အပိုင်း ၂၇၅-၂၇၆
Viewers 23k

Part 274


ကျန်းရှန့်သည် ကျောင်းသားသမဂ္ဂသို့ဝင်ရောက်လာစဉ်အတွင်း ကျောင်းသားသမဂ္ဂတွင် ပြင်းထန်သောလူမှုရေးအဆင့်အတန်းအရသာရှိကြောင်း သူမသတိပြုမိခဲ့ပြီးဖြစ်သည်။


ယခင်က WeChat ဂရုတွင် ပို့စ်တစ်ခု၌ ခေါင်းဆောင်အား  tag လုပ်ခဲ့သော လူသစ်တစ်ဦးရှိခဲ့၏။


သို့သော်လည်း ဌာနအကြီးအကဲတစ်ဦးက ဝေဖန်ရန် ခုန်ထွက်လာသည်။


 "ဘာကိစ္စ ခေါင်းဆောင်ကို tagတွဲရတာလဲ....ခေါင်းဆောင် ကို တိုက်ရိုက် tagတွဲရအောင် ဘာကောင်လဲ မင်းက ဌာနမှူးကို အရင်သတင်းမပို့နိုင်တာ ဘာအထာလဲ "


ကျန်းယန်ရှန့်သည် ထိုအချိန်တွင် ဟီးရိုးကြီးဝင်လုပ်၍ရသော်လည်း သူမနှင့် ဘာမှမဆိုင်သလို အခြားလုပ်စရာလည်းရှိသောကြောင့် ဂရုမစိုက်ခဲ့ပေ။ 


များမကြာမီတွင် ဤလူမှုရေးနင်းပြားမူဝါဒ တင်းပုတ်ကြီးသည် သူမ၏ခေါင်းပေါ်သို့ ပျံတက်လာခဲ့ပြီဖြစ်၏။


 အခြားသူများ၏တိတ်ဆိတ်ငြိမ်သက်ခြင်းက ဤသို့သောနည်းဖြင့် ဖြစ်ပေါ်လာတတ်သည်။


သို့သော်လည်း ကျန်းယန်ရှန့်၌ နှုတ်ဆိတ်နေရန် စိတ်ကူးမရှိပေ။


“ကျွန်မက ကျောင်းသူသစ်ပါ... အစ်မက စီနီယာပေါ့... ကျောင်းသူသစ်နဲ့ စီနီယာဆိုတာကို ဖယ်လိုက်ရင် ညီမတို့ နှစ်ယောက်စလုံးက လူသားတွေပါပဲ.... "


ကျန်းယန်ရှန့်က ဆက်ပြောသည်။


 “အစ်မက ဌာနမှူးဖြစ်တယ်ဆိုတာ မှန်တယ်... ဌာနမှူးဖြစ်ရတယ်ဆိုတာလည်း အစ်မက ညီမတို့ထက် အတွေ့အကြုံရင့်ပြီး ခေါင်းဆောင်တတ်တဲ့ အရည်အချင်းရှိလို့....ဒါကြောင့် လူတိုင်းကိုဦးဆောင်ပြီး ဖေးမပေးရမှာက အစ်မတာဝန်ပဲ.... ဦးဆောင်တဲ့နေရာမှာလည်း ကျိုးကြောင်း ဆီလျော်တဲ့ အတိုင်းအတာတစ်ခုအတွင်းပဲ ရမယ်လေ... တလွဲဆံပင်ကောင်းနေလို့မရဘူး....

