အပိုင်း ၂၄
Viewers 672

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O


အပိုင်း ၂၄




သူလက်အိတ်မဝတ်ထားဘဲ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသောကြောင့် သူ့အကျီလက်တွေတောင် လိပ်တက်လာပြီး သူ့လက်ကောက်ဝတ်တွင် နောက်ဆုံးတစ်ခေါက်က ချောင်းမို ချန်ခဲ့တဲ့ ပျောက်ခါနီး  အပြာနုရောင် လက်ဗွေရာများပင် ပေါ်လာသည်။ 



ကြောက်မက်ဖွယ် ရက်စက်ယုတ်မာမှုများ ခံစားလာရသလို သူ၏ နုနယ်သိမ်မွေ့သော အသွင်အပြင်သည် ဖြားယောင်းနိူင်သဖြင့် ချောင်းမိုသည် ရှက်ရွံ့စွာ ခြေတစ်လှမ်းပြန်ဆုတ်လိုက်မိသည်။  စိတ်စွမ်းအားသည်လည်း ပြန်ရုတ်သိမ်းခံလိုက်ရသဖြင့် အေးမြ ချိုမြိန်သော ရနံ့များလည်း တဖန် ပျံ့နှံ့လာပြန်သည်။



"ကျန်း... မစ္စတာ ကျန်း"



ချောင်းမိုသည် ကျန်းလော့ကျစ်ကို နှိုးရန် အပြင်းအထန် ကြိုးစားခဲ့သော်လည်း သူမ အသံက အက်ရှနေမှန်း သတိပြုမိလိုက်သည်။



အစောတုန်းက ပိုင်ယွဲ့ကွမ်းသည် ကျန်းလော့ကျစ်အတွက် အယ်လ်ဖာတစ့ယောက်ကို ရှာရန် လိုအပ်ပြီး မဟုတ်ပါက ကျန်းလော့ကျစ် သေဆုံးနိုင်သည်ဟု ပြောခဲ့သော်လည်း ချောင်းမိုသည် ကျန်းလော့ကျစ်၏ ထင်မြင်ချက်ကို အရင်မေးရန် ဆုံးဖြတ်ခဲ့သည်။



ထို့အပြင် ချောင်းမိုက အယ်လ်ဖာသည် မည်သည့်အရာဖြစ်ကြောင်းကိုလည်း သေချာမသိသေးပေ။



ကျန်းလော့ကျစ်သည် နောက်ဆုံးတွင် သူ့မျက်လုံးများကို တွန့်ဆုတ်စွာဖွင့်လိုက်ပြီး မူးဝေနေသေးသော နဖူးကို ပွတ်လိုက်ကာ သူ့ကိုယ်သူ ချွေးများစိုရွှဲနေပြီး ရှက်ရွံ့ရွံရှာဖွယ်ကောင်းနေသည်ကို တွေ့လိုက်ရသည်။



လှည့်ပတ်ကြည့်လိုက်တော့ ဗီလာရဲ့ မြေအောက် ကားပါကင်မှာ ရှိနေသည်ကို တွေ့လိုက်ရသည်။ သူနှင့် ချောင်းမိုသည် ပွဲမှထွက်ပြီးသည်နှင့် ဗီလာသို့ ပြန်လာခဲ့သည်။ လောလောဆယ်မှာတော့ ချောင်းမိုက သူ့ဘေးမှာ ရှိနေလေသည်။



ဤသဘောပေါက်မှုက ကျန်းလော့ကျစ်ကို သက်ပြင်းချနိုင်စေခဲ့သည်။ သူက ချောင်းမိုကို ယဥ်ကျေးမနေတော့ဘဲ ကားပေါ်မှဆင်းပြီး ချောင်းမိုကို တွဲခိုင်းလိုက်ကာ ပြောခဲ့သည်။ "အခန်းကို အရင်ပြန်သွားမယ်" 



