Chapter 121
Viewers 9k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး chapter 121 


လူနာသည် ရိုယာထံမှ စာကိုရပြီးနောက် စာပါအကြောင်းအရာများကို အမြန်ဖတ်လိုက်သည်။အကြောင်းအရာက သိပ်တော့မရှည်ပေ။

[ကျွန်မလည်း လေဒီကို ဘယ်လိုပြန်ပေးရမလဲလို့ စိုးရိမ်နေတာပါ။အဲ့ဒါက ဘာလို့ ကျွန်မကုတ်အင်္ကျီထဲ ရှိနေမှန်း မသိပေမယ့် သေချာပေါက် ပြန်ပေးမှာပါ။

အဲ့ဒါက ရုတ်တရတ်ဆန်မှန်းသိပေမယ့် ကျွန်မ ဒီနေ့နေ့လည် အပြင်သွားစရာရှိပါတယ်။ဒါဆို ကျွန်မတို့ အဲ့အချိန်လောက် တွေ့လို့ရမလား။ ကျွန်မ အချိန်ဇယားက နည်းနည်းကျပ်နေလို့ ဒီနေ့ကလွဲပြီး အချိန်မရှိလို့ပါ]

စာက သူမ အစေခံများ၏ မျက်စိမှ ရှောင်ရန် လိုအပ်ကြောင်း ရှင်းပြချက်ဖြင့်အဆုံးသတ်ထားသည်။သူမ အပြင်ရောက်ရင် ဗိုက်နာချင်ဟန်ဆောင်ပြီး သန့်စင်ခန်းဘက် ထွက်လာမည်ဖြစ်ကြောင်း ရေးထားခဲ့သည်။

"ကြည့်ရတာ သူမက မြို့စားကြီး အိမ်တော်မှာ ရှိချင်ပုံမရဘူး။ကျွန်တော် စာပို့ခိုင်းတဲ့သူပြောတာတော့ သူမ စံအိမ်ကို ပထမဆုံးရောက်လာတုန်းက သူမ စိတ်ရှုပ်ထွေးပြီး တုန်လှုပ်နေတဲ့ပုံပဲတဲ့"

ရိုယာ၏ ရှင်းပြချက်ကြောင့် လူနာရော အန်းသန့်စ်ပါ တစ်ပြိုင်နက် မျက်မှောင်ကြုတ်မိသွားခဲ့ကြသည်။

"ဒါဆို ရှင်ပြောချင်တာက..သူမကို ဖမ်းထားတာလို့လား"

"အဲ့ဒါတော့မသိပေမယ့် သူမကို တစ်ချိန်လုံးစောင့်ကြည့်နေတဲ့ပုံပဲ။ပြီးတော့ သူမက လေဒီလူနာလို တုပ‌နေတော့ အသေးစိတ်အတိအကျကိုရှာဖို့ဆို သူမနဲ့တွေ့မှရမယ်ထင်တယ်"

သူတို့ရူးနေကြတာလား။ဘာလို့ သူမနဲ့တူတဲ့ အမျိုးသမီးတစ်ယောက်ကို ဖမ်းထားကြတာလဲ။

လူနာသည် သူတို့၏ ရည်ရွယ်ချက်က ဘာလဲဆိုတာ မခန်းမှန်းနိုင်ဘဲ ခဏလောက် ဆွံ့အသွားခဲ့၏။

'ဘာလို့ ငါ ကြိုးစားပြီးဖျက်တာတောင်မှ ဒီဆက်ဆံရေးကြီးက မပြီးနိုင်သေးရတာလဲ။ ဒီ အကျိုးနည်း ရွံစရာ ဆက်ဆံရေးကြီး'

ဒါက ရူးချင်စရာဆိုပေမယ့်လည်း ငါ သူမနဲ့တွေ့ပြီး အခြေအနေမှန်ကိုနားထောင်ရမယ်။

လူနာက ထိုအတွေးဖြင့် လော်ရာဘက်သို့ လှည့်ကြည့်လိုက်သည်။

"ငါ အပြင်ထွက်ရမယ်။ လော်ရာ ငါ့မျက်နှာကို ဖုံးနိုင်မယ့် ဦးထုပ်ရှိလား"

