အပိုင်း ၃
Viewers 3k

သူဌေးကတော်ဖြစ်ရတာထက် လွယ်တာရှိသေးရဲ့လား

 

အပိုင်း ၃

 

 

 

ကျန်းမင်ဟွေ့နဲ့ တခြားရိုက်ကူးရေး အဖွဲ့သားတွေရော ပရိတ်သတ်တွေပါ နားကြားမှားသည်ဟု ထင်လိုက်ကြ၏။ အကြိမ်ကြိမ် အတည်ပြုပြီးနောက်မှာ တစ်လမ်းလုံးကိုရွှီယန်ယုက တကယ်လိုချင်နေသည်ဖြစ်တဲ့အတွက် သူတို့အကုန်လုံး အံ့ဩကုန်ကြကာ " ငါ တစ်ဆိုင်လုံး ၀ယ်တာတော့ မြင်ဖူးတယ်။ ဒါပေမဲ့ တစ်လမ်းလုံး ၀ယ်မယ်ဆိုတာကတော့ ပိုက်ဆံရှိရုံနဲ့ မဖြစ်နိုင်ဘူး မဟုတ်လား။"

 

 

ဒါပေမဲ့ စိတ်ပူစရာတော့မရှိပါဘူး။ သူမကတစ်လမ်းလုံး၀ယ်ချင်တာဆိုရင် ပိုပြီးရှုပ်ထွေးသွားရုံလောက်ပါပဲ။

 

 

ဒါပေမဲ့ လက်ထောက်လျိုကသာ ရွှီယန်ယုဆန္ဒကိုဖြည့်ပေးမယ်ဆိုရင် ဂဏာန်းကိုးလုံးပမာဏလောက် တန်သည့်လမ်းတစ်ခုလုံးရဖို့ မြန်မြန်စကားပြောရပေမည်ဖြစ်သည်။

 

 

ဒါက ဘယ်လောက်ရှုပ်ထွေးတဲ့ကိစ္စမှန်း မသိနိုင်ကြဘူးဆိုပေမယ့် ရလဒ်ကတော့ လမ်းပိုင်ရှင်ကတော့ သူ့နာမည်ကို ပြောင်းလဲပေးလိုက်ပြီး အခု ရွှီယန်ယု ဟုပြောင်းခေါ်လိုက်ပြီဖြစ်သည်။

 

=====

 

[ဒါကြီးကတော့ တော်တော်ဆန်းကြယ်သွားပြီ။ ရွှီယန်ယုက တစ်လမ်းလုံးကို ၀ယ်လိုက်တာပေါ့!!]

 

 

[တကယ်ကြီး အံ့ဩစရာကောင်းတာပဲ။ အစ်မကြီးရွှီယန်ယုကြောင့် အံ့ဩရတာ ပါးစပ်တောင် မပိတ်နိုင်တော့ဘူး]

 

 

[ငါက ကံကောင်းတဲ့ သေမျိုးတစ်ယောက်ပါ။ ရွှီယန်ယုက ကမ္ဘာပေါ်မှာ ငါမမြင်ဖူးတဲ့ အရာတွေရှိသေးမှန်း မြင်‌တွေ့စေတာပဲ။]

 

 

[ခန့်မှန်းကြည့်ရသလောက်ဆိုရင် ရွှီမမလေးက တစ်နေ့တည်း ယွမ်သုံးရာမီလီယမ်လောက် သုံးခဲ့တာပဲ။ ဒီလမ်းမြေတင် ဂဏာန်းကိုးလုံးစာ ပမာဏလောက်ရှိပြီးတော့ အဆင့်မြင့်စင်တာမှာ သူသုံးခဲ့တဲ့ငွေကိုက ယွမ်မီလီယမ်ဆယ်ချီတယ်။]

 

 

[ဒီနေ့က တော်တော်ပျော်စရာကောင်းတာပဲ။ ရွှီမမလေး လက်ထောက်လေး ဘာလေး မလို‌တော့ဘူးလား။]

 

 

[ငါလည်းရွှီမမလေး အတွက် အလုပ်လုပ်ပေးချင်လိုက်တာ။]

 

 

ညနေခင်းမှာတော့ ရွှီယန်ယု ဈေး၀ယ်ထွက်ခဲ့သည့်အကြောင်းမှာ ရှာဖွေမှုထိပ်ဆုံးဖြစ်နေပြီး comment များ၌ သူမ ဒီနေ့‌ဈေး၀ယ်ထွက်ခဲ့သည်ကို အံ့ဩနေကြ၏။