ကျန်းလော့ကျစ်က နောက်ဆုံးအကြိမ် ထိုးထားတဲ့ ထိုးဆေးကို သတိရလိုက်ပြီး တစ်ဖက်သူသည် သူ့ခန္ဓာကိုယ်မှ ပြောင်းလဲမှုတွေ လျော့ပါးသွားအောင် ထိုးဆေးသုံးချင်နေသည်ကို သိလိုက်သည်။



သူမ ခေါင်းညိတ်ပြပြီး ကျန်းလော့ကျစ်ကို ဓာတ်လှေကားပေါ်တက်ဖို့ ကူညီပေးလိုက်သည်။



ချောင်းမိုက ကျန်းလော့ကျစ်ကို ကိုင်ရင်း ဖုန်းကိုလက်တစ်ဖက်တည်းနဲ့ ရှာနေချိန်တွင် သန့်စင်ပြီး ချိုမြတဲ့ ရနံ့က ပိုပြီး ပြင်းထန်လာတော့သည်။



ကျန်းလော့ကျစ်သည် သူ့ရောဂါကို သက်သာစေရန် အထူးဆေးများ ရှိသော်လည်း ပိုင်ယွဲ့ကွမ်း၏ စကားများက ချောင်းမိုကို လှုပ်နှိုးလိုက်သည်။  ပိုင်ယွဲ့ကွမ်း ရဲ့ စကားကို နားထောင်ရသလောက် ကျန်းလော့ကျစ်ရဲ့ အခြေအနေက အရမ်းပြင်းထန်ပုံရသည်။ ထို့ကြောင့် အရေးပေါ် အခြေအနေအတွက် အယ်လ်ဖာ ဟုခေါ်သော အရာကိုလည်း ကြိုတင်ပြင်ဆင်ထားသင့်သည်။



သို့သော်လည်း 'အယ်လ်ဖာက အိုမီဂါကို ဘယ်လိုကူညီပေးသလဲ'၊ 'အယ်လ်ဖာက အိုမီဂါကို ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ဖို့ ဘယ်လိုကူညီပေးရသလဲ' အစရှိတဲ့ စကားလုံးတွေကို ရှာလိုက်တဲ့ အချိန်မှာတော့  အဝါရောင် အာမေဍိတ် သင်္ကေတကို ပြသခဲ့ပြီး နောက်တွင် 'သင်သည်ဝဘ်ဆိုက်တွင် တရားမဝင်ရှာဖွေနေကြောင်း သံသယရှိပါသည်။ ကျေးဇူးပြု၍ ကွန်ရက်အသုံးပြုမှု၏ ဘေးကင်းမှုကို အာရုံစိုက်ပါ။' ဟူသော သတိပေးစာတန်းတကြောင်း တက်လာခဲ့သည်။



ချောင်းမို - "???"



သူမသည် ခက်ခက်ခဲခဲ ထပ်မံရှာဖွေကြည့်ရာ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည့် အပိုင်းတစ်ခုကို တွေ့ရှိခဲ့သည်။



'အယ်လ်ဖာ'၊ 'ဘီတာ' နှင့် 'အိုမီဂါ' ဟူ၍ အပိုင်းသုံးပိုင်းရှိသည်။



ထို့နောက် ချောင်းမိုကို သတိပေးရန်အတွက် ဝဘ်စာမျက်နှာပေါ်တွင် ထင်ရှားသော စာလုံးကြီးကြီးတစ်ကြောင်း ပေါ်လာပြန်သည်။



'စမတ်ဒေတာဘေ့စ်အရ၊ သင်သည် ဇီဝကမ္မဆိုင်ရာ နယ်ပယ်တွင် ရှာဖွေရန် လိုအပ်ကြောင်း တွေ့ရှိခဲ့ရသည်၊ ကျေးဇူးပြု၍ သင်၏တကယ့်အသုံးပြုသူ ID ကို ထည့်သွင်းပြီး အမည်ရင်းဖြင့် အင်တာနက်တွင် ရှာဖွေပါ။ '



