၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်
အပိုင်း ၁၂
မူလက အသားဟင်းတစ်ပန်းကန်တည်းသာ ရှိပြီး ရန် မိသားစုကလည်း နေ့တိုင်း အသားမစားကြပေ။
စားပွဲပေါ်တွင် အသားတစ်ပန်းကန်ရှိခြင်းက ရှားရှားပါးပါးအချိန်အခါဖြစ်ပေမယ့် ထိုသို့သော ကိစ္စမျိုးဖြစ်ပျက်ခဲ့သည်။
တစ်မိသားစုလုံး ထမင်းမစားတော့ဘူး။
ညစာစားပွဲ၌ ဤအရာများတွင် မပါဝင်ချင်သော အမျိုးသားများက အသားပန်းကန်ပြားကို မြေပြင်ပေါ် ပစ်ချနေတာ မြင်လိုက်ရသဖြင့် ဒေါသမထွက်ဘဲမနေနိုင်ကြပေ။
ဒုတိယမိသားစုမှ ရန်တလင်းက စားပွဲပေါ်တူဖြင့်ရိုက်ချလိုက်ကာ မည်းမှောင်နေတဲ့မျက်နှာဖြင့် စကားပြောလိုက်သည်။ "မင်း အခု စိတ်သက်သာသွားပြီလား၊ ငါတို့ မစားနိုင်မချင်း ဇာတ်ကွက်တစ်ခု လုပ်ဦးမလား"
"အိုး.....ဒါက ကောင်းတဲ့ အသား ပန်းကန်တစ်ချပ်ပဲ..."
ဒုတိယမိသားစုက ချန်ချိုင်ယွင်က ဝမ်းနည်းသောအကြည့်ဖြင့် မြေပြင်ပေါ်ရှိကြွေရည်သုတ်ပန်းကန်ကို ကောက်ယူလိုက်သည်။ ပန်းကန်ပြားက မကွဲသွားပေမယ့် ပန်းကန်ပြားပေါ်တွင် အသားများ မရှိတော့ပေ။
"ငါတို့ ရက်အနည်းငယ်မှာ တစ်ကြိမ်ပဲ အသားစားရတယ်!"
ချန်ချိုင်ယွင် နှုတ်က ဟန်ဆောင်နေပြန်သည်။ "ပိုက်ဆံတွေ ဖြုန်းတီးနေတာပဲ! ပထမမိသားစုက အိမ်ပိုင်ရှင်လိုလုပ်နေတာပဲ။ မင်း ဒီလို အစားအသောက်တွေကို ဖျက်ဆီးနေတယ်။ မင်းမိသားစုမစားရင် ငါတို့ဒုတိယမိသားစုကို ပေးလို့ရတယ်လေ။ ဒါက ဟင်းကောင်းတစ်ပွဲဟာကို "
ဒီခေတ်မှာ မြေရှင်တွေက တောင်သူလယ်သမားတွေရဲ့ ပါးစပ်ထဲမှာ မကောင်းတဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး ဒီလူ့အဖွဲ့အစည်းမှာတောင် ပါသည်။
(TN - သူတို့က တရုတ်မြေယာပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုကို ရည်ညွှန်းတာလို့ ထင်ပါတယ်။ အဲဒါနဲ့ မရင်းနှီးတဲ့အတွက် ဘာမှ မပြောလိုပါဘူး။ သတင်းမှားတွေ မဖြန့်ချင်ပါဘူး။)
