ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး chapter 125
* * *
"နင့်မျက်နှာက....ဘာဖြစ်တာလဲ"
ဘတ်သ်က မျက်မှောင်ကြုတ်ကာ ရေချိုးပြီးသွားသော လူနာကို မေးလိုက်သည်။
'နင့်မျက်နှာက ဘာဖြစ်နေတာလဲ'ဆိုသည်မှာ နားထောင်၍မကောင်းသော်လည်း လူနာကိုယ်တိုင်က မျက်လုံးနှင့် နှုတ်ခမ်းများပေါ်တွင် မိတ်ကပ်များလိမ်းထားတာကြောင့် ဘာမှပြန်မငြင်းလိုက်ပေ။
"အဲ့ဒါက ပျံ့နေလို့လား"
"မဟုတ်ဘူး မပျံ့နေပေမယ့်…"
ဒါဆို ခေတ်မတူလို့များလို့လား။
၎င်းက သူမ၏ယခင်ဘဝရှိ ခေတ်စားခဲ့သော မိတ်ကပ်ပုံစံဖြစ်သော်လည်း အင်ပါယာ၌ ခေတ်မစားသေးတာ ထင်ရှားသည်။
"နင့်ကြည့်ရတာ အကြိမ်အနည်းငယ် ရိုက်ခံထားရတဲ့လူကျနေတာပဲ"
ဘတ်သ်က လူနာ၏မျက်လုံးများကို အနည်းငယ်စိုးရိမ်သော အမူအရာဖြင့် ကြည့်ကာ ရေချိုးနေတုန်းများ လဲကျခဲ့တာလားဟု တွေးမိသွားသည်။သူမကြည့်ရတာ လူနာကို ရေတစ်ယောက်တည်း ချိုးခွင့်ပေးလိုက်သည့်အတွက် နောင်တရနေပုံရ၏။
သူမ ပြောသလိုပင် လူနာ၏မျက်လုံးများမှာ အရိုက်ခံထားရသကဲ့သို့ ရှိနေသည်။သူမ၏ မျက်လုံးတစ်ဝိုက်က ကွဲပြားသောကြောင့် အဖမ်းမံရစေရန် ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပြီး ယခုအခါ သူမ၏ မျက်လုံးမှာ ပန်ဒါနှင့်ပင် ဆင်တူနေသည်။
"အိုး... ငါ အသစ်တစ်ခု စမ်းကြည့်တာပေမယ့်... နည်းနည်းအဆင်မပြေသွားတဲ့ပုံပဲ"
"အဲ့ဒါက နည်းနည်းအဆင်မပြေဘူးဆိုတဲ့ အဆင့်ထက်တောင်ကျော်နေပြီ။သခင်လေး ဖယ်ဆန်သာ မြင်ရင် ချက်ချင်းလန့်သွားလောက်တယ်"
လူနာ ရယ်လိုက်ချင်သော်လည်း ဘတ်သ်က လေးနက်သောအမူအရာရှိနေခဲ့သည်။
ငါ အခုကစပြီး တော်သင့်ရုံပဲလုပ်မှနဲ့တူတယ်။
လူနာသည် ရှက်ရွံ့စိတ်ဖြင့် တိုးတိုးလေးရေရွတ်ပြီး သူမ အခန်းသို့ ပြန်ကာပြန်ခဲ့ပါ့မယ်ဟုဆိုလိုက်သည်။
"ငါက ဒီတိုင်းအလုပ်မြန်မြန်ချင်လို့...အဲ့ဒါကြောင့် ခံစားချက်လေးဘာလေး ပြောင်းအောင် ကြိုးစားကြည့်တာပါ..."
