အပိုင်း ၁၃၉-၁၄၀
Viewers 23k

Part 139


ကျန်းယန်ရှန့်ရဲ့ဒေါသတွေက အထွဋ်အထိပ်မှာပင်။


အေးစက်စက်အကြည့်တွေနှင့် ဖော်ပြလာတဲ့ သူမဒေါသတွေက ရှုလီချန်ကို ပိုပြီး ပျော်ရွှင်စွာ ပြုံးလာစေသည်။


“ ငါ လုပ်မှာမဟုတ်ဘူး ”


“ မင်း စိတ်တိုသွားတယ်ဆို ငါ့ကိုလည်ပင်းညစ်သတ်လိုက်လို့ရတယ်နော် ” 


သူက ပြောသည်။


 “ လုပ်လေ! ငါ့ကို မင်းချစ်ရတဲ့သူအတွက်သတ်လိုက်စမ်းပါ! မင်းက အဲ့လောက်တောင် ကောင်းပြချင်နေတာ! ”


ဒါပေမယ့် သေချာပေါက်ကို ကျန်းယန်ရှန့်အတွက် သူ့ကို သတ်လိုက်ဖို့မဖြစ်နိုင်ဘူးလေ။


ကျန်းယန်ရှန့်ကိုယ်တိုင်တောင်မှ သူမရင်ထဲမှာ သိရှိနေမိသည်။ သူမ၏ပေါက်ကွဲနေသည့်ဒေါသတွေက ကျန်းကျစ်ယွမ်၏ အကြမ်းဖက်ခံရမှုကြောင့်တစ်ဝက် ရှုလီချန်ကြောင့်တစ်ဝက်ဆိုတာကိုပင်။


သူမ ပြန်လည်မွေးဖွားခါစအချိန်က ကျန်းယန်ရှန့်က ရှုလီချန်ကို လွန်ခဲ့သည့်သုံးနှစ်လောက်က လူအဖြစ် သက်မှတ်ထားခဲ့သည်။ သူတို့တွေက ဘွဲ့ယူပြီးတော့ ကွဲကွာသွားကြပြီး ကိုယ့်ဘဝနှင့်ကိုယ် လည်ပတ်နေခဲ့ကြကာ သူမသေဆုံးသွားသည့်အချိန်အထိ သူတို့တွေ အဆက်အသွယ်မရှိခဲ့ပေ။


ကျန်းယန်ရှန့်သည် မူလက ဝမ့်ချမ်နှင့်ရှုလီချန်ကို သူတို့တွေတစ်ယောက်ကိုတစ်ယောက် စည်းမကျော်ခဲ့သလိုမျိုး မျဉ်းပြိုင်တွေအဖြစ် ယှဉ်ပြိုင်နေခဲ့ခြင်းမရှိသလိုမျိုး ဆက်ဆံဖို့ ကြံရွယ်ခဲ့သေးသည်။


ဒါပေမယ့် တူညီတဲ့ကျောင်း၊ တူညီတဲ့ ကော်ရစ်ဒါ၊ တူညီတဲ့ ကျောင်းကဖေး၊ တူညီတဲ့ ကစားကွင်းနေရာတွေမှာ ရှူလီချန်ရဲ့ ပူနွေးတဲ့အကြည့်တွေက အရင်ဘဝကအတိုင်း ထပ်တူပင်။ နေ့စဉ်နေ့တိုင်း သူတို့တွေ တစ်ယောက်ကိုတစ်ယောက် ဖြတ်ကျော်သွားတဲ့အခါ အနည်းငယ်တော့ ပြန်လည် ငဲ့စောင်းကြည့်မိကြမည်ဖြစ်သည်။


ထိုမှတ်ဉာဏ်တွေက တစ်ရက်ပြီးတစ်ရက် ပိုပြီးရှင်းလင်းလာသည်။


သူမ အားနွဲ့ကာ ဆက်ဆက်ထိမခံဖြစ်ပြီး စိတ်မငြိမ်သေးတဲ့ မိန်းမငယ်ဖြစ်ခဲ့ဖူးတဲ့အချိန်တုန်းကတောင် သူမ ပြိုလဲကျတိုင်း ရှုလီချန်က သူမဘေးမှာရှိနေပေးခဲ့တာကို ကျန်းယန်ရှန့်ငြင်းမရပေ။


သူမပုခုံးကို ပုတ်ပေးကာ ‌သူ့လက်တွေနဲ့ထွေးပွေ့ထားပေးပြီး ဆံပင်တွေကို သပ်ပေးခဲ့ဖူးသည်။ အထက်စီးဆန်ကာ မနှစ်မြို့စရာစကားတွေကို ပြောတတ်ပေမယ့် တစ်ချိန်တုန်းက သူမ မှီဖို့ သူ့ပုခုံးကို ငှားပေးခဲ့ဖူးသည်။


