Chapter 51
Viewers 7k

Chapter - 51

(ထုတ်ပြလိုက်ပြီ)

ဘေးတွင်ရပ်နေသည့် စီဆဲလ်သည် လက်ပိုက်ကာ ခပ်ပြုံးပြုံး အနေအထားဖြင့် ရပ်နေပြီး ကပ္ပတိန်အား ရင်ဆိုင်နေရသည့် ကျောင်းမြန်အား ကြည့်နေလေသည်။

"ဗိုလ်ချုပ်ကြီး....” 

ကပ္ပတိန်သည် ဘေးသို့ ချက်ချင်းလှည့်လိုက်ပြီး 
စီဆဲလ်အား အလေးပြုကာ ဆို၏။

"ဗိုလ်ချုပ်ကြီး...ကျွန်တော်တို့ ဗိုလ်ချုပ်ကျောင်းရဲ့ စက်ရုံကို ရှာဖွေခွင့်တောင်းဖို့ ဒီကိုရောက်လာကြတာပါ"

စီဆဲလ် : "ဒါဆို သူခွင့်ပြုလိုက်လား.."

"မပြု‌သေးပေမယ့်....ကျွန်တော်..."

"ဒါဆို မင်းဒီမှာ ဘာလုပ်နေ‌သေးတာလဲ" 

စီဆဲလ်သည် သူ့လက်ကို ဖြန့်ကာ မတတ်နိုင်သည့်ပုံစံဖြင့် ဆက်ပြောလိုက်သည်။ 

" မင်း ဒီမှာ ကျောက်တုံးဖြစ်သွားတဲ့အထိ ရပ်နေမယ်ဆိုရင်တောင် သူက မင်းကိုခွင့်ပြုမှာမဟုတ်ဘူး"

"မြန်မြန်၊ လာ၊ ကိုယ်တို့ သွားစားရအောင်..." 

စီဆဲလ်သည် ကျောင်းမြန်အား လက်ယပ်ခေါ်ပြီး သူ့နောက်မှာရှိနေသည့် လေယာဉ်ကို ညွှန်ပြသည်။

ကပ္ပတိန် ဘာမှမ‌ပြောနိုင်ခင် စီဆဲလ် ဆက်ပြောလိုက်၏။

"ဗိုလ်ချုပ်ကျောင်းက မင်းရဲ့ဒါရိုက်တာကို ခေါ်ခိုင်းထားတယ်မလား မြန်မြန်ခေါ်လိုက်" 

ကပ္ပတိန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ 

ဗိုလ်ချုပ်နှစ်ယောက်စလုံးက ထိုသိုပြောသည့်အတွက် ဒီ‌နေရာတွင် တစ်ခုခုမှားနေပြီလို့ ခံစားမိ‌သောကြောင့် ဖုန်းခေါ်လိုက်တော့သည်။

ကပ္ပတိန်သည် ဒါရိုက်တာနှင့် ခဏတာ စကားပြောပြီးသည့်နောက် သူ့မျက်နှာကြီး မဲမှောင်သွားတော့သည်။ 

"ကျွန်တော် သိပါပြီ......" 

ကပ္ပတိန်သည် ကျောင်းမြန်အား တစ်ချက်ကြည့်လိုက်ပြီး ရှေ့ကိုတိုးကာ ကိုးဆယ်ဒီဂရီ ဦးညွှတ်လိုက်သည်။ 

"ဗိုလ်ချုပ်ကို အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်"

ကျောင်းမြန်လည်း ရှက်သွားပြီး သူ့အားကူညီရန် အလျင်အမြန် လှမ်းလာခဲ့သည်။ 

"ရပါတယ်" 

ကျောင်းမြန် နှင့် စီဆဲလ်တို့သည် အဆုံးသတ်ကို ခန့်မှန်းပြီးသားဖြစ်သည်။

ကျောင်းမြန်သည် ဟောင်လုလုကို တိတ်တဆိတ် စိုက်ပျိုးကာ ထိုအကြောင်းနှင့် ပတ်သက်ပြီး အသံတစ်ချက်မျှ မထွက်ဘဲ အခုလိုအဖြစ်မျိုး သို့မဟုတ် အခြားသော မတော်တဆအဖြစ်မျိုးကို တားဆီးနိုင်ရန်အတွက် စက်ရုံမှ သုတေသနပညာရှင်များအား ထိုကိစ္စနှင့် သက်ဆိုင်သော အမိန့်တစ်စုံတစ်ရာ မပေးခဲ့ဘဲ အသိပေးခြင်းလည်း မပြုခဲ့ပေ။  

