အပိုင်း ၂၈၅-၂၈၆
Viewers 23k

Part 285

ဝမ့်ချမ်နှင့်ပတ်သက်၍ အတိအကျကောက်ချက်ချရန် မဖြစ်နိုင်သေးပေ။

အဘယ်ကြောင့်ဆိုသော် ပူးပေါင်းကြံစည်သည်ဟု ယူဆရသော အခြေအနေများတွင် အတိုင်းအတာတစ်ခုထိသာ ဝမ့်ချမ်က ပါဝင်နေသည်ဖြစ်သည်။

သူမသည် ကျန်းယန်ရှန့်ဆုံးပါးသွားသည်ကို

လျင်မြန်စွာသိရှိခဲ့ပြီး ရှုလီချန်အား ပြောပြခဲ့သည်။

ရှုလီချန်သည် အသုဘအခမ်းအနားသို့ အလျင်စလိုပြန်လာရန် အချိန်ရှိခဲ့၏။

နောက်တစ်ချက်မှာ ကျန်းယန်ရှန့်နှင့်ဟွမ်ကျဲတို့သည် နှစ်အနည်းငယ်ကြာ ခင်မင်ခဲ့ကြသော်လည်း ဟွမ်ကျဲမှ သူ၏ဝမ်းကွဲအကြောင်းပြောသည်ကို တစ်ခါမှ မကြားဖူးခြင်းဖြစ်သည်။

 XX တက္ကသိုလ်မှ ဟွမ်ကျဲ၏သူငယ်ချင်းများအကြောင်းကို ဝမ့်ချမ်ကြားဖူးခဲ့ပါသလား။

ကျန်းယန်ရှန့်တက်သောကျောင်းကို သူမလည်း သိသည်။

ဤသို့စဉ်းစားကြည့်ပါက နေရာတိုင်း၌ သဲလွန်စများ ရှိနေသကဲ့သို့ပင်။အရာအားလုံးက အဓိပ္ပါယ်ရှိပုံရသည်။

ကျန်းဟွမ်က ကျန်းယန်ရှန့်၏နာရေးသတင်းကို ဆရာ ဆရာမများ ၊ ဖုန်း contact ထဲရှိအဆက်အသွယ်များထံသို့ အကြောင်းကြားခဲ့နိုင်၏။

လူတော်တော်များများက ဤသို့ပြုမူလေ့ရှိကြသည်။ အတိုချုပ်ပြောရလျှင် ဝမ့်ချမ်သည် သူမ၏နာရေးသတင်းကို တစ်ဆင့်ပြန်ကြားသည်လည်း ဖြစ်နိုင်၏။

ဟွမ်ကျဲသည် ဝမ့်ချန်နှင့်ဝမ်းကွဲတော်စပ်သော ဆွေမျိုးများဖြစ်သည်။ 

ကျန်းယန်ရှန့်သည်လည်း ကျန်းချီ နှင့် ကျန်းလင်းတို့ထံမှ သူတို့၏သူငယ်ချင်းများအကြောင်းကို တစ်ခါမှ မကြားဖူးပေ။

သင်၏အိမ်နီးနားချင်းက ပုဆိန်ခိုးသည်ဟု သံသယရှိပါကနေရာတိုင်း၌ ခြေရာတွေကိုသာမြင်နေမိလိမ့်မည်။

မခိုးကြောင်းယုံကြည်ပါက အရာအားလုံးသည် လိုက်လျောညီထွေဖြစ်နေလိမ့်မည်။

အတိတ်ဘဝမှ  ကျန်းယန်ရှန့်၏သေဆုံးမှုတွင် ဝမ့်ချမ်ပါဝင်ခြင်းရှိမရှိ သေချာမသိရသေးပါ။

သူမသည် ကြံရာပါဖြစ်ကြောင်း လက်ဆုပ်လက်ကိုင်ပြစရာမရှိသကဲ့သို့ အပြစ်ကင်းသည်ဟုယူဆ၍ရသော သက်သေမျိုးလည်းမရှိပေ။

ကျန်းယန်ရှန့် မျက်လွှာချလိုက်ပြီး

 " သူနဲ့ဆိုင်မဆိုင် သက်သေပြစရာမရှိသေးဘူး "

" ဒါဆို ဟွမ်မျိုးရိုးကို မေးလိုက်လေ " ယွဲ့စုန့်က ထောက်ပြသည်။

"အသုံးမဝင်ပါဘူး " ကျန်းယန်ရှန့်က ပြော၏။

 "တကယ်လို့ သူတစ်ခုခုလုပ်ခဲ့တယ်ဆိုရင်တောင် တိုက်ရိုက်ဝင်ပါတာတော့ မဖြစ်နိုင်ဘူး... ဘေးကနေ မြှောက်ထိုးပင့်ကော်လုပ်တာပဲဖြစ်မှာ "

ယွဲ့စုန့်က ကျန်းယန်ရှန့်၏စကားကို နားလည်သည်။

 "အင်း...သူကိုယ်တိုင် ဝန်မခံဘဲနဲ့တော့......"