ချန်ချိုင်ယွင် စကားများက သူမ ပထမ မိသားစုကို အစားအစာ ဖြုန်းတီးခြင်းအတွက် လှောင်ပြောင်နေခြင်း ဖြစ်ကြောင်း ထင်ရှားစေသည်။
ရန်ချန်ယွီက ရန်ဟုန်ချင်ကို သူမဘေးနား အမြန်ဆွဲလိုက်ပြီး လူတိုင်းရှေ့တွင် ရန်ဟုန်ချင် ဖင်ကို ရိုက်လိုက်သည်။ "အစားအသောက်ကို မဖြုန်းတီးဖို့ ငါပြောထားတယ်လေ။ ဒီလို ဖြုန်းတီးဖို့ ဘယ်သူကပြောတာလဲ။ မင်း ဒါကို ဖြုန်းတီးပစ်ဖို့ သတ္တိရှိသေးတယ်ပေါ့လေ "
"ဝါးးးးး-"
စိတ်ဆိုးနေတဲ့ ရန်ဟုန်ချင်က ချက်ချင်း အော်ဟစ်ငိုယိုပြီး "အဲ့အရူးကို ဒီဟင်းမပေးချင်ဘူး။ ဝါးး.......... အရူးကဘာလို့ အသားစားရမှာလဲ . . အရူးက ဘာလို့ ဒီလောက်ကောင်းတာကို စားရတာလဲ ။ ဝါးးး-"
ဒီကလေးကိုကြည့်ပါဦး ငိုယိုနေတာ စိတ်မကောင်းဖြစ်ရတယ်။
လင်းရှောင်ယွဲ့ ဘာလို့ ဒီလောက် စိတ်သက်တောင့်သက်သာ ခံစားနေရတာလဲ။
လင်းရှောင်ယွဲ့ ရန်ယန်ရဲ့ ပခုံးကို ပုတ်လိုက်သည်။ ကြားဖြတ်ရန်မှာ အဲ့တာက ကြီးကြီးမားမား ကိစ္စကြီးလို့ သူမ မထင်ခဲ့ပေ။ "မောင်လေး၊ မင်းဒီလိုပြောတာမှားတယ်။ မင်းက ကျောင်းတက်နေတုန်း ငယ်သေးတယ်။ မင်းရဲ့ဆရာက မင်းရဲ့အစ်ကိုကို လေးစားဖို့ မသင်ပေးလိုက်ဘူးလား"
"ပါးစပ်ပိတ်ထား။ နင်စကားပြောတော့ သူ့အသံကိုပိုဆိုးအောင်လုပ်မိတယ်"
ရန်ချန်ယွီ အရမ်းဒေါသထွက်နေသည်။
သူမ ဤရက်စက်ကြမ်းကြုတ်သောစစ်ပွဲတွင် မပါဝင်ချင်ဘဲ၊ ဒုတိယနှင့် တတိယမိသားစုများကြား ရှိုးပွဲကောင်းကောင်းကို ထိုင်ကြည့်ချင်သည်။ သားဖြစ်သူက သူတို့အိမ်ကို ရေထဲဆွဲချမယ့် အခြေအနေကို မမျှော်လင့်ဘဲ မတည်မငြိမ်ဖြစ်သွားစေခဲ့သည်...
ဘေးနားက ရန်ချန်ယွီက ဒါကို သေချာမြင်နေရတယ်။ ပြဿနာက လင်းရှောင်ယွဲ့ရဲ့ သွေးထိုးလှုံ့ဆော်မှုလို့ သူမ ခံစားရသည်။
လင်းရှောင်ယွဲ့ ကြောင့် သူမ စိတ်ဆိုးသွားသည်။
"ဟုတ်တယ် နင်တို့ အရင်ဝေးဝေးသွားနေကြ!"
