အပိုင်း ၅၃
Viewers 3k

 

အခန်း(၅၃) - အမျိုးသမီး အသုံးပြုသူအကောင့်များ အမှန်ပင်ဖြစ်သည်

 

စုယန်ယန်သည် သူမအတွေးထဲဝယ် လိင်ပိုင်းဆိုင်ရာ အတွေးတစ်ခု ပေါ်လာသည့်အခါတွင် ရှက်ပြုံးလေးပြုံးကာ စကားဆိုလိုက်သည်။ “အကယ်၍ လူအများစုက ဒါကို မလိုအပ်ဘူးဆိုရင် လိုအပ်တဲ့လူတွေအတွက် ဒါကို ထားခဲ့လို့ရပါတယ်။ အခုတော့ ကံစမ်းမဲဖောက်ကြရ‌အောင်။ ရေနဂါးကျောရိုးစွပ်ပြုတ်နဲ့ နှင်းဆီယိမူချောင်လက်ဖက်ရည်အတွက် ကံထူးရှင် သုံးဦးစီ ရွေးချယ်သွားမှာဖြစ်ပြီး ပန်းပွင့်ပန်းပုရုပ်သွင်အတွက် ကံထူးရှင် တစ်ဦး ‌ရွေးချယ်သွားပါမယ်။”

 

ဆုတစ်ခုချင်းစီအတွက် ကံစမ်းမဲကို သီးခြား မဲဖောက်ပေးသွားပါ့မယ်။ ပထမဆုံး မဲဖောက်ပေးမှာကတော့ နှင်းဆီယိမူချောင်လက်ဖက်ရည်ဖြစ်ပြီး နောက်တစ်ခုက ပန်းပွင့်ရုပ်ထွင်းဖြစ်ပါတယ်။‌ ရေနဂါးကျောရိုးစွပ်ပြုတ်ကို နောက်ဆုံးမဲဖောက်ပေးသွားပါ့မယ်။”

 

ပထမဆုံး မဲဖောက်ပေးလိုက်သည့် အစီအစဥ်နှစ်ခုသည် ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့ပြီး ကံထူးရှင်တွေက မနာလိုသူတွေရဲ့ နှုတ်ဖြင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ အချိန်နှင့်တစ်ပြေးညီ မှတ်ချက်များတွင် တစ်ဦး သို့မဟုတ် နှစ်ဦးလောက်က ကြွားလုံးထုတ်ခဲ့ပြီး ထုံးစံအတိုင်း ဝန်းရံချေမှုန်းခြင်းခံလိုက်ရသည်။

 

နောက်ဆုံးမဲဖောက်သည့်အချိန်တွင် မဲပေါက်သည့် ကံထူးရှင်သုံးဦးထဲမှ ရင်းနှီးနေသော ကြည့်ရှုသူ အမည်နှစ်ခုကို တွေ့လိုက်ရသည်။

 

“ရေနဂါးကျောရိုးစွပ်ပြုတ်ကို ကံထူးသွားသည့်အတွက် (စကြာဝဠာတစ်ခုလုံးမှာအချောဆုံးကောင်လေး) အမည်ရှိ ကြည့်ရှုသူကို ဂုဏ်ပြုပါတယ်။ ကျေးဇူးပြုပြီး သင့်မေးလ်ကို စစ်ဆေးဖို့ သတိရပါ”

 

ကြည့်ရှုသူအမည်နှစ်ခုကို ဖတ်ရှုပြီးနောက် စုယန်ယန်သည် ဒီနာမည်နှစ်ခုကို အနည်းငယ် ရင်းနှီးနေသလို ခံစားရပြီး သူမ ပြန်လည်မှတ်မိလာစေရန် အချိန်အနည်းငယ် ယူလိုက်ရသည်။

 

ဟမ့်... ဒီလူနှစ်ယောက်က ခုနတုန်းက လူတွေ မဟုတ်ဘူးလား။

 

ဒါကို စုယန်ယန်တစ်ယောက်တည်း အမှတ်ရခဲ့တာ မဟုတ်ဘူး။ အမြင်စူးရှတဲ့ ကြည့်ရှုသူများကလည်း ဒါကို သတိထားမိခဲ့ကြသည်။

 

