Part 101
ရှုလီချန်က ရုပ်ချောရုံတင်မဟုတ် သွက်လက်စွာ လှုပ်ရှားတတ်သူလည်းဖြစ်သည်၊နေ့လည်ထမင်းစားနားချိန်မှာပင် ကျန်းယန်ရှန့် ရဲ့အတန်းနှင့်နာမည်ကို စုံစမ်းသိရှိပြီးဖြစ်သည်။
နောက်နှစ်ရက်အကြာတွင် စာသင်ခန်း(၂)မှ ကျန်းယန်ရှန့် အကြောင်း သူနဲ့ တစ်ခြားကောင်လေးတွေ ပြောဆိုနေသည်ကို ဝမ်ချန် ကြားခဲ့ရသည်။
မကြာသေးမီကမှ ကျောင်းစဖွင့်သည်ဖြစ်သော်လည်း ကျန်းယန်ရှန့် မှာ နာမည်ကြီးလူသိများသူဖြစ်နေခဲ့ပြီးဖြစ်သည်။ကောင်လေးများ ပြောဆိုနေကြသည်မှာ သူမသည် ပထမနှစ်စာသင်နှစ် တစ်ခုလုံးနှင့် စာသင်ခန်းထဲတွင်ပါအချောဆုံး ဖြစ်သည်ဟုသာ။
သို့သော်လည်း သူတို့သည် ကျောင်းထဲတွင်သာ စာရင်းသွင်းထားကြခြင်းဖြစ်ပြီး တတိယနှစ်နှင့် ဒုတိယနှစ် စာသင်နှစ်များတွင် ပို၍ချောမောလှပသော စီနီယာ အစ်မများ ရှိနေနိုင်သေးမည်လားကို မသိနိုင်သောကြောင့် 'ကျောင်းရဲ့ပန်းကလေး'ဟူသော ဂုဏ်ပုဒ်ကို စာသင်ခန်း(၂)မှ ကျန်းယန်ရှန့် ရရှိနိုင်ပါမလားကိုတော့ မသိကြချေ။
၀မ်ချန် ကတော့ စိတ်အချဉ်တော်တော်ပေါက်နေပြီဖြစ်သည်။
ပထမဆုံးကျောင်းစတက်သည့်နေ့တွင် စာသင်ခန်းထဲ၌ ရှုလီချန် ကိုသူမ တွေ့ခဲ့သည်။ရှုလီချန်က သူမကို မြင်သောအခါ သူ့မျက်လုံးများ အရောင်တောက်သွားသည်၊ ထို့နောက်တွင် နှစ်ယောက်သား ခပ်တန်းတန်းဖြင့်စကားဝိုင်းကို အစချီလိုက်ကြလေသည်၊ ထိုအချိန်တွင် ကျန်းယန်ရှန့် က သူတို့အနီးမှ စကားတစ်ခွန်းမှ ပြောဆိုခြင်းမရှိပဲ ဖြတ်သွားသည်ကိုတွေ့သောအခါ ရှုလီချန်၏မျက်လုံးများမှာ သူမကို စိုက်ကြည့်လျှက်...။
ဝမ်ချန်က ကောင်လေးများ စုဝေးကာ ကျန်းယန်ရှန့် အကြောင်း ချီးမွန်းပြောဆိုနေကြသည်ကိုတွေ့လေသည်။ထိုသို့ ချီးမွန်းပြောဆိုနေကြသည်ကို သူမ မ နှစ်သက်၊ ထို့ကြောင့် ထေ့ငေါ့သော စကားကိုဆိုလေသည်
" ကျန်းယန်ရှန့် က ကြိုတင်ပြင်ဆင်ထားတဲ့အတန်းက ကျောင်းသားကောင်း တစ်ယောက်ပါ ၊အဲ့ဒီ အတန်းသုံးတန်း လောက်ကတော့ ငါတို့ နှာခေါင်းပေါက်နဲ့ ကြည့်လို့တောင်ရတယ်…”။
