချင်လုနီးပါးပင်။ သူမက အသက်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်တယ်။ "နင့်ဘာသာနင် အရှက်မရှိ နေခဲ့ပြီးတော့ နင့်အတွက် မတွေးပေးခဲ့လို့ ငါ့ကို အပြစ်မတင်လိုက်နဲ့။ နင်က ငယ်သေးပေမယ့် နင့်ညီအစ်မနှစ်ယောက်ကို မလွှမ်းမိုးသွားဖို့အတွက် နင့်ကို အရင်ဦးဆုံး လက်ထပ်ပေးဖို့ကလွဲလို့ ငါ့မှာ ရွေးချယ်စရာမရှိတော့ဘူး"


ဘာပြောတယ်? ရှန်းကျီးချောင် ကြောင်အသွားပြီး အံ့အားသင့်စွာနဲ့ ပြောလိုက်တယ် "အဖွား သမီးက ဆယ့်သုံးနှစ်ပဲ ရှိသေးတာလေ!"


အသက် ဆယ့်သုံးနှစ်ပဲရှိသေးတဲ့ ကောင်မလေးကို လက်ထပ်ပေးရသတဲ့လား။ သေလိုက်ပါတော့!


"ဟမ့်၊ နင်က နင့်ကိုယ်နင် အသက်ဆယ့်သုံးနှစ်အရွယ်မှာ ယောက်ျားရှာဖို့တောင် သိပြီးပြီပဲလေ။ နင် တခြားဘာလုပ်နိုင်လို့လဲ" သခင်မကြီးရှန်းက ဒေါသကို မချုပ်ထိန်းနိုင်စွာ လှောင်ပြောင်သရော်လိုက်တယ်။


သူမ အရမ်း လွန်လွန်းအားကြီးသွားပြီ! အဖွားတစ်ယောက်က သူ့မြေးမကို ဒီလို မပြောသင့်ဘူးလေ။ ရှန်းကျီးချောင် သခင်မကြီးရှန်းကို ထပ်စိတ်ပျက်သွားလိုက်တယ်။ သူမက ပြောလိုက်တယ်။ "သမီး လက်ထပ်မယ် ဆိုရင်တောင် အဖေ ပြန်လာပြီး သူ ဆုံးဖြတ်ချက်ချဖို့ စောင့်သင့်တယ်။ သမီးမှာ အမေ ဆုံးပါးသွားပေမယ့် သမီးမှာ အဖေ ရှိသေးတယ်"


သခင်မကြီးရှန်းက ဘာပြန်ပြောရမှန်းမသိတော့ဘဲ နှုတ်ခမ်းပွင့်အာသွားလိုက်တယ်။ အပြင်က အစေခံက သူမကို လာနှောင့်ယှက်လိုက်ခဲ့တယ်။ "သခင်မကြီးရှင့်၊ အပြင်မှာ တတိယသခင်မလေး ရောက်နေပါတယ်"


ရှန်းဖေးယင်က ဘာလို့ ဒီကို ရောက်လာတာလဲ။ ရှန်းကျီးချောင် ကျောချမ်းစိမ့်သွားတော့တယ်။


"တတိယသခင်မလေးရှန်းက နင့်ဆီလာတာပဲ။ သူ့ကို သွားတွေ့လိုက်။ နင် လက်ထပ်ဖို့အရေးနဲ့ ပတ်သက်လို့ ငါက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချနိုင်သေးတယ်။" သခင်မကြီးရှန်းက နက်မှောင်သောအမူအရာဖြင့် သူမကို စိုက်ကြည့်လိုက်ခဲ့တယ်။


ရှန်းကျီးချောင် မျက်မှောင်ကြုတ်ကာ လှည့်ထွက်လာလိုက်တော့၏။ သူမကရှန့်ဖေးယင် ဘာပြောမလဲဆိုတာ သွားနားထောင်ဖို့ လိုလေတယ်။ 


***

🍁