အပိုင်း ၂၂၇-၂၂၈
Viewers 23k

Part 227


ယွဲ့စုန်အောက်တိုဘာလ၏ရွှေရောင်နေ့ရက်

များအတွင်းခရီးထွက်နေကြသောကျန်းယန်ရှန့်နှင့်သူမ၏အတန်းဖော်များရိုက်ထားသောဗီဒီယိုအားမြင်သောအခါအံ့ဩသွားရသည်။ အဘယ်ကြောင့်ဆိုသော် နေရာထိုင်ခင်းကအရမ်းဆင်းရဲနုံချာနေသောကြောင့်ဖြစ်သည်။  


ယွဲ့စုန် ဤအသက်အရွယ်ရောက်သည်ထိ သူကြုံတွေ့ခဲ့ရသောအဆိုးရွားဆုံးအခြေအနေကိုပြောပါဆိုလျှင်သူယခုနေထိုင်နေသော ရေချိုးခန်းနှင့်တွဲလျက်မဟုတ်သောလေးယောက်အိပ်ခန်းနှင့်တက္ကသိုလ်အဆောင်ပင်ဖြစ်သည်။အမှန်အတိုင်းဆိုရလျှင် သူ့၌ ဤကဲ့သို့ဆိုးရွားသောအခြေအနေများနှင့်တွေ့ကြုံစရာအကြောင်းမရှိပေ။ 


ကျန်းယန်ရှန့်နှင့်အခြားသူများနေထိုင်နေသောတည်းခိုခန်းအခြေအနေကသူ့မျက်လုံးနှင့်ကိုယ်တိုင်မတွေ့ရသေးခင်အထိ အ‌ဆင်ပြေနေသေးသော်လည်း မြင်တွေ့လိုက်ရသောအခါ သူမကဲ့သို့ချမ်းသာသောမိသားစုမှဆင်းသက်လာသောမိန်းကလေးက ထိုနေရာမျိုးကိုသွားသည်ဆိုသည်ကိုသူမယုံကြည်နိုင်ပေ။ 


ထိုကလေးများက ရေချိုးခန်းပုံစံကို ဗီဒီယိုပင်ရိုက်ထားလိုက်ကြသေးသည်။ ထိုင်အိမ်သာဖြစ်ပြီး အခန်းကအတော်ကျဉ်းလှသည်။ ရေပန်းခေါင်းကလည်း ထိုထိုင်အိမ်သာခွက်အထက်၌တပ်ဆင်ထား

သည်။ 


ဗီဒီယိုထဲ၌သူတို့ပြောနေသောစကားများကို


ယွဲ့စုန်ကြားနေရသည်။ 


"ငါ့ခြေထောက်ချော်ကျသွားရင်ဘယ်လိုလုပ်မလဲ…"


"တကယ်လို့ ချော်ကျသွားတယ်ဆိုရင်ကော နင်ဘယ်လိုပြန်ဆွဲထုတ်မလဲ…"


"အားးးး အရမ်းရွံစရာကောင်းတာပဲ…"


"ရေမချိုးခင်အရင်ဆေးလိုက်ဦးနော် ဟားဟားဟား…"


" ရားးး တော်တော့ ဆက်မပြောနဲ့တော့…"


ကင်မရာရိုက်နေရင်း ယောက်ျားလေး၊မိန်းကလေးအားလုံး ပြိုင်တူရယ်ကြတော့သည်။ ကျန်းယန်ရှန့်ပင်ပြုံးသွားသည်။ သူမပုံစံက ထိုအခြေအနေများကြောင့်စိတ်ဆင်းရဲနေပုံတစက်မှမပေါ်ပေ။ ခရီးထွက်ရသည်ကိုပျော်နေပုံပေါ်သည်။ သူ့ကိုယ်သူသည်းခံနိုင်လှပြီဟုထင်နေခဲ့ဖူးပြီး ကိစ္စတော်တော်များများကိုလည်း စိတ်ထဲ၌အကြာကြီးမခံစားနေပေ။ သို့သော် သူ‌မျှော်မှန်းထားသည်နှင့်တခြားစီဖြစ်နေပြီး ကျန်းယန်ရှန့်ကသူ့ထက်ပင်ပို၍သည်းခံနိုင်စွမ်းကောင်းလှသည်။ 


