Chapter 68.1
Viewers 7k

Chapter - 68.1

(မြန်မြန် ပေါင်မုန့်တွေလုပ်လာတယ်!!)

လဝက်အတွင်း ဇာစ့်တို့နှင့် ဖက်ဒရေးတို့သည် အချင်းချင်း ‌ သွေးပူအောင် စစ်ဆေးဆဲကာလဖြစ်‌သောကြောင့် စီဆဲလ်နှင့်ကျောင်းမြန်တို့လည်း ပြန်လည်တိုက်စစ်ဆင်ရန် ဗျူဟာများရေးဆွဲကာ ဆွေးနွေးနေကြပြီး တပ်ဖွဲ့ဝင်များကို နေ့စဥ် တင်းကြပ်စွာ ဖြန့်ကျက် ထားသဖြင့် တပ်ဖွဲ့အတွင့်ရှိ လေထုမှာ ပိုမိုတင်းမာလာသည်။

ကုရှင်းချီသည်လည်း သူတို့ကို ကူညီရန် နယ်စပ်မှ စစ်သားများကို ပြန်ခေါ်လာခဲ့သည်။

ယခုအချိန်တွင် စီဆဲလ် နှင့် ကျောင်းမြန် တို့သည် အခန်းထဲ၌ ရှားပါးသော အားလပ်ချိန်များကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြသည်။

စီဆဲလ်သည် အခန်းထဲတွင် စန္ဒယားတစ်လုံးထည့်ထားပြီး ကျောင်းမြန်နှင့် အတူတီးနေလေသည်။ သူ၏ လက်တစ်ဖက်ဖြင့် ကျောင်းမြန်အား ဆုပ်ကိုင်ထားပြီး နောက်လက်တစ်ဖက်သည် ကျောင်းမြန်၏ လက်ချောင်းများ လှုပ်ရှားသည့်အတိုင်း တီးနေလေသည်။

"အရမ်းခက်တာပဲ......" 

စီဆဲလ်သည် ကျောင်းမြန်၏ ပခုံးပေါ် ခေါင်းတင်ကာ..... ညည်း၏။

"လွယ်တာပဲ သင်ပေးတော့.... လရောင်ကို မသင်ချင်တော့ဘူး..."

ကျောင်းမြန် မရယ်ဘဲ မနေနိုင်တော့ပေ။

ဒီလူသည် သူ့ဆီကနေ စန္ဒယားတီးတတ်ချင်သည်ဟု ပထမဆုံးပြောသည့် အချိန်တုန်းက ကျောင်းမြန်သည် သူ့ကို အခြေခံက‌နေ စသင်ပေးချင်သော်လည်း စီဆဲလ်သည် လရောင်ကိုသာ တစ်ခါတည်းသင်ပေးရန် ဖိအားပေးခဲ့သည်။

"အစကတည်းက ပြောသားပဲ..." 

ကျောင်းမြန်သည် စီဆဲလ်၏ လက်အား ဆုပ်ကိုင်ထားရင်း ပြော၏။

"ဒါ တီးတာသာ ခြင်္သေ့လေးကြားရင် ရှက်စရာပဲနော်..."

ကျောင်းမြန် ဗိုက်ထဲမှ ကလေးလေးအား ယောက်ျားလေးဖြစ်ကြောင်း အတည်ပြုပြီးသည့်နေ့မှစ၍ စီဆဲလ်သည် သူ့ကို ခြင်္သေ့တစ်‌ကောင်ကဲ့သို့ ရဲရင့်စွာ ဦးဆောင်နိုင်မည်ဟု မျှော်လင့်သောကြောင့် 'လီယို'ဟု အမည်ပေးခဲ့သည်။

"သူက ကိုယ့်ကိုမထီမဲ့မြင် လုပ်ရဲတယ်ပေါ့..."

စီဆဲလ်သည် ကျောင်းမြန်၏ဗိုက်အား ပွတ်ကာ... ပြုံးပြီး ပြောလိုက်သည်။

"ဒီကောင်လေးက မြန်မြန့်ကို လုယူဖို့ ကြိုးစားနေတာပဲ..." 

ကျောင်းမြန်လည်း ကူကယ်ရာမဲ့စွာဖြင့်.....

"ခင်ဗျား ဘာတွေပြောနေတာလဲ"

"ကိုယ် မနာလိုဘူးလို့..." 

စီဆဲလ်သည် တမင်တကာ နှုတ်ခမ်းစူလိုက်သည်။

"ခင်ဗျား..." 

