Part 173
“အာ...” ကျန်းဟယ်လင်း အနည်းငယ်ရှက်သွားရပြီး သူမမျက်နှာကို ကိုင်ထားလိုက်ကာ မေးလိုက်သည်။
"အဖေ...,မြင်လိုက်တာလား..."
ထို့နောက် သူမက ရှက်ရွံ့စိတ်ကို မျိုသိပ်ကာ ထပ်ပြောလိုက်သည်။
“ဒါဆို အစ်မနဲ့တူတယ်လို့ အဖေထင်လား...”
ကျန်းဟွမ် က အံကြိတ်လိုက်ပြီး ပြောလိုက်သည်။
" သမီး ဘာလို့ သူမကို အတုယူနေတာလဲ..…”
"အစ်မ စကားပြောပုံက အရမ်းမိုက်တယ်...."
သူမ မျက်နှာတွင် 'အဖေ နားမလည်ပါဘူး'
ဟူသည့် အမူအရာ ရှိနေသည်။
ကျန်းဟွမ် " သမီး မောင်လေး နဲ့ ကောင်းကောင်းစကားပြောပါ... သူက ငယ်သေးတယ်... အစ်မ တစ်ယောက်ရဲ့ နွေးထွေးမှုကို ပေးရမယ်... နော်”
"ဒါက အလုပ်မဖြစ်ဘူး...."
ကျန်းဟယ်လင်း သည် အလွန်အတွေ့အကြုံရှိသူတစ်ယောက်ပမာ ပြောလိုက်၏။
"သမီး ပြောရင် ရှို့ရှို့ က လုံးဝနားမထောင်ဘူး....အစ်မလို ပြောလိုက်ရင် သူက နာခံတယ်...."
ကျန်းရှို့ချန် သည် သူ့ကို ကောင်းမွန်စွာ ဆက်ဆံလျှင် မထီမဲ့မြင် ပြုတတ်ပြီး သူ့ကို ငေါက်ငမ်းလိုက်လျှင် ကြောက်တတ်သည်။ ထို့အပြင် သူက မိဘရှေ့တွင် ကြမ်းပြင်ပေါ်မှာ လှဲလျောင်းပြီး အော်ဟစ်ငိုကြွေးတတ်သော်လည်း သူ့အစ်မ အကြီးဆုံးရှေ့တွင်တော့ ခေါင်းလေးငုံ့ပြီး နာခံတတ်သူ ဖြစ်သည်။
“…”
ကျန်းယန်ရှန့် ထင်ထားသလို ငွေကြေးဖိုရမ်က ပျင်းစရာမကောင်းပေ။ ထို့အပြင် စကားပြောကြသူများသည် နာမည်ကြီးကြပြီး မီဒီယာမှ ဖော်ပြတတ်သော လူကြီးများ ဖြစ်ကြသည်။ သူတို့၏ ဟောပြောချက်များသည် အလွန်ပြည့်စုံပြီး စိတ်ဝင်စားစရာ ကောင်းလှသည်။ထို့အပြင် သူတို့၏ ယခုကာလနှင့် နောင်တစ်ချိန် ခန့်မှန်းချက်များကို စက်မှုလုပ်ငန်း အတွေ့အကြုံ နှစ်ပေါင်းများစွာနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများအပေါ် အခြေခံထားခြင်း ဖြစ်လေသည်။
အချို့သော အကြောင်းအရာ များသည် အလွန် စိတ်ဝင်စား ဖွယ်ကောင်းပြီး လူကြီးများမှာအကြိတ်အနယ် ဆွေးနွေးနေကြလေသည်။ ရုတ်တရက် ကျန်းယန်ရှန့် လှည့်ကြည့်လိုက်လျှင် ကျန်းချီ က ဘောပင် နှင့် မှတ်စုစာအုပ်ကို ကိုင်ပြီး မှတ်နေသည်ကို တွေ့လိုက် ရသည်။
ကျန်းယန်ရှန့် : "...."