အဆိုပါ အတန်းသုံးတန်းဆိုသည်မှာ ထိပ်ဆုံးအဆင့် အတန်းကိုဆိုလိုခြင်းဖြစ်သည်၊၎င်းမှာ ပထမအဆင့်ကြိုတင်ပြင်ဆင်အတန်းနှင့် ဒုတိယအဆင့်ကြိုတင်ပြင်ဆင်အတန်းဖြစ်ဟူ၍ဖြစ်သည်။ အလွန်ကောင်းမွန်စွာ ယှဉ်ပြိုင်နိုင်သော ကျောင်းသားအားလုံး ကတော့ 'လိမ္မာသော ကလေးများ' ဖြစ်ကြပြီး သူတို့အားလုံးသည် ကြိုးကြိုးစားစား လေ့လာရုံမှလွဲ၍ အချိန်ဖြုန်းခြင်းမရှိကြပေ။
သူတို့သည် စာသင်ခန်း(၈)မှ သခင်ငယ်ေလ္များနှင့် လုံးဝကွဲပြားသော ကျောင်းသားများဖြစ်ကြသည်။
ပိုက်ဆံအတွက်နှင့် တစ်ခြားသူများကို တွယ်ကပ်လေ့ရှိသောအသက်အရွယ်တွင် သာမန်ကလေးများမှာ အနည်းစုသာဖြစ်ကြသည်။လူငယ်ယောက်ကျား နှင့်မိန်းမ အများစုသည် ကျောင်းတက်ရန်နှင့် ကိစ္စများလုပ်ေဆာင်ရန်အတွက် ငွေသုံးစွဲသူများကို အထင်မကြီးကြပေ။
သူတို့သည် စာသင်ခန်း(၈)မှ ကျောင်းသားများနှင့် တွေ့ကြသောအခါ ထိုကျောင်းသားများအား အထင်အမြင်သေးသည့် အကြည့်များဖြင့် ကြည့်ကြလေသည်။
ဝမ်ချန်၏ စကားများထဲမှ ချဉ်ဖို့ကောင်းလှသော အကြောင်းအရာများကို ကြားလိုက်ရသောအခါ ရှုလီချန် မှင်တက်ကာ ပြုံးမိခဲ့လေသည်။
ဝမ်ချန်သည် ကြည့်လို့ကောင်းသည့်အထဲတွင်ပါသည်။အကယ်၍ ကျန်းယန်ရှန့် သာ ပေါ်မလာခဲ့ပါက ရှုလိီချန်သည် ဝမ်ချန်ကို ချဉ်းကပ်ရန် အစီအစဉ်ချထားပြီးဖြစ်သည်။သို့သော် ယခုတွင်သူ ကျန်ယန်ရှန့်ကို တွေ့သွားပြီ ဖြစ်သောကြောင့် သူမကိုသာ ချဉ်းကပ်ရန် ဆုံးဖြတ်လိုက်သည်။
ကျောင်းဖွင့်ပြီး ဒုတိယမြောက် ရက်သတ္တပတ်၏ နေ့လည်ခင်းတစ်ခုတွင် ပထမဆုံးအကြိမ် အနေဖြင့်ကျန်းယန်ရှန့် ကို ချဥ်းကပ်မှု တစ်ခုလုပ်ကြံ အစပျိုး ဖန်တီးရန် ရှုလီချန်တစ်ယောက် ကြိုးစားလျှက်ရှိသည်။
သို့သော် ကျန်းယန်ရှန့်၏အပြုအမူများမှာ အေးစက်စက်နိုင်လှသည်၊ သူနှင့်အတူ စကားမပြောချင်သည်မှာ ထင်ရှားလှသည်။
ထိုကဲ့သို့ အေးစက်စက်နိုင်မှုကပင် သူမ၏ ပင်ကိုယ်အရည်အချင်းဟုဆိုရမည့် 'မာန' ကိုထပ်ပေါင်း ထည့်လိုက်သကဲ့သို့ ရှိသည် ၊ ထိုအရာသည် ရှုလီချန် ကဲ့သို့သော ကောင်လေးများ၏ အသက်အရွယ်အဖို့ပင် ပို၍ စိတ်လှုပ်ရှားစရာကောင်းလှသည်။
ကျန်းယန်ရှန့်သည် တစ်ကယ်ကို ခွန်အားအပြည့်နှင့် တက်ကြွသောမိန်းကလေး ဟု သူထင်သည်။
.....
