Chapter 100
Viewers 9k

👻Chapter 100




 á€žá€„á€şá€šá€á€ťá€­á€Żá€„á€şá€¸á€‚á€°áá€Ąá€•á€źá€„á€şá€˜á€€á€şá€á€˝á€„á€ş ဆရာသခင်များမှာ ပျက်စီးသွားသော အစီအရင်ပြန်လည်ပြုပြင်ကြလေသည်။ ချီရှန်းတောက်ရန်မှာ ထိုအစီအရင်၁၀၀ကိုတစ်ခုတည်းအဖြစ်မည်သို့ပေါင်းစည်းရမည့်နည်းလမ်းကို တွေးတောခြင်း၌ တဖန်နစ်မြုပ်သွားခဲ့ပြန်သည်။ ကီလိုမီတာတချို့အကွာအဝေး၌ ချင်ရှီဟွမ်၏ မြေနီရုပ်ထုစစ်တပ်ပြတိုက်ရှိကာ မနက်၈နာရီတွင် လည်ပါတ်သူအများအပြားမှာ ပြတိုက်တံခါးဖွင့်ရန်စောင့်ဆိုင်းနေခဲ့ကြလေသည်။


ရုတ်ချည်းကျယ်လောင်သောအသံတစ်ချက်ကြောင့် ထိုခရီးသွားဧည့်သည်တစ်စုမှာ လှည့်ကြည့်လာကြလေသည်။ တစ်ချက်မျှကြည့်ပြီးနောက် သူတို့မှာ စိတ်မ၀င်စားတော့ပုံပေါ်ကာ ရှေ့သို့ပြန်လှည့်သွားကြသည်။


"ဟင်း...ကောင်းစီပေ့ယောင်ယောင်လုပ်နေတဲ့သူတစ်ယောက်ထပ်တွေ့ပြန်ပြီ...ငါ့သားလည်းအဲလိုပဲ..ငါဖြင့်နားကိုမလည်ဘူး..အခုခေတ်လူငယ်တွေအဲလိုအ၀တ်ကြီးတွေ၀တ်ပြီး ဘာတွေများတွေးနေကြတာလဲ... "


ပြတိုက်ရှေ့ရှိ အပင်အိုကြီးအောက်တွင် အနက်ရောင်၀တ်ရုံကို၀တ်ဆင်ထားသောလူတစ်ဦးမှာ အပင်ကြီးကိုပြင်းစွာ၀င်တိုက်မိခဲ့လေသည်။ ထိုအခါမှ သူ၏ပုံရိပ်မှာရပ်တန့်သွားခဲ့လေသည်။


ပထမအင်ပါယာမှာ ထိုရွှေရောင်အလင်းစက်ကလေးကိုသာ ဖြိုခွင်းရန်ကြိုးစားမိနေစဥ် ထိုအစီအရင်နှင့်အတူလွင့်ထွက်လာရလိမ့်မည်ဟုထင်မထားခဲ့ချေ။ ဤအစီအရင်၁၀၀မှာသူ့အားခြိမ်းခြောက်လိုသောအရှိန်အ၀ါမျိုးမပေးခဲ့ ။ သို့သော်သူအတော်ဘေးကြပ်နံကြပ်တော့ဖြစ်မိလေသည်။ သို့သော်၄င်းကြောင့်ပင် သူ့အပေါ်လင်းရှောင်၏အာရုံစိုက်နေမှုအဆ၁၀၀မျှလျော့ကျသွားသည်ကို ခံစားမိလိုက်လေသည်။


ထို့ကြောင့် ပထမအင်ပါယာမှာ ခပ်တည်တည်နှင့် ရှေ့သို့တစ်လှမ်းလှမ်းလိုက်သည်။ ထိုခြေတစ်လှမ်းဖြင့်ပင် သူသည်မိုင်တစ်ချို့ကိုကျော်လွှားလျက် ပြတိုက်တိုက်ရှေ့မှ အပင်ကြီးကို၀င်တိုက်မိလေတော့သည်။