ကျောင်းမြန်သည် စီဆဲလ်၏ခါးအား လက်နှစ်ဖက်ဖြင့် ဖက်ကာ ငေါ့လိုက်သည်။

"ဒါတောင် ခင်ဗျားက ရေတပ်ဗိုလ်ချုပ်ကြီးတဲ့လား....!"

စီဆဲလ်သည် ပြုံးပြီး ခေါင်းငုံ့ကာ ကျောင်းမြန်၏ နဖူးကို နမ်းလိုက်သည်။

'ဒေါက်...ဒေါက်'

နှစ်ယောက်သား အံ့ဩသွားကြသည်။

"ဗိုလ်ချုပ်ကြီး...."

ကုရှင်းချီ၏ အသံသည် တံခါးအပြင်ဘက်မှ ထွက်လာသည်။

"သတင်းပို့ပါတယ်!"

‌စီဆဲလ်သည် ကျောင်းမြန်ကို တွန့်ဆုတ်စွာ လွှတ်ပေးလိုက်ပြီး သူ့ကော်လာကို ပြန်ပြင်ကာ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။

"ဝင်ခဲ့.."

ကုရှင်းချီ တစ်ယောက်တည်းသာ ဝင်လာပြီး စစ်ယူနီဖောင်းကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး မျက်နှာမသာမယာဖြင့် သူ၏ဓါးကို လက်တစ်ဖက်မှ ကိုင်ထားရင်း ရှေ့သို့တိုးကာ အစီရင်ခံလေသည်။

"နယ်ခြားစောင့်တပ် တစ်ဝက်လောက် ရောက်ပြီး နေရာယူပြီးပါပြီ.... အကုန်လုံးက ဗိုလ်ချုပ်ကြီးရဲ့ အမိန့်ကို စောင့်နေကြပါတယ်....!" 

"ကောင်းပြီ" 

စီဆဲလ် ခေါင်းညိတ်ပြလိုက်သည်။

စီဆဲလ်နှင့် ကုရှင်းချီတို့ အတန်ကြာ ဆွေးနွေးပြီးနောက်၊ စီဆဲလ်သည် မျက်ခုံးကိုပင့်ကာ မေးလိုက်သည်။

"အယ်လန်နဲ့ တွေ့ပြီးပြီလား..."

ကုရှင်းချီ၏အမူအရာမှာ လေးနက်သွားကာ ပြတ်သားစွာ ပြော၏။

"ကျွန်တော် သူ့ကို အရင်သွားတွေ့တာပါ ..." 

စီဆဲလ်နှင့် အခြားသူများနှင့်အတူ ဆွေးနွေးပြီး စစ်တပ်ကိုတရားဝင်မပြောင်းရွှေ့မီ ကုရှင်းချီသည် ဟွမ်ရှင်းသို့ အရင်သွားကာ အယ်လန့်အား အရင်သွား‌တွေ့ခဲ့သည်။

"ဟင်..!" 

စီဆဲလ်သည် ပြုံးကာ

"မင်းတို့ ရန်ဖြစ်လာကြတာလား"

ကုရှင်းချီ တိတ်ဆိတ်နေခဲ့သည်။

အယ်လန်ကို မြင်လိုက်သည့်အချိန်တွင် သူသည် လူတစ်ဦးကို ပွေ့ဖက်ပြီး ချိုသာစွာ ပြုံးပြကာ စကားပြောနေပြီး သူ့(ကုရှင်းချီ)ကို လျစ်လျူရှုထားသည်။

ကုရှင်းချီသည် ထိုလူ၏နောက်ကျောကို အလွန်ရင်းနှီးနေသည်ဟု ခံစားမိသော်လည်း သူ့တွင် အနီးကပ်သွားကြည့်ရန် အချိန်မရှိပေ။ သူ့ရင်ထဲမှ ဒေါသကို ထိန်းချုပ်ရန် သူဘယ်လောက် ကြိုးစားခဲ့ရသည်မှာ ဘုရားသာသိနိုင်သည်။

"အစ်ကို... မြို့တော်ကိုပြန်ရောက်ရင် ကျွန်တော်တို့လက်ထပ်ကြမယ်နော်..."

မှောင်မိုက်သောစင်္ကြံထက်တွင် အယ်လန်သည် လက်ညှိုးလေး ဝင့်ကာ ဝင့်ကာဖြင့် ခပ်တိုးတိုးလေးရယ်ကာ ...

"သဘောတူလား.."

