အပိုင်း ၂၅၁
Viewers 3k

အခန်း (၂၅၁)

 

လည်စည်းပဝါလေးက အရမ်းကြည့်ကောင်းနေတာပဲ

အခန်းတွင်းရှိ အမှုဆောင်အရာရှိ အားလုံးသည် ဘစ်ဘော့စ်၏ညာဖက်ဘေးရှိ လူက သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းမှ အမျိုးသမီး တင်ဆက်သူ အသစ်အကြောင်းကို ကြွားလုံး ထုတ်နေသည်ကို ငေးကြည့်နေကြသည်။

သူတို့နှလုံးသားထဲမှာ သံသယရှိသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ‘ဒီလူ... ဆေးမှားသောက်မိလို့လား။’

စိတ်ရှုပ်ထွေး နေကြပြီးနောက် လူများစွာက ကြောက်ရွံ့ ထိတ်လန့်မှုတွေ မဖြစ်ပဲ မနေနိုင်ကြပေ။ ထိပ်ဆုံးမှာ ရှိနေသည့် ဒါရိုက်တာယုက ရုတ်တရက်ကြီး ရူးသွပ်သွားခဲ့ရင်း ဘစ်ဘော့စ်က ကျိန်းသေပေါက် စိတ်မချမ်းမသာ ဖြစ်သွားလိမ့်မည်။

မြို့တံခါး မီးလောင်သွားရင် သူတို့ရော ရှင်သန်နိုင်ပါဦးမလား။

ခဏအကြာမှာတော့ အခန်းတွင်းရှိ လူတိုင်း ထိတ်လန့် သွားကြရသည်။

မထင်မှတ်ပဲ ကျိုးကျစ်ယန်၏ ကြွားလုံးထုတ်ခြင်း ပြီးဆုံးသွားပြီးနောက် ဘစ်ဘော့စ်သည် သူတို့ မျှော်လင့်ထားသလို ဒေါသထွက်နေပုံ မရပေ။ အဲ့ဒီအစား၊ သူက သဘောတူပြီး “အင်း၊ ကြားရတာ အတော်လေး ကောင်းတယ်။ အလုပ် ဆက်ကြိုးစားချေ”

လူတိုင်း၊“???”

ယုကျစ်ယန်က ချက်ချင်း ခေါင်းညိတ်ပြပြီး “ဒါတွေက မိန်းကလေးက သဘောထား ကောင်းလို့ပါပဲ။ သူမနဲ့ စာချုပ် ချုပ်ဆိုနိုင်ခဲ့တာက ကျွန်တော်တို့ ကုမ္ပဏီရဲ့ ကံကောင်းမှုပါပဲ” လို့ ပြုံးပြုံးလေး ပြောလိုက်သည်။

ဟောက်ချန်ဟွမ်းက သူ့ခေါင်းမော့ပြီး ယုကျစ်ယန်ကို ကြည့်လိုက်သည်။ သူ ပြောသည့်ပုံစံကို အနည်းငယ် မကျေမနပ် ဖြစ်နေပုံ ရသော်လည်း သူက ဘာမှ ပြန်မပြောပဲ “ဟုတ်တယ်”လို့ တိုးတိုးလေး ပြန်ဖြေသည်။

လူတိုင်း၊“…” ဒါက အလုပ်ဖြစ်သွားတယ်လား။

တခြားသူတွေထက် အမှန်တရားကို သိကြသည့် ကျိုးယန်ပိုင်နှင့် ကုရှောက်ယန်တို့ပင် ယုကျစ်ယန်ကို အထင်အမြင် သေးသလို မကြည့်ပဲ မနေနိုင်ကြတော့ပေ။

ဒီကောင်က သခင်မလေးကို အကာအကွယ်တစ်ခု အနေဖြင့် ဆွဲထုတ်ခဲ့တယ်၊ ဒီကောင်က အရမ်း... အရှက်ကင်းမဲ့ လွန်းတယ်။

ယုကျစ်ယန်သည် အခန်းတွင်းရှိ လူများ၏ တုန်လှုပ်ချောက်ချားသည့် အကြည့်တွေ အထင်အမြင်သေးသည့် အကြည့်များအောက်၌ အေးအေးဆေးဆေး ထိုင်နေခဲ့သည်။ အရေးပါသူ တစ်ယောက်၏ ပေါင်ကို ပွေ့ဖက်ထားရသည့် ခံစားချက်က တကယ့်ကို ကောင်းမွန်နေတာပဲ။ ဒီနေ့ခေတ်မှာ လူတိုင်း တစ်စုံတစ်ယောက်၏ ပေါင်ကို ပွေ့ဖက် ထားချင်ကြသည်မှာ အံ့သြစရာ မဟုတ်ပေ။

ယုကျစ်ယန် ထိုင်လိုက်သည်နှင့် သူ့ဘေးမှ အခြားသော အကြီးတန်း အမှုဆောင်အရာရှိ တစ်ယောက်ဟာ သူ၏ အစီရင်ခံစာကို ကိုင်ပြီး မတ်တပ် ထရပ်ကာ သူ့အလုပ် တာဝန်အကြောင်းကို စနစ်တကျ အစီရင်ခံ တင်ပြခဲ့သည်။