ကျန်းယန်ရှန့်နှင့်ရှုလီချန်း ဆိုသော နှစ်ယောက်က အရင်ဘဝ၌ ပြင်းထန်သောအားကစားနည်းမျိုးစုံ ၊အမျိုးမျိုးသောစိန်ခေါ်မှုများ ပြုလုပ်ရန် ရူးရူးမူးမူးဖြစ်ခဲ့သည်ကိုသူမသိချေ။ သူတို့သည်ပြင်းထန်လှသောမည်ကဲ့သို့ အခြေအနေမျိုးကိုမဆိုလက်ခံရန်တွန့်ဆုတ်နေခြင်းမျိုးမရှိကြပေ။ 


ယွဲ့စုန်ကိုယ်တိုင်သတိမထားမိဘဲမျက်မှောင်ကြုံ့မိလိုက်သည်။ 


သူ သူမအား ရွှယ်ရှင်းထုန်ကိုယ်တိုင်အစီအစဉ်တင်ဆက်သူလုပ်ခဲ့သောလူမှုကူညီရေးအခမ်းအနားတစ်ခု၌တွေ့ခဲ့သောအချိန်အားရှင်းလင်းစွာမှတ်မိလာသည်။ ထိုအချိန်၌ သူမ၏ဝတ်ပုံစားပုံ၊စိတ်နေသဘောထား၊အပြုအမူများက ခက်ထန်သယောင်မထင်ရပေ။ ယခုဖြင့် သူ  မသေချာသလိုဖြစ်နေသည်။ 


သူမအား သူမအမေအသက်ရှိစဉ်ကသာ ကောင်းမွန်စွာပြုစုပျိုးထောင်ခဲ့လျှင် ၊ သူမ၏မိထွေးအားလွှဲပြောင်းပေးထားသော ရင်းနှီးမြုပ်နှံငွေပမာဏယွမ်သန်းပေါင်းများစွာသာ အပေါ်ယံမျှဖြစ်သည်ဆိုလျှင် မည်သို့ဖြစ်နိုင်မည်နည်း။ 


ယွဲ့စုန်သူ၏မေးစေ့အားကိုင်ကာ ခတ္တမျှစဉ်းစားပြီးနောက် စမ်းသပ်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။ 


သူ သူမအတန်းဖော်များ၏ account များမှ သူမ၏ဗီဒီယို 10 ပုဒ်လောက်အားရွေးယူလိုက်ပြီး စုစုပေါင်း ဆုကြေးငွေ ယွမ်100000 အားပေးလိုက်သည်။ ထိုကလေးများ၏ဉာဏ်ရည်ထက်မြက်မှုနှင့်ဆို သူက ထိုဆုကြေးငွေအား ကျန်းယန်ရှန့်ကို တိုက်ရိုက်ပေးခြင်းဖြစ်သည်ဟု သူတို့အတိအကျပြောနိုင်မည်မှာထင်ရှားသည်။ 


ဤသို့ဆိုလျှင် မည်သို့တုန့်ပြန်မည်ကို သူစောင့်ကြည့်ရပေမည်။ 


အားလပ်ရက်ပြီး ရက်အနည်းငယ်ကြာပြီးနောက် ထို account ပိုင်ရှင်များက ရုတ်တရက် တူညီသော ဗီဒီယိုကိုရိုက်တင်လိုက်သည်။ 


ဗီဒီယိုထဲ၌ အားလုံးကိုယ်စားမိန်းကလေးတစ်ဦးက 


"သင်ရဲ့‌ဆုကြေးငွေအတွက်ကျေးဇူးတင်ပါ

တယ်…ကျွန်မတို့အားလုံးတကယ်ဝမ်းသာရပါတယ်…ဒါပေမယ့်လည်း ကျွန်မတို့ကဒီဗီဒီယိုကို အပျော်သက်သက်ပဲရိုက်ခဲ့ကြတာပါ…ပိုက်ဆံအတွက်မဟုတ်ပါဘူး…ကျွန်မတို့ကခုမှ အထက်တန်းကျောင်းသား ကျောင်းသူလေးတွေပဲရှိပါသေးတယ်… ပြီးတော့ လုပ်ရတဲ့စာတွေကလည်းအရမ်းများနေတော့ ဒီဗီဒီယိုလေးကိုအားလပ်ရက်အပန်းဖြေချိန်လေးအမှတ်တရဖြစ်သွားအောင်ရိုက်ထားယုံသက်သက်ပါ…အခုတော့ ကျွန်မတို့အားလုံးစာကိုပဲအာရုံစိုက်သင့်တယ်ထင်