သူ့အမေပြောနေတာကိုမြင်တော့ ရန်ဟုန်ရင်က သူမပါးစပ်ကို အထိန်းအကွပ်မဲ့ဖွင့်ပြီး လင်းရှောင်ယွဲ့ ဆီ သွားလိုက်သည်။ "နင်က ၁၉ ယွမ် ၉ ဆင့်နဲ့ ဝယ်ထားတဲ့ သူ၊ ငါ့အိမ်မှာနင်ဘာစကားပြောနေတာလဲ၊ နင့်မှာ ငါတို့ မိသားစုကိစ္စကို ဝင်စွက်ဖက်ပိုင်ခွင့် မရှိဘူး၊ နင်က ဘာလဲ။ အရူးက နင့်ထက် ပိုအလေးချိန်စီးသေးတယ် "
ရန်ဟုန်ရင်က လင်းရှောင်ယွဲ့ကို ကျိန်ဆဲခဲ့ပြီး အဲဒီ့မှာ ရန်ယန်က သူမကို ကြက်ဥပန်းကန်နဲ့ တိုက်ရိုက် ပစ်လိုက်သည်။
သူမ မတုံ့ပြန်ခင်မှာ ကြွေပန်းကန်လုံးက ဦးခေါင်းကို ထိမှန်ပြီး ကြက်ဥတွေ မျက်နှာအနှံ့ ပေကျန်သွားခဲ့သည်....
ရန်ယန်လည်း ဒေါသထွက်နေသည်။ "ငါ့မိန်းမကို ထပ်ပြီး ဆူရဲဆူကြည့်လိုက်!"
ရုတ်တရက် ရန်မိသားစုမှ အားလုံးက ရန်ယန်ကို ကြည့်နေကြသည်။ သူ့မျက်နှာပေါ်တွင် ရက်စက်တဲ့ အကြည့်တစ်ခု ရှိနေခဲ့သည်။
အားလုံး... အံ့သြသွားကြတယ်!
လင်းရှောင်ယွဲ့က ရန်ယန် သူ့ကိုယ်သူ ထုတ်ဖော်မိလိုက်မှာကို ကြောက်တာကြောင့် သူမ ရန်ယန်ရဲ့လက်ကို အမြန်ဆုပ်ကိုင်လိုက်ပြီး "ရှောင်ယန် အိမ်ပြန်ကြရအောင်နော်။ ဒီမှာ ကျွန်မတို့အတွက် နေရာမရှိဘူး"
"သွားကြစို့ မိန်းမ!"
ရန်ယန် သူတို့နဲ့ စကားထပ်မပြောတော့ဘူး။ သူလင်းရှောင်ယွဲ့ လက်ကိုဆွဲကာ တစ်ခုတည်းသော ငါးပန်းကန်ကိုယူပြီး စားပွဲမှထွက်ကာ အိမ်လေးဆီပြန်ခဲ့သည်။
ဘယ်သူကမှ သူ့ကို မတားကြဘူး၊ နောက်ကွယ်မှာသာ သူ့ကို ဆူဆဲကြသည်။
ရန်ချန်ယွီက ကျိန်ဆဲနေပြီး ချန်ချိုင်ယွင်က လှောင်ပြောင်နေကယ ရန်ဟုန်ရင်နဲ့ ရန်ဟုန်ချင်တို့က ငိုနေသည်။
ဟုတ်တယ်၊ ရန်ဟုန်ရင် ရန်ယန်ကို အနိုင်ကျင့်မှုက အခုမှပဲ ရန်ဟုန်ရင်ကို မှားတယ်လို့ ခံစားရစေသည်။
အိမ်မှာ အဘွားရန်နဲ့ အဘိုးရန်က စကားတစ်ခွန်းမှ မပြောခဲ့ဘူး။
ထိုအချိန်တွင် သူတို့ ဘာမှ မပြောနိုင်ပေ။
သူတို့က လက်ထဲရှိတဲ့ တူတွေကို ရပ်လိုက်ကြပြီး အမျိုးသမီးအချို့ ကျိန်ဆဲခြင်းကို ရပ်တန့်မှာ တိတ်တဆိတ် စောင့်နေကြသည်။ ဒီအမျိုးသမီးတွေကြောင့် မိသားစုတွေ အရမ်းဆူညံသွားသည်။
ပထမမိသားစုမှ ရန်သည် အစမှအဆုံး စကားတစ်ခွန်းမှ မပြောဘဲ ဆူဆူညံညံအသံ ပြီးဆုံးခါနီးမှ ထမင်းပန်းကန်ကို ကောက်ကိုင်ကာ ပြောလိုက်သည်။ “ဒါက ဟင်းနည်းနည်းပဲ ဖြစ်သွားတာ။ တတိယမိသားစု၊ မကြာသေးခင်က ကိစ္စတွေက များလွန်းတယ်"
တတိယမိသားစု ခေါင်းဆောင် ရန်တယုံ မျက်နှာမည်းမှောင်စွာနဲ့ ပြောလိုက်သည်။ " ဘာမှ မပြောနဲ့တော့ ဒီည ထမင်းစားရိတ်က ငါ့မိသားစု ပိုက်ဆံထဲက ယူလိုက် ... အားလုံး စားကြရအောင်..."