ဝမ့်ချမ်က ကြားညှပ်နေလို့သာ သူတို့တွေ ချစ်သူဖြစ်လာမယ့်အရေးမှာ ကျဆုံးခဲ့ရခြင်းဖြစ်သည်။


ဖုန်းအမြန်ခေါ်လို့ရတဲ့ shortcut key “ 1 ” က သူမအတွက် သီးသန့်လုပ်ပေးခဲ့တာဖြစ်သည်။ ရှုလီချန်က ကျန်းယန်ရှန့်ကို ဖုန်းခေါ်ချင်ရင်လည်း “ 1 ” ကို တစ်ချက်နှိပ်လိုက်ရုံမျှသာဖြစ်ပြီး ကျန်ယန်ရှန့်က ရှုလီချန်ကို ဖုန်းခေါ်ချင်ရင်လဲ “ 1 ” ကိုနှိပ်လိုက်ရုံသာဖြစ်သည်။


ဒါက ဝမ့်ချမ်တောင် မသိတဲ့ လျှိုဝှက်ချက်လေးတစ်ခုပင်။ ခုလိုမျိုး နောက်ထပ်ဆင်တူလျှိုဝှက်ချက်လေးတွေ သူတို့ဆီမှာရှိပြီး တစ်ယောက်နှင့်တစ်ယောက် ဖွင့်ပြောစရာမလိုတဲ့ အပြန်အလှန်နားလည်မှုတွေလည်းရှိသည်။


လောကကြီးတစ်ခုလုံးကို ရန်သူသဖွယ်သတ်မှတ်ထားခဲ့တဲ့ အဲ့ဒီအရွယ်တုန်းက ရှုလီချန်တစ်ယောက်ထဲကသာ သူမ နှလုံးသားကြီးတစ်ခုလုံးနှင့် ပုံအပ်ပြီးယုံကြည်ရဲခဲ့သူဖြစ်သည်။ နောက်ပိုင်းမှသာ အနေဝေးသွားတာကြောင့် ယုံကြည်မှုတွေ အပြန်အလှန်နားလည်မှုတွေ ပျက်စီးသွားရတာဖြစ်၏။


ဒါပေမယ့် အချိန်တွေကြာလာလေ ရှုလီချန်နှင့် ချည်နှောင်ထားတဲ့နှောင်ကြိုးတွေက ဝမ်ချမ့်ကို အဆက်အသွယ်ဖြတ်ခဲ့သလိုမျိုး အလွယ်တကူဖြတ်တောက်ဖို့မဖြစ်နိုင်ဘူးဆိုတာ ပိုသိလာရလေဖြစ်၏။


သူ့ကို သူမ ဒေါသဖြစ်စွာကြည့်လိုက်ပြီး ဒါက စိတ်ဝင်စားစရာကောင်းတယ်လို့ သူမတွေးလိုက်မိသည်။ သူမက ဒီလို အတွေ့အကြုံကနေ သင်ယူရတာကိုပျော်သည်။ သူက ငယ်ရွယ်ပြီး ဒုတိယနေရာမှာ ထားခံရတာကြောင့် ခံစားနေရတယ်ဆိုတာ သူမ မြင်နေရပြီး သူ့ကို ကျန်းရှို့ချန်ကို ပညာပေးခဲ့သလိုမျိုး ရိုက်နှက်ဖို့ရန် မစောင့်နိုင်တော့ပေ။


ဒီအရူးက သူမကြုံတွေ့ခဲ့ရသလိုမျိုး သေဆုံးခြင်းနှင့် ပြန်လည်မွေးဖွားခြင်းကို မကြုံတွေ့ခဲ့ဖူးတာကြောင့် သူမ စိတ်ခံစားချက်တွေက ဘယ်လိုဖြစ်နေတယ်ဆိုတာ နားမလည်ပေ။ သူက 15နှစ်/16နှစ်အရွယ် ငတုံးကောင်လေးတစ်ယောက်အဖြစ်သာ ရှိသေးတာ ဖြစ်သည်။


သူက အရွယ်မရောက်ဖူးသေးဘူးလေ။


ကျန်းယန်ရှန်က ရှုလီချန်၏ အထက်စီးဆန်တဲ့အပြုံးကိုကြည့်လိုက်ပြီး သူမမျက်နှာမှာ ရက်စက်ကြမ်းကြုတ်တဲ့အပြုံးတစ်ခုကို ချိတ်ဆွဲလိုက်သည်။


