Part 263
သူတို့တွေ 《နေအဖွဲ့အစည်းကို စွန့်ခွာခြင်း》 အကြိုပြသပွဲအတွက် Bမြို့ကို သွားခဲ့ကြစဥ်က မိုလင်းက အောင်မြင်နေသော အကြောင်းအရာကို အခွင့်ကောင်းယူကာ ကျန်းဟွမ်ကို ပရောဂျက်အသစ်တွေ အကြံပြုခဲ့သည်။ အနုပညာလောကက လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ တိုးတက်လာခဲ့ပြီး မိုလင်းရဲ့လက်ထဲမှာ များစွာသော ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲ ပရောဂျက်တွေ ရှိနေခဲ့ပြီဖြစ်သည်။
အပြန်အလှန် ဆက်သွယ်ကြပြီးနောက် ကျန်းဟွမ်က အမျိုးသမီးကြယ်ပွင့်လေးနဲ့ တွဲနေခဲ့တာ ဖြစ်သည်။
မိုလင်းကတော့ သူမက သူတို့နှစ်ယောက်တွဲမိသွားအောင် လုပ်ခဲ့တဲ့ ကြားခံလူအဖြစ် ခံစားနေရသည်။ တစ်ခြား ဖောက်သည်တွေဆို မိုလင်းက ဂရုစိုက်မှာ မဟုတ်ပေဘူး။ သူမရဲ့ အရေးကိစ္စလည်း မဟုတ်ဘူးလေ။
ဒါပေမယ့်လည်း ထိုသူက ကျန်းယန်ရှန့်ရဲ့ အဖေဖြစ်နေသည်။ မိုလင်းနဲ့ ကျန်းယန်ရှန့်က အရမ်းကို ရင်းနှီးပြီး သာမာန် စီးပွားဖက်များထက် ပိုသည့် ဆက်ဆံရေးရှိနေသည်။ သေချာ စဥ်းစားပြီးတော့ မိုလင်းက ကျန်းယန်ရှန့်နဲ့ သူမအမေတို့ ခံစားကြရမှာကို စိုးရိမ်သဖြင့် သူမကို ပြောပြဖို့သာ ဆုံးဖြတ်ခဲ့သည်။
"ပြီးတော့လည်း တော်တော်လေး ကြာနေပြီ" သူမက ပြောသည် "ဒါပေမယ့် ငါက မင်းရဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ထိခိုက်မှာစိုးလို့ အခုချိန်ထိ စောင့်နေတာ... တောင်းပန်ပါတယ် ယန်ရှန့်"
"ပြောစရာမလိုပါဘူး... တောင်းပန်ပါတယ် အစ်မမို... အစ်မမှားတာ တစ်ခုမှ မလုပ်ခဲ့ပါဘူး... ဒါ အစ်မကြောင့် မဟုတ်ပါဘူး" ကျန်းယန်ရှန့်က သူမကို ပြောလ်ုက်သည်
"ကျွန်မအတွက် စိုးရိမ်စရာ မလိုပါဘူး... ကျွန်မအဖေရဲ့ လက်ရှိဇနီးက ကျွန်မအမေလည်း မဟုတ်ဘူးလေ...ကျွန်မအမေက ဆုံးသွားတာ ကြာလှပြီ"
သူမ ထိုအကြောင်းပြောလိုက်မှ မိုလင်းက စိတ်သက်သာရာရသွားသည်၊ သူမကတော့ ကျန်းယန်ရှန့်ရဲ့အဖေက ပွေရှုပ်နေကျလူ ဖြစ်ပြီး ကျန်းယန်ရှန့်ကလည်း ဒါကို အရင်ကတည်းက ကျင့်သားရနေပုံပေါ်နေကြောင်း သိလိုက်ရသည်။ သူမက စဥ်းစားလိုက်ပြီးနောက် ကျန်းယန်ရှန့်ကို ပြောလိုက်သည်