ကျန်းယန်ရှန့် သည် အဘယ်ကြောင့် သူမ မှတ်စုမှတ်နေသည်ကို မသိပေ။ သူမတို့နှစ်ယောက်စလုံးတွင် လည်ပတ်ဖို့ ပရောဂျက်လည်း မရှိဘဲ ကုမ္ပဏီလည်း မရှိကြပေ။ ပြတ်ပြတ်သားသားပြောရလျှင် သူမတို့နှစ်ဦးသည် အမြင်ကျယ်ရန်သာ ဤနေရာသို့ ရောက်ရှိနေကြခြင်း ဖြစ်လေသည်။
ထို့မျှမကသေး ဤလူကြီးများ၏ မိန့်ခွန်းများကို စက်မှုလုပ်ငန်း နယ်ပယ်များဟု ယူဆ၍မရပေ။ယခု ဆွေးနွေးပွဲသည် စိတ်ဝင်စားစရာ ကောင်းသည် မှန်သော်လည်း နောင်တစ်ချိန်တွင် တိတိပပ သက်သေပြနိုင်မည် မဟုတ်ချေ။
သို့သော် ကျန်းယန်ရှန့် မှာ ကျန်းချီ ၏ လုပ်ရပ်ကို သိသည် ဖိုရမ် ကျင်းပရာနေရာသည် ကျောင်းရှိ အတန်း တစ်တန်းဖြစ်ပါက၊ ကျန်းချီ က ဘောပင်ကိုယူကာ သူတို့နှစ်ဦးကြားတွင် စာကြောင်း တစ်ကြောင်းဆွဲပြီး ကျန်းယန်ရှန့်ကို ချောက်တွန်းလိမ့်မည် ဖြစ်သည်။
ထို့နောက် နေ့လည်စာမှာ ဟိုတယ်တွင် ကျွေးမွေးသော ဘူဖေး ဖြစ်သည်။ ကျန်းယန်ရှန့် လှည့်ပတ်ကြည့်လိုက်ရာ စားပွဲဝိုင်းကြီးများကို တွေ့ရသည်။ ထိုစားပွဲများတွင် လူလေးငါးယောက် မက ရောနှောထိုင်ကြရမည် ဖြစ်သည်။ဤသို့ဖြင့် လူအများသည် သူစိမ်းများစွာနှင့် အတူတူ စားပွဲတစ်ခုတွင် စားသောက်ရမည် ဖြစ်၍ ခင်မင်ရင်းနှီးလာကြပေမည်။
ကျန်းယန်ရှန့် က စားပွဲများသည် လူမှုရေး အငွေ့အသက်များ ပြည့်နှက်နေကြောင်း တွေ့ရှိရသည်။ထိုလုပ်ငန်းများ၏ အကြောင်းအရာ များသည် နေ့လယ်စာ စားရန် ရပ်ဆိုင်းထားခြင်းဖြစ်သည်။
များမကြာမီပင် သူစိမ်းများ ဖြစ်ကြသော လူအများသည် ထမင်းစားပွဲ၌ စကားပြောဆိုကြပြီး လိပ်စာကတ်များကို အပြန်အလှန် ပေးလိုက်ကြသည်။ ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ကုန်ပစ္စည်းများအကြောင်း ပြောလိုက်ရာ တစ်စုံတစ်ဦးမှ ချက်ချင်းပင် သူ၏ လိပ်စာကတ်ပြားကို ထုတ်လိုက်သည်။
“လိပ်စာကတ်တွေ လဲကြရအောင်လေ....”
ကျန်းယန်ရှန့် ၏အဖွားသည် ထိုလူရွယ်နှင့် စကားလက်ဆုံ ကျနေသည်။ လူကြီးများသည် စားသောက်ပြီး စကားစမြည် ပြောနေကြသော်လည်း သူမ၏ဝမ်းကွဲ ကျန်းချီ မှာမူ အဖွား၏ မျက်နှာထားကိုသာ အနီးကပ် စိုက်ကြည့်နေသည်။ အဘွားကျန်းက စိတ်ဝင်စားစွာ နားထောင်နေပါက သူမက တူကိုချထားလိုက်ပြီး သူမကပါ စိတ်ဝင်စားဟန်ဖြင့် နားထောင်နေလေသည်။ သို့သော် အဘွားဖြစ်သူက စကားကို အာရုံမစိုက်လျှင် သူမက နေ့လည်စာကိုသာ အာရုံစိုက်၍စားနေလေသည်။
ကျန်းယန်ရှန့် တွင် ဤမျှကြီးမားသော ဝန်ထုပ်ဝန်ပိုး မရှိပေ။ ကျန်းချီ ထမင်း တစ်ဝက်ခန့် ကုန်ချိန်မှာ သူမ စားပြီးနေပြီ ဖြစ်သည်။ သူမက ပါးစပ်ကို သုတ်လိုက်ရင်း အဘွားကြီး ကျန်း အား ပြောလိုက်သည်။
"သမီး... သန့်စင်ခန်း သွားဦးမယ်..."
