🫶Chapter 63
ရင်းကျင်းနှင့်အတည်ပြုပြီးနောက် ကျိုးအာ့ဟယ်သည် နျန်ယွီယံထံဖုန်းထပ်ဆက်လိုက်သည်။
“ရင်းကျင်းက ရွှီရင်းကျယ်ကွာရှင်းထားတဲ့အကြောင်း မကြားမိဘူးလို့ ပြောတယ်”
ကျိုးအာ့ဟယ်၏ စကားအဆုံးတွင် အသံတုန်ယင်သွားကာ သူ၏စိတ်လှုပ်ရှားနေမှုများက သစ္စာဖောက်နေသည်။
“သူကွာရှင်းမထားဘူးဆိုရင် အစ်ကိုကဘာလို့ဒေါသထွက်နေတာလဲ”
“မင်းနားမလည်ဘူး…အရင်က ငါကပွဲကြည့်တဲ့သူ…ဒါပေမယ့် အခု ငါက ဒရာမာကိုဖန်တီးမယ့်သူပဲ” ကျိုးအာ့ဟယ် ကိုယ့်ကိုကိုယ် တည်ငြိမ်အောင်လုပ်ရန် အချိန်တစ်ခုလောက် ယူလိုက်ရသည်။
“ဒါပေမယ့်…ရွှီရင်းကျယ်မိန်းမရဲ့ မောင်က မင်းရဲ့ဒုတိယအစ်ကိုနဲ့ သင့်မြတ်တယ်လို့ ငါမှတ်မိတယ်…ရှဲ့ယီကျိုးကို မေးကြည့်ပါလား”
“ကောင်းပြီ…ကျွန်တော်သူ့ကိုမေးလိုက်မယ်”
“ဘာသိရလဲငါ့ကိုလှမ်းပြောဦး…ဇာတ်ကြောင်းရဲ့ နောက်အလှည့်အပြောင်းကို အရမ်းစိတ်လှုပ်ရှားနေပြီ”
“…သေချာပေါက်ပဲပေါ့”
ဖုန်းချပြီးနောက် နျန်ယွီယီသည် ချက်ချင်း ဓာတ်ပုံအား ရှဲ့ယီကျိုးကိုမပြလိုက်ဘဲ ရွှီရင်းကျယ်ကွာရှင်းထားသလားဟုပဲ မေးလိုက်သည်။
ရှဲ့ယီကျိုး ဖြေလာသည်။ [ဟင့်အင်း…သူ့မိန်းမက အခုကိုယ်ဝန်ရှစ်လကြီးနဲ့…ရွမ်လဲ့ကျီက တစ်ခါတလေ တူမလေးကို မျှော်လင့်တဲ့အကြောင်း လူမှုစာမျက်နှာပေါ်မှာ တင်တတ်တယ်]
ရှဲ့ယီကျိုး၏စာကိုဖတ်ပြီးနောက် နျန်ယွီယီသည် အခြေအနေကို အကြမ်းဖျင်းနားလည်သွားကာ ဓာတ်ပုံကို မည်သူရိုက်ခဲ့ကြောင်းသိသွားသည်။
ရွှီရင်းကျယ်က ဆယ်လီများနှင့်ပါပါရာဇီများကို ဘယ်တော့မှ တိုက်ရိုက်ဆက်သွယ်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ဓာတ်ပုံက ဟယ်ရှောင်ရှောင်ထံမှ ပြန့်သွားတာဖြစ်ရမည်။ ရွှီရင်းကျယ်အတွက်ကတော့…။
နျန်ယွီယီသည် ရွှီရင်းကျယ်၏အခြေအနေအား ရှဲ့ယီကျိုးနှင့်မည်သို့ဆွေးနွေးရမည်ကို တွေးလိုက်သည်။ သူ၏ဒုတိယအစ်ကိုနှင့် ရွှီရင်းကျယ်၏ယောက်ဖဖြစ်သည့် ရွမ်လဲ့ကျီတို့က ဆက်ဆံရေးကောင်းကြသည်။
သို့သော် နျန်ယွီယီ၏ ထူးဆန်းသည့်မေးမြန်းမှုက တစ်ခုခုမှားနေကြောင်း ရှဲ့ယီကျိုးသတိထားမိသွားသည်။
