အပိုင်း ၁၀၉-၁၁၀
Viewers 23k

Part 109


   ဝမ်ချန် ဒေါသအလွန်ထွက်နေခြင်းကြောင့်  တုန်ရီနေသည် ။ 


   သူမ ရှုလီချန်နှင့် ပရောပရီ လုပ်ခဲ့သည်မှာ မှန်သော်လည်း ရှုလီချန်ကလည်း ထိုအချိန်က မငြင်းဆန်ခဲ့ပေ ။


   လူတစ်ယောက်သည် ဤသို့ မရေရာသော ကိစ္စမျိုးအတွက် မည်မျှ စိတ်ရှုပ်နိုင်မည်နည်း။ ဒီကိစ္စသည် လူနှစ်ယောက်ပါဝင်သော ကိစ္စဖြစ်သည် ။


   သို့သော် အားလုံး၏ သံသယနှင့်စွပ်စွဲသော မျက်လုံး များကို ဖြေရှင်းချက် မပေးနိုင်ပါ ။ အမှတ်တစ်ကယ်တော့ သူမကိုယ်တိုင် ချမှတ်ထားသည့် စည်းမျည်းကို သူမ ချိုးဖောက်မိခဲ့ခြင်းဖြစ်သည်။


   သို့သော် ထိုအရာမှာ သူမတစ်ယောက်ထဲ မဟုတ်ဟု ထင်သည် ။ သူတို့ထဲမှ လူအနည်းငယ်သည် ရှုလီချန်နှင့် ပရောပရီ မလုပ်ဟု သူမယုံကြည်ခြင်းမရှိ ပေ။ အားလုံးက ဖြူစင်သော ကြာပန်းလေးကဲ့သို့ ဟန်ဆောင်နေစရာ မလိုပေ ။


    ဝမ်ချန်၏ ဒေါသနှင့်မကျေနပ်သော အကြည့်များက ပျံ့လွင့်နေသည် ၊ 


ရှုလီချန်သည် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည် ၊ ထို့နောက် ထိုမိန်းကလေးများအား လျစ်လျူရှုကာ ပြန်ထွက်လာခဲ့လိုက်သည်။ 


   သူမ၏ နောက်ဘက်တွင် မည်သည့်မိိန်းကလေးမှ "ဝူး…"ဆိုသည့်အသံမြည်အောင် ပြလုပ်လိုက်သည် မသိလိုက် ။


   ရှုလီချန်သည် တစ်ချက် လှည့်မကြည့်။


   သူ တမင် မကြည့်ခဲ့ခြင်းပင် ဖြစ်သည် ။


   သူတို့အတန်းထဲတွင် လျှို့ဝှက်ချက် ဟူ၍မရှိပါ။ ဝမ်ချန်နှင့် ထိုအဖွဲ့လေး၏ သဘောတူညီမှုကို သူကြားသည်မှာ ကြာပြီဖြစ်သော်လည်း ခေါင်းဆောင် ဖြစ်သည့် ဝမ်ချန်မှာ တစ်ကိုယ်တော် တိတ်တဆိတ်လှုပ်ရှားလျက်ပင် ရှိလေသည် ။


   ရှုလီချန်သည် စက်လှေကား၏ ပလက်ဖောင်းသို့ ရောက်သောအခါ ကျန်းယန်ရှန့်သည် နေကာမျက်မှန်တပ်ပြီး လက်ပြကာ ပြုံးပြသွားခဲ့သည်ကို သတိရသွားသည် ။ ထိုပုံရိပ်သည် သူ၏ စိတ်ထဲတွင် စွဲထင်ကျန်နေခဲ့သည်။


   သူတို့အားလုံး အသက်အရွယ်အားဖြင့် တူညီနေကြသော်လည်း အဘယ့်ကြောင့် သူမသည် အခြားမိန်းကလေးများနှင့် ကွဲပြားနေသည်ကို စဉ်းစား၍မရနိုင် ရှိလေသည် ။


   ကျန်းယန်ရှန့် အိမ်ပြန်ရောက်သောအခါ ညစာစားချိန်တွင် ကျန်းဟယ်လင်းကိုသာ စူးစိုက်ကြည့်နေလေသည် ။ 