ထို့နောက် သူမထပြီး ထွက်သွားလေသည်။
ကျန်းယန်ရှန့် သည် အမျိုးသမီး ရေချိုးခန်း တံခါးကို ဖွင့်လိုက်သည်နှင့် ကြမ်းပြင်ပေါ်တွင် ထိုင်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရာ လန့်ဖျပ်သွားရသည်။
ကြမ်းပြင်ပေါ်တွင် ထိုင်နေသည့် အမျိုးသမီးသည် အသက် ၂၀ ဝန်းကျင်ရှိပုံရပြီး ငယ်ရွယ်သူဖြစ်သည်။ သူမသည် အလွန်လှပပြီး ဆံပင်တိုနှင့်အနောက်တိုင်း ဝတ်စုံဝတ်ထားပြီး ဒေါက်မြင့်ဖိနပ်ကို စီးထား၍ သူမသည် လည်း ဖိုရမ်တွင် ပါဝင်သူ တစ်ဦးဖြစ်ပုံရသည်။
တံခါးကိုတွန်းဖွင့်လိုက်သော တစ်စုံတစ်ယောက်အား မြင်လိုက်ရသည်နှင့် သူမသည် သတိပေးလိုက်သည်။
"ရေတွေ... ချော်မယ်....သတိထားနော်....”
သူမ ချော်လဲထားပုံရသည်။
ကျန်းယန်ရှန့်မှာ သူမ၏ သတိပေးစကားကြောင့် ကြမ်းပြင်ပေါ်မှ ရေအိုင်ကို ရှောင်လိုက်ပြီး ပြောလိုက်သည်။
"အဆင်ပြေရဲ့လား...."
မိန်မပျိုလေးသည် ရှုံ့မဲ့နေကာ တစ်စုံတစ်ခုကြောင့် နာကျင်နေသည်မှာ သိသာလှသည်။ သူမက အံကြိတ်ထား၍ မျက်နှာမှာ အနည်းငယ် နီမြန်းနေသည်။
"ရပါတယ်...ကျွန်မ အဆင်ပြေပါတယ်...စိတ်မပူပါနဲ့....ခြေကျင်းဝတ် နည်းနည်း ခေါက်သွားလို့ပါ....ရပါတယ်...သွားပါ...”
ထို့နောက် ကျန်းယန်ရှန့် က ခေါင်းညိတ်ကာ အိမ်သာဝင်လိုက်၍ လက်ဆေးပြီး ထွက်လာခဲ့သော်လည်း ထိုမိန်းကလေးမှာ ကြမ်းပြင်ပေါ်တွင် ထိုင်နေဆဲဖြစ်သည်။ ကျန်းယန်ရှန့် က ပုဝါတစ်ထည်ကို ယူကာ လက်ကိုသုတ်လိုက်ရင်း ထိုင်ချလိုက်သည်။
"ရှင် အခု သက်သာသွားပြီလား...."
“ကောင်းနေလောက်ပါပြီ... ထကြည့်လိုက်ဦးမယ်...”
သူမက ကြမ်းပြင်ကို အားယူ၍ထရန်ပြင်လိုက်သည်။
"ရှင့်ရဲ့ဖိနပ်က အဆင်မပြေ ဖြစ်နေတာပဲ...."
သူမ ဖိနပ်၏ ဒေါက်မှာ အက်ကွဲနေပြီး ပြုတ်ကျလုနီးပါး ဖြစ်နေသည်။ သူမသည် ဖိနပ်ကို ချွတ်လိုက်ကာ ဒေါက်ကို ဖြုတ်လိုက်သည်။
"တခြားနည်းလမ်းမရှိတော့ဘူး...ဒီလိုလုပ်ပစ်မှပဲ ရမယ်....”
သိူ့သော် ဒေါက်က အလွယ်တကူ မကွာသွားပေ။ ကျန်းယန်ရှန့် က မအောင့်နိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူမ ကပါ ရယ်မောလိုက်ပြီး ရေရွတ်လိုက်သည်။
“တီဗီထဲမှာ မြင်ဖူးသလို..ပြုတ်သွားရမဲ့ဟာကို...”
