Chapter 20
Viewers 6k

🍉 Chapter 20

အကျပ်အတည်းအခြေအနေသို့ ကျရောက်နေခြင်း



ဘယ်အစ်ကိုလဲ...


ယဲ့လဲ့ယောင်က ဘယ်သူ့ကို အစ်ကိုကြီးလို့ ခေါ်လိုက်တာလဲ...


ထိုမှသာ ဖုန်းကျီချီက လက်ထောက်ဖုန်း၏ နောက်တွင် ရပ်နေသော အခြားလူကို သတိထားမိလိုက်သည်။


အဆင့်မြင့်ကာ အံဝင်ခွင်ကျ ဖြစ်နေသော အနက်ရောင် ဝတ်စုံက အရပ်မြင့်မြင့်နှင့် ဖြောင့်စင်းသော ကိုယ်ဟန်အနေအထားကို အပြည့်အဝပေါ်လွင်စေသည်။ ထိုသူ၏ အသွင်အပြင်က ချောမောသော်လည်း သူ၏ နက်မှောင်သော မျက်လုံးများက ဖုန်းကျီချီအပေါ် နွေးထွေးမှုမရှိဘဲ အေးစက်မှုကိုသာ လွှမ်းခြုံထားသည်။


ဖုန်းကျီချီက ထိုအမျိုးသား၏ အေးစက်သော အကြည့်နှင့် ဆုံတွေ့လိုက်သည့် အခိုက်အတန့်တွင် သူ့နှလုံးက ခုန်ထွက်သွားပြီး သူ့သွေးများက ချက်ချင်း အေးခဲသွားသည်။


ဒီလူက ဟော်ကျင့်က လွဲလို့ တခြား ဘယ်သူ ဖြစ်နိုင်ဥိီးမှာလဲ...


ယခုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကလည်း ပေါက်ကွဲလာသည်။


"အစ်ကိုလား..."


"သူက ကျီချီရဲ့ အစ်ကိုလား..."


"ဒီလူ့ကို ရင်းနှီးနေသလိုပဲ..."


"ဒါက ဟော်ကျင့် မဟုတ်ဘူးလား..."


ကျောက်ခဲတစ်ခဲက လှိုင်းတစ်ထောင်ကို ဖြစ်ပေါ်စေသည်။


"ဟော်ကျင့်လား...မဖြစ်နိုင်တာ...ငါ အားပေးတဲ့ အတွဲက အစစ်အမှန်လား..."


"အပေါ်က လူမှာ ကျိုးပဲ့နေတဲ့ ဦးနှောက် ရှိရမယ်...ဟော်ကျင့်နဲ့ သူ့ရဲ့ဆက်ဆံရေးက အတုအယောင်ဆိုတာ ဖုန်းကျီချီက ဝန်ခံခဲ့တယ်လေ..."


"ဒါဆို အခု ဘာဖြစ်နေတာလဲ...ငါ့ ဦးနှောက်က ခြောက်တော့မယ်...ငါတို့ အခု '"စွန့်စားကြရအောင်"ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတာ မဟုတ်ဘူးလား..."


ပုန်းအောင်းနေသော လက်ထောက်ဒါရိုက်တာနှင့် ကင်မရာသမားများမှာလည်း ထပ်တူထပ်မျှ ပဟေဠိဖြစ်နေကြသည်။


လက်ထောက်ဒါရိုက်တာက အော်ဟစ်မိလုနီးနီးပင်။

ငါတို့က ဗီလာရဲ့ အပြင်အဆင်နဲ့ အပြင်ပိုင်းကို ရိုက်ကူးနေကြရုံပါ...အခုကျ ဒီလိုမျိုးတွေ ဖြစ်လာတယ်...


ထို့အပြင် ဖုန်းကျီချီက ပြိုလဲနေပြီး လောင်ကျွမ်းတော့မည့် ပုံပေါ်သည်။


ဖုန်းကျီချီက သူတို့၏ ပုံမှန်ဧည့်သည် ဖြစ်သည့်အပြင် အားပေးအခံရဆုံးနှင့် ထိပ်တန်း ဧည့်သည်များထဲမှ တစ်ယောက် ဖြစ်သည်။


ရိုက်ကူးသည့် ပထမဆုံး နေ့တွင်ပင် သူက ပြိုလဲ၍ လောင်ကျွမ်းနေသည်မှာ အလွန် စိတ်လှုပ်ရှားစရာ ကောင်းသည်။