ဒီ နာမည်နှစ်ခုကို မြင်တွေ့လိုက်ရတဲ့အခါ သူတို့စိတ်ထဲမှာ ပထမဆုံးပေါ်လာတဲ့ အတွေးက ‘သေစမ်း၊ အသုံးမကျတဲ့လူတွေ။ သူတို့ပါးစပ်က မလိုအပ်ဘူးလို့ ပြောနေပေမယ့် သူတို့ခန္ဓာကိုယ်တွေက လိုအပ်တယ်လို့ အော်ဟစ်နေကြတယ်’

 

တူညီတဲ့လိုအပ်ချက်များရှိပြီး ကံစမ်းမဲမပေါက်ကြသည့်လူများသည် အချိန်နှင့်တစ်ပြေးညီ မှတ်ချက်များတွင် ထိုနှစ်ယောက်ကို အမည်ခေါ်ပြီး လှောင်ပြောင်ကြသည်။ [မင်းတို့ပဲ ဒါကို မလိုအပ်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ မင်းတို့ရဲ့ ဝေစုကို မြန်မြန်လေး စွန့်လွှတ်ပေးကြပါ။]

 

သူတို့နှစ်ယောက်... သူတို့နှစ်ယောက်က သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို ထိန်းထားပြီး သူတို့ရဲ့လိပ်စာတွေကို စုယန်ယန်ထံ လျှို့ဝှက်စွာ ပေးပို့ခဲ့သည်။

 

ထို့နောက် သူတို့သည် ဖန်သားပြင်ပေါ်ရှိ လှောင်ပြောသရော်နေသော မှတ်ချက်များကို ပြန်လည်ဖြေဆိုရန် ငြင်းဆိုခဲ့ပြီး အဆုံးထိတိုင် မမြင်ချင်ယောင်ဆောင်မည်ဟု ကတိပြုခဲ့ကြသည်။

 

စုယန်ယန်သည် လူနှစ်ယောက်ကို လှောင်ပြောင်သရော်ထားသည့် ဖန်သားပြင်ပေါ်ရှိ မှတ်ချက်များကို မြင်လိုက်ရတော့ ချက်ချင်း နားလည်သဘောပေါက်သွားပြီး ရယ်ချင်စိတ်ကို ထိန်းကာ ပြောလိုက်သည်။ “မင်းတို့ရဲ့ ဆုတွေအတွက် ပို့ပေးနိုင်ဖို့အတွက် ကံစမ်းမဲပေါက်တဲ့ ကံထူးရှင်တွေက တတ်နိုင်သလောက် အမြန်ဆုံး လိပ်စာတွေ ပို့ပေးကြပါ။ ဒီနေ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ဒီနေရာမှာပဲ ပြီးဆုံးသွားပါပြီ။ ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ မနက်ဖြန်မှ ပြန်ဆုံတွေ့ကြမယ်နော်။”

 

စုယန်ယန်သည် နောက်ဆုံးပိတ်စကားကို ပြောပြီးသောအခါတွင် ညာဖက်အ‌ပေါ်ထောင့်မှ ကြည့်ရှုသူ အ‌ရေအတွက်ကို ကြည့်လိုက်ရာ ဂဏန်းခြောက်လုံးအထိ ရှိနေပြီဖြစ်တာကို မြင်လိုက်ရ၍ ပြုံးရယ်လိုက်ရင်း သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ပျော်ရွှင်စွာ ပိတ်လိုက်သည်။

 

သို့သော်လည်း ဟောက်ချန်ဟွမ်းသည် ကံထူးရှင်နာမည်စာရင်းကို မှုန်ကုပ်ကုပ် စိုက်ကြည့်ကာ ပြောလိုက်သည်။ “အမျိုးသမီး ကြည့်ရှုသူ အကောင့်တွေကိုပဲ ကံထူးရှင်ဖြစ်အောင်လုပ်လို့ ငါ ပြောထားတယ်မလား။ နောက်ဆုံးမဲဖောက်တဲ့ အစီအစဥ်မှာ သူတို့က ဘာလို့ ရွေးချယ်ခံရတာလဲ။”

 