"အိုး ဟုတ်ကဲ့! ဒီမှာပါ သခင်မလေး။ဒါက ဇာဦးထုပ်ဆိုတော့ နည်းနည်းလေးပဲမြင်ရတယ်"

"ကောင်းပြီ။ဒါဆို ငါ ဒါပဲဝတ်ပြီးသွားလိုက်မယ်"

လူနာက လော်ရာကို ခေါင်းမှ ခြေဖျားထိ စကင်န်ဖတ်လိုက်ပြီးတွင် သူမ စကားပြောခဲ့သည်။

"ငါတို့ အရပ်နဲ့ ခန္ဓာကိုယ်ပုံစံက ဆင်တူတော့ ဆိုဒ်လည်း သေချာပေါက် ကိုက်လောက်မှာပါနော် ဟုတ်တယ်မလား"

"ဟင်? ဘာကိုလဲဟင်"

ဘာလို့ ရုတ်တရက်ကြီး ခန္ဓာကိုယ်ပုံစံနဲ့ ဆိုဒ်အကြောင်းပြောနေရတာလဲ။လူနာက လော်ရာ၏ စိတ်ရှုပ်ထွေးသွားသလို တုံ့ပြန်မှုကို လေးနက်သော မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။

"လော်ရာ ဒီနေ့ နင့်အတွက် လုပ်စရာတစ်ခုခုရှိတယ်"

"...ကျွန်မလား"

ရုတ်တရက်ကြီးလား။ဘာကိုလဲ။

လော်ရာက အံ့အားသင့်သွားပြီး မျက်တောင်ခတ်ကာ လူနာကိုကြည့်လိုက်သော်လည်း ကံမကောင်းစွာပင် အဖြေပြန်မရခဲ့ပေ။ 

"အရင်စားကြရအောင်။ငါတို့ အပြင်မထွက်ခင်မှာ ကောင်းကောင်းစားဖို့လိုတယ် "

ထိုအစား သူမက အန်းသန့်စ်လက်ကိုကိုင်ပြီး မီးဖိုချောင်သို့သွားခဲ့သည်။ လူနာ ဘာမှရှင်းမပြရသေးခင်မှာတင် အန်းသန့်စ်က သူမ ရည်ရွယ်ချက်များကို ခန့်မှန်းမိသွားပြီး တိုက်ရိုက်မေးလာခဲ့သည်။

"မင်း လော်ရာနဲ့ အဝတ်ချင်းပြောင်းဖို့ စီစဥ်နေတာလား"

"အွန်း.. ကျွန်မတို့ အစေခံတွေရဲ့ မျက်လုံးကို ရှောင်ရမယ်လို့ ပြောထားတယ်မလား။ပြီးခဲ့တဲ့ တစ်ခေါက်က အလျင်စလိုလုပ်ခဲ့တာကို ပြန်စဥ်းစားမယ်ဆိုရင် ဒီဟာက အကြံကောင်းဖြစ်မယ်ထင်တယ် "

အန်းသန့်စ်က သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလာခဲ့သည်။သူ ထိုသို့လုပ်လိုက်သည်နှင့် သူ၏ တောက်ပသော ဆံပင်များက လှုပ်ရှားသွားခဲ့၏။ လူနာက ၎င်းကို ဗလာဖြစ်စွာ ခဏလောက်စိုက်ကြည့်ပြီးနောက် သူမ ပါးစပ်ကိုဖွင့်လိုက်သည် ။

"ကောင်းပြီ သခင်လေး ရှင်က အရမ်းထင်းထွက်နေလို့ ရထားပေါ်မှာပဲ နေခဲ့တာအကောင်းဆုံးဖြစ်မယ်ထင်တယ်။ ကျွန်မ ဒီတိုင်းအရေးကြီးတဲ့မေးခွန်းတွေမေးပြီး မြန်မြန်ပြီးအောင်လုပ်ခဲ့မယ်"