သို့သော်လည်း ကျူးလွန်သူတို့က ကိုယ်တိုင်ကိုယ်ကျ ဝန်ခံသောဖြစ်ရပ်မျိုးမှာ အလွန်ရှားပါး၏။သက်သေအထောက်အထားမရှိလျှင် ပို၍ပင် မဖြစ်နိုင်သော ကိစ္စပင်။

"ဒါဆို မင်းဘာဆက်လုပ်မှာလဲ" ယွဲ့စုန့်က ကျန်းယန်ရှန့်အား မေးလိုက်သည်။

နောက်ဆုံး၌ ဤကိစ္စကို အဆုံးအဖြတ်ပေးရမည့်သူမှာကျန်းယန်ရှန့်ပင်ဖြစ်၏။

ကျန်းယန်ရှန့်သည် အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့ပြီး သံသဃထားသည့်အဆင့်တွင်သာ နေရန် ဆုံးဖြတ်လိုက်သည်။

ကျန်းယန်ရှန့် မည်သည့်အရာကိုရွေးချယ်ပါစေ

ယွဲ့စုန့်က အားပေးထောက်ခံမည်ဖြစ်၏။

သို့သော် ယွဲ့စုန့်၏စိတ်ထဲ၌ ဆန္ဒတစ်ခုရှိသည်။

တစ်စုံတစ်ဦးက ကျန်းယန်ရှန့်အား ဆေးခတ်သည်ဟု သိလိုက်ရချိန်တွင် ယွဲ့စုန့်သည် ဒေါသထောင်းခနဲထွက်ကာ လူသတ်ချင်စိတ်ပေါက်ခဲ့၏။

 သံသဃဝင်သည့် အဆင့်၌ပင်ရပ်ပြီး ခွင့်လွှတ်ပေးလိုက်သည်ထက် အမိဖမ်းပြီး အသေသတ်ပစ်လိုက်ချင်စိတ်က ယွဲ့စုန့်တွင် ပိုများနေသည်။

သို့သော်လည်း ကျန်းယန်ရှန့်က တရားသေကောက်ချက်မချရန် ဆုံးဖြတ်ခဲ့၏။

နစ်နာသူဖြစ်သော ကျန်းယန်ရှန့်တွင်လည်း ယွဲ့စုန့်ထက်မလျော့သော ဒေါသရှိသည်။

သို့ဖြစ်သော်လည်း သူမ၏နှလုံးသားတွင်း၌ လူသားဆန်မှုအနည်းငယ်ကျန်သေး၏။

အတိတ်ဘဝ၌ မည်မျှစက်ဆုပ်ဖွယ်ကောင်းသော ကိစ္စရပ်များကို ကြုံခဲ့ရပါစေ ထိုလူသားဆန်မှုက အပြီးတိုင် ပျောက်ပျက်မသွားသေးပေ။

ယွဲ့စုန့်သည် သူ၏အပြုံးများအား ထိန်းချုပ်မထားနိုင်တော့။

"ဘာလို့ပြုံးနေတာလဲ" ကျန်းယန်ရှန့်က နားမလည်စွာဖြင့် မေးသည်။

"ရုတ်​တရက် အရမ်း​ နေလို့ထိုင်လို့ကောင်းသွားတယ်​ " 

ယွဲ့စုန့်က ဆက်ပြော၏။

" မင်းဘယ်လိုလူမှန်း မသိခဲ့ခင်ကတည်းက မင်းကိုကြိုက်ခဲ့တာနော် "

ထိုအခါ ကျန်းယန်ရှန့်က ခေါင်းကို မော့ပြီး ယွဲ့စုန့်ကို စောင်းငဲ့ကြည့်လျက် "ကျွန်မအတွက်တော့ ရှင်က sexကိစ္စကိုပဲ စိတ်ဝင်စားတဲ့လူပဲ"