ပါတယ်… အထူးသဖြင့်ကျွန်မတို့ရဲ့သူငယ်ချင်းလေးကို လည်းမနှောင့်ယှက်ချင်တော့ဘူး…"


" ဒီမှာပါ…ဒါကတော့ကျွန်မတို့ရဲ့သူရဲကောင်းမလေးပါ…သူကနောက်နောင် ဒီလိုဗီဒီယိုတွေမလုပ်တော့ဖို့ဆုံးဖြတ်လိုက်ပါတယ်…ဒါကြောင့်ကျွန်မတို့ ရှေ့လျှောက် နေ့စဉ်မှတ်တမ်းဗီဒီယိုအချို့လောက်ပဲတင်ပါတော့မယ်…ဇာတ်လမ်းအတိုအထွာလေးတွေရိုက်ပြီးတင်ခြင်းမျိုးရှိတော့မှာမဟုတ်ပါဘူး…နောက်ဆုံး‌အနေနဲ့ ကျွန်မတို့ကို လမ်းတလျှောက်လုံးအားပေးခဲ့တဲ့ လူတိုင်းလူတိုင်းကို အထူးအထူးကျေးဇူးတင်ပါတယ်…အထူးသ

ဖြင့်ဆုကြေးငွေပေးခဲ့တဲ့ ကျေးဇူးရှင်လေး…ကျေးဇူးအရမ်းတင်ပါတယ်ရှင့်…"


ဗီဒီယိုထွက်ထွက်လာချင်းပင် ကျန်းယန်ရှန့်က ယွဲ့စုန်အားလေလှိုင်းမှတုံ့ပြန်လိုက်၍ ယွဲ့စုန်စိတ်သက်သာရာရသွားသည်။  


အကယ်၍ သူမ ငွေကြေးနှင့်ပတ်သက်၍လောဘရှိခဲ့သော် ဆုကြေးငွေရပြီးနောက် ထိုနည်းလမ်းဖြင့်ငွေရှာခြင်းကိုသဘောကျခဲ့သည်ရှိသော် နောက်ထပ်‌ဗီဒီယိုများစွာထပ်ရိုက်ဖြစ်လိမ့်မည်။ သို့သော်သူမမလုပ်ခဲ့ပေ။ ထို့ကြောင့်ယွဲ့စုန်စိတ်သက်သာရာရခဲ့ခြင်းဖြစ်သည်။  


ထိုအကြောင်းအရာအားစဉ်းစားကြည့်သော် ဘယ်လို‌အကြောင်းကြောင့်နှင့်ပင်ဖြစ်စေ ရှင်းနမ်အုပ်စုက သူတို့ကလေးများကို ငွေကြေးနှင့်ပတ်သက်ပြီးထိခိုက်နစ်နာစေနိုင် သောအကြောင်းများကိုလုပ်ခိုင်းလိမ့်မည်မဟုတ်ပေ။ 


သူ အစိုးရိမ်လွန်ခဲ့ခြင်းသာဖြစ်သည်။ 


ထို့အချိန် ယွဲ့စုန်၏စိတ်၌ တစ်စုံတစ်ယောက်အတွက်စိုးရိမ်ပေးတတ်နေသည်ကို ယွဲ့စုန်ကိုယ်တိုင်ပင်မသိခဲ့‌ပါ။ 


သူနှင့်ကျန်းယန်ရှန့်ကြား အကွာအဝေးတစ်ခုခြားနားနေသည်ဟု ခံစားနေရသည်။ သူက တိုက်ရိုက်ရင်မဆိုင်သော်လည်းပဲ ကျန်းယန်ရှန့်အား ဂရုစိုက်မှုအများကြီးပေးနေမိပြီဖြစ်သည်။ 