အစ်မက တော့ စည်းနည်းနည်းကျော်နေပြီထင်တယ်...အခု အခြေ‌အနေက အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ရောထွေးနေတာပဲ "


" အစ်မက ကိုယ့်ကိုကိုယ် ကျောင်းသားသမဂ္ဂက ဌာနမှူးဂုဏ်ပုဒ်အတွက် အရည်အချင်းပြည့်မီတယ်လို့ ထင်နေတာလား.... တကယ်ကို ရယ်စရာကောင်းတာပဲ...ကိုယ့်ကိုကိုယ် မှန်ထဲမှာ ပြန်ကြည့်လိုက်ရင် တကယ့်လူကြီးတွေရဲ့အမြင်မှာ အစ်မက ကလေးအရွယ်ပဲရှိသေးတယ်ဆိုတာကို သိလာလိမ့်မယ် "


“ကျောင်းသားသမဂ္ဂရဲ့ ဌာနမှူးက ကျောင်းတွင်းက ရာထူးသပ်သပ်တစ်ခုပဲ....နိုင်ငံ့အကြီးအကဲလည်း ဟုတ်မနေပါဘူး... အကြီးအကဲတစ်ယောက်လိုမျိုး အာဏာပြချင်နေရင် အကြီးအကဲရဲ့ အဓိပ္ပါယ်ကို အရင်ရှာကြည့်လိုက်ပါဦး...အကြီးအကဲဆိုတာ အရင်ဦးဆုံး နိုင်ငံ့ဝန်ထမ်းဖြစ်ဖို့ အဆင့်အတန်းရှိရမယ်....  စစ်မှန်တဲ့ အကြီးအကဲဖြစ်ဖို့ နိုင်ငံတော်က အသိအမှတ်ပြုတဲ့ အဆင့်ရှိရမယ်...အဲ့အချက်တွေနဲ့ပြည့်စုံတဲ့ တကယ့်အကြီးအကဲတွေတောင် အာဏာပြရတာကို သဘောမတွေ့ကြဘူး...အစ်မဆို ကျောင်းသူပဲရှိသေးတာ ....လူကြီးလို ဟန်ဆောင်ပြီး ကြောက်အောင် လာဖြဲခြောက်ပြနေတယ် ရယ်ချင်စရာပဲ.... ဇီဇာကြောင်နေတဲ့ အသက်၅၀ ၊ ၆၀ အဘွားကြီးလိုပဲ "


ကျန်းယန်ရှန့်က စက်သေနတ်ပစ်နေသကဲ့သို့ ကရားရေလွှတ်ပြောတော့သည်။


မာယွင် ဤကဲ့သို့ ပြောရဲဆိုရဲရှိသော ကျောင်းသူသစ်မျိုး တစ်ခါမှမတွေ့ဖူးချေ။သူမတို့ ကျောင်းသူသစ်ဖြစ်ခဲ့စဉ်က စီနီယာအစ်မကျန်းချီက  အလိုလိုနေရင်း သူမတို့ကို အမှုန့်ချေပစ်တော့မည်ဟုပင် ထင်ခဲ့ဖူးသည်။မည်သူမှ ဘာစကားမှ မပြောဝံ့ခဲ့‌ပေ။စီနီယာအစ်မကျန်းချီ သည် အလွန်ချမ်းသာသောအိမ်မှ သမီးတစ်ဦးဖြစ်ကြောင်း လူတိုင်းသိကြပြီး အားလုံးက သူမကို မြှောက်ပင့်ကြသည်။ 


ယခု၌မူ တစ်ချက်တစ်လေမှ ရိုက်ချမခံဘဲ ချုံပုတ်ကိုကုပ်တွယ်၍  တက်လာသော ကျောင်းသူသစ်တစ်ဦးနှင့် စကားစစ်ထိုးနေရင်း သူမသည် တစ်ခွန်းမှပြန်မပြောနိုင်ဖြစ်နေရှာ၏။


 " နင် နင် ! "


ကျန်းယန်ရှန့်က သူမအိတ်၏ကို ကောက်လွယ်သည်။


 "အလုပ်ပြီးပြီမလို့...အရင်သွားပါတော့မယ် "


 အခြေအနေစဆုံးကို မြင်လိုက်သောအချို့သူများကလည်း ပစ္စည်းများကောက်သိမ်းကာအိတ်များကို ကောက်လွယ်၏။


