အပိုင်း ၁၇၇-၁၇၈
Viewers 23k

Part 177


ကျန်းယန်ရှန့်က ဖခင်ဖြစ်သူကို ပိုက်ဆံတောင်းရန် မလွယ်ဟု တွေးလိုက်မိသည်။ ကျန်းဟွမ်သည် နှစ်ဘဝလုံးတွင် ပထမဆုံးအကြိမ်အဖြစ် သူမအား ပိုက်ဆံပေးရန် ငြင်းဆိုလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။သူမက ရုပ်ရှင်တစ်ကားတွင် ရင်းနှီးမြှုပ်နှံလိုကြောင်း ကျန်းဟွမ် အား ပြောလိုက်သောအခါ ကျန်းဟွမ် က သူမရင်းနှီးမြှပ်နှံရန် စီစဉ်ထားသည့် ငွေကြေး မည်မျှရှိသည်ကို မေးမြန်းလိုက်သည်။


 "သမီး စစ်ပြီးပြီ...အကောင့်ထဲမှာ ၄ သန်းထက် မနည်း ရှိတယ်...အားလုံးကို ထုတ်မလို့... စုစုပေါင်း ယွမ် ၁၀ သန်း လိုတယ်...” 


"အဖေက ဘယ်လောက် ပေးရမလဲ...." 


 


 "အဖေက ၆ သန်းပေးရမှာ... ဒါမှ ၁၀ သန်းဖြစ်မှာ..."


ယခင်ဘဝက  သူမသည် အိမ်မှာ မနေဘဲ အပြင်ထွက်နေခဲ့ပြီး အိမ်သို့ ပြန်လာတိုင်း ဖခင်ဖြစ်သူအား ပိုက်ဆံတောင်းခဲ့သည်။ ကျန်းဟွမ်က သူမ,လိုချင်သမျှ ယွမ်သန်းဆယ်ချီအထိ ပေးခဲ့‌လေသည်။ အထက်တန်းကျောင်း တက်နေသော သူမအတွက် ယွမ် ၆ သန်းမှာများပြားသော်လည်း ဤပမာဏသည် ကျန်းဟွမ် အတွက် အသေးအဖွဲ ကိစ္စမျှသာဖြစ်သည်။


လူကြီးတစ်ယောက်က ကလေး တစ်ယောက်အား မုန့်ဖိုးအဖြစ် ငွေအနည်းငယ်မျှ ပေးနိုင်သော်လည်း ရင်းနှီးမြုပ်နှံမှု တစ်ခုအတွက်မူ  ငွေကြေးများစွာ ပေးမည်မဟုတ်ပေ။


"ဒီပိုက်ဆံကို  အဖေ မပေးနိုင်ဘူး..." 


ကျန်းဟွမ် က ပြောလိုက်သည်။ 


ကျန်းဟွမ် ၏ စာကြည့်ခန်းထဲရှိ သားရေထိုင်ခုံပေါ်တွင် ထိုင်နေသော ကျန်းယန်ရှန့် အံဩသွားရလေသည်။ 


"သမီး မုန့်ဖိုးလိုချင်ရင် ဒါမှမဟုတ် ၆ သန်းတန် ကားတစ်စီး ဝယ်ချင်တယ်လို့ အခု အဖေ့ကို ပြောရင်တောင် အဖေ ချက်ချင်း ပိုက်ဆံပေးမိမှာပဲ...ဒါပေမယ့်  ရင်းနှီးမြှုပ်နှံချင်တယ် ဆိုရင်‌တော့ အဖေ့ကို အကြောင်းပြချက် ပေးရမယ်..."


ကျန်းယန်ရှန့် မှာ ဖခင်ဖြစ်သူကို မယုံနိုင်ဖြစ်နေလေသည်။


 " ဒီရုပ်ရှင်က..." 


ကျန်းဟွမ် က သူ့လက်ကို ‌တားထားလိုက်ပြီး ပြောလေသည်။


“အဲ့ဒါတွေက အဲဒီရင်းနှီးမြုပ်နှံမှုကုမ္ပဏီက သမီးကို ပေးခဲ့တဲ့ လုပ်ငန်းအစီအစဉ်ထဲက အကြောင်းတွေမလား...” 


အမှန်တွင် သူမက ကျန်းဟွမ်ကို  မိုလင်းပြောထားသော အကြောင်းအရာများကို ပြန်ပြောခြင်းသာ ဖြစ်လေသည်။ 


“ဒီဇာတ်ကားက ဘောက်စ်အော့ဖစ် မှာ ယွမ် ၃.၉ ဘီလီယံ အထိ ပေါက်မယ်လို့ ခန့်မှန်းထားတာ....” 


