👻Chapter 7
Viewers 2k

👻Chapter 7



​ဖေးယွီ တံ​တွေးအသာမြိုချလိုက်​လေသည်။

သူ ရှီကျားလည်ပင်းမှ ၀ူရှန်းရှုန်းလီကို မရဲတရဲတစ်ချက်ကြည့်ကာ စခရင်ကိုလည်း လက်ညှိုးကြီးထိုးပြထားခဲ့သည်။

"ထျန်းကုန်းအဆင့်သတ်မှတ်ချက်ဆိုတာ ငါတို့ ရွှမ်းရွှယ်ကမ္ဘာက​မှော်လက်နက်​တွေကိုအဆင့်ခွဲထားတာပဲ..ဒီအဆင့်သတ်မှတ်ချက်ကို ထျန်းကုန်းပွဲကြည့်စင်က တာအို​​ရောင်းရင်း​တွေကြားထဲက ​ပ​ရော်ဖက်ရှင်နယ်​တွေကိုယ်တိုင်ထုတ်ပြန်ထားတာ..၀ူရှန်းရှင်းလီက ဒီစာရင်းထဲမှ ၉၇ကြိမ်ဆက်တိုက်ပထမ​နေရာကိုရခဲ့တာကွ..ဒီ​သွေးလိုစာလုံးနီနီကြီး​တွေကိုကြည့်စမ်းပါ ​ကြောက်စရာမ​ကောင်းဘူးလား"

ရှီကျား"....."

သူ၏စိတ်ထဲတွင် မ​နေ့ညက ၀ူရှန်းရှင်းလီ၏ tsudereပုံစံမျိုးနှင့် လှုပ်ရှားသွား​ပုံများနှင့်သာ ပြည့်​နေခဲ့​လေသည်။

သရဲ​တွေကိုမျက်​တောင်မခတ်ပဲရှင်းပစ်နိုင်တဲ့ ဒီအနှိုင်းမဲ့​မှော်လက်နက်နဲ့ သူကဘယ်လိုဆက်စပ်သွားရတာတုန်း...

သို့​သော် သူထူးဆန်းသည်ဟုခံစားမိ​သောတချို့အရာများလည်းရှိ​လေသည်။

"၀ူရှန်းရှင်းလီကအဲ​​လောက်​တောင်မှ စွမ်းတယ်ဆိုရင် ဆရာယဲ့က ငါ့ကိုဘာလို့ငှားခဲ့တာလဲ"

​ဖေးယွီမှာ စဥ်းပင်စဥ်းစားမ​နေခဲ့​ချေ။

"ငါ​မ​ပြောခဲ့ဘူးလား..ဘာလို့ဆို ၀ူရှန်းရှင်းလီတစ်ခုထဲကပဲ မင်းရဲ့ယင်စွမ်းအင်ကို ဖုံး​ပေးနိုင်တာလို့"

ရှီကျားမျက်လုံးကိုမှိတ်လိုက်ကာ သူ၏စိတ်ကို တည်ငြိမ်ငြိမ်းချမ်း​စေလိုက်သည်။

"သူကငါ့ကိစ္စကိုဒီ​​လောက် တက်တက်ကြွကြွကူညီ​ပေး​နေရတာလဲ"

"ဘာလို့ဆို သူက ငရဲဘုရင်ယဲ့ဖြစ်​နေလို့​ပေါ့"

ရှီကျား၏အကြည့်တို့မှာ ဗလာဖြစ်​နေခဲ့သည်။

​ဖေးယွီ​ သူ့​ပေါင်ကိုသူရိုက်ချလိုက်သည်။

"မင်းတစ်ချက်ကြည့်လိုက်တာနဲ့ နားလည်သွားလိမ့်မယ်"

သူ့စကားဆုံးသည်နှင့် သူ၏အမြင်အာရုံထဲတွင် ရုတ်ချည်း​ပေါ်လာ​သော ​ရွှေ​ရောင်စာလုံးများကိုကြည့်ကာ မျက်လုံးများပြူးကျယ်သွားခဲ့​လေသည်။ ထို​ရွှေ​ရောင်စာလုံးများမှာ ဖုန်းမျက်နှာပြင်​ပေါ်တွင်ရှိ​နေခြင်းမဟုတ်ပဲ ​လေထဲတွင် ​မျော​နေခြင်းဖြစ်​လေသည်။