ယခုဘဝတွင် အတန်းမတူသောကြောင့် ရှူလီချန်မှ သူမကို ထပ်မံချဉ်းကပ်လာလိမ့်မည်ဟု ကျန်းယန်ရှန့် မျှော်လင့်မထားခဲ့ပါ။
ကုန်လွန်ခဲ့သော ဘဝတွင် ဝမ်ချန်သည် သူမကို မြင်မြင်ချင်းဆိုသလို ကျန်းယန်ရှန့်အနီးသို့ ရွှေ့ပြောင်းလာခဲ့သည်၊ မကြာမီ အချိန်အတွင်း မှာပင် သူမတို့ နှစ်ယောက်သည် မြန်မြန်ဆန်ဆန်ဖြင့် အကောင်းဆုံး သူငယ်ချင်းများ ဖြစ်လာခဲ့သည်။
ကျန်ယန်ရှန့်သည် သူမ၏အိမ်တွင် နွေးထွေးမှု၊ ချစ်ခင်မှုတို့ကို မခံစားရ၊ ထို့ကြောင့် ကျောင်းမှ သူငယ်ချင်းများအား အလွန်အရေးထားခဲ့သည်။ဝမ်ချန်သည် ကျန်ယန်ရှန့် ၏အချစ်ဆုံး သူငယ်ချင်း တစ်ယောက်ဖြစ်ပြီး ရှုလီချန်ကို သူမ သဘောကျကြောင်းကိုလည်း ပွင့်လင်းစွာ ဖွင့်ဟထားခဲ့သည်။
ရှုလီချန်က ကျန်းယန်ရှန့်ကို သဘောကျသည်။ အတန်းထဲမှ အချောဆုံးဟုဆို ရမည့် ကောင်လေးမှ သဘောကျခြင်း ကိုခံခြင်းဖြစ်သည်။ အသက် (၁၅)နှစ်အရွယ် ကျန်းယန်ရှန့်သည် ဝမ်းသာကာ ဂုဏ်ယူမိသော်လည်း ဝမ်ချန်ကြောင့်ပင် တရားမျှတစွာဖြင့် ရှုလီချန် ၏ ကြိုးစားအားထုတ်မှုကို ငြင်းပယ်ခဲ့လေသည်။
ထို့ကြောင့် သူမ၏အထက်တန်းကျောင်း သုံးနှစ်စလုံးတွင် လူသုံးယောက်အုပ်စု(သို့) အုပ်စုအသေးလေးတစ်စု၏ ပင်မအူတိုင် အဖြစ်သာရှိနေခဲ့သည်။
များမကြာမီတွင် ရှူလီချန်နှင့် ဝမ်ချန်တို့မှ ဆေးလိပ်နှင့် အရက် သောက်ရန်အတွက် ကျောင်းပြေးရန် သူမကို ခေါ်ထုတ်ခဲ့ကြသည်။ထိုအချိန်မှစ၍ အထိန်းအကွပ် မဲ့ခဲ့ကြသည်။
အလယ်မှာလည်းပဲ ရောထွေးနေသည့် လူငယ် ယောက်ကျားလေးနှင့် မိန်းကလေး များအတွက် သတိထားရမည့် ဂရုစိုက်စရာ အတွေးများလည်း အများကြီး ရှိသည်။
ဥပမာအားဖြင့် ဤကဲ့သို့သောစကားများ ခန့်မှန်းကြည့်စမ်းပါ ၊ မင်းသာ ငါ့နောက်လိုက်မယ်ဆို ငါမင်းကို အချစ်ဆံုးသူငယ်ချင်းလို ဆက်ဆံပါ့မယ် ၊ ငါ့ကို ဘယ်လိုလုပ် မယုံနိုင်ရတာလဲ ၊ ငါက မင်းရဲ့သူငယ်ချင်းပါ ၊ ဒီနေ့ ရန်ဖြစ်လိုက် တစ်ယာက်နဲ့တစ်ယောက် လစ်လျူရှုပြီး မနက်ဖြန်ကျ ပြန်ခေါ်လိုက် ၊ စသည်ဖြင့် အများကြီး ရှိသည်။
ထိုအရွယ်တွင် ကျန်းယန်ရှန့်သည် အချစ်နှင့်အမုန်းရှုပ်ထွေးမှုတွင် သုံးနှစ်ကြာ ထိုသုံးယောက် အဖွဲ့လေးတွင်ပါဝင်ခဲ့သည်၊ ငယ်ရွယ်စဥ် နာကျင်ခြင်းတွင် သူမကိုယ်တိုင် နေထိုင်ခဲ့သည် ၊ ထိုအထဲတွင် နစ်နစ်ရှိုင်းရှိုင်း နစ်မြုပ်ခဲ့သည်။
နောက်လှည့်ပြန်မကြည့်ခင် ထိုအသက်အရွယ် ကုန်ဆုံး သွားသည်အထိ စောင့်စားကြည့်ပါ ၊ အထူးသဖြင့် ပြန်လည် မွေးဖွားပြီးသည့်နောက် …
ထိုအရာသည် မိုက်ရူးရဲမှုမျှသာ ဖြစ်သည် ၊ အထူးသဖြင့် မိုက်ရူးရဲမှု မျှသာ..