"ဒါဆို... မင်းရဲ့ ပိုင်ဆိုင်မှုတွေကို သေချာကာကွယ်ထားဖို့ လိုတယ်နော်"
ကျန်းယန်ရှန့်က ရယ်မောလိုက်သည် "အစ်မမို အစ်မရဲ့သဘောထားကို ကြိုက်သွားပြီ"
သူမက သူမရဲ့ ခံစားချက်တွေ တစ်ခြားကိစ္စတွေကို ပြောမလာဘဲ သူမရဲ့ ပိုင်ဆိုင်မှုတွေကိုသာ ကာကွယ်ထားဖို့ ပြောလာသည်။ဒါက တကယ့်ကိုပဲ ကျန်းယန်ရှန့်ကို သဘောကျသွားစေသည်။
စကားပြောပြီးသွားတော့ သူမက ကပြင်မှာထိုင်ကာ သူမမြင်ကွင်းထက်က နှင်းများဖုံးနေသော တောင်တန်းနှင့် ကောင်းကင်ကျယ်ကြီးကို ကြည့်လိုက်ပြီး သူမက အဘိုးကြီးတစ်ယောက်ကဲ့သို့ ရေသေတွေလို အဖော်အပေါင်းကင်းမဲ့မှုလက္ခဏာကို ခံစားနေရသည်။
ထိုအတွေးများက ကျန်းဟွမ်ကိုယ်တိုင် ဒါမှမဟုတ် သူ့ရဲ့ အမူအကျင့်တွေကို ရည်ရွယ်တာ မဟုတ်ဘဲ သူ့ရဲ့အိမ်ထောင်ရေးအကြောင်းသာ။
ကျန်းယန်ရှန့်ကတော့ အရင်တုန်းက ကျန်းဟွမ်က ဘာလို့များ လျန့်ယင်းယင်းနဲ့ လက်ထပ်မှတ်ပုံတင်ဖို့ လိုတာလဲဆိုတာကို မတွေးတတ်တော့ပေ။ ကျန်းဟွမ်လိုလူတွေက အနီရောင်အလံသာ* မဟုတ်ဘဲ အရောင်စုံ အလံများ *နှင့် ရှင်သန်နိုင်ပေသည်။ သို့သော်လည်း သူမပြန်လည်မွေးဖွားပြီးနောက်မှာ ကျန်းမိသားစုမှာ လျန့်ယင်းယင်းရဲ့ လောလောဆယ် နေရာနဲ့ ကျန်းဟွမ်ရဲ့ သူမအပေါ်သဘောထားနဲ့ လိုအပ်ချက်တွေကို တွေးကြည့်လိုက်တော့ သူမ ဝေဝေဝါးဝါးတော့ နားလည်ထားပြီးသား ဖြစ်သည်။
T/N 1 red flagလို့ ပြောကြပါတယ် သဝန်တိုလွန်းအားကြီးတာ ဒါမှမဟုတ် လိမ်ညာ လှည့်စားနေတဲ့ ဆက်ဆံရေးတွေလို unhealthy relationshipကို ရည်ညွှန်းပါတယ်။
2 အပျော်ဇယားလေးတွေ
အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို လက်ထပ်ပြီး အိမ်ထဲကို ဝင်ခွင့်ပြုလိုက်တာက ထိုသူ ဇနီးတစ်ယောက်ကို အလိုရှိနေတာ ဖြစ်ချင်မှ ဖြစ်မည်။ ထိုကဲ့သို့ တွေးတတ်ကြသော ယောကျ်ားများကလည်း အများကြီး ရှိနိုင်သေးသည်။