ထို့နောက် ထိုလူက ခပ်ဖွဖွ ခေါင်းညိတ်ပြပြီး သူတို့နှစ်ဦးသည် အနီးနားတွင် အခြားမည်သူမျှမရှိဘူးထင်ကာ ပြုမူ‌နေကြသဖြင့် သူ့ကို သတိမထားမိကြပေ။

ထိုအချိန်တွင် ကုရှင်းချီသည် ဒေါသထွက်ရုံသာ တတ်နိုင်ပြီး သူ့တွင် အယ်လန်၏ဘဝအား ဝင်ရောက်စွက်ဖက် ပိုင်ခွင့် မရှိသောကြောင့် ‌ဒေါသကို ထိန်းကာ ရှောင်ထွက်လာခဲ့သည်။

စီဆဲလ် နှင့် ကျောင်းမြန်တို့သည် ကုရှင်းချီ၏အမူအရာကို ကြည့်လိုက်သည်နှင့် ဘာဖြစ်လာမှန်း တန်းသိလိုက်ရသဖြင့် စိတ်မကောင်းဖြစ်ရုံသာ တတ်နိုင်လေသည်။

ဒီ အယ်လန်ကတော့.... တစ်ခုခုပဲ။

ကျောင်းမြန်လည်း ငြိမ်သွားပြီး ဘာပြောပေးရမှန်းမသိဖြစ်နေချိန်တွင် ကုရှင်းချီက ပြန်ထွက်သွားပြီဖြစ်ရာ ထိုအချင်းအရာအား မကျေမနပ်ဖြင့်သာ စိုက်ကြည့်နေလိုက်မိသည်။

ကုရှင်းချီ ထွက်သွားပြီးနောက် ကျောင်းမြန် နှင့် စီဆဲလ်တို့သည်တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

"စိတ်မပူပါနဲ့" 

စီဆဲလ်က ပြုံးကာ ကျောင်းမြန်၏ ပခုံလေးအား ခပ်ဖွဖွပုတ်ကာ နှစ်သိမ့်လိုက်သည်။

"သူတို့က ငယ်ငယ်ကတည်းက အဲ့လိုပဲ..."

ကျောင်းမြန်လည်း ခေါင်းသာညိတ်ပြလိုက်တော့သည်။

"ဒါပေမယ့် အခု ယုံပြီလား" 

စီဆဲလ်သည် မျက်ခုံးပင့်ကာ ပြောလိုက်သည်။

" ကိုယ်က ကုရှင်းချီထက် တော်တယ်မလား.."

ကျောင်းမြန် မရယ်နိုင်‌တော့ပေ။

တစ်ဖက်မှ ကုရှင်းချီသည်လည်း စီဆဲလ်အား သတင်းပို့ပြီးနောက် သူ၏စစ်သင်္ဘောသို့ ပြန်သွားရန် စီစဉ်ခဲ့သည်။

ပြန်သွားမယ်ဆိုရင်......

ကုရှင်းချီလည်း ရပ်လိုက်ပြီး သူ၏အနက်ရောင် ဘွတ်ဖိနပ်ကို ငုံ့ကြည့်လိုက်သည်။

-အယ်လန်လည်း ဒီမှာ ရှိနေတယ်...... အဲ့တော့ ငါ သူ့ကို
 သွားတွေ့သင့်လား။ အနည်းဆုံးတော့ နှုတ်ဆက်လိုက်ပါ့မယ်.... နှုတ်ဆက်ရုံပဲ... ဘာအတွက်မှ မဟုတ်ပါဘူး။

ကုရှင်းချီ သူ၏စိတ်ထဲတွင် ဝေခွဲရခက်နေသေးသော်လည်း သူ့ခန္ဓာကိုယ်သည် အလွန်ရိုးသားစွာဖြင့် ပင်မတိုက်ပွဲဝင်သင်္ဘောပေါ်ရှိ ယာယီအပင်စက်ရုံဆီသို့ သူ့ခြေထောက်များက လျောက်လှမ်းနေပြီဖြစ်သည်။

"အ...!'

ကုရှင်းချီ အံ့သြသွားသည်။

စက်ရုံရှေ့သို့ သူခြေချလိုက်သည်နှင့် အယ်လန်သည် သေတ္တာကြီးတစ်လုံးကို ကိုင်ကာ လဲကျနေသည်ကို တွေ့လိုက်ရသည်။

"အရှင့်သား...!" 

တစ်ဖက်ခြမ်းမှ သုတေသီတစ်ယောက်သည် အပြေးရောက်လာပြီး မေးလိုက်သည်။

"အဆင်ပြေရဲ့လား.."

"ရတယ်၊ ရတယ်!" 

