အပိုင်း ၁၇၀
Viewers 3k

အခန်း (၁၇၀)

ပလတ်စတစ်လို ညီအစ်ကိုတွေ

 

စုယန်ယန်သည် ပဲနို့ခွက်ကို သူမလက်တွေ ပူနွေးလာသည့်အထိ ခဏကြာ ကိုင်ထားပြီးနောက် ဟောက်ချန်ဟွမ်းကို မနက်စာ အဆာပြေစားရန် တိုက်တွန်းလိုက်သည်။

 

“ကြက်ဥဌာပနာမုန့်ကို ကြည့်ပါဦး။ ကျွန်မ ဒီနေ့ မနက်စောစောက မုန့်ဖုတ်ထားတာမို့ နည်းနည်း အေးသွားလောက်တော့ သိပ်မကြွပ်တော့ဘူး ထင်တယ်”

 

ဟောက်ချန်ဟွမ်းသည် အရသာရှိမယ့်ပုံ ပေါ်သည့် ကြက်ဥဌာပနာမုန့်ကို လှမ်းယူလိုက်ပြီး တစ်ကိုက် ကိုက်လိုက်သည်။

 

အနည်းငယ် အေးစက်သွားသော ကြက်ဥဌာပနာမုန့်သည် ရွှေညိုရောင် သန်းပြီး သူ့ဘေးနားက အမျိုးသမီးလေးလို နူးညံ့ကာ မွှေးရနံ့ကြွယ်လှသည်။

 

“ဒါက တကယ်စားကောင်းတယ်”

 

“ဒါကို ရှင်ကြိုက်မှန်း သိရလို့ ဝမ်းသာပါတယ်”

 

 စုယန်ယန်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ လှည့်ကြည့်လိုက်ပြီး နူးညံ့သိမ့်မွေ့တဲ့ ကိတ်လေးကို တွန်းထုတ်လိုက်သည်။

 

 “ကျွန်မတို့ နှစ်ယောက်နဲ့ သွမ်းသွမ်းလေးပုံကို ဆွဲချင်ပေမယ့် ပုံဆွဲရတာက ထင်ထားတာထက် ပိုခက်တယ်။ ကျွန်မ ပိုလေ့ကျင့်ပြီး ကျွန်မတို့ လက်ထပ်ပွဲနေ့ကျရင် ဧည့်ခန်းမကြီးမှာ ဗဟိုအဖြစ် ထားရှိဖို့ ကိတ်မုန့်အကြီးကြီး လုပ်ချင်တယ်၊ ရှင် ဘယ်လိုသဘောရလဲ”

 

ဟောက်ချန်ဟွမ်း၏ မျက်လုံးများ တလက်လက် တောက်ပသွားသည်။

 

“ကောင်းသားပဲ”

 

စုယန်ယန်သည် ဟောက်ချန်ဟွမ်းက သူမ ပြုလုပ်လာခဲ့သော အဆာပြေမုန့် နှစ်မျိုးကို လက်ခံနိုင်ဖွယ် ရှိကြောင်းကို တွေ့မြင်ရပြီး စိတ်သက်သာရာ ရသွားခဲ့သည်။ သူမသည် ယုကျစ်ယန်ကို နောက်ထပ် ပြင်ဆင်ထားသည့် မုန့်တစ်ခုကို ပေးလိုက်သည်။

 

 

“ကျွန်မမှာ အချိန်သိပ်မရှိတဲ့ အပြင် ကိတ်မုန့်ဖုတ်ရတာက အနည်းငယ် ရှုပ်ထွေးတယ်၊ ဒါ့ကြောင့် ကျွန်မ ကိတ်မုန့်နှစ်လုံးပဲ ပြုလုပ်နိုင်တယ်။ ကျွန်မ မိသားစုအတွက် တစ်လုံး၊ ရှင်တို့ သခင်လေးအတွက် တစ်လုံးပေါ့။ ဒါတောင်မှ ကျွန်မ ရှင်တို့အတွက်ပါ ကြက်ဥဌာပနာမုန့် အကြီးကြီးတစ်ခု လုပ်ခဲ့သေးတယ်၊ ရှင် ယူသွားပြီးတော့ တခြားသူတွေနဲ့ မျှဝေစားသောက်ကြနော်”

 

