🫶Chapter 81
ဖန်ကုမ္ပဏီ-ဖန်ကျုံးချွမ်း v: ငါ့ကောင်လေး...နျန်ယွီယီ
ဟွမ်းယွီမုံ့: အိုးမိုင်ဂေါ့...အိုးမိုင်ဂေါ့...အိုးမိုင်ဂေါ့
ဖုန်းကိုမှောက်ချလိုက်၍ ဟွမ်းယွီမုံ့ မျက်လုံးများကို တင်းတင်းပိတ်လိုက်သည်။ “ရှင်း...ငါ့ကိုမြန်မြန်လေး မျက်ခုံးကြားကို ဆိတ်ပေးစမ်းပါ...ငါသည်းမခံနိုင်တော့ဘူး”
“တောင့်ထားဦး” ပင်းထုံရှင်း သူမကိုဆိတ်ဆွဲတော့မည့်အချိန်တွင် စားပွဲပေါ်မှ ဖုန်းက တုန်ယင်လာခဲ့သည်။
“အဲ့ဒါ ဝေ့ပေါ်ရဲ့ အထူးအချက်ပေးသံမလား” ပင်းထုံရှင်းရပ်တန့်သွားကာ ဖုန်းကိုလှန်ကြည့်လိုက်သည်။
ဟွမ်းယွီမုံ့ တွန့်ဆုတ်နေမိ၏။ သူမအပြင် ထိုအထူးအချက်ပေးသံက နျန်ယွီယီအတွက် ထားထားတာဖြစ်သည်။
ပင်းထုံရှင်း: “ယွီမုံ့...နင့်ရဲ့ အချစ်လေးနျန်နျန် ဝေ့ပေါ်မှ ပို့စ်တင်ထားတယ်”
တစ်ကိုယ်လုံးမတ်သွားကာ ဟွမ်းယွီမုံ့သည် ဖုန်းကိုကိုင်၍ သူမ၏အထူးအချက်ပေးချက်ကို ဖွင့်လိုက်သည်။
နျန်ယွီယီ v: ငါ့ရဲ့ အသစ်စက်စက်တရားဝင်ကောင်လေး၊ ဖန်ကျုံးချွမ်း
ဟွမ်းယွီမုံ့: !!!!!!
“သူတို့...သူတို့ တကယ်တွဲနေကြပြီ” ဟွမ်းယွီမုံ့ မူးနောက်စွာဖြင့် ပင်းထုံရှင်းကို ကြည့်လိုက်သည်။ “ရှင်း...ငါ့ဘဝမှာ ရွှက်လွှင့်ခဲ့သမျှအတွဲတွေထဲ တကယ့်အစစ်ကို တွေ့လိုက်ရမယ်လို့ တွေးမထားခဲ့ဘူး”
“ဟုတ်လား...အဲ့တော့ နင်ငါ့ကိုသည်နေ့ အောင်ပွဲခံတဲ့အနေနဲ့ ငါ့ကိုကျွေးမယ်မလား”
“ဘာစားမလဲ...အခုသွားရအောင်”
......
နျန်ယွီယီနှင့်ဖန်ကျုံးချွမ်းတို့က ထိုကိစ္စနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်းရှိကြသော်လည်း အချို့အစွန်းရောက်သည့် ပရိသတ်များကတော့ သူတို့ကိုပြစ်တင်ရှုံ့ချကြ၏။
ရှဲ့ယီကျိုးက သူ၏ဝေ့ပေါ်ပင်မအကောင့်ကို သုံး၍ ထိုအကြမ်းဖက်သည့်မှတ်ချက်တစ်ခုချင်းစီကို တုံ့ပြန်လေသည်။
[Unfollow လုပ်ပြီ...ငါကနင့်ရဲ့ သရုပ်ဆောင်တဲ့အရည်အချင်းတွေကြောင့် ပရိသတ်ဖြစ်လာခဲ့တာ...ဒါပေမယ့် ပရောဂျက်နည်းနည်းပဲလုပ်ရသေးတယ်...ချမ်းသာတဲ့နောက်ခံကတစ်ယောက်ယောက်နဲ့ တွဲနေပြီ...ကိုယ့်အလုပ်ကိုပဲ အာရုံမစိုက်နိုင်ဘူးလား...စိတ်ပျက်စရာပဲ]
စာပြန်ခြင်း [အားနာပေမယ့် နျန်နျန်ကိုယ်တိုင်ကလည်း ချမ်းသာတဲ့မိသားစုကပဲ...သူ အနုပညာအသိုင်းအဝိုင်းထဲကို ရောက်လာတာက သရုပ်ဆောင်တာကို ကြိုက်လို့ပဲ...အဲ့ကရလာမယ့် ပိုက်ဆံတွေကို ငါတို့မလိုဘူး...]