ကျန်းယန်ရှန့် သည် သူမ လက်ထဲမှ ဖိနပ်ကိုယူ၍ ဒေါက်ကို ဆုပ်ကိုင်ကာ ဆွဲခွာလိုက်ရာ ခွပ်ကနဲ ဒေါက်ပြုတ်သွားလေ၏။
“ညီမက အရမ်း အားသန်တာပဲ....”
ကျန်းယန်ရှန့် က သူမဆီ ဖိနပ်ကို ပြန်ပေးလိုက်သည်။
"စီးရတာ အဆင်ပြေမှာ မဟုတ်ဘူး...မြန်မြန်ပြန်ပြီး ဖိနပ်အသစ် ပြောင်းစီးလိုက်ပါလား...."
သူမက ဖိနပ်ကိုစီးလိုက်ပြီး ပြောလိုက်သည်။
“ထမင်းစားခန်းကို အရင်ပြန်တော့မယ်...နေ့လယ်စာစားပြီးမှပဲ ပြောင်းသလိုက်မယ်...ဖိုရမ်ကို နားမထောင်လည်းရပါတယ်...ဒါပေမယ့် နေ့လယ်စာကိုလည်း မစားလို့ မဖြစ်ပြန်ဘူး...”
ကျန်းယန်ရှန့်မှာ စောစောက လိပ်စာကတ်ကို တစ်ယောက်နှင့်တစ်ယောက် လဲလှယ်နေကြပုံကို မြင်ယောင်သွားရပြီး အံ့ဩသွားရသည်။
ထို့နောက် သူမသည် မတ်တပ်ထရပ်ကာ ခြေတစ်လှမ်း လှမ်းပြီးနောက် နာကျင်သွားဟန်ဖြင့် ခြေလှမ်းကို ရပ်ပစ်လိုက်သည်။
"ခြေခေါက်နေတာ မဟုတ်လား...ကျွန်မကို တွဲလိုက်ပါ...”
"မဟုတ်ပါဘူး...ရပါတယ်... ကျွန်မ အဆင်ပြေပါတယ် ကျွန်မ ကိုယ့်ဘာသာ လမ်းလျှောက်နိုင်ပါတယ်…”
သူမက အံကြိတ်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ကျန်းယန်ရှန့် မကြည့်ရက်တော့သဖြင့် သူမ၏ လက်နှစ်ဖက်ကို ပခုံးပေါ်တင်လိုက်ပြီး တွဲလိုက်သည်။
"ကျွန်မ တွဲပါ့မယ်..."
“ကျေးဇူးတင်ပါတယ်…”
စကားမဆုံးခင်မှာ ကျန်းယန်ရှန့် က သူမ ခါးကို အတင်းကိုင်လိုက်သည်။
မိန်းကလေး : "…"
သူမက လက်တစ်တည်း ငါ့ခါးကို ကိုင်ထားတာ မဟုတ်လား....
ထိုမိန်းကလေးမှာ တောက်လျှောက် စားသောက်ဆိုင်သို့ ခေါ်သွားသဖြင့် ကျန်းယန်ရှန့်ကို အံ့သြသွားရသည်။
"ရှင် ဘယ်ဘက်မှာ ထိုင်နေတာလဲ..."
"ဟိုမှာပါ..."
သူမက ညွှန်ပြလိုက်သည်။
“ညီမက ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ..အစ်မဆို တွဲလွဲခိုပြီး လိုက်လို့တောင် ရတယ်.. "
Xxxxxx
Part 174
ကျန်းယန်ရှန့် က သူမကို စားပွဲနားအထိ လိုက်ပို့မည် ပြုလျှင် သူမကအမြန်တားလိုက်သည်။
"ရပါတယ်...အဆင်ပြေပါတယ်... တစ်ယောက်တည်း သွားလိုက်မယ်နော်....ကျေးဇူး အများကြီး တင်ပါတယ်..."
"ရပါတယ်..."
ကျန်းယန်ရှန့် က သူမ ခြေထောက်ကို ငုံ့ကြည့်ကာ မေးလိုက်သည်။
"တကယ် ဖြစ်ရဲ့လား..."