သို့သော် သူမ ပြီးအောင်မပြောရသေးခင်မှာပဲ အန်းသန့်စ်က ကန့်ကွက်လာခဲ့၏။

"ရုတ်တရက်ကြီး ဘာတွေပြောနေတာလဲ။ကိုယ့်ကို မင်း တစ်ယောက်တည်းလွှတ်လိုက်ဖို့ ပြောနေတာလား"

လူနာက အကြောင်းအရင်းကို ရှင်းပြလိုက်သည်။

"ရှင်က အရမ်းပေါ်လွင်လွန်းနေတယ်။ရှင့် ဆံပင်ရွှေရောင်‌တွေက ကျွန်မရဲ့ အနက်ရောင်ဆံပင်လိုမဟုတ်ဘူး။ ရှားလွန်းတယ်။ပြီးတော့ ရှင့်ရဲ့အသွင်အပြင်ကလည်း အဲ့လိုပဲ "

"ကိစ္စမရှိဘူး ကိုယ် လေဒီလို ရိုးရှင်းတဲ့အဝတ်အစားတွေ ဝတ်လိုက်မယ်လေ"

ထိုသို့ဆိုရင်တောင် သူ၏ ချောမောသော မျက်နှာနှင့် တောက်ပသော ဆံပင်များက ဖုံးကွယ်ရန် ခက်ပေလိမ့်မည်။

အန်းသန့်စ်က လူနာ၏ မသာမယာအမူအရာကိုမြင်ချိန်တွင် အခြားအကြံတစ်ခုကို အဆိုပြုလာခဲ့သည်။

"ကိုယ့်ဆံပင်က ပြဿနာဆိုရင် အရင်တစ်ခေါက်ကလို မျက်နှာဖုံးတပ်ရင်ရော။ ဒါမှမဟုတ် မျက်နှာဖုံးအရင်တပ်ပြီးတော့ မျက်နှာကို အိုးမဲသုတ်ထားရင်ရော။ အိုး ဝန်ထမ်းတစ်ယောက်ကို မေ့အောင်လုပ်ပြီး သူ့နေရာ ဝင်ဟန်ဆောင်ရင်လည်း မဆိုးလောက်ဘူး"

လူနာသည် တစ်စုံတစ်ယောက်ကို မေ့အောင်လုပ်မယ်လို့ပြောလာမှုကြောင့် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမက ခွင့်ပြုချက်ပေးမလာခဲ့သောကြောင့် အန်းသန့်စ်က ဆက်ပြောခဲ့လိုက်၏။

"ကိုယ် လော်ရာအစား မျိုးရိုးမြင့်မိန်းမပျိုတစ်ယောက်လို ဟန်ဆောင်ရင်ရော"

"…ရှင် တကယ်ကြီး ပြောနေတာလား"

"ဒါမှမဟုတ် ကိုယ် အစေခံလိုလည်း ဟန်ဆောင်လို့ရတယ်"

သူ့ကြည့်ရတာ လိုအပ်ပါက မြင်းတစ်ကောင်လိုပင် ဝတ်ဆင်တော့မည့်ပုံရသည်။

ခေါင်းမာသော အန်းသန့်စ်က သူမနှင့် သေချာပေါက်လိုက်ခဲ့မှာဖြစ်သည်။
သူတို့က သန့်စင်ခန်းထဲမှာ တွေ့ကြမှာဖြစ်ကြောင့် သူ ဘယ်လိုပဲ ပြင်ဆင်ထားပါစေ ဒဲဗောရာနှင့် မျက်နှာချင်းဆိုင်မည့်သူမှာ သူမတစ်ဦးတည်းသာဖြစ်သည်။

သို့သော် သူက သူမကို အရမ်းစိတ်ပူနေမှန်း သိသာနေတာကြောင့် သူမ သူ့ကို ဆက်မတားနိုင်တော့ပေ။

