ရှောင်ဟွေ့မှာသူ့ဘေးတွင်ကျားလိရပ်နေသည်ကို သတိရသွားကာမြေခွေးထီးလေးနှင့်သူမကိုမိတ်ဆက်ပေးလာသည်။
"ကျားလိကျဲ သူကစီရင်စုမြို့ရဲ့တရားဝင်စက်ချုပ်ဆရာလေ။အရင်ကကျွန်တော်အထည်တွေချုပ်ပြီးလာရောင်းရင်း သူနဲ့ရင်းနှီးသွားကြတာ။အဲ့တုန်းကကျွန်တော်ချုပ်လာသမျှအဝတ်တွေကို သူကအကုန်ဝယ်သွားတာလေ"
မြေခွေးထီးလေးမှာ သူမအားတည်ငြိမ်စွာကြည့်ပြီးခေါင်းအသာငြိမ့်ကာမိတ်ဆက်လာ၏။
"တွေ့ရတာဝမ်းသာပါတယ် မိန်းကလေး။ကျွန်တော့်နာမည်ကကျွမ်းဟူပါ"
ကျားလိမှာသူမ၏ရုပ်ရည်ပေါ်တစ်ခဏတာအံ့ဩသွားပြရုံကလွဲ၍ တည်ငြိမ်စွာစကားပြောလာသူအားကြည့်ကာ မျက်ခုံးပင့်လိုက်မိသည်။သူမကိုယ်သူမအထင်ကြီးနေမိသည်မဟုတ်ပါသော်ငြား သူမရုပ်ရည်မှာတစ်ခဏတာအံ့ဩရုံမျှသာမကမှန်းတော့ ယုံကြည်လေသည်။
"ကျွန်မက ယီဟွေ့ရဲ့အစ်မကျားလိပါ။ရှောင်ဟွေ့ကို ကူညီပေးခဲ့တဲ့အတွက်ကျေးဇူးပါနော်"
"မဟုတ်တာ အားဟွေ့ကအရည်အချင်းရှိတဲ့လူငယ်လေးမလို့ ကျွန်တော်မဟုတ်တောင် သူ့ကိုဖေးမမယ့်လူတွေရှိနေမှာပါပဲ။ကျွန်တော်ကသာ အခွင့်အရေးလုယူလိုက်မိတာပါ"
ရှောင်ဟွေ့မှာကျွမ်းဟူ၏စကားများကြောင့် ရှက်ရွံ့ကာနားရွက်များထိနီရဲနေတော့၏။ကျားလိမှာေရှာင်ဟွေ့၏အခြေအနေကိုကြည့်ကာ သူမစိတ်ထဲအရင်နေ့များမှ ရှောင်စစ်ပြောခဲ့ဖူးသည့်စကားတို့အားရုတ်တရက်ကြားယောင်လာကာ ထူးဆန်းသောအတွေးတစ်ချက်ပေါ်လာသည်။
ကျားလိမှာကျွမ်းဟူ၏ယောင်္ကျားလေး မိန်းကလေးမကွဲပြားအောင် လှပသည့်ရုပ်ဆင်းသွင်ပြင်ကိုတစ်လှည့် ရှက်ရွံ့ကာအထစ်ထစ်အငေါ့ငေါ့ဖြင့်စကားပြောနေသောရှောင်ဟွေ့အားတစ်လှည့်ကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်မိ၏။သို့သော် သူမအထင်မှားသည်သာဖြစ်နိုင်ကြောင်းတွေးလိုက်ပြီး ကျွမ်းဟူအားမေးလိုက်သည်။