ထိတ်လန့်မှု၊ ရှုပ်ထွေးမှုများနှင့် နားမလည်နိုင်မှုများ ရောထွေးနေသော်လည်း လက်ထောက်ဒါရိုက်တာနှင့် ကင်မရာသမားများက အနည်းငယ် စိတ်လှုပ်ရှားသွားသည်ကို မငြင်းနိုင်ပေ။


ပါပါးဟော်နှင့် မာမားဟော်တို့ကလည်း ထပ်တူထပ်မျှ စိတ်လှုပ်ရှားနေကြသည်။ သူတို့က စောင့်ကြည့်သည့် အခန်းတွင် အချိန်အတော်ကြာ စောင့်နေခဲ့ကြခြင်းက ဤအခိုက်အတန့် အတွက်သာ ဖြစ်သည်။


ဒီလို ဒရမ်မာကို တိုက်ရိုက် မျက်မြင် ကြည့်ရတာကို ဘယ်သူက စိတ်မလှုပ်ရှားဘဲ နေမှာလဲ...


ထေ့လုံးငေါ့လုံးများကို ပြောနိုင်သော ခံစားချက် ရှိနေသည့် တစ်ဦးတည်းသော သူမှာ ယဲ့လဲ့ယောင်သာ ဖြစ်သည်။


ဟော်ကျင့်က အချိန်ကိုက် ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် သူက တီးတိုး မပြောဘဲ မနေနိုင်ပေ။


[ကောင်းပြီ၊ ကောင်းပြီ...ငါ ဝန်ခံပါတယ်...ငါ့အစ်ကိုကြီးက ငါ့ထက် အာဏာရှင် ပိုဆန်တယ်...]


[ဒီလို ထွက်ပေါ်လာတာမျိုး၊ ဒီလို အသွင်အပြင်မျိုးက ဗီလိန်တစ်ယောက်ရဲ့ အသွင်အပြင် တကယ် ရှိတယ်...ကြည့်လိုက်ပါဦး၊ ဖုန်းကျီချီတောင် ကြောက်နေပြီ...]


ဟော်ကျင့်က ယဲ့လဲ့ယောင်၏ မှတ်ချက်များကို ကြားလိုက်ရလျှင် စကားမပြောနိုင်လောက်အောင် ခံစားလိုက်ရသည်။


စကားကောင်းကောင်းကို မပြောနိုင်ရင်လည်း ပြောမနေပါနဲ့တော့...


ဟော်ကျင့်က သူ့အား ကြောင်တက်တက် စိုက်ကြည့်နေသော ဖုန်းကျီချီကို တစ်ချက် ကြည့်လိုက်သည်။ ဖုန်းကျီချီ၏မျက်လုံးများက ထိတ်လန့်တကြားနှင့် ဖုံးကွယ်၍ မရသော အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။ သူက တုံ့ပြန်မှုမရှိဘဲ ထိုနေရာတွင် စက္ကန့်အတော်ကြာ ရပ်နေခဲ့သည်။


သူက အမှန်တကယ်ပင် ကြောက်ရွံ့နေခဲ့သည်။


ဟော်ကျင့်က သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး လက်ထောက်ဖုန်းကို သူကိုယ်တိုင် ကိုင်တွယ်သင့်ကြောင်း ညွှန်ပြလိုက်သည်။ ထို့နောက် ယဲ့လဲ့ယောင်ထံသို့ လျှောက်သွားကာ အနီးရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။


အခု သူ အရမ်းချစ်ရတဲ့ ညီငယ်လေးက သူ့ကို မတရားအမှုဆင်ပြီး သွားပုတ်လေလွင့် ပြောလိုက်တာမလို့ နောက်ဆုံးတော့ လက်ထောက်ဖုန်းက နိုးထလာသင့်ပြီ မဟုတ်လား...


ထို့နောက် ဟော်ကျင့်က ယဲ့လဲ့ယောင်၏ တီးတိုးပြောသံကို ကြားလိုက်သည်။


[လက်ထောက်ဖုန်းက လုံးဝ မနိုးထသေးဘူးလို့ ခံစားရတယ်...]


