အပိုင်း ၄၉
Viewers 31k

Chapter 49


စွပ်ပြုတ်အရည်ကို အူများနှင့် ဘန်းမုန့်များ​ပေါ်တွင် ထပ်ကာထပ်ကာ ​လောင်းချလိုက်ပြီး ​ဆောစ့်၊ လတ်ဆတ်​သော လက်တစ်ဆုပ်စာ ကြက်သွန်ဖြူမြိတ် အပင်​ပေါက်​လေးများ၊ တရုတ်နံနံတို့ကို ထည့်ကာ စွပ်ပြုတ်ကို ထပ်​လောင်းချလိုက်ပြန်သည်။ သင်သာ အစပ်စာများကို ကြိုက်နှစ်သက်ပါက အရသာ ပိုပြင်းလာ​စေရန် အနီ​ရောင် ငရုတ်သီးမှုန့်တစ်ဇွန်းကို ထည့်သင့်​ပေသည်။


​ဒေါက်တာလျူက အူမကြီး အပိုင်းကြီးကြီးတစ်ခုကို ​ကောက်ယူကာ မျက်လုံးများ မှိတ်လိုက်ပြီး ​​သေ​သေချာချာ အရသာခံလိုက်သည်။ 

အူမကြီးက အလွန်အမင်း နူးညံ့ပြီး နူးအိ​နေ​ပေသည်။ အဆီပြည့်​သော်လည်း ညှီနံ့နံမ​နေဘဲ ဝါးရလွယ်​နေသည်။ ဝက်ရိုးနှင့် ကြက်သား စွပ်ပြုတ်အခံရည်က အရသာပြည့်ဝ​နေသည်။ umamiအရသာက အူများတွင် စိမ့်ဝင်​နေပြီး အဆီများ​သော်လည်း ချွဲကျိမ​နေ​ပေ။


ဘန်းမုန့်​ပေါင်းအပိုင်းအစတိုင်းနှင့် ကြာဆံဖတ်များက စွပ်ပြုတ်တွင် ​ပျော်ဝင်​နေကာ ခံတွင်းထဲတွင် အလွန် နူးညံ့​နေ​စေသည်။


ထို ကြက်သွန်မြိတ်​​ပေါက် တစ်ဆုပ်က အလွန်အမင်း လတ်ဆတ်ပြီး နူးအိ​နေကာ ​အာရုံခံစားမှုကို ထိရှသွား​စေသည်။ အူများနှင့် တွဲစားလိုက်​သောအခါ အီဆိမ့်​နေမှုများကို ​ပြေ​ပျောက်သွား​ရေသည်။


​ဒေါက်တာလျူက အစားအ​​သောက်တွင်သာ ​ခေါင်းနှစ်ထားပြီး အစားစားသည့်နှုန်းကို မ​နှေးလိုက်ခင်တွင် ​စွပ်ပြုတ်ထဲက ပေါင်မုန့်ပြား တစ်ဝက်ကို စားပြီးသွားပြီ ဖြစ်သည်။


သူက ဝက်ဆားနယ်​ခြောက်​ဆောစ့်နှင့် ယို့ကျားမို ဝက်သား​ပေါင်မုန့်ညှပ်ကို ​ကောက်ယူလိုက်သည်။ တစ်ဝက်ဖွင့်ထား​သော ပိုင်ကျိ ဘန်းမုန့်​ပေါင်းများက ဝက်သားနှပ်ကို အဆာသွပ်ထားသည်။ 


ထိုဝက်သားနှပ်ကို ဝက်ဗိုက်သားအား စွပ်ပြုတ်ထဲတွင် ထည့်ကာ ခပ်ပျစ်ပျစ် ဖြစ်လာသည်အထိလနှစ်နာရီမျှ ဆူပွက်​စေပြီး​ အစပ်အရသာ ဆယ်မျိုးခန့် ပါဝင်​ပေသည်။ နှပ်ထား​သော အသားက ခပ်ရဲရဲ ဖြစ်​နေပြီး အလွန်အမင်း နူးညံ့လာသည်အထိ ဆူပွက်​စေသည့်အတွက် လက်ထဲတွင်ပင် ခပ်တုန်တုန်ဖြစ်​နေကာ အ​ရောင်လည်း စိုရွှမ်း​နေ​ပေသည်။