 

 

ဒီလိုပြည့်စုံချမ်းသာတဲ့ နေ့စဉ်ဘ၀က အံ့ဩနေစရာ‌ မရှိပေ။ မရေမတွက်နိုင်တဲ့ ပြည်သူတွေ လက်ခံလိုက်ရသည်က မင်းမှာသာ ပိုက်ဆံရှိမယ်ဆိုရင် ကမ္ဘာပေါ်မှာမဖြစ်နိုင်တဲ့အရာမရှိ ဟူ၍ဖြစ်သည်။

 

 

ရွှီယန်ယုမှ ကြည့်ရှုသူများအား သူမသည် ၀ယ်ချင်သည့်အရာအား ဈေးမကြည့်ဘဲ သူကြိုက်မကြိုက် သူလိုချင် မလိုချင်ပေါ် မူတည်၍ ဆုံးဖြတ်သည်ဖြစ်ပြီး ပိုက်ဆံဘယ်လောက် ကုန်ကျသလဲဆိုတာ ပြဿနာမဟုတ်မှန်း သိရှိစေ၏။

 

 

သူမအကြောင်းသည် ထိပ်ဆုံးရှာဖွေမှု ဖြစ်လာသောအခါ လူအများ အံ့ဩခဲ့ရ၏။ ရွှီယန်ယု၏ ဈေး၀ယ်ထွက်မှုမှာ ဒီလိုပုံစံမျိုးဖြစ်မယ် မထင်ကြသဖြင့် အားမကျ၍ မနေနိုင်ကြပေ။

 

 

[ရွှီယန်ယု နောက်ထပ်လမ်းတစ်လမ်းကို ဘယ်ချိန်၀ယ်မလဲဆိုတာ ငါသိချင်တယ်]

 

 

[ဒါက သူ့မှာထွေထွေထူးထူး အကြောင်းပြချက်ရှိလို့၀ယ်တာ မဟုတ်လောက်ဘူး သူ့အတွက် လမ်းတစ်လမ်း၀ယ်ရတာက ငါလမ်းထိပ်မှာ အချိုရည်၀ယ်တာနဲ့ တူတူပဲနေမှာ။]

 

 

[ငါသာ ဒီအစီအစဉ်ကို မကြည့်ခဲ့ရင် ဘ၀မှာဒီလောက်ချမ်းသာတဲ့သူ‌ရှိမှန်း သိမှာတောင်မဟုတ်ဘူး]

 

 

[တကယ် ရွှီမမလေးက အစစအရာရာပြည့်စုံတဲ့ လူချမ်းသာအိမ်က ဇနီးသည်တစ်ယောက်ပဲ]

 

 

[သူ၀ယ်လာသမျှပစ္စည်းတွေကို ဖွင့်ဖောက်တဲ့ ဗီဒီယိုရိုက်ရင်တောင် တစ်ရက်တည်းနဲ့ မပြီးနိုင်လောက်ဘူးထင်တယ်]

 

 

[အားလုံးပဲ ရှီမမလေး မောင်းတဲ့ကားကို ရှာကြည့်ပြီးပြီလား။ Pagani Huayraတဲ့ ဈေးက 29 မီလီယမ်လောက်ရှိတယ်။ ကမ္ဘာ့တန်ဖိုးကြီးကားတွေထဲက တစ်ခုဖြစ်ပြီး limited edition တဲ့။ ကားရဲ့အရောင်ကတော့ တအားမိုက်ပဲ။]

 

 

[ရွှီယန်ယုရဲ့တိုက်ရိုက်ထုတ်လွှင့်မှုက သုတတွေအများကြီးရစေတာပဲ။ ကြည့်လိုက်တာနဲ့ တန်းပြီးအံဩသွားရတာ။ မမလေးက ဈေး၀ယ်ထွက်ရတာကြိုက်ရင် ငါကလည်း သူဈေး၀ယ်ထွက်တာကို သဘောကျတဲ့ဖန်ပဲ။]

 

 