လက်တစ်ဖက်မှာ စာပေစာအုပ်ကိုကိုင်ထားလျက် အရပ်မြင့်မြင့်နှင့်ချောမောသော အမျိုးသားမှာ သူ၏ကိုယ်ကိုစစ်ဆေးကြည့်လိုက်သည်။ သူ၏ကိုယ်ပေါ်တွင် အစီအရင်အနည်းဆုံးအခု၉၀ရစ်ပတ်လျက် လင်းရှောင်ထံမှသူ၏အရှိန်အ၀ါကိုဖုံးကွယ်ထားပေးခဲ့လေသည်။


ပထမအင်ပါယာမှာ ထိုအပင်အိုကြီးအောက်မှ ကျက်သရေအရှိန်အ၀ါတို့နှင့်လှမ်းထွက်လာခဲ့ပြီး ထိုခရီးသွားအုပ်စုများကိုကျော်ဖြတ်၍ ဆန့်ကျင်ဘက်သို့ထွက်လာလေသည်။ စကားတစ်ခွန်းမျှမဆိုပဲ သူ၏အကြည့်တို့မှာ အရှိန်အ၀ါတို့နှင့်မာန်၀င့်နေခဲ့သည်။ သူသည်ကား သူ၏နံဘေးမှလူများနှင့်ကွဲပြားလေသည်။ ခရီးသွားဧည့်သည်တချို့မှာ သူ့အားကြည့်လာပြီး သူတို့အချင်းချင်းတီးတိုးဆိုနေခဲ့ကြသည်။ သို့သော် ခေါင်းကိုလှည့်လိုက်သည်နှင့် ထိုလူများမှာ သူ၏ရုပ်ရည်သွင်ပြင်မည်သို့ရှိသည်ကိုမေ့လျော့သွားမည်ဖြစ်သည်။


သို့နှင့်သူသည်စစ်တပ်ပြတိုက်အပေါ်မှ စာလုံးကြီးများကိုတွေ့လိုက်ရလေသည်။ 


သူလမ်းတစ်၀က်မျှရောက်စဥ်မှာပင် သူ၏ဘေးမှအသံကိုကြားလိုက်ရသည်။ 


"ဟိတ်လူ ဒီမြေနီရုပ်စစ်တပ်ပြတိုက်ထဲ၀င်ကြည့်ချင်လား..ယွမ်၁၂၀ထဲပေးရမယ်နော် တိုက်ရိုက်ကြည့်လို့ရတယ်"


ဘန်း.


ယခုလေးတင်ပြောလိုက်သောလူလိမ်မှာ လေပြင်းတစ်ချက်ရုတ်ချည်းတိုက်ခတ်လာမှကြောင့် မြေပေါ်သို့လဲကျမတတ်ဖြစ်သွားခဲ့သည်။ သူသည်ကိုယ်ကိုခက်ခက်ခဲခဲထိန်းကာရပ်နေခဲ့ရပြီး ခေါင်းကိုမော့ကြည့်လိုက်မိချိန်တွင် ချက်ချင်းထိတ်လန့်သွားခဲ့လေသည်။ ယခုလေးတင် မီတာတချို့အကွာတွင်ရပ်နေသောcosplayအမျိုးသားမှာ မျက်တောင်တခတ်အတွင်း သူ၏ရှေ့သို့ရောက်နေခဲ့လေသည်။ ထိုအမျိုးသား၏နှုတ်ခမ်းပါးတို့ပွင့်ဟလာပြီး အလွန်အေးစက်သော အသံဖြင့်ဆိုလာခဲ့သည်။


"ထပ်ပြောလိုက်စမ်း ကိုယ်တော်ရဲ့မြေနီရုပ်စစ်တပ်တဲ့လား"


လူလိမ်မှာ 'ကြည့်စမ်း သူcosplayလုပ်ရတာဘယ်လောက်တောင်စွဲလမ်းနေတာလဲ' ဟုရေရွတ်လာခဲ့ပြီးမှ ချောင်းအမြန်ဟန့်ကာဆိုလိုက်သည်။


"ဒါပေါ့..ဒီနောက်ကချင်ချီဟွမ်ရဲ့မြေနီရုပ်စစ်တပ်နဲ့ပြတိုက်ဆိုတာ အတုပဲ..အဲဒါမှနိုင်ငံတော်က ခရီးသွားတွေဆီကငွေလိမ်ယူလို့ရမှာလေ..တကယ့်အစစ်ကငါတို့အဆောက်အဦးထဲမှာ..လိုက်ခဲ့ ငါမင်းကိုကြည့်ရအောင်ခေါ်သွားပေးမယ်"