ဓာတ်လှေကားထဲရှိ ရနံ့သည် ပိုမိုပြင်းထန်လာပြီး တစ်ချိန်တည်းမှာပဲ ကျန်းလော့ကျစ်ဆီမှရနံ့နှင့် မတူသော နောက်ထပ်ရနံ့တစ်ခု ထွက်ပေါ်လာသည်။



စစချင်းကတော့ အရမ်းပေါ့ပါးတဲ့ ရနံ့တစ်မျိုးပဲ။ သူ ပထမအကြိမ် အနံ့ခံလိုက်သောအခါ ယင်းသည် မိုးရွာပြီးနောက် တိုက်ခတ်လာသော လေနုအေးလို ပေါ့ပါးလှသည်။



အနည်းငယ် ထပ်အနံ့ခံကြည့်လိုက်ချိန် ချက်ချင်းပင် လူ၏ အရသာခံဖုများနှင့် အသက်ရှုသံများတွင် အချိန်အကြာကြီး စွဲကပ်နေစေမည့် မှတ်ညဏ်ထဲတွင် ငြိတွယ်စေမည့်အသွင် ဖြစ်လာသည်။ ရှူမိလိုက်ရုံနှင့် ရုန်းထွက်မရနိုင်အောင် နစ်မွန်းသွားစေနိုင်သည်။



ကျန်းလော့ကျစ်၏ မူလစိတ်အေးလက်အေး အမူအရာက ချက်ချင်းတောင့်တင်းလာပြီး သူ့မျက်ဆံများသည်ပင် အံ့အားတသင့် ကျယ်ဝန်းသွားသည်။



သူက ရှောင်မိုကို မယုံကြည်နိုင်စွာ အကြိမ်ကြိမ်ကြည့်လိုက်ပြီး အေးစက်စွာ နိဂုံးချုပ်လိုက်မိသည်။



ချောင်းမို၏ နဖူးတွင် ချွေးများဆို့လာပြီး သူမစိတ်ထဲတွင် ထိန်းချုပ်မရသော စိုးရိမ်စိတ်တစ်ခု ပေါ်ပေါက်လာသည်။ သူမသည် ဖုန်း၏ အကန့်သုံးခုကို နှိပ်လိုက်သော်လည်း ဘယ်လိုပဲနှိပ်နှိပ် အခြားသူက သူမတွင် ဖွင့်ကြည့်ရန် ခွင့်ပြုချက်မရှိဟု ဆိုလေသည်။



ချောင်းမိုမှာ ကျန်းလော့ကျစ်သည် သူမလက်ကို မှီ၍  ရပ်မနေတော့ဘဲ ခြေလှမ်းတစ်ဝက်လောက် တိတ်တဆိတ် ရွှေ့ကာ ဓာတ်လှေကားကို မှီပြီး တည့်တည့်ရပ်နေလိုက်သည်ကို သတိမထားမိပေ။



ကျန်းလော့ကျစ်သည် ချောင်းမိုကို အမူအရာမရှိပဲ အနည်းငယ် မရှင်းမလင်းသော လေသံဖြင့် "ချောင်းမို မင်း ဘာရှာနေတာလဲ?"



ချောင်းမိုက ဖုန်းကို ဖယ်လိုက်ပြီး ကျန်းလော့ကျစ်ကို ကြည့်ကာ ပြောခဲ့သည်။  "ငါ အယ်လ်ဖာအကြောင်း အချက်အလက် ရှာချင်နေတာ။ စောစောက မစ္စပိုင်ပြောတာ ရှင် အခု အယ်လ်ဖာ လိုနေတယ်ဆိုလို့လေ။ "



ကျန်းလော့ကျစ်၏ ခုခံမှုကို သတိပြုမိသည့် ချောင်းမိုသည် ကျန်းလော့ကျစ်မှာ အခြားအတွေးများ ရှိလာမည်ကို စိုးရိမ်၍ သူ့မဖုန်းကို ကြည့်ခွင့်ပေးလိုက်သည်။ 



