Chapter 48
Viewers 3k

Volume 1 (သေမျိုးနယ်မြေ ၀၄၈)


Chapter 48 (မိန်းကလေးအိပ်ဆောင်)

"မင်း။ မင်းဘယ်အတန်းကလဲ။ မူရင်းအလံကိုင်သူ ဘယ်မှာလဲ။" အလံတင်အခမ်းအနား ပြီးဆုံးပြီးနောက်တွင် တာဝန်ခံ ဆရာသည် လင်ချီးယဲ့ထံသို့ အပြင်းအထန်ပြေးကာ မေးခွန်းထုတ်သည်။

လင်ချီးယဲ့သည် ယခုအချိန်တွင် သူ့အား အာရုံစိုက်ရန် အချိန်မရှိသောကြောင့် တုန်တုန်ယင်ယင်နှင့် အဝေးသို့ လျှောက်သွားခဲ့သည်။

တာဝန်ခံဆရာက မျက်လုံးပြူးသွားသည်။ သူ နှစ်အတော်ကြာအောင် စာသင်ကြားခဲ့ပြီး ဒီလိုဒေါသထွက်စရာကောင်းသော ကျောင်းသားကို တစ်ခါမှ မတွေ့ဖူးဘူး။

"ရပ်စမ်း။ ဆရာက မင်းကိုပြောနေတယ်လေ၊ ဘယ်လိုပြုမူနေတာလဲ။ ယုံချင်ယုံ မယုံချင်နေ ငါမင်းကို အခုပဲ ကျောင်းအုပ်ကြီးရုံးခန်းဆီး ခေါ်သွားပြီး မင်းကိုပြစ်ဒဏ်ပေးဖို့ တစ်ကျောင်းလုံးကို ကြေညာလိုက်မယ်။"

သူသည် လင်ချီးယဲ့၏ပခုံးကိုကိုင်ကာ အော်လိုက်သည်။

ရှေ့တွင် လင်ချီးယဲ့ ရပ်တန့်သွားသည်။

သူ့ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကာ

မျက်စိထဲတွင်

ရွှေရောင်မီးတောက်နှစ်ခု ချက်ချင်း လောင်ကျွမ်းသွားသည်။

ဤအခိုက်အတန့်တွင် မကြုံစဖူးဖိအားတစ်ခုက တာဝန်ခံဆရာ၏ရင်ထဲကို ဖုံးလွှမ်းသွားသည်။

ဤမျက်လုံးများအောက်တွင် သူ့ကို စကြဝဠာတစ်ခုလုံးက စိုက်ကြည့်နေသလို ခံစားရသည်။ ကျယ်ပြောလှသော အမှောင်ထုထဲတွင် သူသည် သဲမှုန့်ကဲ့သို့ သေးငယ်၏။

ဖိနှိပ်မှုသဘောပဲ။

ဒါက ဘဝ၏အဆင့်ကို ဖြတ်ကျော်လာသော ဖိနှိပ်မှုခံစားချက်ဖြစ်သည်။

ခဏလေးအတွင်းမှာပဲ တာဝန်ခံဆရာ၏ ကျောပြင်က ချွေးအေးများဖြင့် စိုရွှဲနေပြီး လူတစ်ကိုယ်လုံး ပြိုလဲသွားပုံရသည်။

လင်ချီးယဲ့၏ မျက်လုံးများမှ မီးတောက်များသည် ထိုနက်မှောင်သော မျက်လုံးများထဲတွင် ဘယ်သောအခါမှ မပေါ်ခဲ့ဖူးသလို ပျောက်ကွယ်သွားသည်။

"အခုဖြစ်ပျက်ခဲ့တာက ကျွန်တော့်အပြစ်ပါ။ ကျွန်တော့်ကိုအပြစ်ရှာဖို့ တစ်ကျောင်းလုံးကို သတင်းပို့နိုင်တယ် ဒါမှမဟုတ် တိုင်တန်းဖို့ ရုံးကိုလာနိုင်တယ်။" လင်ချီးယဲ့သည် အသက်ရှုကျပ်နေသော တာဝန်ခံဆရာကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။