 " ညီမတို့ လည်းပြီးသွားပါပြီ ” 


လူတော်တော်များများ ထွက်ခွာသွားကြသည်။


ထိုသူများက ကျန်းယန်ရှန့်ထံသို့ အမီလိုက်သွားကြ၏။


 " နင်တကယ်ပြောရဲတယ်နော်... စီနီယာအစ်မတွေက အရမ်းလွန်တယ်.... ငါတို့ဆိုဘာမှ ပြောရဲမှာမဟုတ်ဘူး "


 “ဘာမှကြောက်စရာမလိုဘူး...သူတို့နဲ့ငါတို့က တစ်ကျောင်းတည်းသားချင်းတွေပဲ... ဘယ်သူကမှ ပိုပြီးကြီးကျယ်မြင့်မြတ်မနေဘူး "


 “ ဟုတ်တယ်...ငါတို့က သူတို့ကို အလွန်အကြူးကြောက်နေရတာ ”


မိန်းကလေးများက ထောက်ခံကြသည်။


မာယွင်သည် ရင်ဘတ်ကို ဖိကာ အသက်မှန်မှန်ရှူရင်း ‌အခြေ‌အနေကိုသုံးသပ်တွေးတောနေခဲ့၏။


 ယခုအချိန်တွင် အခန်းတွင်း၌ သူမကို မှားယွင်းသည်ဆိုသည့် အကြည့်များဖြင့်ကြည့်နေကြသော လူနည်းစုသာ ကျန်တော့သည်။ 


သူမသာ ယနေ့၌ သိက္ခာပြန်မဆယ်နိုင်လျှင်  အနာဂတ်၌ဂုဏ်ယူစရာ ဌာနမှူး ဖြစ်မလာနိုင်တော့ချေ။


" ဒီ ကျန်းယန်ရှန့်ဆိုတဲ့ဟာမ အရမ်းလွန်လွန်းတယ်! "


မာယွင်က ဒေါသတကြီးဖြင့် စားပွဲကို ပိတ်ရိုက်လိုက်သည်။


 “ မဖြစ်ဘူး! သူ့ကို နားလည်အောင် သွားပြောရမယ် "


အခန်းထဲရှိ ကျန်လူများသည် မုန်တိုင်းဝင်စအခြေအနေကို ခံစားရသဖြင့် အချင်းချင်းကြည့်ကာ ပစ္စည်းများ ကို အမြန်လွှတ်ချပြီး အနောက်မှပြေးလိုက်လာခဲ့ကြသည်။


 “မာယွင် ! မာယွင် ! "


ကျောင်းသားသမဂ္ဂရုံးခန်းသည် ကျောင်းအ၀င်ဝရှိ အဆောက်အဦးငယ်တစ်ခုတွင် ရှိသည်။


မာယွင် ထွက်သွားသည့်အခါ ယခုလေးတင်ထွက်သွားသောကောင်မလေး နှစ်ယောက်ကို တွေ့လိုက်၏။


မာယွင်က ထိုနှစ်ယောက်ကိုတားပြီးမေးသည်။


" ကျန်းယန်ရှန့် ဘယ်မှာလဲ ? "


 “ အပြင်ထွက်သွားပါတယ် ”  မိန်းကလေးတစ်ယောက်က ပြောသည်။


 ထိုမိန်းကလေးက ပြောပြောဆိုဆိုဖြင့် လက်ကိုဆန့်ကာ ကျောင်းတံခါးသို့ ညွှန်ပြ၏။


မာယွင်သည် ကျောင်းတံခါးဝသို့ လိုက်သွားခဲ့သည်။


သမဂ္ဂရုံးခန်းမှ ထွက်လာကြ‌သော မိန်းကလေးများက သူမ၏နောက်သို့လိုက်လာကြ၏။


အစောက မိန်းကလေးနှစ်ယောက်သည်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ လိုက်သွားကြတော့သည်။