ကျန်းချင်ယွင်မှာ ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မှုရှိသောကြောင့် ထုတ်လွှင့်မှုစသည်နှင့် ရှန်ဖန့်နဲ့ ဆုံရတော့သည်။ သူမသည် သွယ်လျသောခန္ဓာကိုယ်ထက်ပန်းနုရောင်ဂါ၀န်၀တ်ဆင်ထားပြီး သူမ၏လည်တိုင်ဖွေးဖွေးထက်တွင် စိန်လည်ဆွဲတစ်ကုံး ဆင်မြန်းထားသည်။သူမ၏ ပုံစံမှာ သိမ်မွေ့ပြီးအထက်တန်းဆန်လှ၏။

 

 

မင်းသမီးတစ်ယောက်ရဲ့မျက်နှာအနေထားကတော့ တကယ့်ကို အံ့ဩဖွယ်ရာပင်ဖြစ်သည်။သူမသည် နှစ်အတော်ကြာ အနားယူထားသူ ဖြစ်‌သော်လည်း ရုပ်အသွင်အပြင် ပြောင်းလဲသွားပေမယ့်လို့ ခန္ဓာကိုယ်မှာတော့ အရင်အတိုင်းပင်။

 

 

တိုက်ရိုက်လွှင့်မှု စတင်သည်နှင့် အရည်သွေးမြင့်သစ်သားလှေကားပေါ်မှ ဂါ၀န်ရှည်နှင့်ကျက်သရေရှိစွာဆင်းလာသည့်ပုံအား စတင်ရိုက်ကူးတော့၏။

 

 

ချင်ယွင်မှာ ရိုက်ကူးရေးအဖွဲ့မှ ဓာတ်ပုံဆရာများ၏ အနီးကပ်ရိုက်ချက်များနှင့် လိုက်ဖက်ညီနေတော့သည်။လမ်းလျှောက်သည့်ဟန်ပန်မှာ သိမ်မွေ့လှသဖြင့် ခြေလှမ်းတိုင်းက သူမအား ထင်းထွက်နေစေ၏။

 

 

ကျန်းချင်ယွင်မှာ ပြုံးရင်းနှင့် ကင်မရာအား ကျော်ကာ

လက်ကမ်းလိုက်သဖြင့် ရှန်ဖန့်မှ လက်အားဆွဲယူလိုက်တာ လှေကားထပ်မှတူတူဆင်းလာကြ၏။

 

 

[အား ချိုမြိန်လိုက်တာ ဒါကရှန်ဖန့်ပဲ]

 

 

[ဇနီးအပေါ် နူးညံ့ပြီးညှာတာတတ်လိုက်တာ]

 

 

[တခြားအခန်းကဘလူတွေနဲ့ယှဉ်ရင် ရွှီယန်ယုရဲ့မုချောင်ယွင်မရှိတာက သနားစရာကောင်းတာပဲ။ သူ့မှာ အစီအစဉ်ကို တစ်ယောက်တည်းလာရတယ်။]

 

 

[ပန်းနုသွေးရွှီက ဒါနဲ့ထိုက်တန်တယ်နော်။ သူက လွန်ခဲ့တဲ့သုံးနှစ်တုန်းက ချင်းယွင်ကြေညာပြီးသား brand ကိုလုယူခဲ့တာ။ သနားစရာကောင်းမနေဘူး။ သူက ဒါနဲ့ထိုက်တန်တယ်။]

 

 

[ဟာသလို့ပဲသဘောထားပြီး သူ့တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ကြည့်လိုက်ကြ။]

 

 

ကျန်းချင်ယွင်နဲ့ရှန်ဖန့်က ပြုံးပြနှုတ်ဆက်လိုက်ကြသည်။

 

 

သူတို့ဟာ ပရိတ်သတ်များက ရွှီယန်ယုအကြောင်းပြောနေကြတဲ့အခါ မျက်မှောင်ကျုံ့မိသွား၏။

 

 

ပုံမှန်ဆိုရင်တော့သူက ရွှီယန်ယုနဲ့ မပတ်သက်ချင်ပေမယ့် သူ့တိုက်ရိုက်ထုတ်လွှင့်မှုမှာ ရွှီယန်ယုအကြောင်း ပြောနေကြတော့ အစီအစဉ်က ပိုပြီးလူကြည့်များလာတော့သည်။

 

 