​နေ​လုံးမှာ မိုး​ကုပ်စက်၀ိုင်းသို့၀င်နှင့်ပြီဖြစ်သည်။ ညင်သာ၍ မှုန်ပျပျလ​ရောင်​​အောက်တွင် ရှီကျားနှင့် ​ဖေးယွီမှာ ပန်းခြံ၏​ထောင့်နားကို​လျှောက်သွားလိုက်ကြသည်။ မည်သူကမျှ ပုံမှန်မဟုတ်​သောထူးခြားမှုတစ်ခုကိုသတိမထားမိကြ​ချေ။ ထို့အပြင်မည်သူကမျှ ကျန်းမာသန်စွမ်း၍ ​ကောင်းစွာဖွံ့ဖြိုး​နေ​သော အသိဥာဏ်ပညာ​စွမ်းရည်နှင့် ဆိုရှယ်လစ်လူရွယ်တစ်ဦးမှာ တစ်စုံတစ်ဦး၏ ကမ္ဘာကြီး​ပေါ်အမြင်ကို အကြိမ်ကြိမ်ရိုက်ချိုးပစ်​နေ​ကြောင်းကိုလည်း သတိမထားမိခဲ့ကြ​ချေ။

အချိန်တချို့ကြာပြီးမှ ရှီကျား၏နှုတ်ခမ်းတို့က ဖွင့်လိုက်ပိတ်လိုက် လှုပ်ရှားသွားခဲ့​လေသည်။

" ဒါကလည်း မင်းတို့wechat official accကိုသုံးပြီးတင်ထားတဲ့ ပို့စ်ပဲလား"

၁၀ပြား(tencent- wechatကိုပိုင်တဲ့ကုမ္ပဏီ)မှာ ဘယ်တုန်းကဒီ​လောက်ထိလုပ်နိုင်စွမ်း​တွေရှိသွားတာလဲ..မာဟွားထုံ (tencentပိုင်ရှင်)က ရွှမ်းရွှယ်ကမ္ဘာထဲကလူတစ်​ယောက်ဖြစ်​နေတာလားဟ...

​ဖေးယွီ​ခေါင်းခါလိုက်သည်။

"နိုး နိုး နိုး..modou အက်ပုဒိတ်ကအရမ်းမြန်​နေရုံပဲ..ဒါ​ပေါ့ဒီဟာကြီးကို​တော့ 'Ghost know'​အ​ကောင့်မှာ တင်မရဘူး​လေ..ဒါကmodouစွမ်းရည်ချည်းသက်သက်ပဲ...ငါမှတ်မိသ​လောက်​တော့ မင်းကသူတို့officialအ​ကောင့်ကို followလုပ်လိုက်ရင် သူတို့ modou(အ​ဆောင်)တစ်ခုပို့​ပေးသလားလို့..ထျန်းကုံးပွဲကြည့်စင်ကလူ​တွေကမင်းကို deliveryနဲ့ပို့​ပေးတာ..ဒါကmodouပဲ"

ရှီကျားမှာ ​ဖေးယွီလက်ထဲမှ ထူးဆန်း​သောပုံစံနှင့် အနက်​ရောင်ပစ္စည်းကိုကြည့်လိုက်​လေသည်။

ထိုအရာမှာ ၀ူဖန်း​လှေသဏ္ဍာန်နှင့်အလွန်တူ​​လေသည်။ အ​ရှေ့ပိုင်းတွင် ဂီယာအ​သေး​​လေးပါရှိကာ ထိုဂီယာ၏​နောက်တွင် ပန်းကန်လုံးနှယ်အချိုင့်​လေးရှိသည်။ ထိုအချိုင့်​လေးထဲတွင် ​ရွှေ​ရောင်အမှုန်​လေးများအပြည့်ပါရှိ​လေသည်။ ထိုအခိုက်အတန့်တွင် ဂီယာ​လေးမှာ ဖြည်းညှင်းစွာလည်ပတ်​နေ​လေသည်။ ထို​ရွှေ​ရောင်အမှုန်​လေးများက ကြယ်က​လေးများနှယ် ​လေထုထဲတွင် လွင့်​မျောကာ ​ရွှေ​ရောင်စာလုံးများကို ​ပေါ်လာ​စေ​လေသည်။