အယ်လန်သည် ညည်းညူမနေဘဲ အမြန်ထရပ်ကာ ထိုသုတေသီနှင့်အတူ သေတ္တာထဲသို့ အပင်များကို အမြန်ကောက်ထည့်လိုက်သည်။

"တောင်းပန်ပါတယ် တောင်းပန်ပါတယ်... ‌ရှေ့ကို သေချာမကြည့်မိလိုက်ဘူး...."

အယ်လန်သည် နဖူးမှ ချွေးများကို သုတ်ကာ သေတ္တာအား ထပ်မလိုက်သည်။ 

ကုရှင်းချီသည် ထိုအနီးနားတွင် ရပ်နေသဖြင့် တုန်လှုပ်ခြောက်ခြားသွားသည် ။

ဒါက...အယ်လန်လား...! သူကို စိတ်အနှောက်အယှက် ပေးခဲ့တာ မဟုတ်ဘူးလား.... ဒါ သူသိတဲ့ ခပ်ဆိုးဆိုး အယ်လန်လား....။

အရင်အချိန်များသည် အယ်လန်သည် သေတ္တာကို ကူမပေးဖို့ နေနေသာသာ ချော်လဲသွားရင်တောင် သူ့ကိုသေချာ မကိုင်ထားလို့ဆိုပြီး ကျယ်လောင်စွာ အော်ဟစ်နေလိမ့်မည်။

သို့သော် သူ့ရှေ့မှ အယ်လန်သည် တော်ဝင်ဆန်သည့် မင်းသား၏ အရိပ်အယောင်တစ်ခုမှ မတွေ့ရဘဲ သူသည် ရိုးရှင်းသောအဝတ်အစားကိုဝတ်ထားပြီး ရွှေရောင်ဆံပင်ကို အမြင့်တွင်ချည်ထားကာ အင်္ကျီလက်များပင် လျောကျနေလေသည်။ သူသည် စက်ရုံတွင် အလုပ်များနေသောကြောင့် မြေကြီးနှင့် ခြေထောက်နှင့်ပင် မထိနိုင်ဘဲ လက်ထဲမှ ပစ္စည်းများ မပြုတ်ကျ‌အောင် စကားပင်မပြောနိုင်ဘဲ ထပ်ချော်မလဲအောင် သတိထားသွား‌နေရသည်။လမ်းမှာ‌တွေ့သည့် လူတိုင်းကိုလည်း လုပ်ရမယ့်အလုပ်များကို ခွဲဝေကာ ညွှန်ကြားနေသဖြင့် ယခုအခါ သူသည် စက်ရုံတွင် တစ်ယောက်တည်း ရပ်တည်နိုင်နေပြီဖြစ်သည်။

ကုရှင်းချီ သူ့အားစိုက်ကြည့်နေလိုက်သည်။

"အင်း...အဲဒါ... ပစ္စည်းတွေယူပြီး လူနာကိုကြည့်ဖို့ B8 ကို လာခဲ့လိုက်။ ပြီးတော့.." 

သူလှည့်ကြည့်လိုက်ချိန်တွင် ကုရှင်းချီကိုတွေ့..... တွေ့...

'ကုရှင်းချီ....!"

ဘေးနားရှိ သုတေသီများသည် ဘေးတစ်နေရာတွင် အယ်လန့်အား ရေခဲရိုက်ထားသည့် မျက်နှာဖြင့် စူးရဲစွာ စိုက်ကြည့်နေသည့် ကုရှင်းချီအား မြင်လိုက်ရသဖြင့် ပြုံးကာ ပစ္စည်းများကို ယူပြီး အရင် ထွက်သွားကြသည်။

ကုရှင်းချီသည် မပြောမဆိုဖြင့် ရောက်ချလာပြီး ရုတ်တရက်ထိုင်ချကာ အယ်လန်၏ ဘောင်းဘီအား မတင်လိုက်သည်။

"ဟေး..." 

အယ်လန်လည်း မျက်စောင်းထိုးကာ....

"မင်း ဘာလုပ်တာလဲ!"

"ဒါဏ်ရာရရင် ဆေးအရင်လိမ်းလေ..." 