အကယ်၍ အခြေအနေများ ပြောင်းပြန်ဖြစ်ခဲ့လျှင်လည်း သူမ ဘာကိစ္စပဲရှိရှိ သူ့နောက်ကို လိုက်ဖို့ပြောလိမ့်မှာဖြစ်မည်။ 

လူနာက သူမတွင် ရွေးချယ်စရာမရှိတော့သလိုမျိုး သက်ပြင်းချလိုက်ရင်း ခေါင်းညိတ်ပြကာ သဘောတူလိုက်သည်။


"ကောင်းပြီ။အဲ့ဒါက သခင်လေး အရင်က ပြင်ဆင်ခဲ့တဲ့ နေရာပဲ။ဒါဆို မျက်နှာဖုံးသေချာတပ်ရမယ်နော်။သန့်စင်ခန်းထဲထိတော့ မလိုက်ခဲ့နဲ့။ပုန်းနေရမယ်"

အန်းသန့်စ်က စိတ်သက်သာရာရသွားပြီး ပြုံးကာ ပြန်ဖြေလိုက်သည်။

"စိတ်မပူပါနဲ့။ ကိုယ်ရဲ့ ဆံပင်တောက်တွေကို ဖုံးထားပါ့မယ်"

* * *

လူနာသည် ချိန်းထားသည့်နေရာသို့ စောစောရောက်ရန်လိုအပ်သောကြောင့် မနက်စာကို လျင်မြန်စွာစားပြီး လော်ရာနှင့်အတူ သူမအခန်းဆီသို့သွားခဲ့သည်။

ထို့နောက် လူနာက လော်ရာနှင်လိုက်လောက်သော ဂါဝန်တစ်ခုကို ရွေးချယ်ပြီး သူမကို အမြန်ဝတ်ဆင်ရန် တိုက်တွန်းခဲ့သည်။

"ဟင်...?! ကျွန်မလား။ ဘာလို့လဲ...!"

"နင် စောနက ငါတို့ပြောတာ ကြားခဲ့တယ်မလား။ငါ့ကို တစ်ခါလောက်ပဲ ကူညီပေးလေ။သူတို့ ငါ့ကို အစေခံဝတ်စုံနဲ့တွေ့ရင် သေချာပေါက် ရှောင်သွားလောက်တယ်"

လော်ရာက တုံ့ဆိုင်းသွားသဖြင့် လူနာသည် အခြေအနေကို ရှင်းပြလိုက်သည်။

"ဒါပေမယ့်…!"

သို့သော် အခြေအနေက အခြေအနေဖြစ်ပြီး ဇိမ်ခံဝတ်စုံက ဇိမ်ခံဝတ်စုံပင်။ 

လူနာမှာ ဝတ်ချိန်တိုင်း သိပ်စဉ်းစားမိသော်လည်း လော်ရာကတော့ ဝတ်ဖို့နေနေသာသာ ထိကိုင်ရမှာကိုပင် တကယ်စိုးရွံ့နေမိသည်။

လော်ရာ၏ တုံ့ဆိုင်းမှုကို မြင်လိုက်ရတာကြောင့် လူနာက စိတ်ပျက်သွားဟန် အမူအရာပြခဲ့လိုက်သည်။

"ငါတော့ လော်ရာက ငါ့ကို ကူညီမှာပဲဆိုပြီး ပျော်နေခဲ့တာကို။ငါတို့ရဲ့ ဆက်ဆံရက သာမန်အသိအကျွမ်းတွေပဲလား"

"ဟင့်အင်း သခင်မလေး ဘာလို့အဲ့လိုပြောရတာလဲ!"