အရာအားလုံးက နောက်ဆုံးတော့ လမ်းကြောင်းမှန်ပေါ် ရောက်သွားသည့် ပုံပါပဲ။ အရင်က ယုကျစ်ယန် ပြောခဲ့သည့် စကားတွေက အရမ်းထင်ပေါ် လွန်းနေပုံပါပဲ။

အခန်းတွင်းရှိ လေထုသည် ဖြည်းဖြည်းချင်း ငြိမ်သက်သွားကာ အကြီးတန်း အမှုဆောင်အရာရှိ၏ တင်ပြချက်များကို ကြားနေရတော့သည်။

‌စားပွဲဝိုင်းထိပ်တွင် ထိုင်နေသည့် ဟောက်ချန်ဟွမ်းကတော့ စိတ်ပျံ့လွင့်နေပုံရသည်။ တစ်ခါတစ်ရံမှာ သူက လည်စည်းပဝါအောက်မှ နူးညံ့သော အမွေးလေးကို ထိတွေ့နေသည်။

ဌာနအကြီးအကဲ တစ်ဦးက သူ့ဌာနသည် ယခင် သုံးလပတ်တွင် အရှုံးပေါ်ခဲ့ကြောင်း၊ တစ်နှစ်တာ၏ စုစုပေါင်း ဝင်ငွေနှင့် အသုံးစရိတ်မှာတော့ အနည်းငယ်မျှသာ အတော်လေး အနည်းငယ်မျှပင် အရှုံးပေါ်ခဲ့ကြောင်း တင်ပြခဲ့သည်။

ဒါက တခြား ကုမ္ပဏီတွေအတွက် ပုံမှန်ပဲလို့ ယူဆကြသည်။ တကယ်တော့ စီးပွားရေး လုပ်သည့်အခါ ဆုံးရှုံးမှုများ ရှိမှာပင်။ ဆုံးရှုံးမှုက သိပ်မပြင်းထန်သရွေ့  ခက်ခဲသော အနေအထားသို့ ရောက်ရှိသွားမှာ မဟုတ်ပါချေ။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ လူတွေကို ထိတ်လန့်တကြား ဖြစ်စေသည့် ခံစားချက်မျိုးကို ခံစားရစေသည်။

ရုံးခန်းအတွင်းရှိ လေထုသည် လေးလံလာကာ လူတိုင်း၏ အာရုံစူးစိုက်မှုဟာ ဟောက်ချန်ဟွမ်း အပေါ် ဦးတည်လာခဲ့သည်။

ဌာနမှုးက ဟောက်ချန်ဟွမ်း၏ အမူအရာမဲ့နေသည့် အကြည့်တို့ကိုကြည့်လိုက်မိသည်။ သူ့နဖူးမှ ချွေးအေးတွေ စီးကျလာပြီး သူ့မျက်လုံးများက ပိုလို့တောင် စိတ်ပျက် အားငယ်မှုတွေ ပြည့်နှက်နေခဲ့သည်။

ဆယ်စက္ကန့် လောက်ကြာအောင် တိတ်တဆိတ် ရှိနေခဲ့သည်။ ဌာနမှုးက ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိပုံရပြီး တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိသည်။ သူက မဝံ့မရဲဖြင့် “အဟွတ်... စီအီးအို၊ စီအီးအို ဒီနေ့ ဝတ်ထားတဲ့ လည်စည်းပဝါလေးက တကယ် ကြည့်ကောင်းတယ်”

ထိုသို့ ပြောလိုက်သည့် အခိုက်အတန့်တွင် ရုံးခန်းတွင်းရှိ လေထုသည် စိတ်အိုက်ဖွယ်ရာ ဖြစ်လာခဲ့သည်။

ထိုသို့ ပြောပြီးနောက် ဌာနမှုးက ချက်ချင်းပင် နောင်တရသွားသည်။ ဒီလိုအခြေအနေမျိုးမှာ လည်စည်းပဝါ တစ်ထည်အကြောင်းကို ဘာကြောင့် ပြောလိုက်မိတာလဲ။ သူက သူ့ကိုယ်သူ ရန်သူရှေ့မှောက်မှာ လည်စင်း ပေးလိုက်တာမျိုး ဖြစ်နေပြီ မဟုတ်ပါလား။ မင်းကို ဘယ်သူက မဝေဖန်ကြမှာမို့လဲ။

သို့ရာတွင် လူတိုင်းကို အံ့အားသင့် သွားစေသည့် အချက်မှာ သူ့ကို တုံ့ပြန်စကား ပြောဆိုဖို့ မဖြစ်နိုင်ဘူးဟု တွေးနေသည့် ဘစ်ဘော့စ်သည် ရုတ်တရက် “အင်း၊ ငါလည်း အဲ့လိုပဲ ထင်တယ်” ဟု ပြန်ဖြေသည်။

အခန်းတွင်းရှိ အခြားသူများ ရုတ်တရက် မျက်လုံးပြူးကျယ် သွားကြကာ အချို့သော စိတ်ဓာတ်ပျော့ညံ့သူ အချို့မှာ အသက်ရှူချောင် သွားကြသည်။

ဟောက်ချန်ဟွမ်းသည် မထူးမခြားနားသလို မေးလိုက်သည်၊ “ငါ့လည်စည်းပဝါရဲ့ ဘယ်အပိုင်းက ကြည့်ကောင်းတယ်လို့ မင်းထင်လဲ”

***