   ကျန်းဟယ်လင်းက သတိထားမိကာ သူမကို မေးလိုက်သည် "မမ …ဘာကိစရှိလို့လဲ…" ။ 


   ကျန်းရှို့ချန်က ပန်းကန်လုံးတစ်ခုကို ကိုင်ထားရင်း မျက်လုံးအပြူးသားနှင့် ကြည့်နေလေသည် ။ ထို့နောက်တွင် တစ်ချက်ပြုံးကာ " အစ်မတိုင်ပတ်ပြီ…မမ က အစ်မကို ရိုက်တော့မယ်ထင်တယ်…" ။


   ကျန်းဟယ်လင်း အံ့ဩသွားပြီး ဒေါသတစ်ကြီး ပြောလိုက်သည် "နင်က အဓိပ္ပါယ် မရှိတာတွေ ပြောနေတာပဲ…" ။


   ကျန်းရှို့ချန်ကတော့ အသေအချာပင်ဖြစ်သည် "မမသားကိုရိုက်ခါနီးကျရင် သားကိုအဲ့လိုပဲ စိုက်ကြည့်နေကြ…"။


   သူမ ကျန်းယန်ရှန့်ကို သေချပြန်ကြည့်သည် ။ သူမ အနည်းငယ် စိုးရိမ်စပြုလာသည် ။


   ကျန်းယန်ရှန့်က လက်ဖဝါးဖြင့် သာသာလေး ကျန်းရှို့ချန်၏ ခေါင်းကို ပုတ်လိုက်လေသည် "အစားက်ိုသာ စားစမ်းပါ…"။


   ကျန်းဟွမ်သည် ရယ်ချင်စိတ်ကို ထိန်းထားပြီးကျန်းဟယ်လင်းအား တမင်ကြောက်အောင် စလိုက်သည် "နင်ဘာလုပ်တာလဲ…နင်စဉ်းစားစမ်း…နင့် မမ ကို အခုအမှားလုပ်မိပါတယ်လို့ တောင်းပန်စမ်း…"။


   ကျန်းဟယ်လင်းသည် လူကြီးများက စနောက်နေသည်လား ၊အတည်ပြောနေသည်လားကို မဝေခွဲတတ်။ထို့ကြောင့် ပို၍ပင် စိတ်ရှုပ်သွားသည်


" သမီး…ဘာမှမလုပ်ထားပါဘူး…စဉ်းစားပါရစေဦး…"။


   သူမ အမှန်တစ်ကယ်ပင် ဘာမှမလုပ်ထားသော်လည်း အခြားတစ်ယောက်မှ ဤသို့စကားဖြင့် ခြောက်လှန့်သောအခါ သူမကိုယ်သူမ ယံုကြည့်မှု မရှိတော့ပေ။ 


   ကျန်းယန်ရှန့်မှ မသက်မသာဖြင့်ပြောလိုက်သည် "သူတို့က နင့်ကို စ နေကြတာပါ…ငါနင့်ကို ရိုက်မယ်လို့ ဘယ်တုန်းက ပြောမိလို့လဲ…"။


   ကျန်းဟယ်လင်းသည် သက်ပြင်းတစ်ချက်ချလိုက်ကာ ကျန်းရှို့ချန်ကို မျက်စောင်းထိုးကြည့်လိုက်သည် ။  


   ကျန်းရှို့ချန်သည် မျက်လွှာလေးချကာ "လာ…လာ…လာ "။


   ကျမ်းဟွမ်က အားရပါးရ ရယ်လိုက်သည် ။ ထိုကောင်မလေးမှာ အင်မတန်ရယ်ရသည် ။ 


   လျန့်ယင်းယင်းသည် မိသားစု အခြေအနေကို တိတ်ဆိတ်စွာဖြင့်  ကြည့်နေခဲ့သည် ။


   လျန့်ကျန့်၏  မတော်တဆမှု ဖြစ်သွားပြီးသည့်နောက်တွင်    ကျမ်းဟွမ်သည် သူမကို မျက်နှာသာ မပေးခဲ့ချေ။ ထို့နောက် သူမသည် ကျန်းရှို့ချန်ကို စည်းများတင်းကျပ်ခြင်ခဲ့သည် ။ ထိုအရာသည် မအောင်မြင်ပဲ ကျန်းဟွမ်အား ပိုမို မုန်းတီးစေခဲ့သည် ။