သူ သူမအားစမ်းသပ်ရန် ယွမ်100000 ခန့်သုံးလိုက်သည့်အချိန်၌ သူဖြစ်နိုင်ခြေတစ်ခုအားမှန်းကြည့်နေမိသည်။ ထိုဖြစ်နိုင်ခြေက ကျန်းယန်ရှန့်ကြမ်းတမ်းစွာပြောဆိုလိမ့်မည်ဟုဖြစ်သည်။ အကယ်၍ ထိုခန့်မှန်းချက်က မှန်ခဲ့သည်ရှိသော် ယွဲ့စုန် ဤကဲ့သို့ ဆက်ထိုင်နေမည်မဟုတ်။ သူ သေချာပေါက် ထွက်သွားပြီးထိုကိစ္စအတွက်ရင်ဆိုင်ဖြေရှင်းမည်ဖြစ်သည်။  


ထိုအတွေးအခေါ်က သူ၏ဦးနှောက်ထဲ၌ရှိနေသော အကြောင်းအရာတစ်ခုဖြစ်သော်လည်း ၎င်းကဖြစ်ခဲ့သည်လားဆိုတာကိုတော့မသေချာပေ။ 


သူ ဘေးမှကြည့်မနေတော့ဖို့ဆုံးဖြတ်ခဲ့သော်


လည်းပြင်းထန်စွာပြောဆိုဆက်ဆံလာနိုင်သောကျန်းယန်ရှန့်အား ကူညီပေးဖို့တော့စီစဉ်နေမိသည်။ 


လက်တွေ့၌ သူ့အား ထိုအခွင့်အရေး မပေးခဲ့ချေ။ 


……


သူမ အထက်တန်းဒုတိယနှစ်နောက်ပိုင်းတွင် အမြဲလိုလို ကိုယ်တိုင်လေ့လာခြင်းမျိုးလုပ်ခဲ့ပြီး ပျော်ရွှင်စရာဘဝတစ်ခုကိုဖြတ်သန်းခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ အချိန်ကြားပိုင်းတစ်ခုက လူအများကို တွေဝေစေနိုင်သည်ဟု ကျန်းယန်ရှန့်ခံစားလာရသည်။ 


ထိုတွေဝေနေမိသောအချိန်များသည် တစ်နေ့တာ၌ အရှည်ကြာဆုံးသောအချိန်ဟုပင် သူမခံစားလာရသည်။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် စာသင်နှစ် တစ်ဝက်က ကုန်ဆုံးသွားပြီး နောက်ဆုံးစာမေးပွဲတစ်ဖန်ဖြေဆိုချိန်ကျရောက်လာခဲ့သည်။ 


နောက်ဆုံးစာမေးပွဲမစခင်တချိန်က လျန့်ယင်းယင်းက ကျန်းဟွမ်အား ကြိုတင်ပြောခဲ့သည်။ 


"ကျွန်မသူငယ်ချင်းရဲ့မိသားစုဝင်တစ်ယောက်က အားလပ်ရက်ကို သူတို့နဲ့တူတူကုန်ဆုံးဖို့ ဖိတ်ထားတယ်…"


လျန့်ယင်းယင်း၏ဆွဲဆောင်မှုက ကျန်းဟွမ်အတွက်တော့ နွမ်းခြောက်နေသောအဝါရောင်ပန်းပွင့်လေးပမာ စိတ်ဝင်စားဖွယ်ဖြစ်မနေချေ။ ကျန်းဟွမ်၏နှလုံးသားအားပြန်လည်ရရှိရန် သူမနည်းလမ်းမျိုးစုံကြိုးစားခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် အရာအားလုံး သဲထဲရေသွန်သလိုပင်အရာမရောက်ဖြစ်ခဲ့ရ

သည်။ အသက် 30 အရွယ်အမျိုးသမီးတစ်ယောက်ဖြစ်သော သင်က သင့်ကိုယ်သင် လှနေသေးတယ်ဟုခံစားနေရသေးရင် ဘာကြောင့် အပြင်က အသက် 20 အရွယ်ကောင်မလေးတွေနဲ့ ယှဉ်ပြိုင်နေရတာလဲ။ 


လျန့်ယင်းယင်း ကျည်ကုန်သွားခဲ့ပြီ။ 


ကျန်းဟွမ်က သူမ၏တည်ရှိမှုအား ဂရုမစိုက်သော်လည်းကျန်းဟယ်လင်းနှင့်ကျန်းရှို့ချန်ကြောင့်သာ သူမအား မစွန့်လွှတ်ခဲ့ပုံရသည်။ ထို့ကြောင့် လျန်းယင်းယင်းက သူမကိုယ်တိုင်လက်လွှတ်ရန်စတင်လိုက်သည်။ အရင်ကအတိုင်း ကျန်းဟွမ်အား ထမင်းခူးပေးခြင်းမျိုးမလုပ်ပေးတော့ချေ။ ကျန်းဟွမ်ကိုယ်တိုင်ကလည်း သူမအား သူ့ကိုပြုစုရန်အခွင့်အရေးမပေးခဲ့ချေ။ 