ဟော်ကျင့်က အံ့အားသင့်သွားပြီး မော့ကြည့်လိုက်သည်။


ထိုအချိန်တွင် လက်ထောက်ဖုန်းက သူ့ဖုန်းကို ကောက်ကိုင်ရန် ငုံ့လိုက်သည်။ အနီးကပ် စစ်ဆေးကြည့်မည် ဆိုလျှင် သူ၏ လက်ချောင်းများက အနည်းငယ် တုန်ယင်နေသေးသည်။ သူ၏မျက်နှာမှာ ဖြူဖျော့နေပြီး ဖုန်းကျီချီ၏ စကားကြောင့် ဒေါသထွက်နေသည်ကို ရှင်းရှင်းလင်းလင်း တွေ့နိုင်သည်။


ဟော်ကျင့်က အံ့ဩသွားသည်။


သူ စိတ်ဆိုးနေပြီ မဟုတ်လား...


ထို့နောက် လက်ထောက်ဖုန်းက နောက်ဆုံးတွင် သူ၏ မျက်မှန်ကို တွန်းတင်လိုက်သည်။

"ကျီချီ...ဒါကို မင်း ငါ့ကို ရှင်းပြသင့်တယ် မဟုတ်လား..."


ဟော်ကျင့် : “…”


အဖြစ်မှန်တွေက သူ့ရှေ့မှာ ရှိတာတောင် လက်ထောက်ဖုန်းက ဖုန်းကျီချီ ရှင်းပြတာကို ကြားချင်နေတာလား...


[ဒါက ဖုန်းကျီချီ ရှင်းပြတာကို ကြားချင်နေတာ မဟုတ်ဘူး...ဖုန်းကျီချီက သူ့ကိုယ်သူ ဘယ်လို ကာကွယ်မယ်ဆိုတာကို ကြားချင်တာပဲ မဟုတ်လား...]


[မန်နေဂျာက သူ့ကို အတင်းအကြပ်လုပ်ခိုင်းတာလို့ ဖုန်းကျီချီက ပြောရင် လက်ထောက်ဖုန်းက သူ့ကို ချက်ချင်း ခွင့်လွှတ်မှာလား...]


ဟော်ကျင့်က တိတ်ဆိတ်နေသည်။


ဖုန်းကျီချီက မှင်သက်နေသေးသည်။


လက်ထောက်ဖုန်း၏ အသံကို ကြားလျှင် သူက ခေါင်းကို လှည့်လိုက်သည်။


သူက လက်ထောက်ဖုန်းကို ကြည့်လိုက်ပြီး ဆိုဖာပေါ်မှ ယဲ့လဲ့ယောင်နှင့် ဟော်ကျင့်ကို ကြည့်လိုက်သည်။


ယဲ့လဲ့ယောင်၏ ပါးစပ်က ပြုံးကာ နှုတ်ခမ်းထောင့်က ကွေးတက်သွားပြီး ဖုန်းကျီချီကို မျက်လုံး မှိတ်ပြလိုက်သည်။


၎င်းကို မြင်လိုက်ရလျှင် ဖုန်းကျီချီက ဒေါသထွက်သွားပြီး ချက်ချင်းဆိုသလို အရာအားလုံးကို ရုတ်တရက် သဘောပေါက်သွားသည်။


"ဒါဆို..."

ဖုန်းကျီချီက နီရဲနေသော မျက်လုံးများဖြင့် လက်ထောက်ဖုန်းကို ကြည့်ကာ ပြောလိုက်သည်။

"အစ်ကို ဒါက မင်း ကြံစည်ထားတာလား..."


လက်ထောက်ဖုန်းက အံ့အားသင့်သွားသည်။

"ဘာ..."


ဖုန်းကျီချီက ဆိုဖာပေါ်ရှိ ယဲ့လဲ့ယောင်နှင့် ဟော်ကျင့်ကို စိုက်ကြည့်ကာ ရှက်ရွံ့သွားပြီး သူ၏ မျက်နှာက ပူလောင်လာသည်။


ဒီကောင်လေးက သူ့ကို အစ်ကိုကြီးလို့ ခေါ်တာကို ဟော်ကျင့်က မငြင်းခဲ့ဘူး...ဆိုလိုတာကတော့ ဒီကောင်လေးက ဟော်ကျင့်ရဲ့ ညီ ဖြစ်နိုင်တယ်...သူက သူ့ရဲ့ ညီ မဟုတ်ရင်တောင် ဟော်ကျင့်နဲ့ အရမ်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး သူ မသိတဲ့ ကိစ္စ အများကြီးကို သိနိုင်တယ်...