“တစ်ကယ်တော့ တခြားပရောဂျက်တွေရဲ့ ရင်းနှီးမြုပ်နှံမှု အစီအစဉ်တွေကို ကြည့်ရင်လည်း အချက်အလက်တွေအားလုံး တူနေတာကို တွေ့ရလိမ့်မယ်... ဒါပေမဲ့ အခြားပရောဂျက်တွေက ပိုပြီးတော့ ယုံကြည် စိတ်ချရတယ်.... ရုပ်ရှင်ဆိုတာ.... လက်ခုပ်တီးတဲ့သူတွေက ပိုက်ဆံမပေးဘူး....လုပ်ငန်းရှင်တွေက ပေးတာ...ယန်ယန်  သမီးရဲ့ စိတ်ကူးယဉ် ပရောဂျက်ကို ဘာလို့ အဖေ့ကို ငွေပေးစေချင်တာလဲ....ဒါရိုက်တာက နာမည်ကြီး မဟုတ်သလို သရုပ်ဆောင်တွေကလည်း နာမည်မကြီးကြဘူး...ဘာလဲ...အ‌ဖေ့ကို ဘာလို့အဲ့လို ကြည့်နေတာလဲ..အဖေလည်း ငယ်ငယ်တုန်းက တီဗီစီးရီးမှာ သရုပ်ဆောင်တောင် အရွေးခံခဲ့သေးတာ...”


 "သမီးကိုမေးနေတာ...ဒီဇာတ်ကားအကြောင်း ဘယ်လောက်သိလဲ....ဒီလုပ်ငန်းအကြောင်း သမီး ဘယ်လောက်သိထားလဲ.... ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီဆီက အရူးလုပ်ခံချင်လို့လား....ဒီပရောဂျက်က ရင်းနှီးမြုပ်နှံရ ကျိုးနပ်တဲ့ ပရောဂျက် တစ်ခုလို့  အဖေ ဘယ်လို ယုံကြည်ရမလဲ....ယန်ယန် အဖေ့ကို စည်းရုံးနိုင်ရင် အဖေ သမီးကို ပိုက်ဆံ ပေးမယ်..."


ကျန်းဟွမ် က ပြုံးပြီး သူ့သမီးအကြီးဆုံးကို ကြည့်လိုက်သည်။


ကျန်းယန်ရှန့်မှာ ဤပရောဂျက်သည် ‌ငွေသန်းပေါင်းများစွာ မြတ်မည်ကို သိထားသော်လည်း ဖခင်ဖြစ်သူ စကားကြောင့် တိတ်ဆိတ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူမက ကြိုသိနေသည်ဟု ပြောလိုက်လျှင်လည်း အသုံးဝင်မည် မဟုတ်ပေ။


 “သမီးကို အချိန်ပေးပါ...”


 "ကောင်းပြီ....အဖေ စောင့်နေမယ်..." 


အဘွားကျန်းက ကျန်းဟွမ် မြှုပ်နှံမည့် ငွေ၏၂ ဆကို ‌မြှုပ်နှံမည် ဟု ပြောခဲ့သည်ကို နောက်ဆုံးတွင် ကျန်းယန်ရှန့် နားလည်သွားရသည်။ အဘွားကျန်းက ကျန်းဟွမ် ကို ကျော်ဖြတ်နိုင်လိမ့်မည် မဟုတ်ဟု မျှော်လင့်ထားခြင်း ဖြစ်သည်။


အကယ်၍ ငွေ၆သန်းကို မုန်းဖို့အဖြစ်တောင်းလိုက်လျှင် ဤမျှခက်ခဲမည် မဟုတ်ချေ။ သို့ရာတွင်ကျန်းဟွမ်က ရှင်းရှင်းလင်းလင်း ပြောထားသော်လည်း သူမလိုချင်လျှင် တစ်ကယ်ပေးမည်ဟု ယုံကြည်ထားသည်။


ထို့နောက် ကျန်းယန်ရှန့် စိတ်အေးအေးထားပြီး အခန်းထဲသို့ ပြန်လာကာ မိုလင်းကို ဖုန်းခေါ်လိုက်သည်။


 "ညီမ ကိုယ်ပိုင် ယွမ် ၄ သန်းက ပြဿနာမရှိဘူး... သေချာပေါက် ရင်းနှီးမြှုပ်နှံမယ်...ဒါပေမယ့် ညီမရဲ့ အဖေက မယုံဘူး.... ညီမ ပြောတာ မလုံလောက်သေးဘူးတဲ့..အ‌ဖေပြောတာအဓိပ္ပာယ်ရှိပါတယ်… အစ်မမို... ညီမ ဒီလုပ်ငန်းအကြောင်း ပိုသိချင်တယ်...ညီမကို ကူညီပေးနိုင်တဲ့ စာရွက်စာတမ်းတွေ ဘာတွေရှိလားဟင်...."


