Chapter 15
Viewers 3k

🐹 Chapter 15

ဟမ်းစတားက သမင်သားစားတယ်



သူ၏ဂူထဲသို့ မြွေတစ်ကောင်ရောက်လာပြီးနောက်ပိုင်း ရှုရှု၏ဘဝသာ အများအပြားမပြောင်းလဲသွားလျှင် အံ့ဩစရာဖြစ်နေပေလိမ့်မည်။


ဟမ်းစတားဝိညာဥ်လေးတစ်ကောင်အနေဖြင့် သူ့ဂူထဲတွင်မြွေတစ်ကောင် ရောက်လာခြင်းကို ကျင့်သားမရခဲ့ချေ။ 


ထို့ကြောင့် ဤကျင့်ကြံခြင်းလုပ်ငန်းစဥ်ကို တတ်နိုင်သမျှမြန်မြန် တိုးတက်အောင်လုပ်ရပေမည်။ 


မြွေကြီးက လူသားတစ်ယောက်ဖြစ်လာသည်နှင့် သူသည်လည်း မည်သည့်အရာကိုမှ ကြောက်စရာမလိုတော့ပေ။ မြွေကြီးသာ လူတစ်ယောက်ဖြစ်လာလျှင် မည်သို့သော အသွင်အပြင်ပုံစံမျိုးဖြစ်လာမည်ကို သူ မသိပေ။ 


ဒါနဲ့ မြွေကြီးက အမတော့ မဖြစ်နိုင်ဘူးမလား… မိန်းမလှလေးဖြစ်သွားရင်ရော ဘယ်လိုလုပ်မလဲ… မိန်းမတစ်ယောက်အဖြစ်ပြောင်းသွားရင်တောင် တချို့မိစ္ဆာတွေက လုံးဝ ဥာဏ်ရည်ဖွံ့ဖြိုးမှု မရှိကြဘူး… ကလေးလေးအဖြစ်လည်း ပြောင်းသွားနိုင်တာပဲ… မြွေကြီးလည်း အဲဒီလိုဖြစ်သွားနိုင်မလား…


မြွေကြီးက ကလေးလေးအဖြစ်ပြောင်းသွားကာ ထိုကလေးလေးကို ဖျစ်ညှစ်ကစားရလျှင်ဟု တွေးကြည့်ပြီးနောက် ရှုရှုမှာ မရယ်ဘဲမနေနိုင်တော့ပေ။ ရယ်ရင်းဖြင့်ပင် သူ့အရှေ့မှသစ်သားတုံးကို ပန်းကန်အကြီးကြီးဖြစ်သွားသည်အထိ လက်သည်းများဖြင့်ဖြတ်တောက်လိုက်သည်။ 

ဒါမှမဟုတ် ဒါကို ရေဆေးဇလုံလို့ပဲ ခေါ်ရမလား…


၎င်းက သူမျက်နှာသစ်ရန်အတွက်မဟုတ်ဘဲ မြွေကြီး အစားအသောက်စားရာ၌ သုံးရန်ဖြစ်၏။


ရှုရှုက သစ်သားဇလုံကို သူ့လက်သည်းများဖြင့် ပုံသွင်းလိုက်သည်။ ဖားကျောက်ပြားကင်များနှင့် အသားခြောက်နည်းနည်း ဇလုံထဲသို့ထည့်လိုက်သည်။ ထို့နောက် သစ်သားဇလုံကြီးကို မြေကြီးထက်သို့ချကာ မြွေကြီးအရှေ့သို့တိုးပေးလိုက်သည်။ လုပ်ပေးနေရင်း တံထွေးလည်း မြိုချလိုက်မိ၏။


သူက ယင်းတို့ကို မြွေကြီးအတွက် သက်သက်ဖယ်ထားခြင်းဖြစ်ရာ သူ့အတွက် အသားထပ်မရှိတော့ပေ။ ရှုရှုက ဝက်သစ်ချသီးကိုသာ မျက်ရည်စက်လက်ဖြင့် တတိတိကိုက်လိုက်လေသည်။