ကျန်းယန်ရှန့်ကလည်း မိန်းမတစ်ယောက်သာ ဖြစ်ပြီး သူမကတော့ ကျန်းဟွမ်ရဲ့ လက်ထပ်ခြင်း အပေါ် ထားတဲ့အတွေးကို သဘောမတူနိုင်ပေ။ အထူးသဖြင့် ထို အိမ်ထောင်ရေးအပေါ် အမြင်က လက်ထပ်ခြင်းအပေါ် အလေးအနက်ထားမှုတွေကို ယုတ်လျော့သွားတာက လက်ထပ်ခြင်းကို လိုအပ်ချက်တစ်ခုလို ဖြစ်သွားစေပြီး ပိုပြီး အဆင့်နိမ့်ကျသွားစေသည်။ ပြီးတော့လည်း လိုအပ်တဲ့ ဘဝတန်ဖိုးများ ရရှိဖို့ နည်းလမ်းတစ်ခု ဖြစ်လာစေသည်။
ထိုအရာက ကျန်းဟွမ်နှင့် ရှုလီချန်ရဲ့ မိဘများအတွက်တော့ အမှန်တရားတစ်ခုပင်။ ဖေဖေရှုသဘောကျသော လူမျိုးက အားနည်းသော ပန်းပွင့်ဖြူလေးဆိုတာ သေချာပေါက် ဖြစ်ပေမယ့်လည်း သူကတော့ မေမေရှုကိုသာ လက်ထပ်ခဲ့သည်။ အဓိကကတော့ မေမေရှုရဲ့ စွမ်းဆောင်ရည်၊ မိသားစုကို ထောက်ပံ့နိုင်ခြင်းနဲ့ သူ့အလုပ်ကို ပံ့ပိုးပေးနိုင်တာကြောင့်သာ ဖြစ်သည်။
ထိုအကြာင်းများက ကျန်းယန်ရှန့်ကို လက်ထပ်ခြင်းအပေါ် စိတ်ဝင်စားမှု လျော့ကျသွားစေသည်။
မိုလင်းတောင် သူမဆီကို ဖုန်းခေါ်ပြီး သတိပေးလာမှတော့ သူမစပြီး စဥ်းစားကြည့်ရတော့မည် ဖြစ်သည်။ ကျန်းဟွမ်ရဲ့ အချစ်ရေးကိစ္စက အခြားသူတွေ သတိထားမိရလောက်အောင် သိသာနေပြီလား? ဒါမှမဟုတ် မိုလင်းကများ ဒီလိုကိစ္စမျိုးမကြုံဖူးလို့ ထူးဆန်းနေတာများလား?
သူ့ရှေ့က ကြယ်ပွင့်လေးကို ထည့်မတွက်ရင်တောင် ကျန်းယန်ရှန့်က တကယ်လို့များ ထိုကဲ့သို့ မိန်းမတစ်ယောက်ပေါ်လာပြီး ကျန်းဟွမ်ကို သူ့ဇနီးနေရာပြောင်းအောင် လုပ်နိုင်တဲ့တစ်နေ့ကို ရောက်လာခဲ့ရင် သူမဘာဆက်လုပ်ရမလဲ ဆိုတာကို တွေးနေမိသည်။
ရလဒ်အနေနဲ့ ကျန်းယန်ရှန့်တစ်ယောက် အမျိုးမျိုး နှိုင်းယှဥ်စဥ်းစားခဲ့ပြီးနောက်မှာတော့ လျန့်ယင်းယင်းကိုသာ ကျန်းကတော်နေရာတည်မြဲအောင် စပြီးကူညီပေးရမည်ဟုသာ။
အကြောင်းမှာကား အခြားသူများနှင့် ယှဥ်လျှင်တော့ လျန့်ယင်းယင်းသည်သာ သူမရဲ့ အားနည်းသော ပြိုင်ဘက် ဖြစ်နေသည်။ ကျန်းယန်ရှန့်အတွက်တောင်မှ ပြိုင်ဘက်ဟု သတ်မှတ်၍မရနိုင်ပေ။
ကျန်းယန်ရှန့်က သူမကို သေသည်အထိ ဖိနှိပ်နိုင်ပြီး သူမကိုယ်တိုင်က အကောင်းဆုံးအခြေအနေထိ အရေးပါမှုကို ထိန်းထားနိုင်ကာ ကျန်းဟွမ်အပေါ် သူမ၏ လွှမ်းမိုးမှုကို လျှော့ချနိုင်ခဲ့သည်။ ကျန်းဟယ်လင်းနှင့်ကျန်းရှို့ချန်တို့အပေါ် လွှမ်းမိုးမှုကိုတောင် ပြောင်းလဲနိုင်ခဲ့သည်။