[ဇာတ်လမ်းတွဲလေးတစ်ခုကိုပဲ လွှင့်ရသေးတာမလား...ရည်မှန်းချက်တွေဘာတွေမရှိဘူးလား...ငါတို့က နင့်ရဲ့အလုပ်ကို အားပေးတာ...နင့်အချစ်ရေးကိုမဟုတ်ဘူး...Unfollow လုပ်ထားခဲ့ပြီ...ဘယ်တော့မှ လာမကြည့်တော့ဘူး]
စာပြန်ခြင်း [ပထမဆုံး...နျန်နျန် အသိုင်းအဝိုင်းထဲကိုရောက်တာ ခုနစ်လလောက်ရှိပြီ...အဲ့အချိန်တွင်းမှာ အရည်အသွေးမြင့် ရှိုးနှစ်ခုနဲ့ ရသစုံရှိုးအကြီးတစ်ခုကို ရိုက်ခဲ့တယ်...အသစ်ဝင်လာတဲ့သူတွေထဲမှာ အဲ့လိုအောင်မြင်မှုတွေနဲ့လူ ရှာကြည့်နိုင်လား...]
[ငါ့ရဲ့အချစ်တွေအားလုံး သူ့အပေါ်မှာဖြုန်းမိလိုက်သလိုပဲ...သူ့ကိုသည်လောက်ကြာအောင် အားပေးခဲ့တာ ငါမယုံနိုင်ဘူး...အရမ်းရွံဖို့ကောင်းတာပဲ...သူ့အပေါ်မှာ ငါဖြုန်းခဲ့တဲ့ပိုက်ဆံတွေ ပြန်ပေးမလား...]
စာပြန်ခြင်း [နျန်နျန်က အယ်လ်ဘမ်ထုတ်တာတို့၊ ပရိသတ်တွေနဲ့တွေ့ဆုံတာတို့ ဘာတစ်ခုမှ မလုပ်ရသေးဘူး...သူ့အပေါ်မှ ပိုက်ဆံဘယ်လောက်သုံးခဲ့တာလဲ...သူ့ကိုကြည့်ဖို့အတွက် တိုက်ရိုက်ထုတ်လွှင့်တဲ့ဆီမှာ ပိုက်ဆံပေးထားခဲ့တယ်ဆိုရင် သက်သေပြလိုက်...ချက်ချင်းပိုက်ဆံပြန်အမ်းမယ်]
......
