အပိုင်း ၁၀
Viewers 668

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O


အပိုင်း ၁၀




ဖုန်း၏အခြားတစ်ဖက်မှ နှစ်လိုဖွယ် ကောင်းသော အမျိုးသမီးအသံတစ်သံထွက်ပေါ်လာပြီး “ဒီနေ့ ပထမဇနီးနဲ့သွားတွေ့တော့ သူမလည်း အဲဒီမှာမရှိခဲ့ဘူး။ သူမ နည်းနည်း နေမကောင်းလို့ ဆေးရုံသွားတယ်လို့ ပြောတာပဲ။ "



ကျန်းယွဲ့ကျစ်က လှောင်ရယ်လိုက်ပြီး "ဒါက ကျန်းလော့ကျစ်လို့တော့ မထင်ဘူး။ ဆေးရုံလိုက်သွားကြည့်ရအောင်။ "



နှစ်လိုဖွယ်ကောင်းသော အမျိုးသမီးအသံက တုံ့ပြန်ခြင်းမရှိသဖြင့် ကျန်းယွဲ့ကျစ်က ဆက်ပြီး " ကျန်းလော့ကျစ်နဲ့ ပတ်သတ်ပြီးကျွန်တော်တို့ ခန့်မှန်းထားတာ မှန်နေပုံပဲ။ သူက မကြာခဏ ခွင့်ယူလေ့ရှိပြီး ဘယ်သူမှ သူဘယ်သွားလဲ မသိဘူး။ ပုံမှန် ရိုးရိုးဖျားနာတာမျိုးဆို ဖုံးကွယ်ထားဖို့မှမလိုတာ။ ကျန်းလော့ကျစ်နဲ့ ပထမဇနီးက ဘာကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလဲ။ "



နှစ်လိုဖွယ်ကောင်းတဲ့ အမျိုးသမီးအသံက “ကျန်းလော့ကျစ်ရဲ့ ဖယ်ရိုမုန်းတွေက ပြင်းထန်ပေမယ့် အဲ့တာကို တခါပဲ တွေ့ဖူးတယ်။ လူတိုင်းက သူ မိသားစုပွဲတက်တုန်း ဒေါသထွက်လာတုန်းက တစ်ကြိမ်ပဲ မြင်ဖူးလိုက်ကြတာ။ ပုံမှန်ဆို သူ့ဖယ်ရိုမုန်းက ရှိပုံမပေါ်ဘူး။ သူ့ဘေးမှာ အမျိုးသမီးအဖော်တစ်ယောက်ရှိနေပြီ၊ ဒါပေမယ့် သူမဆီက ဘာသတင်းမှ ထွက်မလာသေးဘူး။ ငါတစ်ယောက်ယောက်ကို စစ်ဆေးခိုင်းလိုက်ပြီး သိလာတာက သူမကို ခုထိ အမှတ်အသားမပေးရသေးဘူးဆိုတာပဲ။ တစ့ခုတည်းသော ဖြစ်နိုင်ချေက ကျန်းလော့ကျစ်က သူလက်ထပ်ရမယ့် ပိုင်ယွဲ့ကွမ်းနဲ့ ထိတွေ့ဖို့ကို ရှောင်နေသေးတာပဲဖြစ်မယ်။ ဒုတိယသား မင်းပြောကြည့်၊ အဲ့တာက...."



ခွဲခြမ်းစိတ်ဖြာချက်ကို နားထောင်ပြီးနောက် ကျန်းယွဲ့ကျစ်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာပြီး လက်ခုပ်တီးလုနီးပါးဖြင့် “ ကျွန်တော် သိပြီ၊ ကျန်းလော့ကျစ် အဲဒီနေရာမှာ ပြဿနာရှိနေတာပဲ၊ ကျိန်းသေအဲ့လိုဖြစ်ရမယ်။"