မထူးဆန်းတော့ပါဘူး...


သူ့အစ်ကိုမှာ ရည်းစားရှိတာကို မသိဘူးလို့ ပြောခဲ့တာက အံ့သြစရာ မရှိပါဘူး...


ငါကိုယ်တိုင်က ခုန်ပေါက်နေတဲ့ လူရွှင်တော်တစ်ယောက် ဖြစ်နေခဲ့တာပဲ...


ကောင်လေးကို နှင်ထုတ်ရန် အိမ်ရှင်၏ လေသံကို အရှက်မဲ့စွာ အသုံးပြုခဲ့ပုံကို တွေးမိကာ ဖုန်းကျီချီက သူ၏ လည်ပင်းကို အညှစ်ခံထားရသကဲ့သို့ ခံစားရကာ အသက်ရှူရခက်လာသည်။


ဟော်ကျင့်က ဤနေရာတွင် မည်မျှကြာကြာ ရှိနေခဲ့ပြီး မည်သည်အထိ ကြားခဲ့ကြောင်းကို ဖုန်းကျီချီက မတွေးဝံ့ပေ။


သူက ဟော်ကျင့်၏ အမူအရာကို မကြည့်ဝံ့တော့ဘဲ လက်ထောက်ဖုန်းကိုသာ နီရဲနေသည့် မျက်လုံးဖြင့် စိုက်ကြည့်နေသည်။


အားလုံးက သူ့အပြစ်ပဲ...


ဟော်ကျင့်က ဤနေရာတွင် ရှိနေခြင်းက သူက ကိစ္စအားလုံးကို သိနေသည်မှာ ကြာပြီဖြစ်ကြောင်း သိနိုင်သည်။ ဟော်ကျင့်၏ လက်ထောက်အနေဖြင့် လက်ထောက်ဖုန်းက မည်သည့်အချက်အလက်ကိုမျှ မရရှိခဲ့ခြင်းမှာ မဖြစ်နိုင်ပေ။


သို့သော်လည်း ထိုသူက သူ့ကို ကြိုတင်သတိမပေးရုံသာမက ယနေ့တွင်လည်း ကောင်လေးတစ်ယောက်ထံ၌ အရှက်ရစေခဲ့သည်။


ဖုန်းကျီချီ၏ မျက်နှာက နီမြန်းလာပြီး လက်ထောက်ဖုန်းအား ဒေါသတကြီးစိုက်ကြည့်လိုက်သည်။

"မင်း ဘာအတွက် ဟန်ဆောင်နေတာလဲ...မင်း မသိဘူးလို့ မင်း ပြောရဲလား...မင်းက ငါ့အစ်ကိုဖြစ်ပြီး ငါ့ကို သတိမပေးရုံတင် မကဘူး၊ အခု အပြင်လူတွေနဲ့ ပေါင်းပြီးတော့ပါ မင်းက ငါ့ကို လှည့်စားနေတာပဲ..."


ယဲ့လဲ့ယောင်:"..."


[ဘာလဲ...ငါ အခု ဘာကို ကြားလိုက်ရတာလဲ...]


[ဖုန်းကျီချီက အရှက်မမဲ့လွန်းဘူးလား...ဒါက မင်း တစ်ခုခုကို ခိုးလုပ်နေတဲ့ အချိန်မှာ ပိုင်ရှင်က ဖမ်းမိသွားပြီး ပိုင်ရှင်က အိမ်မှာ ရှိနေတယ် ဆိုတာကို မင်းကို သတိမပေးတဲ့အတွက် မင်းရဲ့ ဘာမှမသိတဲ့ အစ်ကိုကို အပြစ်တင်နေတာပဲ...]


[အရှက်မရှိတဲ့လူတွေကို ငါ တွေ့ဖူးပေမယ့် ဒီလို အရှက်မရှိတဲ့လူကို တစ်ခါမှမတွေ့ဖူးဘူး...]


ပါပါးဟော်၊ မာမားဟော်နှင့် ဟော်ကျင့်တို့ အားလုံးက ခေါင်းညိတ်လိုက်ကြကာ အလေးအနက် သဘောတူခဲ့ကြသည်။


ယဲ့လဲ့ယောင်ကတော့ ခေတ်သစ်ရဲ့ နံပတ်တစ် ပြောရေးဆိုခွင့် ရှိသူပဲ...