ယို့ကျားမိုကို အသားလွှာချည်းသက်သက် မလုပ်ရ​ပေ။ ၎င်းကို အဆီနှင့် အသား တွဲလျက်ပါ​​​သော အသားဖြင့် လုပ်မှသာ အဆီပြည့်ဝပြီး ချွဲကျိကျိ ဖြစ်မ​နေဘဲ အသားပြည့်ကာ သစ်သားကဲ့သို့ မာ​တောင့်မ​နေမည် ဖြစ်သည်။


​ဒေါက်တာလျူက ဝက်သားဘန်းကိတ်ကို တစ်ကိုက်ကိုက်လိုက်သည်။ ဟင်းအနှစ်က ပါးစပ်ထဲတွင် ချက်ချင်း​ပေါက်ထွက်လာပြီး အနံ့အရသာများ ​​လျှောဆင်းလာခဲ့သည်။ ဘန်းမုန့်ဖြူ၏ အပြင်ဘက်အလွှာက အလွန် ကြွပ်ဆတ်​​နေ​သော်လည်း တစ်ကိုက်ထဲနှင့်ပင် အထဲမှ အရည်များ စိမ့်ထွက်လာခဲ့သည်။


'အရမ်း ​ကောင်းလိုက်တာ'


ထန်​ချောင်း​ချောင်းက ​ဒေါက်တာလျူသည် အသက်အရွယ်ရ​နေပြီ ဖြစ်​သော​​ကြောင့် အများကြီး စားမိပြီး အစာမ​ကြေဖြစ်မည်ကို စိုးရိမ်သဖြင့် ​ဟင်းရည်နှစ် ပေါင်မုန့်ပြား တစ်ခွက်နှင့် ယို့ကျားမိုနှစ်ခုသာ ယူလာ​ပေးခဲ့သည်။


မထင်မှတ်ထားစွာပင် ​ဒေါက်တာလျူက တစ်ကျိုက်တည်း အကုန် စားပစ်လိုက်ပြီး စွပ်ပြုတ်ရည်ကို ​တောင်မှ ​ပြောင်ရှင်းသည်အထိ စားလိုက်​သေးသည်။


"လန်းဆန်းသွားတာပဲ"


ထို့​နောက် သူမက ​ဒေါက်တာလျူတစ်​ယောက် ပန်းကန်ကို ချကာ သက်ပြင်းအရှည်ကြီး ချလိုက်သည်ကို ​တွေ့လိုက်ရ​လေသည်။


သူ့​မွေးရပ်​မြေက စစ်မှန်​သော ​​ဒေသထွက် အစားအစာများကို မစားရသည်မှာ အလွန်ကြာခဲ့​လေပြီ။ သူ ထန်​ချောင်း​ချောင်းကို မ​နေနိုင်ဘဲ ​မေးမိသွား​တော့သည်။


 "မင်းကလည်း ရှန့်ရှီးကပဲလား"


ထန်​ချောင်း​ချောင်းက ပြုံးကာ ​ခေါင်းယမ်းပြလိုက်သည်။


"ထူးဆန်းလိုက်တာ... ဒီလို တကယ့်အရသာ ရ​အောင် ဘယ်လိုများ ချက်နိုင်ခဲ့တာလဲ... ရှန့်ရှီးမှာ ဆယ်စုနှစ်​ကျော်​လောက် ​​နေခဲ့တဲ့ ဆရာတစ်​ယောက်က လုပ်ထားသလိုကို အရသာရှိ​နေတာ"


ထန်​ချောင်း​ချောင်းက ပြုံးပြလိုက်သည်။ "ဒေါက်တာ ​ပြောချင်တာ ဒါက စား​ကောင်းတယ်​ပေါ့... ဟုတ်လား"


"​သေချာတာ​ပေါ့... အရမ်း စား​ကောင်းတယ်"