မှောင်ခိုလူလိမ်မှာ ချင်ရှီဟွမ်အား အနှေးယာဥ်ပေါ်တွင်တင်လျက် (ဆိုက်ကားလိုမျိုးလှည်းမျိုး) မလှမ်းမကမ်းမှ 'ချင်ရှီဟွမ်၏မြေနီရုပ်စစ်တပ်ထံခေါ်သွားပေးလေတော့သည်။


အစစ်အမှန်မြေနီရုပ်စစ်တပ်ပြတိုက်မှာဖွင့်လှစ်ချိန်ရောက်လာပြီးနောက် ခရီးသွားများမှာ ၀င်ပေါက်မှ၀င်လျက် သမိုင်းအလှအပများကိုပျော်ပျော်ရွှင်ရွှင်ရှုစားရန်ပြင်လိုက်ကြလေသည်။ သို့သော် သူတို့အ၀င်၀သို့ခြေချရုံသာရှိသေးချိန်တွင် ပြတိုက်ရှေ့မှ အပင်အိုကြီးမှာ ဘိုင်းခနဲလဲကျလာပြီး ဖုန်များတထောင်းထောင်းထသွားစေသည်။


လူတိုင်းမှာ ထိတ်လန့်သွားခဲ့သည်။ ပြတိုက်အစောင့်များမှာ အခြေအနေကိုစစ်ဆေးရန်အမြန်ပြေးထွက်လာခဲ့ကြသည်။


ထိုစဥ်အနှေးယာဥ်ကလေးမှာ သိပ်မထင်ပေါ်သောအဆောက်အဦးတစ်ခုရှေ့ရောက်ရှိသွားခဲ့လေသည်။ ထိုလူလိမ်မှာ ညစ်ကျယ်ကျယ်အပြုံးနှင့်လက်ဖြန့်လာခဲ့သည်။


"မြေနီရုပ်စစ်တပ်ကအထဲမှာ ကဲပိုက်ဆံပေးတော့"


ပထမအင်ပါယာ"...."


ခတ္တမျှအကြာပါပါးအင်ပါယာမှာ မာန်ပါပါဖြင့် ၀တ်ရုံလက်ကိုခါလိုက်လေသည်။


"ကိုယ်တော့်မှာပိုက်ဆံမရှိဘူး"


လူလိမ်" အမယ်..ကိုယ်တော်တောင်ဖြစ်ရသေး..မင်းကကိုယ်တော်ဆို ငါကချင်ရှီဟွမ်ကွာ..ရူးချင်ယောင်လာမဆောင်နဲ့ ငါချင်ရှီဟွမ်ကို ပိုက်ဆံအမြန်ကမ်းပေးလိုက်တော့"


ချင်ရှီဟွမ်"....."


.*****


တရား၀င်ဇာတ်ကောင်နှင့် ဖြတ်လျှောက်ဧည့်သရုပ်ဆောင်တို့မှာ အဖြူနှင့်အမဲလိုကွာခြားလှသည်။ ရှီကျားယခင် ဖြတ်လျှောက်ခန်းများရိုက်ရစဥ်က အချိန်နှင့်တပြေးညီအချိန်ရလျှင်ရသလိုရိုက်ကူးရန် ရိုက်ကူးရေးပြီးဆုံးသည်အထိ အသင့်စောင့်နေခဲ့ရသည်။ အခကြေးငွေကိုလည်း ထိုနေ့ပင်ချက်ချင်းလက်ခံရတတ်လေသည်။ သို့သော်တရား၀င်ဇာတ်ကောင်များနေရာတွင်စတင်သရုပ်ဆောင်ရသည်နှင့် သူသည် ရိုက်ကူးရေးအဖွဲ့မှစီစဥ်သော အချိန်ဇယားအတိုင်းအလုပ်လုပ်ရလေသည်။ တခါတလေတွင် တနေကုန်အလုပ်များနေတတ်သကဲ့သို့ တခါတရံတွင် တစ်နေကိုအားလပ်နေတတ်သည်။ 