" ဖြစ်ပါတယ်...အစ်မ မလျှောက်နိုင်လည်း လျှောက်ရမှာပဲလေ....”
ကျန်းယန်ရှန့် က ပြုံးလိုက်သည်။ သူမက လက်ကို ဝှေ့ယမ်းလိုက်ကာ နှုတ်ဆက်လိုက်သည်။
“ဒါဆို အစ်မ သွားတော့မယ်...”
ကျန်းယန်ရှန့် က မသွားသေးဘဲ သူမကို လှမ်းကြည့်လိုက်သည်။ သူမက နှေးတုံ့၊နှေးတုံ့ နှင့် ခြေထောက်ကို ဖိထောက်ရင်း သွားနေရှာသဖြင့် နာနေရှာမှန်း သိလိုက်သည်။ သူမသည် အလွန်ခေါင်းမာသူဖြစ်ပြီး အတင်း လမ်းလျှောက်ရန် တွန်းအားကြီး တစ်ခုရှိနေ ပုံရသည်။
ကျန်းယန်ရှန့် က သူမသည် စားပွဲတွင် ဝင်ထိုင်လိုက်ပြီး အခြားသူများနှင့် စကားပြောနေသည့်အခါ သူမပုံစံမှာ စောစောကနှင့် လုံးဝ မတူတော့သည်ကို တွေ့လိုက်ရသည်။ စောစောက သူမသည် ဖော်ရွေသော မိန်းကလေး ဖြစ်သော်လည်း စားပွဲသို့ ပြန် ရောက်သောအခါတွင် သူမတွင် တည်ငြိမ်ပြီး အရည်အချင်း ရှိသည့် အသွင်ဆောင်နေသည်။ ထိုစားပွဲသည် အလွန်အဆင့်မီသော လုပ်ငန်းခွင်များကို ဆွေးနွေးရာနေရာ တစ်ခု ဖြစ်ပြီး တစ်ဝိုင်းလုံးတွင် သူမမှာ အငယ်ဆုံးဖြစ်ပြီး ကျန်သူများမှာ သက်လတ်ပိုင်း သို့မဟုတ် သက်ကြီးပိုင်းများဖြစ်သည်။
ကျန်းယန်ရှန့် သည် သူမတို့စားပွဲမှ မိန်းမကြီး တစ်ယောက်၏ အသံကို ကြားလိုက်ရသည်။
"ရှောင်မို.. ရှင် ပြောခဲ့တဲ့ ပရောဂျက်တွေကို ဆွေးနွေးနေတာ... ကျွန်မတို့ကို ထပ်ပြောပြနိုင်မလား…”
"ရှောင်မို" ဟုခေါ်သော ထိုမိန်းမငယ်သည် အလွန်အာရုံစူးစိုက်ပြီး ယုံကြည်မှု အပြည့် ရှိနေသည်။ကျန်းယန်ရှန့် သည် သူမတို့၏ စားပွဲဝိုင်းတွင် အလားတူလူများ ရှိကြပြီး ပရောဂျက်များ သို့မဟုတ် တစ်ခုခုအကြောင်း ပြောနေကြသည်ကို ကြားမိသည်။
ကျန်းယန်ရှန့် က ပြန်လှည့်ပြီး သူမ၏ စားပွဲဆီသို့ ပြန်လာခဲ့သည်။ လူအများစုသည် ဗိုက်ပြည့်နေပုံရသော်လည်း ထမထွက်ကြသေးပေ။ အခြားစားပွဲများတွင်လည်း လူအားလုံးက စကားပြောနေကြဆဲဖြစ်သည်။
သူတို့ ပြောနေသော အကြောင်းအရာများမှာ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုမှ အစ သီးခြား စီမံကိန်းများအထိ ပါဝင်သည်။ ကျန်းယန်ရှန့် ၏အဖွားအပါအဝင် လူအများအပြားသည် အလွန်စိတ်ဝင်စားနေသကဲ့သို့ စေ့စေ့စပ်စပ် နားထောင်နေကြသည်။ ကျန်းယန်ရှန့် သည်လည်း သူမ၏ ထိုင်ခုံဆီသို့ ပြန်သွားပြီး ငြိမ်သက်စွာ နားထောင်လိုက်သည်။
နေ့လည်ခင်း အစီအစဉ်များ မစခင် အချိန် အနည်းငယ်ရှိသေး သည့်အတွက် အဘွားကြီးကျန်း က ပြောလိုက်သည်။
"အခန်းထဲပြန်သွားပြီး ပြင်ကြဆင်ကြဦးလေ...."