"ဒါဆို ဆရာကျွမ်းကဒီစီရင်စုထဲမှာပဲ နေတာပေါ့။မိဘတွေနဲ့အတူတူနေတာလား အိမ်ထောင်ရောကျပြီးပြီလား။ဟို ဒီလိုတွေမေးနေလို့ တစ်မျိုးတော့မထင်ပါနဲ့နော်။ဆရာကျွမ်းရဲ့ အခြေအနေက မဆိုးဘူးဆိုတော့ကျွန်မကဟုန်နျန်တစ်ေယာက်မဟုတ်ေပမယ့် ကောင်းမွန်တဲ့မိန်းကလေးများတွေ့ခဲ့ရင် မိတ်ဆက်ပေးရအောင်လို့ပါ"
ကျားလိ၏စကားကြောင့် ရှောင်ဟွေ့မှာအနည်းငယ်ဝမ်းနည်းသွားပုံရသော်လည်း သူ၏မက်မွန်ပွင့်လွှာမျက်ဝန်းများသည် ကျွမ်းဟူထံမှအကြည့်လွှဲမသွားခဲ့ချေ။ကျွမ်းဟူမှာတော့ခေတ္တတိတ်ဆိတ်သွားသော်လည်း အပြုံးလေးဖြင့်ငြင်းပယ်လာသည်။
"ကျွန်တော်ကခုထိတစ်စုံတစ်ယောက်ရဲ့ဘဝကို တာဝန်ယူနိုင်တယ်လို့ မခံစားမိသေးလို့ မိန်းကလေးရဲ့စကားကိုကျေးဇူးတင်ကြောင်းပဲပြောရဦးမယ်"
ရှောင်ဟွေ့မှာကျွမ်းဟူ၏အဖြေကြောင့် မျက်လုံးများတောက်ပသွားသည်ကို သူမသတိပြုမိလိုက်၏။သူတို့၃ဦးသားကြားစကားထပ်ဆိုမလာကြတော့ဘဲ တိတ်ဆိတ်မှုကြားရောက်နေစဉ် ပစ္စည်းသွားဝယ်ပေးသော အရောင်းဝန်ထမ်းမှာပြန်ရောက်လာသည်။
"ရှောင်ကျွမ်းနင်ကခုထိမပြန်သေးဘူးလား။အထည်တွေချုပ်စရာရှိတယ်ဆို"
ကျွမ်းဟူမှာအရောင်းဝန်ထမ်းအမျိုးသမီးအားအပြုံးလေးဖြင့်ပြန်ဖြေပေး၏။
"ကျွန်တော်ပြန်တော့မလို့ပါပဲ အစ်မရုံ။ဒီမှာအသိကောင်လေးတစ်ယောက်နဲ့တွေ့လို့ စကားပြောနေတာပါ"
အစ်မရုံမှာသူ၏စကားကြောင့်ကျားလိတို့အားကြည့်ကာ
"ဪ နင်ကဒီကညီမတို့နဲ့သိတာလား"
ကျားလိမှာခေါင်းယမ်း၍ငြင်းပယ်လိုက်၏။
"ကျွန်မနဲ့မဟုတ်ပါဘူး။ကျွန်မမောင်လေးနဲ့သိကြတာပါ။ဒီကောင်လေးကလည်းအပ်ချုပ်တာတော်တော့ ဆရာကျွမ်းကအကြံဉာဏ်တစ်ချို့ပေးနေတာပါ"
ထိုအခါမှအစ်မရုံလည်းသဘောပေါက်ကာ ဘာမှထပ်မေးမလာတော့ဘဲ ကျွမ်းဟူအားပြောလိုက်သည်။
"ဒီလိုလား ဒါဆိုလည်းအစ်မအလုပ်ဆက်လုပ်လိုက်ဦးမယ်နော်။ဒီကညီမတို့ဝယ်ခိုင်းထားတဲ့ပစ္စည်းတွေကိုသေချာထုတ်ပိုးပေးမလို့"
"ရပါတယ် အစ်မရုံ လုပ်စရာရှိတာလုပ်ပါ။ကျွန်တော်လည်း ဝယ်ထားတွေစုပြီးရင်ပြန်တော့မှာ ဒါဆိုနောက်ကြုံရင်ထပ်တွေ့ကြတာပေါ့"
