Chapter 18
Viewers 288

🏠 Chapter 18

ဝက်ခြေထောက် စွပ်ပြုတ်



ပန်းကန်လုံး၏ အနားသားများက အလွန်ထူထဲလေသည့်အတွက် ဆူပွက်နေသော စွပ်ပြုတ်ပူက အပူလောင်မသွားစေခဲ့ချေ။ သက်တောင့်သက်သာဖြစ်သော နွေးထွေးမှု‌ကသာ ပန်းကန်လုံးဆီမှတစ်ဆင့် ဖြတ်သန်း၍ စိမ့်ထွက်လာသည်။ 


ကုချင်းချီ လက်နှစ်ဖက်လုံး၏ လက်ခုပ်ထဲ၌ ပန်းကန်လုံးလေးကို အုပ်ကိုင်ထားကာ စွပ်ပြုတ် အေးသွားရန် စိတ်ပါလက်ပါ စောင့်စားနေလေသည်။


ထို့အပြင် ပန်းကန်လုံးက မကြီးသဖြင့် စွပ်ပြုတ်လုံးဝ အေးသွားရန်အတွက် အချိန်ခဏမျှသာ ယူရလေသည်။ သူ စိတ်အားထက်သန်စွာ စောင့်နေသည်အား မြင်‌သောအခါ ရှဲ့လုယွီက သူ့အတွက် ဟင်းရည်ခပ်ဇွန်း အသေးလေးကို ရှာလိုက်သည်။ 

“ဒါကို သုံးလိုက်...” 


ကုချင်းချီက နည်းနည်းစီ စ၍ သောက်သည်။ စွပ်ပြုတ်ပူကို သူ၏အစာအိမ်က အောင့်သက်သက်ဖြင့် လက်ခံလိုက်ရပြီး နာကျင်မှုကလည်း ရုတ်ချည်းပင် လှိုက်တက်လာခဲ့သည်။ 


ရှဲ့လုယွီက ဘေးမှ မတ်တတ်ရပ်ကြည့်လျက် တစ်ချိန်တည်း၌ စိတ်ပူသွားလေသည်။

"စွပ်ပြုတ်ချည်းပဲ မသောက်နဲ့လေ... တစ်ခုခုစားလိုက်ဦး...မင်းတစ်နေ့လုံး ဘာမှမစားထားဘူးမလား... အဲဒါကြောင့် ညလယ်ခေါင်ကြီး နိုးလာပြီးတော့ ချောကလက် လိုက်ရှာနေတာမလား..." 


ကုချင်းချီ ရပ်တန့်သွားရသည်။ သူက စွပ်ပြုတ်ထဲ၌ မြေပဲကို ရှာမတွေ့သွားမီ ရှဲ့လုယွီ သူ့ကို ပေးထားသည့် ဇွန်းနှင့် အရိုးတစ်ခုကို တွေဝေစွာနှင့် တွန်းထုတ်လိုက်သည်။ မြေပဲကို စားပြီးသွားသည့်အခါ သူက သူ၏တာဝန် ပြီးဆုံးသွားသည့်အတိုင်း မည်သည့်အရာကိုမှ ထပ်၍ မထိတော့ချေ။    


ရှဲ့လုယွီ စိတ်ပေါက်သွားပြီး ကုချင်းချီ မည်သည်ကို

ဆိုလိုမှန်း သူ သေချာနားလည်သွားသည်။ 

“ မင်းက အရိုးကိုက်ရတာကို ကသိကအောက်နိုင်တယ်လို့ ထင်နေတာလား...အဲဒါကို မင်းငယ်ငယ်တုန်းက သွားတွေလိုမျိုး မကိုက်နိုင်တာမှ မဟုတ်တော့တာ..."