ကျေးဇူးတင်စရာကောင်းစွာနှင့် ထိုကြမ်းတမ်းသည့်အဆိုးဘက်ရောက်သောပရိသတ်များမှာ အနည်းစုသာဖြစ်သည်။ Unfollow လုပ်သွားသည့် လူတော်တော်များများကတော့ တိတ်ဆိတ်နေကြသည်။
နျန်နျန် ပရိသတ်အချို့ဆုံးရှုံးသွားသော်လည်း အခြားအသစ်သစ်သော Follower အသစ်များ လက်ခံရရှိလိုက်ပြီး သူ၏ပရိသတ်များကို တိုးပွားလာစေခဲ့သည်။
ထိုဖြစ်ရပ်ပြီးနောက် နျန်ယွီယီနှင့်ဖန်ကျုံးချွမ်းတို့၏ဆက်ဆံရေးမှာ ရှဲ့မိသားစု၏ စုပုံနေသည့် ဝေ့ပေါ်ပို့စ်များ၏ သက်ရောက်မှုများကြောင့် ပို၍ပင်တွင်တွင်ကျယ်ကျယ်ဖြစ်လာခဲ့သည်။
နောက်ပိုင်းတွင် ရှဲ့ယီကျိုးက နျန်ယွီယီ၏ကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်းများ၏ ရှာဖွေများကို ဆွေးနွေးရန် ချင်အန်းသို့ ရောက်လာလေသည်။
“နောက်ကွယ်မှာ ကျိရှောင်နျန်ရှိနေပုံပဲ” ရှဲ့ယီကျိုးက ဒူးကိုပုတ်၍ ပြောလာသည်။
“ဒါပေမယ့် သူမတစ်ယောက်တည်း မလုပ်နိုင်လောက်ဘူး”
နျန်ယွီယီ: “ဒါရိုက်တာဝမ်ရောလား”
“အင်း”
ရှဲ့ယီကျိုး ထိုလူကို ကောင်းကောင်းသိသည်။ ညွှန်ကြားခြင်းနှင့်ရိုက်ကူးခြင်းတို့တွင် အရည်အချင်းရှိသော်လည်း သူ၏ကိုယ်ကျင့်တရားကတော့ မေးခွန်းထုတ်စရာပင်။
သည်တစ်ကြိမ်တွင် ဒါရိုက်တာဝမ်က နောက်ကွယ်မှ အရာရာကိုလှုံ့ဆော်ပေးနေပြီး “ကျိုးယန်ဧကရာဇ်” ဇာတ်လမ်းတွဲအတွက် ဆူညံသံများထုတ်လုပ်ရန်ကြိုးစားနေခြင်းဖြစ်မည်။
ပုံမှန်ဆိုလျှင် သူက ပွင့်ပွင့်လင်းလင်းလှုပ်ရှားပြီး သရုပ်ဆောင်များကပင် သူ့ကိုစိန်မခေါ်ရဲကြချေ။
သို့သော် ယခုတစ်ခေါက်တွင်တော့ နျန်ယွီယီ၏နောက်ခံကို ရှိန်သောကြောင့် ကျိရှောင်နျန်အား သူ့အစား ညစ်နွမ်းသည့်လုပ်ရပ်များကို လုပ်ပေးရန် အသုံးချ၍ရမည်ဟု တွေးနေခြင်းဖြစ်လိမ့်မည်။
“အဲ့အရူးကျိရှောင်နျန်က စီးပွားရေးကစားကွက်တွေမှာ ငါးစာမိသွားပြီး သူတို့လက်ထဲမှာ ကစားခံနေရတာပဲ” ရှဲ့ယီကျိုး စက်ဆုပ်စွာ ပြောလိုက်သည်။
“ကောင်းပြီ...အဲ့ကိစ္စက အဆုံးသတ်သွားပြီ...ကျိုးယန်ဧကရာဇ်ထွက်လာမှာကို စောင့်ရအောင်” နျန်ယွီယီသည် ထပ်၍ဝင်မစွက်ဖက်ရန် ဆုံးဖြတ်လိုက်ပြီး ကျိရှောင်နျန်နှင့်အခြားသူများအား ကိုင်တွယ်ခြင်းကို ရှဲ့ယီကျိုးအား အပ်ထားလိုက်သည်။
“ဒါက ကျွန်တော့်ရဲ့ ဝမ်းကွဲအစ်ကိုရဲ့ ပထမဆုံးဇာတ်ညွှန်း...ပြီးတော့ သူ့ကိုယ်ပိုင်ဟာ...သူက သည်နှစ်ရဲ့ အကောင်းဆုံး ဇာတ်ညွှန်းရေးဆရာဆုကို ရွယ်ထားတာ”