ရှဲ့ယီကျိုး စာထပ်ပို့လာ၏။ [ရွှီရင်းကျယ်ကိုတွေ့လိုက်လို့လား]
နျန်ယွီယီ ဂရုတစိုက်ဖြင့် ပြန်ဖြေလိုက်သည်။
[အဲ့လိုမဟုတ်ဘူး…ဖက်ရှင်ရှိုးကပုံတွေကိုကြည့်ရင်းနဲ့ ရွှီရင်းကျယ်က သူ့ဘေးမှာ ဟယ်ရှောင်ရှောင်နဲ့ ကျွန်တော်တို့နဲ့ မျက်စောင်းထိုးမှာ ထိုင်နေတာ တွေ့လိုက်လို့…]
ထိုစာကိုပို့ပြီးနောက် နျန်ယွီယီ ပြန်စာမရတော့ချေ။ ရှဲ့ယီကျိုးအိပ်ပျော်သွားတာ သို့မဟုတ် ရေသွားချိုးတာ ဖြစ်လိမ့်မည်ဟု တွေးနေချိန်တွင် တံခါးခေါက်သံထွက်လာသည်။
နျန်ယွီယီ တံခါးဖွင့်လိုက်ရာ ရှဲ့ယီကျိုးကဖုန်းကိုကိုင်၍ ညအိပ်ဝတ်စုံဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။
“ဓာတ်ပုံကဘယ်မှာလဲ”
နျန်ယွီယီသည် သူ့ကိုပြရန် ဓာတ်ပုံကိုဖွင့်ပေးလိုက်သည်။
ရှဲ့ယီကျိုးက ဓာတ်ပုံကိုတိတ်တဆိတ်လေ့လာပြီးနောက် ဖုန်းထဲမှ နံပါတ်တစ်ခုကိုခေါ်လိုက်သည်။
တစ်ဖက်မှလူက အလုပ်များနေပုံရသည်။ ဖုန်းကိုင်မလာချေ။ ထို့ကြောင့် ရှဲ့ယီကျိုးက ဓာတ်ပုံကိုသာ ပို့လိုက်၏။ တံခါးကိုမှီ၍ စီးကရက်တစ်လိပ်ကိုထုတ်လိုက်သည်။ မီးညှိရန်ပြင်လိုက်သည့်အခါ သူ နျန်ယွီယီ၏ အကြည့်များနှင့်ဆုံသွား၏။
ရှဲ့ယီကျိုး စီးကရက်အား ပြန်ချလိုက်သည်ကိုမြင်သောအခါ နျန်ယွီယီက ကိစ္စမရှိကြောင်းပြောလိုက်သည်။
ရှဲ့ယီကျိုးက လုပ်နေကျအတိုင်း ခေါင်းကိုလက်ဖြင့် ပွတ်လိုက်သည်။ “ဆေးလိပ်အနံ့ရှူမိတာကလည်း ကျန်းမာရေးအတွက်မကောင်းဘူး”
ရှဲ့ယီကျိုးသည် ဆေးလိပ်သောက်ခြင်းကို စွဲလမ်းမနေဘဲ သယ်ဆောင်သွားခြင်းမျိုးလည်းမရှိချေ။ သူ့ညအိပ်ဝတ်စုံထဲတွင် ရှိနေသည်က ဟိုတယ်မှပေးထားတာဖြစ်သည်။
နျန်ယွီယီက နူးညံ့စွာဖြင့် “အိုး” ဟုအသံပြုလိုက်ကာ ရှဲ့ယီကျိုးကိုမော့ကြည့်လိုက်၏။
“အစ်ကို...ဒေါသထွက်နေလား”
“ဟင့်အင်း...ရွမ်ရှောင်ဟွေ့အတွက် မတရားသလို ခံစားမိရုံပါ” ရှဲ့ယီကျိုးက မီးမညှိရသေးသည့် ဆေးလိပ်ကို လက်ထဲတွင် ဖိချေလိုက်၏။
“ဒါပေမယ့်...ဒါကငါတို့နဲ့မဆိုင်ဘူးလေ...ဓာတ်ပုံကို ရွမ်လဲ့ကျီဆီပို့ထားပြီးပြီ... သူကိုင်တွယ်လိမ့်မယ်”