စားပွဲမှာရပ်နေတဲ့ ဝမ်ရှို့ယင်က ရန်တယုံ ကို ကြည့်လိုက်သည်။ သူမ မျက်လုံးများက ဒေါသပိုထွက်နေကာ သူမစိတ်နှလုံးက အလွန်တုန်လှုပ်နေခဲ့သည်။ "ငါတို့မိသားစုမှာ ကိစ္စတွေအများကြီးရှိလို့ ငါတို့မိသားစုနှစ်စု အမြဲရန်ဖြစ်တတ်တယ်။ မကြိုက်ဘူးဆိုရင် ခွဲနေလိုက် "
ဝမ်ရှို့ယင်က ခွဲနေတဲ့အကြောင်းကို အရင်က တစ်ခါမျှ မတွေးခဲ့ဘဲ ထိုအကြောင်းကို မတွေးဝံ့ခဲ့ပေ။
လင်းရှောင်ယွဲ့က နောက်ဆုံးအကြိမ် ပြောတဲ့အခါတုန်းက လင်းရှောင်ယွဲ့ကို ၎င်းကို မတွေးဖို့ သူမ တားခဲ့သည်။
ဘာကြောင့်လဲဆိုတော့ ခွဲနေရတာက ရှက်စရာကောင်းတယ်လို့ သူမခံစားမိလို့ပင်။
တတိယအိမ်မိသားစုက အမှန်တကယ်ပင် ရန်မိသားစုတွင် အနိမ့်ဆုံးနှင့် ဒုက္ခအပေးနိုင်ဆုံးသော မိသားစုဖြစ်သည်။
ဒါပေမယ့် ဒီနေ့ညမှာတော့ အဲဒီမိသားစုနှစ်စုက သူမမိသားစုကို အနိုင်ကျင့်တယ်။ သူမသားကို ဆဲဆိုကြိမ်းမောင်းပြီး သူမချွေးမကို စော်ကားတာကို ကြည့်ပြီးတော့ ခင်ပွန်းဖြစ်သူက ပိုက်ဆံပေးဆပ်ချင်နေတာ..
သူမတို့မိသားစုမှာ ပိုက်ဆံဘယ်လောက်ရှိလို့လဲ။
လင်မယားနှစ်ယောက်ရဲ့ ပိုက်ဆံက မများဘူး၊ ရန်မိသားစုကို ပေးရမယ်ဆိုတော့ ကျန်တဲ့ငွေက နည်းနည်းပဲရှိတော့မှာ။
နှစ်သစ်မှာ ပိုက်ဆံတွေ အကြိမ်ရေ မရေမတွက်နိုင်အောင် ဖြတ်ထားတာ တွေ့ရတော့......