“ငါ့အမေက ရက်နည်းနည်းနေရင် မိသားစုဓာတ်ပုံရိုက်ဖို့ အိမ်ကိုလာလိမ့်မယ်” ရှဲ့ယီကျိုး မပြန်ခင်ပြောလိုက်၏။
“မေမေ ကျွန်တော့်ကိုပြောတယ်...အဲ့အချိန်ကျ ကျွန်တော်လည်းလာခဲ့မယ်” နျန်ယွီယီပြန်ပြောလိုက်သည်။
“အာ...ဟုတ်သားပဲ” ရှဲ့ယီကျိုးသည် နျန်ယွီယီအား လက်လွှဲရန်ရည်ရွယ်၍ လင်းရီယွဲ့သူ့ကို အပ်ထားသည့် တစ်ခုခုကို သတိရသွား၏။
သို့သော် သူ၏ကြည်လင်နေသောမျက်လုံးများကို ကြည့်၍ သူတွန့်ဆုတ်သွားကာ ပေးရ၊ မပေးရ မသေချာဖြစ်သွားသည်။
နျန်ယွီယီမျက်ခုံးပင့်လိုက်၏။ “ဘာဖြစ်လို့လဲ”
ရှဲ့ယီကျိုး အသက်ပြင်းပြင်းရှူလိုက်ကာ လတ်တလောကမှ ဒေါင်းထုတ်ဆွဲထားသည့် စာရွက်စာတမ်းများကို နျန်ယွီယီအား ပို့လိုက်သည်။ “ငါမင်းကိုပို့လိုက်ပြီ...သတိထားဦးနော်”
ထိုစကားများကိုပြောပြီးနောက် ရှဲ့ယီကျိုးသည် ချင်အန်းမှထွက်သွားတော့၏။
နျန်ယွီယီသည် ဝီချက်မှရရှိလိုက်သည့် ဖိုင်များကိုကြည့်လိုက်သည်။
အရောင်ရင့်၍ရေးထားသည့်ခေါင်းစဥ်က နျန်ယွီယီ၏ အာရုံကိုဖမ်းစားသွားသည်။
အမျိုးသားချင်းဆက်ဆံရေးအတွက် ဂရုပြုရမည်များ...
အမျိုးသားများ အိပ်ရာထဲတွင်အတူနေခြင်းအတွက် အချက်အချို့...ကင်ဆာကို ကာကွယ်ရအောင်...
“အနောက်ပေါက်” ဆက်ဆံခြင်းအတွက် နည်းလမ်းများ၊ အရဲစွန့်ချင်ရင်ကြည့်ကြည့်
နျန်ယွီယီ: ………
စိတ်ထဲမှာတစ်ခုခုရှိနေပေမယ့် ထုတ်ပြောသင့်သလားဆိုတာသေချာမသိဘူး...
ယခုတွင်တော့ နျန်ယွီယီသည် သူ့အစ်ကိုမျက်နှာပေါ်မှ ကသိကအောက်ဖြစ်နေသည့် အမူအရာကို နားလည်သွားတော့သည်။
နျန်ယွီယီမှင်သက်နေပြီး ပြောစရာစကားလည်းမဲ့နေသည်။ တစ်ခဏလောက်တည်ငြိမ်သွားပြီးနောက် ဖိုင်များ၏ အကြောင်းအရာအားလုံးကို ကြည့်လိုက်သည်။
ပြီးသွားသည့်အခါ ပါးများမှာတောက်လောင်နေ၏။ ထိုဖိုင်များကို ဖျက်တော့မည့်အချိန်တွင် ကျိုးအာ့ဟယ်က ခေါ်လာခဲ့သည်။
ကျိုးအာ့ဟယ်: “အခုတလော အိမ်မှာသက်တောင့်သက်သာရှိရဲ့လား”
နျန်ယွီယီ: “သက်တောင့်သက်သာဖြစ်နေတယ်လို့ပြောရင် အလုပ်ပေါ်လာမယ်ဆိုတဲ့သဘောလား”
ကျိုးအာ့ဟယ်: “အေးအေးလူလူဖြစ်မနေဘူးဆိုရင်တောင်မှ အလုပ်ကရှိနေဦးမှာပဲ...ရုပ်ရှင်ပွဲတော်က စတော့မှာ...ငါမင်းကို ဖိတ်စာပို့ပေးလိုက်မယ်”
ရုပ်ရှင်ပွဲတော်...