"ငါ အကြိမ်ကြိမ်ပြောခဲ့သလိုပဲ ဘာအသစ်မှ လုပ်စရာမလိုဘူး။တစ်ခုတည်းသော ကိစ္စက နင် လေဒီလူနာပဲလ်နဲ့ တတ်နိုင်သမျှ အတူဆုံးဖြစ်အောင်လုပ်ဖို့ပဲ။ငါ နင့်ကို ဒီအကြောင်းမပြောဖူးတဲ့အကြိမ် ဘယ်နှစ်ကြိမ်ရှိလို့လဲ"
လူနာက ဖြေးညှင်းစွာခေါင်းညိတ်ပြလိုက်သည်။
သူမ ဒဲဗောရာဆီမှ ထိုအကြောင်းကြားခဲ့ရချိန်တွင် အံ့ဩတုန်လှုပ်သွားခဲ့ရပြီး သူမကိုယ်တိုင် ခံစားရချိန်တွင် ပိုလို့တောင် စိတ်မသက်မသာဖြစ်မိသည်။
"ငါ နင့်အပေါ် တမင်ရက်စက်နေတာမဟုတ်ဘူး။နင့်ရဲ့ အလုပ်အပေါ်ထားတဲ့ တက်ကြွတဲ့ သဘောထားက ကောင်းတော့ကောင်းပါတယ်"
ဘတ်သ်က ရိုးရိုးသားသားပြောရရင် သူမလည်း ယခုအချိန်၌ ဖိအားများနေကြောင်း ဝန်ခံခဲ့သည်။သူမက အတင်းတုပ်နေသလိုပင် ခံစားရသည်။
ထို့နောက် လူနာသည် ဒဲဗောရာ၏ အခန်းဆီကို ဦးတည်သွားခဲ့သည်။
လူနာသည် သူမတစ်နေ့တာက ဒီထက်ပိုပြီး ကမောက်ကမ မဖြစ်နိုင်လောက်တော့ဟု ထင်ခဲ့သော်လည်း မထင်မှတ်ထားသော ဖြစ်ရပ်တစ်ခုက သူမကို စောင့်ကြိုနေခဲ့သည်။
"မင်း မျက်နှာကို ဘာလုပ်ထားတာလဲ"
၎င်းမှာ မြို့စားကြီး၏ အိမ်တော်ထိန်းပင် ဖြစ်သည်။သူက လူနာကို ဝေဖန်ခဲ့ပြီး သံသယဖြစ်စရာပင်မလိုအောင်ပင် သူ၏ရွံရှာမှုကို ဖော်ပြခဲ့သည်။
မဟုတ်သေးပါဘူး မိတ်ကပ်လေး နည်းနည်းလေးလိမ်းတာကိုပဲ ဒီလိုတုံ့ပြန်စရာလိုလို့လား။ လူနာက မကျေမချမ်းဖြစ်သလိုခံစားရပြီး သူမအကြည့်များကို ကြမ်းပေါ် ချလိုက်သည်။
"ကျွန်မ ခဏနေရင် ဖယ်တော့မှာပါ"
"ဒါပေါ့ သေချာပေါက် လုပ်သင့်တယ်။ မြို့စားကြီးက မင်းကို စောင့်နေတာမို့လို့ မြန်မြန်လေးလုပ်"
"မြို့စားကြီးလား"
လူနာက အံ့သြစွာဖြင့် မော့ကြည့်လိုက်သည်။အိမ်တော်ထိန်းသည် သူမနှင်မျက်လုံးချင်း ဆုံသွားတာကြောင့် မျက်မှောင်ကြုတ်ကာ ပြန်ဖြေခဲ့သည်။
"အင်း..အဲ့ဒါကြောင့် မြန်မြန်လေး မင်းရဲ့ဒီမျက်နှာကို တစ်ခုခုသွားလုပ်ချည်။ဒါနဲ့ မင်းနေမကောင်းဘူးလား။မင်း အသံက နည်းနည်းကွဲပြားနေသလိုပဲ"
"အာ... ကျွန်မ အအေးနည်းနည်းမိနေလို့ထင်တယ်..."