သူတို့မိသားစု အသက်ရှင်နိုင်ပါဦးမလား။
ငါတို့ ဒီအမှတ်ကို ရောက်နေပြီ။ မိသားစု ခွဲလိုက်ရအောင်။
"ဟုတ်တယ် နင်ဒုက္ခအများကြီးပေးခဲ့တယ်။ ဒါပေမယ့် ငါတို့ရဲ့ ဒုတိယမိသားစုက နင့်ကိုထူထောင်ပေးမယ်လို့ နင်ထင်နေသေးတာလား" ချန်ချိုင်ယွင်က ကျေနပ်ဖွယ်မရှိစွာ ပြောခဲ့သည်။ "မိသားစုကို ခွဲဖို့စဉ်းစားနေတုန်းလား။ ဘယ်သူက ခြိမ်းခြောက်နေတာလဲ။ ဘယ်သူကမှ မထားခဲ့နိုင်ဘူး"
"မင်းက စကားနည်းနည်းလေးနဲ့ မပြောချင်ဘူး။ ကလေးတွေ ရန်ဖြစ်ရင်တောင် လူကြီးတွေ ရန်ဖြစ်တာက ရုပ်ဆိုးလွန်းတယ်!" ချန်ချိုင်ယွင်ရဲ့လူ ရန်တလင်းက သူမရဲ့ အသံကျယ်နေတာကိုတားလိုက်ပြီး "ထိုင်စားတော့။ ငါ့ရဲ့ တတိယခယ်မလည်း ထိုင်တော့။ ဘာမှမပြောနဲ့တော့ "
ရန်တယုံက ဝမ်ရှို့ယင်ကို နီရဲတဲ့ မျက်လုံးများဖြင့် ကြည့်ကာ "ထိုင်စား" လို့ပြောလိုက်သည်။
အားလုံးက စိတ်အေးအေးထားဖို့ပဲ စဉ်းစားကြပြီး ဒါက ရန်ဖြစ်စကားလေးတစ်ခွန်းပဲ ရှိသေးသည်။
သို့သော်လည်း မိသားစုခွဲထွက်ခြင်းဆိုင်ရာ အတွေးအမြင်က ဝမ်ရှို့ယင် နှလုံးသားထဲတွင် စိုက်ထူလာခဲ့သည်။
ဝမ်ရှို့ယင် ဒီအစားအသောက်ကို မစားနိုင်တော့ဘူး။ "ကျွန်မ မစားတော့ဘူး၊ ရှောင်ယန်ကို သွားကြည့်လိုက်ဦးမယ်"
သူမ လှည့်ကာ ပင်မခန်းမှ ထွက်သွားခဲ့သည်။
ဝမ်ရှို့ယင် ထွက်သွားပြီးနောက် အဘိုးဖြစ်သူက နောက်ဆုံးအကျဉ်းချုပ်ခဲ့သည်။ "ခဏနေပါဦး၊ ဒီညစားဖို့ ပိုက်ဆံကို တတိယမိသားစုရဲ့ ပိုက်ဆံကနေ နုတ်ယူမယ်။ ဘာမှမပြောနဲ့တော့။ စားကြရအောင်"
ရန်လျန်ဟွာက တိုးတိုးလေးရေရွတ်လိုက်သည် "အသားကုန်သွားပြီ၊ စားပွဲပေါ်မှာကျန်တဲ့ တစ်ခုတည်းသောအစားအစာက ဟင်းသီးဟင်းရွက်တွေ... အရသာမရှိဘူး!"
ကိစ္စကပြီးသွားပြီ။
ဒါပေမယ့် အချို့အရာများက ကျန်ရှိနေသင့်ပြီး နှလုံးသားထဲတွင် လှောင်ထားဆဲဖြစ်ကာ မအောင်မြင်ခဲ့ပေ။
ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့က အိမ်ပြန်လာပြီးနောက် သူတို့ စကားပြောကြကာ ရယ်မောပြီး နဂိုအတိုင်း ငါးတွေ စားကြသည်။
လင်းရှောင်ယွဲ့ ခေါက်ဆွဲခြောက်ပြုတ်ပြီး သူနဲ့ ဝေမျှခဲ့သည်။
အဆိုပါ ခေါက်ဆွဲခြောက်များ၏ မူလအစနှင့် ပတ်သက်၍ လင်းရှောင်ယွဲ့ က ၎င်းသည် သူမ လျှို့ဝှက်ချက်ဖြစ်ကြောင်း ပြောခဲ့သည်။ ဒါကြောင့် သူ သူမကို မမေးသင့်ဘူး။
ရန်ယန်လည်း လက်လွှတ်လိုက်သည်..