သို့သော် စီဆဲလ်သည် ထိုစက်ရုံ၏ အဓိကအကြောင်းအရာအား အဖွဲ့ချုပ်၏ အဓိကဝန်ကြီးများနှင့် အရေးကြီးပုဂ္ဂိုလ်များထံသို့ ပေးပို့ကာ တင်ပြခဲ့ပြီးဖြစ်သည်။   

ယခုမှအသစ်ခန့်အပ်ခြင်း ခံထားရသည့် ဒါရိုက်တာသည် သူ့တွင် ပြဿနာရှာတတ်သည့် စာအုပ်ကြီး ကဲ့သို့ စနစ်တကျလေ့ကျင့်ထားသည့် တပ်မှူးတစ်ဦးရှိနေပြီဟု ယူဆမိသောကြောင့် လျှို့ဝှက်ချက်များ ပေါက်ကြားလုနီးပါးဖြစ်ခဲ့သည့် အတွက် ကပ္ပတိန်အား ပြစ်တင်ရှုံ့ချနေတော့သည်။

ကပ္ပတိန်က လေးနက်စွာပြောပြန်သည်။

"ဗိုလ်ချုပ်ကျောင်း စိတ်ချပါ၊ ကျွန်တော် ဘယ်မှာမှ မကောင်းတဲ့စကားမပြောပါဘူး"

"အဲ့လိုဆို ကောင်းပါတယ်"

ကပ္ပတိန်ထွက်သွားပြီးနောက်၊ စီဆဲလ်သည် ကျောင်းမြန်၏ပခုံးကိုဖက်ကာ ကျောင်းမြန် နှစ်သက်သည့် တရုတ်စားသောက်ဆိုင်သို့ ခေါ်သွားခဲ့သည်။

စီဆဲလ် က သီးသန့်အခန်းတစ်ခုဘိုကင်တင်လိုက်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ဟင်းလျာများကို စားပွဲနှင့် အပြည့် မှာလိုက်တော့သည်။

"ကိုယ် စားဖိုမှူးကို ခပ်ပေါ့ပေါ့ချက်ခိုင်းထားတယ်"

စီဆဲလ်သည် ကျောင်းမြန်၏ ပန်းကန်ထဲကို ဟင်းထည့်ပေးရင်း ပြုံးပြကာ ပြောလိုက်သည်။

"မကြိုက်ရင် နောက်တစ်မျိုး ထပ်မှာလို့ရတယ်နော်.."

"ကျွန်တော်ကြိုက်ပါတယ်" 

ကျောင်းမြန်က ခဏအကြာတွင် ထပ်ပြော၏။

"နောက်တစ်ခါ... အဲ့လောက် အများကြီး မမှာနဲ့"

"ကိုယ် ကြိုက်တယ်လေ..."

ကျောင်းမြန်သည် ဘာမှမပြော‌တော့ဘဲ ခေါင်းငုံ့ကာ ဆက်စားနေလိုက်သည်။

ကျောင်းမြန်သည် ဟင်းရည်တစ်ပန်းကန်နှင့် ထမင်းတစ်ဝက်ခန့်စားပြီးသည့်နောက် ဗိုက်ပြည့်သွားသလို ခံစားရသောကြောင့် ခြေဆင်းထိုင်ကာ
သူ့ရှေ့မှ စားပွဲအပြည့်ရှိနေသည့် ဟင်းပွဲများကို တစ်ချက်ကြည့်လိုက်သည်။

စီဆဲလ် အံ့သြကာ မေးလိုက်သည်။

"ထပ်မစားတော့ဘူးလား" 

"အင်း.."

စီဆဲလ်သည် ကျောင်းမြန်၏ လက်ချောင်းများကို သူ့ လက်ဝါးကြီးဖြင့် အုပ်ကိုင်လိုက်ပြီး ပြော၏။

"မင်းက ဗိုလ်ချုပ်ကြီးနော် ကောင်မလေးသေးသေးလေး မဟုတ်ဘူး....ဘာလို့ ငှက်ကလေးလို အစာအိမ်သေးသေးလေးပဲပါလာတာလဲ....ကိုယ်တို့ လက်ထပ်ထားတာပဲကြာနေပြီ....မငိး ကိုယ့်ရှေ့မှာ များများစားတာ တစ်ခါမှမရှိဘူး... များများစား‌လေ နည်းနည်းဘဲစားတာက ခန္ဓာကိုယ်အတွက် မကောင်းဘူး"

ကျောင်းမြန် : "ကျွန်တော် တကယ် ဗိုက်ပြည့်သွားပြီ"

မဖြစ်နိုင်တာ...!