   သူမသည် ယခုတော့ နှိမ့်ချစွာနေရသည် ။ သူမ စကားများများပြောလေ အမှားပါလေ ဖြစ်သောကြောင့် ကျမ်းဟွမ်အား စိတ်မဆိုးစေချင်၍ စကားမပြောပဲနှင့်သာ နေချင်သည်။ 


   အခြားသူများက ထမင်းစားပွဲတွင် ရယ်မောကာ စကားပြောနေကြသော်လည်း ကျန်းဟွမ် သူမ၏ အသွင်အပြင်နှင့်ပက်သက်၍ ငြီးငွေ့မည်ကို စိုးရိမ်သောကြောင့် သူမ၏ ဆံပင်ပုံစံအား ပြောင်းလဲရန် တွေးတော နေလေသည် ။


စားသောက်ပြီးကြသော် ကျန်းယန်ရှန့်သည် ကျန်းဟယ်လင်သို့ လက်ညှိုးထိုးကာ " နင် ငါ့နောက်လိုက်ခဲ့စမ်း…"။


   ကျန်းရှို့ချန်မှ "မမအရိုက်ခံရတော့မယ်…မမအရိုက်ခံရတော့မယ်…"ဟု အော်ဟစ်ပြီးနောက် ကျန်းဟယ်လင်း သူ့နောက် လိုက်လာသည်အထိ မစောင့်တော့ပဲ တစ်ချိုးထဲ ထွက်ပြေးသွားသည် ။


   ကျန်းဟယ်လင်က စိတ်ဆိုးကာ ခြေထောက်ကို ဆောင့်သည် ၊ ကျန်းယန်ရှန့်သည် စိတ်မရှည်သည် ကိုသိထားသောကြောင့် လှေကားသို့အမြန်တက်ကာ သူမ အခန်းထဲသို့လိုက်သွားလိုက်သည် ။


   အခန်းထဲသို့ ဝင်ထိုင်ပြီးသည့်နောက် ကျန်းယန်ရှန့်က သူမကိုမေးသည် "နင်တို့ကျောင်းမှာ အနိုင်ကျင့်တာတွေရှိလား…"


ကျန်းဟယ်လင်းက စိတ်သက်သာရာ ရသွားဟန်ဖြင့်သက်ပြင်းချလိုက်သည် " မရှိဘူး ငါတို့ကျောင်းက အေးဆေးပဲ…" ။


   ကျန်းယန်ရှန့်က ထပ်မေးသည် "နင့်ကို အနိုင်ကျင့်နေတဲ့သူရော ရှိလား…"။


   ဤကနေ့တွင် ဝမ်ချန်နှင့်အပေါင်းအပါတစ်သိုက်က သူမကို အနိုင်ကျင့်ရန် ကြိုးစားခဲ့သည် ။ ထိုအရာက  အထက်တန်းကျောင်းတွင် မိန်းကလေးများလုပ်လေ့ရှိသည့် ရူးကြောင်ကြောင်ကိစများကို သတိရစေသည် ။ အိမ်တွင် ကျန်းဟယ်လင်းအား ထပ်မံတွေ့လိုက်ရသောအခါသူမ စိတ်ပူခဲ့မိသည် ။


   ဤကောင်မလေးသည် အလွန်နူးညံ့သည် ။ ဝမ်ချန်ကဲ့သို့ မိန်းကလေးမျိုးနှင့်တွေ့လျင် သူမသည် ခံနိုင်ရည်မရှိပဲ ထိုနေရာတွင်သေသွားနိုင်သည် ။


   ကျန်းဟွမ်သည် သူမ၏ခေါင်းကို တွင်တွင်ခါလျက်" တစ်ယောက်ယောက်က ဘာလို့ငါ့ကို အနိုင်ကျင့်ရမှာလဲ…" ။


   ကျန်းယန်ရှန့်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီးမှ ရုတ်တရက်တေ့းမိသွားသည် ကျန်းဟယ်လင်းသည်  သူမကို တစ်ယောက်ယောက်မှ အနိုင်ကျင့်လာလျှင်တောင် အန်ိုင်ကျင့်ခံနေရသည့်ဟု သူမတွေးတောမည့် ကောင်မလေးမျိုးမဟုတ်ပေ "။