လူတွေက အခုမဟုတ်ရင်တောင် နောက်တော့ အသက်ကြီးလာမှာဖြစ်သည်။ ကြီးပြင်းလာအောင် တွန်းအားပေးတဲ့လူတွေကြောင့်ဖြစ်ဖြစ် ကိုယ်တိုင်ကြောင့်ပဲဖြစ်‌ဖြစ် နည်းလမ်းတစ်ခုမဟုတ် တစ်ခုနှင့်ပေါ့။


သူမက လည်ပင်းညှစ်ထားတာကို အနည်းငယ်အားလျော့ပေးလိုက်ပြီး အေးစက်စက်နိုင်စွာဖြင့် ပြုံးလိုက်တော့သည်။


ရှုလီချန်က သူမကို ဆွဲဆောင်မှုရှိစွာဖြင့် ငေးကြည့်လိုက်သည်။


ကျန်းယန်ရှန့်က ဘာလို့ ဒီလိုနှိုင်းယှဉ်ရာမဲ့တဲ့ မျက်နှာအမှုအရာကို ပြုလုပ်ပြလာလဲ့မသိပေမဲ့ သူမမျက်လုံးတွေကတော့ ကြမ်းကြုတ်ပြီး ဝမ်းနည်းနေဟန်ထင်ရသည်။


ဒါပေမယ့် သူမက သူ့ကို စူးစိုက်ပြီးကြည့်နေသည်။ ကျောင်း၏ လျှောက်လမ်းမှာ သူမကို တွေ့ဖူးပြီးကတည်းက အခုချိန်ထိ သူမက သူ့ကို အတည်ပေါက်ကြီးနှင့် တစ်ခါမှ မကြည့်ဖူးပေ။


သူမ အခုကြည့်နေပုံက အေးစက်ကာ ခက်ထန်၏။ အကြင်နာကင်းမဲ့ပြီး ရက်စက်ဟန်‌ ပေါ်သည်။


ငါx_ိုး! သူမအလှက သေစေနိုင်လောက်တယ်။


ကျန်းယန်ရှန့်က ရင်ဘတ်ကိုဖိထားတဲ့ဒူးအောက်က အင်္ကျီကို ဆုပ်ကိုင်လိုက်ပြီး မျက်နှာကို သူ့ဆီ ကိုင်းညွှတ်လာခဲ့သည်။


ရှုလီချန်က ကျန်းယန်ရှန့် သူ့ကိုနမ်းတော့မယ်လို့ ထင်တာကြောင့် သူ့ ရင်ထဲမှာ မီးရှုးမီးပန်းတွေ ပေါက်ကွဲထွက်သွားပြီး သွေးတွေကလဲ ရေတံခွန်ရေတွေအလား အမြန်ပြတ်ပြေးသွားကြကာ ခန္ဓာကိုယ်တစ်နေရာကလည်း ချက်ချင်းတုန့်ပြန်လာခဲ့သည်။


ဒါပေမဲ့ သူစောင့်စားနေတဲ့ နှုတ်ခမ်းလေးက သူ့နှုတ်ခမ်းကို ဖိနမ်းမလာဘဲ နားရွက်နားကိုသာ ဖိကပ်လာသည်။


သူမရဲ့အသံက ဆွဲဆောင်မှုရှိလှသည်။ အသက်ရှုထုတ်လိုက်တဲ့ လေနွေးနွေးက သူ့ရဲ့နားရွက်နဲ့ မျက်ခွံတွေကို တွန်းတိုက်သွားကြတော့ လျှပ်စစ်စီးကြောင်းတစ်ခုက သူ့ခန္ဓာကိုယ်တစ်လျှောက် ဖြတ်ပြေးသွားတော့သည်။


သူမ ဘာတွေပြောနေတာပါလိမ့်။


“ နင် က ရူးလိုက်တာ။ ဒါပေမဲ့ နင်က နင်ရဲ့မိသားစုအပေါ် အရမ်းမှီခိုလွန်းတယ်လို့မထင်မိဘူးလား။  ကမ္ဘာကြီးတစ်ခုလုံးကို နင် ပိုင်တယ်၊ ကမ္ဘာကြီးက နင့် အနီးအနားမှာဘဲ လည်ပတ်နေတယ်လို့ထင်နေတာမလား။ ရှုလီချန် ငါ နင့်ကို တစ်ခုတော့ ပြောပြလိုက်မယ်...”