ရှီကျားမှာ ​ဖေးယွီ၏လက်ထဲမှ အနက်​ရောင်modouဆို​သော အရာကိုကြည့်​နေခဲ့​လေသည်။ ​ဖေးယွီက ​လေထဲမှ ​ရွှေ​ရောင်စာလုံးများကို ဂုဏ်ယူစွာထိုးပြလိုက်သည်။

"​တွေ့လား...ဒီလအဆင့်ဇယားမှာ ငါ အဆင့်၇ချိတ်တယ်..ရွှမ်းရွှယ်ကမ္ဘာမှာ မျိုးဆက်သစ်တာအိုဆရာသခင်​တွေ အ​ယောက်တစ်​သောင်း​ကျော်ရှိတာ..ငါကအဆင့်၇မှာ​လေ"

ရှီကျားမှာ ထိုဘ၀င်ခိုက်​နေ​သော တခန်းလွတ်ဆရာသခင်​​လေးကို ချီးကျူးမ​နေခဲ့​ချေ။ သူက​ဖေးယွီ၏​ရှေ့မှ အဆင့်ဇယားကိုကြည့်လိုက်​လေသည်။ ထိုအမည်များမှာ ​လေထဲတွင်အတူ​မျော​နေကြ​သော်လည်း ၄င်းတို့မှာ အစီအစဥ်တကျ ဖြစ်​နေဆဲပင်။ အဆင့်ပိုမြင့်​လေ နာမည်များကအမြင့်ကိုပို​ရောက်​လေဖြစ်သည်။ ​ဖေးယွီ၏အမည်ကိုကြည့်ရန်မူ ရှီကျား​ခေါင်းကိုအနည်းငယ်ငုံ့ရန်လိုအပ်​နေဆဲဖြစ်သည်။ သူနှင့်မျက်နှာချင်းဆိုင်မှ တတန်းထဲအမည်ကိုသူဖတ်ကြည့်လိုက်မိသည်။

"နန်ရိ"

တဖက်တွင်​တော့ ​ဖေးယွီမှာ သူ၏ကိုယ်ပိုင်အမည်ကိုကြည့်လျက် ဘ၀င်ခိုက်စွာ တခိခိကြိတ်ရယ်​နေဆဲဖြစ်ပြီး သူ၏​ကျေနပ်​နေ​​သော အမူအရာကြီးကိုဖုံးကွယ်ရန်ခက်ခဲ​နေခဲ့​လေသည်။ ရှီကျားက 'နန်ရိ'​ဟူ​သော အမည်ကို ဂရုတစိုက်ကြည့်​နေခဲ့သည်။ အကြာကြီးကြည့်လိုက်ပြီး​နောက် သူက​မေးမြန်းရန် ​ခေါင်းကိုလှည့်လာခဲ့သည်။

"လူကြီးမင်းယဲ့ကိုဘာလို့များမ​တွေ့ရတာလဲ"

​​​ဖေးယွီက ​​ကောင်းကင်ကို တိုက်ရိုက်လက်ညှိုးထိုးပြလာခဲ့သည်။

ရှီကျား သူလက်ညှိုးညွှန်ရာထံ မယုံသင်္ကာနှင့် လိုက်ကြည့်လိုက်​လေသည်။

​ဖေးယွီကဆိုလာသည်။

"​မ​တွေ့​သေးဘူးလား..ငရဲဘုရင်ယဲ့က အဲမှာ​လေ"

ရှီကျားအ​သေအချာစိုက်ကြည့်လိုက်​သော်လည်း နာမည်ကိုဘယ်​နေရာမှာမှမ​တွေ့နိုင်​သေး​​ချေ။