မာယွင်သည် ကျောင်းတံခါးဆီသို့ တစ်သမတ်တည်း ပြေးသွားရာ များမကြာမီပင် ကျန်းရှန်ရှန့်အား မြင်လိုက်ရ၏။ကျန်းယန်ရှန့်သည် လမ်းဘက်သို့ လျှောက်လှမ်းနေသည်။ မာယွင်က အလောတကြီး လှမ်းကြည့်လိုက်သောအခါ ကျန်းယန်းယန်ရှန့်က ​​အိတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူနေကြောင်း သိလိုက်ရ၏။


" ကျန်းယန်ရှန့် ! " မာယွင်က အော်ခေါ်သည်။


ကျန်းယန်ရှန့် သူမ၏ကားသော့ကို ထုတ်ယူအပြီးတွင် တစ်စုံတစ်ယောက်ထံမှ အော်ခေါ်သံကိုကြားလိုက်ရ၏။ ကျန်းယန်ရှန့်က ခလုတ်ကို နှိပ်လိုက်ပြီး တစ်ချိန်တည်းမှာပင် လည်ပြန်ကြည့်သည်။


ကားသည် သော့မှ အဝေးထိန်းရေဒီယိုလှိုင်းများကို  လက်ခံရရှိ၏။


ထိုအခါ ကားမီးများက လင်းလာပြီး 


ကတ်ကြေးတံခါးသဏ္ဍာန် ပြိုင်ကားတံခါးသည်လည်း ထောင်တက်လာသည်။


ပတ်ဝန်းကျင်မှာမှောင်နေချိန်ဖြစ်၍ မီးများ ရုတ်တရက် လင်းလက်လာသောအခါ မာယွင်၏ မျက်လုံးများက ချက်ချင်းလက်မခံနိုင်ပေ။


မာယွင်က မျက်လုံးကိုကွယ်ပြီး  ပြန်ကြည့်မိချိန်တွင် ကျန်းယန်ရှန့်မှာ အေးစက်သော အမူအရာဖြင့် ရပ်နေသည်။


ကျန်းယန်ရှန့်ကအိတ်ကို လက်တစ်ဖက်ဖြင့်ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားတာ၏။


သူမတွင် အလွန်ရှည်လျားသောဆံပင်၊ သပ်ရပ်သောအဝတ်အစားနှင့် တန်ဖိုးကြီးသောအိတ်တစ်လုံးရှိသည်။ သူမ၏အနောက်တွင်မူ ကတ်ကြေးသဏ္ဍာန်တံခါးများပါသော အနက်ရောင်ပြိုင်ကားတစ်စီးရပ်တန့်ထား၏။


ဤအသွင်အပြင်မှာ မော်ဒယ်တစ်ယောက်


ဖက်ရှင်မဂ္ဂဇင်းအတွက် မျက်နှာဖုံးပုံ ရိုက်နေသည်နှင့် တစ်ထေရာတည်းပင်။


မာယွင်က ခေတ္တ ဆွံ့အသွားသည်။


“ဒီကားက နင်ပိုင်တာလား” မာယွင်က အချိုးမပြေစွာမေး၏။ 


 “ဟုတ်တယ် ပြောစရာရှိသေးလား" 


 " ရှိတယ် နင့်မိသားစုက ဝယ်ပေးတာလား"


 “မဟုတ်ဘူး ကောင်လေးဝယ်ပေးတာ...မေးစရာကျန်သေးလား "


ကျန်းယန်ရှန့်က တိုတိုတုတ်တုတ်ပင်ဖြေသည်။


မာယွင်တစ်ယောက် ခွေးအကြီး လှည်းနင်းသလိုဖြစ်သွားတော့၏။


 " ဘာမှမဟုတ်ဘူး ဖြတ်သွားရင်းတွေ့လိုက်လို့ .... ဒီတိုင်းလှမ်းခေါ်လိုက်တာ "