အဓိကသရုပ်ဆောင်ဖြစ်သူမှာ ဒဏ်ရာကြောင့်ဆေးရုံတက်နေရလေရာ ထိုအဓိကဇာတ်ဆောင်နှင့် တွဲဖက်ရိုက်ကူးရမည့်အခန်းတချို့ပါ၀င်သော ရှီကျားမှာလည်း နားရက်၂ရက်ရခဲ့လေသည်။ ၂ရက်ပြီးနောက်ရှီကျားမှာလည်းရိုက်ကူးရေးသို့တဖန်ပြန်သွားခဲ့ရလေသည်။


မိတ်ကပ်artistမှာ သူ့အားဆံပင်တုတပ်ကာ ပြင်ဆင်ပေးလေသည်။ ရှီကျားမှာခုံတွင်ထိုင်နေပြီး ယဲ့ကျင်းကျီမှာ စုန့်စုန့်ကိုကိုင်ထားခဲ့သည်။ လူတစ်ယောက်နှင့်ကြောင်တစ်ကောင်မှာ ရှီကျားအားဘေးမှ တိတ်တဆိတ်စိုက်ကြည့်နေခဲ့ကြသည်။


နူးညံ့သည့်ဆံချည်မျှင်အတုများမှာ ရှီကျားမျက်နှာပေါ် အသာအယာ၀ဲကျနေခဲ့သည်။ သူမျက်နှာမှာ ကျော့ရှင်း၍ညင်သာသော အလှမျိုးရှိသည်။ ကာရိုက်တာနှင့်ပို၍ ကွက်တိကျစေရန် မိတ်ကပ်artistမှာ သူ၏မျက်နှာကျကိုပို၍ထင်းလင်းစေရန်ပြင်ပေးခဲ့လေသည်။ မျက်ခုံးတို့ပို၍ရှည်လျားသွားခဲ့သည်။ နှာတံမြင့်မြင့်နှင့် နဖူးကျယ်ကျယ်။ ဆံပင်တုကိုသေချာနေရာချပြီးသည်နှင့် ရှီကျားမျက်လုံးတို့ကိုဖွင့်လိုက်သည်။ မိတ်ကပ်artistမှာ ပြုံးလျက် လက်ခုပ်တစ်ချက်တီးလိုက်လေသည်။


"မဆိုးဘူး အရမ်းကြည့်ကောင်းတယ်..ခုသွားရိုက်လို့ရပြီ"


ရှီကျားပြုံးလျက်ခေါင်းညိတ်လိုက်သည်။ သူထရပ်လိုက်သည်နှင့် ဘေးတွင် စုန့်စုန့်ကိုချီပြီးရပ်နေသော ယဲ့ကျင်းကျီကိုတွေ့လိုက်ရလေသည်။


လူတစ်ယောက်နှင့်ကြောင်တစ်ကောင်မှာ အလွန်အတိုင်အဖောက်ညီနေကြလေသည်။ 


သူရင်ထဲမကြည်နူးမိပဲမနေနိုင်ခဲ့ချေ။ ရှီကျားရှေ့သို့လျှောက်သွားလျက် စုန့်စုန့်၏ပန်းရောင်နှာခေါင်းလေးကို တို့လိုက်သည်။ 


"အင်း ဒါမင်းငါသရုပ်ဆောင်တာကိုပထမဆုံးမြင်ဖူးတာပဲ..ပြီးတော့ ရှေးဟောင်း၀တ်စုံလည်း၀တ်ထားသေးတယ်" 


ထို့နောက်ရှီကျားမှာ ယဲ့ကျင်းကျီကိုမော့ကြည့်ကာ ပြုံးလိုက်သည်။


"ဆရာယဲ့..ကျွန်တော်ပုံစံက ထူးဆန်းနေလား" 


စုန့်စုန့်ကိုထားလိုက်ပါဦး 


ဆရာယဲ့ကဘာလို့အံ့သြနေတဲ့ပုံပေါက်နေရတာလဲ..