အိမ်က အလုပ်သမားတွေ အန်တီတွေနဲ့ ဒရိုင်ဘာတွေကတော့ ပြောစရာပင်မလိုတော့။
ရိုးရိုးရှင်းရှင်း စဥ်းစားကြည့်လျှင် လျန့်ယင်းယင်းသာ ကျန်းကတော်နေရာတွင် ရှိနေပါက ကျန်းယန်ရှန့်ကသာ ကျန်းဟွမ် အပါအဝင် အရာအားလုံးနီးပါးကို ထိန်းချုပ်နိုင်ပြီး လွှမ်းမိုးနိုင်သည်။
သူမရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားနိုင်ပြီး သူမဘဝလည်း တည်ငြိမ်နေနိုင်သည်။
ပြီးတော့ တကယ်လို့သာ ကျန်းဟွမ်အပေါ် လွှမ်းမိုးမှုအကြီးကြီး ရှိပြီး သူ့ဇနီးနေရာကိုပါ ပြောင်းလဲပစ်နိုင်သည့် မိန်းမတစ်ယောက်သာ ပေါ်လာခဲ့ပါက သူမထိန်းချုပ်နိုင်ဖို့ ခက်ခဲသွားနိုင်သည့် ဖြစ်နိုင်ချေကိုလည်း တွေးကြည့်နိုင်ပေသည်။ ထို ဖြစ်နိုင်ချေကသာ တစ်ခြားဖြစ်နိုင်ချေများကို မွေးထုတ်ပေးပါက အထူးသဖြင့် ကျန်းဟွမ်ရဲ့ သွေးသားကို ထပ်ပြီး မွေးထုတ်ပေးပါက ကျန်းယန်ရှန့်ရဲ့ ပိုင်ဆိုင်မှုတွေ ယုတ်လျော့လာပြီး သူမနေရာကိုပါ ချိန်းခြောက်လာနိုင်မည်က မလွဲမသေပင်။
ဒါက သူမမြင်ချင်တဲ့အရာ မဟုတ်သေးဘူး။
ပြီးတော့လည်း လျန့်ယင်းယင်းကို ထောက်ပံ့ပေးတာက သူမရဲ့ အကောင်းဆုံး ရွေးချယ်မှုပဲ။
ထိုအချိန်တွင် ယွဲ့ စုန့်က ရှုခင်းကြည့် ကပြင်လေးဆီ ရောက်လာခဲ့သည်။ သူက ဝိုင်အရောအနှောတစ်ခွက်ကိုကိုင်ကာ ကျန်းယန်ရှန့်ကို ကမ်းပေးလာခဲ့သည်။
ထို့ကြောင့်ပဲ ကျန်းယန်ရှန့်တစ်ယောက် ထိုအတွေးများမှ ရုန်းထွက်လာခဲ့တော့သည်။ ရုတ်တရက်ပဲ သူမရဲ့ လောလောဆယ် တွေးခေါ်မှု ပုံစံက သူမရဲ့အဖေ သူမကို ကြည့်လာဖို့ စိတ်ဂယောင်ခြောက်ချား ဖြစ်နေတဲ့ အရင်ဘဝက မိန်းကလေးနဲ့ လုံးလုံးကွာခြားနေသည်ကို ကျန်းယန်ရှန့် သဘောပေါက်သွားသည်။
ကျန်းယန်ရှန့် မနေနိုင်ဘဲ တုန်ယင်သွားမိတော့သည်။
"ဘာဖြစ်လို့လဲ?" ယွဲ့ စုန့်က မေးလာခဲ့သည်။
"ဘာမှ မဟုတ်ပါဘူး" ကျန်းယန်ရှန့်က ဝိုင်တစ်ငုံလောက် သောက်လိုက်သည်။ ဒီအချိန်က အာရုံကြောတွေ နှိုးဆော်ဖို့ အယ်လ်ကိုဟော သောက်တာက အသင့်တော်ဆုံးပဲ။
ထိုအချိန်မှာပဲ ယွဲ့ စုန့်က မေးလာသည်: "မင်း ဒီနေရာကို ကြိုက်ရဲ့လား?"