"ဒါဆို ငါ့ကို ကူညီပါဦး။လော်ရာ နင်က ငါအားကိုးနိုင်တဲ့ တစ်ဦးတည်းသောသူပဲ။ ဟုတ်ပြီလား"

လော်ရာက ပါးစပ်ပိတ်ထားဆဲဖြစ်ကာ သူမ၏ ပူပန်မှုကို ဖုံးကွယ်မထားနိုင်နေပေ။သို့သော် သူမ ငြင်းဆန်လို့မရတော့တာကြောင့် လူနာက တောက်ပစွာပြုံးလိုက်ပြီး ဂါဝန်ကို ကောက်ကိုင်လိုက်သည်။

"…ကောင်းပါပြီ"

လော်ရာက မုန်ညင်းချဉ် စားရသော ကလေးကဲ့သို့ ရင်ထဲကြိတ်ငိုကျွေးရင်း လူနာ၏ ဂါဝန်ကို ၀တ်လိုက်သည်။

ခဏအကြာတွင် သူမ၏မျက်လုံးများကို ဖွင့်လိုက်ရာ သူမ၏ အသွင်အပြင်အသစ်က မှန်ထဲ ရောင်ပြန်ဟပ်နေတာကို တွေ့လိုက်ရပြီး အံ့သြစွာဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။လော်ရာသည် သူမ ဘယ်တုန်းကမှ မလုပ်ချင်ဘူးဟု မပြောခဲ့သလိုမျိုး သဘောကျစွာဖြင့် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်သည်။

"နင်ကြိုက်ရဲ့လား"

"အမ်… ဟုတ်ကဲ့… အဲ့ဒါက အရမ်းလှတာပဲ။ အိုး ကျွန်မကို ဆိုလိုတာမဟုတ်ဘူးနော် ဂါဝန်ကိုပြောတာ"

နင် သဘောကျတယ်ဆို သဘောကျတယ်လို့ ရိုးရိုးသားပြောလိူ့ရပါတယ်။

လူနာသည် မလိုအပ်ဘဲ အနည်းငယ် နာကျင်သလို ခံစားလိုက်ရပြီး သူမ ပြန်ရောက်လာချိန်ကျ လော်ရာကို ဆုလဒ်အဖြစ် လှပသည့် ဂါဝန်များစွာကို ပေးရမည်ဟု ဆုံးဖြတ်ကာ အစေခံ ဝတ်စုံကို ၀တ်လိုက်သည်။

ဒါပေါ့ အဲဒါနဲ့တင် မလုံလောက်သေးပေ။လူနာသည် နှာခေါင်းနဲ့ ပါးပေါ်တွင် မှဲ့ခြောက်များ ထည့်လိုက်ပြီး မျက်မှန်တပ်ကာ ဆံပင်ကို သပ်သပ်ရပ်ရပ် ကျစ်ဆံမြီးကျစ်လိုက်သည်။

ထိုပြောင်းလဲမှုများကြောင့် သူမကို မည်သူမျှ လူနာလို့ သံသယမဖြစ်လောက်အောင်ပင် ကွဲပြားသွားခဲ့သည်။

"သခင်မလေး အဲဒီလောက်ထိ လုပ်မှဖြစ်မှာလား"

"ဘာလို့ ငါ့ ကြည့်ရတာရုပ်ဆိုးနေလို့လား"

"ဟင့်အင်း!မဖြစ်နိုင်တာ! လုံးဝမဟုတ်ပါဘူး! တကယ်ပြောတာ!"

လူနာက နောက်ပြောင်လိုက်သော်လည်း လော်ရာမှာ ပြင်းပြင်းထန်ထန် ပြန်ငြင်းလာခဲ့သည်။

ပြင်းထန်စွာငြင်းဆိုခြင်းက အမှန်ဖြစ်ကြောင်းအတည်ပြုခြင်းပင်ဖြစ်သည်။လူနာ အနည်းငယ်စိတ်ပျက်သွားသော်လည်း သူမတွင် လှပနေရန် ရည်ရွယ်ချက်မရှိသောကြောင့် လော်ရာ ၏လက်ကိုဆွဲကာ အောက်ထပ်သို့ဆင်းခဲ့၏။