နျန်ယွီယီသည် နှုတ်ခမ်းများကိုသပ်၍ ဖိတ်စာကိုငြင်းလိုက်သည်။
“ကျွန်တော့်အတွက် ငြင်းပေးပါဦး... ‘ကျန့်သောင်’ ရော “ကျိုးယန်ဧကရာဇ်’ ရော သည်နှစ်အတွက် ဆန်ကာတင်စာရင်းထဲမှာမပါဘူး...ကျွန်တော်တက်ဖို့ အဓိပ္ပာယ်မှမရှိတာ”
“ကော်ဇောနီလေးတောင် မလျှောက်တော့ဘူးလား” ကျိုးအာ့ဟယ်မေးလိုက်သည်။
“မလျှောက်တော့ဘူး...နောက်နှစ်ပတ်မှာ တခြားလုပ်စရာတွေရှိသေးတယ်...အရေးမကြီးရင် ရွှေ့ပေးထားလို့ရမလား” နျန်ယွီယီအကြံပြုလိုက်၏။
“အကုန်လုံးကိုလား” ကျိုးအာ့ဟယ်က ရင်းကျင်းကိုလှမ်းကြည့်ရင်း မေးလိုက်သည်။
“ခရီးထွက်မလို့လား”
“အင်း” နျန်ယွီယီ၏ပါးများတွင် အနီရောင်ရှက်သွေးလေးဖြာသွားသည်။ မျက်လုံးတွင်တော့ ရွှင်မြူးနေသည့် အငွေ့အသက်များ ရှိနေ၏။
“ဖြစ်နိုင်ရင်နှစ်ပတ်လောက်ပေါ့”
“ကောင်းပြီ” ကျိုးအာ့ဟယ် နျန်ယွီယီ၏အချိန်စာရင်းများကို စစ်ဆေးလိုက်သည်။
“ရုပ်ရှင်ပွဲတော်အပြင် တခြားလုပ်စရာသိပ်မရှိဘူး...ဒါပေမယ့် ကျိုးယန်ဧကရာဇ်ပြမှာက နောက်သုံးရက်နေရင်ရှိတယ်...မှတ်ထားဦး”
“သိပြီ...မှတ်ထားလိုက်မယ်”
ဖုန်းခေါ်ပြီးနောက် နျန်ယွီယီသည် ဘေးဘက်ဗီလာသို့သွားလိုက်သည်။
ညနေဘက်တွင် ဖန်ကျုံးချွမ်းသည်အလုပ်ပြီးနောက် အိမ်သို့ပြန်လာခဲ့သည်။
ဧည့်ခန်းတွင် မီးများထွန်းထားသော်လည်း တံခါးကိုဖွင့်လိုက်သောအခါ အထဲတွင် မည်သူမှရှိမနေချေ။
သိချင်စိတ်များဖြင့် မျက်ခုံးတစ်ဖက်ပင့်လိုက်ကာ ကုတ်အင်္ကျီအား အဝင်ဝတွင် ချိတ်လိုက်ရင်း အပေါ်ထပ်သို့ တက်လာလိုက်သည်။
အိပ်ခန်းထဲတွင် မှောင်မည်းနေ၏။ မီးများကိုဖွင့်လိုက်သည့်အခါ စောင်များအောက်တွင် ဖောင်းနေသည်ကို တွေ့လိုက်ရသည်။
“နျန်နျန်” ဖန်ကျုံးချွမ်းသည် ဆွယ်တာ၏အင်္ကျီလက်များကိုခေါက်တင်ရင်း ကုတင်နားသို့ ချဥ်းကပ်လာ၏။ “ဘာလုပ်နေတာလဲ”
“နေ...နေဦး...အဲ့မှာပဲနေ” နျန်ယွီယီ၏ ဗလုံးဗထွေးအသံက အခင်းအောက်မှထွက်လာ၏။
