လက်ထပ်ပြီးမှ
ချစ်ကြမယ်
အပိုင်း
၁၈
ဖန့်ရှောင်နွမ်က
“ကျွန်မ ရှင့်ကို မကြောက်ပါဘူး။”လို့ ပြန်ပြောလိုက်သည်။
“ငါ
မင်းကို ပစ်ထုတ်လိုက်မှာကို မင်း မကြောက်ဘူးလား?” ကျီလင်းချန်က နားမလည်နိုင်ဖြစ်သွားသည်။
“ဒါက
တတိယထပ်လေ။ ကျွန်မက ရှင့်ကို မကြောက်ပေမဲ့ ကျွန်မ ဒုက္ခိတ ဖြစ်သွားမှာကိုတော့ ကြောက်တယ်။
ရှင်သာ ကျွန်မကို တတိယထပ်ကနေ ပစ်ချလိုက်ရင် လက်တွေ ခြေထောက်တွေ ကျိုးသွားနိုင်တယ်။”
ဖန့်ရှောင်နွမ်က ခေါင်းအုံးကို ဖက်ပြီး ထိုင်နေသည်။ သူမ ပြောနေရင်းနဲ့ ကျီလင်းချန်ကို
ကြည့်လိုက်သည်။
ကျီလင်းချန်က
ထပြီး အိပ်ရာဘေးနားကို လျှောက်သွားလိုက်သည်။ သူက နာရီကို ချွတ်လိုက်ပြီး အဝတ်ခန်းထဲဝင်ကာ
ညအိပ်ဝတ်အင်္ကျီကို ယူလိုက်သည်။ ဖန့်ရှောင်နွမ်က သူ့ရဲ့ လှုပ်ရှားသံတွေကို ကြားသည်။
သူမက “ရှင် ဒီမှာတော့ အိပ်မှာ မဟုတ်ဘူးမလား? ရှင့်ရဲ့ ရိုအာကိုကော ဘယ်လိုလုပ်မလဲ? ရှင်နဲ့
ကျွန်မက အခန်းထဲမှာ နှစ်ယောက်ထဲလေ။ ရှင့်ရဲ့ ရိုအာကို ရှင် ဘယ်လိုရှင်းပြမှာလဲ?” လို့မေးလိုက်သည်။
ကျီလင်းချန်က
သူနဲ့ လင်းရိုကြားမှ ဘာမှဖြစ်မနေဘူးဆိုတာကို ဖန့်ရှောင်နွမ်ကို ပြောပြချင်နေသည်။ ဒါပေမဲ့
သူက အဲ့ဒီအကြောင်းကို သေချာစဉ်းစားလိုက်သည်။ ငါက ဘာလို့ သူမကို ပြောပြနေရမှာလဲ?
ကျီလင်းချန်က
အဲ့ဒီညက ဘယ်ကိုမှ ထွက်မသွားခဲ့ဘူး။ သူက ရေချိုးပြီးတော့ သူ့ဆံပင်ကို ခြောက်အောင်သုတ်ဖို့
ထွက်လာသည်။ ဆံပင်သုတ်ပြီးသွားတဲ့အခါ ထွက်သွားပြန်သည်။ ဖန့်ရှောင်နွမ် စိတ်အေးပြီး သက်ပြင်းချလိုက်လိုက်ချင်း
သူက ပြန်ဝင်လာသည်။
သူ့ရဲ့လက်ထဲက
စာအုပ်ကို ဖန့်ရှောင်နွမ် ကြည့်မိလိုက်သည်။ စာအုပ်ပေါ်မှာ တခြားဘာသာစကားနဲ့ ရေးထားတဲ့စာလုံးတွေ
ရှိနေသည်။ ကျီလင်းချန်က အိပ်ရာဆီကို တန်းတန်းလျှောက်သွားသည်။ စောင်ကို ဆွဲမလိုက်ပြီး
ထိုင်ချလိုက်သည်။ ပြီးတော့ သူက အိပ်ရာဝင်တော့သည်။
ကျီလင်းချန်ရဲ့
အိပ်ရာဘေးက စားပွဲတင်မီးလုံးကလွဲရင် အခန်းထဲက မီးတွေ အကုန်ပိတ်လိုက်ပြီးပြီ။ ဆိုဖာပေါ်မှာထိုင်နေတဲ့
ဖန့်ရှောင်နွမ်က ကျီလင်းချန်ကို တစ်နာရီကျော်ကြာ စိုက်ကြည့်နေသည်။ သူ ပြန်လှည့်ကြည့်လိုက်တဲ့အခါ
သူမနဲ့ အကြည့်ချင်းဆုံသွားသည်။ “ငါက အဲ့လောက်တောင် ကြည့်ကောင်းလား?”