​ဖေးယွီက တစ်​နေရာကိုလက်ညှိုးဖြင့် ဖိထိုးလိုက်သည်။

"ဒီမှာ​လေ..အာ..modouအဆင့်ဇယားက မင်းရဲ့ တစ်လချင်းစီသရဲဖမ်းတဲ့ရမှတ်အ​ပေါ်မူတည်ပြီးခွဲထားတာ..သရဲ​တွေပိုဖမ်းနိုင်​လေ အဆင့်ကပိုမြင့်​လေပဲ...နာမည်ကလည်း အမြင့်ကိုပိုပိုတက်သွားတာ..မင်း​သေချာကြည့်..အဲမှာ​လေ..​ကောင်းကင်​ပေါ်မှ ​ရွှေ​ရောင်အစက်​လေးကို​တွေ့လား...အဲဒါငရဲဘုရင်ယဲ့ရဲ့ နာမည်ပဲ​လေ"

သူသည်ကား ကျယ်​ပြောသော ည​ကောင်းကင်ကြီး၏ လမင်းနှင့် ကြယ်စင်များအကြားတွင် တဖြတ်ဖြတ်​တောက်ပ​နေ​သော ​ရွှေ​ရောင်ကြယ်က​​လေးနှယ် အစက်က​လေးတစ်စက်ကိုသာ​တွေ့​လေသည်။

ရှီကျား"...."

မင်း​တွေ့ကရာကြယ်ကိုလက်ညှိုးထိုးပြီး သူများတကာနာမည်လို့မ​ပြောလို့မရဘူးလား...

သူ၏​မွေးရာပါထူးဆန်း​သော ယင်ခန္ဓာကိုယ်​ကြောင့် ရှီကျားမှာ ငယ်စဥ်ကပင် သရဲ၀ိဥာဥ်များကိုမြင်နိုင်ခဲ့သည်။ သူငယ်ရွယ်စဥ်က သရဲဖမ်းဆရာသခင်တစ်ဦးနှင့်ပင် ဆုံခဲ့ဖူး​လေသည်။

ထိုစဥ်ကသူ အသက်၄နှစ်မျှသာရှိ​သေး​လေသည်။ ​မွေးခါစနွား​ပေါက်မှာ ကျားကိုမ​ကြောက်ဆိုသလို သူကိုယ်တိုင်မှာလည်းထိုစဥ်က ထိုသရဲ၀ိညာဥ်ဆိုးများကို ​ကြောက်ရ​ကောင်းမှန်း မသိခဲ့​ချေ။ သို့​သော် ၄င်းက သူ၏မိဘများကိုပို၍သာ ရင်ကွဲ​စေခဲ့​လေသည်။ ရှီကျား၏ မိခင်မှာ ​စော​​စောစီးစီးပင်ဆုံးပါးသွားခဲ့သည်။ သူ၏ဖခင်ဖြစ်သူမှာ ဆရာသခင်အတုများစွာနှင့်​ရှာ​ဖွေခဲ့ခဲ့ရပြီး သူ့အတွက် အ​ဆောင်လက်ဖွဲ့များလုပ်​ပေးခဲ့​သော်လည်း အသုံးမ၀င်ခဲ့​ချေ။ သူအသက်၄နှစ်အရွယ်​ရောက်ခါမှ မုတ်ဆိတ်ဖြူများနှင့် ဆရာသခင်အိုကြီးတစ်ဦးကိုဆုံခဲ့ကာ သူ၏ယင်စွမ်းအင်ကို ဖုံးဖိရန်အတွက် ​ကျောက်က​လေးတစ်ခုကို​​ပေးခဲ့​လေသည်။ ၄င်းမှာ အစစ်အမှန် ​ကောင်းကင်ဘုံဆရာသခင်တစ်ဦးကိုသူပထမ​ဆုံးအကြိမ်​တွေ့ဖူးခြင်းဖြစ်သည်။

သူ့အသက်၄နှစ်အရွယ်မှ မှတ်ဥာဏ်မှာ ​ဝေ၀ါး​နေနှင့်ပြီဖြစ်သည်။ သို့​သော်သူ၏ဖခင်မဆုံးမီက ရှီကျားမှာ ဖခင်ထံမှ တစ်ခွန်းမကမှာကြားခဲ့သည်ကို မှတ်မိ​နေဆဲပင်။

"အဲဒီဆရာသခင်က တကယ်ခင်တတ်မင်တတ်ပြီး နှိမ့်ချတတ်တယ်..သူကမင်းကိုဒီလို​ကောင်းတဲ့အရာကို​ပေးခဲ့တာ..မင်းကို​ကောင်း​ကောင်းမွန်မွန်ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာရ​အောင်လည်း ဆု​ပေးခဲ့​သေးတယ်..ပိုက်ဆံလည်းတစ်ပြားတစ်ချပ်မှယူမသွားဘူး..ကျားကျား..မင်း ဆရာကြီးရဲ့​​ကျေးဇူးကိုမ​မေ့ရဘူး​နော်"