ကျန်းယန်ရှန့်က ရှုလီချန်၏ကမ္ဘာကြီးကို နူးညံ့ငြင်သာစွာဖြင့် အပိုင်းပိုင်းဆုတ်ဖြဲလိုက်သည်။


“ နင် က တစ်ဦးတည်းသောသား မဟုတ်ဘူး ”


ထိုစကားလုံးတွေ ရှုလီချန်၏ခေါင်းထဲကို ဝင်ရောက်လာသည့်အချိန် သွေးလည်ပတ်တာတွေရပ်သွားပြီး အသက်ရှုရပ်သွားရသည်။ စကားလုံးတစ်ခုချင်းစီက ခေါင်းထဲမှာ ပဲ့တင်ထပ်နေခဲ့ကာ အချိန်အတော်ကြာ အချိန်ယူပြီးမှ ဘာကို ဆိုလိုချင်တာလဲဆိုတာ နောက်ဆုံးတော့ နားလည်လိုက်ရသည်။


ရှုလီချန် ပြောစရာစကားတွေမဲ့နေခဲ့ပြီးမှ အသိတရား၏ပြန်လှုပ်နိုးခြင်းကို ခံရပြီး မေးလိုက်သည်။


“ မင်း ဘာတွေပြောနေတာလဲ ”


သူက အဲ့တာကို မယုံဘဲ ဟာသတစ်ခုလို့သာထင်နေသည်။


ကျန်းယန်ရှန့်က သူ့ကို စနောက်နေတာမလား။


ကျန်းယန်ရှန်က လက်တစ်ဖက်ကို စားပွဲ‌ပေါ်ထောက်ထားကာ အားယူထားပြီး ကျန်လက်တစ်ဖက်က သူ့အင်္ကျီကို ဆုပ်ကိုင်ထားကာ သူမမျက်နှာကိုမော့ထားလျက် မျက်လုံးတွေကတော့ သူ့ကိုကြည့်နေသည်။ သူမမျက်နှာက လှပသည်။ ဒါပေမယ့် အကြင်နာမဲ့ပြီး ရက်စက်ကြမ်းကြုတ်ဟန်ပေါ်သည်။


“ မင်းဘဝကို မင်းတစ်ယောက်ထဲပျော်အောင် နေနေရတယ်လို့ မင်းမထင်ဘူးလာ။ မင်းမိဘတွေက အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေ..ပြီးတော့ သူတို့က တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတယ်လို့ မင်းထင်နေတယ်...ဟုတ်တယ်မလား။ အဲ့တာတွေ အကုန်အတုအယောင်တွေဘဲ ”


“ နင့် မှာ ငါတို့နဲ့သက်တူရွယ်တူ ညီလေးတစ်ယောက်ရှိသေးတယ်။ သူက လအနည်းငယ်လောက်ဘဲ မင်းထက်ငယ်တဲ့ညီလေးဘဲ ”


“ နင့် အမေက အဲ့တာကို သိတာကြာပြီ။ အဲ့ကိစ္စက နင့်အဖေနဲ့အမေ တစ်ယောက်နဲ့တစ်ယောက် မျက်နှာပျက်ခဲ့ရတဲ့ တစ်ခုထဲသော အကြောင်းအရင်းပေါ့။ နှစ်ယောက်သား ခွင့်မလွှတ်နိုင်ခဲ့ကြဘူး ”


ရှုလီချန်၏ ကမ္ဘာကြီး ပြိုလဲတာက ‌လာမယ့်နှစ်ဝက်မှာ ဖြစ်မဲ့အရာတစ်ခုပင်။


ရှုလီချန်ရဲ့အမေက အမွေတွေကို လွှဲပြောင်းယူဖို့ လုပ်နေတာကို ရှုလီချန်ရဲ့အဖေက တွေ့သွားခဲ့ပြီးနောက် သူတို့တွေ အချင်းအချင်း ချစ်ဟန်ဆောင်နေတာကိုရပ်လိုက်ကြကာ ကွာရှင်းခဲ့ကြသည်။


ခွေးသွေးတွေအားလုံးကို တစ်ခုချင်းစီအသေးစိတ်ဖော်ပြဖို့ကတော့ ခက်သည်။


Xxxxxx


Part 140


တစ်ချိန်တုန်းက တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခဲ့တဲ့ စံပြစုံတွဲက တစ်ယောက်ကို တစ်ယောက် ကျောခိုင်းသွားခဲ့သည်။ ချစ်ခြင်းမေတ္တာတွေနှင့်စတင်ခဲ့တဲ့ခရီးက ဂရုဏာတရားကင်းမဲ့ခြင်းတွေနှင့်အဆုံးသတ်သွားသည်။