"ဘေဘီ တကယ်လား" 

စီဆဲလ် သည် အသားတစ်ပိုင်းကိုယူ၍ ကျောင်းမြန် ၏ပန်းကန်ထဲသို့ထည့်ကာ ပြောလိုက်သည်။ 

"နည်းနည်းထပ်စားရင် ကိုယ်စိတ်မဆိုး‌တော့ဘူး"

"တကယ်မစားနိုင်‌တော့ဘူး.."

"လူဆိုးလေး" 

စီဆဲလ် ပန်းကန်ကို ထပ်မလိုက်ပြီး ကျောင်းမြန်၏ နှာခေါင်းထိပ်လေးအား အသာညှစ်လိုက်ကာ ဆက်ပြောသည်။

"မင်း ဒီထမင်းတစ်ပန်းကန် မကုန်ရင် ဒီနေ့ အပြင်ထွက်ခွင့် မရှိဘူး" 

ကျောင်းမြန်၏ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များအရ ဒီ့ထက် ပိုစားပေးရန် လိုအပ်လေသည်။

ကျောင်းမြန်လည်း စီဆဲလ်အား ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ဤနည်းအားဖြင့် စီဆဲလ်၏ အကျပ်ကိုင်မှုနှင့် ချော့မော့မှုအောက်တွင် ကျောင်းမြန်သည် ထမင်းတစ်ပန်းကန်ကို အပြီးသတ်နိုင်ခဲ့ပေသည်။

ကျောင်းမြန်သည် သူ၏ဗိုက်အရမ်းတင်းကာ ခန္ဓာကိုယ်မှ အားနည်းနေသလို ခံစားလိုက်နေရသောကြောင့် ဘေးတွင်သာ ငြိမ်ငြိမ်လေး မတ်တပ်ထိုင်နေလိုက်သည်။

စီဆဲလ်သည် အစတွင် ဇီဝဗေဒဌာန၏ ဒါရိုက်တာပြောသည့်အရာကို တွေးမိပြီး သူ့စိတ်ထဲတွင် တုန်လှုပ်‌နေသောကြောင့် သူ့ရှေ့မှလူအား တတ်နိုင်သမျှ ဂရုစိုက်ပေးနေသော်လည်း သူ့မျက်နှာတွင် မည်သည့် အမူအယာမှမပြဘဲ လူရမ်းကား တစ်ယောက်ကဲ့သို့ ပြုံးစိစိ အနေအထားဖြင့် ရှိနေဆဲဖြစ်သည်။ 

စီဆဲလ် ပြုံးလိုက်ပြီး သူ၏ မကောင်းဆိုးဝါးဆန်သည့် ခြေထောက်ကို ဆန့်ထုတ်ကာ ကျောင်းမြန်၏ဗိုက်ကို ပွတ်ပေးလိုက်သည်။

"ရို့ ကိုယ် ကြည့်ရတာတော့..."

 စီဆဲလ် ကျောင်းမြန်၏ ဘေးသို့ ချဉ်းကပ်သွားပြီး လက်တစ်ဖက်၏ လက်ညိုးဖြင့် စက်ဝိုင်းကြီးတစ်ခု ပြုလုပ်ကာ ကျောင်းမြန်၏ဗိုက်ကို အခြားတစ်ဖက်နှင့် ပွတ်သပ်လိုက်ကာ...

"ဒါက စက်ဝိုင်းကြီးကျ‌နေတာပဲ..."

ကျောင်းမြန်သည် စီဆဲလ်၏လက်ကို ရိုက်ထုတ်လိုက်ပြီး သူ၏ခြေထောက်များကိုလည်း ရှောင်လိုက်သည်။

"စီဆဲလ် အလုပ်ပြန်သွားလုပ်တော့...."

"အင်!!" 

စီဆဲလ် ချက်ချင်းထထိုင်လိုက်ပြီး သူ့နောက်ရှိဝံပုလွေအမြီးသည် ခါယမ်းနေတော့သည်။ 

"ဟောင်လုလုရဲ့ သုတေသန နဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ...." 

ကျောင်းမြန် ခေတ္တရပ်လိုက်ပြီး... 

"အဲ့ဒါကို လူထုကို ချပြလိုက်တာ ပိုကောင်းမယ်ထင်လား..."

စီဆဲလ် အံ့အားသင့်သွားသည်။

ကျောင်းမြန် : "ဒီနေ့လိုကိစ္စမျိုး ထပ်ဖြစ်လာဖို့က အနှေးနဲ့အမြန်ပဲ...လူ‌တွေကိုကြောက်လန့်ပြီး အယုံအကြည်မရှိအောင် လုပ်နေမယ့်အစား ဟောင်လုလုရဲ့ အကျိုးသက်ရောက်မှုကို တစ်ခါတည်း ထုတ်ပြလိုက်တာ ပိုမကောင်းဘူးလား.." 