နာနာခံခံဖြင့် ဖန်ကျုံးချွမ်းသည် ရပ်တန့်သွားကာ မီတာအနည်းငယ်အကွာမှ ကြည့်နေလိုက်သည်။
သတ္တိများကိုစုစည်း၍ နျန်ယွီယီသည် ခြေထောက်တစ်ဖက်ကိုဆန့်ထုတ်လိုက်သည်။
သူ၏ဖြူဖွေးနေသည့်ခြေကျင်းဝတ်လေးက ဖန်ကျုံးချွမ်း၏မြင်ကွင်းထဲသို့ တစ်ခဏလေးဝင်ရောက်လာပြီးနောက် အခင်းအောက်ထဲသို့ ပြန်ဝင်သွားသည်။
ခဏလောက်တိတ်ဆိတ်သွားပြီးနောက် နျန်ယွီယီ တွန့်ဆုတ်နေလျက်နောက်တစ်ကြိမ်ထပ်ခေါ်လိုက်သည်။ “ဖန်ကျုံးချွမ်း”
“အင်း...ကိုယ်ဒီမှာရှိတယ်” ဖန်ကျုံးချွမ်း၏အသံက တယောအကြီးသံကဲ့သို့ ဖြစ်နေကာ နျန်ယွီယီအား သူ၏တည်ရှိမှုကို အသိပေးလိုက်သည်။
အသက်ပြင်းပြင်းရှူပြီးနောက် နျန်ယွီယီသည်အခင်းကိုဖယ်ကာ ဖန်ကျုံးချွမ်း၏အနက်ရောင် ရှပ်အင်္ကျီကိုသာ ဝတ်၍ ဒူးထောက်လာသည်။
အနက်ရောင်ရှပ်က လျော့ရဲရဲဖြစ်နေပြီး အပေါ်ဘက်ကြယ်သီးသုံးလုံးကိုလည်း ဖြုတ်ထားရာ ချောမွေ့ပြီး ဖြူဖွေးသည့်ပခုံးတစ်ဖက်ကို ဖော်ပြနေ၏။ ဒူးထောက်ထားသောကြောင့် အင်္ကျီက သူ၏အောက်ပိုင်းကို ဖုံးရုံလေးသာ ဖုံးနေပြီး မျက်လုံးတွင်လည်း ကျီစယ်နေသည့်အရိပ်အယောင်များ ပြည့်နှက်နေသည်။
ဖန်ကျုံးချွမ်း၏ ရှုထောင့်မှဆိုလျှင် ပန်းပုထုသလိုထုဆစ်ထားသည့် သူ၏အစိတ်အပိုင်းများမှာ ရှပ်အင်္ကျီအောက်တွင် မမြင်နိုင်ရုံလေးရှိနေသည်။
ဖန်ကျုံးချွမ်း၏မျက်လုံးထဲတွင် ရမ္မက်များ တောက်လောင်လာသည်။ သူ့ကိုယ်သူမထိန်းနိုင်တော့ဘဲ ကုတင်ဆီသို့ လျှောက်သွားလိုက်ကာ နျန်ယွီယီ၏မေးကိုပင့်၍ နှုတ်ခမ်းများကို ပြင်းပြစွာ သုံးဆောင်လိုက်တော့သည်။
သူ၏ပုံမှန်နူးညံ့သည့်အနမ်းများနှင့်မတူဘဲ နျန်ယွီယီသည် သူ့အဆုတ်များထဲမှ လေအားလုံးစုပ်ယူခံနေရသလို ခံစားရနေရသည်။ သူ့လက်များကတော့ ဖန်ကျုံးချွမ်း၏လည်ပင်းတွင် ရစ်ပတ်ထားသည်။
အနည်းငယ်အသက်ရှူကြပ်လာမှသာ နျန်ယွီယီအလွှတ်ပေးခံလိုက်ရသည်။
ဖန်ကျုံးချွမ်း၏ရင်ခွင်ထဲတွင် နားနေရင်း အသက်ကိုရှူနေကာ မျက်လုံးများတွင် မျက်ရည်စလေးများ တွဲခိုနေပြီး မျက်လုံးထောင့်များက နီနေသည်။