သူ့ရဲ့အင်္ကျီလည်ပင်းက ပွင့်ဟနေပြီး သူ့ရဲ့ ညှပ်ရိုးများက နှစ်လိုဖွယ် ဖြစ်နေကာ ထိုသူ့ရဲ့ အာဒမ်ပန်းသီးက စွဲဆောင်မှု ရှိနေသည်။ ဒီမနက်မှာ ကျန်းယန်ရှန့်က သူ့လက်မောင်းထဲမှာ နိုးထခဲ့ရတာ ဖြစ်သည်။
ဒီနေရာက ကမ္ဘာကြီးနှင့် ဝေးကွာနေပြီး တစ်ကိုယ်ကောင်းဆန်မှုများနှင့် အတ္တကြီးမှုများလည်း မရှိပေ။ သဘာဝ၏ ရှုခင်းများ ချစ်သူများ၏ အပွေ့အဖက် အနမ်းအရှုံ့များက ရိုးရိုးရှင်းရှင်းပင် ပြီးပြည့်စုံနေခဲ့သည်။
ဘဝကသာ ဒီနေရာမှာ အေးခဲနေရရင် အကောင်းဆုံး ဖြစ်မှာပင်။
သို့သော်ငြား အချို့လူတွေကတော့ ထိုသို့ မတွေးမိကြ။ အကြောင်းမှာ အချို့လူများက အချိန်ကို ရှေ့ဆက်သွားဖို့ လိုလားကြသည်။
ယွဲ့ စုန့်က သူမဆံပင်လေးတွေကို စုစည်းကာ ပြောလိုက်သည်: "ကိုယ်တို့ မိသားစုမှာ ဒီလို အပန်းဖြေအိမ်တွေ ကမ္ဘာအနှံ့မှာ ရှိတယ်.. တစ်ချို့က ဒီလိုပတ်ဝန်းကျင်မျိုးမှာပဲ တစ်ချို့ကတော့ မြို့ကြီးတွေမှာပဲ... ပြီးတော့ တစ်ခုစီမှာ ကိုယ်ပိုင်အားသာချက်တွေ ရှိတယ်"
ကျန်းယန်ရှန့်က အံ့အားသင့်သွားရသည် "အန်တီနဲ့ အန်ကယ်က ကမ္ဘာအနှံ့က မြင်ကွင်းတွေ ကြည့်ရတာ တကယ်ကြိုက်တာပဲ"
ယွဲ့ စုန့်က ခပ်ပါးပါး ပြုံးလိုက်သည်: "ကိုယ်လည်း သူတို့လိုပဲ လုပ်ချင်တယ်"
ကျန်းယန်ရှန့်က သူ့ကိုကြည့်လိုက်သည်။ သူ့ရဲ့ နက်မှောင်နေတဲ့ မျက်လုံးအစုံက သူမကို ကြည့်နေပြီး ထိုမျက်လုံးများက ချစ်ခြင်းမေတ္တာများ ထင်ဟပ်နေကာ ရုတ်တရက် ပေါ်ကွက်လာတော့မည့်အတိုင်းပင်။
Xxxxxxx
Part 264
ကျန်းယန်ရှန့်က ခန့်မှန်းချက်ရေးရေးလေး တစ်ခုကြောင့် တွန့်သွားပေမယ့်လည်း သူမထိုအကြောင်းကို မတွေးချင်ခဲ့ဘူး။
"ယန်ရှန့်" ယွဲ့ စုန့်ကပြောလိုက်လေသည်
"ကိုယ်မင်းကို ကိုယ့်မိဘတွေလိုမျိုး ကိုယ်တို့မိသားစုရဲ့ အပန်းဖြေအိမ်တိုင်းကို ခေါ်သွားချင်တယ်"
ကျန်းယန်ရှန့်က ဘာကိုမှ ပြောမလာခဲ့ပေ။
ယွဲ့ စုန့်က လက်ဆန့်ကာ သူမလက်ထဲက ဝိုင်ခွက်ကို ယူလိုက်ပြီး ဘေးမှာ ချထားလိုက်သည်။
သူက သူမလက်ကို ကိုင်လျက်သား ထရပ်လိုက်ပြီး သူမရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။
ကျန်းယန်ရှန့်ရဲ့ ခန့်မှန်းချက်က တကယ် မှန်ကန်ခဲ့ပါသည်။
ပထမဆုံးအကြည့်တစ်ချက်မှာပင် လက်စွပ်က ကြီးမားသော ကျောက်မျက်ရတနာတစ်ခုနှင့် ရိုးရှင်းသော ပုံစံရှိသည့် ဘိုးဘွားပိုင် ရတနာ ဖြစ်ပုံရပြီး လက်ဆင့်ကမ်း ထိန်းသိမ်းလာသော အမွေအနှစ်ဖြစ်ကြောင်း ခံစားရသည်။