ကျန်ယန်ရှန့်သည် သူမ၏ မျက်နှာကိုသာ ဖုံးကွယ်ထားလိုက်ချင် တော့သည်။
ယခု ဘဝတွင်တော့ သူမ၏ ဝိဥာဉ်မှာ အရွယ်ရောက်နှင့်နေပြီးဖြစ်သည် ၊ ဒုတိယမြောက်ပုံစံ၏ ငယ်ရွယ်မှုကို ထပ်မံပြောင်းလဲရန် မဖြစ်နိုင်တော့ပါ။
အထူးသဖြင့် အခန်း(၈)မှ အချစ် အမုန်းကိစ္စများကို မှတ်ဥာဏ် အစဖော်ခြင်းနှင့် အခန်း(၂)မှ ကျောင်းသားများ၏နေ့စဉ် နေ့တိုင်း အလုပ်ကြိုးစားမှုနှင့် နှိုင်းယှဉ် ကြည့်ပါက ထိုအရာ နှစ်ခုမှာ မတူညီသော ကမ္ဘာ နှစ်ခုပင် ဖြစ်သည်။
အသက်အရွယ်အားဖြင့် တူညီသော်လည်း ဖြတ်သန်းပုံခြင်း တော့ ကွာခြားနေသည်။
ကျန်းယန်းရှန့်သည် ယခုလက်ရှိ ဘဝတွင် စာသေချာကြိုးစားရန် ရွေးချယ်ခဲ့သည်။
သူမ၏ပြီးခဲ့သော ဘဝတွင် အထက်တန်းကျောင်းအောင်မြင်ပြီးသည့်နောက် ဝမ်ချန်နှင့် ရှုလီချန်တို့၏ မိဘများက သူတို့ကို တိုင်းတစ်ပါးသို့ ပို့ပစ်ခဲ့သည်။ကျမ်းဟွမ်က သူတို့ကဲ့သို့သော မိသားစု၏ ရွေးချယ်စရာ တစ်ခုဖြစ်သည့် တိုင်းတစ်ပါးသို့ ကျန်းယန်ရှန့် ကို သွားစေချင်ခဲ့သည်။
သို့သော် ကျန်းယန်ရှန့်မှ မသွားနိုင်ဟု ငြင်းဆိုခဲ့သည်။
သူမ အိမ်မပြန်ဖြစ်သော်လည်း သူမ တိုင်းတစ်ပါးသို့ သွားမည်ဆိုပါက လျန့်ယန်းယန်း အနေဖြင့် အလွန်ဝမ်းသာနေလိမ့်မည်ဟု တွေးမိခဲ့သည် ၊ ထို့ကြောင့် ထိုနေရာအား သေသည်အထိ သွားမည်မဟုတ်ချေ။သူမ တရုတ်ပြည်မှ 'kမြို့တော်' တွင်သာနေမည်။
ကျန်းဟွမ်ကမူ မနေနိုင် ၊ ထို့ကြောင့် သူမအား 'ဖီးဆင့် တက္ကသိုလ်' သို့ ရောက်ရန် ပိုက်ဆံ အကုန်ခံခဲ့သည်။
တကယ်တော့ သိပ်ကွာခြားမှု မရှိပေ။ ထိုအချိန်မှ ကျန်းယန်ရှန့် ၏ အဆင့်များ အရ ကွာခြားချက်မှာ
နိုင်ငံရပ်ခြားမှ 'ဖီးဆင့် တက္ကသိုလ်' ကို တက်မည်လား သို့မဟုတ် တရုတ်ပြည်မှ 'ဖီးဆင့် တက္ကသိုလ်'ကို တက်မည်လား ထက် မပိုခဲ့ပါ။
အရာအားလုံးက ရှုပ်ထေ့း နေခဲ့သည်။
ထိုကဲ့သို့သော ကျောင်းမျိုးသည် သူမကဲ့သို့သော လူမျိုးအတွက် ရိုးရှင်းလှသည်။သူမကဲ့သို့ ချမ်းသာသော ဒုတိယမျိုးဆက်များရှိသည် ၊ သာမန် မိသားစုမှ ကလေးများလည်းရှိသည်၊ ထိုသူများမှာ သူမကို မြှောက်ပင့်လိုစိတ် ရှိကြသည်။ သူတို့ အားလုံးတွင် တူညီသော အချက်မှာ မည်သူမှ စာမလုပ်ချင် ကြခြင်းဖြစ်သည်။
အတိုချုပ်ရသော် ကျန်းယန့်ရှန်သည် ရေထဲက ငါးကလေးနှင့်တူသည် ၊ သူမနှင့်သက်ဆိုင်သည့် အုပ်စုကို ရှာတွေ့ခဲ့သည် ၊ လူ့အဖွဲ့အစည်းတွင် ရောထွေးနေသူများ နှင့် ပိုမို တွေ့ခဲ့ရသည်၊ တစ်စထက် တစ်စ ပေါ့ပေါ့တန်တန် နေသော လမ်းပေါ်သို့ ရောက်ခဲ့သည် ။
အဆုံးသတ်တွင် သူမကိုယ် သူမ အဆုံးစီရင်ခဲ့သည်။
ကျန်းယန်ရှန့် သည် ပြီးခဲ့သော ဘဝကကဲ့သို့သော အခြေအနေမျိုးကို မလိုချင်တော့ပါ။
သို့သော် ရှုလီလျန် အပေါ် ကျန်းယန်ရှန့်၏ ဥပေက္ခာ ပြုမှုက သူမအပေါ် စိတ်ဝင်စားမှုကို ပို၍ပင် နှိုးဆော်နေခဲ့သည်။
ထိုမှတစ်ပါး ယခုဘဝ တွင်တော့ ကျန်းယန်ရှန့် နှင့် ဝမ့်ချန် သည် အကောင်းဆုံးသူငယ်ချင်းများ မဟုတ်ကြတော့ပါ ၊ သူတို့၏ လမ်းကြောင်းတွင် မည်သူမှ ကြားခံ မရှိတော့...