ဖန်ကျုံးချွမ်းက ချောမွေ့စွာနှင့် နျန်ယွီယီအား ကုတင်ပေါ်သို့ ဖိချလိုက်ကာ နျန်ယွီယီ၏နှုတ်ခမ်းထောင့်မှ တစ်ဆင့် လည်ပင်းတစ်လျှောက်၊ ညှပ်ရိုးများနှင့် ပခုံးသားများကို တစ်ဆင့်ချင်းနမ်းသွားလိုက်သည်။
ချစ်မြတ်နိုးနေသည့်မျက်လုံးများဖြင့် နျန်ယွီယီသည် ဖန်ကျုံးချွမ်းက ကုတင်ဘေးစားပွဲခုံမှ သေးငယ်သည့် “မိုးကာ” လေးတစ်ထုတ်အားထုတ်လိုက်သည်ကို တွေ့လိုက်ရကာ သူ့အာရုံများကို ချက်ချင်း ဆွဲဆောင်သွား၏။
“ဘယ်အချိန်ကဝယ်ခဲ့တာလဲ” နျန်ယွီယီ ရှုပ်ထွေးသွားသောကြောင့် မေးလိုက်သည်။
ဖန်ကျုံးချွမ်းရယ်လာ၏။ “”ကိုယ်တို့နောက်ဆုံးတစ်ခေါက် စူပါမားကတ်ကိုသွားတုန်းက ဝယ်ခဲ့တာ”
နျန်ယွီယီသည် စူပါးမားကတ်မှ အကြောင်းကိုပြန်တွေးရင်း လှိုက်ဖိုသည့်ခံစားချက်များက သူ့အာရုံများကို ဖုံးလွှမ်းလာသည်။
......
နောက်တစ်နေ့နိုးလာသောအခါ နျန်ယွီယီသည် ကျိုးအာ့ဟယ်ပြောသည့် နာကျင်မှုကို နောက်ဆုံးတွင် နားလည်သွားရသည်။
သူ၏ကိုက်ခဲနေသော အောက်ပိုင်းကို လှုပ်ရှားရန်ကြိုးစားသော်လည်း နာကျင်မှုများသာဝင်ရောက်လာခဲ့သည်။
ငါတစ်ညလုံး ကိုယ်လက်နှီးနှောခဲ့တာလား...ဒါမှမဟုတ် တောင်တက်ခဲ့တာလား...
ငြီးတွားရင်းဖြင့် နျန်ယွီယီသည် မသက်သာမှုများကို တိုက်ခိုက်ရင်း အိပ်ရာထဲမှထွက်ကာ ရေချိုးခန်းသို့ ဦးတည်လိုက်သည်။
သူ့ကိုယ်တွင် ဖုံးနေသည့် ကိုက်ရာများနှင့်လက်သည်းရာများကိုကြည့်ရင်း နျန်ယွီယီမနေနိုင်ဘဲ တိတ်တဆိတ်ဆဲရေးလိုက်သည်။
ဖန်ကျုံးချွမ်းက ခွေးလား...။
တံခါးခေါက်သံတစ်ခုက နျန်ယွီယီ၏စစ်ဆေးနေမှုများကို နှောင့်ယှက်လိုက်လေသည်။ နျန်ယွီယီ သူ့ကိုယ်သူ သဘက်ဖြင့် မြန်မြန်လေးပတ်လိုက်ကာ တံခါးဖွင့်လိုက်၏။
ဖန်ကျုံးချွမ်းက အပြင်တွင်ရပ်နေကာ နျန်ယွီယီကိုကူတွဲလိုက်သည်။ “ဘာလို့ နည်းနည်း မနားတာလဲ”