ဝမ်ရှို့ယင်က ရန်ယန်ကို လာတွေ့ဖို့ လာတာ မဟုတ်ဘူး။ ပင်မအိမ်မှထွက်လာပြီးနောက် သူမအခန်းဆီ ပြန်သွားကာ မျက်ရည်များကို တိတ်တဆိတ် ဖုံးကွယ်ထားသည်။
ရန်ယန်ရဲ့ ရုတ်ရုတ်သဲသဲ ဆူဆူညံညံဖြစ်မှုက ဒီနေ့ညတွင် ကြီးကြီးမားမား အကြောင်းရင်းတစ်ခု မဟုတ်တာကြောင့် ကြီးကြီးမားမား ရလဒ်ကို ရရှိနိုင်မည်မဟုတ်ပေ။
ဒါပေမယ့် နောက်ဆက်တွဲ ဖြစ်လာမှာ သေချာသည်။
ရန်ယန်က အလျင်လိုခြင်း မရှိပေ။
ငါးကိုစားပြီးနောက် လင်းရှောင်ယွဲ့ ပန်းကန်ပြားကို အခန်းထဲယူကာ ခဏလောက် ဆေးကြောခဲ့သည်။
ပင်မအိမ်မှာ စားသောက်နေကြတုန်းပဲလို့ ထင်သည်။
'သူမကိုယ်သူမ တွေးကြည့်မိတယ်။ ဒီနေ့ ပန်းကန်တွေ တစ်ချပ်မှမဆေးရသေးဘူး! သူမရဲ့ ပုန်ကန်မှုလည်း စတော့မယ်။'
အခန်းအတွင်းတွင် ရေနံဆီမီးခွက် ထွန်းထားသည်။
လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့က ကုတင်တစ်လုံးတည်းပေါ်တွင် လဲလျောင်းနေခဲ့ပြီး သူမ ထူးဆန်းသလို ခံစားရသည်။
ရန်ယန်... သူမကို မထိဘူး ပြီးတော့ လင်းရှောင်ယွဲ့ရဲ့ စောင်ကိုလည်းတူတူမျှမခြုံခဲ့ပေ။
သူမ အပြင်ဘက်တွင် စောင်ခြုံထားကာ လဲလျောင်းနေပြီး ရန်ယန်က အတွင်း၌ လဲလျောင်းနေပြီး စောင်မပါသော အဝတ်ကြမ်းကိုသာ ၀တ်ထားသည်။
လင်းရှောင်ယွဲ့ မေးလိုက်သည်။ "မအေးဘူးလား။ စောင်ခြုံချင်လား"
ရန်ယန် သူ့ခေါင်းနောက် လက်တစ်ဖက်ကို ထားလိုက်ပြီး အနက်ရောင် မျက်ဝန်းလေးတွေက တံစက်မြိတ်ကို ကြည့်နေသည်။ "မခြုံဘူး"
"အင်း..."
လင်းရှောင်ယွဲ့ ခေါင်းလှည့်လိုက်ပြီး အနက်ရောင် စပျစ်သီးနဲ့တူတဲ့ မျက်လုံးတွေက သူ့မျက်နှာကို စိုက်ကြည့်နေသည်။ "ရှင် ကျွန်မကို မကြိုက်ဘူးလား"
သူမကို မိန်းမလို့ ခေါ်ပေမယ့် သူမကို သူ့အလိုလို ခေါ်တာတော့ အမှန်ပဲဆိုတာ သူမတွေးကြည့်မိသည်။
ဒါပေမယ့် သူမကို မထိဘူး...
သူမ သူ့ဘဝအတွက် မမြှုပ်နှံချင်ပေမယ့် ဘာကြောင့် သူမကို မထိရတာလဲဆိုတာ သိချင်မိသည်။
ဖြစ်နိုင်ပါ့မလား... သူ့မှာ မူရင်း အမျိုးသမီးဇာတ်လိုက် ပိုင်ရှောင်ချွမ်း ရှိနေလို့လား။ အဲ့တာ အရမ်းနောက်ကျသွားပြီလား။
လင်းရှောင်ယွဲ့ လုပ်ကြံပြောဆိုကာ ခန့်မှန်းလိုက်သည်။
"မဟုတ်ဘူး။ ဘယ်လိုလုပ် ငါက..."