ကုရှင်းချီသည် အယ်လန်၏ဒူးခေါင်းပေါ်မှ ဒဏ်ရာကိုကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။

သူသည် အယ်လန်၏ လက်ဖဝါး၊ ကျောဘက်နှင့် တံတောင်ဆစ်များတွင်လည်း သေးငယ်သည့် ခြစ်ရာများရှိနေသည်ကို အံ့သြဖို့ကောင်းစွာ တွေ့လိုက်ရသည်။

ကုရှင်းချီ၏ မျက်ခုံးများသည် ပို၍ တွန့်ချိုးသွားပြီး အယ်လန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး အသံနက်ကြီးဖြင့် အော်မေးလိုက်သည်။

"ဒီဒဏ်ရာတွေက ဘယ်ကရလာတာလဲ" 

ဒါသည် လျှို့ဝှက်ချက်မဟုတ်သော်လည်း.....

အယ်လန်လည်း အမှန်အတိုင်းပြောပြလိုက်သည်။

"အရင်တစ်ခါက အပင်တွေထည့်ထားတဲ့ ပစ္စည်းတွေသယ်လာတဲ့အချိန် လူနာတစ်ယောက် စိတ်ဖောက်ပြန်သွားလို့ ရှောင်ရင်းနဲ့ တံတောက်ဆစ်ကို မတော်တဆ ခြစ်မိသွားတာ...." 

..............

"မင်း..." 


ကုရှင်းချီ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"မင်း ဘာလို့ မြို့တော်မှာမနေဘဲနဲ့ ဒီမှာ ဘာလာလုပ်နေတာလဲ..."

"မင်းငါ့ကို အထင်သေးနေတာလား...!" 

အယ်လန်သည် မျက်လုံးများ ပြူးကျယ်ကာ အော်ဟစ်လိုက်သည်။

"အခု ငါ့ဘာသာ ရပ်တည်နိုင်နေပြီ.... ငါ့ ဓားသိုင်းကလည်း အရမ်းတိုးတက်လာပြီ၊ အခုဆို စစ်မြေပြင်မှာတောင် ရင်ဆိုင်နိုင်တယ်!"

အယ်လန်၏ တုံ့ပြန်မှုသည် ဤမျှကြီးမားမည်ဟု မမျှော်လင့်ထားသောကြောင့် ကုရှင်းချီ အံ့ဩသွားမိသည်။

အယ်လန်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီရဲလာပြီး သူ့၏ပခုံးများကို ထုရိုက်ကာ ပြော၏။

"ကုရှင်းချီ မင်းက တကယ့် လူယုတ်မာပဲ!"

အယ်လန် ဒေါသတအားထွက်ကာ တုန်လှုပ်နေသည်ကိုမြင်လိုက်ရသဖြင့် ကုရှင်းချီလည်း အယ်လန်၏လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြန်ရှင်းပြလိုက်သည်။

"ကိုယ်... ကိုယ်ပြောချင်တာ အဲ့လိုမဟုတ်ဘူး... မှားပြောမိတာ.... စိတ်မဆိုးပါနဲ့.... စိတ်မဆိုးပါနဲ့..." 

စက်ရုံဝန်းကျင်ရှိ လူများသည် အယ်လန်၏‌အော်ဟစ်သံ နှင့် ထိုမြင်ကွင်းကို မြင်ရ တွေ့ရ ကြားရ ‌သောကြောင့် ဘယ်သူကမှ သေချာမကြည့်ဝံ့ဘဲ ‌ခေါင်းငုံ့ထားကြလေသည်။

ကုရှင်းချီသည် အယ်လန်အား အပြင်သို့ဆွဲခေါ်ထုတ်သွားပြီး ထပ်ပြောလေသည်။

"အယ်လန် .... စိတ်မဆိုးပါနဲ့" 

ကုရှင်းချီလည်း ရီလန်ဘာလို့ ဒီလောက်ဒေါသထွက်သွားသည်အား နားမလည်နိုင်ပေ။

"မင်း ငါ့ကြိုးစားမှုကို မမြင်ဘူးလား" 

အယ်လန်သည် ‌ဒေါသကြောင့် တကိုယ်လုံး တုန်ယင်နေပြီး လက်သီးများကို တင်းကျပ်စွာတုပ်ထားရင်း နာကျင်စွာ‌ပြော၏။

"မင်းက ငါ့ကို အထင်သေးနေတုန်းပဲ.....!"

"ငါ မင်းကို နှိမ့်တာ မဟုတ်ပါဘူး..... ငါ... စိတ်မကောင်းလို့ပါ..."

ကုရှင်းချီသည် အယ်လန်၏လက်အား ဆုပ်ကိုင်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြန်ဖြေ၏။

"ကိုယ် အဲ့ဒါကို သေချာ မခွဲတတ်လို့ပါ..."

အယ်လန် အံ့အားသင့်သွားသည်။

"မင်း ဂရုစိုက်တာလည်း မလိုချင်ပါဘူး..."