ယဲ့ကျင်းကျီ၏နားရွက်ဖျားများမှာ တမဟုတ်ချင်းနီရဲလာခဲ့လေသည်။ သူကခေါင်းကိုအမြန်ခါလိုက်သည်။


 "မထူးဆန်းပါဘူး..အရမ်း အရမ်း..ကြည့်ကောင်းတယ်"


ရှီကျားနှင့်ယဲ့ကျင်းကျီတစ်ယောက်နှင့်တစ်ယောက်သိလာာကြသည်မှာ ၃လနီးပါးရှိခဲ့လေပြီ။ အခုရက်ပိုင်း သူတဖြည်းဖြည်းသတိထားမိလာသည်မှာ ဆရာယဲ့သည် စနောက်ရလွယ်သူသောလူဟူ၍ပင်။ နှစ်ပေါင်းများစွာတကိုယ်တည်းနေလာခဲ့၍ လူအများနှင့် မည်သို့ပြောဆိုဆက်ဆံရမည်ကို နားမလည်သောကြောင့်ဖြစ်နိုင်သည်။ ယဲ့ကျင်းကျီမှာ အလွန်ဖြူစင်လွန်းသည်။ သူကလူတိုင်းအပေါ်ကောင်းကာ ကိုယ်ကျိုးလုံး၀မငဲ့တတ်ချေ။ အနည်းငယ်မျှစလိုက်ရုံဖြင့် ရှက်ရွံ့သွားတတ်သည်။


မျိုးဆက်သစ်ရွှမ်းရွှယ်လောကမှဆရာသခင်ငယ်များမှာ ဆရာယဲ့အားကျားတစ်ကောင်လိုကြောက်ရွံ့နေကြသည်။ သို့သော် သူ၏မျက်လုံးထဲတွင်တော့ ဆရာယဲ့မှာ ကျားတစ်ကောင်ထက် ကြောင်ကလေးတစ်ကောင်နှင့်သာပိုတူလေသည်။


ရှီကျားမှာ လူ၏လက်ဖ၀ါးဖြင့် စုန့်စုန့်၏ခေါင်းလေးကိုပွတ်သပ်နေခဲ့သည်။ စုန့်စုန့်မှာ မျက်လုံးလေးမှိတ်ကာဇိမ်ယူလျက် သူ၏ခေါင်းလေးဖြင့် ပြန်လည်တိုးဝှေ့နေခဲ့သည်။


ရှီကျားကဆိုသည်။


"အင်း..သူနဲ့ခင်များနဲ့က အတူတူပဲ"


စုန့်စုန့်" မြောင် မြောင် မြောင်"


ယဲ့ကျင်းကျီ"????" 


မူလတွင် ရှီကျားမှာ စုန့်စုန့်ကိုCစီရင်စုသို့ခေါ်မလာချင်ခဲ့ချေ။ ခရီးမှာဝေးလံလွန်းကာ စုန့်စုန့်ကို အပြင်ခေါ်လာခြင်းကလည်း မကောင်းလှ၍ပင်။ သူကားရုပ်ရှင်ရိုက်ကူးရန်လိုအပ်ကာ စုန့်စုန့်အား ဂရုစိုက်ချိန်မရှိချေ။ ရှီကျား၏အကြံမှာ ဆရာယဲ့အားဟိုတယ်တွင်နေခဲ့စေကာ စုန့်စုန့်ကို ဂရုစိုက်ခိုင်းရန်ပင်။ သို့သော် ယနေ့မနက်တွင် စုန့်စုန့်မှာ သူ၏အိတ်ကပ်ထဲသို့ အတင်းတိုး၀င်ကာခွေနေခဲ့သည်။ သူဆွဲထုတ်လိုက်လျှင်လည်း အတင်းပြန်၀င်ကာ ထိုကောင်စုတ်လေးအား မည်သို့မျှခွာချမရခဲ့ချေ။ 