သူမသည် တိုးညှင်းစွာဖြေလိုက်သည်။လူနာက သူမနဖူးကိုသူမ ကိုင်ပြီး ပြန်ဖြေခဲ့တာကြောင့် မကျေမနပ်အမူအရာဖြင့် ထွက်သွားခဲ့သည်။
မြို့စားကြီးက တစ်ခုခုထူးဆန်းတယ်ဆိုပြီး တွေးမိလို့ ခေါ်တာများလား။
လူနာသည် စံအိမ်သို့ရောက်ချိန်က သူတို့၏ဆုံတွေ့မှုကို သတိရသွားပြီး စိတ်လှုပ်ရှားမှုဖြင့် နှုတ်ခမ်းများ ခြောက်သွေ့လာခဲ့သည် ။
ကံကောင်းစွာဖြင့် မြို့စားကြီးမှာ ဒဲဗောရာကို မကြာခဏ ခေါ်တတ်သောကြောင့် ဘတ်သ်၏ တုံ့ပြန်မှုမှာ တည်ငြိမ်နေခဲ့သည်။ လူနာ စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။
"နင် ဒီမိတ်ကပ်ကို မြန်မြန်ဖျက်မှရမယ်။ငါ နင့်အတွက် ရေနည်းနည်းယူလိုက်အုံးမယ် ဒီမှာ ခဏစောင့်နေချည်"
ဘတ်သ် ရေယူရန် ထွက်သွားချိန်တွက် လူနာသည် ဘာလုပ်ရမလဲမသိစွာဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိသည်။ ကံကောင်းစွာဖြင့် အခန်းထဲ ရေအပြည့်ထည့်ထားသော ပုလင်းတစ်လုံးရှိနခဲ့သည်။
လူနာသည် အဝတ်စကို ရေစွတ်ပြီး သူမ မျက်လုံးများကို ညင်သာစွာ သုတ်လိုက်သည်။ အနည်းငယ် ရှုပ်ပွနေသေးသော်လည်း ပန်ဒါတစ်ကောင်လိုမျိုး မဟုတ်တော့ချေ။
'ငါ ဒီနားဟိုနားတော့ မိတ်ကပ်ဖုံးမှထင်တယ်'
ဒါပေါ့ သူမ ရှုပ်ပွနေတယ်ဆိုရင်တောင်မှ မြို့စားကြီးနဲ့ အနီးကပ် ရင်ဆိုင်ရမှာ မဟုတ်တာကြောင့် အဆင်ပြေလောက်သည်။
လူနာ စိတ်သက်သာရာရသွားစဉ် ဘတ်သ်က ရေတစ်ချို့နှင့်အတူ ပြန်လာခဲ့သည်။
"ငါ မြို့စားကြီးကို အကြာကြီး မစောင့်နေစေချင်တာနဲ့ မြန်မြန်ဖျက်ဖို့ ကြိုးစားခဲ့တယ်။ ကြည့်ရတာ ထူးဆန်းနေလို့လား"
"ဟင့်အင်း အဲ့လို မဟုတ်ဘူး၊ ဒါပေမယ့်…"
အဲ့လောက် မြန်မြန်ဖယ်ရှားရန် လိုအပ်လို့လား။သူမက မျက်နှာပြောင်ကို မပြချင်တာကျနေတာပဲ။
ဘတ်သ်က ထိုသို့တွေးပြီး သံသယဝင်မိသွားခဲ့သော်လည်း မြို့စားကြီးက စောင့်နေပေသည်။
ထို့အပြင် ဒဲဗောရာလည်း ယနေ့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဆူခံထားရတာကြောင့် ပင်ပန်းနေလောက်ပြီဟု တွေးခဲ့သည်။
ထို့ကြောင့် သူမလည်း ဘာမှပြောမနေတော့ဘဲ အလှကုန်အချို့ကိုထုတ်ကာ လူနာ၏မျက်လုံးတစ်ဝိုက်ကို သန့်စင်ပေးပြီး စကားအဆုံးသတ်ခဲ့သည်။
* * *