"ဒါပေမယ့် ခင်ဗျား ကျွန်တော့်အလုပ်ပြီးအောင် စောင့်ရမယ်။"

ပြောပြီးနောက် လင်ချီးယဲ့သည် လှည့်၍ တာဝန်ခံဆရာ၏ ကြောက်လန့်နေသော မျက်လုံးများအောက်တွင် ပြေးသွားခဲ့သည်။

"ခေါင်းဆောင်။"

"ချီးယဲ့၊ မင်းရဲ့အခြေအနေကို သတင်းပို့ပါ။”

"ကျောင်းတစ်ခုလုံးရဲ့ ဆရာတွေနဲ့ ကျောင်းသားတွေကို စစ်ဆေးခဲ့တယ်… အခြေအနေက အရမ်းဆိုးတယ်။ ဒီပြဿနာကို တိတ်တဆိတ် ဖြေရှင်းဖို့က ခက်မယ်လို့ ကျွန်တော်ထင်တယ်။"

"ငါ့ကို အတိအကျပြောပါ။"

"အတန်းသုံးတန်းမှာ ပထမနှစ်နဲ့ တတိယနှစ်တို့မှာ ကူးစက်ခံရသူ အနည်းငယ်ပဲရှိပြီး စုစုပေါင်း လူ ၁၀ ယောက်ပဲရှိတယ်။ အထက်တန်းဒုတိယနှစ်က အပြင်းထန်ဆုံးဖြစ်ပြီး စုစုပေါင်း ကူးစက်ခံရသူ ၃၆ ယောက်ရှိပြီး အတန်းတစ်ခုက ကျောင်းသားထက်ဝက်လောက် ကူးစက်ခံထားရတယ်။

ဒါတွေက ကျောင်းသားတွေချည်းပဲ။ ဆရာတွေနဲ့ ခေါင်းဆောင်တွေထဲမှာ ကူးစက်ခံရသူ အယောက် ၂၀ နီးပါးရှိတယ်။

ဒါကြောင့် အမှတ် ၂ အထက်တန်းကျောင်းတစ်ခုလုံးမှာ အနည်းဆုံး ဆရာနဲ့ ကျောင်းသား ၆၀ လောက်က မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားပြီလို့ ကျွန်တော်ခန့်မှန်းနိုင်တယ်။"

နားကြပ်၏ တစ်ဖက်တွင် တိတ်ဆိတ်နေသည်။

"ခေါင်းဆောင် ကူးစက်ခံရသူ ၆၀ ကျော်ရှိတယ်။ ကူးစက်ခံရသူတိုင်းက 'ကျန်' နယ်ပယ်သာရှိမယ်ဆိုရင်တောင် ဒီအထက်တန်းကျောင်းမှာ 'ကျန်' နယ်ပယ် မကောင်းဆိုးဝါး ၆၀ ကျော်ရှိတယ်။

ကျွန်တော်တို့ ဒီဒဏ္ဍာရီလာသတ္တဝါရဲ့ ခန္ဓာကိုယ်ကို ရှာတွေ့ရင် ဒီ 'ကျန်' နယ်ပယ် ကူးစက်ခံရသူ ၆၀ က အနီးနားက ဆရာတွေနဲ့ ကျောင်းသားတွေကို သေချာပေါက် သိမ်းကျုံးတိုက်ခိုက်လိမ့်မယ်။

ပြီးတော့ သူတို့တွေက အများကြီးပဲ၊ ပိုက်ကွန်ကိုဖြတ်ပြီး ကျောင်းဝန်းထဲကနေ သူတို့ထဲတစ်ယောက်လွတ်မြောက်သွားတာနဲ့ ချန်းနန်မြို့တစ်ခုလုံးကို ထိခိုက်စေမယ့် ကပ်ဘေးမျိုးတစ်ခု ဖြစ်လာလိမ့်မယ်။"