ဖန့်ရှောင်နွမ်က
ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး။”
'
သူက ချောတော့ချောသား။'
ကျီလင်းချန်က
“ဒါဆို၊ မင်းက ဘာလို့ ငါ့ကို ကြည့်နေတာလဲ?”လို့ ပြောလိုက်သည်။
ဖန့်ရှောင်နွမ်ရဲ့
အကြည့်တွေက တစ်ဖဝါးမှ မခွာသေးဘူး။ သူမက သိချင်စောနဲ့ “ရှင်ဘာလို့ စာကြည့်ခန်းထဲမှာ
မအိပ်တာလဲ?” လို့ မေးလိုက်သည်။
ကျီလင်းချန်က
“ငါ့မှာ အိပ်ခန်းကော၊ အိပ်ရာပါရှိနေတာကို ဘာလို့ စာကြည့်ခန်းထဲ အိပ်ရမှာလဲ?”လို့ ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က
ကိစ္စကို ပိုကြီးအောင် လုပ်နေသည်။ “ဒါပေမဲ့ ကျွန်မက ရှင့်ရဲ့အခန်းထဲမှာလေ။ ကျွန်မတို့နှစ်ယောက်လုံး
တစ်ခန်းထဲမှာ ရှိနေတာလေ။ ဒါက မသင့်တောဘူးလေ။ နောက်ပြီး ဒီအကြောင်းကို ရှင့်ရဲ့ ရိုအာကို
ဘယ်လိုရှင်းပြမှာလဲ?”
......
ကျီလင်းချန်က
“လက်ထပ်စာချုပ်မှာ ငါတို့နှစ်ယောက်လုံးနာမည်ပါနေတယ်။ ငါတို့ မကောင်းတာတစ်ခုခုလုပ်နေတယ်လို့
မင်းက ဘာလို့ထင်နေတာလဲ?”လို့ ပြောလိုက်သည်။ လင်းရိုအကြောင်းကိုတော့ ကျီလင်းချန်က ဘာမှမပြောပေ။
ဖန့်ရှောင်နွမ်မှာ
ပြောစရာစကားမရှိတော့ပေ။ ဒီလိုလုပ်တာက သင့်တော်တယ်လို့ ကျီလင်းချန်က ပြောလိုက်တဲ့အတွက်ကြောင့်ပါ။
ခဏအကြာမှာ၊ ဖန့်ရှောင်နွမ်က “ကျီလင်းချန်၊ ရှင် ကျွန်မနဲ့ ကစားနေတာလို့တော့ မပြောနဲ့နော်။
ရှင်က ရည်ရွယ်ချက်ရှိရှိနဲ့ ကျွန်မနဲ့ တစ်ခန်းထဲအိပ်ဖို့ ကြိုးစားနေတာ။”လို့ ရုတ်တရက်
ပြောလိုက်သည်။
“ဖန့်ရှောင်နွမ်၊
မင်း မဟုတ်တာတွေ မတွေးပါနဲ့လား။ ငါက ကလေးတစ်ယောက်ကို စိတ်ဝင်စားမှာမဟုတ်ဘူး။” ကျီလင်းချန်က
ခေါင်းမမော့ဘဲ ဖတ်နေတဲ့ စာအုပ်ကို ဆက်လှန်ပြီး ဖတ်နေသည်။
ဖန့်ရှောင်နွမ်မှာ
ဘယ်လိုအတွေးတွေ ရှိနေတာလဲ? ဖန့်ရှောင်နွမ်က ကျီလင်းချန်ထွက်သွားအောင် တမင်တကာ နည်းလမ်းသုံးပြီး
ရန်စနေသည်။ သူသာ ဒီမှာ ရှိမနေရင်၊ သူမသာ သူမ ဆိုဖာပေါ်အိပ်အိပ်၊ ကြမ်းပြင်ပေါ်အိပ်အိပ်
သူမ ကြိုက်သလို လုပ်လို့ရသည်။ ကျီလင်းချန် ဒီအခန်းမှာ အိပ်မယ်လို့ ဘယ်သူက သိမှာလဲ။
အခုတော့ သူမ မသက်မသာဖြစ်နေသည်။
အခန်းက
တိတ်ဆိတ်နေသည်။ အလင်းရောင်က နည်းနည်း နွေးနေပြီး အခန်းလယ်က အဲကွန်းက ကောင်းကောင်း အလုပ်လုပ်နေသည်။ မိနစ်တိုင်း သူမက ကျီလင်းချန်ရဲ့ စာအုပ်လှန်သံကို
ကြားနေရသည်။ အသံက သူမကို ချော့သိပ်နေသလိုဖြစ်နေတဲ့အတွက် အဲ့ဒါကို နားထောင်ရင်း ဖန့်ရှောင်နွမ်
အိပ်ပျော်သွားသည်။ သူမ မျက်လွှာတွေ မှေးသွားသည်။ တစ်ယောက်ယောက်ရဲ့ စာအုပ်လှန်သံကြောင့်
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မိတာ သူမအတွက် ပထမဆုံးအကြိမ်ပဲ။ ရုတ်တရက်၊ ငြိမ်သက်နေမှုကို
အသံတစ်ခုက နှောင့်ယှက်လိုက်သည်။ အသံကို ထပ်ကြားနေရပြန်သည်။ ဖန့်ရှောင်နွမ်ရဲ့ မျက်နှာက
အဲ့ထက်ပိုပြီ မနီရဲနိုင်တော့ဘူး၊ ဘာကြောင့်လဲဆို အဲ့ဒီအသံက သူမရဲ့ ဗိုက်ထဲက ထွက်လာလို့ပဲ။
“ဂွီ….”