စီဆဲလ်သည် သူ့ခုံတွင် ပြန်ထိုင်လိုက်ပြီး ပြုံးလိုက်သည်။

"ကိုယ်လည်း တွေးမိတယ်....လူ‌ထုက လက်ခံလာအောင် ကိုယ်တို့က ဖြည်းဖြည်းချင်းကို ဦးဆောင်သွားမယ်ဆိုရင် ကိုယ်တို့ နောက်ပိုင်းမှာ ဇာစ့်တွေနဲ့ တိုက်ပွဲမှာလည်း တရားဝင် အသုံးပြုနိုင်လိမ့်မယ်.."

ဒီလိုမှမဟုတ်ရင်၊ နောက်ဆုံးဖြစ်ရပ် ဖြစ်သည့် 
ကုရှင်းချီ၏ အဖြစ်အပျက်ကဲ့သို့ ကျောင်းမြန်သည် ဟောင်လုလုကို ကြိတ်ချေကာ ရိုးရိုးဆေးများတွင် တိတ်တဆိတ် ရောနှော‌နေဆဲဖြစ်သောကြောင့် ထပ်မံနှောက်ယှက်ခံရပါက အလွန်အန္တရာယ်များပေသည်။ 

"ဒါပေမယ့် အဲဒါကို လူသိရှင်ကြား ထုတ်ပြမယ်ဆိုရင်.....မင်းဘက်က အသင့်ပြင်ထားမှရမယ်..."

စီဆဲလ်သည် ကျောင်းမြန်၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။

"ဝေဖန်မှုနဲ့ အတိုက်အခိုက်တွေများလိမ့်မယ်.."

ကျောင်းမြန်လည်း ခေါင်းကိုခါယမ်းလိုက်သည်။

"ဒါကို ကျွန်တော် စိတ်မပူပါဘူး"

-ဒါက လိုအပ်သည့် ဖြစ်ရိုးဖြစ်စဉ် ကိစ္စဖြစ်သောကြောင့် ကျောင်းမြန်သည် ယခုကဲ့သို့ ပြင်ပ ယူဆချက်များကို သိပ်ဂရုမစိုက်ပေ။

ထပ်ပြီးလား.....

သူ့ရှေ့မှလူကို ကြည့်လိုက်ချိန်တွင် ကျောင်းမြန်သည် ဘာကြောင့်မှန်းမသိဘဲ၊ စီဆဲလ်သည် သူ့အတွက် ထိုအရှုပ်အထွေးအားလုံးကို တားဆီးပစ်နိုင်သောကြောင့် အဲဒီကန့်ကွက်မှုများသည် တကယ့်ကို ဘာမှမဟုတ်သည့်ကိစ္စဟု ခံစားလိုက်ရသည်။

ခဏကြာ စကားစမြည်ပြောပြီးနောက် ကျောင်းမြန်သည် အချိန်ကိုကြည့်ကာ ပြောလိုက်သည်။

"နောက်ကျနေပြီဆိုတော့ ကျွန်တော်အရင်ပြန်လိုက်တော့မယ်" 

စီဆဲလ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

-ဒီလူကို ဗိုလ်ချုပ်စံအိမ်ကို ပြန်ခေါ်သွားဖို့က အခုထိမအောင်မြင်သေးဘူးပဲ။

-ဟုတ်ပါတယ်.....ဒါကလည်းသူ့အပြစ်ပဲကို.....။

စီဆဲလ်သည် အတိတ်ကိုပြန်သွားပြီး ထိုနေ့က အခန်းခွဲ အိပ်ချင်သည့် သူ့ကိုယ်သူ ပြန်ရိုက်ချင်စိတ်က တဖွားဖွား ဖြစ်နေမိသည်။

ခဏတာ အခန်းခွဲအိပ်ရသည်က အဆင်ပြေပေမယ့် အချစ်ဆိုသည့် မီးပင်လယ်ထဲနစ်မြုပ်သွားသည့် ခဏတွင် ယခုလို ခွဲခွာနေရသည်မှာ သူ့ကို မီးတောက်များ အဆက်မပြတ်လောင်မြိုက်နေသကဲ့သို့ ပူလောင်နေရပေသည်။

"ကိုယ်ပြောပါတယ် မင်းက ကလေးလေးပါဆို"

စီဆဲလ်သည် ကျောင်းမြန်၏နှာခေါင်းကို ကိုက်လိုက်ပြီး 'ဒီကလေးက ကလေးမလေး‌တွေထက် ပိုပြီး နူးညံ့တာပဲ'ဟု စိတ်ထဲတွင် ပြောလိုက်သည်။

'ဟင်း...ဒီလိုဆိုလည်း ဒီကလူအိုကြီးက မင်းကို သဘောကျနေတာပဲ...'