အယ်လန် သူ့လက်ကိုပြန်ဆွဲယူကာ ခေါင်းကို တစ်ဖက်သို့စောင်းထားလိုက်သည်။

ကုရှင်းချီလည်း အံ့ဩနေရာမှ ဒီမတိုင်ခင်က အယ်လန်နှင့်အတူရှိ‌နေသူကို သတိရသွားပြီး သူ့၏ပုံစံမှာ အေးစက်ကာ အန္တရာယ်ရှိသည့် သားရဲ အသွင်သို့ ပြောင်းလဲသွားသည်။

"ခုနက မင်းနဲ့အတူရှိနေတာ ဘယ်သူလဲ..."

".အာ..." 

အေရွန် ကြောင်အသွားသည်။

ကုရှင်းချီသည် ရေခဲရိုက်ထားသော မျက်နှာနှင့် တွင်းနက်ကြီးကဲ့သို့ မဲနက်နေသည့် မျက်လုံးများဖြင့် အေးစက်စွာ တရစပ်ထပ်မေး၏။

"သူက ဘယ်သူလဲ၊ သူဘယ်မှာနေတာလဲ၊ အသက်က‌ရောဘယ်လောက်ရှိပြီလဲ.... မင်းတို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုသိပြီး ရင်းနှီးသွားတာလဲ...."

"အိုး..." 

ကုရှင်းချီ ပြောသည့်သူမှာ သူနှင့်ချစ်သူဖြစ်ရန် ဟန်ဆောင်ထားသည့် ဝမ်ကျွင်းမှန်း အယ်လန် သတိရလိုက်သည်။

အယ်လန်လည်း ပြုံးကာ မျက်လုံးကို လှိမ့်လိုက်ပြီး လှောင်လိုက်သည်။

"မင်းဘယ်လိုထင်လို့လဲ....ဘာပဲဖြစ်ဖြစ် မင်းနဲ့ဘာမှမဆိုင်ဘူး" 

"....."

အယ်လန် မျက်ခုံးပင့်လိုက်ပြီး ပြော၏။

"ငါက မင်းနဲ့ မထိုက်တန်ဘူးလို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား..... အဲ့တော့ ငါ့ဘာသာ ဘယ်သူနဲ့တွဲတွဲ မင်းဘက်က စိတ်ပူစရာမှမလိုတာ... ဘယ်လိုပဲဖြစ်ဖြစ် မင်းကလည်း ငါ့ကို မုန်းနေတာပဲလေ...."

"အယ်လန်... ငါမဟုတ်.... မင်းနားလည်ပါတယ်....ငါက.."

"ငါ..နားမလည်ပါဘူး....!"

အေရွန်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ ငြင်းဆန်လိုက်သည်။

ကုရှင်းချီလည်း အယ်လန့်ကို စိုက်ကြည့်နေလိုက်ပြီး သူဘာလို့ ရုတ်တရက် ဒေါသ‌တွေထွက်ပြီး ပြောင်းလဲသွားသည်ကို မသိသဖြင့် အံဩပြီးရင်း အံ့ဩနေမိသည်။

အယ်လန် သူ့ဘက်ကိုပြန်လှည့်ကာ ပြုံးပြပြီး ဆက်ပြောလိုက်သည်။

"ငါက မြင့်မြတ်တဲ့နေရာမှာ ကြီးပြင်းလာတာ... ဒါကြောင့် နားမလည်ဘူး.... အဲ့ဒါကြောင့် ငါအခု မင်းကို လက်လွှတ်ပေးတော့မှာ... ဒီ့ထက်ပိုပြီး နားမလည်ပေးနိုင်တော့ဘူး..."

"မင်း..." 

ကုရှင်းချီ၏ မျက်လုံးများ နီရဲလာတော့သည်။

အယ်လန်သည် သူပြောချင်သည့်အရာများကို အေးစက်စွာ‌ပြောပြီး ထွက်သွားလေသည်။

ကုရှင်းချီသည် သူကောင်းဖို့ အတွက် သူ့အကျိုးအတွက် ထိုသိုလုပ်နေမှန်း အမှန်တရားကို သူသေချာစွာ သိနေသော်လည်း........။

ဒါပေမယ့်... အယ်လန်သည် သူ့မျက်လုံးများကို မှိတ်ချလိုက်သည်။

သူလိုချင်မိသည်မှာ ကုရှင်းချီ၏ လေးစားမှုနှင့် သူအ‌ပေါ် မည်သည့် ပကာသနမှ မပါဘဲ တန်းတူ ဆက်ဆံစေချင်သည်သာဖြစ်သည်။