ကျွမ်းဟူမှာ နောက်ဆုံးစကားအားရှောင်ဟွေ့ထံပြောခဲ့ပြီး သူဝယ်ထားသည့်အထုတ်တို့ကို ကောင်တာတွင်သွားယူကာ ယပ်တောင်တစ်ဖျပ်ဖျပ်ခတ်ရင်းထွက်သွားတော့သည်။ကျွမ်းဟူအားမျက်စိတစ်ဆုံးလိုက်ကြည့်နေသောရှောင်ဟွေ့အားကြည့်ကာ အခွင့်သာလျှင်စကားသေချာပြောကြည့်ရမည်ဟု တွေးထားလိုက်၏။ထို့နောက်ရှောင်ဟွေ့အား သူနှစ်သက်သည့်အထည်စသွားရွေးခိုင်းကာ အစ်မရုံထုတ်ပိုးပေးထားသည့်ပစ္စည်းများအားသွားယူ၍ ပိုငွေပြန်ပေးလာသည်ကို လက်မခံခဲ့ပဲ ဘောက်ဆူးအေနဖြင့်ပေးလိုက်သည်။အစ်မရုံမှာပျော်ရွှင်စွာဖြင့် ငွေအားပြန်ယူလိုက်ပြီး ကျားလိအားအင်တင်တင်ကြည့်လာရာ အကဲဆတ်သောကျားလိလည်း ပွင့်ပွင့်လင်းလင်းမေးခဲ့၏။
"အစ်မကျွန်မကိုတစ်ခုခုပြောစရာရှိလို့လား။ပြောစရာရှိရင်ပြောပါ အဲ့လိုကြီးကြည့်နေတော့ ကျွန်မလည်းနေရခက်တာပေါ့"
ကျားလိဘက်မှလမ်းဖွင့်ပေးလာ၍ အစ်မရုံမှာမျိုသိပ်ထားသမျှအားဖွင့်ဟကာပြောလာတော့သည်။
"ခုနကကောင်လေးလေ အစ်မတို့အိမ်ရာဝင်းထဲကပဲ သူ့နာမည်ကကျွမ်းဟူတဲ့။သူ့မိဘတွေကလည်း ရိုးရိုးသားသားတွေပဲ တစ်ဦးတည်းသောသားလည်းဖြစ်နေတော့ သူ့ဆိုအရမ်းအလိုလိုက်ပြီးချစ်ကြတာလေ။ဒါပေမယ့်သူ၁၈နှစ်ပြည့်လို့ မိန်းကလေးတစ်ယောက်နဲ့ကြင်ဖက်တွေ့ခိုင်းတဲ့အချိန်ကစပြီး ပြဿနာတက်တော့တာပဲ။သူတို့ကြားဘာတွေဖြစ်ခဲ့တယ်ဆိုတာတော့အစ်မတို့လည်းသေချာမသိဘူး။မိဘတွေကလည်းပညာတတ်တွေဖြစ်ခဲ့ကြတော့ ဒေါသထွက်တောင် အော်ကြီးဟစ်ကျယ်မပြောကြတော့ သူတို့တွေရန်ဖြစ်လို့ရန်ဖြစ်မှန်းတောင် ဘေးအိမ်တွေကမသိကြဘူးေလ။သူ့ဘာသာတစ်ယောက်တည်းအိမ်ခွဲနေတဲ့အခါကျမှသာ သူတို့မိသားစုကြား တစ်ခုခုဖြစ်ခဲ့ကြမှန်းသိကြတော့တာ။