"ဘာရယ်.....!" 

ကျောင်းမြန် အနည်းငယ် မျက်မှောင်ကြုတ်ကာ.... 

-ဘာဖြစ်တယ် ကောင်လေး....။

"ကိုယ်ပြောတာ မင်းက ကလေးလေးလို့....." 

စီဆဲလ် က နူးညံ့စွာ ပြုံးပြလိုက်ပြီး..- 

"မင်းက တကယ်ကို ချစ်စရာအကောင်းဆုံး၊ အလှဆုံးနဲ့ အချောဆုံးကလေးလေးပဲ.....မင်းကိုအရမ်းချစ်တယ်နော် ဘေဘီ.." 

ကျောင်းမြန် - "....."

ကျောင်းမြန်သည် စီဆဲလ်၏ အတွေးများသည် ကလေးမလေးတွေထက် ပိုပြီး ထိလွယ်ရှလွယ်ဖြစ်ကာ၊ မိန်းမတစ်ယောက်၏ ငြီးငြူမှုထက် ပို၍ ဆိုးဝါးသည်ဟု ခံစားရသည်။တွ

ကျောင်းမြန်လည်း ကူကယ်ရာမဲ့စွာဖြင့်....

“ကျွန်တော်သွားပြီ..”

"မင်းကို စက်ရုံကို ပြန်ပို့ပေးမယ်"

စီဆဲလ်သည် ကျောင်းမြန်အား ပြန်လိုက်ပို့လိုက်သည်။အခန်းထဲပြန်‌ရောက်သည့်အချိန်တွင် ကျောင်းမြန် သည် အိပ်ယာပေါ်တွင် လဲလျောင်းနေပြီး တာမီနယ်ကိုဖွင့်ကာ ယနေ့ ရုပ်ရှင်ရုံတွင် စီဆဲလ်၏ ဝန်ခံမှုသည် ရှာဖွေမှုနေရာတွင် အရှိန်မလျော့သေးသည်ကို တွေ့လိုက်ရပြီး သူ့နာမည်သည်လည်း ရှာဖွေမှုစာရင်းတွင် ပါနေသေးပြီး နောက်တွင် အမြီးတစ်ခုလည်း ပါလာသေးသည်။ 

ထိုခေါင်းစဉ်ကို နှိပ်ပြီးသည့်နောက်၊ စီဆဲလ်သည် သူ့အား ဝန်ခံကာ ပန်းများပေးသည့် ဗီဒီယိုကို ပြသထားသည်။ *ကလစ်‌နှင့် ကြည့်ရှုနှုန်း အရေအတွက်သည် ယခုနှစ်တွင် ကလစ်နှိပ်ခံရမှု အများဆုံးသော ဗီဒီယို ဆယ်ခုစာရင်းသို့ တက်သွားခဲ့သည်။

(T/N- likeပေးတာနဲ့တူတူပါပဲနော်)

{Ah ah ငါသေပြီ!! ! ဒါက ဘယ်လို နတ်သမီးအချစ်ပုံပြင်မျိုးလဲ လက်ထပ်ပြီးသား ဇနီးမောင်နှံတွေက အခြလို ရင်ခုန်စရာကောင်းတဲ့ ဝန်ခံမှုမျိုး လုပ်‌နေကြသေးတာလား!!!!ကျေးဇူးပြုပြီး ဂလက်ဆီခင်ပွန်း‌သည်တွေရဲ့ ချစ်ခြင်း ဖွင့်ဟမှု ဗျုဟာအတွက် မေးပေးကြပါဦး....}

{ဗိုလ်ချုပ်ကျောင်း က အရမ်းချစ်စရာကောင်းတာပဲ... ဒီလိုချစ်စရာကောင်းတဲ့ အိမ်ထောင်ဖက်ကို ဝူးးးဝူးးးးဘယ်မှာလိုက်ရှာရမလဲလို့.....ဗိုလ်ချုပ်ကြီး စီဆဲလ်ကလည်း အရမ်းချောတာပဲ....}

{ဗိုလ်ချုပ်ကြီး စီဆဲလ် လိုမျိုး လာဗင်ဒါ ပန်းစည်း ရောင်းဖို့ရှိပါတယ်!!!အရင်လာတဲ့ သူကို ဦးစားျပးပါမယ်!!!!}