အရက်စက်ဆုံးကတော့ သူ့အဖေက သူ့အမေဖိတ်တဲ့ စေ့စပ်ပွဲကို သွားခဲ့စဉ်အခါက ဖြစ်သည်။ သူ၏အမေက အလစ်ဖမ်း တိုက်ခိုက်ကာ သူမယောက်ျားကို ကြိုးနှင့်ချည်ပြီး စိတ်ကျန်းမာရေးဆေးရုံသို့ပို့၍ အတင်းအကျပ် ကုသမှုခံယူခိုင်းခဲ့သည်။ သူမက အကြောင်းအရာအတုတွေအားလုံးကို ယုတ္တိရှိရှိဇာတ်လမ်းဆင်ခဲ့ပြီး သူ့အဖေက ဆေးရုံကို ပို့ခံရခါနီးနီးဖြစ်ခဲ့သည်။


သူမက သူ့ကို စိတ်ရောဂါကုသရေးဆေး တစ်ဒါဇင်လောက်ရယ် တခြားဆေးတွေရယ်ကို ထိုးပေးပြီး အထဲကိုပို့ဖို့လုပ်ခဲ့သည်။ အကယ်၍ သူက ရူးမနေခဲ့ဘူးဆိုရင်တောင် တဖြည်းဖြည်းနှင့် ရူးသွားအောင်လို့ဖြစ်သည်။


စောင့်ကြည့်သူတွေက နောက်ဆုံးစကားကိုပြောလာတော့ မြို့နယ်စီမံခန့်ခွဲရေးမှူးအတွက် ဘာလုပ်နိုင်စွမ်းမှမကျန်တော့။


ကံကောင်းထောက်မစွာဖြင့် ရှုလီချန်၏အဖေက ကိုယ်ရံတော်တွေကို အထူးတလည် ခေါ်ယူခဲ့သည်။ ကိုယ်ရံတော်တွေအားလုံးက စစ်မှုထမ်းဟောင်းတွေဖြစ်ပြီး သူတို့တွေက အရေအတွက်ပိုများသည်။ သူတို့က သူတို့ boss ကို အတတ်နိုင်ဆုံး ကြိုးစားကာကွယ်ကာ ပြိုင်ဘက်၏လက်ထဲက ထွက်ပြေးလွှတ်မြောက်သွားခဲ့သည်။ ဒရိုင်ဘာကလည်း လူတစ်ယောက်နှင့် တိုက်ခိုက်ခဲ့ရပြီး ထိုလူကို အနိုင်ပိုင်းနိုင်ခဲ့သည်။


ထိုအချိန်တုန်းက K မြို့တော် လုပ်ငန်းအသိုင်းအဝိုင်းကြားမှာ ဒီအကြမ်းဖက်မှုကြီးက အကြီးအကျယ်ပျံ့နှံ့သွားခဲ့သေးသည်။


ထိုကိစ္စဖြစ်သွားပြီး နောက်ပိုင်း မလုံခြုံဘူးလို့ ခံစားရတာကြောင့် နှစ်ယောက်စလုံး လက်ရှိအိမ်မှာဆက်မနေရဲကြတော့ပေ။


အဲဒီ အိမ်အကြီးကြီးထဲမှာ ရှုလီချန်တစ်ယောက်ထဲကသာ နေခဲ့ရသည်။ သူက သူတို့တွေကို အဲ့ဒီမှာ ညလုံးပေါက်ပါတီလုပ်ဖို့ မကြာခဏခေါ်သွားလေ့ရှိသည်။


“ ငါ-ိုးလို မဖြစ်နိုင်တာတွေလျောက်ပြောမနေနဲ့! ” ရှုလီချန်က ကျန်းယန်ရှန့်ကို မျက်လုံးပြူးပြီး အော်ဆဲလိုက်သည်။


“ မင်းက စောက်အဓိပ္ပါယ်မရှိတာတွေပြောနေတာဘဲ! ” ရှုလီချန်ရဲ့မျက်လုံးတွေက နှိုင်းဆလို့မရအောင် ပြူးကျယ်လာပြီး ကျန်းယန်ရှန့်ကို ခက်ထန်စွာကြည့်လာခဲ့သည်။


ကျန်းယန်ရှန့်က လှောင်ရယ်လိုက်သည်။


 “ နင့်အဖေက နင့်ကို ကောင်းကောင်းဆက်ဆံပေးတယ်လို့ ထင်နေတာမလား။ စာမေးပွဲကျတဲ့အခါ နင့် အမေက ဆူပေမဲ့ နင့်အဖေက ဘယ်တော့မှ ဂရုမစိုက်ဘူးလေ။ နင့် အပေါ် သူက အရမ်းကောင်းတာ....ဟုတ်တယ်မလား။ ”