အဲ့လိုပိုပြီးလူကြည့်များလာသည်က သူ့အားခေါင်းရှုပ်စေသည်။ ဒါက ရွှီယန်ယုနဲ့ပတ်သက်နေလို့ ဒီလိုဖြစ်ရသည်ဟု သူတွေ့မိ၍ဖြစ်သည်။ တကယ်လို့သာ ရွှီယန်ယုအကြောင်းသာ မပါတော့ရင် လူကြည့်များဖို့က မဖြစ်နိုင်တော့ပေ။

 

 

ကျန်းချင်ယွင်က သူ့အမူအရာကို ထိန်းလိုက်ပြီး သူနဲ့သူ့ခင်ပွန်းက ဒီနေ့တ‌စ်နေ့တာအကြောင်းကို ပရိတ်သတ်အား အကျဉ်းချုံး ပြောပြလိုက်သည်။ "ကျွန်မတို့ ဒီနေ့နေ့လည် သူငယ်ချင်းတွေကို ဖိတ်ထားတယ်။ ဘာလို့လဲဆိုတော့ ရှန့်ရီက နောက်လမင်္ဂလာဆောင်မှာဆိုတော့ သူငယ်ချင်းတွေ အများကြီးလာကြမှာလေ။"

 

 

ရှန့်ရီသည် ရှန့်ဖန်ရဲ့ညီလေးဖြစ်ပြီး မကြာခင်လက်ထပ်တော့မယ်ဟု သတင်းထွက်နေသူလည်းဖြစ်သည်။ ပရိတ်သတ်တွေက ကျန်းချင်ယွင်နဲ့ ရှန်ဖန့်တို့ရဲ့မင်္ဂလာပွဲအားပြန်လည်သတိရသွားကြပြီး ရှန်မိသားစုရဲ့မင်္ဂလာပွဲအား မျှော်လင့်မိကြ၏။

 

 

ရှန်ဖန့်မှာ ကျန်းချင်ယွင်အား စောင့်ပြီး လှေကားပေါ်မှဆင်းသည်အထိ လက်ကိုင်ထားပေးသည်။ တိုက်ရိုက်လွှင့်မှုမစခင် နာရီ၀က်လောက်တည်းက သူတို့နှစ်ယောက်လက်တွဲထားကြသည်မှာ အခုထိပင်။

 

 

[သူတို့နှစ်ယောက်က အခုထိချစ်နေကြတုန်းလား]

 

 

[တအားချိုမြိန်တာပဲ။ သူတို့လက်တွေက ကော်နဲ့ကပ်ထားကြတာလား]

 

 

သူတို့လင်မယားနှစ်ယောက်အကြောင်း ပရိတ်သတ်များပြောနေကြသည်ကိုတွေ့သဖြင့် ကျန်းချန်ယွင်ပြုံးလိုက်၏။

 

 

ကြည့်ရှုသူဦးရေ မကျမှန်းသိလိုက်ရသဖြင့် သူမအနည်းငယ် စိတ်အေးသွားရ၏။

 

 

ခဏကြာပြီးနောက် ရှန်ဖန့်မှာ သူ့သူငယ်ချင်းများနှင့်အလုပ်ကိစ္စရှိသဖြင့် ရိုက်‌ကူးရေးမှ ထွက်သွားတော့၏။

ကျန်းချင်းယွင်မှာ သူ့သူငယ်ချင်းများ၏ ဇနီးတွေနဲ့အတူ လသာဆောင်၌ လက်ဖက်ရည်သောက်ကြလေသည်။

 

 

ရှန့်အိမ်ကို လာတဲ့ဧည့်သည်များဟာ လက်၀တ်ရတနာများ ဖိတ်ဖိတ်တောက်အောင် ၀တ်ဆင်ထားကြပြီး အမြင်တင့်နေပေမယ့် ကျန်းချင်ယွင်သည် ထိုင်နေတဲ့သူတွေထဲမှာ အလှဆုံး စိတ်ထားအကောင်းဆုံးဖြစ်သည်။

 

 

ကျန်းချင်ယွင်ရဲ့တစ်နေ့တာအလုပ်မှာ ချမ်းသာပြီးအာဏာရှိသော အိမ်များမှ ဇနီးသည်များနှင့် ရတနာတွေအကြောင်း ဇိမ်ခံပစ္စည်းတွေအကြောင်း ရယ်မောစကားပြောရန်သာဖြစ်သည်။ သူတို့စကားဝိုင်းထဲမှာ ခေတ်စားနေသော ပစ္စည်းများအကြောင်း ပြော‌သည်မှအပ ထူးခြားသည့်အရာမရှိပေ။