ယွဲ့ စုန့်က သူမကို လက်ထပ်ခွင့်တောင်းနေတာ ဖြစ်သည်: "ယန်ရှန့်... ကိုယ့်ကို လက်ထပ်ပါ ကိုယ့်မိဘတွေလို ကမ္ဘာအနှံ့ အတူတူ ခရီးထွက်ကြရအောင်လေနာ်"
ဆန်ကုန်မြေလေး 1 တစ်ယောက်သာ ဖြစ်သော ကျန်းယန်ရှန့်သည်ကား သူမစကပ်ကို တင်းတင်းဆုပ်ကာ အခြားသူကို ငြင်းဆန်ရန် ခေါင်းလှည့်လိုက်ပြီး လက်ထပ်ခွင့်ကို ငြင်းရင် ပထမဆုံး အကြောင်းပြချက်သည်ကား: "ကျွန်မ လက်ထပ်ဖို့အသက် မပြည့်သေးဘူးလေ"
T/N တွဲပြီးတာဝန်မယူချင်သူ အပျော်ကြံသူ
"ကိုယ်သိတာပေါ့... ဒါကြောင့် ကိုယ်တို့တွေ အရင်စေ့စပ်ထားရအောင်လေ" ယွဲ့ စုန့်က ထကာ သူမအနားမှာ ထိုင်လိုက်ပြီး သူမလက်ကို ဖျစ်ညှစ်ကာ အကြောင်းအရင်းကို ရှင်းပြလာခဲ့သည်
"ကိုယ့်မိသားစုက မင်းရဲ့အဖေနဲ့ ဦးလေးတို့ ရှိတဲ့ မင်းရဲ့ မိသားစုနဲ့ မတူဘူး။ ကိုယ့်မိသားစုက မျိုးရိုးတစ်ဆက်စီ ဆက်ခံလာခဲ့ကြတာ... ကိုယ့်အဖိုး အသက်အရွယ်ရလာတော့ သူ ရုတ်တရက် တစ်ခုခု ဖြစ်သွားမှာကို အမြဲတမ်း စိုးရိမ်နေခဲ့ရတယ်... ဒါကြောင့်မို့ သူကိုယ့်ကို အမြဲတမ်း တင်းတင်းကြပ်ကြပ်နဲ့ တွန်းအားပေးနေခဲ့တာကြောင့် ဘွဲ့ရဖို့တောင် ကျောင်းကို မသွားခဲ့ရဘူး။ ဒီနှစ် ကိုယ့်မိသားစုရဲ့ စီးပွားရေးလောကထဲကို တရားဝင် ဝင်ရတော့မယ်... နောက်ဆို ကိုယ်အရမ်း အလုပ်များနေတော့မှာ... ဆိုလိုတာက မင်းနဲ့အတူ အချိန်တိုင်း ကျောင်းမှာ ရှိမနေနိုင်တော့ဘူး"
ပြီးတော့လည်း ကောလိပ်ကျောင်းသားဘဝက အထက်တန်းကျောင်းသားဘဝနဲ့ လုံးဝကွဲပြားသည်လေ။
အရောင်အသွေး စုံလင်ကာ ငယ်ရွယ်မှုအပြည့်ဖြင့် လွတ်လပ်ပြီး တက္ကသိုလ် နယ်မြေကလည်း ဟော်မုန်းတွေနဲ့ ပြည့်လို့နေသည်။ သူမနဲ့ အသက်အရွယ် တူသည့် ကောင်လေးအများကြီးလည်း ရှိနေသေးသည်။
ကျန်းယန်ရှန့် နားလည်သွားဖို့ အချိန်ခဏလောက် ယူလိုက်ရသေးသည် "ကျွန်မ စိတ်ပြောင်းသွားမှာကို စိတ်ပူနေတာလား?"
ယွဲ့ စုန့်က ကောင်းကင်ပြာကြီးကို မော့ကြည့်လိုက်ပြီး ဝန်ခံလာခဲ့သည် "အဲ့လိုပြောရမှာပဲ"
ကျန်းယန်ရှန့်က သူမမျက်ခုံးများကို ပင့်လိုက်သည်
"ရှင့်ပုံစံက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတဲ့ လူမျိုးလည်း မဟုတ်ဘဲနဲ့... ဒါမှမဟုတ် ရှင်က ကျွန်မကို မယုံမကြည် ဖြစ်နေတာလား?"