“ နင် ဂိမ်း acc တစ်ခုကို အချိန်တွေအကြာကြီး ဆော့ပြီးမှ ပျက်သွားရင် acc အသစ်ဖွင့်မှာမဟုတ်ဘူးလား ”


“ နင့်ရဲ့ ညီလေးက ငါတို့နဲ့ တစ်နှစ်တည်းပဲ။ သူက ဘယ်လောက်တောင် အံ့ဩဖို့ကောင်းတယ်ဆိုတာ နင်သိရဲ့လား။ သူက မှုလတန်းကို မြို့ရဲ့ တတိယအတော်ဆုံးအဖြစ်နဲ့ အောင်ခဲ့တာ။ သူက Key Middle School တစ်ခုမှာလဲ အဖွဲ့ဝင်အသစ် ဖြစ်လာပြီ။ နင်သိရဲ့လား...အိုလံပစ်အောင်လက်မှတ်တွေ ဆုတွေ ဘယ်များများ သူ ရထားတာလဲဆိုတာတွေ...နင့်အဖေကရော သူ့ကို အရမ်းချစ်တယ်ဆိုတာတွေကို ”


“ နင့်အဖေမှာ ဒီလောက်ထူးချွန်တဲ့ နင့်ရဲ့ညီလေးရှိနေတာ မင်း စာမေးပွဲကျလဲ ဘယ်သူက ဂရုစိုက်မှာလဲ ”


သူမ အဲ့တာကို ပြောလိုက်တဲ့အချိန်က ရှုလီချန်ငိုတာကို ကျန်းယန်ရှန့် ပထမဆုံးမြင်ခဲ့ဖူးခြင်းပင်။


သူမက သူ့ကို ပုခုံးငှားပေးခဲ့ပေမဲ့ သူက ပုခုံးပေါ်မှီဖို့ ငြင်းဆန်ခဲ့သည်။ သူ အရမ်းဝမ်းနည်းသွားတာဖြစ်ပြီး နှာခေါင်းကနေ နှာရည်တွေထွက်ကျလာပေမဲ့ သူက စောက်ရမ်းချောဟန် ယောင်ဆောင်ချင်နေတုန်းပင်။


သူမက လမ်းဘေးမှာ ဘီယာသောက်ပြီး ဆေးလိပ်ဖွာဖို့အဖော်လိုက်ပေးခဲ့သည်။


သူတို့နှစ်ယောက်ကို ကြည့်သွားတဲ့ ဖြတ်သွားဖြတ်လာတွေရဲ့အကြည့်တွေက ဖော်ပြဖို့တော့ခက်သည်။ ကလေးလက်ကိုတွဲထားတဲ့ မိဘတွေကတော့ သူတို့ကို တမင်တကာကွေ့ပတ်သွားကြပြီး ရွံစရာကောင်းသလိုကြည့်သွားကြသည်။ ဘယ်လိုဘဲဖြစ်ဖြစ် သူတို့နှစ်ယောက်က ဂရုမစိုက်ကြပေ။


အရမ်းမှောင်လာပြီးဖြစ်ပေမဲ့ သူ့ကို ဘယ်သူမှ စိတ်ပူပြီး ဖုန်းမခေါ်လာသလို သူမကို အိမ်ပြန်ဖို့ လာခေါ်တဲ့သူလဲ မရှိပေ။


ဘယ်သူမှ သူတို့ကို ဂရုမစိုက်သလို သူတို့ကလည်း ဘယ်သူ့ကိုမှ ဂရုမစိုက်ပေ။


ရှုလီချန်၏ ရင်ဘတ်က နှိမ့်လိုက်မြင့်လိုက် စတင်ဖြစ်လာပြီး သူ့အသက်ရှုသံတွေက မမှန်တော့ပေ။ ကျန်းယန်ရှန့်ကိုကြည့်နေသော သူ၏အကြည့်တွေက ခက်ထန်လာသည်။


ကျန်းယန်ရှန့်က သူ့ကို နည်းနည်းလေးမှ မကြောက်ဘဲ ပြန်စိုက်ကြည့်သည်။


ရှုလီချန်က ရုတ်တရက်သူမကို တွန်းလှဲကာ ဆွဲလှည့်လိုက်ပြီး သူမအပေါ်တက်ခွဖို့လုပ်သည်။


ကျန်းယန်ရှန့်က ဒါကို ကြိုသိပြီး ပြင်ဆင်ထားတာကြောင့် ကံကောင်းသွားသည်။ သူတွန်းလိုက်တဲ့အချိန် သူမကိုယ်သူမ ဟန်ကိုယ့်ဖို့လိုက်ပြီး ခုန်ထွက်ကာ မြေကြီးပေါ် ထရပ်လိုက်သည်။