ထို့နောက် သူမဘာသာပျော်ရွှင်စွာနေရန် ဆုံးဖြတ်လိုက်တော့သည်။ 


သူမကလေးများအား အားလပ်ရက်ထိန်းရခြင်းကိုစိတ်ညစ်နေသည်ဟု ကျန်းဟွမ်ကြားကြားချင်းသိခဲ့သည်။ အမှန်၌ သူဂရုမစိုက်ခဲ့ခြင်းဖြစ်သည်။ သူက သူမအား သူ့ကိုတိတ်တိတ်ဆိတ်ဆိတ်နှင့်တစ်ယောက်တည်းထားစေချင်ခဲ့၍ဖြစ်သည်။ 


" ကောင်းပြီ သွား သွား " 


 သူပြောလိုက်သည်။ 


ဤအရာက လျန့်ယင်းယင်းလိုချင်နေသောအရာဖြစ်သည်။ သို့ပေမယ့် ကျန်းဟွမ်၏အမူအရာ၊စိတ်နေစိတ်ထားတို့တွင် အလေးမထားသောအပေါ်ယံကြင်နာမှုများက သူမ၏နှလုံးသားထဲတွင်ခါးသီးနေဆဲပင်‌ဖြစ်သည်။ 


သူမ လှသွေးကြွယ်သော ငယ်ရွယ်နုပျိုချိန်၌ ထိုလူက " ရှောင်ယင်းယင်း ကိုယ်နဲ့အတူ တစ်သက်လုံးနေပေးပါနော်…" ဟု ပြောခဲ့သည်။ သို့သော် 10 နှစ်ခန့်ကြာပြီးနောက် ထိုစကားလုံးများအဘယ်သို့ရောက်သွားသနည်း။ 


သူမ၏ လိမ္မာပါးနပ်မှုအတွက်ကျေးဇူးတင်မိ၏။ သူမက သူ့အတွက် ကလေးနှစ်ယောက်မွေးထုတ်ပေးပြီး သူမတစ်ဘဝစာလုံးအတွက် ထမင်းစားလက်မှတ်ကို အခိုင်အမာယူထားနိုင်ခဲ့သည်။ 


.


Xxxxx


Part 228


ကျန်းယန်ရှန့် စာမေးပွဲပြီးသောနေ့တွင် သူမက

ကျန်းဟွမ်ကို 


" ဒီအားလပ်ရက်မှာ သမီးအတွက် အလုပ်သင်ဆင်းဖို့တို့ ဘာတို့ မစီစဉ်ထားနဲ့နော်…ဘာဆိုဘာမှမလုပ်ထားနဲ့…"


ကျန်းဟွမ်က


" ဘာဖြစ်လို့လဲ…"


"အားလပ်ရက်ခရီးထွက်ချင်တယ်…သမီးနားချင်လို့ပါ…"


ကျန်းဟွမ်က ပြုံးကာ 


" အိုးး အရင်က သမီးကခရီးထွက်ရတာမကြိုက်ဘူး အိမ်မှာပဲနေချင်တာလို့ ပြောခဲ့တာဘယ်သူပါလိမ့်…"


ကျန်းယန်ရှန့် ကျန်းဟွမ်အား စိုက်ကြည့်ကာ မိန်းခွန်းစခြွေတော့သည်။ 


" မနက်ခင်းဆို ကျောင်းကို 7:20 ထက်နောက်မကျအောင်သွားရတယ်…ညနေဘက်ဆို 8:40 လောက်မှအပြင်ထွက်ရတယ်…အဲ့ဒါ စာသင်နှစ်တစ်ခုလုံးပဲ…အခုကျတော့ကော…သမီးမှာနားချိန်ဆိုတာတောင်မရှိဘူး…သမီးသေတာကိုမြင်ချင်နေတာလား…"


" အိုး ဖွဟဲ့ လွဲပါစေချော်ပါစေ…နိမိတ်မရှိတာတွေမပြောစမ်းပါနဲ့…"