သစ်သားဇလုံကြီးက အက်ဂါအရှေ့သို့ ရောက်လာခဲ့သည်။ အက်ဂါက သစ်သားဇလုံအနားတိုးကာ ဖြည်းဖြည်းချင်းစားလိုက်၏။ တစ်နေ့တွင် အသက်ရှင်သန်ရေးအတွက် အဆင့်နိမ့်သားရဲလူသားလေးကို မှီခိုရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူက ယင်းမှာ မှားနေသလို ခံစားနေရသည်။ သို့ရာတွင် သူ့နှလုံးသားလေးက ပျော့ပျောင်းနေပြီး အလွန်အမင်းပျော်ရွှင်နေမိသည်ကိုလည်း မငြင်းနိုင်ပေ။


"မင်းအိမ်မှာပဲနေရမယ်၊ လျှောက်သွားမနေရဘူး၊ ဟုတ်ပြီလား… ငါ မင်းအတွက် စားစရာယူလာပေးတဲ့အထိ စောင့်နေ.."


ရှုရှုက စားသောက်သန့်ရှင်းပြီးနောက် အပြင်ထွက်သွားခဲ့သည်။ သူခြေလှမ်းရန်ကြံပြီးနောက်မှ အက်ဂါ သူ့စကားကိုနားမလည်မည်အား စိုးရိမ်နေလေ၏။ ထို့ကြောင့် အကြိမ်ပေါင်းများစွာထပ်ပြောလိုက်သည်။

"မြွေကြီး မလှုပ်နဲ့...မြွေကြီး...မလှုပ်နဲ့..."


မြွေကြီးက သူ့နေရာတွင် မလှုပ်ဘဲကျန်နေခဲ့သည်။ ရှုရှုက ကျေနပ်သွားလေ၏။ ထိုအခါမှ သူအပြင်ထွက်လာခဲ့သည်။ ဂူအဝသို့ထွက်ထွက်ချင်းပင် ရှုရှုမှာ အပြင်မှတိုက်လာသောလေကြောင့် တုန်ယင်သွားခဲ့သည်။ သို့ရာတွင် အံကြိတ်ပြီး လေအေးထဲသို့ထွက်သွားလိုက်သည်။ သူ့အနေဖြင့် မြွေကြီးကိုကျွေးရန်အစာရှာရဦးမည်။


သူ့အသိုက်ထဲမှမြွေကြီးကို အစာဝအောင်မကျွေးနိုင်လျှင် မြွေကြီးမှ သူ့အားစားသွားမည်ကို စိုးရိမ်နေလေ၏။ 


ရှုရှုက နွေးလာသည်အထိ ဂူထဲတွင် အကြိမ်အနည်းငယ်မျှခုန်လိုက်သည်။ ပြီးသည့်အခါမှ အပြင်ကိုပြေးထွက်သွား၏။ ရှုရှုထွက်သွားပြီးနောက် အက်ဂါလည်း ဂူအဝသို့ထွက်လာပြီး ရှုရှုအနောက်မှ နီးကပ်စွာ လိုက်သွားလိုက်သည်။


အက်ဂါမှာ ရှုရှု၏ဂူထဲတွင် ခုနစ်ရက်၊ ရှစ်ရက်မျှနေခဲ့ရသည်။ ပြီးခဲ့သောရက်အနည်းငယ်က ရှုရှုအပြင်ထွက်သွားချိန်တွင် သူ အနောက်မှ မလိုက်သွားခဲ့ပေ။ သူက ဂူထဲတွင် နာနာခံခံဖြင့် အနားယူနေခဲ့သည်။ 


အခု ငါ့ဒဏ်ရာတွေက သက်သာလာပြီဆိုတော့ အဆင့်နိမ့်သားရဲလူသားလေးကို မမှီခိုသင့်တော့ဘူးလေ… ဟုတ်တယ်မလား…