ရှုလီချန်က ဆောင့်ကြောင်ထိုင်နေခဲ့သည်။ သူ့ရင်ဘတ်တွေက လေးလံနေပြီး မျက်လုံးထောင့်တွေကတော့ နီရဲနေ၏။


သူ့ပုံစံက လူတွေကို ထိခိုက်အောင်လုပ်ချင်နေတဲ့ပုံပင်။ အကြိမ်ရေအနည်းငယ်လောက် အသက်ပြင်းပြင်းရှုသွင်းပြီးသွားတဲ့နောက်မှာတော့ သူ့ခံစားချက်တွေကို ထိန်းချုပ်လာနိုင်ခဲ့သည်။


“ ချီးပဲ ကျန်းယန်ရှန့် ” သူက ကျိန်ဆဲလိုက်သည်။ “ မင်းအတန်းဖော်ကို ရိုက်နက်လိုက်တာက ငါ့အပြစ်ဟုတ်တာမှန်ပေမဲ့ ဒီလိုမျိုးဟာသတွေ လာလုပ်လို့ ရကြေးလား ”


သူ့ကိုကြည့်လာတဲ့ ကျန်းယန်ရှန့်ရဲ့ နက်မှောင်နေတဲ့မျက်လုံးတွေက သူ့ရဲ့ဂုတ်ပိုးကို အေးစက်သွားစေသည်။ သူမ ပြောနေတာတွေက အဓိပ္ပါယ်မရှိဘူးဆိုတာ ထုတ်ဖော်ဖို့ ကြိုးစားနေပေမဲ့လဲ ကျန်းယန်ရှန့်က ပြောလာခဲ့သည်။


 “ နင့်အဖေက နင့်ရဲ့ မှုလတန်းအောင်အခမ်းအနားကို မတက်ခဲ့ဘူး ”


“ အဲ့ဒီနေ့က D Country က ဖောက်သည်တစ်ယောက်ကို လိုက်ပို့ရမှာလို့ နင့်ကိုပြောခဲ့တယ်။ နင်က အတန်းထဲမှာ အဖေအရော အမေရော အခမ်းအနားကို မတက်ရောက်ပေးတဲ့ တစ်ဦးတည်းသောကလေးဘဲ ”


“ အဲ့ဒီနေ့က နင့်ညီလေးရဲ့ မှုလတန်းအောင်ပွဲအခမ်းအနားနေ့လဲ ဟုတ်တယ်။ သူက နင့်ဆီလာမဲ့အစား သူ့ဆီကို သွားခဲ့တာ ”


“ သူက အချိန်ရအောင်လုပြီး အခမ်းအနားကို အရင်တက်ခဲ့တယ် ပြီးမှ ဖောက်သည်ကို သွားတွေ့ခဲ့တယ်။ အဲ့လိုနည်းနဲ့ နင့်အမေကိုပါ လှည့်စားသွားတာ ”


ရှုလီချန်က မတ်တပ်ရပ်လာခဲ့သည်။ သူ မတ်တပ်ထရပ်လိုက်တာနဲ့ ကျန်းယန်ရှန့်ထက် အရပ်မြင့်သွားတော့သည်။


“ သက်သေပြစမ်းပါ ” နောက်ဆုံးတော့ သူအကြပ်ရိုက်နေပြီဖြစ်သည်။ သူက အံကြိတ်ထားတာကြောင့် ပါးရိုးကလဲ ထင်းနေတော့သည်။


ကျန်းယန်ရှန့်က ဘာလို့ ကိစ္စတွေအများကြီး အသေးစိတ်သိနေတာလဲ သူမစဉ်းစားချင်ပေ။


မှန်သည်။ အောင်ပွဲအခမ်းအနားနေ့တုန်းက သူ ဒေါသတွေ အကြီးအကျယ်ထွက်နေခဲ့တာ ဖြစ်သည်။ သူ့အဖေက သူ့ကို တစ်ခုခုဝယ်ပေးခဲ့တာကြောင့်သာ သူ စိတ်ပြန်ငြိမ်သွားတာဖြစ်သည်။