“အစ်မလက်ထဲမှာ စက်မှုလုပ်ငန်းနဲ့ဆိုင်တဲ့ အချက်အလက်တွေ အများကြီးရှိပေမယ့်  တော်တော် ကြည့်ယူရလိမ့်မယ်... ညီမက အထက်တန်းကျောင်းသူဆိုတော့ အချိန်ရှိပါ့မလား.…”


မိုလင်းသည် ကလေးတစ်ယောက်အတွက် ယွမ် ၄ သန်းကို ရင်းနှီးမြုပ်နှံရမည်မှာ  များလွန်းနေပြီဟု ခံစားရလေသည်။


  


“ရပါတယ်...ကျောင်းပြန်မဖွင့်ခင် တစ်လခွဲကျော် အချိန်ရှိသေးတယ်လေ.....”


 “ဒါဆို...ညီမရဲ့ အီးမေးလ်လိပ်စာပေးလေ...ပို့ပေးလိုက်မယ်...” 


မိုလင်းသည် သူမ သူငယ်ချင်းများနှင့် ညစာစားနေချိန်ဖြစ်သည်။သူမက ဖုန်းကိုချကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ 


“လူတွေက တစ်ယောက်နဲ့ တစ်ယောက် ဘာလို့ ဒီလောက်ကွာဟနေတာလဲ...ငါဒီအသက်အရွယ် ရောက်‌နေပြီ...ငါ့အဖေနဲ့ ဖြစ်ရတဲ့ အကြီးမားဆုံးပြဿနာက ငါ့အမေက အဖေပိုက်ဆံဖွက်ထားတာကို သိသွားရင် ငါက ဖုံးဖိပေးရတာပဲ...အင်း...ဒီကလေးမ,ကျတော့ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံဖို့ ဘယ်လို ဆွဲဆောင်ရမလဲဆိုတာ ဒီကလေးမက အခက်တွေ့နေတယ်...”


သူမ သူငယ်ချင်းက ပြောလိုက်သည်။ 


“အဲ့ဒါကျ လူဝင်စားတာ ကောင်းမကောင်းနဲ့ ဆိုင်သွားပြန်ရော...လူတွေက ဒီလိုပဲ...ကိုယ့်မှာတခြားဟာတွေ ရှိနေရင်တောင် ကိုယ်မလုပ်နိုင်တဲ့ ကိစ္စတစ်ခုလေးကို မကျေနပ်ကြဘူးလေ..."


နောက်နှစ်ရက်ကြာလျှင် ကျန်းယန်ရှန့် သည် ​​အခန်းထဲမှာသာ အချက်အလက်ဖိုင် တစ်ချို့နှင့် နစ်မြုပ်နေတော့သည်။


ကျန်းဟွမ်က သူမကို တိတ်တဆိတ် အကဲခတ်နေရာ သမီးကြီးမှာ အိမ်တွင် မတွေ့ရသလောက် ဖြစ်နေကြောင်း ရိမ်မိသွားရသည်။ ထမင်းစားချိန်မှာပင် အားလုံးက ထမင်းစားခန်းတွင် ရှိနေကြသော်လည်း သူမကိုမူ မတွေ့ရတတ်ပေ။


ကျန်းဟွမ်က ကျန်းဟယ်လင်းအား မေးလိုက်သည်။


"သမီးရဲ့ အစ်မ ဘယ်မှာလဲ..." 


 "ဇာတ်ကားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အခန်းထဲမှာ ကြည့်နေတယ်...." 


 


"သွား...သမီးအစ်မကို ညစာ စားဖို့ သွားခေါ်ချေ..." 