မြို့စားကြီးက လူနာကို ရှုမျှော်ခန်းတွင် စောင့်နေခဲ့သည်။သူက စာရွက်စာတမ်းများဖတ်ရင်း လက်ဖက်ရည်သောက်နေတာကြောင့် လူနာသည် လျှို့ဝှက်စာရင်းများကို ဖတ်နေနိုင်သည်ဟု တွေးပြီး သူ့ကိုစိုက်ကြည့်ကာ မျက်နှာချင်းတွင် ဝင်ထိုင်လိုက်သည်။
"အခုမှ ပိုအဆင်ပြေသွားတော့တယ်။ငါ မင်း စောနတုန်းက ရူးနေတယ်လို့တောင်ထင်ခဲ့တာ"
ထို့နောက် မြို့စားကြီး၏ ပြင်းထန်သော ဝေဖန်ချက်က ချက်ချင်းပင် ထွက်လာခဲ့သည်။လူနာသည် ဘာမှဂရုမစိုက်ဘဲ မြို့စားကြီး ချလိုက်သော စာရွက်စာတမ်းများကိုသာ ခိုးကြည့်ရန် ကြိုးစားခဲ့သည်။
မြို့စားကြီးက လူနာကို ဘာမှကွယ်ဝှက်ဖို့ ရည်ရွယ်ချက်မရှိသကဲ့သို့ အကြောင်းအရာကို ဒီတိုင်းချထားပေသည်။ကံမကောင်းစွာပင် ၎င်းက မျှော်လင့်ထားသလိုမဟုတ်နေပေ။၎င်းက စာရွက်စာတမ်းတောင် မဟုတ်ဘဲ ဒီတိုင်း စာတစ်စောင်ဖြစ်သည်။
စာ၏အကြောင်းအရာမှာ မြို့စားကတော်ကြီးက မြို့စားကြီး၏ ပိုင်ဆိုင်မှုတစ်ဝက်ကို စားစရိတ်အဖြစ် တောင်းထားခြင်းဖြစ်သည်။
"ဒါနဲ့ မင်း ဖယ်ဆန်နဲ့ အတော်လေးနီးစပ်နေပြီလို့ ငါကြားတယ်။ဒါဆို အိမ်မှာလျှောက်ကစားနေတာရပ်သင့်ပြီမလား။ငါ စောင့်ရတာ သေမလိုပဲ"
"…!"
သူက ဘယ်လိုတောင်ရူးနေတဲ့လူလဲ။လူတစ်ယောက်က တခြားလူတစ်ယောက်ရှေ့မှာ ဒီလိုစကားမျိုး ဘယ်လိုလုပ်ပြောနိုင်ရတာလဲ။
လူနာသည် မြို့စားကြီး၏ ပြောင်ပြောင်တင်းတင်းပြောလာသော စကားများကြောင့် ခဏတာ ဆွံ့အသွားခဲ့ရသည်။
'ငါသာ ဒီနေ့ ဒဲဗောရာအစား ဒီစံအိမ်ကြီးကို မလာဖြစ်ခဲ့ရင်...'
တကယ့်ကို ဆိုးရွားသော အရာတစ်ခုခု ဖြစ်သွားနိုင်သည်။
'အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ ရပ်တော့!'
သူမက မြို့စားကြီးကို ပါးရိုက်ပြီး သူမ၏ အထောက်အထားကို အခုချက်ချင်း ဖော်ထုတ်နိုင်ကာ အဓိပ္ပာယ်မရှိသော စကားများ မပြောရန် ပြောနိုင်သော်လည်း လောလောဆယ်တွင် သူမက ဒဲဗောရာဖြစ်နေတာကြောင့် နောက်ပြန်ဆုတ်ဖို့ကိုလွဲပြီး ရွေးချယ်စရာမရှိပေ။
အခြေအနေကောင်းကောင်း မကောင်းကောင်း ဒဲဗောရာနှင့် သူမအမေကို တတ်နိုင်သမျှ ကာကွယ်ရမည်ဖြစ်သည်။
လူနာသည် မြို့စားကြီးအား သူတို့အပေါ် လက်ညိုးတစ်ချောင်းပင် မတင်စေရန် ဆုံးဖြတ်လိုက်ပြီး သူမ၏ အေးစက်သောအမူအရာကို ဖုံးကွယ်ကာ တုံ့ပြန်လိုက်သည်။