ပွစိပွစိပြောနေလျက်ပင် ရှဲ့လုယွီ အသားများထဲမှ အရိုးများကို စ၍ဖယ်ပေးပြီး ၎င်းတို့ကို အတုံး‌သေး‌လေး‌များ အဖြစ် ဖြတ်တောက်ပေးလိုက်သည်။ ထို့နောက် သူက ၎င်းတို့ကို ကျောက်ဒယ်အိုးထဲသို့ ပြန်ထည့်လိုက်၏။


ကုချင်းချီအား သူ ဒုတိယအကြိမ် စွပ်ပြုတ် ပြင်ပေးလိုက်ပြီး‌နောက် သူက လှည့်၍ စွပ်ပြုတ်ပန်းကန်တစ်ဝက်စာနှင့် အသားပန်းကန်တစ်ဝက်စာကို ပေးလိုက်သည်။  


ဝက်ခြေထောက်များကို နူးအိနေအောင် ချက်ထားခြင်းက ၎င်းတို့ကို ဝါးရန်ပင်မလိုအပ်ဘဲ မျိုချ၍ရသည်အထိပင်။


ဤတစ်ကြိမ်၌ ကုချင်းချီ နာနာခံခံနှင့် အားလုံးကို စားလိုက်‌လေသည်။ ထို့နောက် ရှဲ့လုယွီအား ပန်းကန်လုံးကို ပြန်ပေးလာသည်။


ရှဲ့လုယွီက ၎င်းကို သူ့ဘေးမှ ကောင်တာပေါ်က ပန်းကန်လုံးအထပ်များ၏ ထိပ်ကိုတင်လိုက်သည်။ 


ကုချင်းချီ : စိုက်ကြည့်လျက်...


“မင်းထပ်‌သောက်လို့ မရတော့ဘူး... ညသန်းခေါင်ကြီးကို အများကြီးစားလိုက်ရင် မင်း အစာအိမ်အတွက် မ‌‌ကောင်းဘူး...ပြန်ပြီးအိပ်‌‌တော့...ကိုယ်မနက်ဖြန်ကျရင် ပိုလုပ်ပေးထားမယ်"


ထို့နောက်တွင် ကုချင်းချီ သူ၏ ပန်းကန်လုံးပေါ်မှ တဖြေးဖြေး အကြည့်လွှဲလိုက်သည်။


မီးဖိုထဲမှ ထင်းမီးက ယခုထိ မငြိမ်းသွားသေးချေ။ ရှဲ့လုယွီ ပန်းကန်လုံးများနှင့် တူများကို ဘေစင်ထဲသို့ ထည့်လိုက်သည်။ သူက လက်အိတ်ကို စွပ်လိုက်ပြီး မီးပေါ်က ကျောက်ဒယ်အိုးကို ထုတ်လိုက်သည်။


ထို့ကြောင့် ကုချင်းချီကလည်း မတ်တတ်ထရပ်ပြီး ပန်းကန်များကို ဆေးကြောရန် လာခဲ့လိုက်သည်။

“‌‌ ဟိတ်...ဟိတ်..အဲဒါကို ဒီတိုင်းထားထားလိုက်..."


ကုချင်းချီ ရပ်သွားပြီး ပန်းကန်များကို ပြန်ချလိုက်သည်။ 


“အဲဒါကို မထိနဲ့...ဆီ‌‌တွေအများ‌‌ကြီးပေနေတာ...

ဟင်းခတ်အမွှေးအကြိုင်တွေကိုပဲ ကူပြီး ဗီရိုထဲပြန်ထည့်ပေး..."


ရှဲ့လုယွီက အမူအရာနှင့် စဉ်းတီတုံးပေါ်က ဟင်းခတ်အမွှေးအကြိုင်များကို ညွှန်ပြလာသည်။ ၎င်း၏ နံဘေး၌ ဓားတစ်လက်ကလည်း ရှိနေ၏။ 

“ဓားကို မထိနဲ့...ကိုယ်နောက်မှ အဲဒါကိုပြန်ထားလိုက်လို့ရတယ်...မင်းအဲဒါလုပ်ပြီးတာနဲ့ မင်းရဲ့ခွေးခြေခုံနဲ့ စောင်ကို ပြန်ယူသွားလို့ရတယ်..."