ယွဲ့စုန့်က ရယ်သည်။

အချစ်အများစုသည် တဏှာရာဂစိတ်ဖြင့်သာ အစပြုကြလေ့ရှိပြီး တစ်ယောက်အကြောင်းတစ်ယောက်သိလာသောအခါ ခံစားချက်မှာ တဖြည်းဖြည်း နက်ရှိုင်းလာသည်။ သို့မဟုတ် ခံစားချက်များကုန်ဆုံးကာ ဝေးကွာသွားသည်မျိုးလည်း ဖြစ်နိုင်သည်။

 လူတိုင်း၏ကံကြမ္မာအပေါ်တွင်သာ မူတည်၏။

သူ၏ကံကြမ္မာမှာ အလွန်တရာကောင်းမွန်သည်ဟု သူ ခံစားရသည်။

......

ကျန်းချီတွင် ယခုစာသင်နှစ်အတွက် အချိန်များများစားစားမကျန်တော့ပါ။ 

စာသင်နှစ်ကုန်ခါနီး၌  မမျှော်လင့်ဘဲ မာယွင်က ရောက်လာကာ သူမ၏ခါးသီးမှုများကိုညည်းညူပြနေတော့သည်။

“အရင်တုန်းက ညီမတို့လူသစ်တွေဖြစ်ခဲ့တုန်းက ကျွန်မတို့အထက်မှာ စီနီယာအစ်ကိုတွေ အစ်မတွေရှိတယ် စီနီယာတွေက အသစ်လေးတွေကို ဂရုစိုက်ပေးတာ ထုံးစံပဲမလား ....ညီမတို့တော့ စောဒကမတက်ဖူးပါဘူး...စီနီယာအစ်မကျန်း‌ရော အဲ့လိုပဲမထင်ဘူးလား " မာယွင်က ညဉ်းပြသည်။

 “ဒီနှစ်လူသစ်တွေကတော့ အငယ်တန်းဌာနမှူးတွေကို ပုန်ကန်နေတာ အံ့သြစရာတောင်ကောင်းတယ်.... စီနီယာတွေက တစ်ခွန်းလောက်ပြောရင် ဆယ်ခွန်းလောက်ပြန်ချတဲ့ဟာတွေ "

ကျန်းချီက အခြေအနေကို နားလည်သည်။

“ဒီလိုကိစ္စမျိုးမှာ ဦးစီးဦးဆောင်လုပ်တဲ့တစ်ယောက်‌ယောက်ရှိတတ်တယ်....အဲ့ဒီလူကို ဖိနိုင်ရင် အဆင်ပြေသွားလိမ့်မယ် ” 

ထိုအခါ မာယွင်ကက သက်ပြင်းချ၏။

 " ဦးဆောင်တဲ့တစ်ယောက်က ဇနဲ့မလို့ ဘာမှလုပ်မရဘူး "

မာယွင်၏စကားကို ကျန်းချီ အားမလိုအားမရဖြစ်သွားသည်။

 " စီနီယာဖြစ်ပြီး ပထမနှစ်လေးဆီက ခံလိုက်ရတာက နင် အသုံးမကျလို့မဟုတ်လား" 

ကျန်းချီက ပြောပြောဆိုဆိုနှင့် နို့လက်ဖက်ရည်ဘူးကိုကောက်ကိုင်လိုက်၏။

" အစ်မမသိလို့နော် အဲ့တစ်ယောက်က ဇနဲ့.... ဘာမှကိုပြန်မပြောနိုင်ဘူး.... ကောင်လေးတွေကိုတောင် ပြန်ရိုက်ရဲတယ်...ယောက်ျားလေးတွေတောင် သူ့ကြောက်နေရတာ "

မာယွင်က ဆက်ပြောသည်။

 “အစ်မမသိပါဘူး... အဲ့ဒီကျန်းယန်ရှန့်က "

ကျန်းယန်ရှန့်ဟူသော စကားလုံးနားထဲသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ကျန်းချီ သည် သောက်လက်စ နို့လက်ဖက်ရည် သီးသည်အထိဖြစ်သွားတော့၏။

" အဟွတ် အဟွတ်... "

သူမက ချောင်းဆိုးပြီးနောက် ပါးစပ်ကို တစ်ရှူးဖြင့် သုတ်သည်။

" ဘယ်သူလဲ ပြန်ပြောပါဦး "