ဒါ့အပြင် အနီးအနားက ဖားတွေကလည်း ဖမ်းကုန်လုနီးပါးဖြစ်နေလောက်ပြီမလား…


ဤရက်ပိုင်းများတွင် အဆင့်နိမ့်သားရဲလူသားလေး၏ တုံ့ပြန်ချက်များကိုပြန်လည်စဥ်းစားကြည့်ပြီး အက်ဂါမှာပြုံးမိသွားရသည်။ သူ အဆင့်နိမ့်သားရဲလူသားလေးအကြောင်းပိုသိလာလေ၊ အဆင့်နိမ့်သားရဲလူသားလေးက ချစ်စရာကောင်းသည်ဟု ခံစားလာရလေဖြစ်နေ၏။


ထို့အပြင် သူ့ကို တစ်နေကုန်စကားပြောပေးခဲ့သည့်အတွက် အဆင့်နိမ့်သားရဲလေးကို ကျေးဇူးတင်ရပေမည်။ သူက အဆင့်နိမ့်သားရဲလေးပြောသောစကားလုံး အများအပြားကို အတန်သင့်နားလည်နေပြီ ဖြစ်လေသည်။ ရှုရှုက မြွေကြီး သူ့အနောက်မှ နီးနီးကပ်ကပ်လိုက်လာနေသည်ကို လုံးဝသတိမထားမိသေးပေ။ ယခုလည်း ထိုသူက သစ်ကိုင်းကိုကိုင်ပြီး ဘယ်ညာ တဒေါက်ဒေါက်ခေါက်ကာ ဖားရရန်မျှော်လင့်နေလေသည်။


အဆုံးတွင် သူက အချိန်အတော်တန်ကြာသည်အထိ ရှာနေခဲ့သော်လည်း ဖားတစ်ကောင်လေးကိုပင် မတွေ့ခဲ့ပေ။ 


ဖားတစ်ကောင်မှ မမိရင် မြွေကြီးကိုဘာသွားကျွေးရမလဲ…

ရှုရှုမှာ ခြေကုန်လက်ပန်းကျနေပြီး လက်ဗလာနှစ်ဖက်ကိုကြည့်ကာ မျက်မှောင်ကြုတ်မိ၏။


နေဦး… ထောင်ချောက်လုပ်လို့ရတာပဲ…


ငါက ကြိုးနဲ့ထောင်ချောက်မျိုးမလုပ်တတ်ပေမဲ့ တွင်းတော့တူးနိုင်ပါတယ်…


သို့ရာတွင် ဤဘေး၌ မည်သည့်တိရစ္ဆာန်မှ မရှိပေ။ တွင်းတူးထားတိုင်း တိရစ္ဆာန်များက တွင်းထဲသို့ကျလာမည်ဟုမဆိုလိုပေ။ အများအားဖြင့် ရက်အနည်းငယ်ကြာအောင်စောင့်ရလိမ့်မည်။ 


ဟုတ်သားပဲ…


ရှုရှုက နည်းလမ်းကောင်းတစ်ခုကို ရုတ်တရက်တွေးမိသွားခဲ့သည်။ သူက ရေကန်ငယ်လေး၏အစွန်သို့သွားကာ အလွန်မနက်သလို အလွန်လည်း မသေးသောတွင်းတစ်တွင်းကို တူးလိုက်သည်။ ထို့နောက် တွင်းနှင့်ရေကန်ငယ်ကိုဆက်သွယ်ရန်လမ်းကြောင်းတစ်ခု တူးလိုက်သည်။ ထို့နောက် ရေကန်ငယ်ထဲမှရေများက တွင်းငယ်လေးထဲသို့စီးလာသည်။