ကျန်းလော့ကျစ်၏ နက်မှောင်သော မျက်ဆံများတွင် ထေ့ငေါ့မှုအနည်းငယ် ပေါ်လာပြီး ယခု ချောင်းမို၏ မျက်နှာပေါ်ရှိ အပြစ်ကင်းမှုနှင့် မသိနားမလည်မှုက သူ့အတွက် လှောင်ပြောင်စရာ တစ်ခုလို ဖြစ်နေသည်။



သူယုံကြည်လိုသော တစ်ဦးတည်းသောလူ၊ သူ့နောက်လိုက်ခွင့်ရသည့် တစ်ဦးတည်းသောလူသည် အဆုံးစွန်ထိ ဖုံးကွယ်ထားသူတစ်ဦးဖြစ်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပါ။



ချောင်းမို၊ သူမက အယ်လ်ဖာတစ်ယောက်ဖြစ်နေပုံပင်။



အခုတော့ အယ်လ်ဖာဖြစ်တဲ့ ချောင်းမိုက သူ့ပြဿနာကို ဖြေရှင်းဖို့ အယ်လ်ဖာကို ရှာချင်တယ်လို့ ပြောတယ်။ ဒါက ရယ်စရာအကောင်းဆုံးအရာပဲ မဟုတ်ဘူးလား??



ကျန်းလော့ကျစ် ငယ်ငယ်လေးကတည်းက သူ့အိုမီဂါအမှတ်အသားကို မဖုံးကွယ်နိုင်တော့တဲ့အချိန်ရောက်ရင် စိတ်ကူးမယဉ်နိုင်တဲ့ အခက်အခဲတွေနဲ့ သည်းမခံနိုင်စရာတွေကို ရင်ဆိုင်ရလိမ့်မယ်ဆိုတာ သိထားခဲ့သည်။ ဒါပေမယ့် လက်တွေ့ဘဝက သူစိတ်ကူးထားတာထက် ပိုခက်ခဲလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး၊ အေးစက်ပြီး ရက်စက်လွန်းသည်။



သူ့ပတ်ဝန်းကျင်ကလူတိုင်းက သူ့ရဲ့လိင်မျိုးရိုးအားနည်းချက်ကို အသုံးချပြီး သူတို့ရဲ့ခြေထောက်အောက်မှာ နင်းခြေချင်ကြသည်။



ချောင်းမိုသည် သူ့ဘဝတွင် တစ်ဦးတည်းသော အရင်းနှီးဆုံး သူငယ်ချင်းဖြစ်မည်ဟု သူထင်ခဲ့သော်လည်း အခြားသူသည် အခြားသူများနှင့် အတူတူပဲ ဖြစ်နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။



ယခု သူနှင့် ချောင်းမိုသည် ကျဉ်းမြောင်းသော ဓာတ်လှေကားထဲတွင် ရပ်နေပြီး သူတို့နှစ်ဦးစလုံးသည် ၎င်းတို့၏ ဖယ်ရိုမုန်းများအားလုံးကို ထုတ်လွှတ်ထားသဖြင့် သူသည် ချောင်းမိုကို အရှုံးပေးလိုသည့် သူ့ဗီဇကို မတွန်းလှန်နိုင်တော့ဘဲ အခြားသူ၏ လက်ဖဝါးထဲ ငိုကြွေးနေသော ငှက်တစ်ကောင်ပမာ ဖြစ်လာတော့မည်ပင်။



သူသည် ချောင်းမို အောက်တွင်သာ ရုန်းကန်နိုင်ပြီး အခြားသူက အရှက်တကွဲ **** [1] လုပ်ကာ သူ့ကိုယ်ကိုဗိုက်ကြီးကြီးတစ်ခုဖြစ်အောင် အသုံးချခံရတော့မည်။

*( [1] - အစိမ်းသက်သက်)



