💘💘💘chapter-10💘💘💘
Viewers 459

"သခင်လေး...cardတွေရပါပြီ...."


"အွန်း....လုပ်စရာရှိတာသွားလုပ်တော့...."


မိုးမခကိုမန်နေဂျာအကိုကြီးကဦးညွတ်အရိုအသေပေးပြီးထွက်သွားတော့တယ်....


"ရော့ဗျာ...မင်းတို့ကအခုချိန်ကစပြီးမင်းတို့၃ယောက်ကငါ့ရဲ့VVIPဧည့်သည်တွေဖြစ်သွားပြီ...."


မိုးမခကမဏိတို့၃ယောက်ကိုcardကလေးတွေပေးတယ်....diamond  cardဆိုတဲ့အတိုင်းပဲစိန်လိုမျိုးတဖျတ်ဖျတ်ကိုလက်နေတော့တယ်....


မဏိတို့ကိုမိုးမခကဦးဆောင်ပြီးရေကူးကန်ကြီးဆီခေါ်သွားတယ်....မိုးမခကcardနှင့်ထိလိုက်တော့အခန်းတံခါးပွင့်သွားတယ်....


"welcome to golden resort!!!"


မိုးမခကအခန်းတံခါးဖွင့်လိုက်တော့ကြည်လင်နေပြီးပန်းလေးတွေနှင့်လှပနေတဲ့ရေကူးကန်ကြီးကမဏိတို့ကိုစီးကြိုနေခဲ့တယ်....


"wow!!!လှလိုက်တာ...."


မဏိနှင့်ပန်းလေးပြိုင်တူပြောလိုက်မိတယ်....မဏိသိပ်ကိုပန်းလေးတွေနှင့်သိပ်ကိုလှပနေတဲ့ရေကူးကန်ကြီးကိုကြည့်ပြီးမှင်သက်နေမိတယ်....


"မဏိရေ....ငါတော့ရေကူးကန်ကြီးဆီသွားဖို့မစောင့်နိုင်တော့ဘူး..."


"ငါရောပဲ....ပန်းလေး...."


"အ၀တ်အစားလဲခန်းကဟိုဖက်မှာ....ကျွန်တော်တို့လည်းအ၀တ်အစားသွားလဲလိုက်အုန်းမယ်...."


မိုးမခကညွှန်ပြတဲ့အ၀တ်လဲခန်းမှာမဏိအ၀တ်အ၀တ်၀င်လဲလိုက်တယ်....မဏိအ၀တ်အစားလဲပြီးထွက်လာတော့ပန်းလေးကမိုးမခနှင့်သျှားတို့နှင့်ရေတောင်ကူးနေပြီ....


     မကဂါ၀န်တိုလေးနှင့်သိပ်ကိုလှနေတာ....မကအခုလိုဂါ၀န်တိုလေးနှင့်ကျတော့လည်းကလေးလေးလိုတမျိုးလှနေပြန်ရော....


"မဏိလာလေ...."


"ရေအရမ်းနက်လား???"


"မနက်ပါဘူး...မရဲ့....မကြောက်ပါနှင့်...."


သျှားကမဏိရဲ့ခါးလေးကိုပွေ့ချီပြီးရေကူးကန်ထဲသို့အသာလေးချပေးတယ်....


    💚💚💚💚💚💚💚💚💚💚💚💚💚💚💚


"ပန်းလေး....မင်းကရေကူးချန်ပီယံဆို...."


"ဟုတ်တယ်လေ....ငါကရေကူးအရမ်းကျွမ်းတာ....မျက်စိမှိတ်ပြီးတောင်ရေကူးတတ်တယ်...."


"တယ်ဆိုတဲ့စာပါလား???အဲ့တာဆိုငါတို့ရေကူးပြိုင်ရအောင်....ရှုံးတဲ့သူကိုနိုင်တဲ့သူကနဖူးတောက်ကြေး....ဘယ်လိုလဲ...ပြိုင်ရဲလား???"


"စိန်လိုက်လေ...."


ပန်းလေးနှင့်မိုးမခကတော့ရေကူးပြိုင်နေလေရဲ့....မဏိကတော့သျှားဆီကရေကူးသင်နေခဲ့တယ်....


"မ...စိတ်ကိုလျှော့ပြီးခန္ဓာကိုယ်ကိုဖော့ထားလိုက်...."