ဆိုလိုသည်မှာ ပလုတ်ကျင်းခြင်း၊ ဆံပင်ဖြီးခြင်းနှင့် မိတ်ကပ်လိမ်းခြင်းတို့ကို ရည်ညွှန်းခြင်း ဖြစ်သည်။ သူတို့သုံးယောက်လုံး မတ်တပ်ရပ်လိုက်သော်လည်း ကျန်းယန်ရှန့် က ပြောလိုက်သည်။
"အစ်မ အရင်သွားလိုက်လေ...ညီမ လုပ်စရာရှိသေးတယ်..."
“မသွားနဲ့...လမ်းပျောက်လိမ့်မယ်.... နောက်မှ သွားလေ.... "
သူမ၏ လေသံမှာ မူလတန်းကလေးကို ပြောနေသကဲ့သို့ပင်။
ကျန်းယန်ရှန့် က မကျေမနပ်ဖြစ်ပြီး ပြောလိုက်သည်။
"ယူစရာလေးရှိနေလို့ လော်ဘီကို သွားမလို့...."
အဖွား ကျန်းက ဝင်ပြောလိုက်သည်။
"သွား...သွားလို့ရပြီ..."
ကျန်းချီ က ထပ်မပြောတော့ပေ။
သို့သော် အဘွားအိုကို တွဲပြီး လမ်းလျှောက် သွားသည့်အခါ ကျန်းယန်ရှန့် ဆိုတဲ့ စကားတစ်ခွန်းကို ကြားနေရဆဲပင်...
" သမီး ယန်ယန့် ကို ... သမီး နဲ့မတူဘူး....သူမက အရမ်းပျင်းတယ်....”
အဓိပ္ပါယ်မဲ့ စကားတွေ အများကြီးပြောရတာ မပျင်းဘူးလား…....
'ကျန်းယန်ရှန့် က နားမထောင်ချင်လို့ လျှောက်သွားနေတာပဲ...'
ထိုသို့ပြောရုံနှင့် အားမရဘဲ သူမက ထပ်ကာထပ်ကာ ရှုတ်ချနေပြန်သည်။
ထို့နောက် ကျန်းယန်ရှန့် သည် ဂရုစိုက်မနေတော့ဘဲ ညာဘက်သို့ လျှောက်သွားလိုက်သည်။
သူမမျှော်လင့်ထားသလိုပင်၊ ရှောင်မို ရှိသည့် စားပွဲက လူတွေအားလုံး ထွက်သွားပြီး သူမတစ်ယောက်တည်း ထိုင်နေဆဲ ဖြစ်သည်။
သူမ၏ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ဒီကနေ ဘယ်လိုထွက်ရမလဲဆိုတာ စိုးရိမ် နေပုံရသည်
ရှောင်မို က ကျန်းယန်ရှန့် ကို မော့ကြည့်လိုက်လျှင်
"ညီမ ဘာလို့ ဒီကို ဘာလို့ ရောက်လာတာလဲ..."
ယခုအချိန်တွင် သူမသည် ထူးချွန် သည့် ပုံစံမဟုတ်တော့ပေ။ မျက်လုံးလေးပြူး ချစ်စဖွယ် ကလေးမလေးအသွင် ပေါက်နေသည်။
"အစ်မ...ကိုယ့်ဘာသာကိုယ် ဘယ်လိုပြန်သွားမလဲ ဆိုတာ ကြည့်ချင်လို့...."
ကျန်းယန်ရှန့် က ပြုံးပြပြီး သူ့လက်ကို ကမ်းလိုက်သည်။
ရှောင်မို က မတ်တပ်ထရပ်ပြီး သူမ၏ ပခုံးပေါ်တွင် လက်ကိုတင်ကာ
"ကျေးဇူးပြုပြီး... ဟာကြူလီရေ..."
" ဘယ်ကို သွားမလဲ.."
"အခန်းထဲ အရင်သွားမယ်...အစ်မက ၉ ထပ်မှာနေတယ်လေ..."