ထို့​ကြောင့် ၁၉နှစ်တာလုံးလုံးရှီကျားမှာ 'သရဲဖမ်းတဲ့​ကောင်းကင်ဘုံ ဆရာသခင်​တွေအားလုံးက သာမာန်လူ​တွေစားတဲ့အစားအစာ​တွေကိုမစားတဲ့ ကြင်နာတတ်တဲ့မ​သေမျိုးဆရာသခင်​တွေ'ဟူသည့်ယုံကြည်မှုကိုလက်ကိုင်ထားလာခဲ့​ပြီးမှ ယခုမူ ​​ဖေးယွီကဲသို့ ရထားတွဲလိုစကားကို ​ရေပက်မ၀င်​ပြောတတ်သည့် ယုံကြည်ကိုးစားမရ​သော ဆရာသခင်မျိုးနှင့်ဆုံလိုက်ရ​လေသည်။ သူသည်ထူးဆန်း​သော wechatအ​ကောင့်တစ်ခုကို followလိုက်ရကာ မျိုးဆက်သစ်ဆရာသခင်များထဲတွင် နံပါတ်၁ပုဂ္ဂိုလ်မှာ ကြယ်များ​ပေါ်တွင်ရှိ​နေသည်ကိုပင်မြင်ခဲ့ရ​လေသည်။

​ဖေးယွီသည် ရှီကျား၏ ထူးဆန်း​နေ​သော မျက်နှာအိုကြီးကိုသတိမထားမိဘဲ သူ၏လက်ထဲမှ modou၏ဂီယာ​လေးကို တဖြည်းဖြည်းချင်းလှည့်လိုက်​လေသည်။ မကြာခင်မှာပင် ရှိကျား​ရှေ့မှ ​ရွှေ​ရောင်စာလုံး​လေးများက ​အောက်ကိုဆင်းသွားကာတဖြည်းဖြည်းပိုပို​သေးကျုံ့လာခဲ့ကြသည်။ ထို့​နောက် ​ကောင်းကင်​ပေါ်တွင်ရှိ​နေ​သော ​ရွှေ​ရောင်ကြယ်​လေးမှာ တဖြည်းဖြည်း​အောက်သို့ကျဆင်းလာခဲ့​လေသည်။

​ဖေးယွီကဆိုသည်။

"ဒီဂီယာ​လေးကိုလှည့်ပြီး modouအဆင့်ဇယားကို ​သေးလို့ကြီးလို့ရတယ်..ဒီဘီးလုံး​လေးက​ရှေ့ဂီယာ​လေ..အခုငရဲဘုရင်ယဲ့ရဲ့ နာမည်ကို ​သေချာမြင်ရပြီမလား...မင်းအမြင်အာရုံကအ​တော်ဆိုးတာပဲ...အဲဒီ​ရွှေ​ရောင်​လေးက ငရဲဘုရင်ယဲ့ရဲ့နာမည်ပါလို့​ပြောသားပဲ...မင်းက​သေချာ​တောင်မမြင်ရဘူး​​နော် အံ့သြစရာပဲ..."

ဆွံ့အ​နေ​သော ရှီကျားကဆိုလိုက်သည်။

"ဒီလိုဆိုလည်း သူ့နာမည်ကို အစတည်းက သာမာန်အရွယ်အစားအထိချဲ့ပြီးပြပါလား..အဲဒါမှ မြင်ရမှာ​ပေါ့"

​ဖေးယွီ၏အမူအယာမှာ ​တောင့်တင်းသွားခဲ့သည်။ ခတ္တမျှအကြာ သူကရယ်လိုက်​လေသည်။

"ငါသူ့နာမည်ကိုဆွဲချပြီးပြလိုက်ရင်..မင်းငါ့နာမည်ကို ဘယ်လို​သေချာမြင်ရ​တော့မှာလဲ"


ရှီကျားမှာ ထို​ရွှေ​ရောင်အမည်၏​​အောက်ကိုငုံ့ကြည့်လိုက်သည်။

...အဆင့်၇​လေးပဲမလား..ဘာများကြည့်စရာရှိလို့လဲ...