 

 

ရှန်ဖန့်နှင့်သူ တူတူရိုက်ကူးသည့်အချိန်က ရွှီယန်ယုအကြောင်းပြောသည့်အချိန်ထက်ပင် နည်းပါသေးသည်။

 

 

ဒါက သူ့ကိုမတွေးတတ်လောက်အောင်စိုးရိမ်စေ၏။

ရွှီယန်ယုအကြောင်းကို ထုတ်လွှင့်မှုအစီစဉ်မှာပြောဖို့လိုလို့လား။ အတိတ်က မကျေနပ်ချက်တွေကြောင့် သူမမှာ သူ့နာမည်သုံးလုံးကို ပြောရရင်တောင် ဒါကလူထုအမြင်ကိုဂရုစိုက်၍သာ ဖြစ်သည်။

 

 

ကျန်းချင်ယွင် တွေးနေတုန်းမှာပင် ဧည့်သည်ထဲမှတစ်ယောက်က "ကျွန်မ သိရသလောက်ကတော့ ရွှီယန်ယုတို့စုံတွဲ ဒီနေ့အစီအစဉ်မှာ ပါတယ်ဆို"ဟုပြော၏။

 

 

ထိုတစ်ယောက်၏ ခင်ပွန်မှာ မုလုပ်ငန်းစုမှ မန်နေဂျာတစ်ယောက်ဖြစ်သည်။ ထိုစကားပြောလိုက်သည်နှင့် သူမ၏ လက်တော့ပ်စခရင်ပေါ်မှ ကြည့်ရှုသူဦးရေမှာ ချက်ချင်းမြင့်တက်လာ၏။ သူမမျက်လုံးထဲမှ အံ့ဩမှုကို ဖုန်းကွယ်လို့ကိုမရပေ။ ဒီစကားလုံးသုံးလုံးက ဒီလောက်တောင် အပြောင်းအလဲဖြစ်စေသည်လား။ တကယ့်ဆက်နွယ်မှုပဲ။

 

 

သူမနာမည်ပြော‌ပြီးသည်နှင့် ကြည့်ရှုသူဦးရေရော လူစိတ်၀င်စားမှုပါ တိုးလာသည်က ခုနတုန်းကနှင့်ယှဉ်၍ပင်မရပေ။

 

 

ကျန်းချင်ယွင်သည် သူတို့ရွှီယန်ယုအကြောင်း ပြောနေသည်ကို စိတ်ရှုပ်ရှုပ်နှင့်သာ ကြည့်နေရ၏။

 

 

"လိုင်းပေါ်မှာပြောကြတာကတော့ ရွှီယန်ယုကတစ်ယောက်တည်း ရိုက်ကူးရေးလုပ်ခဲ့တာတဲ့။ ကြည့်ရတာသူ့ယောက်ျားက သူ့ကိုသဘောမကျလို့ သူနဲ့တူတူအချိန်မဖြုန်းတာပဲဖြစ်ရမယ်"

 

 

"ဒါက တော်တော်သနားစရာကောင်းတာ‌နော်။ သူ့ယောက်ျားက ဩဇာရှိတယ်ဆိုရင်တောင် သူကတော့ အဲ့မိသားစုမှာ ဘောင်မ၀င်ဘူးဘဲ"

 

 

အမျိုးသမီးလီမှ လှောင်ရယ်ကာ "ရွှီယန်ယုက ရိုးသားတဲ့သူမှမဟုတ်တာ သူက ချင်းယွင်ရဲ့အကြံ‌ကိုတောင် ခိုးယူဖို့ ကြံစည်ခဲ့သေးတာ။ အခု ဒါကြောင့် သူအပြစ်တင်ခံရတာပဲ။"

 

 

"ကောင်းတယ် ဟုတ်တယ်မလား"

 

 

ဒီစကားတွေကြားပြီးတဲ့နောက်မှာဧည့်သည်တွေက ချင်ယွင်ကို ကြည့်လိုက်ကြ၏။

 

 

ကျန်းချင်ယွင်မှာ မျက်လုံးများနီရဲလာပြီး သူမ၏ မျက်နှာအကင်မရာနှင့်ဝေးရာကို လှည့်လိုက်သဖြင့် ငိုနေသည့်ပုံပေါက်သည်။

 

 