လင်ချီးယဲ့က သူ့အယူအဆကို တည်ငြိမ်စွာ ထုတ်ဖော်ခဲ့သည်။

"ချီးယဲ့ ပိုက်ကိုဖြတ်ပြီး ကျောင်းကနေလွတ်မြောက်သွားတာက ငါး 'တစ်ကောင်' မကဘူး…" နားကြပ်၏တစ်ဖက်ကနေ ခုတ်ထစ်နေသောအသံတစ်ခုထွက်ပေါ်လာပြီး ချန်မုရယ်က ဖြည်းညှင်းစွာပြောသည်။ "သူတို့က အပြင်ဘက်မှာ စိမ့်ဝင်နေပြီ။"

ယခုအချိန်တွင် အမှတ် ၂ အထက်တန်းကျောင်းနှင့် ကီလိုမီတာအနည်းငယ်အကွာတွင် အငှားအိမ်တစ်လုံးရှိသည်။

ချန်မုရယ်သည် ဓားတစ်ချောင်းကို ကိုင်ထားပြီး မြေပြင်ပေါ်က ပျက်စီးနေသော အသွေးအသားများကို နင်းလိုက်သည်။ သူ့ဘေးတွင် လေးနက်သော မျက်နှာထားဖြင့် ဝူရှန်းနန်ရှိသည်။

"မင်းပြောခဲ့တဲ့ လျှိုရှောင်ယန့်နဲ့ ဟန်လော့လော့တို့အပြင် ဌာနမှူးရဲ့အိမ်ကိုလည်း ငါတို့စစ်ဆေးခဲ့ပြီး သူတို့ရဲ့မိသားစုဝင်တွေလည်း ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ပြီး ငါတို့ရှင်းပစ်လိုက်ပြီ။

အခြေအနေက ငါတို့ထင်ထားတာထက် ပိုပြင်းထန်တယ်။"

"ဒါဆို…"

"ငါတို့က ကူးစက်မှုပြန့်ပွားတာကို ရပ်တန့်အောင် ကူးစက်ခံရသူတွေရဲ့ မိသားစုဝင်တွေဆီကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန်သွားဖို့ လိုအပ်တာကြောင့် ငါတို့မင်းကို အချိန်မီမပံ့ပိုးနိုင်ပေမယ့် ဒီလိုခက်ခဲတဲ့ဒဏ္ဍာရီလာသတ္တဝါမျိုးက တိုက်ခိုက်ရေးစွမ်းအားနည်းလိမ့်မယ်။ မင်းတို့သုံးယောက်နဲ့ အဲဒါကိုရှင်းပစ်နိုင်မယ်လို့ ငါယုံကြည်တယ်။"

"ဒါပေမယ့် ဒီလိုဆိုရင် ကျောင်းမှာ ကျွန်တော်တို့နဲ့ ဒဏ္ဍာရီလာသတ္တဝါတွေရဲ့ တည်ရှိမှုကို ဖော်ထုတ်နိုင်စေမယ့် အဓိကရုဏ်းတွေဖြစ်စေလိမ့်မယ်။"

"ဒါကို စိတ်မပူပါနဲ့၊ [အိမ်မက်တီးတိုးသံ] လို့ ခေါ်တဲ့ တားမြစ်ပစ္စည်းတစ်ခု ငါတို့မှာရှိတယ်၊ အဲဒါက သတ်မှတ်ထားတဲ့ အကွာအဝေးအတွင်း အိပ်မက်တစ်ခုကို ဖန်တီးပြီး လူတစ်ယောက်ရဲ့ မှတ်ဉာဏ်အစိတ်အပိုင်းကို ဖျက်ပစ်နိုင်တယ်။

လန်ရွှမ်းကိုလည်း ကင်းစောင့်အဖြစ် ယာယီခွင့်ပြုထားပြီး အမှတ် ၂ အထက်တန်းကျောင်းတစ်ဝိုက်မှာ [ဝူကျဲ့လေဟာနယ်] ကို ဖွင့်ပေးလိမ့်မယ်။ ဘယ်သူ့ကိုမှဝင်ထွက်ခွင့်မပြုဘူး။ လာမယ့်အချိန်မှာ… အမှတ် ၂ အထက်တန်းကျောင်းက သီးခြားနေရာအဆောက်အအုံတစ်ခု ဖြစ်လာလိမ့်မယ်။"