နှစ်လိုဖွယ် အမျိုးသမီးအသံကလည်း ရယ်မောကာ “ဒီလိုဆိုရင်၊ မျိုးမပွားနိုင်လို့ အိုမီဂါအမှတ်အသားမပြုနိုင်တဲ့ ကျန်းလော့ကျစ်အတွက်တော့ ကိစ္စကြီးပဲ၊ အယ်လ်ဖာတစ်ယောက်အနေနဲ့ဆိုရင် သူက အမှိုက်တစ်စပဲမလား ”



ကျန်းယွဲ့ကျစ်က ရယ်ပြီး မျက်လုံးကို ကျဥ်းမြောင်းလိုက်ကာ " ကျန်းလော့ကျစ်ရဲ့ ဒီအားနည်းချက်ကို ငါတို့ ဆုပ်ကိုင်ထားရမယ်။ ကျန်းလော့ကျစ်ကို ကုသပေးနေတဲ့ ဆရာဝန်ကို ရှာတာ အကောင်းဆုံးပဲ။”



ထိုအချိန်တွင်၊ ရှီးချန် မြို့၏ ဆင်ခြေဖုံးရပ်ကွက်တွင်၊ မြေအောက်ခန်းကဲ့သို့ ရှည်လျားသောအခန်းသည် ဆေးဘက်ဆိုင်ရာကိရိယာများဖြင့် ပြန့်ကျဲနေသည်။ ကျန်းလော့ကျစ်သည် ပြန့်ကျဲနေသော ကိရိယာများကြားတွင် ရပ်နေပြီး သူတို့၏ ပိုင်ရှင်ကို ကြည့်နေသည်။



အဖြူရောင် ကုတ်အကျီဖြင့် မျက်မှန်တပ်ထားသော ဆရာဝန်တစ်ယောက်သည် မျက်မှောင်ကြုတ်ရင်း ကျန်းလော့ကျစ်၏ ဆေးစစ်ချက်ကို ကြည့်ရှုနေသည်။



" မစ္စတာကျန်း၊ မင်း ဒီလိုပဲဆက်လုပ်နေမယ်ဆိုရင် မင်းရဲ့ ဖယ်ရိုမုန်းတွေ မူမမှန်ဖြစ်သွားလိမ့်မယ်။ heat ကာလကို ထပ်ပြီးမဖိနှိပ်နိုင်တော့တာနဲ့ သူ့နောက်ဆက်တွဲ ဆိုးကျိုးတွေက ပြင်းထန်လာလိမ့်မယ် "



" ငါသိတယ် "



ဆရာဝန်၏ အကောင်းမြင်စိတ်မရှိသော ရှည်လျားသည့် ခွဲခြမ်းစိတ်ဖြာချက်ကို နားထောင်ပြီးနောက် ကျန်းလော့ကျစ်၏ အမူအရာက ပြောင်းလဲခြင်းမရှိပေ။



ဆရာဝန်က သက်ပြင်းချပြီး “မစ္စတာ ကျန်း၊ မင်းက တကယ့် အယ်လ်ဖာတစ်ယောက် မဟုတ်ဘူး၊ မင်း ဘီတာ တစ်ယောက်ဖြစ်ခဲ့ရင်တောင် ငါပြင်ဆင်ထားတဲ့ ဆေးနဲ့ဆို အယ်လ်ဖာ တစ်ယောက်အဖြစ် ဟန်ဆောင်ဖို့ သိပ်ခက်မှာမဟုတ်ဘူး။ ဒါပေမယ့် အိုမီဂါတွေအတွက်တော့၊ သူတို့က အယ်လ်ဖာဖယ်ရိုမုန်းတွေရဲ့ ဖိနှိပ်ခြင်းကို ခုခံနိုင်မှာမဟုတ်ဘူး။ အမှတ်အသားပြုခံလိုက်ရတာနဲ့ သူ၊ သူမက အဲ့ဒီ အယ်လ်ဖာရဲ့ ဖယ်ရိုမုန်းတွေ ထိန်းချုပ်တာကိုခံရတော့မယ်။ မင်းက အရင်ဆုံး မင်းရဲ့ အိုမီဂါဖယ်ရိုမုန်းတွေကို ဖိနှိပ်ထားပြီး အယ်လ်ဖာဖယ်ရိုမုန်းရဖို့ အတင်းလုပ်ယူထားတာပဲ။  အဲ့အပြင် မင်းက မင်းခန္ဓာကိုယ် ပြောင်းလဲထားမှုနှင့် ညီမျှတဲ့ အပြင်းဆုံးဖယ်ရိုမုန်းကိုလည်း အသုံးပြုထားသေးတယ်။ အသေးစားလိင်ပိုင်းဆိုင်ရာ ခွဲစိတ်မှုတစ်ခုတောင်မှ မင်းအတွက် ပိုဆိုးတဲ့အကျိုးဆက်တွေကိုဖြစ်ပေါ်စေတာ ဒီလိုမျိုးသာဆက်သွားနေမယ်ဆိုရင် မင်း ခန္ဓာကိုယ် မကြာခင် ပျက်ဆီးသွားလိမ့်မယ်။ "