သို့နှင့် စုန့်စုန့်အားခေါ်လာရုံသာတတ်နိုင်လေသည်။


လက်ထောက်ဒါရိုက်တာချန်မှာ စုန့်စုန့်ကိုစမြင်စဥ်က လွန်စွာစိတ်ဆိုးခဲ့သည်။ ရှီကျားမှာ သူ၏အလုပ်ခွင်သို့ တိရိစ္ဆာန်ကိုပါခေါ်လာသည့်အတွက် အပြစ်တင်ခဲ့လေသည်။ သို့သော်မကြာလိုက်ခင်မှာပင် လက်ထောက်ဒါရိုက်တာချန်မှာ တခစ်ခစ်ရယ်လျက် စုန့်စုန့်ကိုပွတ်သပ်နေတော့သည်။ ထိုကြောင်စုတ်လေးအား ရှီကျားကိုပင်ပြန်မပေးလိုဘဲ အလွန်နစ်၀င်နေခဲ့လေတော့သည်။


စုန့်စုန့်မှာ တကယ်တမ်းတွင် အလွန်လိမ္မာသောကြောင်ကလေးဖြစ်သည်။ သူကရိုက်ကုးရေးကို အနည်းငယ်မျှ အနှောင့်အယှက်မဖြစ်စေပေ။ ထိုအစား သရုပ်ဆောင်များနှင့် ၀န်ထမ်းများမှာ ထိုကြောင်ကလေးကို မပွတ်သပ်ပဲ မနေနိုင်ခဲ့ကြချေ။ ဒါရိုက်တာလောင်လီပင်လျှင် ရိုက်ကူးနေစဥ်အတွင်းစုန့်စုန့်ကို ငုံ့ကြည့်ကာပွတ်သပ်နေတတ်လေသည်။


"ပေါင်ပေ့လေး ပေါင်ပေ့လေးရဲ့ မျက်နှာဖောင်းဖောင်းလေးက အရမ်းချစ်ဖို့ကောင်းတာပဲ "


"မြောင်~"


ကြောင်လောက်ပင်မကောင်းသော ကြောင်ပိုင်ရှင် ရှီကျား"....."


သို့တိုင်အောင် ရိုက်ကူးရေး၀န်ထမ်းများမှာ အလွန်အလုပ်များနေဆဲပင်။ အချိန်အများစုတွင် စုန့်စုန့်မှာ ယဲ့ကျင်းကျီ၏လက်ထဲတွင်ရှိနေတတ်သည်။


ရှီကျားသရုပ်ဆောင်ရမည့်ဇာတ်ရုပ်မှာ ကျင်းရီဝေ့တစ်ဦးဖြစ်သည်။ သူကအမိုက်စားအလန်းစားအခန်းများကို ရိုက်ကူးရန်လိုအပ်လေသည်။ ရှီကျားမ၊၀ိုင်ယာကြိုးများနှင့်သရုပ်ဆောင်မှုကို ရွှမ်း၀ူကားရိုက်စဥ်ကတစ်ခါသာ အတွေ့အကြုံရှိဖူးလေသည်။ သူကလောင်လီထံမှ ဆက်တိုက်ဆိုသလို NGလုပ်ခံရလေသည်။ ဘေးမှကြည့်နေသော ယဲ့ကျင်းကျီမှာ ထိုသေးသွယ်သော ၀ိုင်ယာကြိုးများက ရှီကျားကိုမထိန်းနိုင်ပဲ လွတ်ကျမည်ကို စိုးရိမ်နေခဲ့လေသည်။


အတိုချုံးဆိုရသော် ရိုက်ကူးရေးမှာ ချောချောမွေ့မွေ့ပင်သွားနေခဲ့သည်။


ရှီကျားမှာနောက်ထပ်တစ်ခန်းရိုက်ကူးပြီးစီးသွားခဲ့လေသည်။ သူကရိုက်ကူးရေးမှထွက်လာကာ ရေအနည်းငယ်သောက်ရန်ပြင်လိုက်လေသည်။ သူကားဆရာယဲ့ကိုစကားပြောရန်ပင်အချိန်မရှိပဲ ရိုက်ကူးရန်ထပ်မံထွက်ခွာသွားခဲ့သည်။ ဆရာယဲ့မှာ မကျေမနပ်နှင့်ခေါင်းငုံ့လိုက်၏။ သူ၏ရင်ထဲမှ၀မ်းနည်းမှုကိုဖြေဖြောက်ရန် စုန့်စုန့်ကိုသာ ပွတ်သပ်နေခဲ့သည်။ သို့သော်နံဘေးမှ တီးတိုးဆိုသံကိုကြားလိုက်ရလေသည်။