ကုရှင်းချီ၏ အယ်လန်၏ ပြတ်သားစွာပြောသွားသည့်စကားများနှင့် ကျောခိုင်းသွားသည့် ပုံရိပ်လေးအားကြည့်ကာ လက်သီးကို တင်းကြပ်စွာ ဆုပ်ထားလိုက်သည်။

ထို့နောက် ကုရှင်းချီသည် အသက်ကို ပြင်းပြင်းရှူပြီး တာမီနယ်အား ထုတ်လိုက်သည်။

"ငါ့ကို လူတစ်ယောက်အကြောင်း စုံစမ်းပေး...."

ဇာစ့် နှင့် အဖွဲ့ချုပ်တို့သည် အကြိမ်ပေါင်းများစွာ တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း နှစ်ဖက်စလုံးတွင် ကြီးမားသော ဆုံးရှုံးမှုမရှိ‌သေးဘဲ သေချာ အကဲဖြတ်ရလျှင် အဖွဲ့ချုပ်ဘက်မှ ပို၍ အခြေအနေကောင်းလေသည်။

နှစ်ပေါင်းများစွာ စီဆဲလ်၏ ဦးဆောင်မှုနှင့် စီမံခန့်ခွဲမှုအောက်တွင် ဖက်ဒရယ်စစ်တပ်သည် အလွန်အင်အားကြီးမားလာသည်မှာ အမှန်ဖြစ်သော်လည်း ယခုအချိန်တွင် ရေခဲမြစ်စစ်တပ်ကပါ ပူးပေါင်းထားခြင်းကြောင့် ပို၍ပင် အားကောင်း‌လေသည်။

"ကိုကြီး...ဦးလေးက ဘယ်တော့ပြန်လာမှာလဲ"

အခန်းထဲတွင် ရှောင်လဲ့သည် ကျောင်းမြန်၏ လက်ကိုဆွဲကာ မေးလိုက်သည်။

"သား သူ့ကို လွမ်းနေပြီ..."

ကျောင်းမြန်သည် ရှောင်လဲ့အား ပြန်ဖက်ထားရင်း ကုတင်ပေါ်သို့ လှဲချလိုက်ကာ ပြုံးပြုံးလေး ပြောလိုက်သည်။

"သူ ပြန်လာတော့မှာ... သူတိုက်ပွဲမှာ အနိုင်ရပြီး အခု အနားယူဖို့ ပြန်လာဖို့ပြင်‌နေတယ်လို့ ကိုကြီးကို စာပို့ထားတယ်..."

"အိုး..."

ရှောင်လဲ့ အနေအထားကို ပြင်လိုက်ပြီး ကျောင်းမြန်၏ လက်မောင်းပေါ် ခေါင်းအုံးရင်း မျက်တောင်တစ်ချက်ခတ်ကာ မေးပြန်သည်။

"ကိုကြီးရော ဦးလေးကို မလွမ်းဘူးလား"

ရှောင်လဲ့သည် သူ့လက်ကလေးကို ဆန့်ကာ ကျောင်းမြန်၏ ဗိုက်ပေါ် ဖွဖွလေးထိလိုက်ပြီး ပြော၏။

"သား ညီလေးက ဘယ်နားလေးမှာလဲ.... ကိုကြီး အဲ့ဒါ တွေးမိလား...." 

"ကိုကြီးလည်းအဲ့ဒါကို စဉ်းစားမိပါတယ်..."

ကျောင်းမြန် ခေါင်းငုံ့ကာ ထပ်ပြောလိုက်သည်။

"ကိုကြီး စဉ်းစားတာ.... ရှောင်လဲ့ရဲ့ ညီလေး အကြောင်းနော်...."

တကယ်လည်း ကျောင်းမြန် ‌ကလေးအကြောင်းသာ တွေးဖြစ်သည်။သူသည် နူးညံ့သိမ်မွေ့သည့်သူ မဟုတ်သည့်အလျောက် မတွေ့ဖြစ်တာ တစ်ပတ်လောက်ကြာပြီဖြစ်သော်လည်း မတွေးမိပါ။

ကျောင်းမြန် သူ့ဗိုက်လေး သူ ထိကာ ပွတ်နေလိုက်သည်။

နောက်ရက်အနည်းငယ်အတွင်း အချိန်မရွေး မွေးဖွားမည်ဟု ဆရာဝန်က မှာထားသဖြင့် အမှန်အတိုင်း ဝန်ခံရလျှင်တော့ စီဆဲလ် သူ့နားမှာ မရှိသည့်အတွက် အနည်းငယ်စိတ်မကောင်းဖြစ်မိသေးသည်။