ရှဲ့လုယွီ မီးဖိုချောင်အား ရှင်းလင်းလိုက်ခြင်းက အလွန်မြန်ဆန်လေသည်။ အဆုံး၌ သူက အချက်အပြုတ်‌လည်း ကောင်း‌လေ၏။


ကြားရတာ ယုံချင်စရာမရှိပေမယ့် အိမ်မှာ ထမင်းဟင်းကို ငါကိုယ်‌တိုင်ချက်စား‌တယ်‌လေ...


ချက်ပြုတ်ခြင်းအပြင်ကို သူက ပူတင်းနှင့် ကိတ်များကိုလည်း ပြုလုပ်တတ်သေးသည်။ သူက လက်တွေ့၌ အသုံးကျ၍ ယောင်္ကျားပီသ‌သော ဇနီးတစ်ယောက်၏ ပြီးပြည့်စုံသည့် ဥပမာပင်။


ကုချင်းချီ ဟင်းခတ်အမွှေးအကြိုင်‌များကို နေရာတကျ ခပ်မြန်မြန်လေး ပြန်ထားကာ စောင်ပါးလေးကို ခေါက်လိုက်ပြီး ခွေးခြေခုံလေးကိုလည်း ထောင့်၌ ပြန်ကပ်ထားလိုက်သည်။ ထို့နောက် သူက တံခါးတွင် တိတ်တိတ်ကလေး သွားရပ်နေကာ ရှဲ့လုယွီ မီးဖိုချောင်ထဲက အရာအားလုံးကို သေသေသပ်သပ် ရှင်းလင်းနေသည်အား ကြည့်နေခဲ့သည်။ 


ရှဲ့လုယွီက မီးဖိုနှင့် ပန်းကန်များကို သန့်ရှင်းနေခဲ့သည်။ နောက်ဆုံးတွင် သူက Peppa Pig ကာတွန်းပုံ အေပရွန်လေးကို ချွတ်လိုက်သည်။


ထို့ပြင် သူက သူ၏ ကုတ်အင်္ကျီကို ကောက်ယူလိုက်၏။ သူက ၎င်းကို မဝတ်လိုက်ဘဲ ထိုအစား သူ၏ ပုခုံးပေါ်၌သာ တင်ထားလိုက်သည်။ သူ့ပါးစပ်က အကျင့်ဖြစ်နေသည့်အတိုင်း စီးကရက်တစ်လိပ်ကို ကိုက်လိုက်ပြီး တစ်ချိန်က ယုံကြည်ချက်ရှိရှိ ထိန်းမနိုင်သိမ်းမရ ရှဲ့ကော ပြန်ဖြစ်လာ‌လေသည်။


သို့သော် သူ့ပါးစပ်ထဲမှ စီးကရက်ကို ရုတ်ချည်း ပြန်ဆွဲထုတ်လိုက်ပြီး သူ့လက်ချောင်း‌များထဲ ညှပ်ကိုင်ထားလိုက်သည်။  

"သွားကြစို့..."


ကုချင်းချီ 'အင်း' ဟု အသံပြုလိုက်ပြီး သူ့နောက်မှနေ၍ တိတ်ဆိတ်စွာ အပေါ်ထပ်ကို လိုက်သွားခဲ့သည်။ 


ရှဲ့လုယွီက ယုံကြည်မှုရှိရှိ လွတ်လပ်စွာ စကားပြောနေသည့် ပုံဖြစ်နေသော်လည်း အမှန်က သူ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့ခြင်းဖြစ်သည်။


သူက အမြဲတမ်း သူပြောချင်သည်ကိုသာ ပြောပြီး သူလုပ်ချင်သည်ကိုသာ လုပ်ခဲ့သည်က အခြားလူများ သူ့အကြောင်း မည်သို့တွေးမည်ကို ဂရုမစိုက်သောကြောင့်ပင်။ 