"အဲဒီရှီကျားက ၁၈ထပ်က သရုပ်ဆောင်လေးပဲဆိုရင်တောင် သူကတို့တွေကားထဲဆို ၅ယောက်မြောက်မင်းသားပဲမဟုတ်ဘူးလား..အဲဒီကြောင်ကိုင်ထားတဲ့သူက သူ့လက်ထောက်ဆို..သူတနေကုန်ကြောင်ကိုင်ဖို့ပဲသိပြီး ရှီကျားကိုရေကမ်းဖို့ ချွေးသုတ်ပေးဖို့လောက်တောင်မရဘူးလား"


"ဟုတ်ပါ့ ငါလည်းကြည့်နေတာကြာပြီ..အဲဒီကြောင်ကိုင်နေတဲ့လက်ထောက်ကတကယ်ပျင်းရိနေရောပဲ ဘယ်တော့မှ အလုပ်မလုပ်ဘူး..ရှီကျား ဒီလိုငပျင်းလက်ထောက်ကို ဘယ်လိုများရွေးထားလည်းမသိဘူး"


စုန့်စုန့်ကို ပွတ်သပ်ပေးနေသော ယဲ့ကျင်းကျီ၏ လက်ဖ၀ါးများမှာ ရုတ်ချည်းရပ်တန့်သွားခဲ့လေသည်။ ထို့နောက်သူသည် ဘေးပတ်ပတ်လည်ကိုလှည့်လျက် အခြားလက်ထောက်များက သူတို့၏သရုပ်ဆောင်များအား မည်သို့ဂရုစိုက်ပေးသည်ကို စူးစမ်းလိုက်လေသည်။


ရှီကျားရိုက်ကူးပြီးနောက် ရိုက်ကွင်းမှ ထွက်မလာခင်မှာပင် သူ၏လက်ကိုဖမ်းဆွဲခံလိုက်ရလေသည်။


ရှီကျားအံ့အားသင့်စွာမော့ကြည့်လိုက်သည်။ ယဲ့ကျင်းကျီမှာ ပုခုံးပေါ်တွင်ကြောင်နက်ကလေးကိုတင်လျက် သူ့ကိုကြည့်နေခဲ့သည်။ သူသည်ရှီကျားလက်ထဲသို့ရေခွက်ကိုထည့်ပေးလျက် လျှင်မြန်စွာဆိုလိုက်သည်။ 


"ရေ..သောက်ရအောင်လို့"


ရှီကျား" ...အာ?"


ထို့နောက် ယဲ့ကျင်းကျီမှာ တနေရာမှပ၀ါတစ်ခုကိုရုတ်ချည်းဆွဲထုတ်လာပြီး ရှီကျား၏နဖူးပေါ်မှချွေးများကိုပွတ်သုတ်ပေးလိုက်လေသည်။ သူ၏လက်ချောင်းလေးများက ရှီကျား၏အရေပြားနှင့် ရံဖန်ရံခါထိမိသွားကြသည်။ ဆရာယဲ့မှာ ရှက်နေရန်အချိန်မရှိပဲ ရှီကျားအား ချွေးသုတ်ပေးလိုက် ရေတိုက်လိုက်နှင့် အလုပ်များနေခဲ့လေသည်။ ထို့နောက် ရှီကျားအား 'ပင်ပန်းသလား ဗိုက်ဆာပြီလား တစ်ခုခုစားချင်လား' ဟုမေးလေသည်။


ရှီကျားမှာယဲ့ကျင်းကျီအား ကြောင်တောင်တောင်ကြည့်နေခဲ့လေသည်။ သူသည်ယဲ့ကျင်းကျီအား 'ဆရာယဲ့ .ဘာဖြစ်လို့လဲ'ဟုမေးရန်ပြင်လိုက်စဥ်မှာပင် ဒါရိုက်တာထံမှ ပြန်ခေါ်ခြင်းကိုခံလိုက်ရလေသည်။