ချန်မုရယ်သည် ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး လင်ချီးယဲ့တို့သုံးယောက်ရှိသော ဦးတည်ရာကိုကြည့်ရင်း တည်ငြိမ်စွာ ပြောသည်။

"ဒီတစ်ခေါက် ငါတို့ရန်သူက အရမ်းလှည့်ဖျားတတ်တယ်၊ ငါတို့လက်တွန့်စရာမလိုဘူး၊ ငါတို့ပုန်းနေစရာမလိုဘူး၊ သူ့ရဲ့ခန္ဓာကိုယ်ကို ငါတို့အချိန်တိုအတွင်းရှာပြီး… သတ်ပစ်ရမယ်။ တစ်ချိန်တည်းမှာ ဆရာတွေနဲ့ ကျောင်းသားတွေရဲ့ လုံခြုံရေးကို ကာကွယ်ပြီး နောက်ထပ်သားကောင်တွေ ထပ်ပြီးပေါ်လာလို့မရဘူး။

ဒီတစ်ခါ… မင်းကြိုးစားကြည့်လို့ရတယ်။"

လင်ချီးယဲ့သည် နားကြပ်တစ်ဖက်မှ ခဏတာ တိတ်ဆိတ်နေပြီး လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ကျွန်တော်သိပြီ။"

လင်ချီးယဲ့သည် နားကြပ်ကိုပိတ်လိုက်ပြီး ချန်မုရယ်အနားတွင်ရပ်နေသော ဝူရှန်းနန်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောသည်။

"သူ့ရဲ့ပထမဆုံးမစ်ရှစ်မှာ ဒီလိုကြီးမားတဲ့ အဖြစ်အပျက်တစ်ခုကို ကြုံရတာက သူ့အတွက် အရမ်းခက်တယ်မဟုတ်လား။"

"ရှန်းနန်၊ ဒီကလေးက မင်းနဲ့ငါနဲ့မတူဘူး။" ချန်မုရယ်က သူ့ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ပြီး "သူ့မှာ အလားအလာ၊ စိတ်ပိုင်းဖြတ်မှုနဲ့ ခံနိုင်ရည်ရှိတယ်။ ငါတို့လုပ်ရမှာက သူ့ကို ရှင်းရှင်းလင်းလင်း လမ်းကြောင်းတစ်ခုပေးပြီး ကျယ်ပြန့်တဲ့စင်မြင့်တစ်ခုပေးဖို့ပဲ။

သူကိုယ်တိုင် ကောင်းကင်ပေါ် တက်လှမ်းလိမ့်မယ်။"


အမှတ် ၂ အထက်တန်းကျောင်း၊ မိန်းကလေးအိပ်ဆောင်။

ဟုန်ယင်းသည် ပြတင်းပေါက်မှ ခေါင်းပြူထွက်ကာ တစ်ချက်ကြည့်ပြီး အနောက်ဘက်ကို သူမလက်ပြလိုက်သည်။

"သွားရအောင်၊ အိပ်ဆောင်မန်နေဂျာဒေါ်လေးမရှိဘူး။"

စစ်းရှောင်နန်သည် အပြင်ဘက်မှ လျင်မြန်စွာ ပြေးဝင်ကာ တံခါးကို ပေါ့ပါးစွာ ခုန်တက်ပြီး တာဝန်ခန်းနောက်ဘက်သို့ ရှောင်ထွက်သွားသည်။

ဟုန်ယင်းလည်း ထိုနည်းတူပြုလုပ်ပြီး နှစ်ယောက်သား တာဝန်ခန်းမှ လွတ်မြောက်ပြီးနောက် လှေကားထစ်ပေါ် တည့်တည့်ပြေးတက်ကာ သုံးလှမ်းကို တစ်လှမ်းဖြင့် ပျံသန်းသွားသလိုမျိုး လမ်းလျှောက်ကြသည်။