ရန်ယန်က သူ့ပါးစပ်ထောင့်ကိုရွဲ့ကာ ခေါင်းကို လှည့်လိုက်သည်။ သူ့ အနက်ရောင် မျက်လုံးတွေက လင်းရှောင်ယွဲ့ရဲ့ တောက်ပတဲ့ မျက်လုံးများနှင့် ရုတ်တရက် ဆုံသွားခဲ့သည်။
လေထုက တစ်ခဏမျှ အေးခဲသွားသည်။
လင်းရှောင်ယွဲ့ စောင်ကို ဖြည်းညှင်းစွာ ဆွဲယူလိုက်ပြီး သူမရဲ့ မျက်နှာတစ်ဝက်ကို ဖုံးလိုက်သည်။ သူမမျက်လုံးများကိုသာ ထုတ်ဖော်ပြီး ရန်ယန်ကို ဆက်ကြည့်နေခဲ့သည်။ "ရှင်..."
"ဟမ်?"
ရန်ယန် သူမစကားပြောတာကို စောင့်နေခဲ့သည်။
တကယ်တော့ ဒီလိုအခြေအနေမျိုး တစ်ခါမှ မကြုံဖူးဘူး။
အသက် ၁၈ နှစ်တွင် သူ အမျိုးသမီးရဲ့ ရနံ့ကို တစ်ခါမျှ မမြည်းစမ်းဖူးဘဲ အမျိုးသမီးတွေနဲ့လည်း ထိတွေ့မှု မရှိသလောက်ပင်။
သူ့မိသားစုက သူမကို ဇနီးမယားအဖြစ် ရုတ်တရက် ဝယ်လိုက်ကြပြီး ရန်ယန်က သူမကို သူ့အပိုင်အဖြစ်သာ မှတ်ယူနိုင်ခဲ့သည်။
ညသန်းခေါင်မှာ အဲဒီ "လူသေးသေးလေး" လုပ်ရမလား မလုပ်ရမလား သူ မသိဘူး။
နောက်ဆုံးတော့ သူ အခု အရမ်းမတည်မငြိမ်ဖြစ်နေပြီ။
ထွက်လာဖို့ခက်လိမ့်မယ်....
သူမကို အခုချက်ချင်း ခေါ်သွားပြီး အရူးနှစ်ယောက်ဆီ ထားသွားခဲ့ရင် ရန်ယန်က တာဝန်မဲ့လွန်းတယ်လို့ ခံစားရသည်။
နောက်ပြီး သူ ဒီစျေးပေါတဲ့ ဇနီးကိုအလွန်နှစ်သက်သည်။
သူမက ချစ်စရာကောင်းသည်၊ ထက်မြက်တဲ့ ဉာဏ်ရှိပြီး ချစ်စရာကောင်းလှသည်။
"ဒီည ဘာလို့ အပြင်မထွက်တာလဲ"
လင်းရှောင်ယွဲ့က ညဘက်စုံတွဲတွေလုပ်တဲ့အရာတွေကို မမေးနိုင်ဘဲ စကားစမြည်ပြောပြီးတာနဲ့ သူမ မသိစိတ်က တခြားမေးခွန်းတွေကို မေးခဲ့သည်။
"ငါ ညဘက်သွားစရာ မလိုဘူး"
ရန်ယန်က နှုတ်ခမ်းကို ရွဲ့ပြလိုက်သည်။ "ညတိုင်းသွားစရာ မလိုပါဘူး။ ငါ နေ့တွေကိုပဲ ရေတွက်လေ့ရှိတာ"
"ဒါဆို မင်း ခိုးထွက်ပြီး ဘာလုပ်နေတာလဲ" လို့ လင်းရှောင်ယွဲ့ ကို မေးလိုက်သည်။
"ဒါ ကျွန်မရဲ့လျှို့ဝှက်ချက်"