ထိုနောက် တစ်ကိုယ်လုံး အနက်များ ဝတ်ဆင်ထားသော အန်းသန့်စ်က သူမအာရုံထဲ ဝင်လာခဲ့သည်။

သူ၏ တောက်ပသောဆံပင်များကို ဖုံးကွယ်မည်ဆိုသောစကားက လိမ်ညာမှုမဟုတ်ပေ။ သူက သူ၏အသွင်အပြင်များကို လိမ္မာပါးနပ်စွာ ဖုံးကွယ်ခဲ့ပြီး လူနာ၏ ဘေးတွင်ရပ်လာခဲ့သည်။

"ကိုယ် အများကြီး မစဉ်းစားခဲ့ပေမယ့် လေဒီ အိမ်ဖော်ဝတ်စုံကိုဝတ်ထားတဲ့ပုံက တော်တော်လေး...ကွဲပြားတာပဲ"

"ကွဲပြားတာလား"

၎င်းက မရေရာသော မှတ်ချက်တစ်ခုဖြစ်ပြီး ချီးကျူးခြင်းမဟုတ်သလို ဝေဖန်ခြင်းလည်းမဟုတ်ပေ။

လူနာက ပဟေဠိဖြစ်သော အမူအရာဖြင့်ပြန်မေးလိုက်ချိန်တွင် သူက လျှို့ဝှက်သော အပြုံးဖြင့် ဘာမှမဟုတ်ဘူးဟုဆိုကာ အကြောင်းအရာကို အမြန်ပြောင်းခဲ့လိုက်သည်။

"ကိုယ်ရောဘယ်လိုလဲ"

"အဆင်ပြေတယ်။ မျက်နှာဖုံးတပ်လိုက်ရင် ပိုပြည့်စုံသွားလိမ့်မယ်။ဒါနဲ့ ကျွန်မတို့ ဒိတ်ကို ရွှေ့လိုက်ရင် ပိုကောင်းမလားမသိဘူး။ ကျွန်မတို့ ဒီ၀တ်စုံတွေနဲ့ ဘယ်ချိန်ပြီးမလဲ မသေချာဘူး"

ခဏတဖြုတ် တွေ့ဆုံပွဲလေးဟု ယူဆလို့ရသော်လည်း ဘယ်အချိန်စကားပြောလို့ပြီးမှာလဲကို မသိသလို အိမ်ပြန်၊ အဝတ်အစားလဲပြီး မိတ်ကပ်ဖျက်တာက နှောင့်နှေးမှုဖြစ်နိုင်သည်။

ထို့အပြင် သူတို့သည် ယခုဝတ်စုံများဖြင့် စီစဉ်ထားသော ရေကန်သို့ မသွားနိုင်ကြပေ။၎င်းက မျိုးရိုးမြင့်များအတွက်သာ ပြင်ဆင်ထားသည့် သီးသန့်ကစားကွင်းဖြစ်သောကြောင့်ပင်။

"ဒါဆို ကိုယ်တို့ ရိုးရှင်းတဲ့ ပျော်ရွှင်မှုအချို့ကိုပဲ ခံစားရင်ရော ဘယ်လိုလဲ။ကတိပေးထားတဲ့ ရေကန်ကို မသွားနိုင်ဘူးဆိုပေမယ့် ကိုယ်တို့ လူစည်တဲ့မြစ်ထဲမှာ လှေစီးတာတို့ ရထားမစီးဘဲ လမ်းအတူတူလျှောက်ပြီး ကြိုစာရင်းသွင်းစရာမလိုဘဲ ကြည့်ကောင်းတဲ့ စားသောက်ဆိုင်ကို သွားလို့ရတယ်လေ"

တကယ်တမ်း လူအများစုမှာ ထိုသို့ချိန်းတွေ့လေ့ရှိကြသော်လည်း အန်းသန့်စ် နှင့် လူနာတို့အတွက်တော့ အသစ်အဆန်းပင်။ထို့ကြောင့်ပင် ပိုပျော်စရာကောင်းနေပုံရသည်။