ရှဲ့လုယွီက အနုပညာရှင်တစ်ယောက် ဖြတ်ကျော်ရမည့် ဆိုက်ဘာတိုက်ခိုက်မှုများ ၊ ချစ်သူရည်းစားရခြင်း ကောလဟာလများ နှင့် မကောင်းသတင်းများကဲ့သို့ အတက်အကျ၊ အနိမ့်အမြင့် အရာအားလုံးကို ကြုံတွေ့ပြီးဖြစ်သည်။ လူပြိန်းကြိုက်သတင်းသမားများက သူ့အား ထူးထူးခြားခြားပင် အကြိုက်တွေ့တတ်ကြလေသည်။ 


၎င်းတို့ထဲမှ မည်သူမဆို အနုပညာရှင်တစ်ဦး၏ သရုပ်‌ဆောင်အလုပ်ကို ဖျက်ဆီးပစ်နိုင်လေ၏။


သို့သော်လည်း ရှဲ့လုယွီက ထိုအရာအားလုံးကို အတွေ့အကြုံ ရှိပြီးသားပင် ဖြစ်သည်။


ရှဲ့လုယွီ ကြီးပြင်းလာခဲ့သည်က အလွန်မြန်လှသည်။ သူက လူတိုင်းထက် သစ်ပင်တစ်ပင်ကဲ့သို့ မြန်မြန်ဆန်ဆန် ကြီးပြင်းလာခဲ့ခြင်း ဖြစ်သည်။ သူက လေကြမ်းများကို ရင်ဆိုင်ရန်ဖြစ်လာခဲ့သည်။ လူတိုင်းက သူဦးကျိုးသွားပြီး အပြောအဆိုခံရရန်အတွက် စောင့်စားနေခဲ့ကြ‌လေသည်။    


သို့‌သော်ငြား ရှဲ့လုယွီက အရာအားလုံးကို ကျော်ဖြတ်ပြီး လုပ်ဆောင်နိုင်ခဲ့သည်။ 


သူက ကြီးပြင်းလာသည်ကို မရပ်တန့်စေခဲ့ချေ။ သူက လေကြမ်းများကို ကြံကြံခံပြီး သူ့လက်တံများကိုလည်း ကားထွက်နေစေခဲ့ကာ ယခင်က မည်သည့်အချိန်ကမှ မထွက်ပေါ်ခဲ့ဖူးသည့် အံ့ဩဖွယ်ရာကြီးမားထည်ဝါသည့် သစ်ပင်ကြီးသဖွယ် ကြီးထွားလာခဲ့သည်။


ရှဲ့လုယွီက လေကြမ်းများအားလုံးကို ရင်ဆိုင်ပြီး မာကြောသည့် နှလုံးသားရှိသူတစ်ဦးလည်း ဖြစ်သည်။


သူက ဆယ်ကျော်သက်အရွယ်ကတည်းကစ၍ ယခုထိ စိတ်ကြီးဝင်နေခဲ့ဆဲဖြစ်လေ၏။


စိတ်လှုပ်ရှားမှု၊ စိုးရိမ်မှု၊ ဤသို့သော ချီတုံချတုံဖြစ်ဖွယ် စိတ်ခံစားချက်များက ယခင်က သူစင်စစ်ပင်တစ်ခါမျှ မကြုံဖူးခဲ့‌သော အရာများဖြစ်လေသည်။


သူ့တွင် သူ့ကိုမုန်းတီးနေကြသော လူအမြောက်အများ ရှိသကဲ့သို့ ချစ်ခင်နှစ်သက်သော လူပေါင်းမြောက်များစွာလည်း ရှိ‌လေသည်။


ရှဲ့လုယွီက ဂရုပင်မစိုက်ချေ။ သူ့အား ရှိသမျှ လူတိုင်းက ကြိုက်နှစ်သက်ခြင်းက မဖြစ်နိုင်သော အရာသာဖြစ်သည်။ သူက သဘာဝအတိုင်း သူသာလျှင်ဖြစ်နေမည် ဖြစ်ပြီး တစ်စုံတစ်ယောက်က သူ့အား မကြိုက်သည်‌လေးနှင့် မည်သို့သောအခါမှ သူ့ကိုယ်သူ ပြောင်းလဲလိုက်မည် မဟုတ်ချေ။  