ထို့ကြောင့် ရှုလီချန် သည် ကျန်းယန်ရှန့်ကို လိုက်ခဲ့သည်။
ကျန်းယန်ရှန့်ကလည်း အကြိမ်များစွာ ငြင်းဆိုခဲ့သည် ၊
သို့သော်...သို့သော် ရှုလီချန်က ကျောင်းတွင် အမြဲ တကောက်ကောက်လိုက်နေတတ်သည်။
Xxxx
Part 102
ကျန်းယန်ရှန့်သည် သူမအပေါ်ရှုလီချန်၏ ဆက်ဆံပုံမှာ ပြီးခဲ့သော ဘဝ နှင့် ခြားနားနေသောကြောင့် အနည်းငယ် အံ့ဩ နေခဲ့သည်။ အရင်ဘဝက သုံးယောက်အုပ်စုတွင် ရှုလီချန်က သူမ အနားတွင် အမြဲရှိခဲ့သော်လည်း...
အဘယ့်ကြောင့် ယခုဘဝ တွင် သူမဘဝကို ရှုပ်ထွေး စေသနည်း။
ကျောင်းစဖွင့်ပြီး လ အနည်းငယ် အကြာတွင် ရှုလီချန်က ကျန်းယန်ရှန့်ကို စိတ်ရှုပ်စေခဲ့သည် ။
ရှုလီချန် သည် ကျန်းယန်ရှန့် အပေါ်တွင် ယဉ်ကျေးမှုလဲ မရှိပေ ၊ ထို့ကြောင့်ပင် သူမ ဌာနမှုးရုံးခန်းသို့ တိုင်ကြား ခဲ့ရသည်
‘ရီ အထက်တန်းကျောင်း’သည် ‘kမြို့တော်’ တွင်
ထိပ်ဆုံးကျောင်း ဖြစ်သည်။ ထို့ကြောင့်
ဌာနမှုး သည် ပေါ့ဆခြင်းမရှိပဲ ၊ ရှုလီချန်ကို အပြစ်ပေးကာ သူ့မိဘများနှင့် ခေါ်ယူ တွေ့ဆုံ ခဲ့သည်။
ရှုလီချန်က ပြစ်ဒဏ်ပေးခြင်းကို ဂရုမစိုက် ၊ သို့သော် သူ၏ မိဘများကို စကားေပြောရသည်က ပို၍ စိတ်ရှုပ်စရာ ကောင်းလှသည် ။ သူ ဌာနမှူး ရုံးခန်းထဲ တွင်ပင် အဆူ ခံခဲ့ရသည်။
ဌာနမှူး ရုံးခန်းမှ သူထွက်လာသောအခါ သူ့ ဖခင်၏ မျက်နှာက မည်းမှောင်နေသည်။
ရီ အထက်တန်းကျောင်း'ကို တက်ရောက်ရန် ငွေကုန်ကြေးကျ များလှသော်လည်း သူသွားနိုင်သည့် နေရာများမှာ အကန့်အသတ် ရှိသည် ။ ထိုကျောင်းသို့ တက်ရောက်ရန် သူ့ ဖခင်သည် အတော် ကြိုးစားလိုက်ရသည် ၊ ထို့နောက် ပထမ တစ်လထဲ မှာပင် ထိုကလေးက သူ့ကို ဒုက္ခ ပေးခဲ့သည် ။
တစ်ကယ်တော့ မိန်းကလေး ကိစ္စကြောင့်ဖြစ်သည် ၊ သို့သော် ထို မိန်းကလေးက သူ့ကို တိုင်ကြားခဲ့သည် ။ ရှုလီချန် ၏ ဖခင်သည် အထူးပင် ရှက်ရွံခံစား ခဲ့ရသည် ။
သူတို့ ထိုဌာနမှုး အဆောက်အဦး မှ ထွက်လာသော အခါ သူ့အဖေမှ ”မင်းမှာ ပိုက်ဆံမရှိလို့လား ဒါမှမဟုတ် ရုပ်ဆိုးတဲ့မျက်နှာ ရှိနေတာလား ၊ မိန်းကလေးကြောင့် အပြစ်ပေးတာ ခံရတယ်ပေါ့....