" ငါသိတယ် "



ကျန်းလော့ကျစ်၏ အမူအရာမှာ လုံးဝယိမ်းယိုင်မသွားချေ။ "ဒါကြောင့် ဒီဂလင်းကို ဖယ်ရှားဖို့ နည်းလမ်းရှာဖို့ ဒီကိုလာခဲ့တာ။" 



ပထမ ဆရာဝန်က စိတ်ရှုပ်သွားပြီးနောက် အံ့အားသင့်သွားကာ " မစ္စတာ ကျန်း မင်းက အဲ့ဒီခွဲစိတ်မှုကို လုပ်ချင်တာလား။ " 



“ဟုတ်တယ်။”



ဆရာဝန်က အသက်ပြင်းပြင်းရှုလိုက်ပြီး ရေရွတ်ကာ " မစ္စတာ ကျန်း ငါမင်းအတွက် အဲ့တာကို ဆောင်ရွက်ပေးနိုင်တယ်၊ ဒါပေမယ့် နောက်တစ်ခေါက်လောက်ပြနခစဥ်းစားဖို့ အကြံပေးပါရစေ၊ ဂလင်း ဖြတ်ထုတ်လိုက်တာနဲ့ မင်း ဖယ်ရိုမုန်းအနံ့တွေကို ဘယ်တော့မှမခံစားနိုင်တော့မယ့်အပြင် အမှတ်အသားပြုခံလို့မရတော့ဘဲ ဘယ်တော့မှလည်း မျိုးပွားနိုင်တော့မှာမဟုတ်ဘူး။ အိုမီဂါတွေရဲ့ မျိုးပွားနိုင်စွမ်းဆိုတာ ဘုရားပေးတဲ့လက်ဆောင်တခုပဲလေ၊ တကယ်တော့ မင်းငြင်းပယ်ဖို့မလိုပါဘူး "



" မျိုးပွားခြင်း လက်ဆောင်? "



ကျန်းလော့ကျစ်က သရော်လိုက်ပြီး လက်အိတ်အနက်ရောင် ဖုံးလွှမ်းထားသော သူ့လက်ချောင်းများကို ပွတ်သပ်လိုက်သည်။ သူ ဆေးလိပ်ကို ကိုင်ချင်တာပေမယ့် လက်ထဲ ဘာမှမရှိတာကို သတိထားမိပြီး ထူးမခြားနားဟန်ဖြင့် လက်ပြန်ချထားလိုက်သည်။



ဆရာဝန် ပြောတာကိုကြားပြီးနောက် ကျန်းလော့ကျစ်စိတ်ထဲ လှပဟန်၊ နူးညံ့ဟန်၊ ကျက်သရေရှိဟန် စသည့် မျက်နှာအမျိုးမျိုး ဝင်ရောက်လာခဲ့သည်။



