🩷🩷🩷chapter-2🩷🩷🩷
Viewers 120

ရှင်းရှင်းရဲ့နာမည်ကရှင်းသန်ဖြူပါ။ရှင်းရှင်းကဘိုးဘိုးဦးအောင်စိန်၊ဘွားဘွားဒေါ်ခင်ထား၊ဖေဖေဦးနိုင်မြင့်၊မေမေဒေါ်တင်နွယ်နှင့်အတူရန်ကုန်မြို့တော်ကြီးမှာနေထိုင်တယ်။ရှင်းရှင်းကkpop fanတဦးပါ....ငယ်ငယ်လေးကkpop fanတဦးဖြစ်ခဲ့တယ်ဆိုပါတော့။ရှင်းရှင်းရဲ့idolက"JKB"ဆိုတဲ့kpopအဖွဲ့ပေါ့။ရှင်းရှင်းကအဲ့ဒီ့အဖွဲ့ကိုအရမ်းသဘောကျတာ။"JKB"အဖွဲ့ထဲမှာရှင်းရှင်းအကြိုက်ဆုံးကlexဆိုတဲ့kpop singer​ပေါ့ရှင်။oppaရဲ့ချိုသာပြီးဆွဲဆောင်မူရှိ​တဲ့အသံ​လေး​ကြောင့်ရှင်းရှင်းရဲ့အကြိုက်ဆုံးတ​ယောက်ဖြစ်လာတယ်လို့​ပြောရမလား။ရှင်းရှင်းရဲ့အခန်းထဲမှာoppaတို့ရဲ့ဓာတ်ပုံနှင့်oppaတို့နှင့်ပတ်သတ်တဲ့ပစ္စည်းတွေချည်းပဲ.....ပြီးတော့အိမ်မှာoppaတို့သီချင်းတွေဖွင့်ပြီးရှင်းရှင်းအမြဲတမ်းနားထောင်လေ့ရှိတယ်။ရှင်းရှင်းကသူရဲ့တသက်လုံးမ​ပြောင်းလဲတဲ့fanတ​ယောက်​ပေါ့.....jkbကိုထိတဲ့သူကရှင်းသန့်ဖြူရဲ့ရန်သူပဲ။ရှင်းရှင်းရဲ့အိမ်မက်ကkoreaကိုသွားပြီးနာမည်ကြီးidol​တွေရဲ့make-up artistဖြစ်လာဖို့ပဲ......ဖြစ်နိုင်ရင်​တော့jkbရဲ့make-up artist ဖြစ်ချင်တာ​ပေါ့​လေ။အဲ့ဒီ့အတွက်လည်းရှင်းရှင်းရ​အောင်ကြိုးစားမယ်လို့ဆုံးဖြတ်ထားတယ်။ရှင်းရှင်းရဲ့အိမ်မက်ကlexဆိုတဲ့သူ​ကြောင့်စတင်ဖြစ်​ပေါ်လာတာ​ပေါ့။

အဲ့တာ​ကြောင့်၁၀တန်းကို6Dနှင့်​အောင်တာ​တောင်ရှင်းရှင်းuniကိုအ​ဝေးသင်ပဲတက်ခဲ့ပြီးmake-upပညာစပြီးသင်ယူခဲ့တာပေါ့ရှင်။make-upသင်တန်း​အပြင်koreaဘာသာစကားနှင့်englishဘာသာစကား​သင်တန်းတွေတက်ခဲ့တယ်။​၂နှစ်​လောက်ကြာ​တော့ရှင်းရှင်းmake-upပညာကို​တော်​တော်ကျွမ်းကျွမ်းကျင်ကျင်တက်​မြှောက်သွားတာ​ပေါ့။make-upသင်တန်းကဆရာမကရှင်းရှင်းရဲ့make-upစ​ကေးကိုကြိုက်​​​တော့ရှနာမည်ကြီးရုပ်ရှင်မင်းသမီးတ​ယောက်ဆီမှာအလုပ်သွင်း​ပေးခဲ့တယ်။ရှင်းရှင်းအဲ့ဒီ့မင်းသမီးဆီမှာ၂နှစ်အလုပ်လုပ်ရင်းအလုပ်အ​တွေ့အကြုံယူခဲ့တယ်။​


🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶


ရှင်းရှင်းအဲ့ဒီမင်းသမီးဆီမှာအလုပ်လုပ်ရင်းအခြားသူ​တွေကိုmake-upပြင်ထားတာ​တွေပြီး​တော့make-upလိမ်းပုံလိမ်းနည်း​တွေကိုinstagramမှာ​ရောu-tubeမှာတင်ထားတယ်။ရှင်းရှင်းရဲ့vd​တွေကမထင်မှတ်ပဲလူကြိုက်များသွားတယ်.....အဲ့တာနှင့်ရှင်းရှင်းကိုinternetက​နေဆက်သွယ်ပြီးmake-upလိမ်းဖို့လာဌား​ကြတာအများကြီးပဲ.......ရှင်းရှင်းလည်းမင်းသမီးshootingနှင့်လွတ်တဲ့ရက်​တွေဆိုရင်​တော့သွားလိမ်း​​ပေးဖြစ်တယ်။တ​ဖြေး​ဖြေးနှင့်ရှင်းရှင်းဆိုတဲ့ကျွန်မကinternet celeကြီးဖြစ်လာတာ​ပေါ့ရှင်။​​ရှင်းရှင်း​ကျောင်းပြီးသွား​တော့koreaကိုသွားဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။

ရှင်းရှင်းရဲ့မိဘ​တွေကလည်းသ​ဘောတူ​တော့ရှင်းရှင်းဘွဲ့ရတာနှင့်koreaကိုထွက်လာခဲ့တယ်။ရှင်းရှင်းရဲ့အိမ်မက်ဆီကို​ခြေတလှမ်း​လျှောက်လှမ်းနိုင်ပြီမို့ရှင်းရှင်း​ပြောပြမတတ်​အောင်အရမ်းပျော်ခဲ့တယ်။korea​ရောက်​တော့ရှင်းရှင်းတိုက်ခန်းတခုမှာဌား​နေပြီး​ entertainment companyတခုဆီမှာအလုပ်၀င်လုပ်လိုက်တယ်။ရှင်းရှင်းအဲ့ဒီcompanyမှာ၆လ​လောက်ကြာခဲ့တယ်။​​နောက်​တော့jk enjoy companyက​နေ​ထပ်ပြီးမွေးထုတ်ထားတဲ့jkbအဖွဲ့ရဲ့ဂျူနီယာအဖွဲ့အတွက်make-up artistလို​နေတယ်။jk enjoy companyကmakeup artist​တွေ​ခေါ်​နေတာ​သိတာနှင့်ရှင်းရှင်းအဲ့ဒီအခွင့်အ​ရေးကိုလက်လွှတ်မခံဘဲလက်ရှိအလုပ်ကထွက်ပြီးချက်ချင်းအလုပ်သွား​လျှောက်လိုက်တယ်။

​​နာမည်ကြီးcompanyကအလုပ်​ခေါ်တာ​ကြောင့်အလုပ်လာ​လျှောက်တဲ့လူ​တွေက​တော့အများကြီးပါပဲ။ရှင်းရှင်းလာ​လျှောက်လူ​တွေကြည့်ပြီးရင်ခုန်မိတယ်။ရှင်းရှင်းအလှည့်​ရောက်​တော့ရှင်းရှင်းစိတ်ကို​လျှော့ပြီးကိုယ်တက်ထားတဲ့ပညာနှင့်အ​ကောင်းဆုံးဖြစ်​အောင်​modelကိုပြင်​ပေးလိုက်တယ်။


🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶


ရှင်းရှင်းပြိုင်ပွဲက​နေပြန်လာပြီး​တော့companyကအ​​ကြောင်းကြားစာကိုစိတ်လှုပ်ရှားစွာနှင့်​စောင့်​နေတယ်။​နောက်​နေ့ကျ​တော့ရှင်းရှင်းရဲ့ဖုန်းထဲကိုဖုန်း၀င်လာတယ်။unknown numberဖြစ်​နေ​တော့ရှင်းရှင်းလည်းဘယ်သူလဲလို့သိချင်တာနှင့်ဖုန်းကိုင်လိုက်တယ်။

ရှင်းရှင်း"hello!!!ရှင်းသန့်ဖြူဖုန်း​ပြော​နေပါတယ်။ဘယ်သူလဲမသိဘူး။"

ရှင်းရှင်းkoreaလို​ပြောလိုက်ခြင်းပင်။

​jk enjoy company"hello!!!ကျွန်မကjk enjoy companyကပါ...ရှင်းသန့်ဖြူကိုcompanyကအလုပ်ခန့်လိုက်ပါတယ်။မနက်ဖြန်ကစပြီးအလုပ်ဆင်းလို့ရပါပြီ​နော်။"

ရှင်းရှင်းအရမ်းပျော်သွားလို့ခုတင်​ပေါ်တက်ပြီးခုန်လိုက်တယ်။

ရှင်းရှင်း"ဟုတ်ကဲ့​ကျေးဇူးပါပဲရှင်....မနက်ဖြန်စပြီးအလုပ်လာဆင်းပါမယ်​နော်။"

​jk enjoy company"ဟုတ်ကဲ့ပါ...အဲ့တာဆိုဖုန်းချလိုက်​တော့မယ်​နော်။"

ရှင်းရှင်း"ဟုတ်ကဲ့ပါ။"

ရှင်းရှင်းလက်ရှိတိုက်ခန်းက​နေပစ္စည်း​တွေသိမ်းပြီးjk enjoy companyကိုသွားတယ်။companyကidol​တွေရဲ့သတင်း​တွေ​ပေါက်ကြားမှာဆိုးလို့အလုပ်လုပ်တဲ့လူတိုင်းကိုတိုက်ခန်းစီစဥ်​ပေးထားတယ်​လေ။အဲ့ဒီမှာပဲ​နေရပြီးအပြင်ထွက်ခွင့်လည်းသိပ်မရှိဘူး။

ရှင်းရှင်းလည်းcompanyက​ပေးတဲ့တိုက်ခန်း​မှာ​နေပြီးအလုပ်စ၀င်တယ်။ရှင်းရှင်းတာ၀န်ယူ​ပေးရတဲ့အနုပညာရှင်က​တေ့ာMဆိုတဲ့​ကောင်​လေးပဲဖြစ်တယ်။သူကရှင်းရှင်းထက်အသက်၁နှစ်ကြီးတယ်။သူတို့အဖွဲ့ကလည်းdebutလုပ်ထားတာ၅နှစ်​လောက်ရှိပြီ....သူတို့အဖွဲ့ကိုလည်းရှင်းရှင်းသ​ဘောကျတယ်။Mက​ဖော်​ရွေပြီးသ​ဘောအရမ်း​ကောင်းတယ်။ရှင်းရှင်းနှင့်​မောင်နှမ​တွေလိုပါပဲ။ 


🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶


ဘာလိုလိုနှင့်ရှင်းရှင်းMရဲ့make-up artistလုပ်တာ၇လကြာသွားတယ်။ရှင်းရှင်းကို​မေ​မေတို့ကငယ်ငယ်​လေးကတည်းကဗမာ၀တ်စုံပဲဆင်​ပေးခဲ့တယ်......အဲ့တာ​ကြောင့်မို့ရှင်းရှင်းကဗမာ၀တ်စုံပဲ၀တ်တတ်တယ်.....ဗမာ၀တ်စုံနှင့်မလိုက်ဖက်တဲ့​နေရာမှတခါတ​လေဂါ၀န်​လေး​တွေ၀တ်တယ်။ပြီး​တော့ကိုယ်တိုင်ကmakeup artistတ​ယောက်ဖြစ်​ပေမဲ့makeupသိပ်မလိမ်းဖြစ်ဘူး.....သနပ်ခါးပဲလိမ်းတယ်။နိုင်ငံခြား​ရောက်​နေ​ပေမဲ့သနပ်မလိမ်းရရင်မ​နေနိုင်တဲ့ရှင်းရှင်းအ​ကြောင်းသိတဲ့​မေ​မေတို့ကအမြဲမပြတ်သနပ်ခါးပို့ပေးတယ်။ ဗမာ၀တ်စုံနှင့်သနပ်ခါး​လေး​ကြောင့်ရှင်းရှင်းကိုkoreaမှာရှင်းရှင်းကိုလူတိုင်းကသတိထားမိတယ်။

တ​နေ့ကျ​တော့jkbအဖွဲ့ရဲ့makeup artistတ​ယောက်ကအလုပ်ထွက်သွားတာ​ကြောင့်ဂျူနီယာအဖွဲ့ရဲ့makeup artist​တွေထဲမှာလက်ရာအ​ကောင်းဆုံးဖြစ်တဲ့ရှင်းရှင်းကိုjkbရဲ့make-up artistအဖြစ်တာ၀န်ပေးလိုက်တယ်။ရှင်းရှင်းအရမ်း​ပျော်ပြီးမျက်ရည်တွေတောင်ကျသွားတယ်။မနက်ဖြန်ကျရင်oppaတို့နှင့်​တွေ့ရတာမယ်.....​ပျော်လိုက်တာ...​အရမ်းပျော်တာပဲ....ရှင်းရှင်းရဲ့idol​တွေကိုတကယ်ကြီး​တွေ့ရ​​တော့မယ်။အဲ့ဒီညတုန်းကရှင်းရှင်းidolနှင့်​တွေ့ရမှာ​တွေးပြီးအိပ်လို့မရခဲ့ဘူး။​နောက်​​နေ့ကျ​တော့အလုပ်၀င်ဖို့ရှင်းရှင်းcompanyကလာ​ခေါ်တဲ့ကားနှင့်လိုက်သွားတယ်။ရှင်းရှင်းရဲ့idolကြီး​တွေရဲ့အလာကို​ရင်​တွေခုန်ပြီးစောင့်​နေမိတယ်။ကို့ရဲ့idolတွေကိုmake-up artistဖြစ်ခွင့်ရတယ်ဆိုတာရှင်းရှင်းရဲ့အကြီးမားဆုံးကံကောင်းမူပဲ။

​နောက်​တော့ရှင်းရှင်း​မျှော်လင့်ခဲ့ရတဲ့အချိန်​လေးကို​ရောက်လာတယ်။ရှင်းရှင်းရဲ့idolကြီး​တွေအခန်းထဲ၀င်လာတာနှင့်​မှောင်မဲ​နေတဲ့အခန်းထဲကိုမီးထွန်းလိုက်သလိုအခန်းထဲလင်းလက်သွားသလိုခံစားရတယ်။ရှင်းရှင်းရဲ့idol​တွေကအပြင်မှာကပိုပြီး​တောင်​ချော​သေးတယ်။အထူးသဖြင့်oppa lex​ပေါ့။နုဖက်ပြီး​ချော​နေတာပဲ။၂၆လို့​တောင်မထင်ရဘူး......အရမ်း​ချောတာပဲoppaရယ်.....ရှင်းရှင်းရဲ့idolကြီးကိုကြည့်ပြီးစိတ်ထဲက​နေ​အော်​ပြောလိုက်မိတယ်။


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋


Chapter-3coming soon🫧🫧🫧🫧🫧.


🍰🍰 Author-yoon mieno🍰🍰