   သူမသည် အိမ်တွင်တော့ ထိုပုံသာဖြစ်သည်။ သူမသည် သူမအပေါ်မမျှမတ ဆက်ဆံခံရသည်ကို အချိန်အတော်ကြာကျင့်သားရခဲ့ ပြီး ထိုအရာကိုလည်း မှားယွင်းသည်ဟု သူမ မခံစားရချေ။


   

Xxxxxx


Part 110


ကျန်းယန်ရှန့် အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက်တွင် "အနိုင်ကျင့်တယ်ဆိုတာ နင့်ကို လာရိုက်နေမှမဟုတ်ဘူး…တခြားပုံစံနဲ့လည်း လုပ်လို့ရတယ်…ပြောရရင် နင့်ကို အဆင်မပြေအောင်စကားပြောတာတွေ ဒါမှမဟုတ် လူတိုင်းကနင့်အပေါ်မကောင်းအောင် နင့်သူငယ်ချင်းတွေကို လုတာ…ဘာပဲဖြစ်ဖြစ် အဲ့တာက နင့်က်ု မသက်မသာဖြစ်အောင်လုပ်တာ နင်စိတ်မချမ်းသာအောင်လုပ်တာ မျိုးက နင့်ကိုအနိုင်ကျင့်တာပဲ…စဉ်းစားကြည့်စမ်း…နင်အဲ့တာမျိုးတွေ မကြုံရဘူးလား…"။


   သူမထိုသို့ပြောလိုက်သောအခါ ကျန်းဟယ်လင်း အနည်းငယ် တွေဝေသွားသည် ။


   ကျန်းယန်ရှန့် မျက်မှောင်ကြုတ် သွားသည် ။


   "ကောင်လေးတစ်ယောက်တော့ ရှိတယ်…ငါသူ့ကိုသဘောမကျဘူး…"ကျန်းဟယ်လင်က မဝံ့မရဲပြောသည် ။


   ကျန်းယန်ရှန့်သည် လေးလေးနက်နက်ပင် မေးလိုက်သည် "သူကနင့်က်ို ဘာလုပ်သလဲ …" ။


   သူမ၏ ညီမလေးကို အနိုင်ကျင့်သည်ဆိုပါက သူသည် သေလူပင် ဖြစ်သည် ။ သူ့ခေါင်းကို ပွင့်ထွက်သွားသည့်အထိ ရိုက်ပမည်ဖြစ်သည် ။


   "သူက…ဘယ်လ်ုပြောရမလဲအဲ့တာကို…" ကျန်းဟယ်လင်သည် စိတ်ရှုပ်သည့်ဟန်ဖြင့် ခေါင်းကုတ်လျက် အခန်းပတ်လည်ကို ကြည့်လိုက်သည် ။ သူမသည် ကျန်းယန်ရှန့်၏ ဖုန်းကို စားပွဲပေါ်တွင်တင်ကာ ဥပမာအနေဖြင့် ပြသည် ။ 


"ဟုတ်တယ် ဒီလိုပဲ…ငါက ပေတံဒါမှမဟုတ် ခဲတံကို အလျားလိုက်ထားရင် သူက ဒေါင်လိုက် လာလုပ်သွားတယ် …ငါက ဒေါင်လိုက်ထားလိုက်ရင်လည်း…အလျားလိုက်ဖြစ်အောင် လာလုပ်ပြန်ရော … အဲ့လိုခနခနလာလုပ်တာ သိပ်စိတ်ရှုပ်ဖို့ကောင်းတာပဲ…" ။ 

 

 "……."


   ကျန်းဟယ်လင်းက ဆက်ပြောသည် " သူကအမြဲငါ့ကို နာမည်ပြောင်တွေ လိုက်ပေးသေးတယ်…ငါဆံပင်ကိုမြင်းမှီးပုံစံ စုစည်းသွားရင် ငါ့ကို မြင်းမှီးလို့ လိုက်ခေါ်တယ် …ကျစ်ဆံမြီး ကျစ်သွားပြန်ရင်လည်း ငါ့ကို မုန့်ကျိုးလိမ်လို့ လိုက်ခေါ်ပြန်ရော …"။


   "ဟာ …ကျန်သေးတယ်…" ကျန်းယန်ရှန့်မှာ စိတ်ဆိုးမန်ဆိုးဖြင့်ပြောသည် "သူတစ်ခါတစ်လေကျတော့ ငါ့ ကျစ်ဆံမှီးကို လိုက်ဆွဲပြန်ရော  …အဲ့တာက စိတ်ရှုပ်ဖို့အကောင်းဆုံးပဲ…"။