ရှုလီချန်က သဘောကျစွာ ပြုံးနေခဲ့သည် ။
သူ့အဖေက အလွန်စိတ်ဆိုး နေသောကြောင့် ဒေါသထွက်ကာ သူ၏လက်ကို ဝှေ့ ယမ်းကာ ပြောခဲ့သည် " အခုက စပြီး အဲ့ဒီမိန်းကလေးနဲ့ ဝေးဝေးနေပါ ၊ သူနဲ့ သွား မရှုပ်နဲ့ …"
သူ့ အဖေပြောစကားကို သူ နားမထောင်ပါက ရှုလီချန်ကို သူ့အဖေသည် ဒဏ်ခတ် တော့မည် ဖြစ်သည်။
ရှူလီချန်သည် စိတ်တည်ငြိမ်လျက် ရှိသော်လည်း သူ့အဖေကိုတော့ ထို ကတိ မပေးခဲ့ပေ။
သူထင်ထားသည်ထက် ပို၍ပြင်းထန်သော ကျန်းယန်ရှန့် ၏ ဒေါသကို သင်ယူနိုင်လိုက်သည် ။ သို့သော် ထိုကဲ့သို့သော ဒဏ်ခတ်ခြင်းခံရသည့်တိုင်အောင် ကျန်းယန်ရှန့် အပေါ် ရှုလီချန်၏ စိတ်ဝင်စားမှုမှာ နိုးထလာခဲ့ရုံတင် မဟုတ် ပို၍ပင် ပြင်းပြလာခဲ့သည် ။
နောက်တစ်နေ့ကျောင်းဆင်းချိန်တွင် ကျောင်းအပြင်သို့လိုက်တာ ကျန်းယန်းရှန့် ကို ထပ်မံ ပိတ်ဆို့ခဲ့ပြန်သည် ။
ကျန်းယန်ရှန် သည် သူမ၏ကျောပေါ်တွင် ကျောပိုးအိတ်ကို လွယ်လျှက် ဘူတာရုံ ဘက်သို့ ဦးတည်ကာ လမ်းလျောက်လျက်ရှိသည် ၊ သူက သူမကို အငိုက် ဖမ်းမိလိုက်သည် ၊ ထို့နောက် သူမ ရှေ့တွင် ပိတ်ရပ်ကာ ပြောလိုက်သည်
"ကျန်းယန်ရှန့်…" ။
ကျန်းယန်ရှန့်က မျက်မှောင်ကြုတ်လိုက်မိသည် ။သူမ ရပ်ကာ မေးလိုက်သည် "တစ်ကြိမ်ထဲ ဒဏ်ခတ် ခံရတာ မလုံလောက်ဘူးပေါ့ ဟုတ်လား …"
ရှုလီချန်က သွားဖြီးကာ ပြောလိုက်သည်။
"လုံလောက်ပါတယ် လုံလောက်ပါတယ် ၊ တကယ်ကို လုံလောက်ပါတယ် ။ ငါ နင့်ကို မဟုတ်တာ မလုပ် ခဲ့ဖူးပါဘူး ဟုတ်တယ်မလား …၊ အဲ့တာကို ဘာလို့ ငါ့ကို တိုင်ပြီး အပြစ်ပေး ခံရအောင် လုပ်ရတာလဲ…" ။
ပြောရလျှင် ရှုလီချန်သည် သူ့နောက်မှ ကြီးပြင်းလာသော ကျန်းယန်ရှန့် ထက် သာလွန်သေးသည်။
နောက်ယောင်ခံ လိုက်ခြင်းက အနည်းငယ် စိတ်ရှုပ်ဖို့ ကောင်းသော်လည်း ဆိုးဆိုးရွားရွား မဟုတ်သလို သူသည် စက်ဆုပ်ဖွယ်ကောင်းသည်များကိုလည်း မပြုလုပ်ခဲ့ပါ ။ရှုလီချန်က သူမကို အမြဲ နှောင့်ယှက်နေသည်ကို စိတ်အနှောက်အယှက် ဖြစ်ခဲ့ရသည် ၊
ရှုလီချန်သည် အပြစ်ပေးခံရသည်ကို ဂရုမစိုက် သည်ကိုလည်း သူမ ကောင်းကောင်း သိသည်။
သူသည် ယခုလေးတင် အထက်တန်းပထမနှစ်ကို အပ်နှံပြီးပြီ ဖြစ်သည် ၊ သူ နေ့တိုင်းကျောင်းသို့
ကောင်းမွန်စွာသွားသည်။
သို့သော် မကြာမီပင် သူ့အဖေ၏ ကွာရှင်းပြတ်စဲမှု ဇာတ်လမ်းက အရှိန်ကောင်းလာပြီး သူ့ကို မည်သူကမှ ဂရုစိုက်နိုင် ခြင်းမရှိတော့ပေ ၊ ထိုအခါ သူ ကျောင်းပြေးသည် ၊ ဆေးလိပ် အရက် သောက်သည် ၊ မိန်းမရှုပ်သည် ၊ ကာရာအိုကေဆိုင်တွင်သာ ညအိပ်သည်။
သို့သော် ဝမ်ချန်က သူ့ကို သဘောကျနေရာ သူ ဘာလုပ်လုပ် သူမက သဘောကျနေမည်သာ။