Xxxxxxxx


Part 276


ထို့ကြောင့် ကျန်းယန်ရှန့်နှင့်ပဋိပက္ခဖြစ်ခြင်းကကောင်းသောအရာ မဟုတ်ပေ။

အစကတည်းက ကျန်းယန်ရှန့်၏အကြောင်းကိုကြိုတင်သိခဲ့ပါက ယခုအချိန်တွင် မြှောက်ပင့်ပြီး

မျက်နှာလုပ်မိနေလောက်သည်။


"  ယွမ် ၁၀သန်းတန် ကားကိုတောင် ပေးနိုင်ရင်တော့သူ့ရည်းစားက ခေသူမဟုတ်တာ သေချာတယ် ....မဟုတ်ဘူးလား " တစ်စုံတစ်ယောက်က အကွက်ကောင်းကို ထောက်ပြသည်။


 " မနာလိုဖြစ်ဖို့သာ အသင့်ပြင်ထားတော့...

သူ့ကောင်လေးက အရမ်းချမ်းသာရုံတင်မကဘူး... ရုပ်လည်း အသေချောတာတဲ့ " 


ဝမ့်လီက ဖောက်သည်ချ၏။


" ဝါးးးးး " လူတိုင်း ခါးသက်သွားကြသည်။


 "ဒါက စိန်ဇွန်းကိုက်ပြီးမွေးလာတဲ့သူတွေရဲ့ အချစ်ဇာတ်လမ်းပဲလား "


 တံခါးကို တွန်းဖွင့်ပြီးဝင်လာသည်နှင့်

စုစုရုံးရုံးလူအုပ်ကြီးကို မြင်လိုက်ရသောကြောင့် ကျန်းယန်ရှန့်တစ်ယောက် အံ့ဩသွားသည်။

သူမနာရီကိုလှမ်းကြည့်လိုက်၏။နောက်မကျသည်မှာ သေချာသည်။


 " ဘာလို့အစောကြီး ရောက်နေကြတာလဲ အကုန် "


" ဒီလိုပါပဲ..... " အားလုံးက ပြုံးဖြီးနေကြလျက်။


လူတိုင်းက ကိုယ့်အလုပ်ကိုယ်လုပ်ကြပြီး မာယွင်သည်လည်း ကျန်းယန်ရှန့်ကို ပြဿနာမရှာတော့ပေ။


ကျန်းယန်ရှန့်လက်စွဲကိုင်ထားသော ကိုယ်ပိုင်နိယာမမှာ


" မည်သည့်အခြေအနေ၌ပင်ဖြစ်စေ မိမိဘက်က စတင်မီးမွှေးခြင်းမဖြစ်စေရ " ဟူ၍ဖြစ်သည်။


မာယွင်ဘက်က ရန်စခြင်း မပြုသရွေ့ သူမသည်လည်း မည်သို့သော တုံ့ပြန်မှုမျိုးကိုမှ ပြုမည်မဟုတ်ချေ။


 ........


 "ကျောင်းသားသမဂ္ဂက အမြဲတမ်း အဲ့လိုကြီးပဲလား "


ကျန်းယန်ရှန့်က ယွဲ့စုန့်အား မေးလိုက်၏။


 “ကိုယ်အဲဒီ့မှာရှိနေတုန်းကတော့ မဟုတ်ပါဘူး...