ကျန်းဟွမ်မြန်မြန်ဆန်ဆန်ပင်


" သွား…သွားကစား..သွား…ရတယ်..သွား… အဖေ့ရဲ့လက်ထောက်ကိုသမီးအတွက် လေယာဉ်လက်မှတ်ရယ် ဟိုတယ်ရယ် ကြိုစီစဉ်ခိုင်းထားလိုက်မယ်… ကဲသမီးအနားယူလို့ရတယ်နော်…အဖေ့သမီးလေးကိုမပင်ပန်းစေချင်ပါဘူး…"


ထမင်းစားစားပွဲ၌ပြောနေကြခြင်းဖြစ်သည်။ ကျန်းဟယ်လင်းကသူတို့ပြောနေသည်များကိုကြားသောအခါ စိတ်အားထက်သန်စွာစောင့်ကြည့်နေသည်။ 


ကျန်းယန်ရှန့် ခဏကြည့်လိုက်သည်။ 


သုံးဆယ်စက္ကန့်ခန့်မျှ။ 


နောက်ဆုံး သူမ ကျန်းဟွမ်အားမေးလိုက်သည်။ 


" အဖေ သူတို့အတွက်ကော တစ်ခုခု စီစဉ်ထားသေးလား…"


"မရှိဘူး…"


 ကျန်းဟွမ်ပြောလိုက်သည်။ 


" သူတို့အမေက မနေ့ကရှောင်ပြေးသွားပြီး ခရီးထွက်သွားပြီ…အခု သူတို့ကိုစောင့်ရှောက်မယ့်သူဘယ်သူမှမရှိတော့ဘူး…သမီးသူတို့ကို တစ်ခုခုလုပ်ပေးလို့ရတာပဲ…"


" အဖေက ကျန်းရှို့ချန်ကို စောင့်ရှောက်…"


"သမီးက ဟယ်ဟယ်လေးကို ကြည့်လိုက်မယ်…"


ထိုစကားကို ကျန်းဟယ်လင်းကြားသွားသောအခါ သူမ၏မျက်နှာလေးတစ်ခုလုံး လန်းဆန်းသွားသည်။ သူမ ဘယ်လိုတောင်အပြောင်းအလဲမြန်တာလဲ…


" ဒီကလေးလေးကိုကြည့်ပါဦး…"


ကျန်းဟွမ်ကသူမ၏နှာခေါင်းလေးအားဆွဲညှစ်လိုက်ကာ


"အစ်မနဲ့ပျော်ပျော်နေ… လျှောက်ပြေးမနေနဲ့ဦး…"


ကျန်းရှို့ချန်လည်း စူးစိုက်ကြည့်နေခဲ့သည်။ 


ကျန်းယန်ရှန့်တစ်ယောက် မျက်ခုံးပင့်လိုက်ပြီး အဝေးကိုကြည့်ကာ သက်ပြင်းချလိုက်မိသည်။ 


နှစ်ရက်ကြာပြီးနောက် စာမေးပွဲအောင်စာရင်းထွက်လာသည်။ ကျန်းယန်ရှန့်၏အဆင့်ကတော့ အရင်နှင့်တူတူပင်ဖြစ်သည်။ 


ထူးချွန်သူများကတော့ ထုံးစံအတိုင်းအဆင့်တက်လာကြသည်။ 


ကျန်းယန်ရှန့်ကိုအံ့ဩစေခဲ့သည်က ရှုလီချန်၏ အဆင့်ပင်ဖြစ်သည်။ သူ၏အဆင့်အများကြီးတက်လာသည်။ သူ ကောင်းစွာပြန်လည်မွေးဖွားလာခြင်းပေလား။ 


မည်သို့ပင်ဖြစ်စေကာမူ ထိုအရာက ပျော်စရာကောင်းသောအရာတစ်ခုပင်ဖြစ်သည်။ 


ဤသို့ဖြင့် ဆောင်းရာသီအားလပ်ရက်အတွင်း ကျန်းယန်ရှန့်က ကျန်းဟယ်လင်းအား သူနှင့်အတူခေါ်ခဲ့ကာ သူတို့ပထမဦးဆုံးနှင်းလျှောစီးရန် ဥေရာပရှိနှင်းဖုံးတောင်သို့အလည်လာခဲ့သည်။ ထို့နောက် ရေကစားရန်နှင့် နေပူဆာလှုံရန် ကမ်းခြေတစ်ခုသို့ထွက်ခဲ့သည်။ ထိုနေရာ၌ရှိသော ရေပူစမ်းချောင်းက အရမ်းပင်ဇိမ်ရှိလှသည်။ 


