ဆေးဖက်ဝင်အပင်များရဲ့
ဘုရင်
တက္ကသိုလ်အေမှ
ဆေးဝါးဌာနမှုးသည် ယဲ့ချီလျန့်ဟု ခေါ်သော လူအိုကြီး ဖြစ်သည်။ သူ့အသက် အရွယ်အရ အနားယူပြီး
အေးအေးဆေးဆေး နေသင့်နေပြီ ဖြစ်သည်။
သို့ရာတွင်
ဒီလူအိုကြီးသည် အေးအေးဆေးဆေး နေရမှာကို ငြင်းပယ်သည့် ဇာတ်ကောင်မျိုး ဖြစ်ကာ သူ့ရာထူးတွင်
ဆက်လက် ရှိနေခဲ့ပြီး သူ အလွန် ဝါသနာပါသော ဘာသာရပ်ကို ဆက်လက ်တောက်ပနေစေရန် တွန်းအားပေးသည့်
စိတ်ဓာတ် ရှိသူလည်း ဖြစ်သည်။
ဤကဲ့သို့
ကျွမ်းကျင် ပညာရှင်တစ်ဦးက ဆေးဝါးဌာနတွင် ကူညီပေးနေခြင်း အတွက် တက္ကသိုလ်မှ ဝမ်းမြောက်ဝမ်းသာ
ဖြစ်မိသော်လည်း အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သောကြောင့် သူ့အတွက် အတန်းများများနှင့်
ကျောင်းသားများများ မစီစဉ်ပေးဝံ့ပေ။
ယဲ့ချီလျန့်၏
လက်ရှိ ကျောင်းသား အများစုသည် အနောက်တိုင်း ဆေးပညာ ကဏ္ဍတွင် အဓိက အားဖြင့် အောင်မြင်နေကြသော
ကျောင်းသားများ ဖြစ်ကြသည်။
ယဲ့ချီလျန့်၏
ဘဝတွင် တစ်ခုတည်းသော နောင်တမှာ သူ့မိသားစုမှာ မျိုးရိုးစဉ်ဆက် အမွေဆက်ခံခဲ့သော တရုတ်တိုင်းရင်း
ဆေးစာအုပ် တစ်အုပ်ကြောင့်ပင် ဖြစ်သည်။
သူ
ငယ်ရွယ်စဉ်အချိန်က ဒီစာအုပ်ကို ဖတ်ရှုခဲ့ဖူးပြီး ဒီစာအုပ်ကြောင့် ဆေးပညာကို လေ့လာဖို့
ဆုံးဖြတ်ခဲ့တာ ဖြစ်သည်။
သူ
ကြီးပြင်းလာသော အချိန်တွင် တရုတ် တိုင်းရင်းဆေး ပညာက ကျဆင်း လာလိမ့်မည်ဟု မထင်ခဲ့ပေ။
တရုတ်ဆေးဖက်ဝင် အပင် အများအပြားသည် လူသားမျိုးနွယ် နေရာဒေသ အပြောင်းအရွှေ့ နှစ်ခုကြားတွင်
ပျောက်ကွယ် သွားခဲ့ကာ ရှည်လျားသော သမိုင်းကြောင်းထဲ နစ်မြှုပ် ပျောက်ကွယ် သွားခဲ့ရသည်။
တရုတ်
ဆေးဖက်ဝင် အပင်များ မရှိသည့် တရုတ်တိုင်းရင်း ဆေးသမားတော်သည် ထမင်းချက်ချင်သော်လည်း
ဆန်မရှိသည့် အိမ်ရှင်မနှင့် တူသည်။ ယဲ့ချီလျန့်သည် အနောက်တိုင်း ပညာကို တုံ့ဆိုင်းစွာ
လှည့်ကြည့်ရန် မှတစ်ပါး အခြား ရွေးချယ်စရာ မရှိခဲ့ပေ။
ထိုသို့
ဖြစ်ပျက် ခဲ့သော်လည်း သူသည် တရုတ်တိုင်းရင်း ဆေးနှင့် တရုတ်ဆေးဖက်ဝင် အပင်များအပေါ်
စူးစမ်းရှာဖွေ သုသေတန လုပ်ခြင်းအပေါ် ဘယ်တော့မှ အရှုံးမပေးခဲ့ပဲ နှစ်ပေါင်းများစွာ
ဆက်လက် လုပ်ဆောင်ခဲ့သည်။
ဖမ်ကျားကျစ်သည်
မျိုးဆက်သစ် လူငယ်များအကြား သူ အနှစ်သက်ဆုံး ကျောင်းသား ဖြစ်ပြီး သူ ပေးပို့ခဲ့သည့်
ဗီဒီယိုတွင် ပုံကြီးချဲ့ကားထားသည့် ခေါင်းစဉ် ပါရှိသော်လည်း ယဲ့ချီလျန့်က ထိုဗီဒီယိုကို
ဖွင့်ကြည့်ခဲ့သည်။
သူ