" ကျန်းယန်ရှန့်လေ....ဘာလို့လဲ အစ်မ သူ့ကို သိလို့လား"

" ဦးစီးတဲ့တစ်ယောက်ဆိုတာ သူလား " ကျန်းချီက မေး၏။

" ဟုတ်တယ် ... "

 " ဒါဆို နင်သူ့ကို မနှောင့်ယှက်တာပိုကောင်းမယ်"

 "ဘာလို့လဲ"

"ဘာလို့လဲဆိုတော့..." ကျန်းချီခေါင်းတစ်ခြမ်းကိုက်သလို ခံစားသွားသည်။

 "သူက ငါ့ဝမ်းကွဲညီမပဲ"

" ........ "

.......

စာသင်နှစ်ကုန်ပြီဖြစ်၍ ကျောင်းသားသမဂ္ဂ နောက်ဆုံးတွေ့ဆုံပွဲအပြီး၌ အားလုံးအတူတူ ညစာစားကြမည်ဖြစ်သည်။

ကျန်းယန်ရှန့်သည် သူမ၏ရည်းစားဖြစ်သူထံမှ ဖုန်းလက်ခံရရှိ၏။

" ဟင် ? လာကြိုနေပြီလား.... ဒီနေ့ အလုပ်အစောကြီးပြီးတာပဲ....ကျောင်းသားသမဂ္ဂက ညစာစားပွဲရှိတာကို "

ဖုန်းပြောနေသည်ကို ကြားသောခေါင်းဆောင်က ရယ်လေသည်။

" သူ့ကိုပါခေါ်လိုက်လေ "

ယွမ် ၁၀ သန်းတန်ဇိမ်ခံကားတစ်စီးကို လက်ဆောင်ပေးခဲ့သည် သမိုင်းဝင်ရည်းစားထံမှ ဖုန်းဖြစ်ကြောင်းသိသွားကြသောအခါ လူတိုင်း၏ မျက်လုံးများက တောက်ပလာတော့သည်။

" ယန်ရှန့် နင့်ရည်းစားကိုပါ ခေါ်လိုက်လေ "

" နင့်ရည်းစားကို မတွေ့ဖူးသေးဘူး "

ယွဲ့စုန့်၏ ရယ်မောသံသည် ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာခဲ့၏။အားလုံးကို သူကြားသည်ဆိုသောအဓိပ္ပါယ်ပင် ဖြစ်သည်။

" အသက်လေးရလာပြီထင်ပါတယ်  ဒီလို လူငယ်ခံစားချက်မျိုးက ကျောင်းမှာပဲ ရနိုင်တာပဲ "

" ကြားတယ်ဆိုရင်လည်း လိုက်ခဲ့လိုက်တော့ "

 ကျန်းယန်ရှန့်ကလည်း ဝမ်းသာအားရဖြစ်နေသည်။

" ဘယ်မှာလဲ? ကျောင်းအဝင်ပေါက်မှာလား? စောင့်နေ... အခုထွက်လာနေပြီ "

လူတိုင်းက အပေါ်ဝတ်များကို ကောက်၀တ်နေကြတော့သည်။

ဥစ္စာပေါရုပ်ချောကျန်းယန်ရှန့်၏ရည်းစားမှာ မည်ကဲ့သို့သောပုံစံဖြစ်မည်ကို အားလုံးက သိလိုစိတ်ပြင်းပြနေကြ၏။

မာယွင်က သူ့ရည်းစား၏လက်မောင်းကို လှမ်းဆွဲပြီးတိုးတိုးလေးပြောသည်။

 " ပြောရဦးမယ်... သိပ်လည်းမျှော်လင့်မထားနဲ့ဦး "

"....... "

 " ပြောခဲ့သားပဲ.... သူက ကျန်းချီရဲ့ ဝမ်းကွဲညီမပါလို့...သူတို့လို ချမ်းသာတဲ့သူတွေရဲ့ အချစ်ရေးက စီးပွားရေး ဆန်တယ်... မိသားစုက လက်ထပ်ရမဲ့သူကို ရွေးထားပေးတာမျိုးပေါ့... တစ်ဖက်က ရုပ်ဆိုးပြီး မျက်စိမွဲနေတဲ့အရွယ်ဆိုရင်တောင် ငြင်းလို့ရမှာမဟုတ်ဘူး... သနားစရာပဲ "

Xxxxxxx