ရှေ့ခန်းမှ ကားမောင်းနေသည့် ယုကျစ်ယန်သည် မျက်ရည် ကျလုနီးပါး ဝမ်းသာ ပျော်ရွှင်သွားကာ အရင်က သူ ဘယ်လို ‘အနိုင်ကျင့်ခံရတယ်” ဆိုတာကို ချက်ချင်း မေ့လျော့ သွားခဲ့သည်။ သူ ကားကို ခဏရပ်ပြီး စုယန်ယန် သူ့ကို ပေးထားတဲ့ မုန့်ဗူးကို အလျင်အမြန် ယူလိုက်သည်။

 

“ကျေးဇူးပါ၊ စုမိန်းကလေး၊ ကျန်တဲ့သူတွေနဲ့ ကျွန်တော် မျှဝေစားသောက် လိုက်ပါ့မယ်”

 

သူက ဤသို့ ပြောရင်းနဲ့ ဟောက်ချန်ဟွမ်းကို တစ်ချက် ခိုးကြည့်လိုက်သည်။ ဟောက်ချန်ဟွမ်းက မကျေမနပ် ဖြစ်နေတာကို မမြင်ရသည့် အတွက် ယုကျစ်ယန်သည် ကြက်ဥဌာပနာ မုန့်ဗူးကို သူ့ရှေ့ နေရာလွတ်မှာ ပျော်ရွှင်စွာ ချထားလိုက်သည်။

 

သူက ကားကို ဆက်မမောင်းခင် မုန့်ဗူးကို အကြိမ်ကြိမ် အခါခါ အကြည့်ရောက် နေခဲ့သည်။ သူ့ပုံစံကို မြင်ပြီး အဖြစ်အပျက်ကို မသိတဲ့သူတွေက သူ့ရဲ့စံပြ လက်တွဲဖော်ကို စိုက်ကြည့်နေတာလို့ ထင်ကြပေလိမ့်မည်။

 

ဆေးရုံသို့ ရောက်ပြီးနောက် ဟောက်ချန်ဟွမ်းသည် စုယန်ယန်နှင့်အတူ လိုက်ပါသွားခဲ့ပြီး ယုကျစ်ယန်သည် ဆေးရုံအောက်ထပ်တွင် စောင့်ဆိုင်းနေခဲ့သည်။

 

စုယန်ယန်တို့စုံတွဲ ထွက်သွားပြီးနောက် ယုကျစ်ယန်သည် ချက်ချင်းပင် ကြက်ဥဌာပနာမုန့်ကို သူ့အနံ့အရသာကို အကောင်းဆုံး ဖမ်းယူနိုင်မည့် ၃၆၀ဒီဂရီ ဗီဒီယိုတစ်ခု ရိုက်ကူးလိုက်သည်။

 

ယုကျစ်ယန်က ထိုဗီဒီယိုကို ရိုက်ကူးပြီးနောက် သူတို့သုံးဦး ဖွဲ့ထားသည့် စကားပြောခန်းသို့ မပို့ခင် စိတ်ကြည်နူးစွာ ခဏလောက် ကြည့်ရှုနေခဲ့သည်။ သူက ဝမ်းသာအားရဖြင့် “ဒါလေးက ဘာလဲဆိုတာ မင်းတို့ သိကြလား” လို့ အမေးပြုလိုက်သည်။

 

ကျိုးယန်ပိုင်နဲ့ ကုရှောက်ယန်တို့ နှစ်ယောက်စလုံးက ရုံးတွင် ရှိနေကြသော်လည်း သူတို့၏ အလုပ်ချိန်က အတော်လေး လိုက်လျောညီထွေ ရှိသောကြောင့် ချက်ချင်းနီးပါး ပြန်ဖြေဆိုခဲ့သည်။

 

တောင်ကြားကနေ ထွက်ပြူလာတဲ့ နေတစ်စင်း* (ကုရှောက်ယန်ရဲ့ တရုတ်နာမည်က ကုဟာ တောင်ကြားဟု အဓိပ္ပါယ်ရပြီး ယန်ကတော့ နေလို့ အဓိပ္ပါယ်ရပါတယ်): [ရှစ်... အဲ့တာက ချစ်စရာ ပိုင်မုန့်လေးပဲ မဟုတ်ဘူးလား၊ မဟုတ်ဘူး၊ ငါဆိုလိုတာက အဲ့တာက ချစ်စရာကောင်းတဲ့ ဌာပနမုန့်လေးလား။ မင်းအသက်ကို နှမြောတယ်ဆိုရင် အခုချက်ချင်း လက်မြှောက်လိုက်ဖို့ ငါအကြံပေးချင်တယ်။]

 