သို့‌ရာတွင် ကုချင်းချီ၏ ရှေ့မှောက်၌ သူက အလိုလိုပင် သူ၏ ကောင်းမွန်သည့် အခြမ်းကိုသာ ပြသချင်လေသည်။ 


ရှဲ့လုယွီက ကုချင်းချီအား ပျော်ရွှင်အောင် လုပ်ပေးချင်ပြီး သူနှင့်လည်း ‌ကောင်းကောင်းမွန်မွန် အဆင်ပြေပြေ ရှိချင်လေသည်။


သူ့အား စိတ်ကျေနပ်မှုလည်း ရှိစေချင်လေသည်။


ဘာလို့ဆို ကုချင်းချီက အ‌ရေးမပါတဲ့သူ မဟုတ်လို့‌ပဲလေ...


သူ(ကုချင်းချီ)က သူ့(ရှဲ့လုယွီ)နှလုံးသားကို လှုပ်ခပ်သွားစေတဲ့ လူမလို့ပဲ...


ကုချင်းချီက ကြည့်ကောင်းလို့လား.... ဒါလည်း သေချာပေါက် အရေးကြီးတာပေါ့...ငါ ဒီအသိုင်းအဝိုင်းထဲမှာ ကျင်လည်ခဲ့တာ နှစ်ပေါင်းမနည်းတော့ပေမယ့် ကုချင်းချီက ငါ တွေ့ဖူးသမျှထဲမှာ ဆွဲဆောင်မှုအရှိဆုံးလူပဲလေ... 


အစပိုင်းတွင် ရှဲ့လုယွီက ကုချင်းချီအပေါ်ကို ဖြူဖြူစင်စင် သဘောကျမှုတစ်ခု‌‌ကြောင့်သာ ငေးမောကြည့်ခဲ့ခြင်းဖြစ်သည်။ 


လူတိုင်းက လှပသည့် အရာများကို ကြိုက်ကြပြီး ရှဲ့လုယွီကလည်း ချွင်းချက်တစ်ခုမဟုတ်ခဲ့ချေ။ 


ဤလောကတွင် လှပသော အရာများအပေါ် ဂရုမစိုက်သည့် လူတစ်ယောက်ပင် မရှိ‌ပေ။ 


'ဂရုမစိုက်'သည့် လူများက ရိုးရှင်းစွာပင် သူတို့ကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေရန် လုံလောက်‌အောင်ထိ လှသောအရာတစ်ခုကို မတွေ့ဖူးကြသေး၍ပင်။ 


ကုချင်းချီကို အဝတ်လဲခန်းထဲ၌ ပထမဆုံးအကြိမ် မြင်ခဲ့ရစဉ်က အခြေအနေက အလွန်ပြင်းထန်လေသည်။ သူကလှပပြီး အင်မတန်ကို ချောမောလွန်းလေသည်။ သူက အစစ်အမှန်ပင် မဖြစ်နိုင်လောက်အောင်ကို လှပနေသည်။ 


ကုချင်းချီတွင် တုနှိုင်းမမှီသော အလှတရားရှိလေသည်။ ထိုအဝတ်လဲခန်း တံခါးကို ဖွင့်ခဲ့စဉ်က ၎င်းအလှတရားက သူ့ခေါင်းကို လာထုနှက်သွားကာ ရှဲ့လုယွီ၏ နှလုံးသားထဲကို ဟက်တက်ခွဲ၍ ဝင်ရောက်လာခဲ့ပြီး ဖျောက်ဖျက်မရနိုင်သော အမှတ်အသားကို ချန်ရစ်သွားခဲ့လေသည်။ 


ရှဲ့လုယွီ အစဦး၌ သူနှင့် ရင်းနှီးသွားရန် မရည်ရွယ်ထားခဲ့ပေ။ 

တချို့အရာတွေကို အဝေးက‌နေ ရှုစားရင်း အဲ့အရာရဲ့ အမှတ်တရ‌‌တွေကို နှလုံးသားထဲမှာ ချန်ထားခဲ့ပြီး ဖြေးဖြေးချင်း ထပ်တလဲလဲ ပြန်တွေးနေရတာက အကောင်းဆုံးပဲ...