သို့သော် ကျောင်းမြန် ဒီအခြေအနေကို နားလည်သောကြောင့် ..... သူစိတ်မဆိုးပါ။

ဇာစ့်ဘုရင်မကြီး ကွယ်လွန်သွားကြောင်း လျှို့ဝှက်အေးဂျင့်ထံမှ သတင်းပို့လာပြီး ဇာစ့်တော်ဝင်မိသားစုသည် အဆိုပါသတင်းကို ဖုံးကွယ်ထားသော်လည်း ၎င်းသတင်းကြောင့် ပြည်တွင်းတွင် ပရမ်းပတာဖြစ်နေပြီဖြစ်သည်။

"ကိုကြီး..."

ကျောင်းမြန် တွေးနေသည့်အချိန်တွင် ရှောင်လဲ့သည် ကျောင်းမြန်၏ ရင်ခွင်ထဲတွင် သူ့ခေါင်းလေးကို ဝှက်ထားပြီး မဝံ့မရဲ မေး၏။

"ညီလေးကို မွေးပြီးရင် ကိုကြီးနဲ့ ဦးလေးကို ရှောင်လဲ့ကို မလိုချင်ကြတော့ဘူးမလား..."

ကျောင်းမြန် ခဏမျှ အံ့အားသင့်သွားပြီး ထိုခေါင်းလေးအားပွတ်ရန် သူ့လက်ကို ဆန့်လိုက်သည်။

သူသည် ရှောင်လဲ့၏ခေါင်းကို ပွတ်သပ်ပြီး နွေးထွေးစွာပြောလိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.... မင်းညီလေးက မင်းညီလေး မင်းက မင်းပဲလေ....သူတို့နှစ်ယောက်က မတူဘူးလေ..."

"တကယ်လား..."

"တကယ်ပေါ့.." 

ကျောင်းမြန်သည် ရှောင်လဲ့ကို တင်းကြပ်စွာ ဖက်ထားပြီး အပြုံးလေးဖြင့် ရှင်းပြလိုက်သည်။

"ကိုကြီးက ရှောင်လဲ့ကို အမြဲတမ်းချစ်ပေးပြီး တစ်သက်လုံး ကာကွယ်ပေးမှာ.... ရှောင်လဲ့က အမြဲတမ်း ကိုကြီးနဲ့ စီဆဲလ်ရဲ့ သားပဲ... နားလည်လား..."

"အိုး.." 

ထိုအခါ ရှောင်လဲ့သည် မျက်တောင်တစ်ချက်ခတ်ပြီး တက်ကြွစွာ ပြော၏။

"ဒါဆို သားညီလေးက နောက်ကျရင် ဗိုလ်ကြီးဖြစ်ပြီး သားက သူ့ရဲ့ ဗိုလ်လေး ဖြစ်လာမှာလား..."

"ဟင်" 

ကျောင်းမြန် မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး မေးလိုက်သည်။

"မင်းကို အဲ့ဒါ ဘယ်သူပြောတာလဲ" 

"ကိုကြီး အယ်လန် ပြောတာ... သူက သားနဲ့ ညီလေးက အခုကတည်းက အဖွဲ့ချုပ်ကို အတူတူ ကာကွယ်ရမယ်လို့ ပြောခဲ့တာ.."

ရှောင်လဲ့ ညည်းတွားလိုက်သည်။

"နားထောင်ရတာ အရမ်းခက်တာပဲ..."

ကျောင်းမြန်သည် ရှောင်လဲ့၏ မျက်မှောင်ကြုတ်ထားသည့် ပုံစံလေးကိုကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ဘဲ သူ၏ ပါးဖောင်းဖောင်းလေးကို ညှစ်ကာ နှစ်သိမ့်ပေးလိုက်သည်။

"အခုချိန်က မင်း အိပ်လိုက်တာ အကောင်းဆုံးပဲ.... မင်းညီလေးမှ မမွေးတာ..."

"အွန်း...အွန်း..."

ရှောင်လဲ့သည် မျက်လုံးများကို လိမ်လိမ်မာမာဖြင့် မှိတ်လိုက်ပြီး...

"ကိုကြီး ဂွတ်ဒ်နိုက်..."

"ဂွတ်ဒ်နိုက်..."

ကျောင်းမြန် မီးအိမ်ကို ပိတ်လိုက်သည်။