ကျန်းဟယ်လင်းက လျင်မြန်စွာ  အပေါ်ထပ်သို့ ပြေးတက်သွားသည်။ မကြာမီ ကျန်းယန်ရှန့်မှာ ကျန်းဟယ်လင်း နောက်မှ လိုက်လာတော့သည်။ထို့‌နောက် သူမက နေရာတွင် ဝင်ထိုင်လိုက်ပြီး ထမင်းကို စားနေသော်လည်း စကားတစ်ခွန်းမှ မဆိုပေ။ 


ကျန်းဟွမ်က ကျန်းယန်ရှန့်ကို သတိပေးလိုက်သည်။


"သမီး ဘာပဲလုပ်လုပ် ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ရမယ်လေ...အစားကိုကောင်းကောင်းစားရမယ်...ကျန်းမာရေးလောက် ဘာမှ အရေးမကြီးဘူး...”


Xxxxxxx


Part 178


ကျန်းဟယ်လင်းက အစ်မဖြစ်သူကို ကြည့်လိုက်ပြီး စိတ်နှင့်ကိုယ်မကပ်ဟု ထင်လိုက်မိသည်။ထို့နောက် သူမက ကျန်းယန်ရှန့် ထံသို့ ဟင်းသီးဟင်းရွက်များ ထည့်ပေးလိုက်ပြီး ပြောလိုက်သည်။ 


“အစ်မ...အသီးအရွက်တွေ များများစား‌‌လေ....” 


"ဟင်..."


ဟင်းသီး ဟင်းရွက်များသည် အာဟာရအရှိဆုံးဖြစ်၍ အစ်မဖြစ်သူက သူမကို မကြာခဏ စားခိုင်းတတ်သည်။ကျန်းဟွမ်က မျက်မှောင်ကြုတ်ကာ လက်နှစ်ဖက်ဖြင့် ပါးစပ်ကို အုပ်ထားလိုက်ပြီး ကျန်းဟယ်လင်းကို ပြောသော်လည်း လူတိုင်းကြားရလေသည်။


 


"ဟယ်ဟယ်..သမီးကအစ်မ ဘာလို့ စိတ်ဖိစီးနေတာလဲ သိလား..."


ကျန်းဟယ်လင်းက ဟင်းသီးဟင်းရွက်များကို စားနေသော အစ်မဖြစ်သူကို ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။ 


 "သမီးအစ်မက ပရောဂျက်တစ်ခုမှာ သူ့မုန့်ဖိုးအားလုံးကို ရင်းနှီမြှုပ်နှံထားရမယ်...အဲ့ဒီပရောဂျက်ရှုံးရင် သမီးအစ်မမှာ ပိုက်ဆံရှိမှာ မဟုတ်တော့ဘူး...မွဲသွားတော့မှာ...အဲ့ဒါ သမီးပိုက်ဆံရှာဖို့ အခွင့်အရေးပဲ...သမီး အစ်မကို မုန့်ဖိုးချေးလိုက်...အဲ့ဒါဆို သူမက သမီးကို အတိုးပေးလိမ့်မယ်.. ဒါဆို သမီးချမ်းသာလာမှာပဲ..."


ကျန်းဟယ်လင်း အဖေဖြစ်သူ၏ အကြံကို ငြင်းဆိုရန်ပြင်လိုက်စဉ် ထောက်ကနဲအသံကို သူမ ကြားလိုက်ရသည်။ 


ထမင်းစားပွဲရှိ လူတိုင်း လှည့်ကြည့်လိုက်ကြသည်။ 


ကျန်းယန်ရှန့်က ထမင်းကို ဖြည်းညှင်းစွာ ဝါးနေသော်လည်း သူမ ညာလက်ထဲမှ တူတစ်ချောင်းမှာ နှစ်ပိုင်းကျိုးသွားလေသည်။ 


"..."


ကျန်းယန်ရှန့်က ကျိုးသွားသည့် တူများကို ချထားလိုက်ပြီး အိမ်အကူအဒေါ်ကို ပြုံး၍ပြောလိုက်သည်။ 


"အဒေါ်...တူအသစ်တစ်စုံလောက် ပေးပါဦး.."


အိမ်အကူအဒေါ်က ကြောင်စီစီနဲ့ ဖြစ်နေပြီး ထမင်းစားပွဲမှာလည်း အလွန်တိတ်ဆိတ်နေဆဲ။


အချိန်အတော်ကြာပြီးနောက် အိမ်အကူအဒေါ်က တုတ်အသစ်ယူလာပေးသည်။ကျန်းဟယ်လင်းက ပြောလိုက်သည်။


 "အစ်မ...ညီမ အစ်မဆီက အတိုးမယူပါဘူး…”


ကျန်းယန်ရှန့်က သူမခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်ပြီး ကျန်းဟွမ်ကို ပြောလိုက်လေသည်။


 "အဆင်သင့်ဖြစ်ပြီ...မနက်ဖြန် ရုံးချုပ်ကို လိုက်ပြီး အဖေနဲ့အဘွားကို ပြောရဦးမယ်..."