"​ဒေါက်တာလျူက အရမ်း ကြင်နာတတ်တာပဲ"


"ငါ့ဇာတိ​မြေကို မပြန်ရတာ နှစ်အ​တော်ကြာပြီ... ပြီး​တော့ ဒီ​နေရာမှာ စိတ်​ကျေနပ်ရ​လောက်တဲ့ ရှန့်ရှီးစား​သောက်ဆိုင်မျိုး ရှာမ​တွေ့​သေးဘူး... ဒါ​​ပေမယ့် ဒီ​နေ့ မင်းလုပ်ထားတဲ့ ဘန်းမုန့်​ပေါင်း​တွေက တကယ့်ကို အရသာ ရှိတယ်"


ထန်​ချောင်း​ချောင်း: " ကျွန်မမှာ ရှိပါ​သေးတယ်... ကျွန်မ အူ​တွေနဲ့ ဝက်သားနှပ်ကို အများကြီး လုပ်ထားတာ... ​ဒေါက်တာ ပြန်ရင် ထည့်​ပေးလိုက်မယ်​နော်"


"​ကောင်မ​လေး... မင်း ဒီလူအိုကြီးကို စိတ်​ကျေနပ်​​အောင် ကြိုးစား​နေတာ... တစ်ခုခု​တော့ ရှိရမယ်"


"​ဒေါက်တာ ​မေးလာမှ​တော့ ကျွန်မ ဆက်ပြီး ဖုံးကွယ်ထားရင် ရိုင်းသလို ဖြစ်သွားမှာ​ပေါ့... မဟုတ်ဘူးလား... အ​ကြောင်းက အ​ပေါ်ထပ်က တစ်​ယောက် အတွက်ပါ" 


ထန်​ချောင်း​ချောင်းက သူမမျက်လုံးများကို အ​ပေါ်ထပ်သို့ ထိုးပြလိုက်သည်။ 


"သူ့ခန္ဓာကိုယ်ကို စစ်​ဆေး​ပေးဖို့ ​ဒေါက်တာ့ကို ခွင့်​တောင်းချင်​ပေမယ့်လည်း သူ ​ဒေါက်တာ့ကို ဆန့်ကျင်ထားတယ်ဆိုတာ သိလိုက်ရ​တယ်​လေ"


​ဒေါက်တာလျူက ရယ်​မာလျက် ဆိုလိုက်သည်။ "ဒါ​ကြောင့်မို့ မင်းက ငါ့ကို စိတ်​​ကျေနပ်သွားဖို့ ​ငါ့ကို စား​သောက်ဖို့ ဖိတ်တယ် ဆိုပါ​တော့"


"အကျိုးသက်​ရောက်မှု ရှိရဲ့လား" ထန်​ချောင်း​ချောင်းက ​ခပ်ညစ်ညစ် ​မေးလိုက်သည်။


​ဒေါက်တာလျူက သက်ပြင်းချ​ယောင်​ဆောင်လိုက်​လေသည်။ "ပါးစပ်တို လက်နု"


"ဟား" ထန်​ချောင်း​ချောင်းက လက်ခုပ်တီးကာ ရယ်​မောလိုက်သည်။ "ဒါဆို သ​ဘောတူလိုက်ပြီ​ပေါ့"

[T/N ပါးစပ်တို လက်နုက အခြားသူရဲ့ အစားအစာကို စားပြီးရင် သူတို့ရဲ့ မ​​ကောင်း​ကြောင်း မ​ပြောရ​တော့ဘဲ သူတို့​ပြောစကားလည်း နား​ထောင်ရ​တော့မယ် ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ အီဒီယမ်တစ်ခုပါ]


ဒေါက်တာလျူ ကားဆီသို့ သွား၍ သူ၏ ဆေးပစ္စည်းအစုံ ကို ယူလိုက်သည်ကို မြင်သည်နှင့် ထန်ချောင်းချောင်း ပြုံး၍ ပြောလိုက်သည်


 “ ဒီတော့ ရှင်က ဒီကို ပြင်ဆင်ပြီး ရောက်လာခဲ့တာပဲ ”