"ကိုယ်မင်းကို ယုံပါတယ်... ဒါပေမယ့် တစ်ခုခုကို စိုးရိမ်နေတာ" ယွဲ့ စုန့်ကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ "ဘာကြောင့်လဲဆိုတော့ ကိုယ်က ကျောင်းနဲ့ ကုမ္ပဏီနဲ့ကို ပြေးလွှားနေခဲ့ရတာလေ... ကိုယ်သတိထားမိလာတာက နှစ်ခုလုံးက လုံးဝကွဲပြားတဲ့ ပတ်ဝန်းကျင်တွေမှာ ရှိနေကြတယ် ဆိုတာပဲ... ပြီးတော့ ခြားနားနေတဲ့ တံတိုင်းကြီးလည်း ရှိသေးတယ်... မင်းက ကျောင်းမှာ အနည်းဆုံးလေးနှစ်လောက် နေရအုံးမှာ.. ကိုယ်စိုးရိမ်တာက ဒီ ပတ်ဝန်းကျင်နှစ်ခုကပဲ မင်းနဲ့ကိုယ့်ကို မတူညီတဲ့ ပြောင်းလဲမှုတွေ ယူလာပေးမှာကိုပဲ
"အတွေးတွေ မရေမရာ ဖြစ်နေတာပဲ" ကျန်းယန်ရှန့်က မညှာမတာ ထောက်ပြလိုက်သည်
"ဒီလိုဆိုရင်တော့ ကျွန်မတို့သာ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်ကြောင့် အတူရှိဖို့ အဆင်မပြေဘူးဆိုရင် တကယ်လို့ ကျွန်မတို့ လက်ထပ်လိုက်ရင်ရော? ကွာရှင်းတယ်ဆိုတဲ့ လုပ်ရိုးလုပ်စဥ်က အဓိပ္ပါယ် မရှိလို့လား?"
ယွဲ့ စုန့်နဲ့ ကျန်းယန်ရှန့်က အတူရှိလာတာ တစ်နှစ်ကျော်လာပြီ ဖြစ်ပြီး ယွဲ့ စုန့်က ကျန်းယန်ရှန့်က ဇွဲကြီးပြီး ခေါင်းမာတတ်သူ ဖြစ်ကြောင်း ကောင်းကောင်း သိလေသည်။ သူသာ သူမကို မသိမ်းသွင်းနိုင်ပါက ထပ်ပြောလျှင်လည်း အသုံးမဝင်တော့ပေ။
သူမ ထောက်ပြတဲ့ ထို'မရေမရာ ဖြစ်နေခြင်း"က တကယ်ပင် ဖြစ်ပြီး သူလည်း ပြန်မချေပနိုင်ပေ။
ယွဲ့ စုန့်က လက်စွပ်ကို ဝေးဝေးထားလိုက်သော်လည်း ကျန်းယန်ရှန့်၏လက်ကိုတော့ ကိုင်ထားဆဲပင်: "ဒါဆို ပြောကြည့်လေ... ကိုယ်မင်းကို ဘယ်လို ချည်နှောင်ရမလဲ?"
ကျန်းယန်ရှန့်က ပြုံးလိုက်ပြီး သူ့ကိုမှီတွယ်ကာ နမ်းလိုက်သည်။
ထိုအနမ်းက နှောင်တွယ်နေပြီး ချစ်ခင် ကြင်နာမှုများ ရှိနေသည်။ အကြောင်းမှာကာ ထိုအခြေအနေက လူငယ်နှင့် မိန်းမငယ်လေးတို့၏ စိတ်လိုက်မာန်ပါ အဖြစ်ဆုံး ဟော်မုန်းများ ထုတ်ပေးနေပြီး ဦးနှောက်ကနေလည်း ထိန်းချုပ်မှုများ လျှော့ချပေးနေသည်။
ဟော်မုန်းတွေက ထိုအချိန်မှာ သူတို့က အရမ်းပျော်ရွှင်မြူတူးနေကြောင်း ပြောနေကြသည်။
သို့သော်လည်း ကျန်းယန်ရှန့်ကတော့ တကယ့်ကို အမှိုက်တစ်စပင်။ သူက ယွဲ့ စုန့်နဲ့ ထိုအခြေအနေလေးမှာပဲ ရှိနေချင်ပြီး ရှေ့ဆက်မတိုးချင်ပေ။
ကျန်းယန်ရှန့်နဲ့ ယွဲ့ စုန့်တို့ တရုတ်ရှိ Kမြို့ကို ပြန်လာခဲ့ကြသည်။