   ကျန်းယန်ရှန့်က အတည်ပြုရန် အသေအချာမေးသည် "နင့်ကို နာကျင်အောင် လုပ်သေးလား …"။


   "အားနဲ့အတင်းဆွဲတာတော့မဟုတ်ပါဘူး…"ကျန်းဟယ်လင်က ပြောသည် "သူက ဒီတိုင်း စိတ်ရှုပ်ဖို့ကောင်းတာ…သူကြောင့်အမြဲစိတ်ရှုပ်ရတယ်…’သူ့ကိုနေ့တိုင်းဒေါသထွက်ရတယ်…" ။


   "အဲ့တာပဲလား နင့်ကိုတစ်ခြားဟာတွေရော လုပ်သေးလား…"ကျန်းယန်ရှန့်က အတည်ပြုးန် ထပ်မေးသည် ။


   "မလုပ်ဘူး…" ထိုသို့ပြောသောအခါ ကျန်းဟယ်လင်ပို၍ စိတ်ဆိုးစွာဖြင့်ပြောလေသည် 


"သူက ငါ့ကို အဲ့လိုပဲလုပ်တာ တော်တော်မုန်းဖို့ကောင်းတာပဲ…"။


   ကျန်းဟယ်လင်သည် သူ့စကားဆံုးသောအခါသူမကိုမေးလေသည် " အစ်မ…သူ့ငါ့ကို အနိုင်ကျင့်တာလား.."။


   ကျန်းယန်ရှန့်၏ အမူအယာမှာ သိမ်မွေ့နေသည်။


   သူမ ညီမလေး၏မေးခွန်းထုတ်နေသော မျက်လုံးများက တောက်ပနေသည် ၊ နှုတ်ခမ်းလေးများက ပန်းရောင် သန်းနေသည် ၊ အသားအရေမှာလည်း ဖြူဖြူစွတ်စွတ်ပင်ဖြစ်သည်။ ကျန်းဟယ်လင်း၏ကျောင်းကို သူမ တစ်ကြိမ်မှ မရောက်ဖူးသော်လည်း သူမညီမလေး၏ မျက်နှာချောချောလေးမှာ အတန်းထဲတွင် အနည်းဆုံးတော့ အဆင့်သုံး နေရာတွင် ရှိမည်ဟု အာမ ခံနိုင်သည် ။


ထိုမှတစ်ပါး လေးတန်းတွင် သူမ၏ ညီမလေးမှာ စတင် ဖွံ့ဖြိုးလာခဲ့ပြီး စတင်အသိအမှတ်သိကြသည်မှာ ထိုကဲ့သို့သော ကောင်စုတ်လေးများအဖို့ သာမန်ပင်ဖြစ်လေသည် ။


   သူမ တုန်းကဆိုလျှင်လေးတန်း ငါးတန်းနှင့်ပင် အတန်းဖော်များသည် မည်သူက မည်သူ့ကို သဘောကျနေကြကြောင်း ပြောဆိုနေကြသည်ဖြစ်ခဲ့သည် ။


   သူမညီမလေး၏ နှိမ့်ချစွာ မေးမြန်းမှုသည် သူမ၏မျက်လုံးများမှာ ဟိုဘက်ထောင့် ဒီဘက်ထောင့်ပြေးနေသည် လျှာတစ်လစ် ထုတ်ကာ သူမကိုကြည့်နေခြင်းကြောင့် နောက်ဆုံးတွင် ကျန်းယန်ရှန့်က သူမကိုမေးလိုက်သည် "နင့်ကိုသူ နှောင့်ယှက်တာ ရပ်စေချင်သလား…"။


   ကျန်းဟယ်လင်က ခေါင်းကိုမြန်မြန်ဆန်ဆန်ပင် ညိမ့်ကာ " ဟုတ်ကဲ့…"။


  "ကောင်းပြီ ငါနင့်ကိုသင်ပေးမယ်…”ကျန်းယန်ရှန့်မှပြောသည် "ဒါနဲ့ အဲ့ကောင်လေးနာမည်ကဘာလဲ…"။