ထင်းရှုးပင်ကဲ့သို့ အဖြောင့်လေး* (TN: ကျိုးယန်ပိုင်ရဲ့ တရုတ်နာမည်က ပိုင်ဟာ ထင်ရှုးပင်လို့ အဓိပ္ပါယ်ရသည်): [အဲ့တာ... စားစရာလား။]

 

ငါးဖမ်းသမားလေးယန်ပိုင်* (TN: ယုကျစ်ယန်ရဲ့ မျိုးရိုးနာမည်ဟာ ငါးဖမ်းသမားနှင့် သံတူကြောင်းကွဲ စာသားတူသည်): [ဟီးဟီးဟီး... ဒီနေ့ ငါ အစောင့်အရှောက်အဖြစ် လိုက်ပါဖို့ တိုက်ပွဲဝင်ခဲ့ရတာ အရမ်းတန်တာပဲ။ သခင်မလေးက သခင်လေးအတွက် အဆာပြေမုန့်တွေနဲ့ သောက်စရာ ပြင်ဆင်လာခဲ့ပြီးတော့ ငါတို့အတွက်လည်း နည်းနည်း ပါလာခဲ့တယ်။ ဘယ်လောက် ချိုမြိန်လိုက်သလဲ၊ သူမက ဘယ်လောက်တောင် ကြင်နာတတ်သလဲ။ အဟင့်... အဟင့်... ငါ့မျက်ရည်တွေကို မထိန်းထားနိုင်တော့ဘူး။]

 

တောင်ကြားကနေ ထွက်ပြူလာတဲ့ နေတစ်စင်း: [(Envy makes me ugly.jpg) (Envy makes me cry.jpg) (Envy plasmolyzed me.jpg) (bawling.jpg) ဘာဖြစ်လို့ ဒီနေ့ လိုက်ရတဲ့သူက ငါ မဖြစ်ရတာလဲ။]

 

ထင်းရှုးပင်ကဲ့သို့ အဖြောင့်လေး: [ငါတို့လား။ ဒါဆို ငါတို့ဝေစုလည်း ပါဝင်တယ်လို့ ဆိုလိုတာလား။]

 

ငါးဖမ်းသမားလေး ယန်ပိုင်: [ငါနဲ့ ရှောက်ယန်အတွက်ပဲ၊ မင်းအတွက် မပါဘူး။]

 

တောင်ကြားကနေ ထွက်ပြူလာတဲ့ နေတစ်စင်း: [အတိအကျပဲ၊ မင်းအတွက် မပါဘူး။ ဒါတွေအားလုံးက ကျစ်ယန်နဲ့ ငါ့အတွက်ပဲ ပါတယ်။ (blessed.jpg)]

 

ထင်းရှုးပင်ကဲ့သို့ အဖြောင့်လေး: […မင်းတို့ကောင်တွေ ကိုယ်ရေးကိုယ်တာအရ မင်းတို့ အာဏာကို ပြောင်ပြောင်တင်းတင်း အလွဲသုံးစား လုပ်နေကြတယ်၊ မင်းတို့က အများပိုင်ပစ္စည်းကို ကိုယ့်အိတ်ထဲ ကိုယ်ထည့်နေကြတာပဲ။]

 

ငါးဖမ်းသမားလေး ယန်ပိုင်: [အဲ့တာဆိုရင်ရော ဘာဖြစ်လဲ။ သခင်မလေးက ဒါက ငါတို့ မြည်းစမ်းကြည့်ဖို့ အတွက်လို့ပဲ ပြောခဲ့တာ ဘယ်သူတွေ အတွက်လို့ မသက်မှတ်ထားခဲ့ဘူး။ သခင်မလေးက ငါ့ကို ပေးခဲ့တာ ဆိုတော့ ငါပြောတဲ့အတိုင်းပဲ ဖြစ်လိမ့်မယ်။]

 

တောင်ကြားကနေ ထွက်ပြူလာတဲ့ နေတစ်စင်း: [အဲ့တာ အမှန်ပဲ။ သစ္စာဖောက်တွေက စောဒကတက်ပိုင်ခွင့် မရှိဘူး။ ထွက်သွား... (I know I’m right.jpg)]

 

ထင်းရှုးပင်ကဲ့သို့ အဖြောင့်လေး: [….]ငါ လုပ်ခဲ့သမျှက သူတို့အတွက်မပါပဲ တစ်ခါလေး အစားအသောက် မှာစားမိရုံပါပဲ၊ သူတို့က ဒါကို တကယ်ပဲ ဒီလောက် အကြာကြီး အတေးအမှတ် ထားနေရလား။

***