ထိုတစ်နေ့လည်ခင်းလုံးရှီကျားမှာ ထိုသို့ ဒွိဟဖြစ်စရာလေထုထဲနစ်မြုပ်နေခဲ့ရလေသည်။


သူရေဆာသည့်အခါ လက်ပင်မဆန့်လိုက်ရခင် ရေခွက်မှာ သူ၏နှုတ်ခမ်းနားသို့တေ့ထားပြီးဖြစ်သည်။ သူထိုင်ချင်သည့်အခါ ခုံမှာ သူ့နောက်တွင်အသင့်ရှိနေပြီးဖြစ်သည်။ ညနေခင်းတွင်ရှီကျားရိုက်ကူးပြီးစီးပြီး ဗိုက်ဆာသည့်အခါ ယဲ့ကျင်းကျီမှာသူ့အတွက်နေ့လည်စာ၂ဘူးအသင့်ပြင်ထားပြီးဖြစ်လေသည်။ ရှီကျားမှာအလွန်ဂရုစိုက်ခံနေရလွန်း၍ ပုံရိပ်ယောင်နှယ်ခံစားရလေသည်။ 


ညဘက်တိုက်ခိုက်သည့်အခန်းကိုရိုက်ကူးနေစဥ် ရှီကျားမှမတော်တဆ လက်ကိုရှမိလေသည်။ သူနာကျင်မှုကိုပင်မခံစားရသေးမီ ဆရာယဲ့မှာ ရိုက်ကွင်းထဲပြေး၀င်လာခဲ့သည်။ ဆရာယဲ့မှာ အလွန်ပူပန်နေပုံဖြင့် ထိုသေးငယ်သော ပြတ်ရှရာလေးကို ဂရုတစိုက်စစ်ဆေးနေခဲ့လေသည်။


သူ၏လက်ကိုညင်သာစွာအကိုင်ခံထားရရင်း ရှီကျား၏နှလုံးမှာ အကြိမ်ရေတချို့ဆောင့်ခုန်သွားမိခဲ့သည်။ သူသည်သူ၏ရှေ့မှာ အာရုံစူးစိုက်ကာသူ၏ဒဏ်ရာကိုစစ်ဆေးနေသောအမျိုးသားကို ကြည့်လိုက်မိလေသည်။ သူမနေနိုင်ပဲ တံတွေးအသာမြိုချလိုက်မိသည်။ ထို့နောက်သူ၏နားရွက်ဖျားများ တဖြည်းဖြည်းနီမြန်းလာလေတော့သည်။ သူတို့လက်များထိစပ်နေသောနေရာထံမှ အနွေးဓါတ်များကူးလူးလာခဲ့သည်။ ရှီကျားမှာ နှုတ်ခမ်းကိုဟလျက်တစ်ခုခုပြောချင်ခဲ့သော်လည်း သူ၏လည်ချောင်းမှာခြောက်သွေ့နေပြီး ဘာမျှမဆိုနိုင်ခဲ့ချေ။ 


ယဲ့ကျင်းကျီ ပူပန်စွာမေးလိုက်သည်။ 


"သွေးနည်းနည်းထွက်နေတယ်..နာနေလားဟင်..ကိုယ့်မှာ ပလာစတာပါမလာဘူး..ခုရှာ၀ယ်လိုက်မယ်နော်.."


ထိုသို့ဆိုလျက် ယဲ့ကျင်းကျီမှာ ရှီကျားလက်ကိုဆွဲလျက်အပြင်သို့ ထွက်သွားရန်ပြင်လိုက်လေသည်။


ရှီကျား၏အခန်းများအားလုံးရိုက်ကူးပြီးဖြစ်သည်။ သူသည်ယဲ့ကျင်းကျီ၏ကျောပြင်ကိုငေးမောလျက် ရိုက်ကူးရေးအတွင်းဒေါက်တာထံဆွဲခေါ်သွားရာအတိုင်း လိုက်ပါလာခဲ့လေသည်။ 


ဒေါက်တ

ာက ဒဏ်ရာကိုသန့်ရှင်းလျက် ပလာစတာကပ်ပေးခဲ့သည်။ ထိုအခါမှသာယဲ့ကျင်းကျီမှာ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်မိသော်လည်း ရှီကျား၏လက်ကို ကိုင်ဆွဲထားဆဲပင်။


👻