ကျန်းယန်ရှန့် သည် ရှောင်မို ကို ၉ လွှာသို့ အလွယ်တကူ ခေါ်ဆောင်သွားကာ အခန်းထဲသို့ ပြန်ပို့လိုက်သည်။
"ညီမ အသက်ဘယ်လောက်လဲ..."
"ဆယ့်ခြောက်နှစ်...."
"အစ်မ ထင်ပါတယ်..... ညီမ ကြည့်ရတာ အရမ်းငယ်သေးတယ်လို့... ညီမ မျက်နှာမှာ အပြစ်အနာအဆာ လုံးဝမရှိဘူးလေ...."
ကျန်းယန်ရှန့် မှာ မိတ်ကပ် လိမ်းထားသော်လည်း ငယ်ရွယ်ခြင်းမှာ ဖုံးကွယ်၍မရနိုင်ပေ။
"အသက် ၁၆ ဆိုရင် ညီမကအထက်တန်းကျောင်းသူ မဟုတ်လား..ဖိုရမ်တက်ဖို့ ဒီကို လာတာလား..."
“ညီမက အတွေ့အကြုံတစ်ခုခု လိုချင်လို့ မိသားစုထဲက လူကြီးတစ်ယောက်နဲ့ အတူ လာတာ....”
သူတို့နှစ်ယောက် စကားစမြည်ပြောနေကြရင်း အခန်းတံခါးကိုဖွင့်လိုက်ချိန်မှာ ရှောင်မို ၏ ဆဲလ်ဖုန်း မြည်လာသည်။ သူမသည် ကျန်းယန်ရှန့် ၏ ပုခုံးကို လက်တစ်ဖက်ဖြင့် ဖက်ထားပြီး အခြားတစ်ဖက်နှင့် သူမ၏ ဆဲလ်ဖုန်းကို ထုတ်ကာ ပြောလိုက်သည်။
“ဟဲလို....ဒါရိုက်တာ ရှယ် "
ကျန်းယန်ရှန့် က သူမကို ကုတင်ပေါ်တင်လိုက်သည်။
ထို့နောက် ကျန်းယန်ရှန့် က ဘာမှမပြောဘဲ ဖုန်းပြောပြီးမည့် အချိန်ကို စောင့် နေလိုက်သည်။
"အင်း သိပါတယ်....ကျွန်မသိတယ်... စိတ်ပူတာက အသုံးမဝင်ပါဘူး.... အိုကေ...ကျွန်မ အကောင်းဆုံး လုပ်လိုက်မယ်..."
နောက်ဆုံးတွင် သူမက ဖုန်းချလိုက်ပြီး ဆံပင်ကို ဆွဲဖွလိုက်ရင်း ပြောလိုက်သည်။
“အိုး....နေဖွဲ့အစည်းမှ ထွက်ခွာခြင်း”
ကျန်းယန်ရှန့် က
"ဘာလဲ...."
"အိုး...ဘာမှမဟုတ်ပါဘူး...အစ်မရဲ့ ပရောဂျက်ပါ... 'နေအဖွဲ့အစည်းမှ ထွက်ခွာခြင်း' ဆိုတဲ့ ရုပ်ရှင်လေ...."
``နေအဖွဲ့အစည်းမှ ထွက်ခွာခြင်း´´.....
ရှုလီချန် က သူမ နှင့် ဝမ်ရှန်း ကို ထိုရုပ်ရှင် ပြရန် ၁၀ ကြိမ်တိုင်တိုင် ခေါ်သွားခဲ့တဲ့ သိပ္ပံရုပ်ရှင်ကား ဖြစ်လေ၏။ထိုကားကို အထက်တန်းကျောင်း၏ နွေဦးပွဲတော်မှာ ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။ ရှုလီချန် သည် ထိုရုပ်ရှင်ကို အထပ်ထပ်အခါခါ ကြည့်ခဲ့ပြီး အသေးစိတ်အချက် အလက်များကို မမော မပန်း အထပ်ထပ်အခါခါ ရှာဖွေနေခဲ့သည်။
ဘောက်စ်အော့ဖစ် ယွမ် ၃.၉ ဘီလီယံဖြင့် ထိုဇာတ်ကားသည် ထိုနှစ် နွေဦးပွဲတော်အတွင်း အကြီးကျယ်အောင်မြင်မှုရရှိခဲ့ခြင်း ဖြစ်သည်။
Xxxxxx