ဖုန်းကျီချီက သူ့ကို အပြစ်တင်ရန် လက်ထောက်ဖုန်းက မမျှော်လင့်ထားပေ။ သူက ဖုန်းကျီချီကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

"ကျီချီ… ငါလည်း ဒါကို အခုမှ သိလိုက်ရတာ...ပြီးတော့..."


အမှားလုပ်ခဲ့တဲ့ သူက မင်း မဟုတ်ဘူးလား...


"မင်း အခုမှ သိတာလား..."

ဖုန်းကျီချီ၏ လေသံက လှောင်ပြောင်နေပုံပေါ်သည်။

"ငါက ဒါကို ယုံမယ်လို့ ထင်တာလား...မင်းက ငါ့ကို အရှက်ရစေချင်တာ မဟုတ်လား...အခု မင်း မြင်ရတာ ကျေနပ်ပြီလား..."


လက်ထောက်ဖုန်းက ရှင်းပြသည်။

"မဟုတ်ဘူး...ငါ..."


ငါက ဖုန်းကျီချီကို ဘာလို့ အရှက်ရစေချင်ရမှာလဲ...


ငါက ဖုန်းကျီချီအတွက် အမြဲတမ်း ဂုဏ်ယူနေခဲ့တာ...


စောင့်ကြည့်ခန်းထဲတွင်ပင် သူက‌ ဟော်ကျင့်ကို ဖုန်းကျီချီအတွက် ဆက်တိုက်တောင်းပန်နေခဲ့သည်။

သူက ဘာလို့ ဒီလိုမျိုး လုပ်ရမှာလဲ...


သို့သော်လည်း ဖုန်းကျီချီက လက်ထောက်ဖုန်း၏ ရှင်းပြချက်ကို လုံးဝ နားမထောင်ဘဲ အေးစက်စွာ ပြောလိုက်သည်။

"တော်လောက်ပြီ...ငါ မကြားချင်တော့ဘူး...ငါ ဝန်ခံပါတယ်၊ ဒါတွေ အကုန်လုံးကို ငါ လုပ်ခဲ့တာ ဟုတ်ပြီလား..."


သူ့ကိုယ်သူ ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ဖုန်းကျီချီ ကိုယ်တိုင် ဝန်ခံသည်ကို ကြားရလျှင် လက်ထောက်ဖုန်း၏ မျက်လုံးများက စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

"ကျီချိီ...မင်း ဘာလို့ ဒီလိုလုပ်တာလဲ..."


"မသိသာဘူးလား..."

 á€–ုန်းကဝဎခဝဎက ပြောသည်။

"နာမည်ကြီးဖို့၊ အာရုံစိုက်ခံရဖို့ပါပဲ...ချစ်လှစွာသော အစ်ကို၊ မင်းက ငါ မဟုတ်ဘူး...အဲ့ဒါကြောင့် ငါ ရုန်းကန် နေရတာတွေကို နားမလည်နိုင်ဘူး...မင်းရဲ့ ဟန်ဆောင်မှုတွေကို ငါ ဘယ်လောက် မုန်းတီးနေလဲဆိုတာ မင်း မသိဘူးလား...မင်းက ငါ့ကို ရသစုံရှိုး တစ်ခု ပေးတာနဲ့ ငါက မင်းကို ကျေးဇူးတင်ပြီး နာခံလိမ့်မယ်လို့ မင်း တကယ် ထင်နေတာလား..."


"တကယ်လို့ မင်းသာ ငါ့ကို ပထမဆုံးပါတနာနဲ့ စုံတွဲ သတင်းလွှင့်တာကို မတားခဲ့ရင် ငါ အရင်ကတည်းက နာမည်ကြီးနေလိမ့်မယ်...ဥက္ကဌဟော်နဲ့ ကောလဟာလတွေကို ငါက ဘာလို့ သတင်းလွှင့်ခဲ့ရတာလဲ...အဲ့ဒါက မင်း အရင်က ငါ့ကို တားထားလို့ မဟုတ်ဘူးလား..."