အိမ်ရာဝင်းတစ်ခုထဲတင်ေနကြတာဆိုေတာ့ အိမ်ခွဲနေတောင်မှ တစ်ယောက်နဲ့တစ်ေယာက်တစ်ခါတစ်လေတွေ့တာရှိတောင် သူတို့ကစကားမပြောကြဘူး။သူ့မိဘတွေကလည်းသူတို့ပင်စင်ငွေတွေနဲ့တင် ကောင်းကောင်းမွန်မွန်နေနိုင်စားနိုင်နေတာဆိုတော့ အပြင်ထွက်အလုပ်လုပ်ကြတာလည်းမရှိဘူးလေ။အဲ့တော့ ပတ်ဝန်းကျင်ကလူတွေကလည်း အကျိုးအကြောင်းမေးလို့မရတော့ဘူးပေါ့။
အခုဆိုသူ့အသက်က၂၁နှစ်ရှိနေပြီ။အိမ်ထောင်ပြုသားမွေးဖို့အစီအစဉ်လည်းရှိပုံမရဘူး။ဒါပေမယ့် သူ့မိဘတွေကသူ့အတွက်တရားဝင်စက်ချုပ်သမားအဖြစ်လက်မှတ်ရအောင်လုပ်ပေးထားတော့ အိမ်ခွဲနေတာတောင် သူ့လစာနဲ့သူကောင်းကောင်းမွန်မွန်နေထိုင်စားသောက်နိုင်နေတာပေါ့။အေကြာင်းအရင်းမသိကြတဲ့ အိမ်နီးချင်းတွေကနေ နောက်ပိုင်းကျကောလဟလအမျိုးမျိုးထွက်လာတော့တာပဲ။ေနာက်ဆုံးေတာ့ သူကမြုံနေလို့အိမ်ထောင်ပြုမရတာကို မိဘတွေကမသိဘဲအတင်းအိမ်ထောင်ပြုဖို့ပြောနေလို့ အိမ်ခွဲေနရတာပါဆိုတဲ့စကားကို အကုန်လုံးကလက်ခံလိုက်ကြရောလေ။
အဲ့သတင်းတွေကဟုတ်သည်မဟုတ်သည်ထားပါ။အစ်မကမင်းကိုအမြင်ကောင်းရှိတာမလို့ ကြိုသတိပေးထားတာ။မြို့ထဲမှာဆို သူ့ရုပ်ရည်နဲ့ဝင်ငွေကြောင့် မိန်းကလေးတွေကသဘောကျကြပေမယ့် မိဘတွေကတော့ သူ့ဆိုသားမက်စာရင်းထဲတောင်ထည့်မထားကြဘူးလေ။ဒီလိုသတင်းတွေထွက်နေတဲ့လူကို ဘယ်မိဘကသူတို့သမီးမျက်နှာအပျက်ခံပြီးပေးစားချင်ကြမှာလဲ"
ကျားလိမှာ ထိုလူကမြုံနေသည်ဆိုသောစကားကို မယုံကြည်ချေ။ခုနကသူမတို့နှင့်စကားပြောနေစဉ်တစ်လျှောက်လုံး သူ့အကြည့်ထဲတွင်သိမ်ငယ်သောအရိပ်အယောင်တစ်ခုမှမတွေ့ခဲ့ပေ။ယောင်္ကျားတစ်ဦးအတွက် အဆိုးဝါးဆုံးသောနှိပ်စက်မှုမှာ 'မလုပ်နိုင်' ဆိုသည့်အရာပင်။ဘယ်လိုဖြစ်တည်မှုမျိုးမဆိုအေနှးနဲ့အမြန်လက်ခံနိုင်ေသာ်လည်း ထိုအရာမှာတော့ယောင်္ကျားသားများအတွက်လက်မခံနိုင်စရာပင်။အထူးသဖြင့် မျိုးဆက်အားအလေးထားလွန်းသော လက်ရှိကာလတွင်ပေါ့။