​ဖေးယွီကိုဂရုစိုက်မ​နေ​တော့ပဲရှီကျားမှာ သူ၏​ရှေ့မှ ​ရွှေ၏​ရောင်အမည်ကိုသာ အာရုံစိုက်လိုက်​လေသည်။ ​ရွှေ​ရောင်အမှုန်များမှာ modouထဲမှ ဆက်တိုက်လွင့်​မျော​နေခဲ့​လေသည်။ ​ကောင်းကင်​ပေါ်တွင် လခြမ်း​ကွေးမှာ ​ကောင်းကင်၏အလယ်သို့​ရောက်နှင့်​နေပြီးဖြစ်ကာ တိတ်ဆိတ်မှုနှင့် အ​မှောင်ထုတိုးက၀န်းရံ​နေကြသည်။ ၄င်း၏​အောက်တွင်​တော့​ရွှေ​ရောင်​ဖျော့​ဖျော့လင်း​နေ​သော ကြယ်တစ်ပွင့်ရှိ​လေသည်။ ​​လေထဲတွင် လွင့်​မျော​နေခဲ့ အမည်တစ်ခုသာရှိခဲ့သည်။

ယဲ့ကျင်းကျီ..

ရှီကျားထိုအမည်ကို ညင်သာစွာ​ရေရွတ်လိုက်မိသည်။ သို့​သော်သူ​ရေရွတ်လိုက်မိသည်နှင့် ​ဖေးယွီမှာ သူ၏ပါးစပ်ကို အလျင်အမြန်လာပိတ်လိမ့်မည်ဟု မည်သူကထင်လိမ့်မည်နည်း။

"ရှူး...မင်းဘယ်လိုလုပ်ပြီး ငရဲဘုရင်ယဲ့ရဲ့ နာမည်ကို ထုတ်​ခေါ်ရဲရတာလဲ..သူကြားသွားရင်ဘယ်လိုလုပ်မလဲ"

ရှီကျားမျက်​တောင်ခတ်လိုက်မိသည်။

"သူကဒီနားမှာရှိ​နေလို့လား"

"ငါ့ဆရာတို့ ​ကောင်းကင်ဘုံဆရာသခင်မျိုးဆက်​​တွေထဲမှာဆို..မင်းနာမည်​လေးကိုထုတ်​​ခေါ်လိုက်ရုံနဲ့ မိုင်​ပေါင်း​ထောင်ချီအ​ဝေးက​နေ မင်းဘယ်မှာရှိ​နေလဲဆိုတာ တန်းသိတဲ့ စီနီယာကြီး​တွေရှိတယ်...ငရဲဘုရင်ယဲ့မှာ အဲလိုအစွမ်းရှိမရှိဘယ်လိုသိမှာလဲ..သူက သူ့ဆရာ​လောက်နီးပါးစွမ်း​နေရင်​ရော..မင်းသူ့နာမည်ကိုရွတ်လိုက်​တော့ သူ့မကြားသွားနိုင်ဘူးလား"

ရှီကျားမှာ တန့်သွားမိလျက် ​ဖေးယွီကိုကြည့်လိုက်မိ​လေသည်။

"နာမည်​​လေးရွတ်လိုက်ရုံနဲ့ မိုင်​ပေါင်း​ထောင်ချီက​နေကြားနိုင်တယ်​ပေါ့"

​ဖေးယွီမှာ ချက်ကျလက်ကျ​ပြော​နေသည့်အလား ​ခေါင်းကို ခိုင်မာစွာညိတ်လာခဲ့သည်။

"ဘာပဲဖြစ်ဖြစ် ငရဲဘုရင်ယဲ့ရဲ့ဆရာက အဲ​လောက်ထိစွမ်းတာ"

"သူနဲ့နာမည်တူ​တဲ့သူရှိ​နေရင်ရော ဘယ်လိုလုပ်မှာလဲ"

​ဖေးယွီ "....."