"ကောင်းသားပဲ။ကိစ္စက ဘာမှသိပ်မရှိတော့ မြန်မြန်ပြီးဖို့ မျှော်လင့်မိတယ်"

လူနာက ပြုံးပြီး အကြံကောင်းဟုပြောလာသောကြောင့် အန်းသန့်စ်၏ မျက်နှာမှာ ပို၍ပင် တောက်ပလာခဲ့သည်။

"ကိုယ်ရောပဲ"

* * *

သူတို့ တွေ့ဆုံကြမည့် နေရာမှာ မြို့တော်ရှိ အကြီးဆုံး ဇိမ်ခံကော်ဖီဆိုင်ဖြစ်ပြီး မျိုးရိုးမြင့်များ မကြာခဏ လာရောက်လေ့ရှိကာ ဖောက်သည်များ၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုအတွက် သီးသန့်အခန်းများရှိပေသည်။

သူတို့ ရောက်ရှိလာချိန်တွင် လူနာက နေရာတစ်လုံးကို ငွေမြောက်မြားစွာပေးကာ ငှားရမ်းလိုက်ပြီး လော်ရာကို ဦးဆောင်ခိုင်းကာ ဒဲဗောရာကို စောင့်ဆိုင်းခဲ့သည်။

သေချာစွာပင် မရင်းနှီးသည့် မျိုးရိုးမြင့်တစ်ဦးက ကော်ဖီဆိုင်ကိုငှားရန် ကမ်းလှမ်းလာချိန်တွင် ပိုင်ရှင်မှာ အနည်းငယ်သံသယရှိခဲ့သော်လည်း လူနာ ပေးလာသော ပမာဏမှာ တချို့မျိုးရိုးမြင့်များ မတတ်နိုင်သည်အထိ များပြားလှသောကြောင့် စိတ်ရှုပ်မခံတော့ဘဲ ကော်ဖီဆိုင်ကို လျှင်မြန်စွာ ပေးခဲ့သည်။

ပြင်ဆင်မှုများက ချောမွေ့စွာ ပြီးဆုံးသွားပြီး မကြာခင်မှာပင် ဒဲဗောရာသည် ဘတ်သ်၊အစောင့်တစ်ဦးတို့နှင့်အတူ ရောက်လာခဲ့သည်။

"ကျွန်တော် လမ်းပြပေးပါ့မယ်"

လူနာက ဒဲဗောရာ၏ ပုံပန်းသွင်ပြင် အကြောင်း ကြိုပြောပြပေးထားသောကြောင့် ဝန်ထမ်းများမှာ သူမကို မြင်မြင်ချင်း ကြိုစီစဉ်ထားသောအခန်းသို့ လမ်းညွှန်ခဲ့သည်။ထိုအချိန်တွင် ကပ်လျက်အခန်း၌ စောင့်နေခဲ့သော လူနာက မတ်တပ်ထရပ်လိုက်သည်။

"ငါ ပြီးတာနဲ့ချက်ချင်း ပြန်လာခဲ့မယ်"

"…"

သူတို့တွေ့ရန် ရွေးချယ်ထားသောနေရာမှာ သန့်စင်ခန်းဖြစ်တာကြောင့် အန်းသန့်စ် လိုက်မဝင်နိုင်ပေ။ကော်ဖီဆိုင်တစ်ခုလုံးကို ငှားထားရင်တောင် သန့်စင်ခန်းက သန့်စင်ခန်းပင်။

အန်းသန့်စ်သည် သူမလိုက်နိုင်သောကြောင့် မကျေမနပ်အမူအရာနှင့် ခေါင်းညိတ်ပြလိုက်သည်။

"တစ်ခုခုဖြစ်ရင် အော်လိုက်နော်။ကိုယ် အနားတစ်ဝိုက်မှာ စောင့်နေမယ်"

"ကောင်းပြီ"

လူနာက ပြုံးပြလိုက်ပြီး သူ့ကို စိတ်ချစေလိုက်သည်။

ထိုအချိန်တွင် ဒဲဗောရာက သူမ၏အအေးကို သောက်ပြီး မကြာမီပင် ဗိုက်နာလာဟန်ဖြင့် သူမ၏ဗိုက်ကို ပွတ်သပ်ခဲ့သည်။