“အေး..အေး..အဘွားကို ပြောချင်သေးလား..."


 "အဖေ သဘောတူရင် အဘွားကလည်း အဖေ့ထက် နှစ်ဆပေးမယ်လို့ ပြောထားပြီးသားပါ...."


"အင်းလေ... မနက်ဖြန် သွားကြတာပေါ့..."


 ကျန်းယန်ရှန့်က ထမင်းစားပြီးသည်နှင့် အပေါ်ထပ်တက်ပြီး အခန်းထဲပြန်ဝင်သွားသည်။ 


ကျန်းဟွမ်က ကျန်းဟယ်လင်းကို တားထားလိုက်ပြီး ပြောလိုက်သည်။ 


"သမီး... တိုက်ကွမ်ဒို လေ့ကျင့်တာ ဘယ်လိုလဲ...."


ပြီးခဲ့သည့် စာသင်နှစ်က ကျန်းဟွမ် က ကျန်းဟယ်လင်း အား တိုက်ကွမ်ဒို စတင်သင်ကြားရန် ပြောခဲ့သည်။ကိုယ်ခံပညာ လေ့ကျင့်ပေးခြင်းသည် မိန်းကလေး များအတွက် ကောင်းသည် ဟု သူ,ယူဆထားသည်။


 "သမီး အစ်မကို ကြည့်...ဘယ်လောက် ကောင်းကောင်း လေ့ကျင့်ထားလိုက်သလဲ..." 


 "သမီးလည်း အရမ်း ကြိုးစားပါတယ်... နည်းပြက သမီးကို ခဏခဏချီးကျူးတယ်...." 


"ဒါဆို အဖေ့ကို တစ်ကွက်လောက် ပြပါဦး...."


ထို့နောက် ကျန်းဟယ်လင်းက သူမ၏ ကိုယ်ဟန်အနေအထားကို ပြင်လိုက်ပြီးအားအပြည့်ကို ခြေထောက်နှစ်ဖက်နှင့် လက်သီးများပေါ်တွင် စုစည်းကာ လေ့ကျင့်ပြနေတော့သည်။ 


" ဟူး...ဟား...ဟေ့..."


 “…”


ကျန်းဟွမ် သည် ချမ်းသာကြွယ်ဝသူဖြစ်ပြီး ရွှေဇွန်းကိုက်၍ မွေးဖွားလာသူဖြစ်သည်။ သူ့ဘဝတွင် ငွေနှင့်ပတ်သက်  တစ်ခါမျှ စိတ်မဆင်းရဲခဲ့ဖူးသော်လည်း ယခုသင်တန်းကြေးအတွက် စိတ်ဆင်းရဲစပြုလာသည်။ 


ကျန်းဟယ်လင်း ခြေထောက်ကို ပြန်စုလိုက်ပြီး မေးလိုက်သည်။ 


 "အဖေ ဘယ်လိုလဲ...သမီး တော်ရဲ့လား..."


“အရမ်း တော်တယ်...သမီး စန္ဒယားတီးတာကိုလည်း ကောင်းကောင်း လေ့ကျင့်ထားရမယ်နော်..." 


 "???" 


ထို့နောက် ကျန်းဟွမ် က သူ့အမေကို ဖုန်းဆက်ပြီး မနက်ဖြန် ပြုလုပ်ရမည့် ကိစ္စများကို ပြောပြလိုက်သည်။ 


“သူမ လုပ်နိုင်မယ်လို့ ထင်လား...”


 “သူမရဲ့ မျက်လုံးထဲမှာ တိုက်ပွဲဝင်နေတဲ့ စိတ်ဓာတ်ကို ကျွန်တော် မြင်နေရတယ်... သူ့အခန်းထဲမှာ တံခါးပိတ်ပြီး  အချက်အလက်တွေ ဖတ်နေတာ တော်တော်ကြာနေပြီ... အောင်မြင်လား မအောင်မြင်ဘူးလား မနက်ဖြန် အမေ သိရပါလိမ့်မယ်..."


“သူမကို ဘာမှ ပြောပြမထားနဲ့...သူမ ဘယ်လောက်ထိ လုပ်နိုင်မလဲ ကြည့်ရအောင်...”