"ယဲ့..ဆရာသခင်ယဲ့ရဲ့နာမည်က နည်းနည်းထူးခြားတယ်ဆို​ပေမယ့် ဟွာရှားမှာ လူ​ပေါင်း ၁.၄ဘီလျံ​ကျော်ရှိတာ..သူနဲ့နာမည်တူတဲ့သူတစ်​ယောက်​လောက်က​တော့ရှိမှာပဲ​လေ...လူတစ်အုပ်ကြီး သူ့နာမည်ကို ​ခေါ်​နေတာကို ​နေ့တိုင်းကြား​နေရလိမ့်မယ်လို့​တော့မ​ပြောနဲ့​နော်"

ဆရာသခင်ယဲ့က သရဲဖမ်း​နေတုန်းလို့​တွေးကြပါစို့..ရုတ်တရက်ကြီးသူ့နားထဲမှ ​ခေါ်သံတစ်ခုကိုကြားလိုက်ရပါ​လေ​ရော...

"ယဲ့ကျင်းကျီ..ဒီ​နေ့ ရှင်မီးဖို​ချောင်ထဲမှာအိပ်ဖို့ပြင်ထား.."

ဒါကြီးကဘယ်​လောက်ပဲ တုံးအတယ်ဆိုဦး သရဲတစ်ကောင်က​တော့ ကံ​ကောင်းပြီး​ပြေးလို့လွတ်သွားမှာပဲ..

ပိုပြီး​တွေးကြည့်လိုက်ကြစို့...ဆရာသခင်ယဲ့က ​လတ်တ​​လော ၀မ်းချုပ်​နေတယ်...အ​ရေးကြီးတဲ့အခိုက်အတန့်မှာ သူ့နားနားကိုတစ်​ယောက်​ယောက်ကပ်​ပြောတဲ့အသံကိုကြားလိုက်ရပါ​ရောတဲ့..

"ယဲ့ကျင်းကျီ..ရှင်ကျွန်မကိုလိုချင်​သေးရဲ့လား..ရှင်ဒီညသိပ်ကြမ်းတာပဲ..ကျွန်မ အရမ်းကြိုက်တယ် အူးမွ"

သို့နှင့်အ​ရေးကြီးအခိုက်အတန့်မှ ​ကျော်လွန်သွားပြီး ​နောက်ထပ်၃ရက်ဆက်တိုက်၀မ်းချုပ်သွားသည်လည်းဖြစ်နိုင်​လေသည်။

တကယ်တမ်းတွင် ထိုမျှ​လောက်အ​ခြေအ​နေက သိပ်ဆိုးသည်မဆိုနိုင်​သေး​ချေ။ ထပ်ပြီး​တွေးကြည့်ပါက အကယ်၍များ ဆရာသခင်ယဲ့မှာ သူ၏ချစ်သူနှင့် အဟ အဟ အဟ များလုပ်​နေခဲ့ကာ၂​ယောက်သား အရှိန်တက်ပြီး အချိန်​ကောင်း​လေး​ရောက်လုနီးနီးတွင် ဆရာသခင်ယဲ့မှာ ရုတ်တရက်သူ၏နားထဲ​အော်သံကြီးကိုကြားလိုက်ရ​လေသည်။

"နံပါတ် ၃၂..လူနာယဲ့ကျင်းကျီ...ရှင့်ရဲ့ **အ​ရေပြားကိုဖြတ်ဖို့ အ​ရေး​ပေါ်ခန်းထဲ၀င်လို့ရပြီ​နော်"

ဤတစ်ကြိမ်တွင်​တော့သူအဆုံးသတ်သွားခဲ့သည်။ ဆရာသခင်ယဲ့မှာ သူ၏တသက်လုံး လိင်မှုဘ၀ကိုစွန့်လွှတ်လိုက်ရသည်လည်းဖြစ်နိုင်​လေသည်။

ပြီး​တော့ ယဲ့ကျင်းကျီ (叶镜之)ကိုထား တကယ်လို့လူ​တွေက ယဲ့ကျင်းကျီ (叶静之) ယဲ့ကျင်းကျီ (叶敬之) ဒါမှမဟုတ် ယဲ့ကျင်းကျီ (叶竞之)……လို့​​ခေါ်ရင်​ရော ဆရာသခင်ယဲ့က သူတို့ကိုကြား​နေရဦးမှာလား...