ထို့နောက် ရုတ်တရက် ထိုမျက်နှာများက မခံမရပ်နိုင်မှုများနှင့် ဒေါသများပြည့်နှက်နေသော်လည်း သူတို့ကိုယ်တိုင် လွတ်မြောက်နိုင်စွမ်း မရှိကြချေ။



ကျန်းလော့ကျစ်သည် ဆရာဝန်ကိုကြည့်ရန် မျက်လုံးပင့်လိုက်သည်။ သူ့မျက်လုံးများက အမြဲတမ်းတည်ငြိမ်နေလေ့ရှိသော်လည်း အခုတွင် ချောက်နက်ကဲ့သို့ အေးစက် နက်ရှိုင်းနေပြီး ထေ့ငေါ့ဟန် နှုတ်ခမ်းများကို ပင့်တင်ကာ " အိုမီဂါတွေရဲ့ အားနည်းကူကယ်ရာမဲ့မှုကလည်း လက်ဆောင် တစ်ခုပဲလို့ တကယ်ထင်နေတာလား?"



ဆရာဝန်သည် ဘာမှမပြောနိုင်တော့ဘဲ နောက်ဆုံးတွင် “ဒါပေမယ့် မင်းကို နှစ်သိမ့်မှုပေးဖို့အတွက် လုံခြုံပြီး တည်ငြိမ်တဲ့ အယ်လ်ဖာကို အချိန်အကြာကြီး ငှားဖို့ စဉ်းစားနိုင်သေးတယ်လေ… တအား စိတ်ပိုင်းဖြတ်မထားပါနဲ့ "



ကျန်းလော့ကျစ်သည် တချက်ရယ်လိုက်ပြီး ခံစားချက်ကင်းမဲ့သော သူ့မျက်လုံးများသည် ပြတ်သားနေကာ " ခွဲစိတ်မှု လုပ်ကြရအောင် "



ဆရာဝန်သည် ခဏတာ တိတ်ဆိတ်သွားခဲ့ပြီး သူ့အသိစိတ်စားသုံးခံလိုက်ရသည်ကို လျစ်လျူရှုကာ ခေါင်းညိတ်လိုက်သည်။



" မစ္စတာ ကျန်း၊ ခွဲစိတ်မှုက အန္တရာယ်များလိမ့်မယ်။ တကယ်လို့ လုပ်ဖြစ်မယ်ဆိုရင် တစ်လလောက်ကြိုပြီး ပြင်ဆင်မှုတွေ လုပ်ထားရလိမ့်မယ်။ "



ဆရာဝန်က ကျန်းလော့ကျစ်ကို ခွဲစိတ်မှု၏ ကွဲလွဲမှုများကို ရိုးရှင်းစွာ အသိပေးခဲ့သည်။



ကျန်းလော့ကျစ်က တိတ်တဆိတ် နားထောင်နေခဲ့သည်။



အဆုံးမှာတော့ ဆရာဝန်က သူ့ကို နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။ “မစ္စတာ ကျန်း၊ တကယ်ပြန်မစဥ်းစားတော့ဘူးလား? ဂလင်းကို ဖယ်ရှားလိုက်တာရဲ့ ထိခိုက်မှုက အမြဲတမ်းကျန်နေမယ့်အပြင် အဲ့တာက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကိုလည်း ထိခိုက်စေနိုင်သေးတယ်။ "



“မဟုတ်ဘူး”



ကျန်းလော့ကျစ်၏ မျက်လုံးများက ဆတ်ခနဲ လှုပ်ရှားသွားခဲ့သည်။ ခဏတာ စိတ်မရှည်ဖြစ်သွားပြီးနောက် နူးညံ့သိမ်မွေ့သော အပြုံးလေးက သူ့စိတ်ထဲတွင် ရုတ်တရက် ပေါ်လာကာ ကျန်းလော့ကျစ်၏ နှလုံးသားကို တုန်လှုပ်သွားစေမိပြီး "ငါ့ကို တကယ့် အယ်လ်ဖာတယောက်အဖြစ် ပြောင်းလဲပေးနိုင်တဲ့ ခွဲစိတ်မှုရော ရှိသေးလား? "