အချိန်ကြာလာသည့်အခါ သူ လူစုလူဝေးထဲ၌ ရှိနေစဉ်တွင်လည်း စိတ်က အခြားနေရာကို ရောက်နေသည့် ပုံပေါက်နေပြီး သူ့နှလုံးသားကလည်း ရုတ်တရက်နိုင်စွာ နှစ်ချက် ခုန်ရန် မေ့သွားခဲ့လေသည်။ 


ထိုအချိန်က ရှဲ့လုယွီက ပါပါရာဇီများ ပိတ်ဆို့နေခြင်းအား အချိန်တစ်ခုကြာအောင် ခံခဲ့ရပြီး ရူးကြောင်ကြောင်နိုင်သော မေးခွန်းအတွဲလိုက်ကိုလည်း အမေးခံခဲ့ရသေးသည်။ ရှဲ့လုယွီ ဒေါသအပြည့်နှင့် အထဲကို လျှောက်လာခဲ့ခြင်းဖြစ်သည်။

[ T/N - သူတို့ ဒုတိယအကြိမ် တွေ့တုန်းကပါ ]


ထိုသူ့ဆီက အကြည့်လေးတစ်ချက်က ရှဲ့လုယွီကို စိတ်အေးသွား‌စေခဲ့သည်။


ထို့ပြင် ရှင်းမပြနိုင်သော ဆုံးရှုံးခြင်း အရသာကိုလည်း ခံစားလိုက်ရသည်။ 


ထိုသူက တူညီစွာပင် လျစ်လျူရှုထားဆဲပင်။ သူ၏ မျက်လုံး‌များထဲတွင်လည်း မည်သည်မှမရှိချေ။ သူ ရှဲ့လုယွီအား ကြည့်ရှုပုံက အခြားလူအားလုံးကို ကြည်ရှု့ပုံနှင့် အတူတူပင်ဖြစ်သည်။ 


ရှဲ့လုယွီက သူ့အတွက် ဘာမှမဟုတ်ချေ။


ရှဲ့လုယွီက အနှစ်နှစ်ဆယ်နှင့်အထက် ရှင်သန် နေထိုင်ခဲ့လေပြီး ဤသည်က သူ့အတွက် ပထမဆုံးအကြိမ်အဖြစ် လူတစ်ယောက်၏ အတွေးအမြင်အ‌ကြောင်းကို စိုးရိမ်ပူပန်ရသည်ဖြစ်သည်။ 


သူကလည်း ယခုထက်ထိ အဘယ်ကြောင့် ပုံမှန်နှင့် မတူစွာ ပြုမူနေရသည်မှန်း နားမလည်သေးချေ။ 


သို့သော်လည်း ထိုသူ့အကြောင်းတွေးနေသည်များကို မရပ်နိုင်သလို ထိုသူ့အား ချည်းကပ်နေသည်များကိုလည်း မရပ်နိုင်ခဲ့ပေ။ 


ရှဲ့လုယွီ ကုချင်းချီကို ဤနေရာ၌ လာ‌တွေ့မိသည်က

တိုက်ဆိုင်မှုတစ်ခု မဟုတ်ခဲ့ချေ။ 


ဒီလောကမှာ ဘယ်လိုလုပ် တိုက်ဆိုင်မှုတွေ အများကြီး ရှိနေနိုင်မှာတဲ့လဲ... 