​တွေး​​လေ​တွေး​လေ သူ၏အ​တွေးတို့ကပို၍ ရှုပ်​ထွေးလာ​လေပင်။ ထို​ချော​မော​ခန့်ထည်ကာ ​တည်ငြိမ်​အေးချမ်း​သောအမျိုးသား၏မျက်နှာကို ပြန်လည်မြင်​ယောင်မိလျှင် တဖက်လူအား ၀မ်းချုပ်ခြင်းပြဿနာကို​ရော လိင်မှုဘ၀စွန့်လွှတ်ရခြင်းပြဿနာနှင့်ပါ တွဲမြင်​ယောင်၍မရပါ​ချေ။

​ဖေးယွီမှာလည်း ဤသို့​မေးခွန်းမျိုးတစ်ခါမျှ အ​မေးမခံရဖူးပုံ​ပေါ်​လေသည်။ သူကအကြာကြီးစဥ်းစား​နေသည့်တိုင် အ​ဖြေမ​ပေးနိုင်ခဲ့​ချေ။ သူကတစ်ခွန်းမျှသာ ခပ်တည်တည်ဆိုနိုင်ခဲ့သည်။

"ဘာလို့အဲ​လောက်ကပ်သီးကပ်ဖဲ့​လိုက်​မေး​နေရတာတုန်း..သူ့နာမည်မ​ခေါ်ရင်ရပြီမလား..သူသာငါတို့ကို သတိထားမိရင်သွားပြီပဲ"

ရှီကျားတိတ်တဆိတ်​ခေါင်းညိတ်လိုက်​လေသည်။

သို့နှင့် စကား၀ိုင်း​ခေါင်းစဥ်မှာ မူလအစကိုလျင်မြန်စွာပြန်လည်​ရောက်ရှိသွားခဲ့​လေသည်။ ရှီကျားထံမှ ထူးဆန်း​သော​မေးခွန်းများထပ်၍ အ​မေးမခံလို​တော့၍ဖြစ်နိုင်သည်။ ​ဖေးယွီမှာ ဤတစ်ကြိမ်တွင် စိတ်ရှည်လက်ရှည်ရှင်းပြလာခဲ့​လေသည်။

"modouအဆင့်ဇယားကလည်း ထျန်းကုံးအဆင့်ဇယားလိုပဲ တစ်လတစ်ခါအသစ်ပြန်တင်​ပေးတယ် ဒါ​ပေမယ့်modouအဆင့်ဇယားက ကိုယ်သတ်ထားတဲ့ သရဲအမှတ်အ​​ရေအတွက်က အချိန်နဲ့တ​ပြေးညီတိုး​နေတာ...အဲဒါ​ကြောင့်​ရေတွက်ဖို့ဆို modouကိုသုံးရတယ်..ငါဆိုဒီလ သရဲအ​ကောင်၅၀​ကျော်​တော်ရှင်းခဲ့တာ...တကယ်တမ်းဆို တစ်​နေ့မှာ ၃​ကောင်နှုန်းနဲ့ပဲတွက်ရင်​​တောင် သာမာန်ထက်အ​တော်များ​နေပြီ...ဒါ​ပေမယ့်

ငရဲဘုရင်ယဲ့က​တော့ငါတို့နဲ့ကွာတာ​ပေါ့..ပထမအချက် သူကယင်စွမ်းအင်ကို တိုက်ရိုက်မြင်နိုင်ပြီး​တော့သရဲ​တွေ နတ်ဆိုး​တွေကိုလည်း ခွဲခြားနိုင်တယ်...ဒုတိယအချက်က​တော့ သူကငါတို့ရွှမ်းရွှယ်ကမ္ဘာရဲ့ စံပြအိုင်​ဒေါလေ"

ရှီကျားတန့်သွားမိသည်။

"စံပြအိုင်​ဒေါဟုတ်လား..မင်းတို့ကဒါမျိုး​တွေလည်း vote​ပေး​သေးတာလား"

သူတို့မှာ one to fiveထိပ်တန်းအဆင့်​ကျောင်းသား​တွေလည်းရှိတယ်လို့ ​မ​ပြောနဲ့​​နော်...

​ဖေးယွီက​ခေါင်းခါလိုက်သည်။


👻