   "ချင်ဟောင်.."။


   ကျန်းယန်ရှန့်ခေါင်းညိမ့်လိုက်သည် "နောက်တစ်ခါ နင့်ကိုလာစရင် သူ့မျက်လံုးထဲကို တည့်တည့်ကြည့်လိုက် …သူ့မျက်လုံးကို ကြည့်ဖို့မမေ့နဲ့…ပြီးရင်…"။


   ကျန်းဟယ်လင်းသည် သူမ၏ အစ်မ သင်ကြားနေသည်ကို မျက်တောင်မခတ်အသက်အောင့်ကာ နားထောင်နေလေသည် ။ 


   "ပြီးတော့ သူ့ကိုပြောလိုက်…" ကျန်းယန်ရှန့်သည် ကျန်းဟယ်လင်၏ မျက်လုံးထဲသို့ကြည့်ကာ ပြောသည် " ချင်ဟောင် နင်ငါ့ကို ကြိုက်နေတာလား…"။


   "ဟင်…"ကျန်းဟယ်လင် မှ အံဩသွားကာ အော်လိုက်မိသည် ။


   ထိုသည်ကိုအကုန်မြင်လိုက်သော အစ်မ က သူမ၏ခေါင်းကို ကိုင်ကာ ပြံုးလျှက်ပြောလိုက်သည်


 "ငါ့ကိုယုံစမ်းပါ အခုလိုမူကြိုကျောင်းက ကြက်ကလေးလိုမျိုး ကောင်လေးတွေက်ု တစ်ချက်ထဲနဲ့ ရှင်းလိုက်ရမှာ…ဒါနဲ့ အဖေကလည်း ငါ့တစ်ခါပြောဖူးတယ် နင် တိုက်ကွမ်ဒို သင်ထားသင့်တယ်…"။


....


   နောက်နေ့တွင် ကျန်းယန်ရှန့်သည် ဘူတာရုံနောက်မှကားရပ်ထားကာ ကားမှအထွက် ဘူတာရံုဘက်သို့လမ်းလျှောက်သွားနေစဉ် တစ်စုံတစ်ယောက်မှ လှန်းအော်ခေါ်လိုက်သည်ကို ကြားလိုက်ရသည် 


"ကျန်းယန်ရှန့်…"။


   ကျန်းယန်ရှန့် လှည့်ကြည့်လိုက်သည်။


   ရှုလီချန်သည် ဘူတာရုံနံရံကို ကျောမှီထားကာ လက်များက ဘောင်းဘီအိတ်နှစ်ဖက်ထဲသို့ ထည့်ထားသည် ၊ ေခြထောက်တစ်ဖက်က အခြားတစ်ဖက်ကို ဖိထားသည် ။ 


   ရီ.အထက်တန်းကျောင်းမှ မိန်းကလေးတစ်ဦးဘူတာထဲမှ ထွက်လာသည်။ ရှုလီချန်ကို တွေ့သောအခါ လမ်းလျောက်နေရင်းပင် သမင်လည်ပြန်ကြည့်ကာ ဖြတ်သွားသည်။ အခြားမိန်းကလေးတစ်ဦးမှာ ငေးလွန်းသဖြင့် ခြေထောက်ခြင်းချိတ်ကာ ချော်လဲလေသည် ။ ထို့ကြောင့် သူမရှက်သွားကာ ထိုနေရာမှ အလျင်အမြန် ထွက်ပြေးလေသည် ။ 


  ရှုလီချန်သည် ထိုပုံစံကို ကျန်းယန်ရှန့် မြင်သွားသည် သေချာအောင် စက္ကန့်အနည်းငယ်မျှ ရပ်နေပြိီးလျှင် တစ်လှမ်းချင်း သူမဆီသို့ လမ်းလျောက် လာလေသည် ။ 


   ကျန်းယန်ရှန့် အကြည့်လွှဲပစ်လိုက်သည် ။ ယခုလက်ရှိ ရှုလီချန်ကို သူမ သဘောမကျရသည်မှာ ထိုအရာများကြောင့်ပင်ဖြစ်သည် ။ အရွယ်ရောက်နှင့်နေပြီးသော ကျန်းယန်ရှန့်၏ မျက်လုံးထဲတွင်မူဒုတိယတန်းကျောင်းသား ဟူ၍သာ မြင်မိနေလေသည် ။