အနားမှအမျိုးသမီးများမှာ ထိုင်နေရင်းပင် သူ့အားဝိုင်းနှစ်သိမ့်ကြ၏။

 

 

"ချင်းယွင် မင်းဘာလို့ငိုနေတာလဲ"

 

 

"ချင်းယွင် မငိုပါနဲ့ မကျေနပ်တာရှိရင် ငါတို့ကိုရင်ဖွင့်လိုက်"

 

 

"အဲ့ရွှီယန်ယုဆိုတဲ့ မိန်းမက လွန်လွန်းတယ်။ သူ့ကိုစိတ်ပူမနေနဲ့။ သူထပ်လုပ်လို့မရပါဘူး"

 

 

တိုက်ရိုက်လွှင့်မှုမှာ ချက်ချင်းပင်ထိုင်းမနိုင်သိမ်းမရဖြစ်ကုန်တော့သည်။

 

 

ကျန်းချင်းယွင် မျက်ရည်ကျသည်နှင့် ချက်ချင်းမှတ်ချက်များ တက်လာတော့၏။

 

 

[ကျန်းချင်ယွင်က ဘာလို့ငိုနေတာလဲ။ တစ်ယောက်ယောက် သိကြလား]

 

 

[ဒါက ပန်းနုသွေးရွှီယန်ယုကြောင့် ဖြစ်ရတာ။ သူက ကျန်းချင်းယွင် ရိုက်ရမယ့်ကြေငြာကို‌ လုယူလိုက်တာ ဘယ်သူက ဒီလိုမတရားမှုကို ခံစားနိုင်မှာလဲ။]

 

 

[ဒီကိစ္စကတော်တော်ကြာပြီဆိုပေမယ့် အဲ့တုန်းက ချင်းယွင်က မတရားမှုကို တကယ်ကြီးခံစားခဲ့ရတာ။ သူ့အလုပ်အကိုင်တောင် ဆုံးရှုံးလုနီးနီးပဲ။ မင်းရဲ့ဟာသထုတ်လွှင့်မှုကို မင်းဘာသာမင်းကြည့်တော့ ရွှီယန်ယု]

 

 

[ရွှီယန်ယု တောင်းပန်လိုက်စမ်းပါ။ ပန်းနုသွေးမ။ ကျန်းချင်းယွင်ကို မင်းအားမနာဘူးလား။]

 

 

ရွှီယန်ယုနှင့် ကျန်းချင်ယွင်မှာ ရှာဖွေမှုထိပ်ဆုံးဖြစ်သွားကြ၏။

 

 

ရွှီယန်ယုမှာ စာရွက်စာတမ်း တစ်ထပ်လိုက်ကို ကိုင်ထားပြီး လျိုယွီက သူမအား သက်ဆိုင်ရာစာချုပ်များ ပေးနေသည်ဖြစ်ရာ သူမ ဘာလုပ်မိမှန်းပင် မသိချေ။

 

 

စာချုပ်များအားကိုင်ထားသည်မှာ အံ့မခန်းပင်ဖြစ်သည်။

 

 

စာချုပ်များမှာ ဈေးဆိုင်များ ကုန်လှောင်ရုံများနှင့်ပစ္စည်းများပင်ပါ၏။ တန်ဖိုးအရှိဆုံးမှာ မြေပင်ဖြစ်ပြီး ကျန်သည့်ပစ္စည်းများမှာ အဲ့လောက်တန်ဖိုးမရှိပေ။

 

 

ရွှီယန်ယု၏အတွေးမှာတော့ သုံးလိုက်သည့်ပိုက်‌ဆံပမာဏက မပြောပါ့လောက်ပေ။ အကြံဉာဏ်နှင့်တီထွင်နိုင်စွမ်းသည်သာ အဖိုးမဖြတ်နိုင်တာဖြစ်သည်။ ပိုက်ဆံဆိုတာ သူမအတွက် ကိန်းဂဏာန်းတစ်ခုသာသာပင်။

 

 

ကျန်းမင်ဟွေ့မှာ သူ့အဖွဲ့မှပြောသည့်စကားအားကြားသည်နှင့် ဖုန်းအား ချက်ချင်းဖွင့်ကြည့်လိုက်ပြီး ကသိကအောက်နှင့် ပြောလိုက်တော့၏။

 

 