ညီအစ်မနှစ်ယောက်လုံး ရေကူးဝတ်စုံဆင်တူ နေကာမျက်မှန်ဆင်တူနှင့် ပက်လက်ကုလားထိုင်ပေါ်တွင် အ‌အေးလေးသောက်ကာ နေပူစာလှုံရင်း လဲလျောင်းနေကြသည်။ သူတို့ဆိုးထားသော လက်သည်းနီအရောင်များကလည်း နေရောင်အောက်၌ တောက်ပနေသည်။ 


" ဒါအရမ်း နှမျောစရာကောင်းတာပဲ…ကျောင်းပြန်ဖွင့်ပြီဆိုသမီးအစ်မအဝတ်တွေဝတ်လို့ရတော့မှာမဟုတ်ဘူး…"


ဟု ကျန်းဟယ်လင်းက သူမ၏လက်ကလေးများကိုမြှောက်ကာ သက်ပြင်းချနေသည်။ 


သူမက ကိုယ်ပိုင်အထက်တန်းကျောင်း၌တက်နေခြင်းဖြစ်ပြီး ကျောင်းဝတ်စုံကအရမ်းသက်သောင့်သက်သာရှိသည်။ မိန်းကလေးများတွင် ခြုံလွှာလေးများရှိကြပြီး စကပ်စတိုင်မျိုးစုံဝတ်ဆင်နိုင်ကြသည်။ အချို့အကြီးတန်းများဆိုလျှင် မိတ်ကပ်ပါးပါးလေးပင်လိမ်းနိုင်ကြသည်။ 


"အင်း အဲ့ဒါကောင်းတာပဲ…"


ကျန်းယန်ရှန့် သူ့မလက်အား ခေါင်းအောက်ထားလိုက်၍


" ငါတို့ကျောင်းမှာဆိုရင် အင်္ဂါနေ့ကနေ အနည်းဆုံးသောကြာနေ့လောက်ထိစကပ်ကလွဲရင်ကျန်တဲ့အဝတ်အစားကြိုက်တာဝတ်လို့ရ

တယ်…နင်လည်းသိမှာပေါ့ တစ်ချို့အစိုးရကျောင်းတွေမှာဆိုရင် မိန်းကလေးတွေကဆံပင်ကိုနားအထက်ထိ‌တိုအောင်ညှပ်ကြရတာ…အဲ့တော့သူတို့ခေါင်းတွေကဖရဲသီးတွေလိုပဲ ကြည့်ရသိပ်ဆိုးတာ…အမှန်ကတော့ရည်းစားမထားကြအောင်ပေါ့…အဲ့လိုကြည့်ရဆိုးနေတော့လည်းကြိုက်မယ့်သူဘယ်သူရှိဦးမှာလဲ…"


ထိုအချန်မှ ကျန်းဟယ်လင်းက


" တော်သေးလို့ပေါ့ အဲ့လိုကျောင်းမျိုးမသွားမိတာ…အစ်မ အဲ့ဒါဘာလဲ…မြည့်ကြည့်ရအောင်…"


"သွားစမ်းပါ…"


ကျန်းယန်ရှန့် သူမခေါင်းလေးအားတွန်းလိုက်ပြီး


"ဒါကို နင်သောက်လို့မရဘူး…နင်က‌ကလေးပဲရှိသေးတာ…ကိုယ့်ဖျော်ရည်သာကိုယ်သောက်စမ်းပါ…"


" အစ်မ…အစ်မလည်းကလေးပဲရှိသေးတာလေ…"


အစ်မဖြစ်သူက သူမအားဆက်အာရုံစိုက်မနေတော့ဘဲ သူမ၏ဝိုင်ကိုသာဆက်သောက်နေလိုက်သည်။ သူမ၏အစ်မက သူမအားဖျော်ရည်သာသောက်ခိုင်း၍ သူမအစ်မသောက်နေသည့်အရာအားစူစမ်းချင်နမိသည်။ 


" အစ်မ… အစ်မမှာကောင်လေးရှိနေပြီလား…"


ကျန်းယန်ရှန့် : "..."