ကျောင်းမြန်လည်း ရယ်ရမလားငိုရမလား မသိ‌တော့ပေ။

စတားကွန်ရက် နှင့် လူအများ၏အမြင်သည် အလွန်မှော်ဆန်သည့်အရာဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် အကောင်းနှင့်အဆိုးဒွန်တွဲနေတတ်သည်။ တစ်ခါတစ်ရံတွင်လည်း ထိုသူများသည် ဗီဒီယို တစ်ခုထဲတွင်ပါသည့် အလှအပရေးရာ သို့မဟုတ် သူတို့နားမလည်နိုင်သည့်အရာများကြောင့် မင်းကို အပြစ်တင်ကြလိမ့်မည်။သူတို့၏ အမြင်အား မည်သူကမှ မခန့်မှန်းနိုင်ပါ။

ကျောင်းမြန် နားလည်ရန် အနည်းငယ်ခက်ခဲသော်လည်း သူလည်း ဖြည်းဖြည်းချင်း သင်ယူနေပြီဖြစ်သည်။

ထို့‌ကြောင် နောက်ရက်အနည်းငယ်အတွင်း ဖြစ်လာမည့်မြင်ကွင်းကို သူမှန်းဆနိုင်သည်။ 

သူနှင့် စီဆဲလ်တို့သည် ဟောင်လုလုကို တရားဝင်ဆေးဝါးအဖြစ် အသုံးပြုရန် လူထုအား ချပြမည့်အကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ထိုအချိန်တွင် အတိုက်အခံများ၏ အသံများစွာ ထွက်ပေါ်လာမည်မှာ မလွဲမသွေဖြစ်သည်။ သူတို့အား မူးယစ်ဆေးဝါး ရောင်းဝယ်သူများနှင့် လက်တွဲကာလုပ်ကိုင်နေသည်ဟု တစ်စုံတစ်ယောက်က အင်တာနက်တွင် သတင်းဖြန့်ကာ တိုက်ခိုက်မည်ဟုလည်း ယူဆရသည်။

ကျောင်းမြန် ဘာပြောရမှန်းမသိဖြစ်နေတော့သည်။

"အစ်ကိုကြီး ဘာကြည့်နေတာလဲ"

ဘေးနားတွင် အိပ်နေသည့် ရှောင်လဲ့သည် ကျောင်းမြန်၏လက်ကို လှမ်းကိုင်ကာ ရှုပ်ထွေးသော အမူအယာ မော့ကြည့်ကာ မေးလိုက်သည်။

"မအိပ်ဘူးလား..."

"အိပ်တော့မှာ" 

ကျောင်းမြန်လည် ရှောင်လဲ့၏ ဆံပင်ထိပ်လေးကို ဖွရင်း ပြောလိုက်သည်

 "ကောင်းသောညပါ" 

............................…............................…............................…

နောက်နှစ်ရက်အကြာတွင် စတားကွန်ရက်တွင် တကယ့်ကိုပဲ......ဆူပူနေလေပြီ...။

ထိုဗီဒီယိုထဲတွင် စီဆဲလ်နှင် ကျောင်းမြန်တို့သည်စင်ပေါ်မှာရပ်နေကြပြီး သူတို့၏နောက်တွင် ဖန်သားပြင် တစ်ခုကိုပြသထားသည်။ ထိုဖန်သားပြင်ပေါ်တွင်ဟောင်လုလု၏ အဆိပ်ရှိသောအစိတ် အပိုင်းများ၊အရွက်များ၊အကိုင်းအခတ်များနှင့်အဆိပ်မရှိသောအမြစ်များကိုသေချာခွဲ၍ပြသထားပါသည်။

ကျောင်းမြန်သည် ဟောင်လုလု၏ ဆေးအဖြစ်အသုံးဝင်ပုံကို ဖြည်းညှင်းစွာ ရှင်းပြပြီး ဇာစ့်အဆိပ်ကို ချေဖျက်နိုင်ကြောင်းကိုလည်းရှင်းပြပေးခဲ့သည်။အယ်လန် ၊ စီဆဲလ်၊ မာရှယ်ဇနီးမောင်နှံ နှင့် တော်ဝင်မိသားစုများ အားလုံးလည်း ထိုနေရာတွင် ရှိနေကြပြီး သူတို့အားလုံးသည် တပြိုင်နက် သဘောတူကြသည်။

အချိန်အတော်ကြာအောင်၊ ဂလက်ဆီ ခင်ပွန်းသည်များနှင့် ပတ်သက်၍ စတားကွန်ရက်တွင် မည်သူမျှ မရှိခဲ့ဘဲ ၎င်းတို့အားလုံးသည် ဤပေါက်ကွဲစေတတ်သော သတင်းတစ်ပုဒ်ကိုသာ အာရုံစိုက်နေကြသည်။