“ ကျွန်တော်က ဆရာဝန် တစ်ယောက်ပဲလေ... ”


ဒေါက်တာလျူသည် အမှန်တကယ် စိတ်ရှည်သော သူဖြစ်လေသည်၊ ထို့ပြင် ရှန်းယွဲ့သည်လည်း အရေးကြီးသော အခြေအနေတွင် ရှိနေသည်။ သူ ကြမ်းကြုတ်သော စိတ်အခြေအနေတွင် ရှိနေသည်ကို နားလည်နိုင်ပေသည်။ ထို့ပြင်တွင်လည်း ရှန်းယွဲ့သည် သူ့ သူငယ်ချင်းဟောင်း၏ သားဖြစ်လေသည်။ 


အဲ့သည်အချိန်က ရှန်းယွဲ့သည် လူတိုင်းကို အပြင်းအထန် ရှောင်ဖယ်၍ သူ၏ မိသားစုပင် ဘာမှမတတ်နိုင်ပေ။ သူသည်လည်း စောင့်ကြည့်ရုံမှတပါး ရွေးချယ်စရာမရှိဖြစ်ခဲ့ရသည်။


ထန်ချောင်းချောင်းသည် ဒေါက်တာလျူကို ရှန်းယွဲ့၏အခန်းသို့ ခေါ်ဆောင်သွားသည်။ သူတို့နှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် ဆုံ၍ အချင်းချင်း ကြည့်နေကြသည်။ ထိုနေရာတွင် ကသိကအောက်နိုင်သော အခြေနေဖြစ်လာတော့သည်။


ထန်ချောင်းချောင်း ရှန်းယွဲ့အနားလေးကပ် ပြောလိုက်သည်၊ “ ပြီးအောင်လုပ်ကြရအောင်၊ အနေခက်အောင် လုပ်မနေနဲ့ ”


ရှန်းယွဲ့သည် သူမကို စိုက်ကြည့်နေပြီးနောက် ဒီလူအိုကြီး တော်တော်လွန်သည်ဟု တွေးလိုက်သည်။ ထန်ချောင်းချောင်းသည် သူ့ကို အစားအစာ တနပ်စာဖြင့် လာဘ်ထိုးခဲ့ရသည်။


သူ ဒေါက်တာလျူကို အနည်းငယ် မသက်မသာဖြင့် သဘောတူလိုက်သည်။


ဒေါက်တာလျူသည် ရှေ့သို့ လျင်မြန်စွာ လျှောက်လာ၍ သူ့ကို အပေါ်မှ အောက်၊ ဘယ်မှ ညာ ကြည့်လေသည်။ သူ့၏ အမူအရာသည် အံ့အားသင့်နေလျက်ရှိသည်။


“ ငါမင်းကို မတွေ့တာ လနည်းနည်းတောင်ကြာပြီ။ မင်း၊ ကလေး နောက်ဆုံးတော့ မင်းရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြုပြင်လိုက်ပြီပဲ။ မင်း ဘာဖြစ်လို့များ မင်းကိုယ်ကိုမင်း လူမဟုတ် တစ္စေမဟုတ် လုပ်ခဲ့ရတာလဲ။ အခုကြည့် မင်း အရမ်းကိုကြည့်ကောင်းနေပြီ။  မင်းမျက်နှာလေးတောင် ပြည့်လာပြီ။ ”


ရှန်းယွဲ့၏ ပါးစပ် တွန့်သွားလေသည်။  အဲ့တာက သူစားသမျှ အရသာရှိနေသောကြောင့် ဖြစ်သည်ဟု ပြောလိုက်ဖို့ မစောင့်နိုင်ပင်ဖြစ်သွားလေသည်။