ထို့နောက် သူက အရသာရှိသော ဝက်သစ်ချသီးလှော်အနည်းငယ်ကိုထုတ်ကာ အပိုင်းလေးများဖြစ်အောင် လုပ်လိုက်သည်။ ပြီးနောက် ရေကန်ငယ်လေးနှင့် ရေဝင်နေသောတွင်းကို ဆက်သွယ်ထားသောဧရိယာတွင် ဝက်သစ်ချသီးအပိုင်းအစလေးများကို ချထားလိုက်သည်။ ၎င်းတို့ထဲမှအချို့ကို ရေကန်ငယ်လေးထဲသို့ ပစ်ချလိုက်သည်။ မကြာမီ တူးထားသောရေကန်ထဲသို့ ငါးများဝင်လာပြီး ဝက်သစ်ချသီးများကိုလာစားကြသည်။ တဖြည်းဖြည်းနှင့် ရေကန်ငယ်လေးထဲတွင် ငါးများက ပိုပိုများလာခဲ့သည်။


ရှူရှုက ဤမြင်ကွင်းကိုကြည့်ပြီး သူ့ကိုယ်သူဂုဏ်ယူနေလေသည်။ သူက ရေကန်ငယ်လေးနှင့်တူးထားသောကန်၏လမ်းကြောင်းကို ရွှံအနည်းငယ်ဖြင့်ပိတ်လိုက်ကာ ငါးများ ကန်ထဲသို့ပြန်မသွားနိုင်အောင် လုပ်လိုက်သည်။ ထို့နောက် ကန်ငယ်လေးထဲတွင် ငါးအမြောက်အများရလိုက်လေ၏။ ယနေရလိုက်သည့်ငါးများက လွန်ခဲ့သောရက်များကရခဲ့သော ဖားများထက် ပိုကောင်းလေသည်။ ရှုရှုက ဤအခြေအနေကိုမြင်ပြီးနောက် မျက်နှာပေါ်မှအပြုံးကိုမဖုံးထားနိုင်တော့ပေ။ သူက ငါးများကို လက်ဖြင့်ပင်စတင်ဖမ်းလိုက်လေသည်။


နောက်ဆုံး ငါးဖမ်းတော့မည်အပြုတွင် ရုတ်တရက် သွေးနံ့ရလိုက်လေ၏။


သွေးနံ့က အရမ်းပြင်းတယ်… အန္တရာယ်ရှိတယ်…

ရှုရှု ထွက်ပြေးတော့မည့်အချိန်တွင် မြွေကြီးက သေနေသောသမင်တစ်ကောင်ကိုကိုက်ပြီး သူ့အရှေ့သို့ရောက်လာလေ၏။ 


"မြွေ...မြွေကြီးလား..."

ရှုရှု၏အသံကတုန်ခါနေလေသည်။


ဒီမြွေက မြွေကြီးမလား…


အက်ဂါက သမင်ကိုဘေးတွင်ချကာ ရှုရှုကို အမြှီးလေးယမ်းပြလေသည်။ သူကလေးဘဝက သူလုပ်ချင်စိတ်မရှိလျှင်ပင် သူ့မိဘများက လုပ်ခိုင်းကြသည်[အမြှီးယမ်းတာကိုပါ]။ ယခုမူ သူက ထိုသို့လုပ်ရာတွင် အလွန်ကျွမ်းကျင်နေပြီဖြစ်လေ၏။


"ငါမင်းကို ဂူထဲမှာပဲနေပြီး မလှုပ်နဲ့လို့ပြောထားတယ်မဟုတ်လား… ဘယ်လိုလုပ်အပြင်ထွက်လာပြီး ဒီကိုရောက်လာရတာလဲ..."


ရှုရှုက မြွေကြီးဖြစ်ကြောင်းသိသွားပြီး မကြောက်တော့ပေ။ မြွေကြီးက တောင့်တင်းကာ မလှုပ်မယှက်ဖြစ်နေပြီး ရှုရှုကိုကြောင်ကြည့်နေလေသည်။


"မင်းဘာဖြစ်နေတာလဲ.."