ကျန်းယန်ရှန့်သည်လည်း အိမ်တွင် ရန်လိုသည်၊ ပုန်ကန်သည်။ သူတို့ သုံးယောက်တစ်စု ပြန်ဖြစ်သောအခါ တွင် သူတို့၏ သဘာဝအတိုင်း ကျောင်းပြေးပြီး အတန်းပျက်ကြပြန်သည် ။
ကျန်းယန်ရှန့်က အေးစက်စွာ ပြောလိုက်သည် ၊ "နင် ငါ့ကိုသာ မနှောက်ယှက်ရင် နင် အပြစ်ပေး ခံရမှာ မဟုတ်ဘူး…"
"အဲ့တာ အနှောင့်အယှက်ပေးတာမဟုတ်ပါဘူး…၊ ဟုတ်တယ်မလား …ငါက အဲ့လောက် မနိမ့်ကျပါဘူး…။ငါနင့်ကို ကျောင်းမှာသာ တစ်ခါတစ်လေ လမ်းပိတ်ဖူးတာမဟုတ်လား…" ။
ကျန်းယန်ရှန့်က ရှေ့ကိုတိုးကာ " ဒါက ငါ့ရဲ့ သည်းခံနိုင်တာရဲ့ ဟိုးအောက်ခြေကို အကြိမ်ပ
ပေါ င်းများစွာ ရောက်သွားပြီ…"
ရှူလီချန်က ရှေ့တစ်လှမ်းတိုးကာ သူမကို နောက်တစ်ကြိမ် ရပ်တန့်ေစလိုက်ပြန်သည်။
ကျန်းယန်ရှန့်က မျက်ခုံးပင့်လိုက်သည်။
ကျန်းယန်ရှန့်သည် သူတွေ့ခဲ့ဖူးသော မိန်းကလေးများနှင့် ကွဲပြားခြားနားသည်ကို ရှုလီချန် ခံစားမိခဲ့သည်။
သူနှင့်အတိတ်က ပက်သက်ခဲ့ဖူးသော မိန်းကလေးများသည် အဆင့်အတန်းမြင့်သည် အေးစက်ကာ မောက်မာတတ်ကြသည် ။ ထို အေးစက်မောက်မာမှုအောက်တွင် သူ့တို့ မရှောင်လွှဲနိုင်သည့် ကလေးဆန် မှုရှိသည်။
သို့သော် ကျန်းယန်ရှန့် တွင်တော့ ထိုကဲ့သို့ ကလေးဆန်မှုမျိုး မတွေ့ရချေ ။ သူမသည် အမှန်ပင် အရိုးထဲထိအေးစက်စေသော အေးစက်မှူပင်ဖြစ်သည် ။
သူမသည် ရှုလီချန် အား အလွန်အေးစက်သော ခံစားမှုမျိုး ပေးသည်။
၎င်းက သူ့ကို အလွန်စိတ်လှုပ်ရှားစေသည်။
ရှုလီချန်သည် တစ်ခြားသူများနှင့် ယှဉ်လျှင် ကျန်းယန်ရှန့်ပေါ်တွင်တော့ ပို၍ စိတ်ရှည်တတ်သည်။
"ရထား စီးပြီးမပြန်နဲ့တော့…၊ ဒီအချိန်ဆို မသက်မသာနဲ့ ကြပ်ညပ် နေမှာပဲ…။ နင့် မိသားစုက ဘယ်မှာနေတာလဲ…။ ငါ လိုက်ပို့ပေးပါရစေ …"
ရှုလီချန် သူမကို စကားပြောသောလေသံက အရင်ကထက် ပိုမိုပျော့ပြောင်းနေသည်ကို သူကိုယ်တိုင်ပင် သတိမထားမိ ။ သူက ကားရှိရာအရပ်ကို မေးဆတ်ပြလျှက်ပြောသည်
" ငါ့ကားက ဟိုနားလေးတင်ပဲ…၊ဒရိုင်ဘာက ငါတို့ကို လာခေါ်ပါလိမ့်မယ်…"။
ကျန်းယန်ရှန့်က သူညွှန်ပြသည့်ဘက်သို့ တစ်ချက်ကြည့်လိုက်သောအခါ ၊ ရှုလီချန်၏ ကားကို တွေ့ရသည် ။ သူမသည် ထိုကားနှင့် ဒရိုင်ဘာ ကို ရင်းနှီးနေသည်။
သူမ၏ ပြီးခဲ့သော ဘဝတွင် သူမ ၊ ကျန်းဟယ်လင်း နှင့် ကျန်းရှို့ချန်တို့မှာ သူစိမ်းများကဲ့သို့ပင် ဖြစ်သည်။ သူတို့သည် ကျောင်းမတူ အချိန်မတူ ၊ လာကြိုကြသည့်အချိန်လည်းမတူ ၊ သို့သော် သူတို့အားလုံး မနက် ကျောင်းချိန် အတူတူပင် ကျောင်းသွားကြရသည်။ ကျန်းယန်ရှန့်သည် သူမကိုယ်တိုင် ကားခေါ်စီး ရတာကို ပိုနှစ်သက်သည်။