"…ကျွန်မလည်း အချိန်တန်ပြီလို့ထင်တယ်.. အချိန်အကြာကြီးမဆွဲချင်ပါဘူး"
ဒဲဗောရာ၏ ပုံမှန်မဟုတ်သော ခိုင်ခံ့မှုကို မြင်လိုက်ရသောကြောင့် မြို့စားကြီး မျက်ခုံးပင့်မိသွားခဲ့သည်။
"ကောင်းတယ်"
သူက သူမကို သံသယမရှိဘဲ သူမအပြုအမူအပေါ် စိတ်ကျေနပ်သွားခဲ့သည်။
"ဒါပေမယ့် အဲ့ဒါမတိုင်ခင်မှာ ကျွန်မမှာ တောင်းဆိုချက်တစ်ခုရှိတယ်"
"တောင်းဆိုချက်လား"
မြို့စားကြီးသည် ဒဲဗောရာ လောဘကြီးကြောင်းကို သတိရသွားပြီး လှောင်ပြုံးပြုံးလိုက်သည်။သူထင်ထားသလိုပင် သူမက ပွင့်လင်းစွာ ပိုက်ဆံတောင်းလာခဲ့သည်။
"ကျွန်မကို လိုလိုမယ်မယ် ကတိပေးထားတဲ့ ပမာဏရဲ့ တစ်ဝက်ကို ကြိုပေးထားစေချင်ပါတယ်"
မြို့စားကြီး၏ အမူအရာမှာ သူ အဓိပ္ပါယ်မရှိတာ တစ်ခုခုကို ကြားလိုက်ရသကဲ့သို့ တင်းမာသွားခဲ့သည်။
"ငါက ဘာကိုယုံပြီး တစ်ဝက်ကြိုပေးရမှာ လဲ"
"ကျွန်မကို ချက်လက်မှတ်နဲ့ ပေးလို့ရပါတယ်။ဒီလိုသာဆို ကျွန်မအားလုံး ဖျက်ဆီးပြီး ထွက်ပြေးသွားရင်တောင်မှ ပိုက်ဆံရနိုင်မှာမဟုတ်ဘူး"
ချက်လက်မှတ်မှ ငွေကို ထုတ်ယူပါက ထုတ်ပေးသူသည် မြို့စားကြီးကို မလွဲမသွေ အကြောင်းကြားရမည်ဖြစ်သည်။ချက်လက်မှတ်နဲ့သာဆိုပါက ထွက်ပြေးဖို့ကြိုးစားရင်တောင် ပိုက်ဆံမကုန်ဘဲ တားနိုင်သည်။
ထို့အပြင် အားသာချက်တစ်ခုမှာ ချက်လက်မှတ်ပေးသူ၏ အထောက်အထားကိုပါ သိရှိနိုင်မည်ဖြစ်သည်။
လူနာ၏ ချက်လက်မှတ် တောင်းဆိုရသော ရည်ရွယ်ချက်မှာ စာချက်ပြီးသွားချိန်တွင် ဤအရာအားလုံးနောက်၌ မြို့စားကြီးရှိနေကြောင်း အထောက်အထားများရရန်ဖြစ်သည်။ သူတို့ စာချုပ်ကို လက်စဖျောက်လိုက်ရင်တောင်မှ တစ်ခုခုဖြစ်ချိန်တွင် ချက်လက်မှတ်ကို အာမခံအဖြစ်ထားနိုင်သည်။
လူနာ စကားပြောပြီးသွားသည်နှင့် မြို့စားကြီးသည် သူမ၏ ရည်ရွယ်ချက်အစစ်အမှန်ကို တိုင်းတာရန် ကြိုးစားသကဲ့သို့ မျက်လုံးများ မှေးကျဉ်းကာ စိုက်ကြည့်လာခဲ့သည်။
'ငါ အရမ်း များသွားတာလား'
လူနာ သူမ၏ စကားများအပေါ် နောင်တရပြီး ပြန်ပြင်ပြောတော့မည့်အချိန်တွင် မမျှော်လင့်ဘဲ မြို့စားကြီးက သူမ၏ အဆိုပြုချက်ကို လက်ခံလာခဲ့သည်။
"ကောင်းပြီလေ အဲလိုလုပ်ကြတာပေါ့။ဒါပေမယ့် ငါ့မှာလည်း အခြေအနေတစ်ခုရှိတယ်"