"ဘတ်သ် ငါ ရုတ်တရက်ကြီး ဗိုက်နာလာသလိုပဲ"

"ဟုတ်လား"

ဘတ်သ်က အံ့အားသင့်သွားပြီး ကုတ်အင်္ကျီကို အမြန်ယူကာ ပြန်ကြရန် အကြံပြုလာခဲ့သည်။

"အိုး မဟုတ်ဘူး။ငါ သန့်စင်ခန်းသွားရင် အဆင်ပြေသွားလိမ့်မယ်ထင်တယ်"

"ဒါပေမယ့် ငါတို့ ပြန်သွားတာက ပိုကောင်းလောက်တယ်"

"ငါ တကယ်သန့်စင်ခန်းသွားပြီးရင် အဆင်ပြေသွားမှသေချာတယ်။ငါ အကြာကြီးနေမှ အပြင်ထွက်ခွင့်ရခဲ့တာ... ဒီ့ထက် ကြာကြာလေးနေချင်တယ်"

ဒဲဗောရာက သနားစရာကောင်းသော အမူအရာလေးပါ အဆစ်ပြလိုက်သည်။၎င်းက အနည်းငယ် ကို့ရို့ကားယားဆန်သော်လည်း ဒေဗောရ၏ စိတ်ကို စာနာနားလည်သော ဘတ်သ်က တွန့်ဆုတ်စွာဖြင့် သဘောတူလိုက်သည်။

"ဒါဆို ငါ နင်ကိုကူတွဲပေးမယ်"

ဒဲဗောရာသည် ကူတွဲခံရရန် မလိုအပ်သော်လည်း နောက်ထပ်ငြင်းဆိုခြင်းက မလိုအပ်ဘဲ နားလည်မှုလွဲစေနိုင်သည်။

ထို့ကြောင့် ဒဲဗောရာသည် အားနည်းဟန်ဆောင်ပြီး ဘတ်သ်၏ အကူအညီဖြင့် သန့်စင်ခန်းဆီသို့ သွားခဲ့လိုက်သည်။သူမ အထဲကို ရောက်သည်နှင့် လုပ်ရမည်မှာ လူနာနှင့်တွေ့ပြီး စိန်ကို ပြန်ပေးလိုက်ရုံပင်ဖြစ်သည်။ သို့သော် ပြဿနာတစ်ခုရှိလာခဲ့သည်။

"... နင် ငါနဲ့အတူလိုက်ခဲ့မလို့လား"

"အင်း ဘာပြဿနာရှိလို့လဲ"

ဘတ်သ်က ဒဲဗောရာ၏မေးခွန်းကို မထူးခြားသလိုပြန်ဖြေလာခဲ့သည်။

သူတို့စံအိမ်ထဲမှာဆိုရင်တော့ အဆင်ပြေနိုင်သော်လည်း ယခုက အများသူငှာနေရာပင်။အဲ့ဒါက သန့်စင်ခန်းပဲဆိုရင်တောင် ဘတ်သ်သည် ဒဲဗောရာကို တစ်ယောက်တည်း မထားခဲ့နိုင်ပေ။

ဒဲဗောရာသည် ဘတ်သ်က သူမနောက်ကို သန့်စင်ခန်းထဲအထိ လိုက်လာမယ်လို့ မထင်ထားခဲ့သောကြောင့် သူမ၏ အံ့သြမှုကို မဖုံးကွယ်နိုင်ခဲ့ချေ။

ဘတ်သ်က သူမ၏ တစ်ခုခုမှားနေသော အမူအရာကို သတိပြုမိသွားပြီး သံသယဖြင့် မျက်လုံးများကို ကျဉ်းမြောင်းကာ မေးလိုက်သည်။

"ပြဿနာရှိလို့လား"

TK Team (chapter 121)