ကျန်းယန်ရှန့် သည် အခန်းထဲပြန်ဝင်ပြီး သူမ ဒီနေ့ လုပ်ထားသည့် ပါဝါပွိုင့်ဖိုင်လ်ကို ဖွင့်ကြည့်လိုက်ရင်း ကိစ္စမရှိပါဘူးဟု သူမကိုယ်သူမ စိတ်မလှုပ်ရှားစေရန် တွေးလိုက်ရသည်။


ကျန်းဟယ်လင်းကို ပရိသတ်နေရာထားကာ အစမ်းလေ့ကျင့်ရမလား ဟု သူမ တွေးလိုက်မိသေးသည်။သို့သော် ကျန်းဟယ်လင်းထက် ပိုသင့်တော်သည့်လူတစ်ယောက်ကို  သူမသတိရလိုက်သည်။ 


ဤဇာတ်ကားကြီးအတွက် ရင်းနှီးမြှုပ်နှံမှု အကြောင်းကို သူ့ကို ပြောပြချင်သည်။ထိုအချိန်က  ထိုဇာတ်ကားကို ၁၀ ကြိမ်ခန့် အရူးအမူး ကြည့်ပစ်ခဲ့ပြီး ဇာတ်ကားနှင့် ပတ်သတ်သည့် ဆောင်းပါးများစွာကို ဖတ်ရှုခဲ့သူ ဖြစ်သည်။ထို့ကြောင့် သူ့ကို ဤဇာတ်ကား၏ နံပါတ်တစ်ပရိသတ် ဟုခေါ်ဆိုနိုင်လေသည်။


ကျန်းယန်ရှန့်က ရှုလီချန်ကို ဗီဒီယို‌ကောလ် ခေါ်ဆိုလိုက်သည်။ မကြာမီ ရှုလီချန် ၏ ချောမောသော မျက်နှာသည် ဖုန်းစကရင်ပေါ်တွင်  ပေါ်လာသည်။ရှုလီချန်၏ မျက်တောင်များသည် ရှည်လျားကော့ပျံနေပြီး နှုတ်ခမ်းများသည်လည်း ဆွဲဆောင်မှုရှိသဖြင့်  ရုပ်ရည်ချောမောပြီး ပိုက်ဆံချမ်းသာသူ ဖြစ်သည်။


ရှုလီချန်သည် မူလတန်းကျောင်းပြီးကတည်းက ရည်းစားများသူဖြစ်ပြီး ကျားမရေးရာနှင့် ပတ်သတ်လျှင်လည်းသူငယ်ချင်းများထက် စောစီးစွာ ပတ်သတ်ခဲ့သူ ဖြစ်သည်။သူက  ဗီဒီယိုကောလ်ပြောနေစဉ် သူ့ကိုယ်သူ ပိုဆွဲဆောင်မှုရှိစေရန် ဆဲလ်ဖုန်းကို နေရာရွှေ့ကာ ပြောလိုက်သည်။ ချောမောသောယောက်ျားများသည် ခရီးဆောင်အိတ်များစွာရှိကြပြီး ဗီဒီယိုခေါ်ဆိုမှုဖြေဆိုရာတွင် ဆွဲဆောင်မှုရှိသောတန်ဖိုးတစ်ခုရရှိရန် ကောင်းသောထောင့်တစ်ခုကိုလည်း ရှာဖွေရန် လိုအပ်ပါသည်။


ကျန်းယန်ရှန့်က ရှုလီချန်၏ ချောမောနေမှုကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။


" ဖုန်းကို ဝေးဝေးမှာထားစမ်းပါဟယ်... နင့်နှာခေါင်းကို ငါ မကြည့်ချင်ပါဘူး..." 


“…”  


ထိုအခါမှ ဖုန်းကို မျက်နှာရှေ့တည့်တည့်တွင် ထားလိုက်မှ ကျန်းယန်ရှန့် က သူ့ကို နှုတ်ဆက်လိုက်သည်။


 "မတွေ့တာကြာပြီနော်... နေကောင်းရဲ့လား..."


ရှုလီချန် က စိတ်ရှုပ်စွာ ပြောလေသည်။


"ဘာလဲကွာ...ကျန်းယန်ရှန့်...နင် ငါ့ကို လိမ်တယ်... အတန်း ၅ မှာက ဆောင်းရာသီ အားလပ်ရက်မှာ လုပ်ဖို့ အိမ်စာတွေ ဘာလို့ ဒီလောက်များနေရတာလဲ..."


Xxxxxx