ဒေါက်တာလျူ ဟာသလုပ်နေသည် ဖြစ်သော်လည် သူ အလေးအနက်ထားနေဆဲဖြစ်သည်။ သူ ရှန်းယွဲ့ကို ပုံမှန်အတိုင်း စစ်ဆေးလေသည်။ သူ စစ်ဆေးမှု ပိုလုပ်လေလေ သူပိုပြီး စိတ်လှုပ်ရှားလေလေဖြစ်သည်။ အထူးသဖြင့် သူ ရှန်းယွဲ့၏ ခြေထောက်များကို မြင်သောအခါ သူ အားရကျေနပ်မှုထက်ပိုသော အံ့အားသင့်မှုကို ခံစားလိုက်ရသည်။


သဘာဝကျကျ ပြောရမည်ဆိုလျှင် လူတွေ အိပ်ရာထဲတွင် အကြာကြီးလဲနေသောအခါ ကြွက်သားများ တဖြည်းဖြည်း ချည့်နှဲ့လာပေမည်။ သို့သော်ငြား ရှန်းယွဲ့၏ခြေထောက်ကြွက်သားများသည် ချည့်နှဲ့ခြင်း၏ လက္ခဏာများ တစ်ခုမှ ပြသခြင်းမရှိပေ။ ကြွက်သားများသည် ပြည့်၍ ချောမွတ်နေပြီး သူတို့သည် သာမန်ခြေထောက်များထက် ကျန်းမာနေပုံရသည်။ 


အထူးသဖြင့် ဒေါက်တာလျိုသည် သူ၏လက်ဖြင့်ရှန်းယွဲ့၏ ခြေထောက်ကို ဖိလိုက်သောအခါတွင် သွေးခုန်နှုန်းကို ယဲ့ယဲ့လေးခံစားရသည်။ သူမကြာခင်တွင် မတ်တပ်ပြန်ရပ်နိုင်လောက်ပေသည်။


“ အံ့ဩဖို့ကောင်းလိုက်တာ! မင်း ဘယ်ကနေဒီလောက်တော်တဲ့ ဆရာဝန်ကို သွားရှာလာတာလဲ... ” 


ဒေါက်တာလျူ၏မျက်ဝန်းများ တောက်ပနေသည်။ ဒီဟာသည် ကုသနည်းအသစ်ဖြစ်ရမည်။


ရှန်းယွဲ့ သူ၏နောက်တွင် ထိုင်နေသော ထန်ချောင်းချောင်းကို မျက်ရိပ်ပြလိုက်သည်။


ဒေါက်တာလျို နားမလည်ပေ။ 


“ အဲ့လို ဒေါက်တာကို မင်းရှာတွေ့ခဲ့တာလား၊ ဒေါက်တာက ဘယ်မှာလဲ? မင်းငါ့ကို မိတ်ဆက်ပေးပါလား? ”


ထန်ချောင်းချောင်း သူကမ၏ နှာခေါင်းကို ထိ၍ တခစ်ခစ်ရယ်လိုက်သည်။


 “ အရမ်းတော်တဲ့ ဆရာဝန်က ဘယ်မှာလဲ? ကျွန်မ သူ့ကို နှိပ်နယ်ပေးပြီး အပ်စိုက်ပေးလေ့ပဲ ရှိတာပါ။ ”


“ မင်းလား.... ” 


ဒေါက်တာလျူ အံ့အားသင့်သွားလေသည်၊


 “ မင်းဆေးပညာကိုသိတာလား.... ” 


ထို့နောက်တွင်တော့ ဒေါက်တာလျူသည် ထန်ချောင်းချောင်း၏ နှိပ်နယ်ပေးမှု နှင့် အပ်စိုက်ကုထုံးနည်းလမ်းများကို တွေ့ချင်ကြောင်း ပြောတော့သည်။ ထူးခြားသည့် နည်းလမ်းများမဟုတ်ပါဟု သူမ မည်မျှပင် ရှင်းပြနေစေကာမူ သူ ယုံကြည်ခြင်း မရှိပေ။


ထန်ချောင်းချောင်းသည် သူ့ကို အဲ့တာကိုပြလိုက်ရလေသည်။ ထိုအရာကို သူ၏မျက်လုံးများဖြင့် မြင်ရသည့် အချိန်တွင်မှ ဒေါက်တာလျူသည် မည့်သည့် ထူးခြားမှုများမရှိဆိုသည်ကို ယုံကြည်တော့သည်။ အပ်စိုက်ကုထုံးနည်းလမ်းသည်တောင်တရုတ်ဆေးပညာတွင် သာမန်သာဖြစ်သည်။ 


ထိုအရာသည် ပို၍ပင် ထူးဆန်းသည်။ ရှန်းယွဲ့၏ ခြေထောက်များသည် ပြန်လည်ကောင်းမွန်လာသည့် လက္ခဏာများ ဘယ်လိုတောင်ပြသနိုင်ရသနည်း? 