နျန်ယွီယီ ဘာမှမပြောနိုင်သေးခင်မှာပင် ရှဲ့ယီကျိုးက အိပ်တော့ရန်ပြော၍ လှည့်ထွက်သွားတော့သည်။
ရှဲ့ယီကျိုး၏ထွက်ခွာသွားပြီးနောက် နျန်ယွီယီသည် စိတ်မငြိမ်သောကြောင့် အိပ်မပျော်နိုင်ဖြစ်နေ၏။ လင်းရီယွဲ့ သူ့အတွက်ထည့်လာသည့်ဘဲရုပ်ကလေးကိုကိုင်၍ သူ ဖန်ကျုံးချွမ်း၏ အခန်းသို့ ဦးတည်လိုက်သည်။
ဖန်ကျုံးချွမ်းက သူ့အား သော့အပိုတစ်ချောင်းပေးထားသောကြောင့် တံခါးခေါက်စရာမလိုချေ။ သူ တန်းဝင်သွားနိုင်သည်။
အခန်းက လူမရှိသော်လည်း ရေများကျဆင်းနေသည့်အသံက နျန်ယွီယီ၏ အာရုံကိုဖမ်းစားသွားသည်။
ဖန်ကျုံးချွမ်းရေချိုးနေသည်ပင်။
နျန်ယွီယီ၏ စိတ်ထဲတွင် ပုံရိပ်တစ်ခုပေါ်လာ၏။ ရေခိုးရေငွေ့များထဲမှ ဖန်ကျုံးချွမ်း၏ မျက်နှာနှင့်ခန္ဓာကိုယ်...။
အတွေးများက မရပ်တန့်သွားသောကြောင့် နျန်ယွီယီသည် ဧည့်ခန်းတွင် လမ်းလျှောက်နေရင်း စိတ်ကိုအလုပ်ပေးထားလိုက်သည်။
နောက်ဆုံးတွင် ပြတင်းပေါက်ဆီသို့ ရွေ့သွားကာ အောက်ဖက်ရှိလမ်းမှ နီယွန်မီးရောင်များကို ကြည့်နေလိုက်သည်။
ကြည့်နေချိန်တွင် စောစောကပုံရိပ်က စိတ်ထဲတွင် ပြန်ပေါ်လာသည်။ နျန်ယွီယီ၏ ပါးများမှာပူလောင်၍ နီလာတော့သည်။ ခေါင်းငုံ့ရင်း မျက်နှာကိုလက်ဖြင့်အုပ်ကာ စိတ်လျှော့စေလိုက်၏။
ရုတ်တရက် လက်တစ်စုံက သူ့အနောက်မှ ပွေ့ဖက်လာသည်။ လှည့်ကြည့်လိုက်သောအခါ နျန်ယွီယီသည် ဖန်ကျုံးချွမ်း၏မျက်နှာကို တွေ့လိုက်ရသည်။ အောက်ပိုင်းကို သဘက်ပတ်ထားကာ စိုနေသည့်ဆံပင်များတွင် ရေများက တစက်စက်ကျနေဆဲဖြစ်သည်။
“ဘာတွေကြည့်နေတာလဲ” ဖန်ကျုံးချွမ်း၏လက်က နျန်ယွီယီ၏မျက်နှာပေါ် ရှပ်ပြေးလာသည်။ “ဘာလို့ မျက်နှာနီနေတာလဲ”
“ဘာမှမဟုတ်ပါဘူး...အဲ့ဒါက...ဘာမှမဟုတ်ဘူး” နျန်ယွီယီ ထစ်အစွာဖြင့်ဖြေလိုက်သည်။ မျက်လုံးများကတော့ ဖန်ကျုံးချွမ်း၏ ကောင်းမွန်စွာဖြစ်ထွန်းနေသည့် ဗိုက်ကြွက်သားများတွင်ရှိနေ၏။
နျန်ယွီယီ၏ အကြည့်များနောက်သို့လိုက်ရင်း ဖန်ကျုံးချွမ်းရယ်လိုက်သည်။ “ထိကြည့်ချင်လား”
ထိချင်တယ်...