နောက်ပိုင်းတော့ ဆိုးရွားလာတယ်လို့ကြားတယ်  ဒါပေမဲ့ ကိုယ်က သမဂ္ဂကနေ နုတ်ထွက်ပြီးသားမလို့ ဘာမှ မဆိုင်တော့ဘူး "


" ဝရုန်းသုန်းကားပဲ " ကျန်းယန်ရှန့်ကပြောသည်။


" မင်းက ဘယ်လိုလုပ်ချင်လို့လဲ " ယွဲ့စုန့်က မေး၏။


 “သူခိုးကို ဖမ်းမိရင် ဘုရင့်ဆီ ဆက်သရတာပဲ

ကျွန်မ သမဂ္ဂခေါင်းဆောင်နဲ့ စကားပြောချင်တယ်”


ကြာသပတေးနေ့တွင် ကျန်းချီသည် တွေ့ဆုံပွဲတက်ရောက်ရန် အဘွား၏နောက်သို့ လိုက်သွားခဲ့သော်လည်း ကျန်းယန်ရှန့်ကို မတွေ့ခဲ့ရပေ။


သူမ မေးလိုက်သောအခါ အဘွားကျန်းက ပြန်ဖြေသည်။


 “ယန်ယန်က ငယ်သေးတော့ ကျောင်းအရင်တက်ရမယ်  လောလောဆယ်တော့ တခြားဟာတွေကို အာရုံစိုက်စရာ မလိုသေးဘူး...သမီး ငယ်ငယ်တုန်းကလည်း အဘွားက အားလပ်ရက်မှာပဲ ခေါ်ထုတ်ခဲ့တာကို မှတ်မိလား "


ကျန်းချီလည်း ထိုအချိန်များဆီသို့အတွေးရောက်သွားတော့၏။


 သူမအိမ်ပြန်ရောက်သောအခါ


ယနေ့ညစာစားပွဲ၌ အဘွားကျန်းကို အဖော်ပြုပေးခဲ့သည့်အကြောင်း ကျောက်လန်ဖန်အား ပြန်ပြောပြီး ကျန်းယန်ရှန့်ကမူ ပေါ်မလာကြောင်း ပြောပြလိုက်သည်။ထိုအခါ ကျောက်လန်ဖန်၏မျက်လုံးတို့က အတွေးများဖြင့်ပြည့်နေသည့်ပုံစံသို့ ပြောင်းလဲသွားသည်။


ညစာစားပြီးသောအခါ ကျောက်လန်ဖန်သည် ကျန်းချီကို အခန်းထဲသို့လာရှာပြီး မျက်နှာချင်းဆိုင်စကားပြော၏။


 “ အခု သမီးက ဂုဏ်ထူးတန်း ရောက်နေပြီ ဆိုတော့ အချိန်တွေ အများကြီး ရမှာပဲ... သမီးအဘွားနောက်ကို လိုက်ပြီး သူ့ဆီကနေ ပိုလေ့လာရမယ်...ပြောစရာရှိရင် ပြောသာပြော... မကြောက်နဲ့....သူက သမီးရဲ့အဘွားမလို့ဘာစိတ်အနှောက်အယှက်မှဖြစ်မှာ မဟုတ်ဘူး... နားမလည်ရင် မေးသာမေး....အဘွားက သေချာ ထောက်ပြလိမ့်မယ်” 


ကျန်းချီသည် ကျောက်လန်ဖန်၏ သဘောထားကြောင့် အနည်းငယ် စိတ်ရှုပ်သွားသည်။ 


ကျောက်လန်ဖန်ဘက်က အဘွားကို ပိုစိတ်ကျေနပ်အောင် စွမ်းဆောင်ပေးရန် တောင်းဆိုခြင်းဖြစ်သော်လည်း ယခုတစ်ခါ၌ အနည်းငယ် ကွဲပြားနေသည့် ခံစားချက်မျိုးရ၏။ 


ကျောက်လန်ဖန်က သက်ပြင်းချသည်။


 "အရင်ကတော့ သမီးကို မိန်းကလေးလို့ပဲ တွေးခဲ့တာ... အမေတို့မိသားစုထဲမှာ ရှောင်လင်း ရှိတယ်လေ ရှောင်လင်းက အမွေဆက်ခံသူ ဖြစ်လာမယ်...သမီးက‌တော့ ယောကျ်ားကောင်းနဲ့လက်ထပ်ရင် အဆင်ပြေသွားပါပြီပေါ့ ... ဒါပေမဲ့ အဲ့ကောင်လေးက ဒီလောက်ထိ ခေါင်းမာမယ်လို့ ဘယ်သိမလဲ "