ကျွမ်းဟူ၏အေးဆေးတည်ငြိမ်သောအမူအကျင့်မှာ မြုံနေသည်ဟူသောစကားအားပယ်ချနေသည်။ထိုသည်သာမဟုတ်ပါလျှင် မိဘများနှင့်အိမ်ခွဲနေသည့်အခြေအနေထိရောက်အောင် စကားများ၍အိမ်ထောင်မပြုဘဲဆက်ရှိနေရသောအကြောင်းပြချက်မှာ တစ်ခုသာရှိတော့၏။ကျားလိမှာ အထည်စများအား ပျော်ရွှင်စွာရွေးချယ်နေသောရှောင်ဟွေ့အားကြည့်ကာ ခဏလွှတ်ထားပေးရန်ဆုံးဖြတ်လိုက်သည်။ထို့နောက် ချောကလက်တစ်ဘူးအားထုတ်ကာ အစ်မရုံဆီကမ်းပေး၍အကူအညီတောင်းလိုက်၏။
"သူ့အကြောင်းထားလိုက်ပါတော့ ဒီချောကလက်ကလည်းအရင်တစ်ခေါက်ကပေးခဲ့တဲ့အမျိုးအစားလိုပဲ။ဒါပေမယ့်ဒီဟာလေးကကျ ချိုချဉ်ပုံစံမျိုးဆိုတော့ တစ်ခုချင်းစားလို့အဆင်ပြေတယ်"
အစ်မရုံမှာကျားလိမှ ကျွမ်းဟူအကြောင်းစိတ်မဝင်စားမှန်းသိသွားရာ ထပ်မပြောတော့ဘဲ ပေးလာသောချောကလက်အားယူကာ အင်မတန်ကျေနပ်နေတော့သည်။သူမဆီ၌ချောကလက်သိပ်မကျန်တော့၍စိုးရိမ်နေခဲ့ရသော်လည်း ယခုတော့ဘူးလိုက်ရလာသောအခါပျော်ရွှင်ဝမ်းမြောက်သွားတော့၏။အစ်မရုံကျေနပ်နေသည်ကိုမြင်ကာမှ ကျားလိလည်းအဓိကလာရင်းကိစ္စကိုပြောလိုက်သည်။
"တစ်ကယ်တော့အစ်မကို ကျွန်မကနည်းနည်းခက်ခဲလောက်မယ့် ကိစ္စတစ်ခုအကူအညီတောင်းချင်လို့ပါ"
အစ်မရုံမှာချောကလက်ဘူးအားချကာ သူမလက်အားဝှေ့ယမ်း၍ စိတ်ထဲမထားရန်အမူအယာပြလာ၏။
"အစ်မကိုအစ်မရုံလို့ပဲခေါ်ပါ။မသိသေးတဲ့လူတွေမှမဟုတ်တာ အစ်မတို့ကြားတအားယဉ်ကျေးပြမနေပါနဲ့။ဘာအကူအညီလဲပြောလေ အစ်မတတ်နိုင်တဲ့ဟာဆို ကူညီပေးမှာပေါ့"
ကျားလိလည်း သူမလိုရာဆီရောက်သွား၍တည့်သာပြောလိုက်သည်။
"ဒါကဒီလိုပါ။ကျွန်မရဲ့မောင်တစ်ယောက်က ဟင်းချက်တာအရမ်းကောင်းတော့ သူ့ကိုပိုတိုးတက်အောင် ဟင်းချက်ကျွမ်းတဲ့သူတစ်ယောက် ယောက်ဆီပညာသင်ခိုင်းမလို့ပါ။အဲ့တာအစ်မရုံမှာများ စားဖိုမှူးအသိတစ်ယောက်ယောက်လောက်များရှိမလားလို့လေ။ဒါပေါ့ သူ့ကိုထိုက်သင့်တဲ့လစာငွေလည်းပေးမှာပါ။အိမ်က ကလေးအားတဲ့အချိန်တွေမှာ နည်းနည်းလမ်းပြပေးရုံပါပဲ"