လက်ထောက်ဖုန်းက သူ့ပါးစပ်ကိုဖွင့်ကာ ဖုန်းကျီချီကို မယုံကြည်နိုင်စွာ ကြည့်နေသည်။ သူ၏ အကြည့်က နာကျင်နေရပုံပေါ်သည်။


ဖုန်းကျီချီက ကျော်ကြားမှုနောက် လိုက်ရန် ထောင်ချောက်ထဲသို့ ကျသွားမည်ကို စိုးရိမ်သောကြောင့် သူက ဖုန်းကျီချီ၏ ဆက်ဆံရေးကို အရှိန်မြှင့်ရန် မလိုလားခဲ့ပေ။


လူကြိုက်များမှုက အသွားနှစ်ဖက် ပါသည့် ဓါးဖြစ်သည်။ ၎င်းက တစ်စုံတစ်ဦးကို လျှင်မြန်စွာ ကျော်ကြားစေရန် ပြုလုပ်နိုင်သော်လည်း ၎င်းကို မဆုပ်ကိုင်ထားနိုင်ဘဲ ကျောထောက်နောက်ခံပြုရန် လုပ်ဆောင်မှုများ မရှိပါက နောက်ဆုံးတွင် လူအများကြား၌ ခဏမျှသာ တည်ရှိနေမည် ဖြစ်သည်။


ဖုန်းကျီချီအတွက် လက်ထောက်ဖုန်း၏ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်က ပြီးပြည့်စုံသည်။ အနည်းငယ် နှေးကွေးသော်လည်း ဖုန်းကျီချီကသာ တစ်ဆင့်ပြီးတစ်ဆင့် လိုက်လုပ်ခဲ့လျှင် ပိုကောင်းလာမည်မှာ သေချာသလောက်ပင်။


ဖုန်းကျီချီက ဖျော်ဖြေရေးနယ်ပယ်တွင် ပိုမိုချောမွေ့စွာ တိုးတက်လာနိုင်စေရန်အတွက် လက်ထောက်ဖုန်းက သူ့ကို အဆက်အသွယ်များစွာဖြင့် တိတ်တဆိတ် ချိတ်ဆက်ပေးခဲ့သည်။


သို့သော်လည်း သူက မကြာသေးမီက အလွန် အလုပ်များခဲ့ပြီး ဖုန်းကျီချီ၏ အရေးကိစ္စများကို အချိန်အတော်ကြာ ဂရုမစိုက်နိုင်ခဲ့ပေ။


သူက ဖုန်းကျီချီအတွက် များစွာ လုပ်ဆောင်ခဲ့သည်မှာ ထင်ရှားသော်လည်း ဖုန်းကျီချီက သူ့ကြောင့် ဤကဲ့သို့ လုပ်ခဲ့ရကြောင်း အခိုင်အမာ ပြောနေသည်။


လက်ထောက်ဖုန်းက ရုတ်တရက် စိတ်ပျက်သွားမိသည်။


ယဲ့လဲ့ယောင်က ခေါင်းခါလိုက်သည်။


[အရှက်မရှိ၊ ကျေးဇူးကန်းလိုက်တာ...]


[လက်ထောက်ဖုန်းကြောင့်သာ မဟုတ်ရင် ဖုန်းကျီချီရဲ့ စမှတ်က ဒီလောက် မြင့်မားနေမှာလား...]


[သူ့ကိုယ်သူ အရမ်း အထင်ကြီးထားတာပဲ...]


[လက်ထောက်ဖုန်းက အခု ခေါင်းပိုရှင်းလာပုံ ပေါက်နေပေမယ့်လည်း သူက ဓာတ်ကူပစ္စည်းနည်းနည်း လိုအပ်နေသေးတယ်...]


ယဲ့လဲ့ယောင်က သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်ကာ မျက်လုံးများ တောက်ပလာသည်။


[ဟုတ်ပြီ...ဖုန်းကျီချီရဲ့ ရိုက်ကူးရေး အဖွဲ့သားတွေက ငါးမိနစ်အတွင်း ရောက်လာလိမ့်မယ်...]


ဟော်ကျင့်၏ မျက်လုံးများက တောက်ပသွားကာ သူက အချိန်ကိုက် ပြောလိုက်သည်။

"လက်ထောက်ဖုန်း...အဲ့ဒါက နောက်ကျနေပြီ..."