"မစ္စရွှီ မင်းက ရှာဖွေမှုထိပ်ဆုံးဖြစ်နေပြီ။ကျွန်တော်ကတော့ ဒုက္ခပေးမယ့် အကြောင်းအရာတွေလို့ ခံစားရတာပဲ။"

 

 

ရွှီယန်ယုမှ ဖုန်းအားဖွင့်ကြည့်လိုက်ပြီး ရုတ်တရက်မြင်လိုက်ရသည်က ကျန်းချင်ယွင်နှင့်ရွှီယန်ယုဆိုသည့်ခေါင်းစဉ်မှာ Weibo တွင် ရေပန်းစားနေသည်။ သူမအားရှုတ်ချပြီးမေးခွန်းထုတ်နေသည့် မှတ်ချက်များပင်ဖြစ်သည်။

 

 

သူမသည် မူလ၀တ္ထုမှ ဒီရှာဖွေမှုနှင့်ပတ်သက်သည့်ဖြစ်စဥ်အား မမှတ်မိချေ။ ဘာလို့လဲဆိုတော့ သူမမှတ်ဉာဏ်ထဲမှာ မူလပိုင်ရှင်နဲ့ ကျန်းချင်ယွင်မှာ နေရာတကာယှဉ်ပြိုင်နေသည်ကိုသာ သိသည်ဖြစ်သည်။

 

 

ခင်ပွန်းနဲ့ဇနီးကြားကအချစ်‌တွေ နေ့စဉ်ဘ၀တွေ အချစ်ကရွှေထက် တန်ဖိုးကြီးတယ်ဆိုတာတွေ ‌အောင်မြင်ပျော်ရွှင်နေရတဲ့ဘ၀နွေကို မရေမတွက်နိုင်တဲ့လူတွေက အားကျခဲ့တယ်။

 

 

ဒါပေမဲ့ အခုရွှီယန်ယု မှတ်မိသည်က ၀တ္ထုထဲမှာ မူလပိုင်ရှင်က နေရာမျိုးစုံကနေ ပါ၀င်နေပြီး ဒါကလွန်ခဲ့တဲ့သုံးနှစ်က ‌ကြေငြာအပြောင်းအလဲကြောင့် ဖြစ်လိမ့်မယ်။

 

 

ကျန်းချင်ယွင်ကနေ ရွီယန်ယုအား ပြောင်းလဲလိုက်သည်။ အဲ့အချိန်က သူကမုချောင်ယွင်နှင့် လက်ထပ်မယ်လို့သတင်းထွက်နေတာဖြစ်ပြီး ကြေငြာရိုက်မယ့်သူကလည်း မုအိမ်နဲ့ပူးပေါင်းချင်တာဖြစ်သည့်အတွက် ဒီလိုဖြစ်လာခဲ့ခြင်းဖြစ်သည်။

 

 

ဘာပဲဖြစ်ဖြစ် အဲ့အချိန်က မူလပိုင်ရှင်က ကြေငြာအခွင့်အရေး ရရှိခဲ့တာကိုတော့ သူမ မငြင်းပေ။

 

 

ကြေငြာရိုက်မယ့်သူရဲ့ လူစားထိုးခြင်းက သူမ မတတ်နိုင်သည့်ကိစ္စဖြစ်ပြီး လူမုန်းလည်းများခဲ့ရသည်။

 

 

ရွှီယန်ယုက ဖုန်းအားကျန်းမင်ဟွေ့အား ပေးလိုက်ပြီး ခေါင်းခါ၍ "သူနဲ့ပတ်သက်ပြီး စိတ်မပူပါနဲ့"ဟုပြောလိုက်သည်။

 

 

ဒါပေမဲ့ ကျန်းမင်ဟွေ့ကတော့ ဒီလိုပြင်းထန်တဲ့အပြုအမူက သူတို့အစီအစဉ်အား သက်ရောက်မည်ကိုကြောက်၏။ သူတို့၏ပါ၀င်သူများမှာ တကယ့်လူချမ်းသာ စီးပွားရေးသမားများ ဖြစ်သောကြောင့်ဖြစ်သည်။ ဒါကလုံလောက်တဲ့ အကြောင်းအရင်းဖြစ်နေပြီဖြစ်၍ မကောင်းတဲ့သတင်းဖြစ်ရင် ပြဿနာတက်မည်ဖြစ်သည်။

 

 

ရွှီယန်ယုက သူ့အတွေးတွေကိုနှောက်ယှက်လိုက်ပြီး

စကားပြောလာ၏။

 

 

"ဒီလိုကော်ဖီမျိုးက တုံ့ပြန်ဖို့မလိုဘူး"

 

 

???