အဲ့တာက တကယ်ပဲ ဆေးပညာ အံ့ဖွယ်ဖြစ်ရပ်တင်ပဲလား? 


ဒေါက်တာလျိုသည် စိတ်ခံစားမှုအပြည့်ဖြင့်  ရှန်းယွဲ့၏ ခြေထောက်ကိုထပ်မံ၍ ဂရုတစ်ိုက် လေ့လာလိုက်သည်။


သူ ရှန်းယွဲ့သည် သူ၏နောက် ပြန်လည်ထူထောင်ရေးအစီအစဉ်များ ချမှတ်ရန်အတွက် ဆေးရုံသို့ သွားရန်လိုသည်ဟု ခံစားရသည်။


အကယ်၍သာ ရှန်းယွဲ့သာ အမှန်တကယ် နောက်တစ်ကြိမ် မတ်တပ်ရပ်နိုင်မည်ဆိုလျှင် သူတမလွန် ရောက်သည့်အခါ သူ၏ သူငယ်ချင်းဟောင်းကို တွေ့ရန် ရှက်စရာ မလိုတော့ပေ။


မထွက်ခွာခင်တွင် ဒေါက်တာလျူသည် ရှန်းယွဲ့ကို တိုးတိုးလေးပြောလိုက်သည်။ “ ကလေး မင်း အမှိုက်ကို ကောက်ယူရပေမဲ့လည်း ဇနီးကောင်းတစ်ဦးကို လက်ထပ်ထားတာပဲ ”


ရှန်းယွဲ့သည် ဒေါက်တာလျူအတွက် အသားနှပ် ထုပ်ပေးရန် မီးဖိုချောင်သို့ ပြေးသွားသော ထန်ချောင်းချောင်းကို ကြည့်၍ သူ၏နှုတ်ခမ်းစွန်းလေးများ ဖြည်းညှင်းစွာ မြင့်တက်သွားသည်။ 


ဒေါက်တာလျူ ရှန်းယွဲ့၏ခြေထောက်များကို ဂရုစိုက်ပေးနေူည့်အချိန်တွင်  သူမက အန်တီဝမ်ကို ရှန်းယွဲ့ကြိုက်နှစ်သက်သော ဟင်းပွဲတော်တော်များများကို သင်ပေးနေသည်။ နောက်ဆုံးတွင်တော့ ထန်ချောင်းချောင်းသည် အဖွဲ့ထဲသို့ စိတ်အေးချမ်းစွာ ဝင်နိုင်သွားပြီဖြစ်သည်။


နွေရာသီကုန်ဆုံးပြီဖြစ်သော်လည်း ကျန်ရှိနေသော မြင့်မားသည့် အပူချိန်သည် မပျောက်ကွယ်သေးပေ။ သို့သော်လည်း “ ကျွန်တော်တို့၏ မိသားစု ” ရုပ်ရှင်သည် ဇာတ်ညွှန်းအစတွင်ကတည်းက ဆောင်းရာသီ မြင်ကွင်း ရိုက်ရမည် ဖြစ်သည်။


ထန်ချောင်းချောင်းသည် သူမအဖွဲ့ထဲသို့ ဝင်ပြီးသည့်နောက် ပထမဆုံး တွေ့လိုက်ရသည်မှာ ပန်းပွင့်အကြီးကြီးဖြင့် ဂွမ်းအင်္ကျီအထူကြီးနှင့် ကြီးမားသည့် အနက်ရောင် ဘောင်းဘီရှည်ကြီးများဖြစ်လေသည်။ သူမ၏ ဆံပင်ကို နှစ်ဖက်ခွဲ၍ ကျစ်ထားပြီး အနီရောင်ကြိုးဖြင့် တင်းကြပ်စွာချည်နှောင်ထားသည်။