ဆရာဝန်က သူ့ကို ဖော်မပြနိုင်သော အမူအရာဖြင့် ကြည့်ကာ “ မစ္စတာ ကျန်း၊ ဘာတွေပြောနေတာလဲ။ ဒီလို ခွဲစိတ်မှုမျိုးသာ တကယ်လုပ်နိုင်ရင် ငါ ဘုရားဖြစ်နေမှာ မဟုတ်ဘူးလား "



ကျန်းလော့ကျစ်က တိုးတိုးရေရွက်ကာ " မေ့လိုက်တော့၊ ငါ ဒီဟာကို ဆုံးဖြတ်ပြီးပြီ။ "



နှစ်ဦးသား ခွဲစိတ်မယ့်အချိန်ကို ဆွေးနွေးပြီးနောက် ကျန်းလော့ကျစ် အခန်းမှ ထွက်လာခဲ့သည်။



အခန်းပြင်တွင် ကျက်သရေရှိစွာဝတ်စားထားသော အနက်ရောင်ဂါဝန်ဖြင့် မြင့်မြတ်သော အမူအရာရှိသည့် အမျိုးသမီးတစ်ယောက်က ကျန်းလော့ကျစ်ကို ကြည့်နေခဲ့သည်။ သူမသည် ကျန်းလော့ကျစ်ကို ကြည့်ပြီး မေးလိုက်သည်။ သို့သော် သူမအသံက တင်းမာနေပြီး အမိန့်တခုပမာပင်။ " အကုန်ဖြေရှင်းပြီးပြီလား? "



" ဖြေရှင်း ပြီးပါပြီ အမေ "



အနက်ရောင် ဂါဝန်ဖြင့် အမျိုးသမီးသည် စိတ်အေးသွားသည့်ဟန် ပြုံးလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်ကာ " မင်းက အမြဲတမ်းငါ့ကို စိတ်အေးစေတယ်၊ ဒါဆို ငါအရင်သွားနှင့်တော့မယ်။ "



" ဟုတ်ကဲ့ အမေ "



ကျန်းလော့ကျစ်က အနက်ရောင်ဂါဝန်ဖြင့် အမျိုးသမီးထွက်သွားသည်ကို ကြည့်နေခဲ့သည်။



ခဏကြာတော့ ကျန်လော့ကျစ်၏ ဖုန်းမြည်လာကာ သူထုတ်ကြည့်ပြီးနောက် အတွင်းရေးမှူးထံမှဖြစ်ကြောင်း သိခဲ့သည်။



အတွင်းရေးမှူး တင်ပြသည်ကို နားထောင်ပြီးနောက် သူပြင်းပြင်းထန်ထန် မျက်မှောင်ကြုံ့ကာ အေးစက်သော အသံဖြင့် " ငါပြန်လာပြီး ဖြေရှင်းတာကို စောင့်နေ " 



ဖုန်းချလိုက်ပြီးနောက် ကျန်းလော့ကျစ်၏ မျက်လုံးများသည် မောပန်းမှုအရိပ်အယောင်များပေါ်လာသည်။ 



ထိုအခိုက် ချောင်းမို၏ နူးညံ့ချိုသာသော အပြုံးလေးနှင့် တခြားသူ၏ သူ့လက်ကို ညင်သာစွာ စိတ်ရှည်ရှည်ကိုင်ခဲ့ပုံကို သတိရသွားမိသည်။



ကျန်းလော့ကျစ် နှလုံးခုန်နှုန်းက တစ်ချက်မြန်သွားခဲ့သည်။



သူ ချောင်းမိုကို တွေ့ချင်တယ်။ အခု တွေ့ချင်မိတာပင်။



တခြားတဖက်မှာတော့ ချောင်းမိုသည် စုရှုဆီမှ ဖုန်းလက်ခံရရှိကာ သူမတို့ကျောင်းတွင် စိတ်ဝင်စားဖွယ်သင်ခန်းစာအချိန်ရှိသောကြောင့် ချောင်းမိုကို သူမနှင့်အတူ လာနားထောင်ချင်လားဟု မေးမြန်းလာခြင်း ဖြစ်သည်။