"အဲ့ဒီအရေးမပါတာတွေကိုဂရုစိုက်မနေစမ်းပါနဲ့…"


" သမီးတို့အတန်းထဲမှာရှိသမျှလူတိုင်း ရည်းစားရှိကြတယ်…ရှို့ရှို့ရယ် အခြားအတန်းကလူတွေကောပဲ…"


ကျန်းရှို့ချန်က တတိယတန်းသာရှိသေးသည်။ ကလေးတွေကကလေး‌တွေမှဟုတ်တော့ပါရဲ့လား။


ကျန်းယန်ရှန့် သူမနေကာမျက်မှန်အားချွတ်လိုက်ကာ 


" ရှို့ရှို့က ကျောင်းကမိန်းကလေးတွေကို ရိုင်းစိုင်းနေတုန်းပဲလား…"


ကျန်းဟယ်လင်းက


" သူကမရိုင်းပါဘူး…ရိုင်းလို့လား…"


ကျန်းယန်ရှန့်ပို၍တိတိကျကျပြောရပါတော့


သည်။ 


" ဒီလိုလေ ကောင်မလေးတွေရဲ့စကပ်ကိုလိုက်လှန်တာမျိုး ဖင်တို့ ရင်ဘတ်တို့ကိုလိုက်ကိုင်တာမျိုး ဒါမှမဟုတ်တစ်ခုခုလုပ်တာမျိုးလေ…"


ကျန်းဟယ်လင်း ကြောင်သွားပြီး


" အဲ့ဒါ နှာဘူးကောင်တွေပဲလုပ်တာလေ…"


ကျန်းယန်ရှန့် : " ဒါဖြင့်ရင် သူကော အဲ့လိုမျိုးတစ်ခုခုလုပ်ဖူးလား…"


ကျန်းဟယ်လင်း သူမ၏လက်အား လျင်မြန်စွာဝှေ့ယမ်းရင်း


"မလုပ်ပါဘူး…မလုပ်ဘူး…ဒါဖြစ်ကိုမဖြစ်နိုင်တာ…"


မယုံကြည်ချင်သောအကြည့်များဖြင့်ကြည့်နေသောကျန်းယန်ရှန့်၏မျက်လုံးများကိုမြင်သော် ကျန်းဟယ်လင်းက ခိုင်ခိုင်မာမာထပ်ပြောလာသည်။ 


" အဲ့ဒါဘယ်လိုဖြစ်နိုင်မှာလဲ…အဲ့လိုရှက်စရာကောင်းတဲ့အလုပ်မျိုးသူလုပ်ရဲခဲ့ရင် သမီးအစ်မနဲ့တိုင်ပြီးရိုက်ခိုင်းမှာပေါ့…ဒါပေမယ့်သူတကယ်မလုပ်တာပါ…သူကကလေးပဲရှိသေးတာလေ…နှာဘူးကျတယ်ဆိုတာဘယ်လိုလဲဆိုတာတောင်သူသိမှာမဟုတ်ဘူး…"


အမှန်တကယ်ကိုပင် သူကငယ်သေးသည်။  


ကျန်းယန်ရှန့်တခဏမျှစဉ်းစားလိုက်သည်။ ကျန်းရှို့ချန် သူအရွယ်ရောက်လာပြီးနောက် ထိုအရာများကိုလုပ်ခဲ့သည်။ ထိုမတိုင်ခင်က သူကဆိုးပဲဆိုးခဲ့သည်။ရမ်းကားခြင်းမျိုးတော့မရှိခဲ့ပေ။ 


ကျန်းယန်ရှန့်တစ်ယောက် သူဆယ်ကျော်သက်အရွယ်ဖြစ်လာပြီး အင်တာနက်ပေါ်မှ မကောင်းသောအရာများကြည့်မိသွားနိုင်သည်ဟုတွေးဆနေမိသည်။ ထိုမှတဆင့် နောက်ဆုံး၌ စည်းကမ်းရှိသောလူငယ်တစ်ယောက်ဖြစ်မ


လာဘဲ လူရမ်းကားတစ်ယောက်ဖြစ်သွားနိုင်ပေသည်။ 


သို့သော်လည်း ထိုအကြောင်းအရာအား ဤဘဝတွင် သူမမတွေးချင်တော့ပေ


Xxxxxxx