ဒါကို ကြည့်ရှုလိုက်သော အခါတွင် သူ၏တုံ့ပြန်မှုသည် ဖမ်ကျားကျစ်၏ တုံ့ပြန်မှုထက် ပိုသာလွန်ခဲ့သည်။
သူက အသက်အရွယ် ကြီးရင့်ပြီ ဖြစ်သောကြောင့် အသက်ရှူနှုန်းပင် မူမမှန်တော့ပေ။
နောက်ဆုံး၌
သူ့အသက်ရှူနှုန်းကို ပြန်လည် ထိန်းညှိပြီးနောက် ယဲ့ချီလျန့်၏ မျက်လုံးများသည် ဖန်သားပြင်ပေါ်သို့
ကော်ကပ်သလို စွဲမြဲနေခဲ့သည်။ ယခု ဖန်သားပြင်ပေါ်တွင် တွေ့မြင်နေရသော ဧရာမ ဂျင်စင်းကြီးကို
အနီးကပ် မြင်တွေ့နိုင်ရန် မစောင့်ဆိုင်း နိုင်တော့ပေ။
အဆုံး၌
ဖမ်ကျားကျစ်သည် ပါမောက္ခအိုကြီး၏ အာရုံကို ဆွဲဆောင်ရန် မက်ဆေ့ချ် တစ်စောင် ပေးပို့ခဲ့သည်။
“ပါမောက္ခ၊ ပို့ထားတဲ့ ဗီဒီယိုကို ကြည့်ပြီးပြီလား။ ဗီဒီယိုထဲမှာ ပါဝင်တဲ့ ဂျင်ဆင်းက
ရှေးခေတ် ဆေးစာအုပ်တွေမှာ မှတ်တမ်း တင်ထားတဲ့ ဆေးဖက်ဝင် အပင်များရဲ့ ဘုရင်လို့ တင်စား
ခေါ်ဝေါ်တဲ့ဟာ ဟုတ်ပါသလား။ အသက်ရှည်စေပြီး သွေးနှင့် စွမ်းအင်ကို ဖြည့်စွမ်း ပေးနိုင်တဲ့
ဆေးစွမ်းကောင်း တစ်လက် ဟုတ်ပါသလား။ ကျွန်တော် ဂျင်ဆင်းရဲ့ ပုံသဏ္ဌာန်ကို ရှာဖွေခဲ့ပြီး
အဖြူအမည်းပုံ တစ်ပုံကိုသာ ရှာတွေ့ခဲ့တာကြောင့် အဲ့တာက အစစ်အမှန် ဟုတ်မဟုတ် အတိအကျ မပြောနိုင်ဘူး။
အဲ့တာက အစစ်အမှန် ဟုတ်မဟုတ် ခွဲခြားသိနိုင်ဖို့ ကျွန်တော် ဒီဗီဒီယိုကို ဆရာ့ဆီ လက်လွတ်စပယ်
ပို့ပေးခဲ့တာပါ။
ယဲ့ချီလျန့်သည်
ယခုမှ အိပ်မက်ထဲမှ နိုးထလာပုံရပြီး အခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။ သူက ချက်ချင်းပင်
ဖမ်ကျားကျစ်ထံသို့ ဗီဒီယိုဖုန်း ခေါ်ဆိုမှု ပေးပို့ခဲ့သည်။ ဖုန်းခေါ်ဆိုမှု ချိတ်ဆက်
သွားသည်နှင့် သူ့တပည့်ထံ မေးခွန်းတွေ တသီတသန်းကြီး ပစ်လွှတ်လိုက်သည်။
“ဒီဗီဒီယိုကို မင်း ဘယ်က ရတာလဲ။ အဲဒီ ဗီဒီယိုထဲမှာ
စကားပြောနေတဲ့ မိန်းကလေး... သူမ အခု ဘယ်မှာလဲ။ ဒီဗီဒီယိုကို မင်း ဘယ်တုန်းက ရတာလဲ၊
ပြီးတော့ မင်း ငါ့ဆီကို အခုမှ ပေးပို့ခဲ့ရတာလဲ”
ဖမ်ကျားကျစ်သည်
သူ့ဆရာ၏ အလွန်တရာ စိတ်လှုပ်ရှားနေမှုကြောင့် ထိတ်လန့်တကြား ဖြစ်သွားခဲ့ကာ “ဒီဗီဒီယိုကို
လွန်ခဲ့တဲ့ နှစ်ရက်ကမှ ကျွန်တော့်ညီမက ကျွန်တော့်ဆီ ပို့ပေးခဲ့တာပါ။ ဒီဗီဒီယိုက သူမ
အရမ်း သဘောကျ နှစ်သက်တဲ့ တိုက်ရိုက် ထုတ်လွှင့်မှု တင်ဆက်သူ အသစ်တစ်ဦးရဲ့ ဗီဒီယိုမှတ်တမ်းလို့
ပြောခဲ့တယ်။ ကျွန်တော်လည်း ဒီနေ့မှ အချိန်ရလို့ ဖွင့်ကြည့်မိတာ...” ဟု ပြောလိုက်သည်။
သူသည် ဒီဗီဒီယိုကို သူ့ဆရာထံသို့ မပေးပို့ပဲ တမင်တကာ သိမ်းဆည်း ထားခဲ့တာ မဟုတ်ပေ။ ဝူးဝူး...