   ရှုလီချန်သည် ဒရမ်မာများထဲမှ အိုင်ဒေါ ပုံစံလုပ်နေသည်ဟု သူမထင်သည်။


  အရွယ်ရောက်နေသူများအဖို့ကြည့်မည်ဆိုပါက ထိုအရာသည် အင်မတန်ရှက်ဖွယ်ကောင်းလှသည်။ 


   "နင်မနေ့ကတုန်းက ငါတောင် စကားပြောချိန်မရလိုက်ဘူး…” ရှုလီချန်က စောဒက တက်သည် ။

စောဟက တက်နေခြင်းဖြစ်သော်လည်း လေသံမှာ ရင်းနှီး နူးညံ့နေသည် ။ သာလွန်ထက်မြက်သော စိတ်နေစိတ်ထားနှင့် ကိုယ်ရည်ကိုယ်သွေးတို့မှာ သူ့ထံတွင် မတွေ့ရတော့ ။ 


   ကျန်းယန်ရှန့်က ပြံုးလျက် မေးလိုက်သည် "ဘာကိစ္စ ရှိလို့လဲ…"။


   ရှုလီချန်က သူ့ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပြင်လိုက်ပြီး"ငါနင့်ကို တောင်းပန်ချင်လို့…"။


   ကျန်းယန့်ရှန်၏မျက်နှာသည် တည်သွားပြီးလျင် "နင်ကငါ့ကို ဘာလို့တောင်းပန်မှာလဲ…"။


   "ဝမ်ချန်နဲ့ကောင်မလေးတွေ နင့်ကို လုပ်ခဲ့တဲ့ ကိစကို တောင်းပန်ချင်လို့ပါ…"။


   ကျန်းယန်ရှန့်က မျက်ခုံး တစ်ဖက်ပင့်လိုက်ကာ "ဝမ်ချန်က နင့်ကောင်မလေးလား …အဲ့တာကြောင့် သူမကိုယ်စား တောင်းပန်ပေးတာလား…"။


   "ငါက သူမနဲ့ဘာမှမဆိုင်ပါဘူး…" ရှုလီချန်ကအကြောက်အကန်ပြောသည် ။ "ငါနင့်ကို လိုက်နေမှန်းသူမ သိနေပေမယ့် ငါ့ကိုဆက်လိုက်နေတာ…ငါအပြစ်ပေးခံရတော့ သူကဒေါသထွက်ပြီး နင့်ကို ပညာပေးဖို့လုပ်တာ…ပြောရရင် ငါ့ကြောင့်ဖြစ်တာပဲဖြစ်တာပဲမို့လို့ ငါနင့်ကိုတောင်းပန်ချင်တာပါ..။


   ကျန်းယန်ရှန့်သည် သူ့က ကြည့်ပဲကြည့်နေလိုက်သည်။ 


  အရင်ဘဝတွင် သူမသည် ရှုလီချန်အား ငြင်းပယ်ခဲ့ကာ သူငယ်ချင်းလုပ်ရန်သာ ပြောဆိုခဲ့သည်။ ရှုလီချန် ကလည်း သဘောတူခဲ့သည် ။


ယခု ဘဝတွင် သူမသည် ကျမ်းကွမ်ကဲ့သို့ ဖောက်ထွင်းသိမြင်နေသည် ။ သူမ တစ်ခြား ယောင်္ကျားများကို ကြည့်သောအခါ ၊ ရှုလီချန်ကဲ့သို့သော ဒုတိယနှစ်ကျောင်းသား ဆယ်ကျော်သက်ကို ကြည့်လျှင်တောင် ယောင်္ကျားတို့၏ ယုတ်ညံ့သော သဘာဝကို ထင်ရှားစွာ တွေ့မြင်နိုင်သည်သာ ဖြစ်သည်။ 


   သူမ လှောင်ရယ်လိုက်သည်။ 


   “သူက နင့်ကောင်မလေးမဟုတ်ဘူးဆိုရင် သူလုပ်တာတွေက နင်နဲ့မဆိုင်ပါဘူး …"


သူမ ကျောခိုင်းကာ ကျောင်းဘက်သို့ လမ်းလျှောက် သွားသည် ။


"ငါ့ရှေ့မှာ အချစ်သူတော်စင်ကောင်လေး လို လာဟန်ဆောင်မနေစမ်းပါနဲ့ ဟားဟား …" ။


Xxxxx