ရိုးရှင်းသော စကားတစ်ခွန်းက ဖုန်းကျီချီကို ချက်ချင်း နိုးထစေခဲ့သည်။


သူ၏ အရှက်အရဆုံး မုသားကို အခြားသူများ၏ ရှေ့တွင် ထုတ်ဖော်ပြသမိပြီးနောက် ဖုန်းကျီချီက ထွက်သွားလိုခဲ့သည်မှာ ကြာပြီ ဖြစ်သည်။


သို့သော်လည်း ပရိုဂရမ်အဖွဲ့က မကြာမီ အင်တာဗျူးတစ်ခုအတွက် ရောက်ရှိလာတော့မည်ဖြစ်ပြီး ကျိုးကြောင်းဆီလျော်မှုက ဖုန်းကျီချီကို ထိုနေရာတွင် ဆက်၍ ရှိနေစေသည်။


သူ့ရှေ့တွင် အလွန် စိတ်မကောင်းဖြစ်နေသော လက်ထောက်ဖုန်းကို တွေ့လိုက်ရလျှင် ဖုန်းကျီချီ၏ မျက်လုံးများ၌ ငြီးငွေ့မှု အရိပ်အယောင် ပေါ်လာသည်။ ပြီးနောက် သူက 'မင်း သဘောပဲ' ဟူသည့် လေသံနှင့် အမြန် ပြောလိုက်သည်။

"ကောင်းပြီ အစ်ကို...ငါ မင်းကို မငြင်းတော့ဘူး...ဒါဆို မင်း ငါ့ကို ကူညီချင်နေသေးလား..."


ဖုန်းကျီချီ၏ မျက်လုံးများမှ ငြီးငွေ့နေမှုက ထင်ရှားနေကာ လက်ထောက်ဖုန်းက ၎င်းကို ရှင်းရှင်းလင်းလင်း မြင်ခဲ့သည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် ဖုန်းကျီချီက သူ၏ ခံစားချက်များကို ဖုံးကွယ်ကာ အကူအညီပင် တောင်းခံခဲ့သည်။


လက်ထောက်ဖုန်းက သူ၏ နှလုံးကို ကွဲကြေသွားစေသည့် အေးစက်သောလေက အပြင်းအထန် တိုက်ခတ်လာလိုက်သည်ကို ခံစားလိုက်ရသည်။


သူက ရုတ်တရက် နောင်တရသွားသည်။

ငါ ဖုန်းကျီချီကို အရမ်း အလိုလိုက်မိခဲ့တာလား...


ဖုန်းကျီချီက လက်ထောက်ဖုန်း၏ ရှုပ်ထွေးသော စိတ်ခံစားချက်များကို သတိမမူမိဘဲ သဘာဝကျကျပင် ပြောလိုက်သည်။

"အစ်ကို...ငါ နောက်မှ ဥက္ကဌဟော်ကို တရားဝင် တောင်းပန်လိုက်ပါ့မယ်...ဒါပေမယ့် အခု ပရိုဂရမ်အဖွဲ့ ရောက်လာတော့မှာမလို့ မင်းက ငါ့ကို ဒါကြောင့် မပျက်ကွက်စေချင်ဘူး မဟုတ်လား..."


သူ စကားပြောနေစဉ်တွင် ဖုန်းကျီချီက လက်ထောက်ဖုန်း၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ရှေ့တိုးကာ ပြောသည်။

"အစ်ကိုကြီး...ငါ့ကို နောက်တစ်ခေါက်လောက် ကူညီပါဦး...ငါ့အတွက် ဥက္ကဌဟော်ကို ပြောပေးပါ...ငါ ရိုက်ကူးဖို့ နာရီဝက်ပဲ လိုတာပါ..."


"မဟုတ်ဘူး၊ ဆယ်မိနစ်..."

လက်ထောက်ဖုန်းက မတုံ့ပြန်သည်ကို မြင်လျှင် ဖုန်းကျီချီက အမြန် ပြင်ပြောလိုက်သည်။


"ဆယ်မိနစ်၊ အနည်းဆုံး ဆယ်မိနစ်ပါပဲ...ကျေးဇူးပြုပြီး..."

ဖုန်းကျီချီက ဆိုဖာပေါ်မှ ဟော်ကျင့်ကို သတိထားပြီး စိုက်ကြည့်လိုက်သည်။


ယဲ့လဲ့ယောင်က ပေါက်ကွဲလုမတတ် ရယ်မောလိုက်သည်။

"ဒါပေမယ့် ငါတို့က ရိုက်ကူးရေး စနေပြီးသား မဟုတ်ဘူးလား..."