 

 

ကျန်းမင်ဟွေ့က ပြောစရာစကားမဲ့သွားရပြီး နားကြားမှားသလားပင် ထင်လိုက်၏။

 

 

ရွှီယန်ယုဘာဆိုလိုသည်ကို သိသွားသည့်အခါ ပိုအံ့ဩသွားရသည်။ မစ္စရွှီဆိုလိုသည်က ကျန်းချင်ယွင်ရဲ့အပြုအမူက ကြွေထည်တစ်ခုအားထိလိုက်ခြင်းသာဖြစ်သည်။

 

 

လျိုယွီက အချိန်အားကြည့်လိုက်ပြီး ရွှီယန်ယုအနားသို့ တိုးတိုးလေး သွားပြောလိုက်၏။ သူတို့၏ အလှအ‌ပရေးရာအဖွဲ့မှာ အိမ်အောက်သို့ ရောက်နေပြီဖြစ်သည်ဟူ၍ဖြစ်သည်။

 

 

လျိုယွီ‌ ၀န်ထမ်းများအား ပြောသည်မှာ မစ္စရွှီရဲ့ခန္ဓာကိုယ်က တစ်နေ့ကို နှစ်မီလီယမ်လောက် ကုန်သည်ဆိုတာပင်။

 

 

! ! !

 

 

လူတိုင်းအံ့ဩရသည်မှာ လာသမျှ သူနာပြုများမှာ ကျွမ်းကျင်သူများဖြစ်သည်။ တစ်နေ့ကို နှစ်မီလီယမ်သုံးတယ်ဟုတ်လား။

 

 

ဒါက ဘာအဆင့်မို့လို့လဲ။ ဘာလုပ်ကြတာမို့လို့လဲ။

သူတို့သိသည့်ကမ္ဘာကြီးမှာ သေးငယ်သည်ဟု သတိရသွား၍ ၀မ်းနည်းသွားတော့သည်။

 

 

ကျန်းမင်ဟွေ့သည် ရိုက်ကူးရေးအဖွဲ့အား စတင်ရန်ပြောလိုက်တော့၏။ တိုက်ရိုက်လွှင့်မှု၏ ခေါင်းစဉ်အား ပြောင်းလိုက်၏။

 

 

"အမျိူသမီးကြယ်ပွင့်တစ်ယောက်၏ မီလီယမ်ချီတန်ဖိုးရှိသော အလှအပပစ္စည်းများနှင့် တစ်နေ့တာ"ဟူ၍ ဖြစ်သည်။

 

 

ထိပ်ဆုံးရှာဖွေမှုကြောင့် အစီအစဉ်သို့ ရောက်လာသည့်ဖန်များဟာ ကျန်းချင်ယွင်ကိစ္စနှင့် ပတ်သက်၍ ရွှီယန်ယုတောင်းပန်သည်ကိုပင် လိုချင်ကြ၏။

 

 

တိုက်ရိုက်ထုတ်လွှင့်သည်နှင့် အဖြူရောင် ယူနီဖောင်း ၀တ်ဆင်ထားပြီး essence ပုလင်းကိုင်ထားသည့်၀န်ထမ်းမှ မိတ်ဆက်သည်ကို တွေ့လိုက်ရ၏။

 

 

"ဒီessence ပုလင်းက ကမ္ဘာက ဈေးအကြီးဆုံးပါ၀င်ပစ္စည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ထိပ်တန်းအဆင့်ပါ၀င်ပစ္စည်းတွေဖြစ်ပြီး တစ်ရာဂရမ် ကို US ဒေါ်လာ 260,000 ကျသင့်ပြီး တစ်ပုလင်းဆီကို 25 ဂရမ်ထည့်ထားပါတယ်။ တစ်ပုလင်းတန်ဖိုးကို USဒေါ်လာ 90,000 ကျသင့်ပါတယ်။ ဒါက တစ်ကြိမ်သုံးအတွက်ပဲဖြစ်ပါတယ်။"

 

 

[! !ဒီessence တစ်ပုလင်းက တစ်ခါတည်းသုံးရမှာ ဟုတ်လား]