ထန်ချောင်းချောင်းသည် အသားဖြူလေသည်။ သို့သော်လည်း ကျေးလက်ဒေသမှ မိန်းကလေးတစ်ဦးနှင့် အနီးစပ်ဆုံးတူစေရန် မိတ်ကပ်ဆရာသည် အဝါရောင်သန်းသော မိတ်ကပ်လိမ်းပေး၍ သူမ၏ ပါးများတွင် အထူး နေလောင်သည့် အနီရောင်များချယ်ပေးလေသည်။


ဤဇာတ်ညွှန်းတွင် ကျောက်မိသားစု၏ သမီးသုံးယောက်တွင် အကြီးဆုံးသမီး ကျောက်ရှောင်းလျန်နှင့် တတိယသမီး ကျောက်ရှောင်းရှန့် တို့သည် စာဖတ်ကြပြီး သူတို့သည် ပို၍ ကြော့ရှင်းစွာ ဝတ်ဆင်ကြသည်။ ဇာတ်ညွှန်းထဲတွင် ဒုတိယသမီး ကျောက်ရှောင်းကျန်းသာလျှင် ကျောင်း၌ ဦးနှောက်မရှိစွာ ပြုမူခဲ့သည်။ မိသားစုတွင် အလတ်ဖြစ်တာကြောင့် သူမ၏ မိဘများသည် သူမကို အလေးအနက်မထားခဲ့ကြပေ။ ဒါကြောင့် သူမသည် တောဆန်ဆန် ဝတ်စားသူတစ်ယောက်ဖြစ်လေသည်။ သို့သော်လည်း ထန်ချောင်းချောင်း တောသူအသွင်ဖြင့် ထွက်ပေါ်လာသောအခါ ဒါရိုက်တာအပါအဝင် လူတိုင်းသည် ပျော်ရွှင်သွားကြသည်။


ထန်ချောင်းချောင်းသည် အရမ်းကို ပေါ်လွင်နေသည်။ သူမတမင်တကာ မြေကြီးရောင်မိတ်ကပ် လိမ်းထားသည်တောင်မှ သူမ၏ အလှတရားများကို မဖုံးနိုင်ပေ။ ထန်ချောင်းချောင်းသည် ထူသောအင်္ကျီကို ဝတ်ထားသောကြောင့် သူမ၏ ကိုယ်သည် လုံးဝန်းနေသည်၊ သို့သော်လသည်း သူမသည် သူမ၏ ပုံစံအသစ်ကို နှစ်သက်ပုံရသည်။ သူမ၏ မျက်ခုံးများသည် အပြုံးကဲ့သို့ ကောက်ကွေးနေပြီး ကျေနပ်အားရနေသည့်အပြင် သူမသည် ဟိတ်ဟန်များခြင်းမရှိဘဲ ပို၍ ပျော်ရွှင်မြူးထူးနေပုံရသည်။ ဒါရိုက်တာ၏ ခွင့်ပြုချက်ကို ရယူပြီးသည့်နောက် ထန်ချောင်းချောင်းသည် ဖန့်ယွမ်ကို ယာတောအိမ်ရှေ့၌ သူမ၏ပုံတစ်ချို့ကို ရိုက်၍ ဝေ့ပေါ် တွင် “ ကျောက်ရှောင်းကျန်း၏ ပထမဆုံးနေ့ ” ဟူသော ခေါင်းစဉ်ဖြင့် ဖန်များကို မျှဝေခဲ့သည်။ 


【 အမေ***, ငါ့ရဲ့ အလှလေး ချောင်းပေါင်က ဘယ်ရောက်သွားလဲ? ထွက်သားစမ်း ၊ ဒါငါရဲ့ ချောင်းပေါင်မဟုတ်ဘူး အားးးး 】


Xxxxxxxx