ရန်ယန်က ပြုံးပြီး "မင်းရဲ့လျှို့ဝှက်ချက်တွေကို ငါမတောင်းဆိုဘူး၊ ငါ့လျှို့ဝှက်ချက်တွေကိုလည်း မင်းမတောင်းဆိုဘူး။ မင်းရဲ့လျှို့ဝှက်ချက်တွေကို ငါ့ကိုပြောပြချင်လာတဲ့အခါကျရင် ငါ့လျှို့ဝှက်ချက်တွေကို ငါပြောပြမယ်"
လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။ "ဒါဆို... နောက်တစ်ခေါက် ဘယ်အချိန် ထွက်လာမှာလဲ"
ရန်ယန် မျက်မှောင်ကြုတ်လိုက်မိသည်။ "မသိဘူး"
လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။ "အိုး"
ရန်ယန် သူမကိုမေးလိုက်သည်။ "ဘာဖြစ်လို့လဲ။ မင်း ငါ့ကို ထွက်လာစေချင်လို့လား"
လင်းရှောင်ယွဲ့က သူမရဲ့ အနက်ရောင် မျက်လုံးကြီးကြီးတွေနဲ့ မျက်တောင်ခတ်လိုက်သည်။ "အိမ်က ရှုပ်နေတုန်းပဲ၊ ရှင် ဒီထက်ပိုပြီး ထွက်လာသင့်တယ်ထင်တယ် မဟုတ်ဘူးလား"
ဟုတ်ပါတယ် သူထွက်လာသင့်တယ်!
သူ ထွက်လာတာနဲ့ ကောင်းကောင်းစားလို့ရတယ်။
ပြီးခဲ့တဲ့ခေါက်က အသားပေါက်စီ၊ ဒီတစ်ခေါက်က ငါး။
ရန်ယန်က သူမဘာပြောပြော အကုန် သဘောကျသည်။
သူ ပိုပြီး လေးလေးနက်နက် ပြုံးခဲ့သည်။ "ငါ ထွက်လာနိုင်ရင် ငါ ဒီထက်ပိုပြီး ထွက်လာမှာ သေချာတယ်" ဒီခန္ဓာကိုယ်ကို အလွယ်တကူ ထိန်းချုပ်နိုင်ပြီးရင် သူ....သူမကို ထိရဲလိမ့်မယ်
ရေနံဆီမီးခွက်က တဖျပ်ဖျပ်ဖျပ်ခတ်နေပြီး သူမရဲ့ မျက်နှာလေးကို အဝါရောင်မီးရောင်တွင် ဝှက်ထားသည်။ အမှုန့်ထွင်းထားတဲ့ ကျောက်စိမ်းလက်ကောက် မျက်နှာကို ကြည့်လိုက်တော့ ရန်ယန်ရဲ့ နှလုံးသားက တွန်းအားတွေ ပြည့်နှက်နေခဲ့သည်။
သူက ယောက်ျားဖြစ်ချင်တာတော့ ဟုတ်ပါတယ်။
ဒါပေမယ့် ယခု မပြည့်စုံသေးတဲ့ သူက သူမကို ရရှိဖို့ အရည်အချင်း မပြည့်မီသေးပေ။
"လင်းရှောင်ယွဲ့ " ရန်ယန်က သူမကို ရုတ်တရက် ခေါ်လိုက်သည်။
"ဟင်" လင်းရှောင်ယွဲ့ တုံ့ပြန်ခဲ့သည်။
သူက ပြတ်သားသောအသံနဲ့ ပြောခဲ့သည်။ “ငါအဝေးကိုသွားတဲ့အချိန် အဲ့အရူးနှစ်ယောက် မင်းအပေါ် အခွင့်ကောင်းမယူစေနဲ့ "