သူအားလုံးအပေါ် သတိထားနေသော်လည်း သူမကိုတော့ သတိမထားမိဘူး။ သူ့အပေါ် အထင်မြင်ကောင်းတွေဖြစ်စေသော၊ သူ့ကို ပြုစုစောင့်ရှောက်လိုသော ချောင်းမိုသည် သူ့အား ထိုကဲ့သို့ လုပ်လိမ့်မည်ကို မတွေးနိုင်ခဲ့ပေ။



ချောင်းမိုရဲ့နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာကိုတောင် မတွေးချင်တော့ပါ။ နောက်ဆုံးတော့ အဲဒီလူက အိုမီဂါလို ဆော့ကစားပြီး သူ့ကိုစော်ကားဖို့ အယ်လ်ဖာရဲ့ သဘာဝအတိုင်း ခြယ်လှယ်တဲ့ စွမ်းအားကို အသုံးချချင်တာပဲလေ။



အခုလိုပဲ သူ့စိတ်ထဲတွင် အလွန်တွန်းကန်ပြီး ရွံရှာနေပေမယ့် သူ့ခန္ဓာကိုယ်ကတော့ ချောင်းမိုကို တောင့်တနေစိတ်ကို မတွန်းလှန်နိုင်ပေ။



ညစာစားပွဲမှာထဲက သူ့ဖယ်ရိုမုန်းတွေက ထကြွနေပြီး သူ့ heat ကာလ ရောက်လာတော့မှာဖြစ်သည်။



ယခုမူ ချောင်းမို၏ ခြယ်လှယ်မှုအောက်တွင် heat ကာလကို လုံးဝ ရောက်ရှိသွားပြီဖြစ်သည်။ ကျန်းလော့ကျစ်သည် ချောင်းမိုအောက်ဒူးထောက် ကပ်တွယ်နေတာမျိုးမဖြစ်အောင် မျက်နှာ မပျက်စေရေး သူ့အင်အားအလုံးစုံကို ထုတ်သုံးထားပေသည်။



ကျန်းလော့ကျစ်က သူ့နှုတ်ခမ်းတွေကို ကော့ညွှတ်ထားပေမယ့် သူ့မျက်လုံးထောင့်တွေက အေးစက်နေပြီး အပြုံးရိပ်မရှိဘဲ ချောင်းမိုကို မျက်လုံးနက်များဖြင့် ကြည့်ကာ "မင်းက အယ်လ်ဖာဆိုရင် နောက်အယ်လ်ဖာတစ်ယောက်ထွက်ရှာဖို့ လိုသေးလို့လား?"



"မစ္စတာ ကျန်း၊ ရှင် ဘာကို ဆိုလိုချင်တာလဲ?"



ချောင်းမိုလည်း တစ်ခုခုမှားနေပြီဆိုသည်ကို သဘောပေါက်သွားသည်။ သူမ၏ ဝမ်းဗိုက်အောက်ပိုင်းရှိ သူမအဒေါ်လာသည်ဟု သံသယဖြစ်စေသော ပူအိုက်စိုစွတ်ခံစားချက်က တစ်ဖန်ပြန်ပေါ်လာသည်။ သူမ၏ ပါးစပ်သည် ခြောက်သွေ့ကာ တစ်ကိုယ်လုံး ပူနေသဖြင့် သူမ ခံနိုင်ရည် ပျောက်ဆုံးသွားတော့မလိုဖြစ်နေသည့်အတွက် သူမ ကျန်းလော့ကျစ်ကို ပြန်မေးလိုက်သည်။



ကျန်းလော့ကျစ်က ခပ်တိုတို ရယ်မောလိုက်ပြီး  "ချောင်းမို၊ အိုမီဂါလို ဟန်ဆောင်ရတာ စိတ်ဝင်စားဖို့ကောင်းလား"



"မစ္စတာ ကျန်း၊ ရှင် ရှင်းအောင်ပြောလို့ရမလား"