လူတိုင်းရဲ့ အလုပ်တာဝန်များကတော့ ကွာခြားလေသည်။ ထိုအချိန်မှာ မူလတန်းပြီးမြောက်တော့မည့် ကျန်းဟယ်လင်းက သူမရဲ့ အတန်းတင်စာမေးပွဲ အတွက် ပြင်ဆင်နေရပြီး စတုတ္ထတန်းမှာပဲ ရှိနေသေးသည့် ကျန်းရှို့ချန်ကတော့ ဒီစာသင်နှစ်အတွက် သင်ရိုးကိုတောင် မပြီးသေးပါချေ။
"ယိုး.. သမီး ပျော်ခဲ့ရဲ့လား? ဒီတစ်ခါကရော ဘယ်သွားကစားကြတာလဲ?" ကျန်းဟွမ်က မေးလိုက်သည်။
ကျန်းယန်ရှန့်က သိသိသာသာကို သက်တောင့်သက်သာ ဖြစ်နေပုံရပြီး အထက်တန်းမှာ အိပ်ရေးမဝမှုကြောင့် ဖြစ်လာခဲ့တဲ့ မျက်ကွင်းညိုညိုကြီးများလည်း မရှိတော့ပေ။ သူမရဲ့ အသားအရည်က ချောမွတ်တောက်ပနေပြီး အခွံခွာထားသည့် ကြက်ဥတစ်လုံးကဲ့သို့ အပြစ်အနာအဆာကင်းနေသည်။
ငယ်ရွယ်နုပျိုမှုက သတ်လတ်ပိုင်းလူတွေနဲ့ သက်ကြီးပိုင်းတွေကို မနာလိုအားကျစေသည်။
ပြီးတော့လည်း ကျန်းဟွမ်က ကျန်းယန်ရှန့် တစ်ယောက် သူမရဲ့ မျက်ခုံးနှစ်သွယ်ကြားက ထူးခြားတဲ့ ခံစားချက်တစ်ချို့ ရနေကြောင်း ခံစားနေရသော်လည်း သူမပြောတတ်တော့ပေ။ ကျန်းယန်ရှန့်သည်လည်း ကျန်းဟွမ်ကို ကြည့်လိုက်သည်။
သူမက အရင်က စာလေ့လာနေရတာကြောင့် အလုပ်များနေသဖြင့် သူ့ကို အာရုံမထားမိပေ။ မိုလင်း သူမကို သတိပေးလိုက်ပြီးတော့ သူ့ကို နီးနီးကပ်ကပ် ကြည့်မိတော့မှ သူမတစ်ခုခုကို ရှာတွေ့လိုက်သည်။
ထိုပုံစံက ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့က အောင်မြင်မှုတစ်ခုဖြင့် ရစ်ပတ်နှောင်တွယ်မိချိန်မှာ ထွက်ပေါ်လာတတ်သော နွေဦးလေပြေလေးကို ဖော်ပြနေသည်။
ခုအချိန်မှာ ကျန်းယန်ရှန့်အပေါ် လျန့်ယင်းယင်း၏သဘောထားများက ပြောင်းလဲနေပြီ ဖြစ်သည်။ သူမက ရှေ့တိုးလာပြီး လှိုက်လှိုက်လှဲလှဲ ပြောလာသည်: "လေယာဥ်ပေါ် အကြာကြီးထိုင်လာရတော့ ပင်ပန်းနေပြီလား... တစ်ခုခုစားချင်ရင် အန်တီတွေကို သွားယူခိုင်းလိုက်မယ်လေ"
ကျန်းယန်ရှန့်က သူမအကြည့်များကို ရွေ့ကာ လျန့်ယင်းယင်းကို စိုက်ကြည့်လိုက်သည်။
ထိုအကြည့်နှင့်ပင် လျန့်ယင်းယင်းက မတတ်နိုင်ဘဲ သူမ ညစာစားပွဲတွေနဲ့ ပါတီတွေကို သွားပြီး အပျော်မယ် အဖြစ် အလုပ်လုပ်တုန်းက သူမကို ကြည့်ခဲ့ကြတဲ့ လူချမ်းသာများကို သတိရမိသွားသည်။
လျန့်ယင်းယင်းတစ်ယောက် အနည်းငယ်တုံ့ဆိုင်းသွားကာ အစာကွင်းဆက်မှ သူမ၏ နေရာ1 ကို သေချာပင် မြင်တွေ့လိုက်ရလေသည်။
T/N အင်အားအနည်းဆုံး နေရာ
Xxxxxx