သူတို့၏ ကံကြမ္မာဆွဲငင်ရာ ကြုံဆုံရခြင်းများအားလုံးက နှစ်ကြိမ် တွေ့ဆုံပြီးတည်းက အဆုံးသတ်သွားခဲ့ပြီး ဖြစ်သည်။


[ T/N - ပထမနဲ့ ဒုတိယအကြိမ်တုန်းကတော့ မတော်တဆတွေ့တာ၊ အခု တတိယအကြိမ်ကိုတော့ ရှဲ့လုယွီကိုယ်တိုင်ဖန်တီးယူလိုက်တာလို့ ပြောချင်တာပါ ]


ရှဲ့လုယွီက မိုးနတ်မင်းထံမှ သူ့အား ထောက်ခံပြီး တိုက်ဆိုင်မှု နှစ်ခုပင် ရအောင် ခွင့်ပြုပေးထားသည်အထိ ကံကောင်းပြီးနေပြီ ဖြစ်သည်။ 


နောက်ပိုင်းဖြစ်ပျက်ခဲ့သည်များ အားလုံးက ရှဲ့လုယွီ ပဏာမခြေလှမ်းအဖြစ် တစ်လှမ်း လှမ်းခဲ့ရုံသာ ဖြစ်သည်။ 


သူတို့ အတူတူရှိခဲ့သည့် အချိန်က ကောင်းကောင်းမွန်မွန်ပင် ကုန်ဆုံးသွားခဲ့သည်။ 


ထိုသူက ယခင်အတိုင်း တိတ်ဆိတ်‌နေပြီး ၊ သူ့ကိစ္စသူသာ တွေးလျက် ၊ လှပနေကာ ၊ အခြားလူများ၏ အကြည့်‌များကို ဥပေက္ခာပြုထားဆဲပင် ဖြစ်သည်။


သူက အေးစက်စက်နိုင်လိုက်တာ...


ဖြည်းဖြည်းချင်ပင် သူက ထိုသူ့အကြောင်းကို မြင်တတ်လာပြီး သင်ယူလာရလေသည်။ 


သူ့နာမည်က ကုချင်းချီဆိုတာကို သိပြီးပြီ...


ကုချင်းချီက ပျင်းရိနေပုံပေါ်ပြီး တကယ်လည်း ပျင်းရိနေတတ်တာ‌‌ကိုရော...


သူ့ကို ပေးလာတဲ့တာဝန်တွေကို လုပ်ဖို့ စိတ်မပါဘူးဆိုရင်တောင် သူက အလေးနက်ထားပြီး အောင်မြင်အောင် လုပ်နေဦးမှာပဲဆိုတာကိုရော ငါ သိပြီးသား....


ကုချင်းချီက တစ်ယောက်တည်းပဲ အမြဲ တိတ်တိတ်ဆိတ်ဆိတ် နေရတာကြိုက်ပြီး အားငယ်တတ်တဲ့ စိတ်နေသဘောထား ရှိတာကိုလည်း ငါ သိပြီးသား... 


ကုချင်းချီက သူ့ဘာသူပဲ ရှိနေတဲ့ တချို့အချိန်တွေမှာဆိုရင် အထိရှလွယ်တဲ့ အမူအရာကို ဖော်ပြလေ့ရှိမှန်းလည်း ငါ သိပြီးပြီ... 


ကုချင်းချီ ချောကလက်ကို တကယ်မကြိုက်ဘူးဆိုတာရော...ခါးတဲ့အရာတစ်ခုခု စားပြီးတာနဲ့ နည်းနည်းလောက် မပျော်မရွှင်ဖြစ်လာတတ်မှန်းလည်း ငါ သိပြီးသွားပြီ...


ကုချင်းချီက ကျွေးမွေးဖို့ လွယ်ကူတဲ့ ပုံပေါ်ပေမယ့် အမှန်က ကြေးများတတ်တဲ့ အစားသောက်သမားလေးမှန်းလည်း ငါ သိပြီးသား...