ချောင်းမို၏ နှလုံးသားထဲတွင် မယုံနိုင်စရာ အချို့သော မှန်းဆချက်များ ပေါ်လာခဲ့သော်လည်း ယခုအချိန်တွင် သူမ၏ စိတ်သည် ရေနွေးထဲတွင် စိမ်ထားသကဲ့သို့ ပွက်ပွက်ထကာ သူမ၏ ပုံမှန် တည်ငြိမ်မှုနှင့် ကျိုးကြောင်းဆီလျော်မှု ပျက်ပြားသွားပြီး စိတ်မြန်နေမိသည်။



ကျန်းလော့ကျစ်သည် နံရံကို မှီနေပြီး ချောင်းမိုနှင့် အနီးသို့ ခြေတစ်လှမ်းတိုးကာ သူမကို လေးလေးနက်နက် စိုက်ကြည့်နေသည်။



သူသည် အလွန်နီးကပ်နေပြီး သူ့အနက်ရောင်မျက်လုံးများနှင့် ဖူးစိုသောနှုတ်ခမ်းသည် ချောင်းမို၏ မျက်လုံးများရှေ့တွင် ဝေ့ဝဲနေပြီး ချောင်းမို အနီးတစ်ဝိုက်ရှိ မွှေးကြိုင်သောရနံ့များက သူမကို တင်းတင်းကျပ်ကျပ် ဝန်းရံထားသောကြောင့် အသက်ရှုမဝလုနီးပါးဖြစ်နေသည်။



ချောင်းမိုသည် သူမ၏ စိတ်စွမ်းအားနှင့် တွန်းလှန်ပြီး လွတ်မြောက်အောင်လုပ်ချင်သော်လည်း သူမ၏ ခန္ဓာကိုယ်က အလွန်ပူနေပြီး သူမ ဝမ်းဗိုက်အောက်ပိုင်းနှင့် ဦးခေါင်းတို့မှာ ပေါက်ကွဲလုနီးပါး ဖြစ်နေသည်။ CPU က လည်တာများပြီးပေါက်ကွဲတော့မည့် ဥာဏ်ရည်တုတစ်ခုလို ခံစားနေရသည်။



"ရှင်းရှင်းလင်းလင်းပြောရမယ်လား?"



ကျန်းလော့ကျစ်သည် အသံနိမ့်နိမ့် ရယ်မောလိုက်သော်လည်း ခက်ထန်အေးစက်မှုတို့အပြည့်ပင်။



သူ၏ အေးစက်သော မျက်လုံးများက တစ်ခါမှ မမြင်ဖူးသော စွဲမက်ဖွယ် အရောင်အသွေးကို ပြသနေသည်။ မူလက အနက်ရောင်ရိုးရိုးဝတ်စုံကို ၀တ်ဆင်ထားပြီး ထိပ်ဆုံးတွင်ထိုင်ကာ တည်ငြိမ်ပြီး တင်းကြပ်သော ဘုရင်တစ်ပါးကဲ့သို့ဖြစ်နေသော်လည်း ယခုအခါမှာတော့  ထိုအနက်ရောင်ဝတ်စုံသည် နက်မှောင်ပြီး ဆွဲဆောင်မှုရှိသော ၀တ်ရုံအဖြစ် ပြောင်းလဲသွားပုံရသည်။ သူ့မျက်လုံးတွေက ပြတ်သားပြီး သူ့နှင်းဆီရောင်နှုတ်ခမ်းကလည်း မှောင်မိုက်တဲ့ညမှာ သွေးဆာနေသော သားရဲများပမာပင်။



ချောင်းမို၏ ခါးကို ရုတ်တရက် ဆွဲကိုင်လိုက်ပြီး ချောင်းမိုကို သူ့ဘက်သို့ဆွဲကပ်လိုက်ကာ ခေါင်းငုံ့ပြီး ချောင်းမိုကို အပြင်းအထန်ကိုက်လိုက်သည်။



ငရဲထဲ နစ်မြုပ်မှာကို မရှောင်နိုင်မှတော့ ငရဲမှာ နတ်ဆိုးဖြစ်လာသည်က ပိုကောင်းသည်။