ထုံးစံအတိုင်းပင် အခြေအနေများက တွဲပါလာခဲ့သည်။လူနာက သူမချက်လက်မှတ်ကို ရနိုင်သရွေ့ ဘာပဲဖြစ်ဖြစ်လုပ်ရန် ဆုံးဖြတ်ပြီး ခေါင်းညိတ်ပြကာ ဆက်ပြောရန် တိုက်တွန်းလိုက်သည်။
"မင်းက ကြိုတင်ငွေပေးတာနဲ့ ထိုက်တန်လားဆိုတာ သက်သေပြဖို့လိုတယ်"
"…ဘယ်လိုမျိုးလဲ"
သူ သူမကို ကဖို့ပြောမယ်လို့တော့မထင်ဘူး။
လူနာတွင် မှန်းဆချက်အချို့ရှိသော်လည်း မယုံနိုင်တာကြောင့် သူ့ကို မေးခွန်းထုတ်လိုက်သည်။မြို့စားကြီးက သူ၏ နှုတ်ခမ်းထောင့်ကို ဖြေးညှင်းစွာ ကော့ညွတ်ပြီး ပြန်ဖြေလာခဲ့သည်။
"ငါ မင်းနဲ့ ဖယ်ဆန်ကို အတူတွဲတွေ့ပြီးမှပြောချင်တယ်။သူ မင်းကို လူနာအဖြစ် တကယ်အသိအမှတ်ပြုလား မင်းနဲ့ တယ်ရင်းနှီးပြီလားဆိုတာ အတည်ပြုဖို့လိုတယ်"
…ဘာဖြစ်တယ်။လူနာသည် အံ့ဩမှုကြောင့် ခဏလောက် တောင့်ခဲသွားသော်လည်း မြို့စားကြီးက မတ်တပ်ထရပ်လာကာ ချက်ချင်းပင် အတည်ပြုရန် အသင့်ဖြစ်နေခဲ့သည်။
"ဘာလို့လဲ။မင်းကိုယ်မင်း ယုံကြည်ချက်မရှိရင် ပိုက်ဆံတောင်းခဲ့မှာမဟုတ်ဘူးမလား။မဟုတ်မှ မင်းတို့ ရင်းနှီးနေပြီဆိုတာက အလိမ်တွေလား"
"အိုး မဟုတ်ဘူး။အဲ့လိုမဟုတ်ပေမယ့်…"
သူမသည် ဖယ်ဆန်နှင့် ရုတ်တရက် တွေ့ဆုံရဖို့ကို မမျှော်လင့်ထားပေ။ တကယ်တမ်း သူမတွင် သူနှင့်တွေ့ဆုံရန် လုံးဝရည်ရွယ်ချက်မရှိချေ။
ဒဲဗောရာက ဖယ်ဆန်နှင့် တွေ့လေ့မရှိခဲ့သောကြောင့် သူမလည်း သူ့ကို ရှောင်နိုင်လိမ့်မည်ဟု ယူဆခဲ့သည်။
သို့သော် မြို့စားကြီး၏ 'မင်း ဒီမှာဘာထိုင်လုပ်နေသေးတာလဲ'ဟုပြောနေအုံရသော အကြည့်များအောက်တွင် လူနာ နေရခက်စွာ ထရပ်လိုက်မိသည်။၎င်းကို စောင့်ကြည့်နေသော ဘတ်သ်က သူမ၏ စိုးရိမ်စိတ်ကို မဖုံးကွယ်ထားနိုင်ဘဲ နှုတ်ခမ်းကို ကိုက်ခဲ့လိုက်သည်။
'ငါ ဘာလုပ်သင့်လဲ။ ငါ အခု ဖယ်ဆန်နဲ့ တကယ်တွေ့ရမှာလား'
လူနာ စိုးရိမ်နေချိန်မှာပဲ မြို့စားကြီးက ဖယ်ဆန်၏အခန်းဆီသို့ ဦးဆောင်ကာသွားနေပြီဖြစ်သည်။
လူနာသည် လက်သီးကိုတင်းတင်းဆုပ်ကာ ရွေးချယ်စရာမရှိဘဲ သံလိုက်တစ်ခုကဲ့သို့ သူ့နောက် လိုက်သွားခဲ့သည်။သူမ ဒီကိုရောက်လာကတည်းက မြို့စားကြီး၏ ဆန္ဒအတိုင်းလုပ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
TK Team (chapter 125)