{မင်းရူးနေလား လွန်ခဲ့တယ်ဟင်းတစ်ရာကျော်ကနိုင်ငံတွေနဲ့ဂြိုဟ်တွေက မိသားစုတွေကိုဖျက်ဆီးခဲ့တဲ့မူးယစ်ဆေးဝါးက လူတွေကိုကယ်တင်နိုင်တယ်ဆိုတော့....ဒါကလူတွေကိုကယ်တင်ဖို့မဟုတ်ဘူး...လူတွေကိုဒုက္ခပေးဖို့ပဲ}

{ရေခဲမြစ်ထဲက တစ်စုံတစ်ယောက်က အင်အားကြီးတဲ့လူတွေအကုန်လုံးကိုဆွဲဆောင်ခဲ့တာလား......ရေခဲမြစ်ရဲ့စနစ်က ရာသီဥတုကြောင့် မကျော်ကြားခဲ့တာလား။ အဆိပ်ကြောင့်ဖြစ်နေနိုင်လား....ကြောက်စရာကောင်းလိုက်တာ လေးစားမှုနဲ့ဆက်ပြောရမယ်ဆိုရင်တော့အဖွဲ့ချုပ်ကအနှေးနဲ့အမြန်ဆိုသလိုကျရှုံးတော့မှာပဲ}

{ဘာသာရေးယူဆချက်တွေပြန်ဖြစ်လာနေပြီ.....ဒီအချိန်မှာတော့ကန့်ကွက်စရာမရှိပါဘူး....အနှေးနဲ့အမြန် ငါတို့ကိုဖုံးအုပ်သွားလိမ့်မယ်}

ဗီဒီယိုကို လူသိရှင်ကြား ထုတ်ပြပြီးနောက် ကျောင်းမြန် သည် အခြေအနေကို စောင့်ကြည့်ရန် အွန်လိုင်းသို့ ရောက်ရှိလာခဲ့သည်။

သူ့မှန်းဆချက်မှန်ကန်ခဲ့ပါသည်။အရင်ကသူ့အားအပြစ်တင်ခဲ့သည့် စာကြောင်းများကို မှန်းဆထားပြီးဖြစ်သည်။

သို့သော် မမျှော်လင့်ဘဲ ထိုအရာများသည် အနည်းစု သာဖြစ်သည်။

"အဲဒါကို မမျှော်လင့်ထားဘူးလား"

စီဆဲလ် နှင့် ကျောင်းမြန်သည် စက်ရုံသို့ ပြန်လာချိန် လေယာဉ်ပေါ်တွင် ထိုင်ကာ စီဆဲလ်က ပြုံးရွှင်စွာဖြင့်ပြောလိုက်သည်။"ဆန့်ကျင်တဲ့သူတွေထက် ထောက်ခံသူတွေ ပိုများ‌နေမယ်လို့ တစ်ခါမှမမျှော်လင့်ထားဖူးလား" 

ကျောင်းမြန် ခေါင်းညိတ်ပြလိုက်သည်။

-သူတကယ် မမျှော်လင့်ထားဘူး...။

-လူအများက သူ့ကို ထောက်ခံကြတယ်။

{ ဗိုလ်ချုပ်‌ကျောင်း ကို ထောက်ခံပါတယ်...ပြီးခဲ့တဲ့ နောက်ဆုံးအကြိမ်က ကျွန်တော်တို့အတွက် သင်ခန်းစာကောင်းတစ်ခုပဲ မဟုတ်ဘူးလား....အရင် မစမ်းသပ်ဖူးဘဲ ဘယ်လိုလုပ်သိနိုင်မှာလဲ}

{ ငါ ဗိုလ်ချုပ်‌ကျောင်း ကို ထောက်ခံသလို.... ဗိုလ်ချုပ်ကြီးစီဆဲလ်ကို ပိုပြီးတောင်ယုံကြည်သေးတယ်....သူတို့ရှိနေတာက အဖွဲ့ချုပ်အတွက် တကယ်ကောင်းပါတယ်....အဖွဲ့ချုပ် ကျဆုံးတော့မယ်လို့ ကြွေးကြော်နေတဲ့သူတွေ မင်းတို့မှာ အရည်အချင်းရှိရင် ဗိုလ်ချုပ်ကြီးစီဆဲလ်ကောင်းချီးပေးတဲ့ အဖွဲ့ချုပ်ထဲမှာ မနေနဲ့လေ....မင်းမှာ အရည်အချင်းရှိရင် မင်းပြောင်းနေမလား....အရမ်း စက်ဆုပ်စရာကောင်းတယ်..မင်းတို့ရဲ့ မိုက်မဲတဲ့ အမြင်တွေမရှိရင် အဖွဲ့ချုပ်က ပိုပြီးကောင်းနိုင်တယ်......ဗိုလ်ချုပ်ကြီး နှစ်ယောက်လုံး အတွက် ငါတကယ်စိတ်မကောင်းဘူး....}