သျှားပြောသလိုမဏိကိုယ်ဖော့ကြည့်ပေမဲ့မရပဲရေကန်ထဲသို့မဏိခန္ဓာကိုယ်လေးနစ်မြှပ်သွားခဲ့တယ်....


"အား!!!"


မဏိရေမွန်းသွားတာကြောင့်ကြောက်အားလန့်အားနှင့်ဘေးနားကသျှားကိုဖက်တွယ်ထားလိုက်မိတယ်....


    မကကျွန်တော့်ကိုကလေးတယောက်လိုဖက်တွယ်ထားတော့မရဲ့မျက်နှာလှလှလေးကိုအနီးကပ်မြင်လိုက်ရကြောင့်ရင်ခုန်သံတွေဗြောင်းဆန်ကုန်တော့တယ်....မရဲ့စိုအိနေတဲ့နှုတ်ခမ်းသားလေးကိုအနမ်းတွေပေးချင်တဲ့စိတ်ကိုမနည်းထိန်းထားလိုက်ရတယ်....


မဏိမျက်လုံးဖွင့်ကြည့်လိုက်တော့မဏိကသူ့ရင်ခွင်မှာ....သျှားနှင့်မျက်နှာချင်းအရမ်းနီးကပ်သွားတာကြောင့်နှလုံးခုန်သံတွေမြန်ဆန်သွားတယ်....သျှားရဲ့ညှို့အားပြင်းတဲ့မျက်၀န်းတွေအောက်မှာမဏိအကြိမ်ကြိမ်အခါအခါကျဆုံးနေခဲ့တယ်....


"မ....မကိုအရမ်းချစ်တယ်....မသိရဲ့လား???"


သျှားကမဏိရဲ့နဖူးလေးကိုသူ့နဖူးလေးနှင့်ထိကပ်ကာနှစ်ကိုယ်ကြားချစ်စကားဆိုနေခဲ့တယ်....သျှားကတော့မဏိနှလုံးသားကိုခြွေနေတော့တယ််.....


    💚💚💚💚💚💚💚💚💚💚💚💚💚💚💚


"အွန်း...."


မဏိထိုစကားလေးကိုသာပြန်ပြောမိတယ်....


"မရယ်....သိပ်ချစ်ဖို့ကောင်းတာပဲ...."


"သျှား...မဏိကိုလွှတ်ပေးပါတော့...မဏိနေရခက်နေပြီ...."


ထိုအခါကျမှသျှားမဏိကိုချပေးတယ်....သျှားရယ်...သျှားမဏိကိုသိပ်ချစ်တယ်ဆိုတာသိပါတယ်....ယုံလည်းယုံပါတယ်....


သျှားမဏိကိုရေကူးသေချာသင်ပေးတာကြောင့်နည်းနည်းတော့ကူးတတ်နေပြီ....ရေကူးတာမဏိသိပ်ကြိုက်တယ်.....ရေကူးနေရင်စိတ်ကအလိုလိုပျော်ရွှင်မိနေတယ်....


"မိုးမခ....တခုခုစီစဥ်ပေးအုန်းလေဟာ....ဗိုက်ဆာနေပြီဟဲ့...."


"ဟုတ်တယ်....မဏိရောပဲ...."


မနှင့်ပန်းလေးကဗိုက်ကလေးကိုပွတ်ကာချစ်စဖွယ်ပြောနေတယ်....


"မိုးမခမင်းဘာစီစဥ်ပေးမှာလဲ....ပြော...မနှင့်ပန်းလေးကဗိုက်ဆာနေကြပြီ...."


"အေးပါကွာ...မင်းကလည်းဟောက်မယ်ဆိုတာချည်းပဲ...ငါ့အပန်းဖြေအိမ်မှာအစုံရှိပါတယ်ဟ....စားချင်တာသာပြောငါမှာပေးမယ်...."


"မဏိစပါကတီစားချင်တယ်...."


"ပန်းလေးလည်းစပါကတီပဲစားမယ်...."


"အွန်း....သားကြီး...မင်းရောဘာစားမှာလဲ???"


"ငါကတော့hamburgerပဲမှာပေး...."


"အေးပါ...ငါမှာလိုက်မယ်...."


    ခဏနေတော့မှာထားတာတွေလာပို့ပေးတယ်...ရေကူးထားလို့လားမသိပါဘူး....စားလို့ပိုကောင်းနေတယ်....


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋


chapter-11 coming soon🫧🫧🫧🫧🫧


              🍰🍰authoress-yoon mieno🍰🍰