ရှုရှု စိုးရိမ်တကြီးမေးလိုက်သည်။ ထို့နောက် အဖြေကချက်ချင်းပေါ်လာလေသည်။ သူက စကားထဲတွင် "မလှုပ်နဲ့" ဟု ထည့်ပြောလိုက်သဖြင့် မြွေကြီးက ပြောစကားနားထောင်ခြင်းဖြစ်သည်။ ရှုရှုက ချက်ချင်းပင်ကျေနပ်သွားပြီး မြွေကြီး အပြင်ထွက်လာပြီး ဤနေရာအထိရောက်လာသည်ကို စိတ်ထဲမထားတော့ပေ။ ၎င်းက စကားမပြောတတ်သေးသော စာမတတ်ပေမတတ်မြွေတစ်ကောင်သာ ဖြစ်လေသည်။ ၎င်းက ကလေးတစ်ယောက်နှင့်အလွန်တူသည်။


ဘာအရေးကြီးတာမလို့လဲ… ပြီးတော့ သမင်ကြီးကလည်းဝတုတ်နေတာပဲ…


လွန်ခဲ့သောရက်အနည်းငယ်က သူ ဖားနှစ်ကောင်သာဖမ်းမိခဲ့သဖြင့် သူ့အတွင် စားစရာအသား မလုံလောက်ခဲ့ပေ။ သူ့ခမျာ အခြောက်ခံထားသောအသားများကိုသာ စားခဲ့ရသည်။


"မြွေကြီး...မင်းက အရမ်းတော်တာပဲ..."

ရှုရှုက အက်ဂါကို လက်မထောင်ပြလိုက်သည်။ သူ့အပြုံးက ချွင်းချက်မရှိ တောက်ပနေလေ၏။ အက်ဂါက ရှုရှု၏ယခုလိုပုံစံကိုတွေ့ရသည့်အခါ သူ လုပ်နိုင်သွားပြီဖြစ်ကြောင်း သိလိုက်သည်။ နောက်ပိုင်းတွင် ရှုရှုထံမှတစ်နေကုန်စောင့်ကြည့်ခံရပြီး လျှောက်မသွားဖို့ရာ တားမြစ်ခြင်းခံရတော့မည်မဟုတ်ပေ။


ရာသီဥတုက အေးပြီးရင်းအေးလာခဲ့သည်။ မြွေတစ်ကောင်အနေဖြင့် အေးမြသောရာသီဥတုက သူ့လှုပ်ရှားနိုင်စွမ်းအပေါ် သက်ရောက်လာပေလိမ့်မည်။ လက်ရှိအချိန်တွင် သူ့အနေဖြင့် ရိက္ခာအတွက် သားကောင်အများအပြားကို ဖမ်းရန်လိုအပ်သည်။ 


သူ့အနေဖြင့် ဆောင်းရာသီကုန်သွားပြီး နောက်နှစ်နွေဦးအစတွင် အဆင့်နိမ့်သားရဲလူသားလေးကို လူသားများထံပို့နိုင်လိမ့်မည်။ 


မြွေကြီးက ရေကန်ငယ်လေးထံသွားရောက်ကာ ရေသောက်နေစဥ် ရှုရှုက သမင်ကို အေးအေးဆေးဆေးပင် စတင်ကိုင်တွယ်လိုက်သည်။


သမင်မှာ ဗိုက်ကိုခွဲပြီး အူများကိုဖယ်ရှားထားပြီးဖြစ်ကာ သမင်တစ်ကောင်လုံးကို အရေခွံဆုတ်ထားပြီးသားလည်းဖြစ်၏။ သူက သမင်သားကို ဦးစွာဘေးဖယ်လိုက်သည်။ ထို့နောက် ကြိုးတစ်ချောင်းဖြင့်ချည်ကာ ရေထဲသို့ပစ်ချလိုက်ပြီး ကြိုး၏အခြားတစ်ဖက်ကို သစ်ပင်တွင်ချည်ထားလိုက်သည်။ သမင်၏အတွင်းပိုင်းကလီစာများမှာလည်း ဖယ်ရှားပြီးဖြစ်သည်။ နှလုံး၊ အသည်းတို့ကဲ့သို့သော စား၍ရသည့် အပိုင်းတို့ကို ကျွမ်းကျင်စွာစုဆောင်းထားခဲ့၏။ အူများကမူ သန့်ရှင်းရန်မလွယ်သလို ချက်ပြုတ်၍လည်းမရသဖြင့် လွှင့်ပစ်လိုက်သည်။