‌ဟောက်ချန်ဟွမ်းထံမှ နောက်ထပ်ဖုန်း‌ခေါ်ဆိုမှုကို လက်ခံရရှိသောအခါ ကျိုးကျစ်ယန်သည် ကြက်သေ သေသွားကာ ကံထူးရှင်များ၏ အချက်အလက်များကို အလျင်အမြန် စစ်ဆေးကြည့်လိုက်ပြီး သူ့အသံက အပျက်ပျက် အယွင်းယွင်းဖြင့် ပြောလိုက်သည်။ “သခင်လေး၊ အဲ့ဒီအကောင့်တွေက... အမျိုးသမီး အကောင့်တွေပါပဲ။”

 

“အမျိုးသမီး အသုံးပြုသူ အကောင့်တွေလား။”

 

“... ဟုတ်ပါတယ်၊ သူတို့က သူတို့အကောင့်ရဲ့ လိင်အမျိုးအစားမှာ အမျိုးသမီးတွေလို့ မှတ်ပုံတင်ထားတာပါ။”

 

ဟောက်ချန်ဟွမ်း “...” သူ ဒါကို မေ့သွားခဲ့တာပဲ။

 

“ဒါ့အပြင် ကံစမ်းမဲဖောက်ပြီးနောက် ဒေတာအချက်အလက်တွေကို ကျွန်တော် စစ်ဆေးကြည့်ခဲ့သေးတယ်။ ကံစမ်းမဲမှာ ပါဝင်သူအများစုက အမျိုးသားအကောင့်တွေ ဖြစ်တယ်ဆိုတာ သိလိုက်ရပါတယ်...”

 

ဆိုလိုသည်မှာ ယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု ကံစမ်းမဲ အစီအစဥ်တွင် အမျိုးသမီးအကောင့်များကိုသာ ကံထူးရှင်ဖြစ်အောင် ပရိုဂရမ်သွင်းထားသဖြင့် အဲ့ဒီအကောင့်တွေက ကံကောင်းသွားခြင်းဖြစ်သည်။ အယ်လဂိုရီသမ်က များပြားသော အမျိုးသား အကောင့်တွေကြားထဲက အမျိုးအမီး အကောင့် အနည်းငယ်ကို ဖမ်းယူလိုက်မိတာဖြစ်သည်။

 

ဟောက်ချန်ဟွမ်း “...” အမှားတစ်ခုပဲ။

 

ကျိုးကျစ်ယန်သည် ရှင်းပြပြောဆိုပြီးနောက် ဒါကို တော်တော်လေး ရယ်စရာကောင်းတယ်လို့ ထင်မြင်မိသည်။ ကံစမ်းမဲအစီအစဥ်တွင် ပါဝင်နိုင်ရန် အမျိုးသားတစ်ဦးသည် အမျိုးသမီးအကောင့်တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ဖွင့်ထားမည်ဟု ဘယ်သူက ထင်မှာလဲ။

 

သူတို့၏ အကောင့်နာမည်ကို အခြေခံ၍ ထိုအမျိုးသားများသည် ယောကျာ်းကောင်းများ မဟုတ်ကြောင်း သူ ပြောနိုင်သည်။

 

“ဒါ့ကြောင့် ဒီကိစ္စအတွက် သခင်လေး ကျွန်တော့်ကို အပြစ်တင်လို့မရဘူး။”

 

ဟောက်ချန်ဟွမ်းသည် စိတ်အခြေအနေ ဆိုးရွားနှင့်နေပြီးဖြစ်ကာ ဒီစကားကို ကြားလိုက်ရသောအခါတွင် ဒိုင်းနမိုက်လို ပေါက်ကွဲသွားသည်။ “ဒါဆို ငါက မင်းကို အပြစ်တင်နေမယ့်အစား ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်လိုက်လို့ ဆိုလိုချင်တာလား။”

 

သူက ပြောပြီးပြီးချင်း ကျိုးကျစ်ယန်ရဲ့ တုံ့ပြန်ပြောစကားကို မစောင့်ဆိုင်းတော့ပဲ ဖုန်းချလိုက်သည်။

 

ကျိုးကျစ်ယန် “...” အိုး နိုး၊ မနက်ဖြန်နေထွက်တာကို သူ မြင်နိုင်ပါဦးမလား။