“အင်း”
ဖန်ကျုံးချွမ်း၏ဗိုက်ကြွက်သားများကို လက်နှစ်ဖက်ဖြင့်ကိုင်ရင်း တည်ရှိနေသည့် ခွန်အားများကို ခံစားမိရာ ပြေလျော့သွားသည့် ပါးနှစ်ဖက်မှာ ပြန်၍နီလာပြန်တော့သည်။
“အလုပ်လုပ်နေရင်းနဲ့လည်း ဘယ်လိုလုပ်ကြွက်သားတွေရှိနေရတာလဲ” သူ၏နူးညံ့ပြီး ဖြူဖွေးသည့် ဗိုက်ကလေးအား မနာလိုဖြစ်လျက် နျန်ယွီယီနှာရှုံ့လိုက်သည်။
ဖန်ကျုံးချွမ်းပြန်ဖြေလာသည်။ “တတိယထပ်မှာ အားကစားရုံရှိတယ်လေ...ရောက်ဖူးလား”
နျန်ယွီယီ : “...မရောက်ဖူးဘူး”
“အခန်းထဲမှာထိုင်ရအောင်...ကိုယ်ခေါင်းအခြောက်ခံလိုက်ဦးမယ်” နျန်ယွီယီအပေါ်သို့ ရေများ တစက်စက်ကျမည်စိုးသောကြောင့် ဖန်ကျုံးချွမ်းက သူ့ကိုခဏလေးသာဖက်ကာ လွှတ်ပေးလိုက်သည်။
“ကျွန်တော်လုပ်ပေးမယ်” နျန်ယွီယီက ဖန်ကျုံးချွမ်းအား ဆိုဖာပေါ်သို့ တွန်းချ၍ ဆံပင်အခြောက်ခံစက်အား စိတ်အားထက်သန်စွာဖြင့် သွားယူရင်း ဖန်ကျုံးချွမ်း၏ဆံပင်များကို စတင်အခြောက်ခံပေးလိုက်သည်။
ဖန်ကျုံးချွမ်း၏ဆံပင်များက နျန်ယွီယီလောက်မထူသော်လည်း ကိုင်လို့ကောင်းသည်။
နျန်ယွီယီက ဖန်ကျုံးချွမ်း၏ဆံပင်နှင့် ဆော့ကစားတွင် နစ်မြုပ်နေပြီး ဆံပင်များခြောက်သွားသည့်တိုင် မရပ်ချင်ဖြစ်နေသည်။
အံ့ဩနေသည့် ဖန်ကျုံးချွမ်းက နျန်ယွီယီ၏လက်ကိုကိုင်၍ သူဘေးသို့ဆွဲလိုက်သည်။
“ရုတ်တရက်ကြီး ဒီကိုဘာလို့ ရောက်လာတာလဲ”
ရွမ်မိသားစုအကြောင်း ဖန်ကျုံးချွမ်းဆီမှ အကြံဉာဏ်ရရန်မျှော်လင့်ရင်း နျန်ယွီယီသည် ဖက်ရှင်ရှိုး၌ ရွှီရင်းကျယ်ကိုတွေ့သည့်အကြောင်း ပြောပြလိုက်သည်။ သို့သော် သူ့ကိုအံ့ဩသွားစေသည်က သူ့အလုပ်မှလွဲ၍ ဖန်ကျုံးချွမ်းသည် မသိဘဲရှိနေသည်ကို တွေ့လိုက်ရသည်။
သူရှာဖွေနေသည့် အချက်များကိုစုဆောင်းမရသောအခါ နျန်ယွီယီလွတ်မြောက်ရန်ကြိုးစားလိုက်သော်လည်း ဖန်ကျုံးချွမ်း၏ ဆွဲ၍နမ်းခြင်းကိုခံလိုက်ရသည်။
“မင်းရဲ့ကောင်လေးကို အိပ်ပျော်အောင် မကူညီချင်ဘူးလား”
ဖန်ကျုံးချွမ်း၏ အက်ရှရှအသံက ညှို့အားပြင်းပြင်းဖြင့် နျန်ယွီယီ၏ နားများကိုရိုက်ခတ်နေသည်။
တစ်ကိုယ်လုံးအားနည်းလာပြီး နျန်ယွီယီခေါင်းအသာလေးငြိမ့်ကာ ဖန်ကျုံးချွမ်း၏ပခုံးအား ကိုင်၍ ထိန်းလိုက်သည်။
အပြုံးတစ်ခုနှင့်အတူ ဖန်ကျုံးချွမ်းက နျန်ယွီယီအား အိပ်ခန်းဆီသို့ ခေါ်သွားလေသည်။
အိပ်ရာပေါ်သို့ ရောက်သောအခါ သူတို့နှစ်ယောက်လုံး ပွေ့ဖက်နေသည့်အနေအထားဖြင့် လဲကျသွားကြသည်။
လျင်မြန်စွာဖြင့် နျန်ယွီယီက ဖန်ကျုံးချွမ်းအပေါ်သို့တက်၍ ဖိထားလိုက်သည်။ “အစ်ကိုကအမြဲတမ်း ကျွန်တော့်ကို ဖိနေကျ...အခုက ကျွန်တော့်အလှည့်ပဲ”