{ဗိုလ်ချုပ်‌ကျောင်းရဲ့ ဇွဲလုံ့လကြောင့် လူတစ်သောင်းကျော်လောက် ကဲ့ရဲ့ရှုံ့ချတဲ့ကြားထဲက ဗိုလ်ချုပ်ကုကို ကယ်တင်နိုင်ခဲ့တာ....ငါ ‌ဗိုလ်ချုပ်ကျောင်း ဘက်ကနေ ရပ်တည်ပါတယ်}

#လူမည်းဆန့်ကျင်ရေးနှင့် အကြမ်းဖက်မှုကို ပံ့ပိုးကူညီ‌ပေးဖို့ ဗိုလ်ချုပ်ကျောင်းကို ထောက်ခံပါတယ်...။
 
ထိုအကြောင်းအရာသည် လျင်မြန်စွာကြီးထွားလာခဲ့ပြီး မရေမတွက်နိုင်သောလူများသည် မကောင်းသော သတင်းလွှင့်သူများကို ပူးပေါင်းကာ ဆန့်ကျင်ခဲ့ကြသည်။  

စီဆဲလ်သည် ကျောင်းမြန်၏ ဆံပင်ထိပ်ကို လက်နှင့်အသာ ထိုးဖွပြီး ပြုံးလိုက်သည်။

"ကိုယ်တို့ အခုလုပ်နေတာက အသုံးမဝင်တာ မဟုတ်ဘူးလေ..."

ကျောင်းမြန်လည်း ခဏကြောင်သွားပြီးမှ ခေါင်း ညိတ်ကာ ပြုံးပြလိုက်သည်။

"ဟင်.."

စီဆဲလ် : "အဲဒါကို ဆန့်ကျင်သူတွေ အမြဲရှိနေမှာပဲ... ဒါပေမယ့် ကိုယ်တို့ကို ထောက်ခံတဲ့ အသံတွေရော မရှိနေဘူးလား...."

"အင်း..."

ကျောင်းမြန်သည် ထိုရလဒ်အား သဘောကျနေ‌‌မိသည်။ အရင်တုန်းက အချိန်များကို ပြန်တွေးကြည့်မိချိန်တွင် သူ အဖွဲ့ချုပ်ကို စရောက်ချိန်တုန်းက ပြဿနာရှာခံရပြီး ဆူပူခဲ့ကြ‌သော်လည်း ယခုတွင် လူအများသည် တဖြည်းဖြည်းနှင့် သူ့အား သဘောကျလာကြပြီး အခုဆို သူ့ကို အားပေးရန်အတွက် ခေါင်းစဉ်မျိုးစုံကိုပင် ဖန်တီးလာကြပြီဖြစ်သည်။

ကျောင်းမြန် သည် ပြုံးပြီး ခေါင်းကိုသာ ယမ်းလိုက်တော့သည်။

သူတို့နှစ်ဦးသား စက်ရုံသို့သာ ပြန်လာခဲ့ကြပြီး‌ 
စီဆဲလ် ပြန်လှည့်ထွက်လာသည့်အချိန် အံ့ဩသွားသည်။

စက်ရုံ၏ခြံစည်းရိုးရှေ့တွင် နှင်းဆီပန်းစည်းများ ရှိနေ‌သည်။

-ပြည်သူတွေဆီကတော့ မဟုတ်‌နိုင်ဘူး...ပြည်သူတွေဆီက လက်ဆောင်များကို အတွင်းဝန်ရုံးသို့ လွှဲပေးလိုက်ပြီ...။

ဖြစ်နိုင်တာကတော့.......

စီဆဲလ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူအရင်အချိန်က ကျောင်းမြန် အရက်မူးနေချိန်တွင် အော်ဟစ်ခဲ့သည်ကို သတိရသွားသည်။

"ငါ....မဟုတ်ဘူး၊ ငါက အပြစ်သားမဟုတ်ဘူး..."

"ထပ်မပြောပါနဲ့တော့..."

အဲ့ဒီ့ "သူ" က "ချင်းယင်" ပဲ။

------------------------------------------------------------------------