ရှုလီချန်နှင့်ဆုံမိပြီးသည့်နောက်တွင် သူကပဲ ကျောင်းကိုလာကြိုလေ့ရှိသည် ။
ထိုအေကြာင်း ဝမ်ချန် သိရသောအခါ ရှုလီချန်ကို သူမအား ကြိုခွင့်မပြုတော့ ။ ရှုလီချန်က ဝတ်ကျေတန်းကျေ နားထောင်ခဲ့သော်လည်း သဘောတူဖို့ကိုတော့ ငြင်းဆန်ခဲ့သည်၊ ကျန်းယန်ရှန့်ကလည်း သူလာကြိုမည်ကို ခွင့်မပြုဟု ဆိုသည်။ ဝမ်ချန်ရှေ့တွင် သူ သဘောတူခဲ့သော်လည်း သူသည် ကျန်းယန်ရှန့်ကိုသာ အချိန်နှင့်အမျှ သွားခေါ်ခြင်လျက်ပင်။
သူတို့ နှစ်ယောက်က ဒီအကြောင်းကို ဝမ်ချန်ကို တိတ်တတဆိတ်ထားပြီး မပြောခဲ့ကြပေ။
ဝမ်ချန်က အမြဲ သံသယ ရှိနေတတ်ပြီး သူမကို သွယ်ဝှိုက်စွာဖြင့် စကားနှိုက်လေ့ရှိသည်။
ကျန်းယန်ရှန့်သည် သူမ၏ အချစ်ဆုံး သူငယ်ချင်ူအပေါ် သစ္စာစောင့်သိမှု အတွက်ကြောင့် ရှုလီချန်၏ ပိုးပန်းမှူကို လက်မခံခဲ့သော်လည်း ဝမ်ချန်မသိသေးသည့် သူမနှင့် ရှုလီချန် နှစ်ဦးထဲသာ သိသည့် လျှို့ဝှက်ချက်ကြောင့် စိတ်မလုံေသာ ခံစားချက်ကို ခံစားနေရသည်။
သူမ ရှုလီချန် ၏ကားကို လှမ်းကြည့်လိုက်သောအခါ ငယ်ရွယ်သော ယောက်ကျားနှင့် မိန်းမလေး ၏ အထက်တန်းကျောင်းမှ သူတို့၏ ပထမဆုံး အချစ် အကြောင်းများကို မှတ်ဥာဏ်တွင် အစီအရီ ပေါ်လာခဲ့လေသည်။ သူတို့သည် ထိုအချိန်က သွေးဆောင်မှုများ ကြောင်တောင်တောင်နိုင်သော အကြံအစည်များနှင့်သာ ပြည့်နှက်နေခဲ့သည် ။
အဆုံးသတ်တွင် မူ မည်သူကမျှ မည်သူနှင့် အတူမရှိနိုင်ပါ ။
ကျန်းယန်ရှန့်ကို ထားခဲ့ပြီးသည့်နောက်တွင် ရှုလီချန်က ဝမ်ချန်ကို မသိကျိုးကျွံပြုခဲ့သည် ။ ရှုလီချန် ထွက်သွားသည့်နောက်တွင် ဝမ်ချန်နှင့် ကျန်းယန်ရှန့်တို့၏ သူငယ်ချင်း ဆက်ဆံရေးမှာ ရုတ်တရက် အဆုံးသတ်ရန်ဖြစ်လာခဲ့သည်။
ရှုလီချန်နှင့် ဝမ်ချန် ကို ဆက်ဆံေရးဖြတ် တောက်ပြီးသည့်နောက်တွင် သူမသည် ပိုမို၍ လူမှုဆက်ဆံရေးလည်း ကောင်းမွန်လာခဲ့သည်။ သူမ၏ ပတ်ဝန်းကျင်တွင် သူငယ်ချင်း ပြတ်လပ်သွားမှု ဟူ၍ပင် မရှိ ။
ကျန်းယန်ရှန့်က အဘွားကြီးတစ်ယောက်ကဲ့သို့ သက်ပြင်းချလိုက်သည် ။
သူမရှေ့မှ ရှုလီချန်က သူမကို အရောင်တောက်နေသော မျက်လုံးများနှင့် ကြည့်နေသည်ကို မြင်ရသည် ၊ ကျန်းယန်ရှန့်၏ မျက်နှာတွင် တစ်ခုခုကို မြင်ချင်သည့်ပုံနှင့် ထိုမျက်လုံး များတွင် မျှော်လင့်ချက်များ ရှိနေသည် ။
ယခုဘဝတွင် ရှုလီချန်သူမ အပေါ်ထားရှိသော သဘောထားက ယခင်ဘဝထက် ဘာကြောင့် ပိုမိုခိုင်မာနေသည်ကို ကျန်းယန်ရှန့် ရုတ်တရက် နားလည်သွားသလို ခံစားလိုက်ရသည်။
Xxxxx