 ယခုနှစ်၌ ကျန်းလင်းသည် အားလပ်ရက်တွင် 

အိမ်ပြန်လာခဲ့၏။ထိုအခါ သားအမိ အချင်းချင်း စကားများ ရန်ဖြစ်ကြပြီး ကျန်းလင်းသည် နိုင်ငံရပ်ခြားသို့ ထွက်ပြေးသွားပြန်သည်။


ကျောက်လန်ဖန်သည် လုံးဝ စိတ်ပျက်နေပြီဖြစ်သည်။


" ရှောင်လင်းက အဲ့လိုကောင်ပဲ... အားကိုးလို့ ရမှာမဟုတ်ဘူး...ဒါပေမဲ့ သမီးအဖေက အကြီးဆုံးသား....သမီးကတော့ အကြီးဆုံးမြေးလေ...

မိသားစုထဲမှာ ပထမဆုံးမြေးပဲ "


 ကျောက်လန်ဖန်က ဆက်ပြော၏။


 " ကျန်းရှို့ချန်က ကလေးပဲရှိသေးတာ

သမီးအဘွားက သူကြီးလာတဲ့ထိ စောင့်နိုင်မှာမဟုတ်ဘူး...လျန့်ယင်းယင်းကိုလည်း သဘောမကျဘူးလေ "


" ယန်ယန်က ပြိုင်ဘက်တစ်ယောက်ပဲ "


 “ဒါပေမဲ့ သမီးက သူ့ထက် အသက်ကြီးတယ်..


ဒါက အားသာချက်ပဲ...သမီးက သူ့ထက် သုံးနှစ်တောင် စောမွေးခဲ့တာ... ဒီအချက်ကို အခွင့်ကောင်းယူပြီး အခုချိန်ထိ ကုမ္ပဏီမှာ ခြေကုပ်ယူလာနိုင်ခဲ့တာ... သမီးအဖေက သမီးကို ကောင်းကောင်းထောက်ပံ့လိမ့်မယ်... အမွေဆက်ခံသူနေရာကို အမေတို့ လက်မလွှတ်နိုင်ဘူး "


ကျန်းချီ၏ နှလုံးသားက တုန်လှုပ်သွားသည်။


သူမနှင့် မောင်ဖြစ်သူအတွက် မိခင်၏မျှော်လင့်ချက် ကွာခြားပုံကို အတိအလင်းမကြားဖူးခဲ့သော်လည်း စိတ်ထဲ၌ ကြိုသိထားပြီးဖြစ်၏။


 တစ်နေ့တွင် အမေဖြစ်သူ၏ မျှော်လင့်ချက်မှန်သမျှသည် သူမအပေါ် သို့ ပုံကျလာလိမ့်မည်ဟု ကျန်းချီမမျှော်လင့်ခဲ့ပေ။


" သမီး ကြိုးစားပါ့မယ် " ကျန်းချီက ကတိပေးလိုက်သောကြောင့် ကျောက်လန်ဖန် စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။


....


ကျန်းယန်ရှန့်သည် လက်ရှိ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ထံသို့ တကူးတကသွားရောက်ခဲ့၏။


သို့သော်လည်း မာယွင်က လက်ဦးမှုရယူနေသည်ကို သူမ မသိပေ။


ကျန်းယန်ရှန့်က အစစ်အမှန်ဖြစ်ကြောင်း မာယွင် သိသည်။


ကျန်းယန်ရှန့်သည် ချမ်းသာလှပသော မိန်းကလေးဖြစ်ကြောင်း သိရှိပြီးနောက်တွင် မာယွင်မှာ ကျန်းယန်ရှန့်အား ထပ်မံ မရင်ဆိုင်ချင်တော့ပေ။