ခဏအကြာတွင် သူတို့က ငါးထပ်ကိုရောက်လာသည်။

ထိုအချိန်တွင် အလံတင်အခမ်းအနား ပြီးဆုံးသွားကာ ကျောင်းသားများသည် အတန်းပြင်ဆင်ရန် စာသင်ခန်းသို့ တန်းတန်းမတ်မတ် ပြန်သွားကြသည်။ အိပ်ဆောင်အဆောင်သည် ဗလာဖြစ်ပြီး နှစ်ဖက်စလုံးရှိ တံခါးများအားလုံးကို သော့ခတ်ထားကာ မှောင်မိုက်ကျဉ်းမြောင်းနေပြီး စင်္ကြံတစ်ခုလုံး၏ အရှေ့ဖက်ခြမ်းကသာ နေရောင်ခြည်ကို ဖြာကျနေသည်။

ဟုန်ယင်းသည် သိချင်စိတ်ဖြင့် နံရံနားကပ်လျက် အလင်းရောင်မှိန်မှိန်ထဲတွင် အထပ်ကိုလှမ်းကြည့်သည်။

"လင်ချီးယဲ့က အဲဒီမိန်းကလေးတွေအိပ်ဆောင်က ဘယ်အခန်းမှာလို့ပြောခဲ့တာလဲ။" ဟုန်ယင်းသည် ခေါင်းကိုလှည့်ပြီး အသံတိုးတိုးဖြင့် မေးသည်။

"မြောက်ဘက်က နောက်ဆုံးအခန်းမှာ။" စစ်းရှောင်နန်က ပြန်ဖြေသည်။

ဟုန်ယင်းသည် မြောက်ဘက်ခြမ်းရှိ အိပ်ဆောင်ကို ကြည့်ပြီး ထိုနေရာသို့ တိတ်တဆိတ် လျှောက်သွားရင်း စစ်းရှောင်နန်သည် သူမ၏အဝတ်အစားများကို ဆုပ်ကိုင်လိုက်ပြီး ကြောက်ရွံ့မှု အနည်းငယ် ပေါ်လာသည်။

"အစ်မဟုန်ယင်း ဖြည်းဖြည်းသွားပါ။"

"ငါသိပါတယ်၊ ငါသိပါတယ်၊ ဒီကလေးမလေးကတော့ မကောင်းဆိုးဝါးတွေကြောင့် အသတ်ခံရမှာ လုံးဝမကြောက်ဘဲ အမှောင်ကိုကြောက်နေတယ်။" ဟုန်ယင်းက ကူကယ်ရာမဲ့ ပြန်ပြောသည်။

နှစ်ယောက်သား အိပ်ဆောင်တံခါးဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။ ဟုန်ယင်းသည် သော့ဖွင့်ရန် အပ်တစ်ချောင်းကို အသုံးပြု၍ အိပ်ဆောင်တံခါးက ဖြည်းညှင်းစွာ ပွင့်သွားသည်...

ဟုန်ယင်း မျှော်လင့်ထားသည့်အတိုင်း အိပ်ဆောင်ထဲတွင် မည်သူမျှမရှိပေ။

နှစ်ယောက်သား အိပ်ဆောင်ထဲကို လျှောက်သွားပြီး အမြန်လိုက်ရှာသည်။

"ကျွစ်၊ ဒီကျောင်းရဲ့ အိပ်ဆောင်က တော်တော်ကောင်းတယ်... လသာဆောင်က တော်တော်ကျယ်တာပဲ။" ဟုန်ယင်းသည် တံခါးကိုဖွင့်ကာ ခံစားချက်ဖြင့်ပြောပြီး လသာဆောင်ဆီသို့ လျှောက်သွားသည်။

ရုတ်တရက် တစ်ခုခုကို သူမမြင်လိုက်ရသလို သူမမျက်လုံးအိမ်များက ရုတ်တရက် ကျုံ့သွားသည်။

အိပ်ဆောင်ရှိ အခြောက်ခံစင်ပေါ်တွင် ပန်းနုရောင်နှင့် နူးညံ့သောအဝတ်အစားများနှင့် အတွင်းခံများကို တွဲလောင်းဆွဲထားသည့်အပြင်...

ပြီးတော့ ပါးလွှာသော လူ့အရေခွံလေးခုလည်းရှိကာ

လေနှင့်အတူ လွှင့်နေသည်။

TK Team (Chapter 48)