သမင်ကိုဖြတ်တောက်ပြီးသည့်နောက် ရှုရှုက ဖမ်းမိထားသောငါးများ၏ပါးဟပ်ကို ကြိုးဖြင့်သီလိုက်လေ၏။ ရှုရှုကငါးများနှင့်လက်ထဲမှကလီစာထုပ်ကိုသယ်ကာ မြွေကြီးကိုမူ အရေချွတ်ပြီးသားသမင်အား ပါးစပ်ဖြင့်ကိုက်ချီခိုင်းလိုက်သည်။ ထို့နောက် ဂူကို အတူပြန်လာကြသည်။


"သစ်ကိုင်းထက်ကငှက်လေးတွေ တူစုံနေပေါ့လေ...ရေကြည်တွေနဲ့ စိမ်းဖန့်ဖန့်တောင်ကုန်းတို့က ရယ်ရွှင်မြူးလို့နေ...ခုကစလို့ သူတို့ဟာ ဆင်းရဲဒုက္ခမှလွတ်မြောက်သွားကြပေ...ဇနီးမောင်နှံတို့နှစ်ဦးသားဟာ အိမ်ကိုအတူပြန်ကြပြီလေ...ရှင်က ကောက်စိုက်ပေါ့...ကျွန်မက အဝတ်လှန်းမယ်...ကိုယ်က တံပိုးနဲ့ရေခပ်မယ် မင်းလေးက လယ်ကွင်းကိုရေလောင်းပေါ့ကွယ်..."


ရှုရှုက သီချင်းလေးညည်းလိုက်သည်။ ဆိုရင်းဆိုရင်းဖြင့် တစ်ခုခုမှားနေသလိုခံစားလာရသည်။ 


ဇနီးမောင်နှံကဘယ်သူတွေလဲ...ထားပါတော့... ငါ ကြိုက်သလိုဆိုမှာပေါ့... အရင်တစ်ခါ ငါ အိမ်ပြန်တုန်းကလည်း ဒီသီချင်းကိုပဲဆိုခဲ့တာလေ...


ဂူသို့ပြန်ရောက်သည့်အခါ ရှုရှုနှင့်မြွေကြီးက "သမင်သူဖုန်းစားကင်" နှင့် သမင်သားကြပ်တိုက်ကိုအတူစားကြလေသည်။ သမင်သားက အလွန်အရသာကောင်းသည်။ စားပြီးသည့်နောက် အသားခြောက်လုပ်ရသည့်လုပ်ငန်းစဥ်ကို စလေသည်။ လုပ်နေရင်း အသားအနည်းငယ်ကိုလည်းပါးစပ်ထဲသို့ ထည့်နေသေးသည်။


ယခုလို အလုပ်များလွန်းသောနေ့အပြီးတွင် ရှုရှုလည်း အသားခြောက်ကိုလုပ်ပြီးသွားခဲ့သည်။ သူအလွန်ပင်ပန်းပြီး ခြေထောက်များပင် ပျော့ခွေနေလေ၏။

ဒါပေမဲ့ ဘာလို့နေရာရာက ထကြွနေရတာလဲ…


သူ၏မြက်စကတ်ကို မ,ကြည့်လိုက်ပြီးနောက် ရှုရှုက မျက်မှောင်အသာကြုတ်လိုက်သည်။ ကြည့်ရသည်မှာ သူ၏မိတ်လိုက်ကာလရောက်နေပုံပင်။


.........


စာရေးသူ၏မှတ်စု


အက်ဂါ: မြူဆွယ်တာ… ဒါလုံးဝကို ဖြားယောင်းနေတာပဲ…



🐹🐹🐹