“အစ်ကိုကခွေးလား...ကျွန်တော်သည်လိုပုံစံနဲ့ အပြင်ထွက်လို့မရဘူး” နျန်ယွီယီသည် သူ့ကိုယ်ပေါ်မှ အမှတ်အသားများကို ညွှန်ပြလိုက်၏။
“ပြီးတော့ မနေ့ညက တော်ပါပြီလို့ပြောနေတာတောင် ပုံစံတွေဆက်တိုက် ပြောင်းနေသေးတယ်”
“အင်း...ကိုယ့်အပြစ်တွေပါ” ဖန်ကျုံးချွမ်းသည် နျန်ယွီယီအား ကုတင်ပေါ်တွင်ထိုင်ရန် ကူညီပေးလိုက်ကာ ငုံ့၍ ညင်သာသည့်အနမ်းလေးပေးလိုက်သည်။
“ကိုယ်နောက်တစ်ခါကျ ညင်သာပါ့မယ်”
နျန်ယွီယီ ရေရွတ်လိုက်၏။ “ကျွန်တော် ပုစွန်အစပ်စားချင်တယ်”
“မရဘူး...မနေ့ညကြောင့်...နည်းနည်းပေါ့ပေါ့ပါးပါးကို စားသင့်တယ်” ဖန်ကျုံးချွမ်းပြောလိုက်ကာ နျန်ယွီယီကို ကြည့်လိုက်သည်။
“အိမ်အကူက သည်မနက် ဆန်ပြုတ်ပြုတ်ထားတယ်...ကိုယ်သွားယူပေးမယ်”
မနေ့ကကြည့်ထားသည့် ဖိုင်များကို ပြန်သတိရသွားမှသာ နျန်ယွီယီ သဘောတူညီမှုဖြင့် ခေါင်းညိတ်လိုက်သည်။
ဖန်ကျုံးချွမ်းသည် နျန်ယွီယီအား တစ်ဇွန်းပြီးတစ်ဇွန်းကျွေးပြီးနောက် သက်တောင့်သက်သာရှိစေရန် ခေါင်းအုံးကို နေရာပြင်ပေးလိုက်သည်။
သူတို့အိပ်ရာပေါ်သို့ တက်လာသည်နှင့် သဘက်လေးမှာ ကြမ်းပြင်ပေါ်သို့ ပစ်ချခံလိုက်ရပြီး “မိုးကာ” များစွာကတော့ ကုတင်ဘေး အမှိုက်ပုံးထဲတွင်ရှိနေသည်။
စားပြီးနောက် နျန်ယွီယီအိပ်ချင်လာပြီး ခေါင်းအုံးကိုမှီ၍ ချက်ချင်းအိပ်ပျော်သွားတော့သည်။
ဖန်ကျုံးချွမ်း အမှိုက်ပစ်ပြီး၍ ပြန်လာသောအခါ ထိုမြင်ကွင်းလေးကိုတွေ့လိုက်ရသည်။
နျန်ယွီယီက မျက်လုံးများပိတ်နေပြီး အနည်းငယ်ပြုံးနေကာ ခေါင်းအုံးကို မှီ၍ အိပ်ပျော်နေ၏။ သူ၏ ဖြူဖွေးနေသည့်ပခုံးသားများက စောင်အောက်မှ ထွက်နေသည့် အနီရောင် “စတော်ဘယ်ရီလေးများ”
နှင့် ဖုံးလွှမ်းနေပြီး အနက်ရောင်အခင်းများနှင့် ဆန့်ကျင်လျက် ဆွဲဆောင်မှုပြင်းနေတော့သည်။
ဖန်ကျုံးချွမ်း သူ့အား စောင်သေချာခြုံပေးလိုက်ပြီးနောက် ချစ်ခြင်းများနှင့်ပြည့်နှက်လာရာ နဖူးပေါ်သို့ ညင်သာသည့် အနမ်းလေးခြွေလိုက်လေတော့သည်။
🫶