ဤသို့ဆိုလျှင်ပင် သူက ထိုသူလေးနှင့် ပိုရင်းနှီးချင်နေဆဲပင်ဖြစ်သည်။ 


၎င်းက သူ ရေဆာနေသည့် အချိန်တွင် အဆိပ်သောက်နေရသကဲ့သို့ သောက်လေသောက်လေ ရေငတ်မ‌ပြေ‌လေ ဖြစ်၍ နက်ရှိုင်းသထက် နက်ရှိုင်းကာ နစ်မြှုပ်လာခဲ့သည်။ 


ရှဲ့လုယွီက အမှန်တကယ်တွင် အလွန်ထက်မြက်လေသည်။ သူက သရုပ်ဆောင်တစ်ဦး ဖြစ်ပြီး သရုပ်ဆောင်ရာ၌လည်း အတော်လေး ပါရမီရှိလေသည်။ 


သူက အခြားအရာများကိုလည်း ကြည့်ရှုနေတတ်လေသည်။ 


ရှဲ့လုယွီက သေးငယ်လှသည့် လှုပ်ရှားမှုများ၊ မသိစိတ်အရ ဖြစ်ပျက်သွားမှုများ နှင့် စိတ်ခံစားချက်များထဲ၌ သိမ်မွေ့စွာ ပြောင်းလဲသွားခြင်းများမှ ဖုံးကွယ်ထား‌သော ဆိုလိုရင်းများအား မလွဲတမ်း သတိထား‌ လေ့လာတတ်လေ့ရှိသည်။ 


အခြားတစ်ဖက်မှ ပြောရလျှင် ရှဲ့လုယွီ၏ အရည်အချင်းက လူတစ်ယောက်၏ ခန္ဓာကိုယ်လှုပ်ရှားမှုများအား ဖတ်ရှုတတ်ပြီး ၎င်းက ကြောက်မက်ဖွယ်ရာ အဆင့်အထိ ထက်မြက်လေ၏။ 


သို့သော်လည်း ရှဲ့လုယွီက ဤအရည်အချင်းကို မည့်သည့်အခါမှ တစ်ယောက်ယောက်အား စိတ်ကျေနပ်‌စေရန် သို့မဟုတ် တစ်ယောက်ယောက်၏ အကြိုက်ကိုရယူနိုင်ရန်အတွက် အသုံးချဖူးခြင်း မရှိချေ။ သူက ထိုသို့ ပြုလုပ်ရသည်အား စက်ဆုပ်လေပြီး ထိုသို့ပြုလုပ်ရန် လိုအပ်သည့်‌ နေရာလည်းမရှိခဲ့ချေ။ သူ သရုပ်ဆောင်သည့်အခါ အလေးအနက်ဖြစ်လာပြီး သူ၏ ဇာတ်ကောင်ကို နားလည်နိုင်ပြီး စိစစ်ပိုင်းခြားနိုင်ရန် အတွက်သာ ဤအရည်အချင်းကို အသုံးပြုလေ့ရှိခဲ့သည်။ 


တစ်ချိန်က တစ်စုံတစ်ယောက်အား အကြိုက်တွေ့စေရန် ဤကျွမ်းကျင်မှုကို သူမည်မျှကြာမှ အသုံးပြုရန် လိုအပ်လာလိမ့်မည်လဲဟူ၍ သူတွေးကြည့်ခဲ့ဖူးသည်။


အခုတွင်မူ ဤအရည်ချင်းကို သူက ကုချင်းချီအပေါ်သို့ ထိုသူပျော်ရွှင်ရန်အတွက် အကောင်းဆုံးလုပ်ပေးချင်သည့်အတွက် ကြိုးစားရန်သာ သုံးလိုက်လေသည်။


ထို့ကြောင့်ပင် ကုချင်းချီ ပျော်ရွှင်သည့် အချိန်များနှင့် မပျော်ရွှင်သည့်အချိန်များတွင် မျက်မှောင်ကြုတ်လိုက်ရသည့် အကြောင်းရင်းကိုပင် သူသိလာနိုင်၏။ 


ငါက နှာဘူးတစ်ယောက်လိုပဲ....


ထို့အတွက် ကုချင်းချီက ရှဲ့လုယွီကို အမှန်တကယ့်ကို သိပ်မကြိုက်နေမှန်း ရှဲ့လုယွီ သိ‌နေရခြင်းပင် ဖြစ်သည်။



🏠🏠đŸ