ဖန်ကျုံးချွမ်းအား အပေါ်မှဖိထားသောကြောင့် နျန်ယွီယီသည်ဖန်ကျုံးချွမ်း၏ခုခံမှုအောက်တွင် ယိမ်းခါနေသည်။
ဖန်ကျုံးချွမ်းမှာ အလွန်စိတ်လှုပ်ရှားလာပြီး ထိန်းချုပ်ထားသည့်အသံဖြင့်ပြောလိုက်၏။ “နျန်နျန်...ဖယ်”
“မဖယ်ပါဘူး” နျန်ယွီယီက ခေါင်းကိုစောင်း၍ ယုံကြညည်ချက်ရှိရှိဖြင့် ဆိုလာ၏။ “ဒီနေ့ ကျွန်တော်ဦးဆောင်မယ်”
စကားပြောပြီးသွားသည့်အခါ ပူလောင်နေပြီးတောင့်နေသည့်တစ်ခုခုက သူ့အနောက်အားလာထောက်နေသည်ကို နျန်ယွီယီခံစားလိုက်ရပြီး အရှေ့သို့ တိုးလိုက်သည်။
“ဘာလို့လဲ...ထပ်မလှုပ်တော့ဘူးလား” ဖန်ကျုံးချွမ်းက လည်ချောင်းသံဖြင့် ပြောကာ နျန်ယွီယီအား ပိုနီးကပ်အောင် ဆွဲလိုက်ကာ အကွာအဝေးကို နီးကပ်စေလိုက်သည်။
“ကျွန်တော်..ကျွန်တော်မလှုပ်နိုင်ဘူး” နျန်ယွီယီနေရာတွင်တောင့်ခဲနေရင်း ဝန်ခံလိုက်သည်။
“အစ်ကို...ရေအေးနဲ့ မြန်မြန်ချိုးလိုက်ပါ့လား”
ဖန်ကျုံးချွမ်း၏မျက်လုံးထဲတွင် ရွှင်မြူးရိပ်များဖြတ်ပြေးသွားသည်။
“ကိုယ့်ကောင်လေးက ကိုယ့်ကို အပေါ်ကနေ ဖိထားပြီး အခုတော့ ရေချိုးခန်းထဲမှာ သွားဖြေရှင်းခိုင်းနေတာပေါ့လေ...ဟင်”
“ကျွန်တော်...ကျွန်တော်...” သူ့အောက်မှတိုးလာသည့် အပူချိန်ကိုခံစားမိရင်း နျန်ယွီယီပင့်သက်ရှိုက်လိုက်သည်။
“ကျွန်တော်ကြောက်တယ်”
.....
ရေချိုးခန်းထဲမှ ရေကျနေသည့်အသံက နောက်တစ်ခါ ပျံ့နှံ့လာသည်။ စောင်ကိုဆွဲရင်း နျန်ယွီယီ အိပ်ရာပေါ်တွင် ထိုင်ကာ စောစောက ကြောက်ရွံ့မှုများနှင့်အံ့ဩမှုများက မျက်လုံးထဲတွင် ထင်ဟပ်နေဆဲဖြစ်သည်။
သူယခုလေးတင် ကြုံတွေ့လိုက်ရသည့် အရွယ်အစားကိုပြန်တွေးရင်း သူတို့သာ ကိုယ်လက်စပ်ယှက်ပါက သူအသက်ရှင်လိမ့်မည်မဟုတ်ကြောင်း နျန်ယွီယီယုံကြည်သည်။
သေစမ်း...အခုပိုပြီးတောင် ကြောက်ဖို့ကောင်းလာပြီ...။
ဖန်ကျုံးချွမ်း ရေချိုးခန်းထဲမှ နောက်တစ်ခါပြန်ထွက်လာသောအခါ ငူငိုင်နေဆဲဖြစ်သည့် နျန်ယွီယီကိုတွေ့လိုက်ပြီး နမ်းရန် ရွှင်မြူးစွာဖြင့် အနားသို့တိုးသွားလိုက်သည်။
“ကြောက်နေတုန်းလား”
နျန်ယွီယီ ခေါင်းညိတ်လိုက်ကာ တစ်ခုခုကိုပြောချင်သကဲ့သို့ ပါးစပ်ဖွင့်လိုက်ပိတ်လိုက်လုပ်နေသော်လည်း တွန့်ဆုတ်နေသည်။
“ဟင်”
သတ္တိများကိုစုစည်း၍ နျန်ယွီယီအသက်ပြင်းပြင်းရှူလိုက်သည်။
“ကျွန်တော်တို့...အနာဂတ်မှာ...ကိုယ်လက်နှီးနှောရင် ပြဿနာရှိမယ်ထင်တယ်”
***
စာရေးသူမှာပြောစရာရှိပါတယ်
နျန်ယွီယီ : “အစ်ကိုကအရမ်းကြီးလွန်းတယ်...ကျွန်တော်ကိုင်တွယ်နိုင်လိမ့်မယ်မထင်ဘူး “
🫶