ထိုစကားများ ပြောပြီးသည်နှင့် တစ်ခန်းလုံးက တိတ်ဆိတ်သွားသည်။


"မင်း ငါ့ကို လာလိမ်နေတာလား..."

 á€–ုန်းကဝဎခဝဎက လက်ထောက်ဖုန်းကို စိုက်ကြည့်လိုက်သည်။

"ဒါက မင်း ငါ့ကို မကူညီချင်တဲ့ အတွက် အကြောင်းပြချက်လား..."


လက်ထောက်ဖုန်း၏ မျက်လုံးများမှ နောက်ဆုံး မျှော်လင့်ချက် အနည်းငယ်က ပျောက်ကွယ်သွားသည်။ သူက သူ့လက်ကို ဆုပ်ကိုင်ထားသည့် ဖုန်းကျီချီကို တစ်ချက် ကြည့်လိုက်သည်။


ရယ်စရာကောင်းသည်မှာ ဖုန်းကျီချီ၏ စိတ်နေသဘောထား ရုတ်တရက်ပြောင်းလဲသွားခြင်းက သူ့ကို တောင်းပန်ရန်ဟု သူက တွေးထင်ခဲ့သည်။


သို့သော်လည်း အစမှအဆုံးထိ ဖုန်းကျီချီက သူ၏ အကျိုးစီးပွားကိုသာ အာရုံစိုက်ပြီး လက်ထောက်ဖုန်း၏ အခြေအနေကို ဘယ်သောအခါကမှ ထည့်သွင်းစဉ်းစားခြင်း မရှိကြောင်း သူ သိလာရသည်။


လက်ထောက်ဖုန်းက သူ့လက်ကို ဖြည်းညှင်းစွာ ရုတ်လိုက်ပြီး မျက်လုံးကို မှိတ်ကာ အေးစက်စွာ ပြောလိုက်သည်။

"ဒါက အသုံးမဝင်တော့ဘူး..."


ဖုန်းကျီချီက ရှုပ်ထွေးသွားသည်။

"ဘာကလဲ..."


လက်ထောက်ဖုန်းက နီရဲနေသော မျက်လုံးများဖြင့် နှစ်ပေါင်းများစွာ သူ အလိုလိုက်ခဲ့သော ညီငယ်ကို ကြည့်ကာ အားနည်းနေသော်လည်း တစ်လုံးချင်း ပြောလိုက်သည်။

"ငါ ပြောတာက အသုံးမဝင်တော့ဘူး...အရမ်း နောက်ကျသွားပြီ...ရိုက်ကူးရေးက စနေခဲ့တာ ကြာပြီ..."


လက်ထောက်ဖုန်း၏ စကားကို တုံ့ပြန်လိုက်သကဲ့သို့ လှေကားထစ်တွင် ပုန်းနေသည့် လက်ထောက်ဒါရိုက်တာက နောက်ဆုံးတွင် မတ်တတ်ထရပ်လိုက်သည်။


အချိန်အတော်ကြာ ထိုင်ချလိုက်ပြီးနောက် သူမ ခြေထောက်များက ထုံကျင်နေသည်။


သူမနှင့် သူမ၏ နောက်ကွယ်ရှိ ကင်မရာနှစ်လုံးကို မြင်လိုက်ရလျှင် ဖုန်းကျီချီက ကြောက်စရာကောင်းသော သားရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ တုံ့ပြန်ခဲ့သည်။ သူက နောက်ကို ခြေလှမ်းကြီးကြီးဆုတ်လိုက်ပြီး မည်သည်ကိုမှ မတွေးတော့ဘဲ လှည့်ထွက်သွားသည်။


သို့သော်လည်း သူ တံခါးဖွင့်လိုက်သည်နှင့် အပြင်ဘက်ရှိ နောက်ထပ် ကင်မရာနှစ်လုံးက သူ့ကို အာရုံစိုက်နေသည်။


"ဟယ်လို၊ ကျီချီ...ကျွန်တော်တို့က ဒီကို အင်တာဗျူးအတွက် ရောက်လာတာပါ..."


ယဲ့လဲ့ယောင်က ချက်ချင်းပင် ပျော်ရွှင်သွားသည်။


[ဒါက အင်တာဗျူးမဟုတ်ဘူး...]


[ဒါက မလွတ်မြောက်နိုင်တဲ့ ထိုးဖောက်တိုက်ခိုက်မှုပဲ...]



🍉🍉🍉