ရုတ်တရက် သူ့အဖေက သူ့ကို ဖာထေးတဲ့အနေနဲ့ ဘာဝယ်ပေးခဲ့လဲဆိုတာ မမှတ်မိတော့မှန်း ရှုလီချန် သတိထားမိသွားသည်။ သူ လိုချင်တာတွေမှန်သမျှရနိုင်တာကြောင့် သူ့မှာ ကစားစရာတွေအများကြီးရှိသည်။ ကစားစရာတစ်ခုကို သုံးရက်လောက်ကစားပြီးသွားရင် စိတ်ဝင်စားမှုမရှိတော့ဘဲ ချောင်ကြိုချောင်ကြားမှာ လွှင့်ပစ်ထားလေ့ရှိသည်။ သူ အဲ့တာက ဘာလဲဆိုတာ တကယ်မမှတ်မိတော့ဘူး။


အဲ့ဒီအသေးစိတ်တွေက အရင်ဘဝတုန်းက ရှုလီချန်ရဲ့ညီလေးက ရှုလီချန်နဲ့ရင်ဆိုင်ရတဲ့အချိန် ထုတ်ဖော်ခဲ့တာဖြစ်သည်။ သူ့ရဲ့ညီလေးက သူ့အပေါ် အမုန်းတရားတွေ ပေါက်ဖွားနေတာကြောင့်ဖြစ်၏။


သူက တော်တာမှန်ပေမဲ့ တရားမဝင်ကလေးဖြစ်ရတာကို ဝန်လေးခဲ့ပြီး တရားဝင်သားဖြစ်တဲ့ ရှုလီချန်ကို အရမ်းမုန်းခဲ့သည်။


ရှုလီချန်ကလဲ ရက်စက်သည်။ သူ့ညီလေးကို တက္ကသိုလ်ဝင်စာမေးပွဲကျတဲ့အထိ ဖြစ်စေခဲ့သည်။


သူ့ညီလေးကတော့ တစ်ခါကျရှုံးခဲ့တာတောင် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်ဖြေချင်ခဲ့တုန်းပင်။


( ကောင်းပြီလေ။ အဲ့တာဆို ငါတို့နောက်တစ်နှစ် ထပ်လုပ်ကြတာပေါ့။ နှစ်တွေဘယ်လောက်ကြာကြာ ကိစ္စမရှိဘူး ”...လို့ ပြုံးပြီး ပြောတော့ သူ့ညီလေးက ထပ်ပြီး အဖျက်အဆီးလုပ်ခံမှာစိုးရိမ်ပြီး စာမေးပွဲကို ပြန်မဖြေချင်တော့ပေ။ ရှုလီချန်က သူ့ကို အလွှတ်ပေးမှာမဟုတ်။ သူသာ စာမေးပွဲကို တစ်နှစ်ပြီးတစ်နှစ်ပြန်ဖြေနေရရင် သူ့စိတ်တွေပြိုလဲပြီး ဆိုးသထက်ဆိုးလာရုံသာရှိမည်။


နောက်ဆုံးတော့ သူ မတက်ချင်တဲ့ကျောင်းတစ်ခုကိုသာ သွားလိုက်တော့သည်။


ကျန်းယန်ရှန့်က ပြောသည်။ “ ငါ့မှာ သက်သေရှိတယ်။ ငါ့ကို တနင်္လာနေ့မှာ လာတွေ့။ မျှတတဲ့ အပေးအယူလေးတစ်ခုလုပ်ကြတာပေါ့ ”


သူမက ကျောပေး လှည့်ထွက်သွားခဲ့ပြီးမှ ခြေလှမ်းအနည်းငယ်အရောက်မှာ ရပ်လိုက်ကာ နောက်ပြန်လှည့်ကြည့်လာသည်။


“ ငါသာ နင့်နေရာမှာဆိုရင် နင့်အဖေဆီသွားပြီး မေးခွန်းတွေ မေးနေမှာမဟုတ်ဘူး။ အဲ့တာက မြွေဆိုးကြီးကို ခြောက်လှန့်တာနဲ့အတူတူဘဲ။ အဲ့တာကြောင့် နင့်အမေကို ဖျောင်းဖျပြီး အမွေတွေ မြန်မြန်သိမ်းခိုင်းလိုက်တာပိုကောင်းမယ်။ တတ်နိုင်သမျှ မြန်မြန်ပေါ့ ”


“ နင်က နင်ြအမေရဲ့ တစ်ဦးတည်းသောကလေးဘဲဟာ။ အမွေလုလို့ရလာသမျှက အနှေးနဲ့အမြန် မင်းအပိုင်တွေဖြစ်လာမှာဘဲ။ မင်းအဖေဘက်ကဟာတွေ မလိုဘူး ”


“ စိတ်ကို ရှင်းအောင်လုပ်ထား ”


Xxxcxx