ချောင်းမိုသည် ပုံမှန်အတိုင်း သဘောတူလိုက်သည်။



တကယ်တော့ ချောင်းမိုသည် ပြီးခဲ့တဲ့ရက်တွေအတွင်း ဒီကမ္ဘာနဲ့ပတ်သတ်တဲ့ သတင်းတွေကို စုဆောင်းနေတာဖြစ်သည်။ တစ်ခုခုမှားနေတာကို ခံစားမိနေပေမယ့် ဒီမရေရာတဲ့ ခံစားမှုက ဘာမှန်း သူမ မဖော်ထုတ်နိုင်ပေ။



နောက်ဆုံးကောက်ချက်ချရမယ်ဆို ဒီခံစားမှုကို ဖြေရှင်းဖို့ရာ သူမသည် တစ်ချိန်လုံး ကျန်းလော့ကျစ်ရဲ့ ဗီလာမှာပင် အနေများနေပြီး အပြင်လောကနှင့် အထိအတွေ့မရှိသောကြောင့်ဟု ထင်မြင်မိသည်။



အဲ့အချိန် စုရှုကလည်း သူမကို ချိန်းဆိုခဲ့တာဖြစ်သည်။ သူမလည်း ကျောင်းသို့ပြန်သွားကြည့်ချင်ပြီး တခြားသူတွေနှင့် ဆက်ဆံကြည့်ကာ သူမခံစားနေရသော အရာက စာအုပ်ထဲက ကမ္ဘာတခုကြောင့်လားဟူ၍ စစ်ဆေးချင်ပေသည်။



သေချာတာပေါ့ ချောင်းမိုက မူလကိုယ်ရဲ့ ကျောင်းသွားပြီး သင်ခန်းစာနားထောင်သည်ကို စိတ်ဝင်စားနေသောကြောင့် သူမလည်း သွားပြီး လေ့လာဖို့စီစဥ်လိုက်ခြင်း ဖြစ်သည်။ သူမလည်း ဘွဲ့လက်မှတ်တခုယူဖို့ လိုသေးတာပဲလေ။



စနစ်က ချောင်းမိုစိတ်ထဲတွင် စိတ်ကုန်သည့်ဟန် ပြောလိုက်သည်။ " host က ငါးဆားနယ်ပဲ ဖြစ်ချင်တာဆို၊ ဘာလို့ ဘွဲ့လက်မှတ်ကို ဂရုစိုက်နေသေးတာလဲ? "



" ငါးဆားနယ်က ငါးဆားနယ်။ ဖြုန်းတာက ဖြုန်းတာပဲ၊ ဘယ်လောက်ပဲ ငါးဆားနယ်တစ်ကောင်ပဲဖြစ်နေပါစေ ကိုယ့်ဘာသာအခြေခံ လိုအပ်ချက်တွေအတွက်တော့ ပိုက်ဆံရှာနိုင်ရမယ်လေ "



ချောင်းမိုသည် စနစ်၏ အထွန့်တက်မှုကို အလေးအနက်ထား ပြင်ဆင်ပြီးနောက် ထုတ်ပိုးကာ ရှီးချန်တက္ကသိုလ် ဂိတ်ပေါက်ဆီ သွားသည့် bus ပေါ်တက်ခဲ့လိုက်သည်။



စုရှုသည် ချောင်းမိုကိုစောင့်ရန် တက္ကသိုလ်အဝတွင် ရပ်နေသည်။ ချောင်းမို ကားပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ ကမန်းကတန်း လက်ပြလိုက်သည်။



ချောင်းမိုလည်း ပျော်ရွှင်စွာ သူမဆီ လျှောက်သွားခဲ့သည်။