ငါ မှားသွားလို့လား၊ ငါ ခါးသီးသလို ခံစားရတယ်။
“ဒါက
တိုက်ရိုက် ထုတ်လွှင့်မှုရဲ့ ဗီဒီယိုမှတ်တမ်းလား” ယဲ့ချီလျန့်၏ မျက်လုံးတွေဟာ စိတ်လှုပ်ရှားစွာ
တလက်လက် တောက်ပ သွားခဲ့သည်။
“ဒီတိုက်ရိုက်
ထုတ်လွှင့်မှုက ဘယ်မှာလဲ ဆိုတာကို မင်းညီမကို မြန်မြန်မေးပြီး ငါ့ဆီကို အဲ့ဒီ တိုက်ရိုက်
ထုတ်လွှင့်မှု လင့်ခ်ကို ချက်ချင်း ပို့ပေး”
ဖမ်ကျားကျစ်သည်
သူ၏ ကနဦး အံ့အားသင့် နေရာမှ နောက်ဆုံး၌ ပြန်လည် သက်သာ လာခဲ့သည်။ သူ့ဆရာ၏ မျက်နှာပေါ်က အရူးအမူး ဖြစ်နေသော အရိပ်အယောင်ကို
မြင်လိုက် ရသောအခါ သူ့စိတ်ထဲတွင် မှန်းဆချက်တစ်ခု ပေါ်လာခဲ့သည်။
“ပါမောက္ခ၊ ဒီဗီဒီယိုထဲက အရာက တကယ် ဖြစ်နိုင်ပါ့မလား...”
ယဲ့ချီလျန့်က
ပြန်မဖြေပေမယ့် သူ့မျက်နှာ အမူအရာကတော့ သူ့အတွေးတွေကို ထုတ်ဖော် ပြသနေပြီးသား ဖြစ်သည်။
“ကောင်းလိုက်တာ၊
ကျွန်တော့်ညီမက ဒီအစားအသောက် တိုက်ရိုက် ထုတ်လွှင့် တင်ဆက်သူ အကြောင်းကို ပြောပြခဲ့တယ်။
သူမ တိုက်ရိုက် ထုတ်လွှင့်မှု တင်ဆက်နေတာ သိပ်မကြာသေးဘူး။ သူမရဲ့ အခြား တိုက်ရိုက်
ထုတ်လွှင့်မှုတွေမှာလည်း အလားတူ တရုတ်ဆေးဖက်ဝင် အပင်မျိုးတွေ ပါဝင်ကောင်း ပါဝင်လိမ့်မယ်”
ယဲ့ချီလျန့်သည်
အစပိုင်းတွင် စိုးရိမ်ကြောင့်ကြလျက် ရှိနေပြီး ထိုစကားကို ကြားလိုက်ရသော အခါတွင် သူ၏
စိတ်လှုပ်ရှားမှုကို မထိန်းထားနိုင်တော့ပေ။ သူက အရမ်းစိတ်လှုပ်ရှား သွားပြီးတော့ အလုပ်မြန်မြန်
လုပ်ဖို့ နှိုးဆော်ခဲ့သည်။
“မြန်မြန်...
အခုချက်ချင်း သူမကို ဆက်သွယ်ပြီး မေးမြန်းလိုက်တော့လေ...”
***