သို့သော် ယခုအချိန်၌ သူမက ကျန်းယန်ရှန့်အား အသာစီးယူရန်ကြိုးစားသည်ဟု လူတိုင်းက မြင်နေကြသည်။


ထို့ကြောင့် တစ်ခုခုလုပ်မှပင်ရမည်။


မာယွင်သည် ခေါင်းဆောင်ထံသို့ သွားခဲ့၏။


" ကျန်းယန်ရှန့်က စီနီယာတွေရဲ့စကားကို လုံးဝအလေးမထားပါဘူး.... သူက လူသစ်တွေကိုတောင် စီနီယာတွေနဲ့ သွေးခွဲတယ်...ပြီးတော့လူအများကြီးရှေ့မှာ ကျောင်းသားသမဂ္ဂကိုဝေဖန်တယ်  သူက ကျောင်းသားသမဂ္ဂမှာ ဆက်ရှိနေဖို့ မသင့်တော်ပါဘူး... အနာဂါတ်မှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာနိုင်ပါတယ်...အဲ့ဒါကြောင့် သမဂ္ဂကနေ ထုတ်ပစ်သင့်ပါတယ် "


သို့သော် သူမ၏ သြဇာလွှမ်းမိုးမှုက အကန့်အသတ်ရှိပြီး ခေါင်းဆောင်က မာယွင်၏ သွေးထိုးစကားများကို နားမဝင်ချေ။


 “ဘယ်သူမှ အစီရင်လာမခံကြသေးဘူး

စောင့်ကြည့်သေးတာပေါ့...အသစ်လေးတွေက ကလပ်ထဲမှာ နေသားကျဖို့အချိန်ဘယ်လောက်ယူရလို့လဲ... အစမို့ပါ "


မာယွင်က ကျန်းယန်ရှန့်ကို ပထုတ်လိုသော အကြောင်းရင်းမှာ ကျန်းယန်ရှန့်သည် အလွန်လှပနေသောကြောင့်ဖြစ်မည်။


သမဂ္ဂခေါင်းဆောင်မှာ မကြာသေးမီက 


မာယွင်၏ရည်းစား ညည်းညူနေသည်ကို ကြားခဲ့၏။


ကျန်းယန်ရှန့်အား နှစ်ခါလောက်ငေးကြည့်မိခဲ့သောကြောင့် မာယွင်နှင့် တစ်ပွဲတစ်လမ်းနွှဲခဲ့ရသည်ဟု ဆိုသည်။


မာယွင်တစ်ယောက် အလွန်စိတ်ဓာတ်ကျသွား၏။


ယခုချိန်၌ စီနီယာအစ်မကျန်းချီ ရှိခဲ့သည့်အချိန်များကို တမ်းတမိသည်။


 ထိုအချိန်များ၌ ကျန်းချီသည် သူမ၏ ကြွယ်ဝပြီး လှပသော စရိုက်လက္ခဏာများကို အားကိုးခြင်းဖြင့် အခြားမိန်းကလေးများကို ဖိနှိပ်နိုင်ရုံသာမက ၊ ကျောင်းသားသမဂ္ဂကိုလည်း ပံ့ပိုးကူညီခဲ့သေးသည်။


သူမသည် လူတိုင်းကို ညစာစားရန် ဖိတ်ခေါ်လေ့ရှိပြီး အလုပ်သင်များကိုပင် အိတ်စိုက်ကာ ပိုက်ဆံထုတ်ပေးလေ့ရှိသည်။ 


သူမတွင် လှပမှု၊ ငွေကြေးအရင်းအမြစ်များနှင့် အရည်အချင်းများစွာရှိ၏။


အထူးသဖြင့် မနှစ်မြို့သူများကို ပထုတ်နိုင်သည်။


Xxxxxx