ဖန့်ရှောင်နွမ်က အားအကုန်သုံးပြီး သူမရဲ့ ဗိုက်ကို ဖိထားသည်။ သူမ ဗိုက်ဆာနေတာကို သိစေဖို့
ဗိုက်က တဂွီဂွီမြည်ပြီး ဆူညံနေသည်။ သူမက “ငါဗိုက်ဆာနေတုန်းက နင်က တိတ်ဆိတ်နေပြီး အခုကျတော့
ဆူညံအောင်လုပ်နေတယ်။ နင် တော်တော်ဆိုးတာပဲ”လို့ တွေးနေသည်။ သူမရဲ့ ဗိုက်ကနေ အသံထပ်ထွက်လာပြန်သည်။
“ဂွီ…”
အိပ်ရာပေါ်က သူလည်း ထရတော့သည်။ သူက စာအုပ်ချပြီးတော့ အိပ်ရာကနေထလာသည်။ ပြီးတော့ ဖိနပ်စီးပြီးတော့
ဆိုဖာဆီကို လျှောက်သွားသည်။ ဖန့်ရှောင်နွမ်က သူမရဲ့ဗိုက်ကို ဖိထားတုန်းပဲ။ သူမရဲ့ ဗိုက်ကနေ
ထပ်ပြီးတော့ အသံတွေ မထွက်လာအောင် ဖိချနေသည်။
ကျီလင်းချန်က
ဆိုဖာဆီကို လျှောက်သွားသည်။ သူ ဖန့်ရှောင်နွမ်ကို စဖို့ အခွင့်အရေးယူချင်ပေမယ့် ဘာမှ
မပြောလိုက်ပေ။ သူက လှည့်ပြီး အခန်းထဲက ထွက်သွားသည်။
ဖန့်ရှောင်နွမ်က
တံခါးပိတ်တာကို ကြားလိုက်လိုက်ချင်း ဆိုဖာပေါ်ကနေ ထလိုက်သည်။ သူမက ရေခွက်ကို တွေ့လိုက်တော့
သောက်ချလိုက်သည်။ နောက်ထပ်လည်း ထပ်သောက်လိုက်သေးသည်။ သူမက ရေနဲ့ ဗိုက်ပြည့်အောင်လုပ်ချင်နေသည်။
ကျီလင်းချန်ပြန်လာတဲ့အခါ သူမက ရေလေးခွက်တောင် သောက်ပြီးသွားလို့ ဗိုက်ပြည့်နေသည်။
သူတို့အကြည့်ချင်းဆုံသွားတဲ့အခါ
သူမရဲ့ ဗိုက်ကမြည်နေသေးတယ်လို့ ထင်လိုက်သည်။ သူမရဲ့ မျက်နှာ နီရဲလာပြီး ဆိုဖာဆီသွားကာ
မျက်နှာကို စောင်နဲ့ အုပ်လိုက်သည်။
ကျီလင်းချန်က
စားပွဲပေါ်က ရေခွက်ကို ကြည့်လိုက်ပြီး သူမ သောက်လိုက်တာလို့ တွေးလိုက်သည်။
သူ
ပေါင်မုန့်ကင်ကို ကိုင်ပြီး ဆိုဖာဆီကို လျှောက်သွားလိုက်သည်။
“ငါ့မှာ
စားစရာပါတယ်။ ထပြီး စားလိုက်” လို့ကျီလင်းချန်က ဖန့်ရှောင်နွမ်ရဲ့ မျက်နှာကို ကာထားတဲ့
စောင်ကို ဆွဲယူပြီး ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က
ကျီလင်းချန်ဆီက စားစရာကို သူမရဲ့ လက်ကို ဆန့်ထုတ်ပြီး အားမနာဘဲ ယူလိုက်သည်။ ကျီလင်းချန်က
စိတ်စနိုးစနောင့်ဖြစ်တယ်လို့ ခံစားလိုက်ရသည်။ သူက တမင် သူ့ရဲ့လက်ကို မြင့်မြင့်မြှောက်ထားပြီး
“မင်း ငါ့ကို တောင်းဆိုလေ”လို့ ပြောလိုက်သည်။